Zawgyi
Lisa's POV
Lisa:Ms.Kim!
Jennie:What? !
Oh, တော်ပါတော့ please!
ကျွန်မ ဖြစ်စေချင်တာ ဒါမျိုးမဟုတ်ဘူးလေ အို
Jennie:ငါ...ငါ
Lisa: ငါ့ကြောင့်ပဲ
Jennie:ငါ သိတယ်
Jennie: နင်..နင်ဟာ
Jennie:မလုပ်ဘူး
Jennie:Urggh!
ကျွန်မနဲ့ မနီးအောင် ပြန်ဖယ်နေတဲ့သူမကို ကြည့်ပြီး smirk လုပ်လိုက်ရင်း သူမ ခန္ဓာကိုယ်ကို ကျွန်မနဲ့ နီးကပ်အောင် ပြန်ဆွဲလိုက်တော့ ကျွန်မတို့ ခန္ဓာကိုယ်ချင်း နေရာလပ်မရှိအောင် ထိကပ်သွားသည် သူမရဲ့ ကိုယ်သင်းနံ့ကို အပြည့်အဝရှူရှိုက်မိတော့ မူးရစ်ဆေးလိုပဲ စွဲလမ်းစေသည်။
Jennie:VPA ဆိုတာ ဘယ်လိုမျိုးကြီးလဲ
Jennie:Okay
Jennie:Okay
နမ်းမိတော့မယ်
Jennie:Beast
To be continued...
*Thanks For Reading*
......
Unicode
Chapter 1-ကိုယ့်ရဲ့ VPA ဖြစ်ပေးပါ
Lisa's POV
စားပွဲခုံပေါ်မှာရှိတဲ့ စာရင်းဇယားတွေ စစ်နေရပေမဲ့
ဒီနေ့တော့ စိတ်မပါဘူးဖြစ်နေတယ် ဘယ်လိုမှ အာရုံထားလို့မရဘူး
ဒီနေ့က ကိုယ်စောင့်မျှော်နေခဲ့ရတဲ့ နေ့လေးဖြစ် လာဖို့ ဆုတောင်းတယ်
ဒီနေ့တော့ ကျွန်မဆီကို သူမ လာဖို့ မျှော်လင့်တယ် ဘာပဲ ဖြစ်ဖြစ် သူမ လာမှာပါ ကျွန်မစီစဉ်ထားတဲ့ အတိုင်း ဖြစ်လာမယ်ဆိုတာ သေချာနေပြီမို့လို့။ စဉ်းစားနေတုန်းမှာပဲ ဖုန်းမြည်သံကြားလို့ ကောက်ကိုင်လိုက်တယ်။
Receptionist: Ms.Kim ဆိုတဲ့သူ ရောက်နေ ပါတယ် ကြိုချိန်းထားတာတော့ မရှိဘူး C.E.O နဲ့တော့ ပြောစရာရှိပုံပဲ သူမကိုအပေါ်လွှတ်လိုက် ရမလား
ကျွန်မစီစဉ်ထားတာ အလုပ်ဖြစ်မယ်ဆိုတာ ပြောခဲ့သားပဲ
Lisa:လာခဲ့ခိုင်းလိုက်
ဒါဆို အဆင်ပြေပြီ သူမနဲ့ တွေ့ရင် ကျွန်မကို ဘာလို့ထားခဲ့တာလဲ ဆိုတဲ့အကြောင်း ပြောလို့ ရပြီ
အရာအားလုံး အဆင်ပြေသွားမယ် ကျွန်မတွေးတဲ့အတိုင်း ရိုးရိုးလေးနဲ့ ပြီးသွားမလား ဒါမှမဟုတ် ကျွန်မဆီက အလုပ်ရဖို့ တောင်းဆိုနေမလား ကျွန်မလိုချင်တာ ဒါပဲလေ။ စိတ်ထဲမှာတော့ သူမကို ဒီလိုမျိုး လုပ်တာက မဖြစ်သင့်ဘူးဆိုပြီး ခံစားနေရတယ် ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ပျော်တယ် ဒီလောက် နှစ်တွေကြာပြီးမှ ကျွန်မရဲ့ Baby NiNi လေးကို ပြန်ရှာတွေ့တာလေ ကျွန်မတို့ ဘွဲ့ယူတဲ့ နေ့ကတည်းက ရှာမတွေ့တော့တာ ၁၀ နှစ် ရှိပြီ ၁၀နှစ်!!!
