Zawgyi
အေမွာင္ကမာၻက...သူ...
"တရားခံလြတ္သြားၿပီ....ဌာနကိုသတင္းပို႔"
ရဲမႉးႏွင့္တကြအျခားရဲသားမ်ားပါ ခ်န္းေယာလ္ေနာက္အေျပးလိုက္သြားသလို ဂ်ံဳအင္လည္း အေျပးလိုက္ရသည္။
အမႈပိတ္လိုက္ဖို႔ ဆံုးျဖတ္ဆဲတြင္ ခ်န္းေယာလ္တစ္ခုခုျဖစ္သြားလို႔မျဖစ္ေပ...။
လမ္းမေပၚအ႐ူးတစ္ပိုင္းေျပးလႊာေနသည့္ခ်န္းေယာလ္ေၾကာင့္ ျဖတ္သြားျဖတ္လာကားမ်ားႏွင့္လူမ်ားလည္း အလန္႔တၾကား ဖ႐ိုဖရဲ ျဖစ္ကုန္ရသည္။
*တီ...တီ.....*
က်ယ္ေလာင္လွေသာ ကားဟြန္းသံမ်ားလည္းလမ္းမထက္ပ်ံ႕လြင့္
လ်က္႐ွိကာ လူအမ်ားကလည္းတအ့ံတျသေငးၾကည့္ေနၾကသည္။
လူမ်ားစြာတြန္းတိုက္ဖယ္ခြာလ်က္ ယာဥ္ေၾကာမ်ားၾကား အႏၱရာယ္ကိုမငဲ့ကြက္စြာေျပးလႊားေနသည့္သူ႔ေနာက္ကို ရဲကားမ်ားႏွင့္ ရဲအရာ႐ွိမ်ားစြာလိုက္လံဖမ္းဆီးၾကသည္။
*ဝွီး.....ဒုန္း....*
အ႐ွိန္မ်ားေသာ ကားတစ္စီး၏ေဘာနပ္စ္ထက္သို႔ပစ္ခ်သြားေသာ
သူ႔ကိုယ္ဟာကားမွန္ပါအက္ကြဲသြားသည္အထိတိုက္ခ်က္ျပင္း
လြန္းသည္။
"ဟာ....သြားၿပီ "
"လုပ္ၾကပါဦး...ေကာင္ေလးကိုတိုက္မိသြားၿပီ သနားစရာ"
ကားေပၚမွတစ္ဆင့္ ကြန္ကရစ္လမ္းထက္သို႔ တလိမ့္ေကာက္ေကြးလိမ့္က်သြားသည့္သူဟာ ဘာမွမျဖစ္သလိုပဲအေရးႀကီသုတ္ျပာထ၍
ေျပးရန္ျပင္သည့္အခါ ဝိုင္းလာေသာရဲကားမ်ားႏွင့္အတူ လူအမ်ားကလည္းစိတ္ဝင္တစားရပ္ၾကည့္ၾကသည္။
"ဟဲ့...ဒံုဘံုးဒံုလူသတ္မႈရဲ႕ သံသယ႐ွိသူမဟုတ္လား..ငါဟိုေန႔ သတင္းထဲမွာ သူ႔ကိုေတြ႔လိုက္တယ္"
"ေအး...တူတယ္ေနာ္"
ပတ္ဝန္းက်င္ကတစ္ေယာက္ေပါက္ ေျပာဆိုသံမ်ားၾကား ေသနတ္ႏွင့္ခ်ိန္ရြယ္ထားေသာရဲသား၏အသံဟာ ထင္႐ွားစြာေပၚလြင္လာသည္။
"ပတ္ခ်န္းေယာလ္....မင္းထြက္ေျပးေနလည္း အပိုပဲ...ေအးေအးေဆးေဆးအဖမ္းခံလိုက္ပါ"
ေခါင္းေပါက္သြားသည္မို႔ ေသြးတစ္စက္စက္ကနဖူးထက္စီး
က်ေနသလို ကားမွန္ႏွင့္တိုက္မိေသာအ႐ွိန္ေၾကာင့္ေအာင့္မ်က္ေန
ေသာ လက္ေမာင္းကိုဖိကိုင္ထားသည့္သူဟာ နာက်င္မႈေတြေပါင္းစံုေနသည္ေၾကာင့္ ယိုင္နဲ႔နဲ႔ရပ္လ်က္႐ွိသည္။
က်ီးကမ္းေတာင္းေမွာက္ကဲ့သို႔ေသာ သူ႔မ်က္လံုးဝိုင္းေတြဟာ အနီးအနားပတ္ဝန္းက်င္ကိုလည္း ဟိုဒီေရြ႕လ်ားၾကည့္ကာျဖင့္လြတ္
ေျမာက္ရာလမ္းကို႐ွာေဖြေနသေယာင္။
"အာညီး....ငါအိမ္ျပန္ရမယ္...."
