"လူတစ်ယောက် ရှာတာတောင် အဖြစ်ရှိအောင် မရှာနိုင်ကြဘူးလား ဟမ်!!!!!"
~ခလွမ်း ခွမ်း ~
စားပွဲပေါ်မှ ပစ္စည်းများကို လက်ြဖင့်တွန်းချသည်
"တောင်း..တောင်းပန်ပါတယ်..သူဌေး"
"မလိုချင်ဘူး ငါတောင်းပန်တာ လိုချင်တာမဟုတ်ဘူး ငါလိုချင်တာ....xiao luhan ခုချက်ချင်း သွားရှာကြ နောက်နှစ်ရက်နေလို့မှ မတွေ့ရင် မင်းတို့ သေဖို့သာပြင် ကြားလား!!"
"ဟုတ်ကဲ့ပါ သူဌေး.."
"သွားကြတော့ သွား ငါ့ရှေ့က ခုထွက်သွား..ကမ္ဘာမြေဆုံးတဲ့ အထိ သူ့ကိုလိုက်ရှာကြ သွား.."
"ဟုတ်ကဲ့ ပါ...."
လူတွေထွက်သွားသည်နှင့် စားပွဲပေါ်က အရက်ခွက်ကို ရေမရောပါဘဲ မော့ချပစ်လိုက်သည်
ပူဆင်းသွားသော အရက် ဒါမဲ့ ရင်ထဲက အပူကိုတော့မမှီပါဘူး
မင်း အပုန်းကောင်းလှချည်လားကွာ
ထိုင်ခုံပေါ် စိတ်ပစ်လက်ပစ် ထိုင်ချလိုက်သည်
ငါမင်းကို လွမ်းလှပြီ ချာတိတ်ရယ်
"ဟင်း~~~~~~"
သက်ပြင်းရှည်ကြီးကိုချကာ မျက်လုံးတို့မှိတ်ထားလိုက်သည်
"သူဌေး..သူဌေး..."
အလောသုံးဆယ် ဝင်လာသော ကောင်ကြောင့်
မျက်လုံးတို့ပြန်ဖွင့်ကာ
"ပြော "
"သူဌေး ကောင်လေးကို ရှာတွေ့ပါပြီ"
"ဘာ....ဘယ်မှာလဲ.."
"ဘူ..ဘူ.ဆန်မှာပါ"
"သွားမယ် ခုချက်ချင်း သွားမယ် ဘယ်နေရာမှာလဲ"
"မိဘမဲ့ ဂေဟာမှာပါ"
"သွားမယ် ခုချက်ချင်းပဲ"
ကိုယ် မင်းစီလာပြီ ချာတိတ်ရေ မင်းကို ဒီတစ်ခေါက်တော့ အလွတ်မပေးတော့ဘူး
🍒🍒🍒🍒
"luhan "
"ဗျာ မာသာ..."
"ကလေးတွေနဲ့ အဆင်ပြေရဲ့လား "
"ပြေပါတယ် မာသာ"
"သား အပေါ် ဆိုးကြသေးလား"
"မဆိုးတော့ပါဘူး လိမ္မာနေပါပြီ "
"သူတို့ဆိုးရင်ပြောနော် သား"
"ဟုတ်ကဲ့ "
"ကဲ မာသာ သွားတော့မယ်နော် စောစောစီးစီး အိပ်တော့"
"ဟုတ်ကဲ့ ကောင်းသော ညချမ်းပါ မာသာ"
"အေးပါကွယ်"
မာသာ ထွက်သွားမှ လက်ထဲက ဖုန်းလေးကိုကြည့်မိပြီး တုံးလုံးလှဲချလိုက်သည်
ဦးနဲ့ ပတ်သတ်တဲ့ အရာတွေ ကျနော့်မှာ ဘာမှမရှိပါဘူး ဒီဖုန်းလေး တစ်လုံးပဲရှိတာပါ
ဦး ပထမဆုံး ဝယ်ပေးခဲ့တဲ့ ဒီဖုန်းလေးပဲ ရှိတာပါ
စောင်လေးကို ခြုံလိုက်ကာ မျက်လုံးတို့မှိတ်ချမိသည်
"luhan "
မာသာ ရဲ့ အသံကြားသောကြောင့် ထကြည့်မိသည်
"ဘာလို လို့လဲ မာသာ"
"မာသာ တို့နဲ့ ခဏလိုက်ခဲ့နော်"
"ဟုတ်ကဲ့"
မာသာ နောက်လိုက်သွားရသည်
ဒီအချိန်ကြီးမှ ဘာကိစ္စ ရှိလို့ပါလိမ့်
"ထိုင် သား"
"ဟုတ်ကဲ့"
"ဒီက လူကြီးမင်းရဲ့ သူဌေးက သားကို မွေး စား ချင်လို့တဲ့"
"ဗျာ ဟိုလေ ဒီမှာကလေးတွေရှိပါတယ် ကျနော်က
အသက်တောင်ပြည့်တော့မဲ့သူတစ်ယောက်ပါ တခြားကလေးတွေလေ..."