အဲ့ဒီ ဘွဲ့ယူမဲ့နေ့မှာပဲ လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ခဲ့တာ ဒါပေမဲ့သူမက ထွက်ပြေးသွားတယ်လေ ဘာကြောင့်လဲ ဆိုတာ ကျွန်မ အခုထိ မသိရ သေးဘူး ဘာတွေများ အမှားလုပ်မိခဲ့လဲလို့ အကုန်စဉ်းစားကြည့်ပေမဲ့ ဘာအမှားမှ မလုပ်မိခဲ့ဘူးဆိုတဲ့ အဖြေပဲ ထွက်လာတယ် ဒီလောက်နှစ်တွေ ကြာပြီးနောက်မှာကို
ကျွန်မဆီမှာ သူမကို မေးဖို့ မေးခွန်းတစ်ခုပဲ ရှိတယ်
"ကျွန်မကို ဘာကြောင့် ထားခဲ့ပြီးတော့ ထွက်ပြေးသွားခဲ့တာလဲ"
သူမရဲ့ အကြောင်းပြချက်က ဘာပဲဖြစ်နေ ဖြစ်နေ ဂရုမစိုက်တော့ဘူး အခု သူမကို ပြန်ရှာတွေ့ပြီပဲလေ အခုကစပြီး ကျွန်မ လက်က မလွတ်စေရတော့ဘူး ဘယ်တော့မှ ထပ်ပြီး ထွက်သွားခွင့်မပေးတော့ဘူး
ကျွန်မဆီကနေ အမြဲ ရှောင်ပုန်းနေနိုင်မယ် ထင်နေတာလား အဲ့မှာ မှားတော့တာပဲ
သူမ ထွက်သွားပြီးနောက်မှာ အရက်တွေ သောက်၊တခြားမိန်းမတွေနဲ့ ပျော်မြူးပြီး မေ့နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အခုထိ မမေ့နိုင်သေးဘူး အသက် ၂၂ နှစ်အရွယ်မှာ Company ကို လွှဲပြောင်းယူခဲ့တယ် အခင်ဆုံးသူငယ်ချင်း Alice ရဲ့ အကြံပေးချက်အတိုင်း သူမကို ရှာဖို့ စုံစမ်းဖို့ လူတွေ လွှတ်ခဲ့တယ်
လွန်ခဲ့တဲ့ တစ်လကပဲ စုံစမ်းဖို့လွှတ်ထားတဲ့သူတွေဆီက California မှာ သူမလိုပုံစံ လူတစ်ယောက်ရှာတွေ့တယ်ဆိုပြီး အကြောင်းကြားလာတယ် အဲ့အချိန်တုန်းက ကျွန်မ ညီမလေး Rosé ကလဲ ပျောက်နေတော့ ကျွန်မအတွက်က အပူ နှစ်ပူမိနေခဲ့တာ
(A/N:Fic အရ Lisa ကို ချယ်ယောင်းထက် အသက်ကြီးထားပါတယ်)
သူမကို ရှာတွေ့တော့ Bar မှာ ကျွန်မ ညီမလေးနဲ့အတူ ကနေတာ Bar မှာ မမျှော်လင့်ဘဲ တွေ့သွားတာမို့ ကြောင်ကြည့်နေမိတဲ့ အချိန်မှာပဲ သူမက ထွက်ပြေးသွားပြန်တယ်
