ဧကရာဇ်ဗျူဟာ

By ArtemisJT21

2.1M 369K 55.3K

"ဒီတစ်ခေါက်ရော အလဲအလှယ်အနေနဲ့ ကိုယ်တော်ဘက်က ဘာပြန်ပေးရမလဲ" "မင်း" More

Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၆ (ပညာရှိတစ်ဦး)
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၆၉ (နှစ်သစ်ကူးည)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၀ (ရှင်းကျိုးကျွန်း)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၁ (အဆက်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၁ (ဒူဝူ)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၁ (မြောင့်ရှင်း)
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)

အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)

12.3K 2.3K 227
By ArtemisJT21

[ ရှီးနန်၀မ်ကြီး စိတ်ကျဥ်းကျပ်နေရပေပြီ ]

ချူယွမ်၏ မျက်နှာထားကိုမြင်တော့ သွမ့်ပိုင်ယွဲ့လည်း အကြောင်းရင်းကို သေချာမသိသေးပေမင့် တစ်ခုခုကို ကြားသိလိုက်ရခြင်းဖြစ်ရမည်ဟုသိလိုက်ကာ ထူပူကျဲ့အား ဆက်မေးလာ၏။

"အဲ့ဒီလူက ဘယ်ကလာသလဲဆိုတဲ့အချက်အလက်တွေအကြောင်း ဒေသန္တရအာဏာပိုင်တွေက ဘာပြောထားသေးလဲ"

ထူပူကျဲ့က ပြန်တွေးလိုက်ကာ -

"သေချာမသိဘူး၊ ငါလည်း ဖေးလွမ်မြိုင်နန်းဆီကနေ သတင်းကြားလာတာပဲ"

"ဟင်....အာဏာပိုင်တွေ တရား၀င် ဖမ်းမိန့်ထုတ်ပြန်​ထားတာမဟုတ်ဘူးလား"

"မဟုတ်ဘူး"

ချူယွမ်ဘက်သို့ လှမ်းကြည့်လိုက်တော့ သူထင်သည့်အတိုင်းပင် မျက်နှာသိပ်မကောင်း။

ဖေးလွမ်မြိုင်နန်းမှာ ဓမ္မလမ်းစဥ်ကျင့်သုံးသော ဂိုဏ်းတစ်ခုဖြစ်ကာ မြိုင်နန်းသခင်မှာ ကျင့်လျိုထျဲန်းဟူသောအမည်နာမ ရှိ၏။ ပုံမှန်အချိန်ဆိုလျှင် သေရည်သောက်လိုက်၊ ယပ်တောင်ထက် ပန်းချီဆွဲလိုက် လုပ်နေတတ်ကာ ၊ ထိုသို့လုပ်မနေလျှင်တောင် တောတောင်ရေမြေ သဘာ၀အလှတရား အကြောင်း ကဗျာများစာများ ဖွဲ့နွဲ့ရေးသားနေတတ်သည်။ သာမန်ကာလျှံကာ ကြည့်လိုက်လျှင် သိုင်းလောကသားမှန်း ဖြစ်ပုံမပေါ်ဘဲ လှပကျော့ရှင်းသော ပညာရှိအမတ်မင်းဖြစ်မည်ဟု ပိုထင်ရပြီး မြင်ရသူအပေါင်းအား စိတ်နှလုံးချမ်းမြေ့စေလေသည်။

ရွှေမြို့တော်သို့လည်း ရံဖန်ရံခါရောက်လာတတ်ကာ ဂိုဏ်းကြီးများပင်မဆိုထားနှင့်၊ ဘုရင့်ညီလာခံသဘင်ထဲက မှူးမတ်ကြီးများကပါ သူ့အား ဧည့်သည်အဖြစ် ၀မ်းမြောက်၀မ်းသာ သူ့ထက်ငါအရင် ကြိုဆိုလက်ခံချင်ကြသည်။ ထိုသို့သောလူက ဒေသန္တရအာဏာပိုင်တို့၏ အားကိုးရာတစ်ခုဖြစ်နေမည်ဆိုသည်မှာလည်း ဘာမှတော့ထူးဆန်းမနေ။

သို့သော် နန်းတွင်းမှတင်မြှောက်ခန့်အပ်ထားသော မြို့စားမင်းတစ်ဦးက ယခုကိစ္စတွင်မူတရား၀င် ဖမ်းမိန့်လည်းမထုတ်၊ အထက်ကိုလည်း အကြောင်းမကြားဘဲ အမေကျော်ပြီးဒွေးတော်လွမ်းကာ ဧကရာဇ်အစား သိုင်းသမားများကို အားကိုးနေကြသည်မှာ သိပ်တော့ ဆီလျော်မှုမရှိပေ။

သွမ့်ပိုင်ယွဲ့က ထူပူကျဲ့အား ထပ်မေးလာ၏။

"တရား၀င်ဖမ်းမိန့်ထုတ်မထားတော့ တိုင်းသူပြည်သားတွေလည်း ဒီကိစ္စကိုမသိကြဘူးပေါ့"

"သေချာတာပေါ့ ၊ ဘယ်သိမှာလဲ"

"အဲ့နေ့က သူတို့ကို သွားသတ်ဖို့လုပ်တော့ အဲ့ချောင်ယာဘက်ကလူတွေ ဘာပြောနေကြတာများ ကြားလိုက်သေးလဲ"

"သူတို့ထဲကတစ်ယောက်ကတော့ မိန်းမကွ။ သူတို့က လူဆိုးတွေမဟုတ်ပါဘူးတဲ့၊ ငါ့ကိုတောင် သတ်တဲ့ဖြတ်တဲ့ကိစ္စမျိုး ထပ်မလုပ်ပါနဲ့လိုတောင် မှာလိုက်သေးတယ်၊ ငါတောင် တစ်ချက် တွေ​ေ၀သွားသေးတယ်၊ အဲ့မှာတင် သူတို့ဆိုလိုက်တဲ့ မိစ္ဆာသံစဥ်ကြီးနဲ့တင် စိတ်တွေ ညစ်နွမ်းပြီး သတိလစ်သွားတာပဲ"

ချူယွမ် ခေါင်းအသာငြိမ့်ပြလိုက်သည်။ သွမ့်ပိုင်ယွဲ့လည်း ဆိုလိုရင်းကို ချက်ချင်းနားလည်သွားကာ -

"ဒါနဲ့ လူကြီးမင်းက ဘယ်နားမှာ တည်းခိုနေပါသလဲခင်ဗျာ"

ထူပူကျဲ့က ခေါင်းတဗျင်းဗျင်းကုတ်ရင်းဖြေလာသည်။

"အေး၊ ရှာလို့ မရသေးဘူးကွ"

"ဒါဆို ကျွန်တော်အပိုင်ငှားရမ်းထားတဲ့ တည်းခိုဆောင်မှာ လိုက်နေပါ့လား။ ဒီလမ်းအတိုင်းသွားရင် ယွဲ့လိုင်တည်းခိုဆောင်ဆိုပြီး တွေ့လိမ့်မယ်"

ထူပူကျဲ့မျက်နှာမှာ လွန်စွာမှ ပီတိဖြာ​ေ၀သွားကာ -

"အဲ့လိုဆိုလည်း ကောင်းသားပဲ၊ ဒါနဲ့ ဒီညနေ ဘယ်မှာ စားကြမှာလဲဟင်"

ချူယွမ် - "......."

သွမ့်ပိုင်ယွဲ့က သူ့ရှေ့သို့ ငွေတုံးတစ်တုံးချပေးလိုက်ကာ

"လူကြီးမင်း အဆင်ပြေသလိုသာ သုံးပါ။ ကျွန်တော် ကိစ္စလေးတွေ ဆွေးနွေးစရာရှိသေးလို့ အဖော်လိုက်မပေးနိုင်ပါဘူးခင်ဗျာ"

ထူပူကျဲ့ အတော်ပင် ၀မ်းနည်းသွားပုံပင်။

သွမ့်ပိုင်ယွဲ့လည်း ချက်ချင်းထရပ်လိုက်ပြီး ချူယွမ်နှင့်အတူ ထိုဆိုင်မှ ထွက်လာခဲ့ကာ နောက်တွင် မည်သူကမှ ဆက်၍လိုက်မလာမှန်းသေချာတော့မှ သက်ပြင်းချနိုင်လေ၏။

"တစ်ခွန်းပြောလည်း တူတော်မောင်ကြီး... နှစ်ခွန်းပြောလည်း တူတော်မောင်ကြီးနဲ့...."

ချူယွမ်က ပြောပြောဆိုဆို သွမ့်ပိုင်ယွဲ့ရင်ဘတ်ကို လက်နဲ့ တို့တို့ပြီး ပြုံးစစနှင့်ဆက်ပြော၏။

"တကယ်ကြီး ထီးနန်းလာလုတာလား... ခင်ဗျားက။ ရှီးနန်စံအိမ်တော်မှာကတည်းက အချိန်ရတာနဲ့ လျှို့၀ှက်အကြံအစည်တွေ ကြိုတင်ချမှတ်ထားပုံရတယ်၊ ဟုတ်တယ်မလား"

သွမ့်ပိုင်ယွဲ့က ဘာမှပြန်မဖြေ။

ကိုယ် တကယ် သူနဲ့ မရင်းနှီးဘူးနော်။

"အင်းပါ၊ ဟေယွီစားသောက်ဆိုင်ဘက်ကို သွားရအောင်ပါ"

ချူယွမ်ဘက်က ထိုသို့စပြောလာတော့ သွမ့်ပိုင်ယွဲ့ အတော်အံ့သြသွားလေ၏။

"မင်း အဲ့ဒီ၀တ်ရုံနက်နဲ့လူတွေအကြောင်း ​ဆက်ပြောချင်သေးတယ်လို့ ထင်ထားတာ"

"ပြောတာက ပြောမှာလေ၊ ဒီမှာတော့မပြောဘူး"

ချူယွမ်ကိုယ်တိုင် သွမ့်ပိုင်ယွဲ့ကို ဆွဲခေါ်လာပြီး ဟေယွီစားသောက်ဆိုင်ထဲသို့ ၀င်သွားကာ ကိုယ်ပိုင်အခန်းတစ်ခန်းငှားလိုက်ပြီး အစားအသောက်များမှာပြီးခါမှ ပြောလာ၏။

"ငါ မှန်းတာမမှားရင်တော့ အဲ့လူတွေက ချောင်ယာလူမျိုးပဲဖြစ်ရမယ်"