"မရပါဘူး ဦးတို့ သူဌေးက မင်းကိုပဲ လိုချင်တာတဲ့
ခုသူလည်း လာနေပါပြီ ဒါမဲ့ လမ်းမှ အခက်အခဲလေးတွေ ရှိနေလို့ မနက်ကျမှရောက်မှာမို့ ဦးကို ကြိုခိုင်းထားတာပါ"
"ဟို ကျနော်ကလေ...."
"မငြင်းပါနဲ့တော့ luhan ရယ် ကိုယ့်လို မိဘမဲ့
ကလေးကို မွေးစားပေးတဲ့ သူကို စိတ်မကောင်းဖြစ်အောင်မငြင်းပါနဲ့"
"ဟုတ်ကဲ့"
မာသာ ခေါင်းဆောင်ကြီးက ပြောနေပြီမို့
ကျနော်လည်း မငြင်းရဲတော့ပါဘူး
"သွား luhan အထုပ်တွေပြင်ထားတော့ မနက်ကျ လိုက်သွားရမှာ"
"ဟုတ်ကဲ့"
တကယ် မခွဲချင်ပါဘူး ဒီမှာနေတာ နှစ်နှစ်တောင်ပြည့်တော့မယ်ဆိုတော့ အကုန်လုံးကို ကျနော်
သံယောဇဉ် ဖြစ်နေပါပြီ
ဒါနဲ့ ဘယ်လိုလူမျိုးက ကျနော့်လို အသက်ပြည့်ခါနီး
လူတစ်ယောက်ကို မွေးစားသလဲမသိ
ဦး ကို လွမ်းနေတယ် ဘာလို့လဲ
🐢🐢🐢🐢
"လာကြိုတဲ့ ကားရောက်နေပြီ သား"
"ကျ..ကျနော့်ကို အချိန်လေး နည်းနည်းလောက် ပေးပါ"
မျက်ရည်လေးစို့ကာ တောင်းဆိုမိတော့ မာသာတို့ကလည်း မျက်နာ မကောင်းကြတော့
"နာ..ရီ ဝက်လောက်ပါပဲ"
"အင်းပါ "
"ကျေးဇူးတင်ပါတယ်.."
ရင်ထဲ ဝမ်းနည်းသလိုကြီး ဖြစ်နေတာမို့ လေကောင်း
လေသန့်ရတဲ့ နေရာလေးကို လာခဲ့သည်
"ဟင့် ......"
မျက်ရည်တို့ စီးကျကာ ငိုရှိုက်မိပါသည်
"ဘာလို့ ငိုနေတာလဲ ချာတိတ်"
"ဟင့်အင်း ချာတိတ်လို့မခေါ်နဲ့ အဲ့ ချာတိတ် ဆိုတဲ့
နာမ်စားလေးက လူတစ်ယောက်ထဲရဲ့ အပိုင်ပါ"
"ဘယ်သူ့ အပိုင်လဲ"
"ဦး...ဦး ရဲ့အပိုင်"
"အဲ့ ဦးကို ချစ်လို့လား"
"ဟင့် ချစ်တာပေါ့"
"သေချာလား"
"အင်း ဒါနဲ့ ခင်ဗျားက ဘာလို့ ဒါတွေမေး...ဦး!!"