အခုတော့ အားလုံးအဆင်ပြေသွားပြီ ကျွန်မ ညီမလေးကိုလဲ ပြန်ရှာတွေ့ခဲ့သလို Jennie ကလဲ Rosé ရဲ့ wife Jisoo ဆီမှာ အလုပ်လုပ်ကြောင်း သိရတာမို့ Jennie ကို အလုပ်ထုတ်လိုက်ဖို့ Jisoo ဆီ အကူအညီတောင်းခဲ့တာ Jisoo လဲ ဘာမှ မေးမနေဘဲ ကျွန်မပြောတဲ့အတိုင်းပဲ ချက်ချင်း အလုပ်ထုတ်ပေးခဲ့တယ် Rosé ရဲ့ wedding မှာတုန်းက ကျွန်မတို့နှစ်ယောက်က သတို့သမီးအရံတွေ ဖြစ်ခဲ့တော့ သူမကို စကားပြောကြည့်ဖို့ ကြိုးစားပေမဲ့ ကျွန်မကို "Go to hell" ဆိုပြီး ပြန်ပြောထည့်တယ်
အခုတော့ အရာအားလုံးက ကျွန်မလက်ထဲမှာ စိတ်ကြိုက်ဖြစ်နေပြီ ဘောပင်တစ်ချောင်းလိုပဲ စိတ်တိုင်းကျသလို လှည့်နေရုံပဲ
ရုံးခန်းတံခါးရုတ်တရတ် ပွင့်လာပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ဝင်လာတဲ့ Jennie ကြောင့် တွေးလက်စတွေတောင် ရပ်သွားတယ် ကြည့်ရတာ တော်တော် ဒေါသထွက်နေပုံပဲ Well အဲ့ဒါကပဲ သူမကို ပိုဆွဲဆောင်မှုရှိနေစေတာ သူမရဲ့ ခန္ဓာကိုယ်ကို ဆွဲကပ်ပြီး ခံစားကြည့်လိုက်ချင်တဲ့ အထိပဲ
Jennie:Ms.Manoban! နင့်ကိုနင် ဘာထင် နေတာလဲ ဟမ်? ပိုက်ဆံချမ်းသာတယ်ဆိုတိုင်း လူတိုင်းကို အလုပ်ထုတ်ပစ်ပြီး သူတို့ အသက်မွေးဝမ်းကျောင်းကို ဖျက်ဆီးလို့ မရဘူး !! ပြီးတော့......
Lisa:Ms.Kim!
ကျွန်မ အော်လိုက်တော့ သူမ ရပ်သွားပေမဲ့
ကျွန်မကို ဒေါသတကြီး စိုက်ကြည့်နေတုန်းပါပဲ
Jennie:What? !
Lisa:အော်နေတာလေး ခဏရပ်ပြီး ထိုင်ပြီး သေချာပြောကြရအောင်လား
Jennie:ဘာ! နင်နဲ့ သေချာစကားပြောရအုံးမယ်
Oh, တော်ပါတော့ please!
ကျွန်မ ဖြစ်စေချင်တာ ဒါမျိူးမဟုတ်ဘူးလေ အို
God! သူမ တော်တော် ပြောင်းလဲသွားတာပဲ
Jennie:နင် ဘာကြည့်နေတာလဲ ငါ့ကိုအလုပ်ပြုတ်အောင် နင်တစ်ခုခု လုပ်ထားတယ်ဆိုတာ ငါသိတယ်
leather ထိုင်ခုံပေါ် နောက်မှီထိုင်လိုက်ပြီး ခြေထောက်နှစ်ချောင်း ချိတ်ထားလိုက်တယ် Arrogant look နဲ့ ကြည့်လိုက်ပြီး