စူးရဲေနေသာ သူမ်က္ဝန္းစပ္နားသို႔က်လာသည့္
ေသြးရည္ကိုလက္ခံုႏွင့္ပြတ္သုတ္လိုက္ရင္းသူဆိုသည္။
တုန္တုန္ယင္ယင္သူ႔ႏႈတ္ခမ္းသားမ်ားဟာ နာက်င္မႈတို႔ကိုေဖာ္ၫႊန္းေနသေယာင္။
တရားခံမွန္းသိသည္ႏွင့္ လူအမ်ားကလည္းေနာက္သို႔႐ွဲသြားၾကသလို
ေသနတ္ေပါင္းကိုယ္စီႏွင့္ရဲမ်ားသြာလည္း တျဖည္းျဖည္းတိုးလာၾကသည္။
ေသနတ္မ်ားေၾကာင့္ ခ်န္းေယာလ္ေနရာမွာသာ မလႈပ္မယွက္ရပ္ေနမိေသးသည္။
ကားေပၚက ကမမ္းကတမ္းေျပးဆင္းလာေသာ ဂ်ံဳအင္ဟာထိပ္လန္႔စိုးရိမ္ျခင္းတို႔ႀကီးစိုးလ်က္႐ွိသည္မွာ အထင္အ႐ွား...။
"ခ်န္းေယာလ္...မင္း ဘာမွလုပ္လို႔မျဖစ္ဘူးေနာ္....စိတ္ကိုေလ်ာ့ၿပီး
အသာတၾကည္အဖမ္းခံလိုက္....ေနာက္ျဖစ္တဲ့ကိစၥေတြ ငါဆက္ၿပီး"
"မယံုဘူး....ငါ့ကိုဘာမွလာမေျဖာင္းဖ်နဲ႔ "
ထိုစဥ္ ရံုးခ်ဳပ္မွအမိန္႔ခ်မႈဟာ အေနာက္လွန္းလွန္း႐ွိရဲသားတစ္ဦး၏
ေဝၚကီေတာ္ကီဆီသို႔လြင့္ျပန္႔လာသည္။
"တရားခံက ထပ္ၿပီးလႈပ္႐ွားလာရင္ ပစ္မိန္႔ေပးတယ္..."
ထိုအမိန္႔ရသည္ႏွင့္တစ္ၿပိဳင္နက္တိုက္ဆိုင္လြန္းစြာ လစ္လပ္သြားေသာလူအုပ္ၾကားမွေျပးရန္ရည္ရြယ္၍ ခ်န္းေယာလ္ေျခလွမ္းတို႔ကိုေရြ႕လ်ားလိုက္မိစဥ္....။
*ဒိုင္း...*
"မျဖစ္ဘူး.....ခ်န္းေယာလ္ !!!"
"အား.....အိုမားေရ....!!!"
ဂ်ံဳအင္၏ေအာ္သံဟာ ပ်ံ႕လြင့္လာေသာေသနတ္သံထက္ပင္
က်ယ္ေလာင္ေနခဲ့သည္။
ေဘးဘီ႐ွိ လူအမ်ား၏ေၾကာက္လန္႔တၾကားေအာ္သံမ်ားလည္း
ထိုလမ္းမႀကီးထက္လႊမ္းမို႔လို႔သြားခဲ့သည္။
ဂ်ံဳအင္တစ္ေယာက္ က်ီစံလာရာေသနတ္ပိုင္႐ွင္ကို ခတ္စူးစူးလွည့္ၾကည့္လိုက္ၿပီးေနာက္
ကြန္ကရစ္လမ္းထက္အတုံးအရံုးလဲက်သြားေသာ ခ်န္းေယာလ္႐ွိရာသို႔အေျပးသြားလိုက္သည္။
ႏွလံုးတဲ့တဲ့သို႔နစ္ဝင္သြားေသာ က်ီေတာင့္ဟာ ခႏၶာတစ္ကိုယ္လံုး
႐ွိအားအင္မွန္သမ်ွကိုဆုတ္ယူသြားသည့္အလားပင္။
အပူ႐ွိန္ဟာတရိပ္ရိပ္ထိုးတက္လာၿပီးေနာက္ ရဲရဲနီေနေသာေသြးပြက္ပြက္မ်ားဟာ ရင္ဘက္ေပၚ႐ွိအေပါက္မွတစ္ဆင့္ ဖိအုပ္ထား
ေသာခ်န္းေယာလ္လက္ဖဝါးကိုေက်ာ္လြန္ကာ ကြန္ကရစ္လမ္းေပၚတစ္ေလ်ွာက္ေရစီးေၾကာင္းပမာပင္။
"ခ်န္းေယာလ္ရာ...."