စကားပြောနေရင်း လှည့်ပြီး ကျနော့်ကိုမြင်တော့
မျက်လုံးလေးပြူးသွားကာ
ဖက်လာသည်
"ဦး ဟင့် ဦး ဘယ်..ဘယ်က.ရောက်လာတာလဲ ဟင်"
"မင်းစီ သက်သက်."
ကျနော်ပြောတော့ သူက စဉ်းစားသလိုလုပ်ပြီးမှ
"မဟုတ်မှ ကျနော့်ကို မွေးစားမယ်ဆိုတာ....ဦး
..ဦးလား"
"အင်း...ကိုယ်နဲ့ လိုက်မှာလား"
"ဟင့်အင်း မလိုက်ဘူး"
"ဘာလို့လဲ ချာတိတ်"
"ကျနော်က မကောင်းတဲ့ကောင်ပါ ဦးနဲ့ မတန်ပါဘူး
ကျနော့်ကို ဦးခေါ်ထားရင် ဦးစီးပွားရေးအတွက် မကောင်းဘူး"
(သဘောက luhan ကို လူတွေက ဖွတ်ပေါက်လေးလို့ ယူဆထားလို့ sehun ရဲ့ ကုမ္ပဏီမှာ
ရှယ်ယာတွေ မထည့်တော့ဘဲ စီးပွားရေးထိခိုက်မှာကို ဆိုလိုတာပါ)
"ကိုယ်က အဲ့ဒါတွေ ဂရုစိုက်မယ် ထင်လို့လား"
"........"
"ကိုယ် ဂရုစိုက်တာ မင်းတစ်ယောက်ထဲ ချာတိတ်
ပတ်ဝန်းကျင်ကြီးကို ကိုယ် ဂရုမစိုက်ဘူး ကိုယ်
မင်းကို ချစ်တယ် မင်းနဲ့သာ အတူရှိနေရရင် ကိုယ်အကုန်ရင်ဆိုင်ရဲတယ်"
"ဟင့် ဦး ကျနော်ကြောင့် ဦး မွဲသွားရင် ဘယ်လိုလုပ်မလဲ"
"အဲဒါတွေ ဂရုမစိုက်နဲ့ ချာတိတ်ပြော ချာတိတ် ကိုယ့်ကို ချစ်လား"
"ချစ်တယ်"
"ဒါဆို ဘာကိုမှ မကြောက်ရွံ့ပဲ ကိုယ် နဲ့အတူရင်ဆိုင်ရအောင်"
"ကျနော်ကြောက်တယ် ဦး ကျနော့်ကြောင့် စီးပွားရေးထိခိုက်မှာကို"
"အဲ့ဒီအတွက်ဆိုရင် ဘယ်တော့မှ စိတ်မပူနဲ့ ချာတိတ်က ကိုယ့်အတွက် လာဘ်ကောင်လေး"
"ဟင့် ..."
"ပြော ချာတိတ် ကိုယ် နဲ့အတူ ရင်ဆိုင်မလား"
"ဟင့်..."
"ကိုယ့်ကို.ယုံတယ်မှတ်လား "
"ဟုတ်"
"ဒါဆို ကိုယ့်လက်ကိုတွဲပြီး ပတ်ဝန်းကျင်က တိုက်ခိုက်လာမဲ့ စကားလုံးတွေကို ရင်ဆိုင်ရအောင်"
"ဟင့် ဟုတ်ကဲ့"
"လာပါဦး ကိုယ့်စီ"
"ဟင့်"
မျက်ရည်လေးစက်လက်နဲ့ ကျနော့်ကို ဖက်လာပါသည် ပြန်ထွေးပွေ့ထားပေးလိုက်ကာ
ကျောလေးကို ပုတ်ပေးနေလိုက်သည်
"မငိုနဲ့တော့ အဆိုးလေး ဒီက ပြန်ရင် ကိုယ်တို့ လက်ထပ်ရအောင်"
"ဟင်?"
