BAD BOY
By Ah-Thunn
292K 24.1K 2.6K
ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်‌ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပျဆိ... More
BAD BOY - 1
Bad Boy - 2
Bad Boy - 3
Bad Boy - 4
Bad Boy - 5
Bad Boy - 6
Bad Boy - 7
Bad Boy - 8
Bad Boy - 9
Bad Boy -10
Bad Boy - 11
Bad Boy - 12
Bad Boy -13
Bad Boy -14
Bad Boy -15
Bad Boy -16
Bad Boy -17
Bad Boy -18
Bad Boy - 20
Bad Boy -21
Bad Boy - 22
Bad Boy - 23
ဖတ်ကြည့်ပေးကြပါလားဟင်
Bad boy -24
Bad Boy - 25
Bad boy -26
Bad Boy -27
Bad Boy -28
Bad Boy -29
Bad Boy -30
Bad Boy - 31
Bad Boy - 32
Bad Boy -33
Bad Boy - 34
Bad Boy - 35
Bad Boy - 36
Bad Boy - 37
Bad Boy -38
Bad Boy -39
Bad Boy - 40
Bad Boy - 41
Bad Boy -42
Bad Boy - 43
Bad Boy - 44
Bad Boy - 45
Bad Boy - 46
Bad Boy - 47
Bad Boy - 48
Bad Boy - 49
Bad Boy - 50
Bad Boy - 51
Bad Boy - 52
Bad Boy - 53
Bad Boy -54
Bad Boy - 55
Bad Boy - 56
Bad Boy -57
Bad Boy - 58
Bad Boy - 59
Bad Boy - 60(ပြန်တင်ပေးထားတယ်နော် )
BAD BOY - 61
BAD BOY - 62
BAD BOY - 63
Bad Boy - 64
Bad Boy - 65
Bad Boy -66 (completed)
Bad Boy - 19
4.8K 438 18
By Ah-Thunn
"ဘယ်သွားမလို့လဲ ကလေးရ .......
"တောက် !!!!!!........"
နာကျင်သည်။ လက်ကအရမ်းနာကျင်သည်။လက်၏နာကျင်မှုထက်
နော် .........ဟီဟီ
[Unicode]
ဆောင်းဦးရဲ့ ပင်လယ်ပြင်မှ တိုက်ခတ်လာတဲ့ လေက
နေ့ပိုင်းတွင် မသိသာသော်လည်း ညပိုင်းတွင် တကယ်ပင်အေးစက်လွန်းလှသည်။
အနွေးဓါတ်ရရန် မီးဖိုချင်သော်လည်း အနောက်မှ တိတ်တိတ်ကလေးလိုက်လာသော ရီပေါ်တို့အဖို့ ကမ်းစပ်မှ ဖိုထားသောမီးဖိုလေးကိုသာ လှမ်းကြည့်၍ အအေးဓါတ်ကို ခုခံနေရလေသည်။
ထိုသို့ ဖြင့် ကားထဲတွင် ယူလာသော အနွေးထည်များကို ဝတ်ကာ၊ အလာတုန်းက ဝယ်ထားသော အသင့်အစာများကိုသာ အဆင်ပြေသလို ထုတ်စားရင်း မလှမ်းမကမ်းမှ ချစ်ရသူတို့ကို ထိုင်ကြည့်နေလေသည်။
မနက်လင်းတော့ ရှောင်ကျန့်တို့ကားလေး မပြန်ခင် ရီပေါ်တို့ကားလေးသည် ထိုနေရာမှ အရင်ဆုံးပြန်သွားကြလေသည်။ရီပေါ်တို့ ပြန်ပြီး နာရီဝက်လောက်အကြာတွင် ရှောင်ကျန့်တို့ကား‌လေးလည်း ‌ကမ်းခြေမှ နေထိုင်ရာမြို့ဆီသို့  စတင်ထွက်လာနေပြီ ဖြစ်သည်။
‌ကိုယ်ဆီ အိမ်ရောက်၍ ကားပေါ်မှ  တစ်ယောက်ပြီးတစ်ယောက် ဆင်းခဲ့ရာ  ရှောင်ကျန့်အိမ်အရောက်တွင် ကားပေါ်၌ ကျောင်းသားအချို့နှင့် ကျောင်းသူအချို့သာ ကျန်ခဲ့လေသည်။ ရှောင်ကျန့်တစ်ယောက် ကားပေါ်ကဆင်းဆင်းချင်းပင် "ကိုကို " ဟုဆိုကာ အပြေးလာဖက်ပြီး ပါးနှစ်ဖက်ကြီးအား နမ်းနေသော ရီပေါ်ကြောင့် ရှောင်ကျန့်၏ မျက်နှာကြီး နှစ်ဖက်သည် ခရမ်းချဉ်သီးကြီးကဲ့သို့ နီမြန်း လာ‌လေသည်။ထို့ကြောင့် ကားပေါ်မှ ပါးစပ်ကြီးဟောင်းလောင်းနှင့် ကြည့်နေသော သူများအား ရှောင်ကျန့် အားနာစွာဖြင့် တစ်ချက်
ပြုံပြလိုက်ပြီး  ရီပေါ်၏လက်အားဆွဲကာ အိမ်ထဲသို့ အမြန်ဆွဲခေါ်သွားလေသည်။
ရှောင်ကျန့်၏ဆွဲခေါ်လာမှုကြောင့် ယက်ကန်ကန်နှင့် ပါလာသော ရီပေါ်သည် အိမ်ထဲအရောက်တွင် နံရံနှင့် အတင်းကပ်ခံထိနေ‌လေသည်။နံရံနှင့်ကပ်နေသော ရီပေါ်ကို ရှောင်ကျန့်က ရီပေါ်ရှေ့မှ ပြန်ကာကာ ရီပေါ်ကို နံရံနှင့်သူ့ကြားတွင် ရောက်စေလေသည်။
ထို့နောက်တွင် ရှောင်ကျန့်က ရီပေါ်၏ ခါးလေးကို ဆွဲဖက်ကာ ရီပေါ်၏မျက်လုံးများကို သူ၏မျက်လုံးများနှင့် ဆုံစေလေသည်။
ထို့ကြောင့် ရီပေါ်ကရှက်ကိုးရှက်ကန်းလေးဖြစ်ကာ ရှောင်ကျန့်ဆီမှ ရုန်းတော့ ........