ခ်န္းေယာလ္ကိုယ္ကို ကျပာကယာဆြဲေပြ႔လို႔ေထြးပိုက္လိုက္သည့္ဂ်ံဳ
အင့္အားရဲသားမ်ားႏွင့္လူအမ်ားကလည္းအထူးအဆန္း
သဖြယ္ၾကည့္လ်က္။
"ဂ်ံဳအင္နာ..."
"ေအး ခ်န္းေယာလ္"
"ဟြန္း....ဟြန္းေလ..."
"........."
"သူ...ေစာင့္ေနတယ္...."
ဂ်ံဳအင္တစ္ေယာက္ မတားႏိုင္မဆီးႏိုင္စြာငိုမိသည္အထိပင္။
ဘာေၾကာင့္မ်ား ခ်န္းေယာလ္ဘဝဟာဒီေလာက္ထိဆိုးေလသနည္း..။
ေသြးပ်စ္ပ်စ္မ်ားဟာ ရင္ဝမွတစ္ဆင့္ ႏႈတ္ဖ်ားမွပါမ႐ွဴႏိုင္မကယ္ႏိုင္တိုးထြက္ေနသည္။
"ငါသြား...ရ...မယ္...."
"ခ်န္းေယာလ္...!!!..."
ေခြက်သြားသည့္ လည္တိုင္နဲ႔အတူ ေသြးခ်င္းရဲရဲနီေနသည့္လက္ခံုဟာလည္း ကြန္ကရစ္လမ္းမထက္သို႔။
ဂ်ံဳအင္မွားခဲ့ၿပီ....သူသာအစမပ်ိဳးခဲ့မိရင္...။
သူသာ မဖမ္းခ်ဳပ္ခဲ့မိရင္...။
သူသာ အေစာႀကီးထဲက မွတ္မိခဲ့ရင္...။
ဂ်ံဳအင္တစ္ေယာက္ လည္ေခ်ာင္းကြဲမတတ္ေအာ္ေခၚလိုက္ေသာ္လည္း သူၾကားႏိုင္ေလေတာ့မည္မဟုတ္။
သူဟာ....
သူဟာ တိတ္ဆိတ္လြန္းတဲ့ ကမာၻတစ္ဖက္ဆီ
အျဖဴေရာင္ လိပ္ျပာငယ္ေလးအျဖစ္နဲ႔ေပါ့.....
********************
Background music-I'll be there
By Chen
ပိန္းပိတ္ေအာင္ထူထပ္ေနသည့္ႏွင္းမိုးေတြ႔ၾကားမွာ
တစ္ခုေသာအိမ္ငယ္ေလး၏ေ႐ွ႕ေမွာက္ဝယ္
ျဖဴေဖ်ာ့ေဖ်ာ့ ညိွဳးႏြမ္းႏြမ္းေကာင္ေလးငယ္ဟာ ဝွီးခ်ဲထက္ခတ္အိအိထိုင္ကာ ထိုႏွင္းလံုးတို႔ကိုေငးေမာလ်က္႐ွိသည္။
လႈပ္႐ွားမရေတာ့ေသာ ဝွီးခ်ဲေျခတင္ခံုထက္က ေျခေခ်ာင္းေဖြး႐ွည္႐ွည္တို႔ေၾကာင့္ ႏွင္းေတာထဲေျပးထြက္ကာ
တစ္ေယာက္ေသာသူအားေဖြ႐ွာခ်င္စိတ္ကို သူခ်ိဳးႏွိမ္ထားခဲ့ျခင္းဟာ ႏွစ္ေပါင္းအလီလီၾကာျမင့္ခဲ့ေလေပမဲ့...။
ေန႔စဥ္စကၠန္႔နဲ႔အမ်ွလြမ္းဆြတ္ရျခင္းမ်ားဟာ ႏွင္းစက္တို႔ကိုျမင္ရေလေလ ပိုတိုးလို႔သတိရေလျဖစ္ရကာ တစ္ခ်ိန္ခ်ိန္မ်ားျပန္လာေလမလားအေတြးႏွင့္ ထိုျခံေ႐ွ႕ေလးမွာထြက္ထြက္ေစာင့္ေမ်ွာ္မိခဲ့တာ