အံ့သြကာမော့ကြည့်သည်
"ချာတိတ်နဲ့ ကိုယ်က ငြိစွန်းပြီးပြီလေ ဒီတော့ ကိုယ်က လက်ထပ်ယူမယ်"
"ဟင့် ကျေးဇူးတင်ပါတယ်"
"တိတ်တော့ သွားရအောင်"
"ဟုတ်ကဲ့"
သူ့လက်လေးဆွဲကာ ကားစီပြန်လာခဲ့ကြသည်
"luhan မာသာတို့ကို သတိရနေနော်"
"အီး ဟီး မာသာ အီး ဟီး မာသာ ဆိုးလ် ကိုလာရင် ကျနော့် စီဝင်ခဲ့နော် ကျနော်လည်း လာမယ်သိလား"
"အေးပါကွယ် သွားတော့ နောက်ကျနေဦးမယ်"
"ဟုတ် ကလေးတို့ ကိုကို သွားပြီနော်"
"အီး ကိုကို လာလည်နော် xiao လေးလွမ်းနေမယ် သိလား"
"အင်းပါ"
"ဒီကို ဖုန်းခဏခဏ ဆက်နော် ကိုကို"
"အင်းပါ"
"ဟင့် ကိုကို့ကို ချစ်တယ်နော်"
"အင်းပါ သွားတော့မယ်နော် တာ့တာ"
"တာ့တာ !!!"
ကလေးတွေကို သံယောဇဉ် မပြတ်ဘဲ ကားပေါ်ရောက်ပြီး ကားထွက်လာသည်တောင် လှည့်ကြည့်လှည့်ကြည့် ဖြစ်နေသော ကလေးငယ်ကြောင့်
အသည်းတွေ ယားနေရပါပြီ
ဒီက နှစ်နှစ် လုံးလုံး သူ့ကို ရှာခဲ့ရတဲ့ လူကြီးကိုမှ
အားမနာ
"အဟမ်း...."
"ဟင့် ကလေးတွေ..."
"အဟမ်း!!!"
"ဟင့်"
"အဟမ်း!! ချာတိတ်ရေ!!"
"ဟင် ဘာလဲ ဦး"
"တော်သေးတာပေါ့ ကိုယ့်ကိုမေ့သွားပြီ ထင်နေတာ"
"မဟုတ်ပါဘူး ဦးကလည်း ကျနော်က ကလေးတွေကို မခွဲနိုင်လို့ပါ"
"ကိုယ်ကရော ချာတိတ်ရဲ့ ခင်ပွန်းလောင်း ကိုယ့်ကိုရော"
"ဟာ ဦးကလည်း ကပ်တယ်ဗျာ ဦးနဲ့က နေ့တိုင်း
တွေ့နေရမှာလေ ကလေးတွေနဲ့က ကြုံမှတွေ့ရတော့မယ့် ဟာကို"
"မသိဘူးကွာ ကိုယ့်ကို ဂရုမစိုက်တာပဲသိတယ်
ပြီးတော့ ကိုယ်က ချာတိတ်ကို နှစ်နှစ်လုံးလုံး လိုက်ရှာထားရတာလေ"
"ဦး ကလည်း ကပ်တယ်ဗျာ"
"မသိဘူး ကိုယ့်ကိုချာတိတ် ဂရုမစိုက်တာပဲသိတယ်"
ပြောပြီး စိတ်ဆိုးသလိုလေး ဟိုဘက်လှည့်လိုက်တော့
"ဟင့် ဦးကအစကတည်းက ဒီလို ကျနော့်ကို အမြဲစိတ်ကောက်နေရင် နောက်ပိုင်း ကျနော်က
ဦး မျက်နာကိုကြည့်ပြီးနေရတော့မှာလေ ဦးက အခုလို ဂရုမစိုက်မှတော့ မနေတော့ဘူး ကျနော့်
ကို သည်းမခံနိုင်မှတော့ မလိုက်တော့ဘူး ဂေဟာကိုပဲ ပြန်မယ်"
ငိုသံလေး စွတ်ကာ ပြောလာသောကြောင့်
ကျနော့်မှာမနေနိုင်တော့
"မဟုတ်ဘူးလေ ချာတိတ်ရာ ကိုယ်က ချာတိတ် ကိုယ့်ကို ဂရုမစိုက်လို့ ဂရုစိုက်မလားဆိုပြီး စိတ်ဆိုးပြတာပါ တကယ် စိတ်မဆိုးဘူးနော် ပြန်တော့မသွားပါနဲ့ကွာ"