"ဘာလို့ အဲ့လောက် ယုံကြည်နေတာလဲ"

သွမ့်ပိုင်ယွဲ့ အတော်ပင် အံ့သြသွားသည်။

"အရင်တုန်းက သူတို့ နန်းတော်ထဲရောက်လာတုန်းကလည်း ၀တ်ရုံနက်တွေ၀တ်ထားတယ်၊ အရပ်အမောင်းလည်း ရှည်တယ်။ ချောင်ယာဆိုတာ တောင်ပင်လယ်ထဲက ကျွန်းတစ်ကျွန်းရဲ့နာမည်ပဲ၊ အဲ့မှာနေတဲ့လူတွေက ညနေဆည်းဆာ နေ၀င်ပြီဆိုတာနဲ့ နေမင်းရှိရာဘက်မျက်နှာမူပြီး ဆုတောင်းတတ်ကြတယ်တဲ့။ တံငါလှေတွေဆို အဲ့ကျွန်းနားရောက်တာနဲ့ ၀ိညာဥ်ချုပ်နှောင်ခံရသလိုဖြစ်ပြီး ခဏခဏ မျက်စိလည်လမ်းမှားတတ်ကြကုန်တာ မနည်းမနောပဲ။ အဲ့ဒါကြောင့် ချောင်ယာရဲ့ ၀ိညာဥ်ချုပ်သံစဥ်လို့ခေါ်ကြတာ၊ ၀ိညာဥ်ကို ချုပ်ထားနိုင်စွမ်းရှိတယ်လို့ပြောကြတယ်"

"အဲ့လိုကြီးက နည်းနည်းတော့ များသွားပြီ။ ဒါပေမယ့် အဲ့တာတကယ်မှန်နေခဲ့ရင် ဘာလို့များ ချောင်ယာလူမျိုးစုက ဆန်းနန်ကျိုးမှာ လာပြီး ကိုယ်ထင်ပြရတာလဲ။ ဒေသန္တရအာဏာပိုင်တွေကရော ဘာလို့များ သူတို့အပေါ် အငြိုးအတေး အရမ်းကြီးနေတဲ့ပုံပေါက်နေတာလဲ

ချူယွမ်က ခေါင်းခါလိုက်ကာ ဆက်မေးလာ၏။

"အရင်တုန်းက ဖေးလွမ်မြိုင်နန်းအကြောင်းကို ရှောင်ကျင့်ဆီကနေ ကြားဖူးတယ်။ ဖေးလွမ်မြိုင်နန်းသခင်က မင်းနဲ့ ရင်းနှီးလား"

"အင်း၊ ရင်းနှီးတယ်လေ"

"ဒါဆို ဖြစ်ကြောင်းကုန်စင်ကို တစ်ချက်လောက် သွားမေးပေးပါလား။ ချောင်ယာလူမျိုးက အစကတည်းက အပြင်လောကနဲ့ ပတ်သက်ရတာမကြိုက်ကြဘူး၊ ဒီတစ်ခေါက်တော့ မတတ်သာလို့ သေဘေးကနေ ထွက်ပြေးလာတဲ့ပုံ ပေါက်နေတယ်။ သူတို့ကျွန်းမှာ ပြဿနာ တစ်ခုခုတက်ထားလို့နေမှာ"

"အင်း၊ မေးပေးမယ်"

သွမ့်ပိုင်ယွဲ့က ချက်ချင်းပင် လက်ခံ၏။

ချူယွမ်က တူဖြင့် ငါးဟင်းကို ဖဲ့နေရင်း ပြောလာစည်။

"တွေ့လား ။ ငါတို့အပြင်ထွက်လာတိုင်း ပြဿနာတစ်ခုမဟုတ်တစ်ခု ကြုံနေရတာချည်းပဲ"

သွမ့်ပိုင်ယွဲ့ကပြုံးလိုက်ကာ -

"မင်း၀င်မရှုပ်ချင်ရင် ကိုယ်တစ်ယောက်
တည်း ဖြေရှင်းလိုက်လို့လည်း ရပါတယ်။ ဆန်းနန်ကျိုးက မြို့တော်နဲ့ သိပ်မ​ေ၀းတော့ မနက်ဖြန်ကျ ကိုယ် သွားပြီးစုံစမ်းလိုက်မယ်။ တိုက်ဆိုင်လို့ ချောင်ယာလူမျိုးတွေနဲ့တွေ့ခဲ့ရင်လည်း တစ်ခါတည်း အပါခေါ်လာလိုက်မယ်လေ"

ချူယွမ်က ခေါင်းညိတ်လက်ခံလိုက်ရုံသာ။ ပြဿနာပေါ်လာပြန်တော့ စားချင်စိတ်မရှိပြန်တော့။

"ကိုယ် ခွံ့ကျွေးပေးရမလား"

ချူယွမ် - "......."

သွမ့်ပိုင်ယွဲ့က ဇွန်းဖြင့်တစ်လုပ်စာ ခပ်ပြီးနောက် -

"ကိုယ့်ဘာသာကိုယ် ဆက်မစားရင် တကယ်ခွံ့ကျွေးတော့မှာနော်"

ချူယွမ်က ရယ်ချင်သွားကာ တူနှင့်ဇွန်းကို ပြန်ကောက်ယူလိုက်ပြီးနောက် -

"လူကြီးမင်းနန်က ယွီ့ကွမ်းတောင်ကိုသွားမယ်၊ မင်းက ဆန်းနန်ကျိုးကိုသွားမယ်၊အဲ့တော့ ယောင်အာရော...."

"သေချာပေါက် ကိုယ့်နောက် လိုက်ခဲ့ရမှာပေါ့"

"သူ ဆန္ဒရှိရင် နန်းတော်ထဲ လာနေခိုင်းလို့လည်းရတယ်"

သွမ့်ပိုင်ယွဲ့က ဟင်းချိုသောက်ရင်း ခပ်အေးအေးသာဆိုလာ၏။

"မလိုပါဘူး၊ နန်းတော်ထဲမှာ သူ စားစရာ ပိုးကောင်တွေ များများစားစားသိပ်မရှိဘူး"

*****

တည်းခိုဆောင်တွင် သွမ့်ယောင်က ကျောက်စိမ်းအဆောင်အယောင်တစ်ခုကို သေချာလှည့်ပတ်ပြီး ကြည့်နေ၏။

ရွှေမြို့တော်ပီသလိုက်တာနော်၊ လက်ရာကလည်း သေသပ်လှပတယ်၊ မြန်လည်းမြန်တယ်၊ သွမ့်ဆိုတဲ့ အက္ခရာကို တစ်နာရီအတွင်း ထွင်းပေးနိုင်တယ်၊ ကြည့်စမ်း။

နန်မော်ယဲ့လည်း ထိုမြင်ကွင်းကိုကြည့်ပြီး ပီတိ​ေ၀ဖြာနေ၏။ မိမိတပည့်ငယ်လေးမှာ ခုတော့ ခါးတွင် ချိတ်ဆွဲစရာ ကျောက်စိမ်းပင် ၀ယ်တတ်နေပြီပဲ ၊ မြို့ထဲ လျှောက်သွားနေသည့် သူဌေးသား အလေအလွင့်တွေနှင့်ပင် တူလာပေပြီ။

"ရှစ်ဖူး၊ တကယ်လို့ ဒါကို လက်ဆောင်အဖြစ် စစ်သူကြီးရှန်ကိုပေးရင် လွန်ရာကျမှာလား"

မိမိနောင်တော်၏ မျိုးရိုးနာမည် ထွင်းထုထားမှတော့ ဤအတိုင်းကြည့်လျှင် သာမန်ကျောက်စိမ်းပြားမျှသာဖြစ်သော်လည်း တစ်ဖက်ကကြည့်လျှင် သူ့နောင်တော်၏ ကိုယ်ပွားဖြစ်နေမည်မဟုတ်လား။

နန်မော်ယဲ့မျက်နှာတစ်ခုလုံး ပြုံးဖြီးနေလျက် ထိုကျောက်စိမ်းပြားကို လုယူလိုက်ကာ -

"လူကြီးတွေကိစ္စ... ကလေး လိုက်မရှုပ်စမ်းနဲ့"

သွမ့်ယောင် - "......"

နန်မော်ယဲ့က သွမ့်ယောင်လေး၏ ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း ချစ်ခြင်းမေတ္တာပြည့်၀စွာနှင့် ဆိုလာ၏။

"နောက်ပိုင်းကျ စစ်သူကြီးရှန်နဲ့ ​ေ၀း​ေ၀းနေထား....ကြားလား။ မတ်နဲ့မရီးကိစ္စတွေဆိုတာကလည်း အပြင်လူမြင်သွားရင် အတင်းပြောစရာဖြစ်ကုန်မယ်"

သွမ့်ယောင် - "......"

"နောက်နှစ်ရက်သုံးရက်ကျရင် ယွီ့ကွမ်းတောင်ကိုသွားမလို့၊ ရှစ်ဖူးနဲ့လိုက်မလား"

"နာမည်နဲ့တင် ကျောချမ်းနေပြီ၊ မကောင်းတဲ့အငွေ့အသက်တွေရနေတယ်၊ မလိုက်ဘူး။"

(ယွီ့ကွမ်း= ကျောက်စိမ်းအခေါင်း)

"အယ်....တကယ်မလိုက်ဘူးပေါ့"

သွမ့်ယောင်က ခေါင်းတတွင်တွင်ခါလာ၏။

နန်မော်ယဲ့ကလည်း သက်ပြင်းချလိုက်ကာ-

"အတော်ပဲ၊ ရှစ်ဖူးလည်း မင်းကို မလိုက်စေချင်ဘူး"

သွမ့်ယောင် - "......"