ႏွင္းစက္ေတြသာတစ္ႏွစ္ၿပီးတစ္နွစ္ခမ္းေျခာက္လို႔
သြားေသာ္ျငား သူဟာအရိပ္အေယာင္ေတာင္ေပၚမလာေလခဲ့ပါ...။
အိခနဲ ဝဲလာျပန္သည့္မ်က္ရည္စတို႔ဟာ ပါးျပင္ထက္ထိစီးက်လာသည့္အခါ သုတ္ယူပစ္ဖို႔ေတာင္မလႈပ္႐ွားႏိုင္ေတာ့သည့္ လက္ေတြ
ေၾကာင့္ ထိုအတိုင္းသာက်စီးေစခြင့္ေပးထားလိုက္မိသည္။
ထိုနာနာက်င္က်င္ပံုရိပ္ကိုျမင္တိုင္း
အေနာက္ပါးမွ တိတ္တိဆိတ္ေလး႐ႈိက္ငိုေနမိေသာ မ်က္ဝန္းညိုေတြနဲ႔ေကာင္ေလးသည္လည္းႏွစ္ေတြမည္မ်ွၾကာပါေစ မေျပာင္းမလဲပင္။
မေျပာျဖစ္ခဲ့...။
ျဖစ္ပ်က္ခဲ့သမ်ွ အလံုးစံုကိုမသိေစလိုျခင္းဟာ ထိုေကာင္ေလးအတြက္ နာက်င္မႈေတြပိုေလ်ာ့ေစတဲ့နည္းလမ္းေလလားမေသခ်ာေပမဲ့
တစ္လံုးတစ္ေလမွသူမေျပာျဖစ္ခဲ့ပါ။
ေကာင္ေလးကလည္း မေမးခဲ့သလို
အိမ္ဝေလးမွာသာ ေစာင့္ျမဲေစာင့္ေနခဲ့တာမို႔။
ထိုအေျခေနေလးကေကာင္ေလးကိုပိုၿပီးမနာက်င္ေစႏိုင္
တာေၾကာင့္တစ္သက္လံုးစာကြယ္ဝွက္ၿပီး သူေပးဆပ္ဖို႔ဆံုးျဖတ္ထားခဲ့ၿပီးသားပင္။
ထြက္စာတင္လို႔ထိုေကာင္ေလးအနားကိုေရာက္လာခဲ့သည့္အခ်ိန္ထဲက ဘာေၾကာင့္လဲလို႔ေရာက္လာသလဲ တစ္ခြန္းမေမး
သည့္ေကာင္ေလးဟာ သူဘယ္မွာလဲ ဟုလည္းတစ္ခြန္းမေမးပါပဲ ေစာင့္ျမဲေစာင့္ေနခဲ့သည္။
"ဆယ္ဟြန္းနာ...ေလေအးေတြတိုက္ေနတယ္ အိမ္ထဲမွာနားေတာ့ေနာ္..."
ဝွီးခ်ဲေလးနွင့္ေကာင္ေလးကို သူပဲထိုေနရာပို႔ေပးခဲ့သလို သူပဲထိုေနရာမွျပန္ေခၚသြားသည့္ဂ်ံဳအင္ဟာ အျပံဳးေလးနဲ႔ေသာ္ျငား
မ်က္ရည္စတို႔ဝဲေနခဲ့သည္ကို ေကာင္ေလးမျမင္ခဲ့ပါေခ်။
သို႔ေသာ္ ဝရံတာေပၚ႐ွိ ပန္းအိုးငယ္ေလးထက္က အျဖဴေရာင္လိပ္ျပာေလးဟာေတာ့ ဝွီးခ်ဲႏွင့္ေကာင္ေလး၏မ်က္ရည္စတို႔ကိုေရာ
ဝွီးခ်ဲကို တြန္းသြားေပးေသာ ေကာင္ေလး၏
မ်က္ရည္တို႔ကိုပါ ျမင္ေတြ႔လိုက္ႏိုင္သည္။
တကယ္ေတာ့.....သူဟာ အနီးဆံုးမွာပါ...။
The End.