(A/N:Arrogant ဆိုတာ ကိုယ့်ကိုယ်ကို အထင်ကြီးတာ မောက်မာတာကိုပြောတာပါ ဘာသာပြန်လိုက်မှ တလွဲတွေ ဖြစ်ကုန်မှာစိုးလို့ နောက်လဲ အဲ့တိုင်းပဲ ရေးပါ့မယ်)
Lisa:နင်ပြောတာ မှန်တယ် ငါ့ကြောင့် နင်အလုပ်ပြုတ်သွားတာ အဲ့တော့ နင်ဘယ်လို လုပ်ချင်တာလဲ
သူမကို မျက်ခုံးပင့်ပြီး ကျေနပ်စွာပြုံးရင်း မေးလိုက်တော့ သူမ ပါးစပ်ဟောင်းလောင်းဖြစ်ပြီး အံ့သြသွားပုံပေါ်တယ် ကျွန်မ ဒီလို တုန့်ပြန်မယ်လို့ မထင်ထားလောက်ဘူးနေမှာ
သူမပါးစပ်ကို ဖွင့်လိုက် ပြန်စေ့လိုက်လုပ်နေတာက ကျွန်မ နမ်းဖူးခဲ့တဲ့ သူမနှုတ်ခမ်းတွေဆီကို အကြည့်ရောက်စေတယ် ပထမဆုံးနဲ့ နောက်ဆုံး(*ဆိုလိုချင်တာ တစ်ကြိမ်တည်း) Making love လုပ်ခဲ့တဲ့ အချိန် သူမရဲ့ Virginity ကို ကျွန်မဆီ ပေးအပ်ခဲ့ရတဲ့အချိန်ကို ပြန်သတိရမိတယ် ထားပါ ဒီချိန် ဒါတွေ တွေးနေရမှာ မဟုတ်သေးဘူး
Lisa:ပြောပါအုံး Baby NiNi, အခု ဘာဆက်လုပ် မလဲ
ကျွန်မတို့ တွဲခဲ့စဉ်တုန်းက ခေါ်တဲ့အတိုင်း Baby NiNi လို့ ခေါ်လိုက်တော့ သူမ ခန္ဓာကိုယ်ဟာ တောင့်သွားတယ်
Jennie:ငါ...ငါ
Lisa:Oh..သနားစရာပဲ အလုပ်မရှိတော့ဘူးမလား
နင်အခု ဘယ်လို ဆက်ပြီး အသက်ရှင်ဖို့ တွေးထားလဲ
ပြောပြီးတာနဲ့ ချက်ချင်းနောင်တရမိတယ် သူမက sensitive ဖြစ်လွန်းတဲ့သူဆိုတော့ ငိုတော့မှာပဲ မပြောခင် သေချာ စဉ်းစားလိုက်ရမှာ
သူမကို စိတ်ပူပြီး ကြည့်လိုက်ပေမဲ့ သူမကတော့ smirk လုပ်ရင်း လက်ပိုက်ပြီး ကျွန်မကို တည့်တည့်စိုက်ကြည့်နေတယ် Gosh အဲ့မျက်လုံးတွေကို လွမ်းခဲ့ရတာ
(A/N:Smirk ဆိုတာ မဲ့ပြုံးလဲ ဟုတ်တယ် ကျေနပ်တဲ့ အပြုံး,စိတ်ကြီးဝင်တဲ့ အပြုံး,လက်စားချေတဲ့ အပြုံး,မထင်ထားဘူးမလားဆိုတဲ့ အပြုံး,ကုန်ကုန်ပြောရရင် သူများဆီကနေ ရည်းစားလုသွားရင်တောင် လုသွားတဲ့သူက အလုခံရတဲ့သူကို အနိုင်ရကြောင်းပြတဲ့ အပြုံး အကုန် သုံးလို့ရပါတယ် နောက်ပိုင်းကျ ခဏခဏ ပါမှာမို့ ဘာသာပြန်ရ အဆင်မပြေတာမို့ ဒီစကားလုံးကိုလဲ Smirk လို့ပဲ သုံးပါ့မယ်)