"ဟင့် တကယ်ပြောတာလား"
"အင်း စိတ်မဆိုးနဲ့တော့ လာပါဦး ကိုယ့်စီ"
ခေါ်တော့ ရင်ခွင်ထဲ ခိုဝင်လာသည်
ဘယ်သူက ထင်မှာလဲ ကိုယ့်စီက ပိုက်ဆံတွေ
ခြူစားနေတဲ့ကောင်လေးကို ချစ်မိမယ်လို့
ပြီးတော့ ဘယ်သူက ထင်မှာလဲ ကိုယ်ခြူစားနေတဲ့
လူတစ်ယောက်ကို ချစ်မိသွားမယ်လို့
အချစ်တဲ့ အရမ်းဆန်းကြယ်ပါတယ်
ဘယ်သူ မဆိုမှာ ဖြစ်ပေါ်နိုင်ပါတယ်
ယောကျာ်းမိန်းမမရွေး မည်သည့်လူကိုမှ မရွေးဘဲ
ချစ်နိုင်ပါသည်
💝💝💝💝
"ကျနော် ကြောက်တယ် ဦး"
"မကြောက်ပါနဲ့ ဒီမှာ ကိုယ် တစ်ယောက်လုံး ရှိတယ်
ချာတိတ်ကို ဘယ်သူ့မှ ဘာမှမပြောစေရဘူး
ပြောခဲ့ရင်လည်း ချာတိတ်ရှေ့က ကိုယ် ကာကွယ်ပေးမယ် လာ သွားရအောင်"
မိတ်ကပ်ပြင်ပြီးမှ ကြောက်လို့ အပြင်မထွက်ရဲဖြစ်နေတဲ့ ကလေးငယ်
မနည်းချော့မော့နေရသည်
"လာ....."
"ဟုတ်ကဲ့"
လက်လေးကို ဆွဲခေါ်ကာ ခန်းမထဲကို လျှောက်လာခဲ့သည် လူတွေရဲ့ တီးတိုးပြောသံတွေကိုလည်း
ကြားနေရပါသည် ဘေးက ကလေးငယ်ကတော့
ကိုယ်လေးမှာ ကြုံ့သတဲ့ကြုံ့လာသည်
"မကြောက်နဲ့ ကလေး ကိုယ် ရှိတယ်"
"ဟုတ်ကဲ့"
လျှောက်လမ်း၏ အဆုံးတွင်တော့ ဖာသာ ရှိနေသည်
ဖာသာရှေ့ ရပ်ကာ ဆုတောင်း ဝတ်ပြုခဲ့ကြသည်
~သတို့သား oh sehun က သတို့သား xiao luhan ကို သေတဲ့အထိ သစ္စာရှိရှိ မပျက်ကွက်ဘဲ ချစ်သွားနိုင်ပါသလား~
"ဟုတ်ကဲ့ ချစ်သွားနိုင်ပါတယ် "
~သတို့သား xiao luhan ကရော သတို့သား
oh sehun.ကို သေတဲ့အထိ သစ္စာ ရှိရှိ မပျက်ကွက်ဘဲ ချစ်သွားနိုင်ပါသလား~
"ဟုတ်ကဲ့ ချစ်နိုင်ပါတယ်"
~ကဲ ဒါဆို နှစ်ယောက်သား လင်မယားအရာရောက်ပါပြီ အကြင်နာပေးလို့ရပါပြီ~
အရှေ့က ဖာသာ ပြောပြီးသည်နှင့် သူနှင့်မျက်နာချင်းဆိုင် လှည့်လိုက်တော့ မျက်နာလေးရဲကာ
မျက်လုံးလေး မှိတ်ပေးထားသည်
ကျနော်လည်း ဖြေးဖြေးချင်း ကပ်သွားလိုက်ကာ
သူ့နှုတ်ခမ်းလေးကို ကြင်နာမိသည်
ချိုမြန်တယ် မလွှတ်ချင်လောက်အောင်
စွဲမက်ဖို့ကောင်းတယ် အိစက်နေတယ် နွေးထွေးတယ် ဂျယ်လီလေး ငုံထားရသလိုပါပဲ
~သတို့သား oh sehun ဒီဘက်က သတို့သားလေးကို လွှတ်ပေးလိုက်ပါတော့~