ၿပီးဆံုးသြားခဲ့ပါၿပီ။
ဒီဇာတ္လမ္းကိုစလိုက္တည္းက ဒီလိုပဲအဆံုးသတ္ဖို႔ဆံုးျဖတ္
ထားခဲ့ၿပီးသားမို႔ပါေနာ္။
သာသာ့ကေလးေလးေတက ဒီလိုအဆံုးသတ္ဖို႔မေမ်ွာ္မွန္းသိ
ေပမဲ့လို႔ေပါ့။
Background music ေလးကိုလည္း နားေထာင္ဖို႔
မေမ့ပါနဲ႔ဦးေနာ္။ပိုၿပီးျပည့္စံုတဲ့ ခံစားခ်က္တခ်ိဳ႕ကိုေသခ်ာ
ေပါက္ရလိုက္မယ္လို႔ အာမခံပါတယ္။
အစြမ္းကုန္ခ်စ္ေပးၾကတဲ့ ကေလးတစ္ေယာက္ခ်င္းဆီတိုင္း
ကို အရမ္းေက်းဇူးတင္ၿပီး အရမ္းခ်စ္ပါတယ္လို႔။
လာေခ်ာင္း႐ိုက္မယ့္ ေပါက္စေတလည္း စိတ္ေလ်ာ့ေပးၾကပါ
ေနာ္။
*အေမွာင္ကမာၻက...သူ...*ေလးမွာ ငိုခဲ့ရသမ်ွေတြကို
*Guardian* ေလးနဲ႔ရင္ၾကပ္ေအာင္ ေခ်ာ့ေပးပါ့မယ္လို႔။
အမ်ားရီးခ်စ္တယ္။
*****************
Unicode
အမှောင်ကမ္ဘာက...သူ...
"တရားခံလွတ်သွားပြီ....ဌာနကိုသတင်းပို့"
ရဲမှူးနှင့်တကွအခြားရဲသားများပါ ချန်းယောလ်နောက်အပြေးလိုက်သွားသလို ဂျုံအင်လည်း အပြေးလိုက်ရသည်။
အမှုပိတ်လိုက်ဖို့ ဆုံးဖြတ်ဆဲတွင် ချန်းယောလ်တစ်ခုခုဖြစ်သွားလို့မဖြစ်ပေ...။
လမ်းမပေါ်အရူးတစ်ပိုင်းပြေးလွှာနေသည့်ချန်းယောလ်ကြောင့် ဖြတ်သွားဖြတ်လာကားများနှင့်လူများလည်း အလန့်တကြား ဖရိုဖရဲ ဖြစ်ကုန်ရသည်။
*တီ...တီ.....*
ကျယ်လောင်လှသော ကားဟွန်းသံများလည်းလမ်းမထက်ပျံ့လွင့်
လျက်ရှိကာ လူအများကလည်းတအ့ံတသြငေးကြည့်နေကြသည်။
လူများစွာတွန်းတိုက်ဖယ်ခွာလျက် ယာဉ်ကြောများကြား အန္တရာယ်ကိုမငဲ့ကွက်စွာပြေးလွှားနေသည့်သူ့နောက်ကို ရဲကားများနှင့် ရဲအရာရှိများစွာလိုက်လံဖမ်းဆီးကြသည်။
*ဝှီး.....ဒုန်း....*
အရှိန်များသော ကားတစ်စီး၏ဘောနပ်စ်ထက်သို့ပစ်ချသွားသော
သူ့ကိုယ်ဟာကားမှန်ပါအက်ကွဲသွားသည်အထိတိုက်ချက်ပြင်း
လွန်းသည်။
"ဟာ....သွားပြီ "
"လုပ်ကြပါဦး...ကောင်လေးကိုတိုက်မိသွားပြီ သနားစရာ"
ကားပေါ်မှတစ်ဆင့် ကွန်ကရစ်လမ်းထက်သို့ တလိမ့်ကောက်ကွေးလိမ့်ကျသွားသည့်သူဟာ ဘာမှမဖြစ်သလိုပဲအရေးကြီသုတ်ပြာထ၍
ပြေးရန်ပြင်သည့်အခါ ဝိုင်းလာသောရဲကားများနှင့်အတူ လူအများကလည်းစိတ်ဝင်တစားရပ်ကြည့်ကြသည်။
"ဟဲ့...ဒုံဘုံးဒုံလူသတ်မှုရဲ့ သံသယရှိသူမဟုတ်လား..ငါဟိုနေ့ သတင်းထဲမှာ သူ့ကိုတွေ့လိုက်တယ်"
"အေး...တူတယ်နော်"
ပတ်ဝန်းကျင်ကတစ်ယောက်ပေါက် ပြောဆိုသံများကြား သေနတ်နှင့်ချိန်ရွယ်ထားသောရဲသား၏အသံဟာ ထင်ရှားစွာပေါ်လွင်လာသည်။
"ပတ်ချန်းယောလ်....မင်းထွက်ပြေးနေလည်း အပိုပဲ...အေးအေးဆေးဆေးအဖမ်းခံလိုက်ပါ"
ခေါင်းပေါက်သွားသည်မို့ သွေးတစ်စက်စက်ကနဖူးထက်စီး
ကျနေသလို ကားမှန်နှင့်တိုက်မိသောအရှိန်ကြောင့်အောင့်မျက်နေ
သော လက်မောင်းကိုဖိကိုင်ထားသည့်သူဟာ နာကျင်မှုတွေပေါင်းစုံနေသည်ကြောင့် ယိုင်နဲ့နဲ့ရပ်လျက်ရှိသည်။
ကျီးကမ်းတောင်းမှောက်ကဲ့သို့သော သူ့မျက်လုံးဝိုင်းတွေဟာ အနီးအနားပတ်ဝန်းကျင်ကိုလည်း ဟိုဒီရွေ့လျားကြည့်ကာဖြင့်လွတ်
မြောက်ရာလမ်းကိုရှာဖွေနေသယောင်။
"အာညီး....ငါအိမ်ပြန်ရမယ်...."