Jennie:ရတယ် ငါ ဘာမဆိုလုပ်မှာ! တစ်ခုပဲ နင့်ဆီမှာတော့ အကူအညီလာမတောင်းဘူး
ပြောပြီးတာနဲ့ နောက်ပြန်လှည့်ပြီး ထွက်သွားဖို့ လုပ်နေတာမို့ ကျွန်မ ထိုင်ရာကနေ ချက်ချင်း ထရပ်လိုက်ပြီး
Lisa:ဟုတ်လား အဲ့ဆို နင်ဘာလုပ်မှာလဲ ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ
(သူမကို ထပ်ပြီး ထွက်သွားခွင့် မပေးနိုင်ဘူး)
ကျွန်မ အမေးကြောင့် သူမ ဒီဘက် ပြန်လှည့်လာပြီး
Jennie:အဲ့ဒါ နင်နဲ့ မဆိုင်ပါဘူး
Lisa:ကျွတ် ကျွတ် သနားစရာ Baby NiNi ပဲ
ငါသိပါတယ် Company တွေ အများကြီးမှာ အင်တာဗျူးတွေ ဝင်ဖြေပြီးလောက်ပြီပဲ ဒါပေမဲ့ နင်ဘယ်မှာမှ အလုပ်မရဘူးမလား ဘာကြောင့်လဲ နင်သိလား
ပြောရင်းနဲ့ သူမအနီးနားဆီ လျှောက်သွားလိုက်သည်
Lisa: ငါ့ကြောင့်ပဲ
ပြောပြီးတာနဲ့ သူမရှေ့တည့်တည့်မှာ ရပ်နေလိုက်သည်
Jennie:ငါ သိတယ်
အနည်းငယ်ဒေါသထွက်နေတဲ့ လေသံနဲ့ ပြန်ဖြေနေတဲ့ပုံစံအပြင် ဝတ်ထားတဲ့ အင်္ကျီနဲ့ စကပ်ကြောင့်အရမ်း hot နေတော့ ဘေးနားက စားပွဲခုံပေါ်ကို မ,တင်ပစ်လိုက်ချင်တယ်
Lisa:အဲ့ဆို နင်ဘယ်လိုလုပ် အလုပ် ရမယ်လို့ ထင်လဲ စားပွဲထိုးတော့ လုပ်လို့မရဘူးနော် နင့်ကို အဲ့လို အလုပ်မျိုး လုပ်ခွင့် မပေးဘူး
သူမနဲ့အကြည့်ချင်းဆုံရင်း ပြောလိုက်သည်
Jennie: နင်..နင်ဟာ
သူမကို ကြည့်ပြီး ရယ်နေမိတယ် အခုချိန်ထိ ဘယ်လိုဆဲရမယ်ဆိုတာ မသိသေးတဲ့ ဖြူစင်တဲ့ Baby NiNi လေး။
Lisa:ဘာလဲ အခုထိ ဘယ်လိုဆဲရတယ်ဆိုတာ မသိသေးဘူးပေါ့
သူမကို လှောင်သလိုနဲ့ စနောက် ပြောလိုက်တော့ ဟိုက ဒေါသတွေထွက်ပြီး ကျွန်မကို စိုက်ကြည့်နေလေရဲ့။ နားရွက်တွေတောင် ရဲနေပြီ ha ha
Jennie:နင့်ကို မုန်းတယ်!