ဖာသာက ပြောလာတော့မှ မလွှတ်ချင် လွှတ်ချင်ဖြင့်
လွှတ်လိုက်ရသည်
မနက်ပိုင်း မင်္ဂလာပွဲပြီးတော့ ခြံထဲ၌ ညစာ စားပွဲလုပ်ပေးသည်
ကလေးငယ်ကတော့ မလုပ်ချင်ပါဘူး
"သူဌေး oh မထင်ရဘူးနော် ဒီလို ဖွတ်လေးနဲ့ လက်ထပ်သွားတာ"
"ဟား ဟား သူက ကျနော့်ရဲ့ လာဘ်ကောင်လေးပါ
ဖွတ်ကောင်လေး မဟုတ်ပါဘူး သူနဲ့တွေ့ပြီးမှ ကျနော့် စီးပွားရေးတွေ တက်လာတာ ဒီက သူဌေးမင်း သိပါတယ်ဗျာ"
"ဟင်း ဟုတ်မှာပါလေ"
ကျနော် ပိတ်ပြောပေးလိုက်တော့ အဖိုးကြီးက
မချိုပြုံးလေး ပြုံးကာ တိတ်သွားသည်
"သူဌေး oh မို့ ဒီလိုကောင်လေးကို လက်ထပ်ယူတယ်နော် ဒီကောင်လေးက ဒီလောက် မကောင်းတာတွေ လုပ်ထားတဲ့ဟာကို သူ့ကြောင့် လူတွေ စီးပွားရေးပျက်တယ် တချို့ဆို သေပါသေကြတာ
ပြီးတော့လည်း အဲ့ကောင်လေးက ဘာမှမဟုတ်ဘူး
မသိချင်ယောင်ဆောင်သွားတာ သူ့မှာ နှလုံးသားမှ ရှိရဲ့လား မသိဘူး"
ထိုလူရဲ့ စကားကြောင့် သူ့မျက်နာလေး ငယ်နေသည်
"ဒါကတော့ ဒီလိုရှိတယ်လေ သူဌေး kim ရဲ့
ခင်ဗျားလည်း သိမှာပါ မေတ္တာပေးလို့ မေတ္တာ ပြန်ရတယ် အချစ်ပေးလို့ အချစ်ပြန်ရတာလေ သိတယ်မှတ်လား"
"ဟား...သိပ်သိတာပေါ့ဗျာ"
"ကျနော်က သူ့ကို ချစ်ခြင်းအပြည့်ပေးခဲ့တာမို့ သူ့ဘက်ကလည်း ပြန်ချစ်လာတာ အင်းတချို့တွေကျတော့ အဲလိုမဟုတ်ဘူးနော် ဘယ်လိုပြောရမလဲ တဏှာရူးတယ်လို့ခေါ်မလား အင်း အဲ့လိုပေါ့ သူတို့က ငယ်ငယ်ရွယ်ရွယ် ဖြူဖြူဖွေးဖွေးလေးဆိုတော့ နှာဘူး ထကြတာလေ သူတို့မှာ
ဘာချစ်ခြင်း မေတ္တာမှမပါဘူး ဒါကြောင့်လည်း
နှာဘူးထပြီး ငွေတွေ အမ်းကြတာပေါ့ဗျာ နောက်တော့လည်း အဲ့တဏှာရူးတွေရဲ့ လားရာလမ်းကတော့ နှာထလွန်ပြီး သေရင်သေ မသေရင်တော့ မွဲကြမှာပဲ ဟုတ်တယ်နော် သူဌေး kim "
"ဟင်း ဟု..ဟုတ်တယ်နော်"
"အင်း တချို့ကြတော့လည်း မစားရတဲ့ အမဲသဲနဲ့ပက်ချင်ကြသေးတယ်ဗျ အဲ့လိုလူမျိုးတွေ ခံလိုက်ရတာ ကျနော့် ကလေးအလွန်မဟုတ်ပါဘူး ဗျာ သူတို့ကိုက
ဦးနောက် မရှိကြတာ ဟင်း ဟုတ်တယ်မှတ်လား"
"ဟု..ဟုတယ်..ကျနော့်ကို.ခွင့်ပြုပါဦး နော် ဟိုဘက် ဝိုင်းက ခေါ်နေလို့"
"သဘောပါဗျာ"