စူးရဲနေသော သူမျက်ဝန်းစပ်နားသို့ကျလာသည့်
သွေးရည်ကိုလက်ခုံနှင့်ပွတ်သုတ်လိုက်ရင်းသူဆိုသည်။
တုန်တုန်ယင်ယင်သူ့နှုတ်ခမ်းသားများဟာ နာကျင်မှုတို့ကိုဖော်ညွှန်းနေသယောင်။
တရားခံမှန်းသိသည်နှင့် လူအများကလည်းနောက်သို့ရှဲသွားကြသလို
သေနတ်ပေါင်းကိုယ်စီနှင့်ရဲများသွာလည်း တဖြည်းဖြည်းတိုးလာကြသည်။
သေနတ်များကြောင့် ချန်းယောလ်နေရာမှာသာ မလှုပ်မယှက်ရပ်နေမိသေးသည်။
ကားပေါ်က ကမမ်းကတမ်းပြေးဆင်းလာသော ဂျုံအင်ဟာထိပ်လန့်စိုးရိမ်ခြင်းတို့ကြီးစိုးလျက်ရှိသည်မှာ အထင်အရှား...။
"ချန်းယောလ်...မင်း ဘာမှလုပ်လို့မဖြစ်ဘူးနော်....စိတ်ကိုလျော့ပြီး
အသာတကြည်အဖမ်းခံလိုက်....နောက်ဖြစ်တဲ့ကိစ္စတွေ ငါဆက်ပြီး"
"မယုံဘူး....ငါ့ကိုဘာမှလာမဖြောင်းဖျနဲ့ "
ထိုစဉ် ရုံးချုပ်မှအမိန့်ချမှုဟာ အနောက်လှန်းလှန်းရှိရဲသားတစ်ဦး၏
ဝေါ်ကီတော်ကီဆီသို့လွင့်ပြန့်လာသည်။
"တရားခံက ထပ်ပြီးလှုပ်ရှားလာရင် ပစ်မိန့်ပေးတယ်..."
ထိုအမိန့်ရသည်နှင့်တစ်ပြိုင်နက်တိုက်ဆိုင်လွန်းစွာ လစ်လပ်သွားသောလူအုပ်ကြားမှပြေးရန်ရည်ရွယ်၍ ချန်းယောလ်ခြေလှမ်းတို့ကိုရွေ့လျားလိုက်မိစဉ်....။
*ဒိုင်း...*
"မဖြစ်ဘူး.....ချန်းယောလ် !!!"
"အား.....အိုမားရေ....!!!"
ဂျုံအင်၏အော်သံဟာ ပျံ့လွင့်လာသောသေနတ်သံထက်ပင်
ကျယ်လောင်နေခဲ့သည်။
ဘေးဘီရှိ လူအများ၏ကြောက်လန့်တကြားအော်သံများလည်း
ထိုလမ်းမကြီးထက်လွှမ်းမို့လို့သွားခဲ့သည်။
ဂျုံအင်တစ်ယောက် ကျီစံလာရာသေနတ်ပိုင်ရှင်ကို ခတ်စူးစူးလှည့်ကြည့်လိုက်ပြီးနောက်
ကွန်ကရစ်လမ်းထက်အတုံးအရုံးလဲကျသွားသော ချန်းယောလ်ရှိရာသို့အပြေးသွားလိုက်သည်။
နှလုံးတဲ့တဲ့သို့နစ်ဝင်သွားသော ကျီတောင့်ဟာ ခန္ဓာတစ်ကိုယ်လုံး
ရှိအားအင်မှန်သမျှကိုဆုတ်ယူသွားသည့်အလားပင်။
အပူရှိန်ဟာတရိပ်ရိပ်ထိုးတက်လာပြီးနောက် ရဲရဲနီနေသောသွေးပွက်ပွက်များဟာ ရင်ဘက်ပေါ်ရှိအပေါက်မှတစ်ဆင့် ဖိအုပ်ထား
သောချန်းယောလ်လက်ဖဝါးကိုကျော်လွန်ကာ ကွန်ကရစ်လမ်းပေါ်တစ်လျှောက်ရေစီးကြောင်းပမာပင်။
"ချန်းယောလ်ရာ...."