ဟင်၊ ဘာလို့လဲ။

"ဆရာကြီးနန်၊ ရှောင်၀မ်ရယ်။ ဧည့်သည်တစ်ယောက်က တွေ့ချင်လို့ပါတဲ့"

တံခါးအပြင်ဘက်က သွမ့်နေ့မှ ပြောလာ၏။

နန်မော်ယဲ့က ချောင်းဟန့်လိုက်ကာမေးသည်။

"စစ်သူကြီးရှန်လား"

သွမ့်ယောင်တစ်ယောက် ချက်ချင်းပင် ပျော်ရွှင်မြူးတူးသွား၏။

"လူကြီးမင်း ထူပူကျဲ့ပါခင်ဗျာ"

"နေ့ခင်းကြောင်တောင် သရဲခြောက်တာပဲ ရှစ်ဖူး၊ သူ ဘာလို့ရောက်ချလာတာတုန်း"

နန်မော်ယဲ့လည်း နားမလည်သည့်ဟန်ပင်။

"သွားကွာ၊ မတွေးတော့ဘူး။ ထွက်ပဲသွားကြည့်လိုက်တော့မယ်"

သွမ့်ယောင်လည်း အားနေသည်နှင့် ဘေးခန်းသို့ ၀င်သွားလိုက်တော့ လက်ဖက်ရည်ထိုင်သောက်နေသော ထူပူကျဲ့ကို မြင်လိုက်လေသည်။ ဆံပင်များရှုပ်ထွေးနေပြီး တစ်ကိုယ်လုံး ညစ်ပတ်ပေရေနေကာ မျက်နှာပင် သေချာသစ်မထားသည့်ပုံပင်။

"အီ....ရွံစရာကြီး"

နန်မော်ယဲ့လေသံထဲ ဆိုလိုရင်းအပြည့်ပါပြီးသားပင်။ သွမ့်ယောင်ကတော့ နန်မော်ယဲ့ကို ကြည့်လိုက်သေးသည်။

ဘာကိုလာရွံနေတာလဲ၊ ရှစ်ဖူး သင်္ချိုင်းထဲကနေ ထွက်လာတိုင်း အဲ့ရုပ်နဲ့တစ်ထေရာတည်းပဲမဟုတ်လား။

"သြော်၊ လူကြီးမင်းနန်ကိုး...."

သူတို့နှစ်ယောက်ကို မြင်တော့ ထူပူကျဲ့က ချက်ချင်းမတ်တတ်ရပ်လိုက်ကာ သေချာဂါရ၀ပြုလာ၏။ အင်မတန်မှ ဖြောင့်မတ်တည်ကြည်သော သိုင်းသမားအလားပင်။

"ဦးလေးက ဘယ်လိုလုပ်ပြီး မြို့တော်ထဲ ရောကိနေတာလဲဗျ"

သွမ့်ယောင်မေးတော့ ထူပူကျဲ့က သိုသိုသိပ်သိပ် တိုးတိုးလေး ပြောလာ၏။

"၀မ်ရယ်ကို အကြံအစည်ကြီးလုပ်ရာမှာ ၀င်ပြီး ကူညီမလို့ပါ"

"ဘာကြီး?"

"ဘာကိုကူညီမှာ?"

နန်မော်ယဲ့လည်း နားမလည်ပေ။

ထူပူကျဲ့က အင်မတန်မှ လျှို့၀ှက်သည့်မျက်နှာပေးနှင့် ကိုယ့်လူအချင်းချင်းပဲပေးသိတာနော်ဆိုသည့်လေသံဖြင့်ပြောလာ၏။

"စောနက ကျုပ် ၀မ်ရယ်နဲ့ လက်ဖက်ရည်ဆိုင်မှာ ဆွေးနွေးပြီးသွားပါပြီ ၊ သေချာပေါက် ကျင်းလွမ်တျဲန့်ညီလာခံဆောင်က လူတစ်ယောက်နဲ့ပတ်သက်တဲ့ကိစ္စပေါ့ဗျာ.... ဟားဟားဟား"

သူပြောပြီးသည်နှင့် သွမ့်ယောင် မည်သို့ဖြစ်သွားမည်မှန်း ပြောစရာမလိုတော့၊ နန်မော်ယဲ့တော့ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရ၏။ စိတ်ထဲတွင်လည်း မိမိတပည့်မှာ ဦးနှောက်တွင် ပြဿနာရှိနေပြီလားဟု ထင်သွားလေ၏။

နှစ်ဘယ်လောက်ကြာကြာ အပိုင်တောင်မသိမ်းပိုက်နိုင်သေးဘဲ ဆက်ပြီး ချစ်တတ်လွန်းသူကြီးအဖြစ် နေချင်နေလို့လား ၊ ဘာကိစ္စ ဒီလိုလူမျိုးကိုမှ အကူအညီ သွားတောင်းရတာလဲ။

ထူပူကျဲ့ကတော့ ပြုံးဖြီးနေလို့၊ သာယာလှပသော အနာဂတ်နေ့သစ်များကို မစောင့်နိုင်တော့ပေ။

******

သွမ့်ပိုင်ယွဲ့က ချူယွမ်ကို နန်းတော်ထဲထိ လိုက်ပို့ပြီးနောက် -

"ဒါဆို ဒီညနေတော့ ကိုယ်ပြန်သွားလိုက်ဦးမယ်နော်။ ထူပူကျဲ့လည်း တည်းခိုဆောင်မှာရှိနေတယ်ဆိုတော့ ပြဿနာတက်မှာစိုးလို့ ။ ပြီးတော့ စောစောလည်း အိပ်ဦး၊ ချောင်ယာအကြောင်း မတွေးရဘူး၊ ကြားလား"

"အင်း၊ ရတယ်"

ချူယွမ်က ခေါင်းညိတ်လိုက်၏။

"မနက်ဖြန် မနက်စောစောလေး လာခဲ့မယ်၊ ဖိုထဲကနေ ပူပူနွေးနွေးဖုတ်ပြီးသား အမဲသားသွပ် မုန့်ကြော်တွေ လာပို့လှည့်မယ် ၊ တခြားရော ဘာစားချင်သေးလဲ"

ချူယွမ်က ခဏလောက်စဥ်းစားလိုက်ကာ

"ပဲနို့"

"ဟုတ်ပြီ"

သွမ့်ပိုင်ယွဲ့က ၀မ်းမြောက်စွာ လက်ခံလိုက်ရင်း သူ့နှုတ်ခမ်းက ချူယွမ်၏ ပါးပြင်ဆီသို့ တဖြည်းဖြည်း ချဥ်းကပ်လာ၏။

သို့သော် တစ်ဖက်လူက အသာ ရှောင်တိမ်းလိုက်လေသည်။

ဒီကလေးနဲ့တော့ တကယ်ပါပဲ.....

ချူယွမ်၏ သိသိသာသာ နီစွေးရဲတက်လာသော နားရွက်နှစ်ဖက်ကိုကြည့်ပြီး သွမ့်ပိုင်ယွဲ့ပြုံးကာ ခေါင်းခါလိုက်လေ၏။ထို့နောက်မှာတော့ အိပ်ခန်းဆောင်အပြင်သို့ လှည့်ထွက်သွားခဲ့လေသည်။

*******

တည်းခိုဆောင်သို့ပြန်ရောက်တော့ သွမ့်ယောင်အိပ်ပျော်နေပြီဖြစ်ကာ ထူပူကျဲ့လည်း တခူးခူးဟောက်ရင်း အိပ်နေလေ၏။ နန်မော်ယဲ့တစ်ယောက်တည်းကသာ လက်ဖက်ရည်သောက်ရင်း စားပွဲဘေး ထိုင်စောင့်နေသည်။

"ကျွန်တော် ဒီနေ့ အဖိုးမုချီဆီ သွားပြီးပြီ၊ အဲ့ဒီချဲန်းဟေဟွမ်က အမြန်ဆုံးဆိုရင်တောင် မနက်ဖြန် မနက်မှရမယ်တဲ့။ ဒီညတော့ မျှော်မနေနဲ့တော့၊ မြန်မြန်အိပ်လိုက်တော့"

"ထိုင်လိုက်စမ်း"

နန်မော်ယဲ့က စိတ်ညစ်စွာ ဆိုလာ၏။

"ဘာဖြစ်ပြန်ပီတုန်း၊ ကျွန်တော် မနက်ဖြန် သွားစရာရှိသေးတယ်"

"ထူပူကျဲ့က.....သူ့ကို မင်း အတည် ခေါ်ထားမှာလား"

နန်မော်ယဲ့ အချိန်တော်တော်ကြာ တွေ​ေ၀နေခဲ့ခြင်းဖြစ်သည်။ သွမ့်ပိုင်ယွဲ့က လက်ဖက်
ရည်တစ်ခွက် ငှဲ့နေရင်းနှင့် ဖြေလိုက်၏။

"မြို့ထဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်တော့ ပြဿနာရှာမှာစိုးလို့ ဒီကိုလွှတ်လိုက်တာ။ အတည်ခေါ်ထားတာ ခေါ်မထားတာက အရေးရောကြီးလို့လား။ ဘာလဲ ၊ရှစ်ဖူးနဲ့ စိန်ခေါ်လာလို့လား"

"မြို့ထဲ မတော်တဆ တွေ့မိတာလေးနဲ့ မင်းက သူ့ကို တစ်ခုမကျန်ပြောပြလိုက်တယ်ပေါ့ ။ မင်းချစ်သူက မင်းဆီကလက်ထပ်ဖို့အဆင်သင့်စောင့်နေတဲ့ နန်းတွင်းအပျိုမယ်လေးလို့ ထင်နေလား"

"ရှစ်ဖူး ဘာကိစ္စ ပြောနေတာလဲ ၊ ကျွန်တော် ဘာမှ နားမလည်ဘူး"

"ဘာနားမလည်ဘူးလဲ။ ဒါဆို ဘာလို့ ထူပူကျဲ့က မင်းနဲ့ ဧကရာဇ်ချူ ကိစ္စကို သိနေတာလဲ"

"ဘာပြောလိုက်တယ်"

သွမ့်ပိုင်ယွဲ့မျက်မှောင်ကြုတ်သွား၏။

"မင်းမသိဘူးလား၊ နေ့ခင်းတုန်းက သူ ငါတို့ကို ပြောနေ သေးတယ်။ မင်းနဲ့ ဧကရာဇ်ချူအကြောင်းကို သိတယ်တဲ့"

"ဟုတ်လား"

"ဒီကိစ္စကို ငါ ဘာလို့ လိမ်ပြောရမှာလဲဟ ။ မင်းကိုယ်တိုင် ထုတ်ပြောတာမဟုတ်ရင်တော့ နန်းတွင်းကတစ်ယောက်ယောက် သဲလွန်စတွေတွေ့ထားပြီး ကောလာဟလတွေ ဖြန့်လို့ပဲနေမယ်"

နန်မော်ယဲ့က သူကိုယ်တိုင် အထင်လွဲလို့လွဲမှန်းတောင် သတ်ိမထားမိ။

သွမ့်ပိုင်ယွဲ့က ချက်ချင်းပင် လက်စွဲတော်ဓားကိုယူကာ ထူပူကျဲ့အခန်းထဲ သွားတော့သည်။

ဟဲ့၊ လျှို့၀ှက်ချက်မပေါက်ကြားဖို့ လူတောင် သတ်ပစ်တော့မှာလားဟ။

နန်မော်ယဲ့က စိုးရိမ်တကြီးနှင့် နောက်မှလိုက်သွားလေ၏။

အိပ်မက်လှလှမက်နေသော ထူပူကျဲ့ခမျာ အခန်းတွင်းမှ အေးစက်ကြမ်းကြုတ်သော အရိပ်အသက်ကို ခံစားလိုက်မိသည်နှင့်် ချက်ချင်း လန့်နိုးလာသည်။

ဆီမီးရောင်အောက်တွင် သွမ့်ပိုင်ယွဲ့က သူ့အား အေးစက်စွာ ကြည့်နေလေ၏။

"တူတော်မောင်လေး....ဒါ ...ဒါက ဘာအဓိပ္ပာယ်လဲ"

ထူပူကျဲ့မျက်မှာမှာ ထိတ်လန့်လွန်း၍ အရောင်ပင်ပြောင်းနေချေပြီ။

"ပြောစမ်း၊ ခင်ဗျားက ဘာရည်ရွယ်ချက်နဲ့ ဒီကိုရောက်လာတာလဲ"

"ရည် ....ရည်.... ရည်ရွယ်ချက်..."