ထိုလူကြီးထွက်သွားမှ ဘေးက ကလေးငယ်ကို ကြည့်မိတော့ အံသြရိပ်လေးတွေ သန်းနေသည်
ပြီးမှ ပြုံးလာကာ
"ဦး တော်လိုက်တာဗျာ"
"ချာတိတ်ရဲ့ ခင်ပွန်းပါကွ ချာတိတ်ရှေ့က အမြဲကာကွယ်ပေးနေမှာ"
"ကျေးဇူးပါပဲ ဦးရယ် ဦးပဲ ကျနော့်ရှေ့က မားမားမတ်မတ် ရပ်တည်ပေးဖူးသေးတယ် ဟင့်"
မျက်ရည်လေးတွေပါ စို့လာသောကြောင့်
မျက်နာလေးကို အုပ်မိုးကိုင်လိုက်ကာ
"မငိုနဲ့လေ ချာတိတ်ရယ် မင်္ဂလာနေ့ကြီးမှာ"
"ဝမ်းသာလို့ပါ "
"ကဲ တိတ်တော့နော် ချာတိတ် လာ ဧည့်သည်တွေ ပြန်တော့မယ် နှုတ်ဆက်ရအောင်"
"ဟုတ်ကဲ့ ဒါနဲ့လေ ဦး ကျနော့်ကို ဘယ်ချိန်ထိ ချာတိတ်လို့ခေါ်နေဦးမှာလဲ"
"မကြိုက်လို့လား"
"မဟုတ်ပါဘူး ကျနော်တို့က လင်မယားတွေ ဖြစ်နေပြီဆိုတော့ တခြား နာမည်လေး ခေါ်စေချင်လို့ပါ"
"ဘယ်လိုခေါ်ရမလဲ"
"lu တို့ han လေးတို့ xiaoလေး တို့လည်း ခေါ်လို့ရပါတယ်"
"အင်း lu လို့ခေါ်မယ်လေ"
"ဟုတ် သွားရအောင်လေ ဦး"
"အင်း"
🍑🍑🍑🍑
"lu ....."
"ဟို...ဟို..."
မင်္ဂလာ ကုတင်ကြီးထက် စိတ်လေးလဲ အနည်းငယ် လွတ်နေကာ မျက်နာလေးကလည်းပေါက်ထွက်တော့မလို ရဲနေသည် သည်ကြားထဲ စကားကပါ ထစ်နေပါသေးသည်
"lu အဆင်ပြေမှပါ lu အဆင်မပြေရင် ကိုယ်
ဘာမှမလုပ်ဘူးနော်"
"ရပါတယ် ကျနော် အဆင်ပြေပါတယ် ကျနော်
ရင်တွေ ခုန်ပြီး ပူရှိန်းရှိန်းကြီး ဖြစ်နေလို့ပါ"
"ရင်တွေ အရမ်းခုန်နေတာလား"
"အ..အင်း"
"လာ ကိုယ် ဖက်ထားပေးမယ် lu အဆင်ပြေသွားအောင်"
"ဟုတ်ကဲ့"
ခိုနားလာတဲ့ သူ့ကိုယ်လေးကို ဖက်ထားပေးကာ ကြောက်စိတ်လေးတွေပျောက်ရန် ခဏနေပေးမိသည် သူမပြောပေမဲ့ ကျနော်သိတာပေါ့ သူကြောက်နေတာကို
"ဦး ..စ..စရအောင်လေ"
"တကယ် အဆင်ပြေလို့လား"
"အင်းပြေသွားပြီ ဦး အင်္ကျီ ကျနော်ချွတ်ပေးမယ်"
ပူနွေးနေသော လက်လေးဖြင့် အင်္ကျီကြယ်သီးတွေကို ကိုင်ကာ နုနုရွရွလေး ဖြုတ်ပေးလာသည်
ဘာလိုလိုနဲ့ သူကကျနော့်အပိုင်တောင် ဖြစ်နေပြီပဲ
"အင့်.....ဦး"
ကြယ်သီးတွေ ဖြုတ်လို့မပြီးခင် သူ့ကိုယ်လုံးလေးကို လှဲချလိုက်သောကြောင့် ရင်ဘတ်ကို အသာတွန်းလာသည်
"ဦး မစောင့်နိုင်တော့ဘူး"
"ဟုတ်ကဲ့"
"စကြရအောင်နော်"
"ဟုတ်..."