ချန်းယောလ်ကိုယ်ကို ကပြာကယာဆွဲပွေ့လို့ထွေးပိုက်လိုက်သည့်ဂျုံ
အင့်အားရဲသားများနှင့်လူအများကလည်းအထူးအဆန်း
သဖွယ်ကြည့်လျက်။
"ဂျုံအင်နာ..."
"အေး ချန်းယောလ်"
"ဟွန်း....ဟွန်းလေ..."
"........."
"သူ...စောင့်နေတယ်...."
ဂျုံအင်တစ်ယောက် မတားနိုင်မဆီးနိုင်စွာငိုမိသည်အထိပင်။
ဘာကြောင့်များ ချန်းယောလ်ဘဝဟာဒီလောက်ထိဆိုးလေသနည်း..။
သွေးပျစ်ပျစ်များဟာ ရင်ဝမှတစ်ဆင့် နှုတ်ဖျားမှပါမရှူနိုင်မကယ်နိုင်တိုးထွက်နေသည်။
"ငါသွား...ရ...မယ်...."
"ချန်းယောလ်...!!!..."
ခွေကျသွားသည့် လည်တိုင်နဲ့အတူ သွေးချင်းရဲရဲနီနေသည့်လက်ခုံဟာလည်း ကွန်ကရစ်လမ်းမထက်သို့။
ဂျုံအင်မှားခဲ့ပြီ....သူသာအစမပျိုးခဲ့မိရင်...။
သူသာ မဖမ်းချုပ်ခဲ့မိရင်...။
သူသာ အစောကြီးထဲက မှတ်မိခဲ့ရင်...။
ဂျုံအင်တစ်ယောက် လည်ချောင်းကွဲမတတ်အော်ခေါ်လိုက်သော်လည်း သူကြားနိုင်လေတော့မည်မဟုတ်။
သူဟာ....
သူဟာ တိတ်ဆိတ်လွန်းတဲ့ ကမ္ဘာတစ်ဖက်ဆီ
အဖြူရောင် လိပ်ပြာငယ်လေးအဖြစ်နဲ့ပေါ့.....
********************
Background music-I'll be there
By Chen
ပိန်းပိတ်အောင်ထူထပ်နေသည့်နှင်းမိုးတွေ့ကြားမှာ
တစ်ခုသောအိမ်ငယ်လေး၏ရှေ့မှောက်ဝယ်
ဖြူဖျော့ဖျော့ ညှိုးနွမ်းနွမ်းကောင်လေးငယ်ဟာ ဝှီးချဲထက်ခတ်အိအိထိုင်ကာ ထိုနှင်းလုံးတို့ကိုငေးမောလျက်ရှိသည်။
လှုပ်ရှားမရတော့သော ဝှီးချဲခြေတင်ခုံထက်က ခြေချောင်းဖွေးရှည်ရှည်တို့ကြောင့် နှင်းတောထဲပြေးထွက်ကာ
တစ်ယောက်သောသူအားဖွေရှာချင်စိတ်ကို သူချိုးနှိမ်ထားခဲ့ခြင်းဟာ နှစ်ပေါင်းအလီလီကြာမြင့်ခဲ့လေပေမဲ့...။
နေ့စဉ်စက္ကန့်နဲ့အမျှလွမ်းဆွတ်ရခြင်းများဟာ နှင်းစက်တို့ကိုမြင်ရလေလေ ပိုတိုးလို့သတိရလေဖြစ်ရကာ တစ်ချိန်ချိန်များပြန်လာလေမလားအတွေးနှင့် ထိုခြံရှေ့လေးမှာထွက်ထွက်စောင့်မျှော်မိခဲ့တာ
နှင်းစက်တွေသာတစ်နှစ်ပြီးတစ်နှစ်ခမ်းခြောက်လို့
သွားသော်ငြား သူဟာအရိပ်အယောင်တောင်ပေါ်မလာလေခဲ့ပါ...။
အိခနဲ ဝဲလာပြန်သည့်မျက်ရည်စတို့ဟာ ပါးပြင်ထက်ထိစီးကျလာသည့်အခါ သုတ်ယူပစ်ဖို့တောင်မလှုပ်ရှားနိုင်တော့သည့် လက်တွေ
ကြောင့် ထိုအတိုင်းသာကျစီးစေခွင့်ပေးထားလိုက်မိသည်။