ထူပူကျဲ့မှာ တစ်ကိုယ်လုံး တုန်ယင်နေကာ အစပိုင်းတော့ ဆက်လက်ဖုံးကွယ်ရန် ကြံထားသော်လည်း နောက်ဆုံးတော့ မလုပ်ရဲတော့ဘဲ ပြောပြလာ၏။

"တူတော်မောင်လေး၊ ပြောစရာရှိတာ အေးဆေးပြောကြရအောင်ပါကွာ။ ငါမှားတာပါ၊ ငါ ခဏလောက် သတိလက်လွတ်သွားလို့ပါ။ ညဘက်လင်းတဲ့ အဲ့ပုလဲကိုလည်း မယူတော့ပါဘူး၊ မင်းကိုပြန်ပေးပါ့မယ်၊ မင်းကိုပြန်ပေးပါ့မယ်ကွာ"

အခန်းထဲ ချက်ချင်း ငြိမ်သက်သွား၏။

တစ်ခုခု မှားယွင်းနေမှန်း နန်မော်ယဲ့ ချက်ချင်းသိလိုက်၏။

ထူပူကျဲ့က တုန်ယင်စွာ ဆက်​ဆိုလာသည်။

"ငါလည်း ညဘက် မှောင်မှောင်မည်းမည်း လျှောက်သွားရင်း လမ်းမှားသွားတော့ တူတော်မောင်ရဲ့အခန်းဆီ မတော်မဆ ရောက်သွားတာ ၊ အံဆွဲထဲမှာ လင်းနေတဲ့ဟာတစ်ခုရှိလို့ သရဲ၀င်ပူးမိသလိုဖြစ်ပြီး ယူထားမိလိုက်တာပါကွာ"

ငွေစငွေနလေးများ ရမလားလို့ သွားရှာတာပါ၊ ဒါမှ လမ်းဘေးမှာ အိပ်မနေရမှာလေ။ မင်းတို့က စိတ်အပြောင်းအလဲဖြစ်တာ အရမ်းမြန်တော့ ဘယ်နေ့ ပြန်နှင်ထုတ်ခံရမလဲမှ မပြောနိုင်တာ။

"ညဘက်လင်းတဲ့ ပုလဲလုံးလား"

ထူပူကျဲ့က ခေါင်းအုံးအောက်မှ အပြာရောင်ဖျော့ဖျော့အဆင်းရှိ ပုလဲလုံးကို ထုတ်ယူလာ၏။

ဖန်ရှင်းပုလဲ......

အရင်က ရှောင်ယွမ်တစ်ယောက်တည်းကပဲ လင်းအောင်လုပ်နိုင်တာမို့ ရှေးဟောင်းရှားပါးရတနာမို့လို့ မှော်အစွမ်း ကိန်းအောင်းနေလို့များလားလို့ ထင်နေခဲ့တာ။ အခုက ထူပူကျဲ့လို လူပေလူတေကတောင် လင်းအောင်လုပ်နိုင်တော့...... ဒါ ဘာ မှော်အစွမ်းမှ မဟုတ်တော့ဘူး၊ ပြဿနာကြီးတစ်ခုပဲ ။

"တူတော်မောင်ရယ်...."

ထူပူကျဲ့က အတော်ပင် အားနာသွား၏။

မင်းလက်ထဲကဓားကို အရင်ချလိုက်ပါဦးကွာ။

သွမ့်ပိုင်ယွဲ့ ခေါင်းခါလိုက်ကာ နန်မော်ယဲ့ကို ခေါ်ပြီး အပြင်ဘက် ပြန်ထွက်လာ၏။

"စောနက သူ ဘာတွေပြောခဲ့သေးလဲ၊ ကျွန်တော့်ကို တစ်ခွန်းမကျန် ပြန်ပြောပြ"

"ဟေ့ကောင် ၊ တစ်ခွန်းမကျန်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲကွ။ငါ့မှတ်ဉာဏ်က သိပ်ကောင်းတော့တာမဟုတ်ဘူး"

သွမ့်ပိုင်ယွဲ့က လက်ထဲကဓားကို ကြမ်းပြင်ပေါ်စိုက်ချလိုက်ရာ အတော်လေး နစ်၀င်သွားပေ၏။ ထိုသို့လုပ်လိုက်မှ နန်မော်ယဲ့က သေချာ ပြန်တွေးယူလိုက်ပြီး တစ်ခေါက်ပြန်ပြောပြလာလေသည်။ စကားဆုံးတော့ သွမ့်ပိုင်ယွဲ့ နားလည်သွားကာ ခေါင်းကိုက်လာသလိုပင်။ နန်မော်ယဲ့ကတော့ တစ်ခုခု မူမမှန်ဖြစ်နေမှန်း မသိတော့ စိုးရိမ်တကြီးမေးလာ၏။

"ဘာလဲ၊ ဘာလို့ ဘာမှပြန်မပြောတာလဲ"

"ကျွန်တော် အသက်ရှစ်နှစ်တုန်းက ရှီးနန်စံအိမ်တော်ကို ဘုန်းကြီးတစ်ပါးရောက်လာပြီး ကျွန်တော့်ကံကြမ္မာကို ဟောပေးတယ်။ အသက်သုံးဆယ်မတိုင်ခင် ကံကြမ္မာက အဘက်ဘက် နိမ့်ကျမှာတဲ့။ အဲ့တုန်းက ခမည်းတော် သူ့ကို ခုလိမ်လူညာလို့ထင်ပြီး နှင်ထုတ်လိုက်သေးတယ်၊ ခု ပြန်တွေးကြည့်တော့ တကယ်ပဲ မြင့်မြတ်စင်ကြယ်တဲ့ ရဟန်းတစ်ပါးပဲဖြစ်မယ်တူပါရဲ့"

တုံးအအ ညီတစ်ယောက်ရယ်၊ ယုံစားလို့မရတဲ့ ဆရာတစ်ယောက်ရယ် ၊ ဟိုအခန်းထဲ အိပ်နေတဲ့ အမှိုက်သရိုက်ကောင်ကြီးက ကိုယ်ချစ်ရတဲ့လူနဲ့ ဘယ်လိုပတ်သက်နေမှန်း မသိတာရယ် ၊ ဘယ်လိုပဲစဥ်းစားကြည့်ပါစေ ကံကြမ္မာက ကောင်းကွက်ကိုမရှိဘူး။

"သုံးဆယ်ပြည့်သွားရင်ကော"

"အဲ့နောက်ပိုင်း ဟောမပေးလိုက်ဘူး၊ အဲ့မတိုင်ခင် ရှစ်ဖူးပယောဂနဲ့ စိတ်တိုပြီး အသက်ပါထွက်သွားမှာမို့ နေမယ်"

နန်မော်ယဲ့ - "......"

တယ်....ဒီတပည့်ယုတ်ကတော့!!!!!!!

*******

Thz for reading.

2020.05.28.

******

အခန္း - ၃၇ (ပဌာန္းဆက္ရိွသူ ေနာက္တစ္ၪီး )

[ ရွီးနန္၀မ္ႀကီး စိတ္က်ဥ္းက်ပ္ေနရေပၿပီ ]

ခ်ူယြမ္၏ မ်က္ႏွာထားကိုျမင္ေတာ့ သြမ့္ပိုင္ယြဲ႔လည္း အေၾကာင္းရင္းကို ေသခ်ာမသိေသးေပမင့္ တစ္ခုခုကို ၾကားသိလိုက္ရျခင္းျဖစ္ရမည္ဟုသိလိုက္ကာ ထူပူက်ဲ့အား ဆက္ေမးလာ၏။

"အဲ့ဒီလူက ဘယ္ကလာသလဲဆိုတဲ့အခ်က္အလက္ေတြအေၾကာင္း ေဒသႏၲရအာဏာပိုင္ေတြက ဘာေျပာထားေသးလဲ"

ထူပူက်ဲ့က ျပန္ေတြးလိုက္ကာ -

"ေသခ်ာမသိဘူး၊ ငါလည္း ေဖးလြမ္ၿမိဳင္နန္းဆီကေန သတင္းၾကားလာတာပဲ"

"ဟင္....အာဏာပိုင္ေတြ တရား၀င္ ဖမ္းမိန္႔ထုတ္ျပန္​ထားတာမဟုတ္ဘူးလား"

"မဟုတ္ဘူး"