ဒေါသတကြီး ပြောလိုက်တဲ့ စကားကြောင့် ကျွန်မ နှလုံးခုန်တောင် ရပ်သွားသလိုပဲ ကျွန်မ ဖြစ်စေချင်တာ ဒီလို မဟုတ်ဘူးလေ ကျွန်မကို မုန်းတယ်တဲ့လား တကယ်မုန်းတာလား
ဒါမှမဟုတ် ဒေါသကြောင့် ထွက်သွားတဲ့ စကား လား တကယ်က ကျွန်မကသာ ဒေါသထွက်ရမှာ လေ စိတ်ဆိုးနေရမှာလေ
ကျွန်မက အထားခံခဲ့ရတဲ့သူ။
Lisa:ကြိုက်သလောက်မုန်းစမ်း ဒါပေမဲ့ နင်ဘယ်မှာမှ အလုပ်ရမှာ မဟုတ်ဘူးဆိုတာတော့ သိထား။
Jennie:နင် ငါ့ဆီက ဘာလိုချင်တာလဲ
ကျွန်မ လိုချင်တဲ့ နေရာရောက်သွားပြီမို့ ကျေနပ်စွာ ပြုံးလိုက်တယ် သူမအနောက်မှာ သွားရပ်ရင်း သူမ နားရွက်နဲ့ ကျွန်မနှုတ်ခမ်းနဲ့ ပွတ်တိုက်အောင် လုပ်ရင်း ပြောလိုက်တော့ သူမ ခန္ဓာကိုယ်လေး တုန်တက်သွားသည်
Lisa: ငါ့ဆီမှာ အလုပ်လုပ်ပေး။
အခုချိန် အနောက်ကနေ သိမ်းကြုံး ဖက်ထားလိုက်ချင်တာ
Jennie:မလုပ်ဘူး
သူမ ပြောချင်တာ ပြောပြီး နောက်ပြန်လှည့်ပြီး ပြန်မယ်လုပ်နေတော့
Lisa:Oh..နင် လုပ်ရမယ် Baby NiNi နင့်မှာ ရွေးချယ်ပိုင်ခွင့် မရှိဘူး သေချာပြန်စဉ်းစား။ နင်ဒီရုံးခန်းထဲကနေ ထွက်သွားပြီး
တခြားအလုပ်တွေ ရှာနေရင်တောင် ငါက လက်ခံမယ်ထင်လား
လက်မခံဘူးနော် နင်ငါ့ဆီမှာပဲ အလုပ်လုပ်ရမယ်
ငါအဲ့ဒါပဲ လိုချင်တယ် ငါက လိုချင်တာ ရအောင် ယူတတ်တယ်
ဒီစကားတွေကို ကျွန်မလက်ညှိုးနဲ့ သူမရဲ့မေးကို ပင့်တင့်ရင်း ခေါင်းကို မော့စေပြီး မျက်လုံးချင်း ဆုံပြီး ပြောလိုက်သည် အခုဆို မျက်နှာချင်း အရမ်းနီးနေတာကြောင့် သူမကို စိတ်လိုလက်ရ နမ်းလိုက်ချင်သည်။
Jennie:Urggh!
ကျွန်မနဲ့ မနီးအောင် ပြန်ဖယ်နေတဲ့သူမကို ကြည့်ပြီး smirk လုပ်လိုက်ရင်း သူမ ခန္ဓာကိုယ်ကို ကျွန်မနဲ့ နီးကပ်အောင် ပြန်ဆွဲလိုက်တော့ ကျွန်မတို့ ခန္ဓာကိ်ုယ်ချင်း နေရာလပ်မရှိအောင် ထိကပ်သွားသည် သူမရဲ့ ကိုယ်သင်းနံ့ကို အပြည့်အဝရှူရှိုက်မိတော့ မူးရစ်ဆေးလိုပဲ စွဲလမ်းစေသည်။
Lisa:တစ်စုံတစ်ယောက်ဆီမှာ ရွေးချယ်ပိုင်ခွင့် မရှိတော့ဘူး ထင်ပါရဲ့
သူမ နားဆီ တိုးညင်းစွာ ကပ်ပြောလိုက်တော့ ကျွန်မကို မျက်စောင်းထိုးကြည့်သည် သူမကို ကြည့်ပြီး ရင်ထဲမှာ ပြုံးနေမိပေမဲ့ အပြင်မှာတော့ arrogant look နဲ့ပဲ ကြည့်နေမိတယ်
Jennie:နင်တော်တော် ရက်စက်ပါလား အကြင်နာတရားမရှိတဲ့လူပဲ နင်..နင်က beast ပဲ!