"ဘယ်သွားမလို့လဲ ကလေးရ .......
အခုမှတော့ ထွက်ပြေးလို့ မရဘူးနော် ......
ကိုယ့်ကိုကလိတုန်းက ကလိပြီးတော့ ......"ဟု ဆိုကာ ရီပေါ်ကိုလိုက်နမ်းနေသလို မထိတထိနှင့်စနေသော ရှောင်ကျန့် ။
ရီပေါ်က မိမိအား မထိတထိနှင့် လိုက်စနေသော ရှောင်ကျန့်၏ နှုတ်ခမ်းပါးလေးအား လက်ချောင်းလေးများဖြင့် ကာလိုက်လေသည်။
ထို့နောက်တွင်ရှောင်ကျန့်အား  နှုတ်ခမ်းလေးဆူပုပ်ကာ မျက်စောင်းကြီးထိုးလိုက်ပြီး.............
"ခင်ဗျားကြီးက ကျွန်တော့်ကိုမှ တကယ်မချစ်တာ
ခင်ဗျားက ကျွန်တော်မရှိရင် အခြားသူဆီသွားမှာသေချာတယ် ......ပြီးတော့
ကျွန်တော့်ကိုလည်း  အချိန်တန်ရင် ပစ်သွားမှာ.....
ပြီးတော့ ကျွန်တော်လည်း ခင်ဗျားကို မချစ်ဘူး မုန်းတယ် ........." ဟုဆိုကာ မျက်ရည်များရစ်ဝဲလာပြီး မကျေနပ်ချက်များကို ရင်ဖွင့်နေသော ရီပေါ် ။
ရီပေါ်၏စကားများက ရှောင်ကျန့်၏စိတ်ရိုင်းများကို
နိုးထစေသည်။မုန်းတယ်လို့ မပြောပါနဲ့ဟု သတိပေးထားသော်လည်း နောက်တစ်ကြိမ်ထပ်မံပြောဆိုလာသော ရီပေါ်ကို
ရှောင်ကျန့်အလွန်ပင်ဒေါ်သထွက်လာလေသည်။
"တောက် !!!!!!........"
တောက်တစ်ချက်ခေါက်ကာ ရီပေါ်နားမှ ခွါ၍ ရီပေါ်အား ကျောပေးထားလိုက်သော ရှောင်ကျန့် ။
ဘယ်လိုပင် ဒေါ်သထွက်ပါစေ ........ချစ်ရသူကိုတော့
နည်းနည်းမှ အထိခိုက်မခံနိုင်သော ရှောင်ကျန့်အဖို့ ဒေါ်သကို တက်နိုင်လောက်ထိန်းထားလေသည်။
ဒေါ်သထိန်းနေ‌သည်ကြားမှ တစ်ချက်တစ်ချက်ပေါ်လာသော အတွေးအချို့ကြောင့် စိတ်မထိန်းနိုင်ကာ ရီပေါ်နှင့်ကပ်နေသော နံရံကြီးအား ရှောင်ကျန့်တစ်ယောက် ဆက်တိုက်ထိုးနေမိသည် ။
နာကျင်သည်။ လက်ကအရမ်းနာကျင်သည်။လက်၏နာကျင်မှုထက်
နှလုံးသား စိတ်ဒဏ်ရာက ပို၍နာကျင်သည်။
ရီပေါ်တစ်ယောက် ရှောင်ကျန့်ကို စိတ်ကောက်ချင်၍ ပါးစပ်ထဲရှိရာ ပြောလိုက်မိသော်လည်း ...........
ရုတ်တရက် ကျောခိုင်းသွားပြီး ပြန်လှည့်လာကာ နံရံအားထိုးနေသူ‌ ရှောင်ကျန့်ကြောင့် အံ့ ဩစွာပင် ကြောင်ကြည့်နေမိသည်။
ခဏအကြာ သတိပြန်ဝင်လာမှ ရှောင်ကျန့်ကို ဆွဲကာ တားသော်လည်း ညကအိပ်ရေးပျက်ထားသော အရှိန်ကြောင့် ရှောင်ကျန့်၏ဒေါ်သ ဖြင့်ရုန်းကန်မှုကို မခုခံနိုင်ဘဲ ကြမ်းခင်ပေါ်တွင် ခွေကျ သွားလေသည်။
ရီပေါ်လဲကျ‌သွား‌တော့ စိုးရိမ်ကာပြေးထူသော ရှောင်ကျန့် ။
ရီပေါ်ကို ပြေးထူမိတော့ ...…...…............
😁😁😁😁❣️❣️❣️❣️ဒီနေ့ ဒီလောက်ပဲ ထွက်တော့တယ် ...........
တိုသွားတာ တောင်းပန်ပါတယ်နော် စိတ်မဆိုးပါနဲ့
နော် .........ဟီဟီ
Continue Reading
You'll Also Like
50.4K 9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
1.7K 216 4
Zhanyi ❤️💚 ဦးနဲ့ကလေး ဇာတ်လမ်းပါ။
269K 17.5K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
71.4K 4.1K 13
မင်း..ကငါနဲ့လက်ထပ်ထားတယ်ဆိုတဲ့လူလား