ခ်ူယြမ္ဘက္သို႔ လွမ္းၾကည့္လိုက္ေတာ့ သူထင္သည့္အတိုင္းပင္ မ်က္ႏွာသိပ္မေကာင္း။

ေဖးလြမ္ၿမိဳင္နန္းမွာ ဓမၼလမ္းစဥ္က်င့္သံုးေသာ ဂိုဏ္းတစ္ခုျဖစ္ကာ ၿမိဳင္နန္းသခင္မွာ က်င့္လ်ိဳထ်ဲန္းဟူေသာအမည္နာမ ရိွ၏။ ပံုမွန္အခ်ိန္ဆိုလ်ွင္ ေသရည္ေသာက္လိုက္၊ ယပ္ေတာင္ထက္ ပန္းခ်ီဆြဲလိုက္ လုပ္ေနတတ္ကာ ၊ ထိုသို႔လုပ္မေနလ်ွင္ေတာင္ ေတာေတာင္ေရေျမ သဘာ၀အလွတရား အေၾကာင္း ကဗ်ာမ်ားစာမ်ား ဖြဲ႔ႏြဲ႔ေရးသားေနတတ္သည္။ သာမန္ကာလ်ွံကာ ၾကည့္လိုက္လ်ွင္ သိုင္းေလာကသားမွန္း ျဖစ္ပံုမေပၚဘဲ လွပေက်ာ့ရွင္းေသာ ပညာရိွအမတ္မင္းျဖစ္မည္ဟု ပိုထင္ရၿပီး ျမင္ရသူအေပါင္းအား စိတ္ႏွလံုးခ်မ္းေျမ့ေစေလသည္။

ေရႊၿမိဳ႔ေတာ္သို႔လည္း ရံဖန္ရံခါေရာက္လာတတ္ကာ ဂိုဏ္းႀကီးမ်ားပင္မဆိုထားႏွင့္၊ ဘုရင့္ညီလာခံသဘင္ထဲက မွဴးမတ္ႀကီးမ်ားကပါ သူ႔အား ဧည့္သည္အျဖစ္ ၀မ္းေျမာက္၀မ္းသာ သူ႔ထက္ငါအရင္ ႀကိဳဆိုလက္ခံခ်င္ၾကသည္။ ထိုသို႔ေသာလူက ေဒသႏၲရအာဏာပိုင္တို႔၏ အားကိုးရာတစ္ခုျဖစ္ေနမည္ဆိုသည္မွာလည္း ဘာမွေတာ့ထူးဆန္းမေန။

သို႔ေသာ္ နန္းတြင္းမွတင္ေျမႇာက္ခန္႔အပ္ထားေသာ ၿမိဳ႔စားမင္းတစ္ၪီးက ယခုကိစၥတြင္မူတရား၀င္ ဖမ္းမိန္႔လည္းမထုတ္၊ အထက္ကိုလည္း အေၾကာင္းမၾကားဘဲ အေမေက်ာ္ၿပီးေဒြးေတာ္လြမ္းကာ ဧကရာဇ္အစား သိုင္းသမားမ်ားကို အားကိုးေနၾကသည္မွာ သိပ္ေတာ့ ဆီေလ်ာ္မႈမရိွေပ။

သြမ့္ပိုင္ယြဲ႔က ထူပူက်ဲ့အား ထပ္ေမးလာ၏။

"တရား၀င္ဖမ္းမိန္႔ထုတ္မထားေတာ့ တိုင္းသူျပည္သားေတြလည္း ဒီကိစၥကိုမသိၾကဘူးေပါ့"

"ေသခ်ာတာေပါ့ ၊ ဘယ္သိမွာလဲ"

"အဲ့ေန့က သူတို႔ကို သြားသတ္ဖို႔လုပ္ေတာ့ အဲ့ေခ်ာင္ယာဘက္ကလူေတြ ဘာေျပာေနၾကတာမ်ား ၾကားလိုက္ေသးလဲ"

"သူတို႔ထဲကတစ္ေယာက္ကေတာ့ မိန္းမကြ။ သူတို႔က လူဆိုးေတြမဟုတ္ပါဘူးတဲ့၊ ငါ့ကိုေတာင္ သတ္တဲ့ျဖတ္တဲ့ကိစၥမ်ိဳး ထပ္မလုပ္ပါနဲ႔လိုေတာင္ မွာလိုက္ေသးတယ္၊ ငါေတာင္ တစ္ခ်က္ ေတြ​ေဝသြားေသးတယ္၊ အဲ့မွာတင္ သူတို႔ဆိုလိုက္တဲ့ မိစၧာသံစဥ္ႀကီးနဲ႔တင္ စိတ္ေတြ ညစ္ႏြမ္းၿပီး သတိလစ္သြားတာပဲ"

ခ်ူယြမ္ ေခါင္းအသာၿငိမ့္ျပလိုက္သည္။ သြမ့္ပိုင္ယြဲ႔လည္း ဆိုလိုရင္းကို ခ်က္ခ်င္းနားလည္သြားကာ -

"ဒါနဲ႔ လူႀကီးမင္းက ဘယ္နားမွာ တည္းခိုေနပါသလဲခင္ဗ်ာ"

ထူပူက်ဲ့က ေခါင္းတဗ်င္းဗ်င္းကုတ္ရင္းေျဖလာသည္။

"ေအး၊ ရွာလို႔ မရေသးဘူးကြ"

"ဒါဆို ကြၽန္ေတာ္အပိုင္ငွားရမ္းထားတဲ့ တည္းခိုေဆာင္မွာ လိုက္ေနပါ့လား။ ဒီလမ္းအတိုင္းသြားရင္ ယြဲ႔လိုင္တည္းခိုေဆာင္ဆိုၿပီး ေတြ့လိမ့္မယ္"

ထူပူက်ဲ့မ်က္ႏွာမွာ လြန္စြာမွ ပီတိျဖာ​ေဝသြားကာ -

"အဲ့လိုဆိုလည္း ေကာင္းသားပဲ၊ ဒါနဲ႔ ဒီညေန ဘယ္မွာ စားၾကမွာလဲဟင္"

ခ်ူယြမ္ - "......."

သြမ့္ပိုင္ယြဲ႔က သူ႔ေရ႔ွသို႔ ေငြတံုးတစ္တံုးခ်ေပးလိုက္ကာ

"လူႀကီးမင္း အဆင္ေျပသလိုသာ သံုးပါ။ ကြၽန္ေတာ္ ကိစၥေလးေတြ ေဆြးေနြးစရာရိွေသးလို႔ အေဖာ္လိုက္မေပးႏိုင္ပါဘူးခင္ဗ်ာ"

ထူပူက်ဲ့ အေတာ္ပင္ ၀မ္းနည္းသြားပံုပင္။

သြမ့္ပိုင္ယြဲ႔လည္း ခ်က္ခ်င္းထရပ္လိုက္ၿပီး ခ်ူယြမ္ႏွင့္အတူ ထိုဆိုင္မွ ထြက္လာခဲ့ကာ ေနာက္တြင္ မည္သူကမွ ဆက္၍လိုက္မလာမွန္းေသခ်ာေတာ့မွ သက္ျပင္းခ်ႏိုင္ေလ၏။

"တစ္ခြန္းေျပာလည္း တူေတာ္ေမာင္ႀကီး... ႏွစ္ခြန္းေျပာလည္း တူေတာ္ေမာင္ႀကီးနဲ႔...."

ခ်ူယြမ္က ေျပာေျပာဆိုဆို သြမ့္ပိုင္ယြဲ႔ရင္ဘတ္ကို လက္နဲ႔ တို႔တို႔ၿပီး ၿပံဳးစစႏွင့္ဆက္ေျပာ၏။

"တကယ္ႀကီး ထီးနန္းလာလုတာလား... ခင္ဗ်ားက။ ရွီးနန္စံအိမ္ေတာ္မွာကတည္းက အခ်ိန္ရတာနဲ႔ လ်ိႈ႔၀ွက္အႀကံအစည္ေတြ ႀကိဳတင္ခ်မွတ္ထားပံုရတယ္၊ ဟုတ္တယ္မလား"

သြမ့္ပိုင္ယြဲ႔က ဘာမျွပန္မေျဖ။

ကိုယ္ တကယ္ သူနဲ႔ မရင္းႏွီးဘူးေနာ္။

"အင္းပါ၊ ေဟယြီစားေသာက္ဆိုင္ဘက္ကို သြားရေအာင္ပါ"

ခ်ူယြမ္ဘက္က ထိုသို႔စေျပာလာေတာ့ သြမ့္ပိုင္ယြဲ႔ အေတာ္အံ့ၾသသြားေလ၏။

"မင္း အဲ့ဒီ၀တ္ရံုနက္နဲ႔လူေတြအေၾကာင္း ​ဆက္ေျပာခ်င္ေသးတယ္လို႔ ထင္ထားတာ"

"ေျပာတာက ေျပာမွာေလ၊ ဒီမွာေတာ့မေျပာဘူး"

ခ်ူယြမ္ကိုယ္တိုင္ သြမ့္ပိုင္ယြဲ႔ကို ဆြဲေခၚလာၿပီး ေဟယြီစားေသာက္ဆိုင္ထဲသို႔ ၀င္သြားကာ ကိုယ္ပိုင္အခန္းတစ္ခန္းငွားလိုက္ၿပီး အစားအေသာက္မ်ားမွာၿပီးခါမွ ေျပာလာ၏။

"ငါ မွန္းတာမမွားရင္ေတာ့ အဲ့လူေတြက ေခ်ာင္ယာလူမ်ိဳးပဲျဖစ္ရမယ္"

"ဘာလို႔ အဲ့ေလာက္ ယံုၾကည္ေနတာလဲ"

သြမ့္ပိုင္ယြဲ႔ အေတာ္ပင္ အံ့ၾသသြားသည္။

"အရင္တုန္းက သူတို႔ နန္းေတာ္ထဲေရာက္လာတုန္းကလည္း ၀တ္ရံုနက္ေတြ၀တ္ထားတယ္၊ အရပ္အေမာင္းလည္း ရွည္တယ္။ ေခ်ာင္ယာဆိုတာ ေတာင္ပင္လယ္ထဲက ကြၽန္းတစ္ကြၽန္းရဲ့နာမည္ပဲ၊ အဲ့မွာေနတဲ့လူေတြက ညေနဆည္းဆာ ေန၀င္ၿပီဆိုတာနဲ႔ ေနမင္းရိွရာဘက္မ်က္ႏွာမူၿပီး ဆုေတာင္းတတ္ၾကတယ္တဲ့။ တံငါေလွေတြဆို အဲ့ကြၽန္းနားေရာက္တာနဲ႔ ဝိညာဥ္ခ်ဳပ္ေနွာင္ခံရသလိုျဖစ္ၿပီး ခဏခဏ မ်က္စိလည္လမ္းမွားတတ္ၾကကုန္တာ မနည္းမေနာပဲ။ အဲ့ဒါေၾကာင့္ ေခ်ာင္ယာရဲ့ ဝိညာဥ္ခ်ဳပ္သံစဥ္လို႔ေခၚၾကတာ၊ ဝိညာဥ္ကို ခ်ဳပ္ထားႏိုင္စြမ္းရိွတယ္လို႔ေျပာၾကတယ္"