ဒေါသတွေ ထွက်လို့ထင်ပါရဲ့ လက်တွေပါ ခါရမ်းရင်း ပြောလာသည်
Jennie:ငါဒီမှာ အလုပ်လုပ်ရင်ငါ့အလုပ်ကဘာလဲ
Lisa:What?နင် ငါ့ဆီမှာ အလုပ်လုပ်မှာလား
ဒီလောက်ထိ မြန်မြန် သဘောတူလိမ့်မယ် မထင်ထားဘူး
Jennie: နင်လိုချင်တာ ဒါပဲမလား ငါက ပိုက်ဆံ လိုတယ်လေ
သူမ ပြောရင်းအောက်ကိုငုံ့ကြည့်နေသည်
Jennie:အလုပ်ရှိမှ ငါလဲ ပိုက်ဆံရမှာလေ
နောက်ဆုံးအကြောင်းကို တိုးညင်းစွာ ပြောရင်း ကျွန်မကို ပြန်မော့ကြည့်လာတဲ့ သူမ။
သူမဆီမှာ ပြဿနာတွေ ရှိပုံပေါ်နေပေမဲ့ ကျွန်မ မေးလဲ ဖြေမှာမဟုတ်တာကြောင့် ကိုယ့်ဘာသာကိုယ်ပဲ စုံစမ်းကြည့်ရမယ်
Lisa:ကောင်းပြီလေ နင်လုပ်ရမှာက ငါ့ရဲ့ "V P.A" ပဲ
(*VPA means "Very Personal Assistant")
စကားလုံးတစ်လုံးစီကို ဆွဲဆောင်မှုရှိစွာ ပြောပြီး သူမရဲ့ လည်ပင်းနားမှာ မျက်နှာအပ်ထားမိတော့ သူမက အသက်ပြင်းပြင်းရှူပြီး မျက်စိမှိတ်ထားသည်
Jennie:ဒါပေမဲ့ နင့်ဆီမှာက PA ရှိပြီးသားလေ
သူမလည်ပင်းမှာ အနမ်းတစ်ချက်ပေးလိုက်တော့
တုန်တက်သွားပြီး ကျွန်မကို တွန်းထုတ်ဖို့လုပ်တယ်
ဒါပေမဲ့ ကျွန်မကို တွန်းထုတ်လို့ မရအောင် သူမခန္ဓာကိုယ်ကို သေချာကိုင်ထားတာမို့ သူမ ဒီတိုင်းပဲ ငြိမ်နေရသည် သူမရဲ့ အသားအရေက အရင်လိုပဲ နူးနူးညံ့ညံ့ကလေး။
Lisa:Baby NiNi ,နင်သေချာ မကြားလိုက်ဘူးထင်တယ် ငါက နင့်ကို VPA အဖြစ်လုပ်စေချင်တာ PA မဟုတ်ဘူး
သူမကို ပြောရင်းနဲ့ သူမလည်ပင်းကနေ နှုတ်ခမ်းဆီ အနမ်းတွေနမ်းရင်းတဖြည်းဖြည်းတက်သွားတော့
ဘာမှ မတုန့်ပြန်ဘဲငြိမ်နေပေမဲ့ သူမနှုတ်ခမ်းတွေကို ထိတော့မဲ့ အချိန်မှာ ကျွန်မကို တွန်းထုတ်လိုက် တယ်
Jennie:VPA ဆိုတာ ဘယ်လိုမျိူးကြီးလဲ
မျက်မှောင်ကျုံ့ရင်း မေးနေတဲ့ ပုံကိုက ချစ်စရာအရမ်းကောင်းနေတာ
Lisa:အဲ့ဒါ တမူထူးခြားတဲ့ အလုပ်မျိုး။
Jennie:နင် တစ်ခုခု ကြံစည်နေတယ်ဆိုတာ ငါသိတယ် ငါမလုပ်ဘူးပဲ
ကျွန်မ ပခုံးကို တွန့်ပြလိုက်ပြီး
Lisa:နင့်သဘောပဲလေ နင်လုပ်ရင်လုပ်
မလုပ်ဘဲ အလုပ်လက်မဲ့ ဖြစ်ရင်ဖြစ်ပဲ
လုပ်စမ်းပါ Baby NiNi ရယ်