ထိုနာနာကျင်ကျင်ပုံရိပ်ကိုမြင်တိုင်း
အနောက်ပါးမှ တိတ်တိဆိတ်လေးရှိုက်ငိုနေမိသော မျက်ဝန်းညိုတွေနဲ့ကောင်လေးသည်လည်းနှစ်တွေမည်မျှကြာပါစေ မပြောင်းမလဲပင်။
မပြောဖြစ်ခဲ့...။
ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကိုမသိစေလိုခြင်းဟာ ထိုကောင်လေးအတွက် နာကျင်မှုတွေပိုလျော့စေတဲ့နည်းလမ်းလေလားမသေချာပေမဲ့
တစ်လုံးတစ်လေမှသူမပြောဖြစ်ခဲ့ပါ။
ကောင်လေးကလည်း မမေးခဲ့သလို
အိမ်ဝလေးမှာသာ စောင့်မြဲစောင့်နေခဲ့တာမို့။
ထိုအခြေနေလေးကကောင်လေးကိုပိုပြီးမနာကျင်စေနိုင်
တာကြောင့်တစ်သက်လုံးစာကွယ်ဝှက်ပြီး သူပေးဆပ်ဖို့ဆုံးဖြတ်ထားခဲ့ပြီးသားပင်။
ထွက်စာတင်လို့ထိုကောင်လေးအနားကိုရောက်လာခဲ့သည့်အချိန်ထဲက ဘာကြောင့်လဲလို့ရောက်လာသလဲ တစ်ခွန်းမမေး
သည့်ကောင်လေးဟာ သူဘယ်မှာလဲ ဟုလည်းတစ်ခွန်းမမေးပါပဲ စောင့်မြဲစောင့်နေခဲ့သည်။
"ဆယ်ဟွန်းနာ...လေအေးတွေတိုက်နေတယ် အိမ်ထဲမှာနားတော့နော်..."
ဝှီးချဲလေးနှင့်ကောင်လေးကို သူပဲထိုနေရာပို့ပေးခဲ့သလို သူပဲထိုနေရာမှပြန်ခေါ်သွားသည့်ဂျုံအင်ဟာ အပြုံးလေးနဲ့သော်ငြား
မျက်ရည်စတို့ဝဲနေခဲ့သည်ကို ကောင်လေးမမြင်ခဲ့ပါချေ။
သို့သော် ဝရံတာပေါ်ရှိ ပန်းအိုးငယ်လေးထက်က အဖြူရောင်လိပ်ပြာလေးဟာတော့ ဝှီးချဲနှင့်ကောင်လေး၏မျက်ရည်စတို့ကိုရော
ဝှီးချဲကို တွန်းသွားပေးသော ကောင်လေး၏
မျက်ရည်တို့ကိုပါ မြင်တွေ့လိုက်နိုင်သည်။
တကယ်တော့.....သူဟာ အနီးဆုံးမှာပါ...။
The End.
ပြီးဆုံးသွားခဲ့ပါပြီ။
ဒီဇာတ်လမ်းကိုစလိုက်တည်းက ဒီလိုပဲအဆုံးသတ်ဖို့ဆုံးဖြတ်
ထားခဲ့ပြီးသားမို့ပါနော်။
သာသာ့ကလေးလေးတေက ဒီလိုအဆုံးသတ်ဖို့မမျှော်မှန်းသိ
ပေမဲ့လို့ပေါ့။
Background music လေးကိုလည်း နားထောင်ဖို့
မမေ့ပါနဲ့ဦးနော်။ပိုပြီးပြည့်စုံတဲ့ ခံစားချက်တချို့ကိုသေချာ
ပေါက်ရလိုက်မယ်လို့ အာမခံပါတယ်။
အစွမ်းကုန်ချစ်ပေးကြတဲ့ ကလေးတစ်ယောက်ချင်းဆီတိုင်း
ကို အရမ်းကျေးဇူးတင်ပြီး အရမ်းချစ်ပါတယ်လို့။
လာချောင်းရိုက်မယ့် ပေါက်စတေလည်း စိတ်လျော့ပေးကြပါ
နော်။
*အမှောင်ကမ္ဘာက...သူ...*လေးမှာ ငိုခဲ့ရသမျှတွေကို
*Guardian* လေးနဲ့ရင်ကြပ်အောင် ချော့ပေးပါ့မယ်လို့။
အများရီးချစ်တယ်။