"အဲ့လိုႀကီးက နည္းနည္းေတာ့ မ်ားသြားၿပီ။ ဒါေပမယ့္ အဲ့တာတကယ္မွန္ေနခဲ့ရင္ ဘာလို႔မ်ား ေခ်ာင္ယာလူမ်ိဳးစုက ဆန္းနန္က်ိဳးမွာ လာၿပီး ကိုယ္ထင္ျပရတာလဲ။ ေဒသႏၲရအာဏာပိုင္ေတြကေရာ ဘာလို႔မ်ား သူတို႔အေပၚ အၿငိဳးအေတး အရမ္းႀကီးေနတဲ့ပံုေပါက္ေနတာလဲ

ခ်ူယြမ္က ေခါင္းခါလိုက္ကာ ဆက္ေမးလာ၏။

"အရင္တုန္းက ေဖးလြမ္ၿမိဳင္နန္းအေၾကာင္းကို ေရွာင္က်င့္ဆီကေန ၾကားဖူးတယ္။ ေဖးလြမ္ၿမိဳင္နန္းသခင္က မင္းနဲ႔ ရင္းႏွီးလား"

"အင္း၊ ရင္းႏွီးတယ္ေလ"

"ဒါဆို ျဖစ္ေၾကာင္းကုန္စင္ကို တစ္ခ်က္ေလာက္ သြားေမးေပးပါလား။ ေခ်ာင္ယာလူမ်ိဳးက အစကတည္းက အျပင္ေလာကနဲ႔ ပတ္သက္ရတာမႀကိဳက္ၾကဘူး၊ ဒီတစ္ေခါက္ေတာ့ မတတ္သာလို႔ ေသေဘးကေန ထြက္ေျပးလာတဲ့ပံု ေပါက္ေနတယ္။ သူတို႔ကြၽန္းမွာ ျပႆနာ တစ္ခုခုတက္ထားလို႔ေနမွာ"

"အင္း၊ ေမးေပးမယ္"

သြမ့္ပိုင္ယြဲ႔က ခ်က္ခ်င္းပင္ လက္ခံ၏။

ခ်ူယြမ္က တူျဖင့္ ငါးဟင္းကို ဖဲ့ေနရင္း ေျပာလာစည္။

"ေတြ့လား ။ ငါတို႔အျပင္ထြက္လာတိုင္း ျပႆနာတစ္ခုမဟုတ္တစ္ခု ႀကံဳေနရတာခ်ည္းပဲ"

သြမ့္ပိုင္ယြဲ႔ကၿပံဳးလိုက္ကာ -

"မင္း၀င္မရႈပ္ခ်င္ရင္ ကိုယ္တစ္ေယာက္
တည္း ေျဖရွင္းလိုက္လို႔လည္း ရပါတယ္။ ဆန္းနန္က်ိဳးက ၿမိဳ႔ေတာ္နဲ႔ သိပ္မ​ေဝးေတာ့ မနက္ျဖန္က် ကိုယ္ သြားၿပီးစံုစမ္းလိုက္မယ္။ တိုက္ဆိုင္လို႔ ေခ်ာင္ယာလူမ်ိဳးေတြနဲ႔ေတြ့ခဲ့ရင္လည္း တစ္ခါတည္း အပါေခၚလာလိုက္မယ္ေလ"

ခ်ူယြမ္က ေခါင္းညိတ္လက္ခံလိုက္ရံုသာ။ ျပႆနာေပၚလာျပန္ေတာ့ စားခ်င္စိတ္မရိျွပန္ေတာ့။

"ကိုယ္ ခြံ႔ေကြၽးေပးရမလား"

ခ်ူယြမ္ - "......."

သြမ့္ပိုင္ယြဲ႔က ဇြန္းျဖင့္တစ္လုပ္စာ ခပ္ၿပီးေနာက္ -

"ကိုယ့္ဘာသာကိုယ္ ဆက္မစားရင္ တကယ္ခြံ႔ေကြၽးေတာ့မွာေနာ္"

ခ်ူယြမ္က ရယ္ခ်င္သြားကာ တူႏွင့္ဇြန္းကို ျပန္ေကာက္ယူလိုက္ၿပီးေနာက္ -

"လူႀကီးမင္းနန္က ယြီ႔ကြမ္းေတာင္ကိုသြားမယ္၊ မင္းက ဆန္းနန္က်ိဳးကိုသြားမယ္၊အဲ့ေတာ့ ေယာင္အာေရာ...."

"ေသခ်ာေပါက္ ကိုယ့္ေနာက္ လိုက္ခဲ့ရမွာေပါ့"

"သူ ဆႏၵရိွရင္ နန္းေတာ္ထဲ လာေနခိုင္းလို႔လည္းရတယ္"

သြမ့္ပိုင္ယြဲ႔က ဟင္းခ်ိဳေသာက္ရင္း ခပ္ေအးေအးသာဆိုလာ၏။

"မလိုပါဘူး၊ နန္းေတာ္ထဲမွာ သူ စားစရာ ပိုးေကာင္ေတြ မ်ားမ်ားစားစားသိပ္မရိွဘူး"

*****

တည္းခိုေဆာင္တြင္ သြမ့္ေယာင္က ေက်ာက္စိမ္းအေဆာင္အေယာင္တစ္ခုကို ေသခ်ာလွည့္ပတ္ၿပီး ၾကည့္ေန၏။

ေရႊၿမိဳ႔ေတာ္ပီသလိုက္တာေနာ္၊ လက္ရာကလည္း ေသသပ္လွပတယ္၊ ျမန္လည္းျမန္တယ္၊ သြမ့္ဆိုတဲ့ အကၡရာကို တစ္နာရီအတြင္း ထြင္းေပးႏိုင္တယ္၊ ၾကည့္စမ္း။

နန္ေမာ္ယဲ့လည္း ထိုျမင္ကြင္းကိုၾကည့္ၿပီး ပီတိ​ေဝဖျာေန၏။ မိမိတပည့္ငယ္ေလးမွာ ခုေတာ့ ခါးတြင္ ခ်ိတ္ဆြဲစရာ ေက်ာက္စိမ္းပင္ ၀ယ္တတ္ေနၿပီပဲ ၊ ၿမိဳ႔ထဲ ေလ်ွာက္သြားေနသည့္ သူေဌးသား အေလအလြင့္ေတြႏွင့္ပင္ တူလာေပၿပီ။

"ရွစ္ဖူး၊ တကယ္လို႔ ဒါကို လက္ေဆာင္အျဖစ္ စစ္သူႀကီးရွန္ကိုေပးရင္ လြန္ရာက်မွာလား"

မိမိေနာင္ေတာ္၏ မ်ိဳးရိုးနာမည္ ထြင္းထုထားမွေတာ့ ဤအတိုင္းၾကည့္လ်ွင္ သာမန္ေက်ာက္စိမ္းျပားမ်ွသာျဖစ္ေသာ္လည္း တစ္ဖက္ကၾကည့္လ်ွင္ သူ႔ေနာင္ေတာ္၏ ကိုယ္ပြားျဖစ္ေနမည္မဟုတ္လား။

နန္ေမာ္ယဲ့မ်က္ႏွာတစ္ခုလံုး ၿပံဳးၿဖီးေနလ်က္ ထိုေက်ာက္စိမ္းျပားကို လုယူလိုက္ကာ -

"လူႀကီးေတြကိစၥ... ကေလး လိုက္မရႈပ္စမ္းနဲ႔"

သြမ့္ေယာင္ - "......"

နန္ေမာ္ယဲ့က သြမ့္ေယာင္ေလး၏ ေခါင္းကို ခပ္ဖြဖြ ပြတ္သပ္ေပးရင္း ခ်စ္ျခင္းေမတၲာျပည့္၀စြာႏွင့္ ဆိုလာ၏။

"ေနာက္ပိုင္းက် စစ္သူႀကီးရွန္နဲ႔ ​ေဝး​ေဝးေနထား....ၾကားလား။ မတ္နဲ႔မရီးကိစၥေတြဆိုတာကလည္း အျပင္လူျမင္သြားရင္ အတင္းေျပာစရာျဖစ္ကုန္မယ္"

သြမ့္ေယာင္ - "......"

"ေနာက္ႏွစ္ရက္သံုးရက္က်ရင္ ယြီ႔ကြမ္းေတာင္ကိုသြားမလို႔၊ ရွစ္ဖူးနဲ႔လိုက္မလား"

"နာမည္နဲ႔တင္ ေက်ာခ်မ္းေနၿပီ၊ မေကာင္းတဲ့အေငြ့အသက္ေတြရေနတယ္၊ မလိုက္ဘူး။"

(ယြီ႔ကြမ္း= ေက်ာက္စိမ္းအေခါင္း)

"အယ္....တကယ္မလိုက္ဘူးေပါ့"

သြမ့္ေယာင္က ေခါင္းတတြင္တြင္ခါလာ၏။

နန္ေမာ္ယဲ့ကလည္း သက္ျပင္းခ်လိုက္ကာ-

"အေတာ္ပဲ၊ ရွစ္ဖူးလည္း မင္းကို မလိုက္ေစခ်င္ဘူး"

သြမ့္ေယာင္ - "......"