တခဏတာ စဉ်းစားပြီးနောက် ကျွန်မကိုတစ်ချက်ကြည့်ရင်းစိတ်ဆိုးတဲ့အသံ တိုးတိုးလေးထွက်လာပြီးနောက်("ဟွန့်"သဘောမျိုး) အောက်ကို ခေါင်းငုံ့သွားသည်
Jennie:Okay
သဘောတူကြောင်းသိရတော့ ကျွန်မစိတ်ထဲမှာ ထ,ကနေပြီ အပြင်မှာတော့ devil smile နဲ့ပေါ့
Lisa:ကောင်းတယ် နင်မနက်ဖြန် အလုပ်စဆင်းလို့ရပြီ
သူမကို ပြောပြီး ကျွန်မထိုင်ခုံရှိရာကို ပြန်သွားပြီး ထိုင်နေလိုက်သည် တကယ်က သူမကို အရမ်းနမ်းချင်နေပြီမို့။
Jennie:Okay
ပြောပြီးတာနဲ့ တံခါးဘက် လှည့်ပြီး ပြန်တော့မလို့ထင်တယ် နည်းနည်းလောက်တောင် ထပ်မနေတော့ဘူးလား Baby NiNi ရယ်
Lisa:မနက်ဖြန် ဒီကို မနက် ၆နာရီ အမှီလာခဲ့။ နောက်ကျတဲ့သူဆိုရင် ငါမကြိုက်ဘူး
ကျွန်မပြောလိုက်တဲ့ စကားကြောင့် ပါးစပ်အဟောင်းသားနဲ့ ကျွန်မဘက် ပြန်လှည့်လာတယ်
Jennie:ဘာ!မနက် ၆ နာရီ ဟုတ်လား
Lisa:အင်း ဟုတ်တယ် အခု ငါအလုပ်လုပ်တော့မယ်
သူမကို ပြောပြီးတာနဲ့ စားပွဲခုံပေါ်က စာရွက်တွေ လိုက်ကြည့်နေလိုက်သည် ဒီထက်ပိုကြည့်နေမိရင်
နမ်းမိတော့မယ်
ကျွန်မ ရုံးခန်းထဲကနေ ထွက်မသွားခင် သူမ လေတိုးသံနဲ့ ပွစိပွစိပြောသွားတာလေးကို ကြားလိုက်ရသေးသည်
Jennie:Beast
သူမ ပြန်သွားမှပဲ ကျွန်မ ခေါင်းကို မော့လိုက်ပြီးသူမ ပိတ်သွားခဲ့တဲ့ တံခါးကို ကြည့်လိုက်သည်
Lisa:ဟုတ်တယ် Baby NiNi ငါက Beast ပဲ
ဒါပေမဲ့ နင့်ရဲ့ Beast! နင်ကလဲ ငါ့အပိုင်ပဲ
To be continued...
*Thanks For Reading*
A/N:အစက Jenlisa ကို ကိုယ့် idea နဲ့ကိုယ်ရေးမလို့ပဲ
ဘာသာပဲ ပြန်နေကျ ဆိုတော့လေ တကယ်လဲ ရေးရော အဆင်မပြေဘူးရယ် အဲ့ဒီအစား ဒီဟာလေး ဘာသာပြန်ပေးပါ့မယ်
နဂိုမူရင်းက normal ဆိုတော့လေ နောက်ပိုင်းတွေကျ တချို့နေရာလေးတွေ ဖတ်ရအဆင်မပြေဖြစ်နိုင်တာမို့ နားလည်ပြီး ဖတ်ပေးကြပါလို့ ကြိုတောင်းဆိုထားတာပါ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ imaginary မဆန်အာင် ရေးပေးပါ့မယ်
ဒီ Fic နဲ့ပဲ JenLisa ကို Trans ထားတာမျိုးရှိရင် တွေ့ဖူးရင် ပြောပါနော် ကျွန်မပြန်ဖျက်ပေးပါ့မယ် ကျွန်မ တွေ့ရသလောက်တော့ မရှိလို့ပါ ဒါပေမဲ့ စိတ်ဖြောင့်လက်ဖြောင့်ရေးချင်လို့ မေးကြည့်တာ