နီရဲနေသော မျက်နာလေးဖြင့် မျက်လုံးတို့
မှိတ်ပေးထားကာ ကျနော့်ရဲ့ အနမ်းကြမ်းကြမ်းတို့ကို
လက်ခံယူသည်
"ကိုယ် မင်းကို အရမ်းချစ်တယ် "
"ကျနော်ရောပဲ ဦး"
"မင်းရှေ့က ကိုယ်အမြဲတမ်းကာကွယ်ပေးမယ်"
"ဟုတ်"
"ကိုယ်တို့ အဖိုးကြီးတွေ ဖြစ်တဲ့အထိ သစ္စာမပျယ်ဘဲ ချစ်သွားကြရအောင်"
"ဟုတ်ကဲ့ အရမ်းချစ်တယ် ဦး"
"ကိုယ်လည်း ချစ်တယ် lu "
ထို့နောက် အချစ်ကမ္ဘာထက်ဝယ် ထိုလူသားနှစ်ယောက် တနည်း ယောကျာ်းသား နှစ်ယောက်
ပျော်ရွှင်စွာ လည်ပတ်ခဲ့ကြပါသည်
သေချာပါတယ်လေ ဒီလောက်ချစ်တဲ့ လူသားနှစ်ဦး
သက်ဆုံးတိုင်ပေါင်းဖက်နိုင်ကြမယ်ဆိုတာ
သူတို့ အရမ်းချစ်ကြသည်ကိုး ယောကျာ်းလေး
နှစ်ယောက် ဖြစ်တဲ့ သူတို့မှာ ဖြစ်ပေါ်နေတဲ့ ထို အချစ် ကြီးမားပါသည် တစ်ယောက်အလိုကို
တစ်ယောက်က ဖြည့်ဆည်းပေးမဲ့ ချစ်သူနှစ်ဦး
ဘဝ ဆက်တိုင်း ပေါင်းဖက်နိုင်ကြမှာပါ 😘😘
❄❄❄❄❄❄ THE END ❄❄❄❄❄❄
ပြီးသွားပါပြီနော်
short story မို့ တိုတိုလေးပါ
အားပေးတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်
Love you all ♡ ♡ ♡
သာသာ fic လေးတွေကို သတိထားမိကြလားဟင်
ဇာတ်သိမ်းတိုင်းက ကုတင်ပေါ်မှာပဲ ပြီးသွားတာနော်
😁😁😁
သာသာလည်း အကုန်လုံးကို ပြန်ကြည့်ကြည့်မှ
အဲ့လိုဖြစ်နေတာရယ် ဘယ်လိုလုပ်ရမလဲမသိဘူးနော်
ကဲ ပိုင်းလုံးလေး ကို နှုတ်ဆက်လိုက်ကြရအောင်
သာသာ ကတော့ ဒီအပုဒ်လေးကို ကြိုက်တယ်ရယ်
ဒီ fic လေး စရေးတုန်းက နှစ်ခါတောင် ပျက်သွားပါသေးတယ် ဒါကြောင့်မရေးဘဲ ပစ်ထားလိုက်ပြီးမှ အရမ်းရေးချင်နေလို့ ကြိုးစားပြီးရေးလိုက်တာပါ
အားလုံးပဲ နှုတ်ဆက်ပါတယ်နော်