ဟင္၊ ဘာလို႔လဲ။

"ဆရာႀကီးနန္၊ ေရွာင္၀မ္ရယ္။ ဧည့္သည္တစ္ေယာက္က ေတြ့ခ်င္လို႔ပါတဲ့"

တံခါးအျပင္ဘက္က သြမ့္ေန့မွ ေျပာလာ၏။

နန္ေမာ္ယဲ့က ေခ်ာင္းဟန္႔လိုက္ကာေမးသည္။

"စစ္သူႀကီးရွန္လား"

သြမ့္ေယာင္တစ္ေယာက္ ခ်က္ခ်င္းပင္ ေပ်ာ္ရႊင္ျမဴးတူးသြား၏။

"လူႀကီးမင္း ထူပူက်ဲ့ပါခင္ဗ်ာ"

"ေန့ခင္းေၾကာင္ေတာင္ သရဲေျခာက္တာပဲ ရွစ္ဖူး၊ သူ ဘာလို႔ေရာက္ခ်လာတာတုန္း"

နန္ေမာ္ယဲ့လည္း နားမလည္သည့္ဟန္ပင္။

"သြားကြာ၊ မေတြးေတာ့ဘူး။ ထြက္ပဲသြားၾကည့္လိုက္ေတာ့မယ္"

သြမ့္ေယာင္လည္း အားေနသည္ႏွင့္ ေဘးခန္းသို႔ ၀င္သြားလိုက္ေတာ့ လက္ဖက္ရည္ထိုင္ေသာက္ေနေသာ ထူပူက်ဲ့ကို ျမင္လိုက္ေလသည္။ ဆံပင္မ်ားရႈပ္ေထြးေနၿပီး တစ္ကိုယ္လံုး ညစ္ပတ္ေပေရေနကာ မ်က္ႏွာပင္ ေသခ်ာသစ္မထားသည့္ပံုပင္။

"အီ....ရြံစရာႀကီး"

နန္ေမာ္ယဲ့ေလသံထဲ ဆိုလိုရင္းအျပည့္ပါၿပီးသားပင္။ သြမ့္ေယာင္ကေတာ့ နန္ေမာ္ယဲ့ကို ၾကည့္လိုက္ေသးသည္။

ဘာကိုလာရြံေနတာလဲ၊ ရွစ္ဖူး သခ်ၤိဳင္းထဲကေန ထြက္လာတိုင္း အဲ့ရုပ္နဲ႔တစ္ေထရာတည္းပဲမဟုတ္လား။

"ေၾသာ္၊ လူႀကီးမင္းနန္ကိုး...."

သူတို႔ႏွစ္ေယာက္ကို ျမင္ေတာ့ ထူပူက်ဲ့က ခ်က္ခ်င္းမတ္တတ္ရပ္လိုက္ကာ ေသခ်ာဂါရ၀ျပဳလာ၏။ အင္မတန္မွ ေျဖာင့္မတ္တည္ၾကည္ေသာ သိုင္းသမားအလားပင္။

"ၪီးေလးက ဘယ္လိုလုပ္ၿပီး ၿမိဳ႔ေတာ္ထဲ ေရာကိေနတာလဲဗ်"

သြမ့္ေယာင္ေမးေတာ့ ထူပူက်ဲ့က သိုသိုသိပ္သိပ္ တိုးတိုးေလး ေျပာလာ၏။

"၀မ္ရယ္ကို အႀကံအစည္ႀကီးလုပ္ရာမွာ ၀င္ၿပီး ကူညီမလို႔ပါ"

"ဘာႀကီး?"

"ဘာကိုကူညီမွာ?"

နန္ေမာ္ယဲ့လည္း နားမလည္ေပ။

ထူပူက်ဲ့က အင္မတန္မွ လ်ိႈ႔၀ွက္သည့္မ်က္ႏွာေပးႏွင့္ ကိုယ့္လူအခ်င္းခ်င္းပဲေပးသိတာေနာ္ဆိုသည့္ေလသံျဖင့္ေျပာလာ၏။

"ေစာနက က်ဳပ္ ၀မ္ရယ္နဲ႔ လက္ဖက္ရည္ဆိုင္မွာ ေဆြးေနြးၿပီးသြားပါၿပီ ၊ ေသခ်ာေပါက္ က်င္းလြမ္တ်ဲန္႔ညီလာခံေဆာင္က လူတစ္ေယာက္နဲ႔ပတ္သက္တဲ့ကိစၥေပါ့ဗ်ာ.... ဟားဟားဟား"

သူေျပာၿပီးသည္ႏွင့္ သြမ့္ေယာင္ မည္သို႔ျဖစ္သြားမည္မွန္း ေျပာစရာမလိုေတာ့၊ နန္ေမာ္ယဲ့ေတာ့ မိုးႀကိဳးပစ္ခ်ခံလိုက္ရသလို ခံစားလိုက္ရ၏။ စိတ္ထဲတြင္လည္း မိမိတပည့္မွာ ၪီးေနွာက္တြင္ ျပႆနာရိွေနၿပီလားဟု ထင္သြားေလ၏။

ႏွစ္ဘယ္ေလာက္ၾကာၾကာ အပိုင္ေတာင္မသိမ္းပိုက္ႏိုင္ေသးဘဲ ဆက္ၿပီး ခ်စ္တတ္လြန္းသူႀကီးအျဖစ္ ေနခ်င္ေနလို႔လား ၊ ဘာကိစၥ ဒီလိုလူမ်ိဳးကိုမွ အကူအညီ သြားေတာင္းရတာလဲ။

ထူပူက်ဲ့ကေတာ့ ၿပံဳးၿဖီးေနလို႔၊ သာယာလွပေသာ အနာဂတ္ေန့သစ္မ်ားကို မေစာင့္ႏိုင္ေတာ့ေပ။

******

သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္ကို နန္းေတာ္ထဲထိ လိုက္ပို႔ၿပီးေနာက္ -

"ဒါဆို ဒီညေနေတာ့ ကိုယ္ျပန္သြားလိုက္ၪီးမယ္ေနာ္။ ထူပူက်ဲ့လည္း တည္းခိုေဆာင္မွာရိွေနတယ္ဆိုေတာ့ ျပႆနာတက္မွာစိုးလို႔ ။ ၿပီးေတာ့ ေစာေစာလည္း အိပ္ၪီး၊ ေခ်ာင္ယာအေၾကာင္း မေတြးရဘူး၊ ၾကားလား"

"အင္း၊ ရတယ္"

ခ်ူယြမ္က ေခါင္းညိတ္လိုက္၏။

"မနက္ျဖန္ မနက္ေစာေစာေလး လာခဲ့မယ္၊ ဖိုထဲကေန ပူပူေနြးေနြးဖုတ္ၿပီးသား အမဲသားသြပ္ မုန္႔ေၾကာ္ေတြ လာပို႔လွည့္မယ္ ၊ တျခားေရာ ဘာစားခ်င္ေသးလဲ"

ခ်ူယြမ္က ခဏေလာက္စဥ္းစားလိုက္ကာ

"ပဲႏို႔"

"ဟုတ္ၿပီ"

သြမ့္ပိုင္ယြဲ႔က ၀မ္းေျမာက္စြာ လက္ခံလိုက္ရင္း သူ႔ႏႈတ္ခမ္းက ခ်ူယြမ္၏ ပါးျပင္ဆီသို႔ တျဖည္းျဖည္း ခ်ဥ္းကပ္လာ၏။

သို႔ေသာ္ တစ္ဖက္လူက အသာ ေရွာင္တိမ္းလိုက္ေလသည္။

ဒီကေလးနဲ႔ေတာ့ တကယ္ပါပဲ.....

ခ်ူယြမ္၏ သိသိသာသာ နီေစြးရဲတက္လာေသာ နားရြက္ႏွစ္ဖက္ကိုၾကည့္ၿပီး သြမ့္ပိုင္ယြဲ႔ၿပံဳးကာ ေခါင္းခါလိုက္ေလ၏။ထို႔ေနာက္မွာေတာ့ အိပ္ခန္းေဆာင္အျပင္သို႔ လွည့္ထြက္သြားခဲ့ေလသည္။

*******

တည္းခိုေဆာင္သို႔ျပန္ေရာက္ေတာ့ သြမ့္ေယာင္အိပ္ေပ်ာ္ေနၿပီျဖစ္ကာ ထူပူက်ဲ့လည္း တခူးခူးေဟာက္ရင္း အိပ္ေနေလ၏။ နန္ေမာ္ယဲ့တစ္ေယာက္တည္းကသာ လက္ဖက္ရည္ေသာက္ရင္း စားပြဲေဘး ထိုင္ေစာင့္ေနသည္။

"ကြၽန္ေတာ္ ဒီေန့ အဖိုးမုခ်ီဆီ သြားၿပီးၿပီ၊ အဲ့ဒီခ်ဲန္းေဟဟြမ္က အျမန္ဆံုးဆိုရင္ေတာင္ မနက္ျဖန္ မနက္မွရမယ္တဲ့။ ဒီညေတာ့ ေမ်ွာ္မေနနဲ႔ေတာ့၊ ျမန္ျမန္အိပ္လိုက္ေတာ့"

"ထိုင္လိုက္စမ္း"

နန္ေမာ္ယဲ့က စိတ္ညစ္စြာ ဆိုလာ၏။

"ဘာျဖစ္ျပန္ပီတုန္း၊ ကြၽန္ေတာ္ မနက္ျဖန္ သြားစရာရိွေသးတယ္"

"ထူပူက်ဲ့က.....သူ႔ကို မင္း အတည္ ေခၚထားမွာလား"

နန္ေမာ္ယဲ့ အခ်ိန္ေတာ္ေတာ္ၾကာ ေတြ​ေဝနေခဲ့ျခင္းျဖစ္သည္။ သြမ့္ပိုင္ယြဲ႔က လက္ဖက္
ရည္တစ္ခြက္ ငွဲ႔ေနရင္းႏွင့္ ေျဖလိုက္၏။

"ၿမိဳ႔ထဲ တိုက္တိုက္ဆိုင္ဆိုင္ ေတြ့လိုက္ေတာ့ ျပႆနာရွာမွာစိုးလို႔ ဒီကိုလႊတ္လိုက္တာ။ အတည္ေခၚထားတာ ေခၚမထားတာက အေရးေရာႀကီးလို႔လား။ ဘာလဲ ၊ရွစ္ဖူးနဲ႔ စိန္ေခၚလာလို႔လား"

"ၿမိဳ႔ထဲ မေတာ္တဆ ေတြ့မိတာေလးနဲ႔ မင္းက သူ႔ကို တစ္ခုမက်န္ေျပာျပလိုက္တယ္ေပါ့ ။ မင္းခ်စ္သူက မင္းဆီကလက္ထပ္ဖို႔အဆင္သင့္ေစာင့္ေနတဲ့ နန္းတြင္းအပ်ိဳမယ္ေလးလို႔ ထင္ေနလား"

"ရွစ္ဖူး ဘာကိစၥ ေျပာေနတာလဲ ၊ ကြၽန္ေတာ္ ဘာမွ နားမလည္ဘူး"

"ဘာနားမလည္ဘူးလဲ။ ဒါဆို ဘာလို႔ ထူပူက်ဲ့က မင္းနဲ႔ ဧကရာဇ္ခ်ူ ကိစၥကို သိေနတာလဲ"

"ဘာေျပာလိုက္တယ္"

သြမ့္ပိုင္ယြဲ႔မ်က္ေမွာင္ၾကဳတ္သြား၏။

"မင္းမသိဘူးလား၊ ေန့ခင္းတုန္းက သူ ငါတို႔ကို ေျပာေန ေသးတယ္။ မင္းနဲ႔ ဧကရာဇ္ခ်ူအေၾကာင္းကို သိတယ္တဲ့"

"ဟုတ္လား"

"ဒီကိစၥကို ငါ ဘာလို႔ လိမ္ေျပာရမွာလဲဟ ။ မင္းကိုယ္တိုင္ ထုတ္ေျပာတာမဟုတ္ရင္ေတာ့ နန္းတြင္းကတစ္ေယာက္ေယာက္ သဲလြန္စေတြေတြ့ထားၿပီး ေကာလာဟလေတြ ျဖန္႔လို႔ပဲေနမယ္"

နန္ေမာ္ယဲ့က သူကိုယ္တိုင္ အထင္လြဲလို႔လြဲမွန္းေတာင္ သတ္ိမထားမိ။

သြမ့္ပိုင္ယြဲ႔က ခ်က္ခ်င္းပင္ လက္စြဲေတာ္ဓားကိုယူကာ ထူပူက်ဲ့အခန္းထဲ သြားေတာ့သည္။

ဟဲ့၊ လ်ိႈ႔၀ွက္ခ်က္မေပါက္ၾကားဖို႔ လူေတာင္ သတ္ပစ္ေတာ့မွာလားဟ။

နန္ေမာ္ယဲ့က စိုးရိမ္တႀကီးႏွင့္ ေနာက္မွလိုက္သြားေလ၏။

အိပ္မက္လွလွမက္ေနေသာ ထူပူက်ဲ့ခမ်ာ အခန္းတြင္းမွ ေအးစက္ၾကမ္းၾကဳတ္ေသာ အရိပ္အသက္ကို ခံစားလိုက္မိသည္ႏွင့္္ ခ်က္ခ်င္း လန္႔ႏိုးလာသည္။

ဆီမီးေရာင္ေအာက္တြင္ သြမ့္ပိုင္ယြဲ႔က သူ႔အား ေအးစက္စြာ ၾကည့္ေနေလ၏။

"တူေတာ္ေမာင္ေလး....ဒါ ...ဒါက ဘာအဓိပၸာယ္လဲ"

ထူပူက်ဲ့မ်က္မွာမွာ ထိတ္လန္႔လြန္း၍ အေရာင္ပင္ေျပာင္းေနေခ်ၿပီ။

"ေျပာစမ္း၊ ခင္ဗ်ားက ဘာရည္ရြယ္ခ်က္နဲ႔ ဒီကိုေရာက္လာတာလဲ"

"ရည္ ....ရည္.... ရည္ရြယ္ခ်က္..."

ထူပူက်ဲ့မွာ တစ္ကိုယ္လံုး တုန္ယင္ေနကာ အစပိုင္းေတာ့ ဆက္လက္ဖံုးကြယ္ရန္ ႀကံထားေသာ္လည္း ေနာက္ဆံုးေတာ့ မလုပ္ရဲေတာ့ဘဲ ေျပာျပလာ၏။

"တူေတာ္ေမာင္ေလး၊ ေျပာစရာရိွတာ ေအးေဆးေျပာၾကရေအာင္ပါကြာ။ ငါမွားတာပါ၊ ငါ ခဏေလာက္ သတိလက္လြတ္သြားလို႔ပါ။ ညဘက္လင္းတဲ့ အဲ့ပုလဲကိုလည္း မယူေတာ့ပါဘူး၊ မင္းကိုျပန္ေပးပါ့မယ္၊ မင္းကိုျပန္ေပးပါ့မယ္ကြာ"

အခန္းထဲ ခ်က္ခ်င္း ၿငိမ္သက္သြား၏။

တစ္ခုခု မွားယြင္းေနမွန္း နန္ေမာ္ယဲ့ ခ်က္ခ်င္းသိလိုက္၏။

ထူပူက်ဲ့က တုန္ယင္စြာ ဆက္​ဆိုလာသည္။

"ငါလည္း ညဘက္ ေမွာင္ေမွာင္မည္းမည္း ေလ်ွာက္သြားရင္း လမ္းမွားသြားေတာ့ တူေတာ္ေမာင္ရဲ့အခန္းဆီ မေတာ္မဆ ေရာက္သြားတာ ၊ အံဆြဲထဲမွာ လင္းေနတဲ့ဟာတစ္ခုရိွလို႔ သရဲ၀င္ပူးမိသလိုျဖစ္ၿပီး ယူထားမိလိုက္တာပါကြာ"

ေငြစေငြနေလးမ်ား ရမလားလို႔ သြားရွာတာပါ၊ ဒါမွ လမ္းေဘးမွာ အိပ္မေနရမွာေလ။ မင္းတို႔က စိတ္အေျပာင္းအလဲျဖစ္တာ အရမ္းျမန္ေတာ့ ဘယ္ေန့ ျပန္ႏွင္ထုတ္ခံရမလဲမွ မေျပာႏိုင္တာ။

"ညဘက္လင္းတဲ့ ပုလဲလံုးလား"

ထူပူက်ဲ့က ေခါင္းအံုးေအာက္မွ အျပာေရာင္ေဖ်ာ့ေဖ်ာ့အဆင္းရိွ ပုလဲလံုးကို ထုတ္ယူလာ၏။

ဖန္ရွင္းပုလဲ......

အရင္က ေရွာင္ယြမ္တစ္ေယာက္တည္းကပဲ လင္းေအာင္လုပ္ႏိုင္တာမို႔ ေရွးေဟာင္းရွားပါးရတနာမို႔လို႔ ေမွာ္အစြမ္း ကိန္းေအာင္းေနလို႔မ်ားလားလို႔ ထင္ေနခဲ့တာ။ အခုက ထူပူက်ဲ့လို လူေပလူေတကေတာင္ လင္းေအာင္လုပ္ႏိုင္ေတာ့...... ဒါ ဘာ ေမွာ္အစြမ္းမွ မဟုတ္ေတာ့ဘူး၊ ျပႆနာႀကီးတစ္ခုပဲ ။

"တူေတာ္ေမာင္ရယ္...."

ထူပူက်ဲ့က အေတာ္ပင္ အားနာသြား၏။

မင္းလက္ထဲကဓားကို အရင္ခ်လိုက္ပါၪီးကြာ။

သြမ့္ပိုင္ယြဲ႔ ေခါင္းခါလိုက္ကာ နန္ေမာ္ယဲ့ကို ေခၚၿပီး အျပင္ဘက္ ျပန္ထြက္လာ၏။

"ေစာနက သူ ဘာေတြေျပာခဲ့ေသးလဲ၊ ကြၽန္ေတာ့္ကို တစ္ခြန္းမက်န္ ျပန္ေျပာျပ"

"ေဟ့ေကာင္ ၊ တစ္ခြန္းမက်န္ဆိုတာ ဘယ္လိုျဖစ္ႏိုင္မွာလဲကြ။ငါ့မွတ္ဉာဏ္က သိပ္ေကာင္းေတာ့တာမဟုတ္ဘူး"

သြမ့္ပိုင္ယြဲ႔က လက္ထဲကဓားကို ၾကမ္းျပင္ေပၚစိုက္ခ်လိုက္ရာ အေတာ္ေလး နစ္၀င္သြားေပ၏။ ထိုသို႔လုပ္လိုက္မွ နန္ေမာ္ယဲ့က ေသခ်ာ ျပန္ေတြးယူလိုက္ၿပီး တစ္ေခါက္ျပန္ေျပာျပလာေလသည္။ စကားဆံုးေတာ့ သြမ့္ပိုင္ယြဲ႔ နားလည္သြားကာ ေခါင္းကိုက္လာသလိုပင္။ နန္ေမာ္ယဲ့ကေတာ့ တစ္ခုခု မူမမွန္ျဖစ္ေနမွန္း မသိေတာ့ စိုးရိမ္တႀကီးေမးလာ၏။

"ဘာလဲ၊ ဘာလို႔ ဘာမျွပန္မေျပာတာလဲ"

"ကြၽန္ေတာ္ အသက္ရွစ္ႏွစ္တုန္းက ရွီးနန္စံအိမ္ေတာ္ကို ဘုန္းႀကီးတစ္ပါးေရာက္လာၿပီး ကြၽန္ေတာ့္ကံၾကမၼာကို ေဟာေပးတယ္။ အသက္သံုးဆယ္မတိုင္ခင္ ကံၾကမၼာက အဘက္ဘက္ နိမ့္က်မွာတဲ့။ အဲ့တုန္းက ခမည္းေတာ္ သူ႔ကို ခုလိမ္လူညာလို႔ထင္ၿပီး ႏွင္ထုတ္လိုက္ေသးတယ္၊ ခု ျပန္ေတြးၾကည့္ေတာ့ တကယ္ပဲ ျမင့္ျမတ္စင္ၾကယ္တဲ့ ရဟန္းတစ္ပါးပဲျဖစ္မယ္တူပါရဲ့"

တံုးအအ ညီတစ္ေယာက္ရယ္၊ ယံုစားလို႔မရတဲ့ ဆရာတစ္ေယာက္ရယ္ ၊ ဟိုအခန္းထဲ အိပ္ေနတဲ့ အမိႈက္သရိုက္ေကာင္ႀကီးက ကိုယ္ခ်စ္ရတဲ့လူနဲ႔ ဘယ္လိုပတ္သက္ေနမွန္း မသိတာရယ္ ၊ ဘယ္လိုပဲစဥ္းစားၾကည့္ပါေစ ကံၾကမၼာက ေကာင္းကြက္ကိုမရိွဘူး။

"သံုးဆယ္ျပည့္သြားရင္ေကာ"

"အဲ့ေနာက္ပိုင္း ေဟာမေပးလိုက္ဘူး၊ အဲ့မတိုင္ခင္ ရွစ္ဖူးပေယာဂနဲ႔ စိတ္တိုၿပီး အသက္ပါထြက္သြားမွာမို႔ ေနမယ္"

နန္ေမာ္ယဲ့ - "......"

တယ္....ဒီတပည့္ယုတ္ကေတာ့!!!!!!!

*******

Thz for reading.

2020.05.28.

******

Continue Reading

You'll Also Like

1.1M 187K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...
1.2M 64.3K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
329K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
277K 24.3K 130
အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်..မရည်ရွယ်တဲ့ အမှားတွေကြားအထင်လွဲမှုတွေနဲ့ဝေးကွာခဲ့ရတဲ့အခါ.. Cover Photo....Credit Pinterest