(Zawgyi)
"ဟုတ္ၿပီေလ..အဲ့တာဆို~~"
"...ေနပါေစေတာ့"
"အင္?.."
ဘာျပန္ေျပာရမွန္းမသိသလို ေ႐ွာင္းက်န္႔ကို ဝမ္ရိေပၚကျပံဳးျပလိုက္တယ္။ သူအဆင္သင့္မျဖစ္ေသးဘူး...
ဘာေၾကာင့္အဆင္သင့္ျဖစ္ေနဖို႔ လိုအပ္မွန္းလည္း ရိေပၚမသိဘူး။
အခုမဟုတ္ေသးဘူး အရမ္းေစာေနတယ္လို႔ သူ႔ကိုယ္သူ ျပန္ေျပာေနမိတာ....
သူ႔မသိစိတ္က ယူရီ႕ကို သာမန္ကာလ်ွံကာေက်ာ္သြားလိုက္ဖို႔ ျငင္းဆန္ေနတယ္။
"ကြၽန္ေတာ္ အလုပ္လုပ္ရဦးမွာ..ျပန္ၾကမယ္"
ေ႐ွာင္းက်န္႔က ဝမ္ရိေပၚရဲ႕ဆံပင္ပြပြကို ထပ္ဖြၿပီးရယ္တယ္။
ကေလးလို အမ်ိဳးမ်ိဳးေျပာေနတဲ့ ဝမ္ရိေပၚကို သူသိပ္ခ်စ္တာပါပဲ။
..........................................
မနက္ခင္းဟာ မိုးသံတေျဖာက္ေျဖာက္နဲ႔စတင္တယ္။
"အိုေခ!"
ေနာက္ဆံုးက်န္ေနတဲ့ေနရာေလးကို လက္စသတ္အေရာင္ျခယ္ၿပီး သူ အသက္ျပင္းျပင္း႐ွဴသြင္းလိုက္တယ္။
အခ်ိန္အၾကာႀကီးထမ္းပိုးထားရတဲ့ ေလးေလးလံလံအရာျကီးကို ပစ္ခ်လိုက္ရသလိုပဲ..
မနက္၆နာရီ...
အိပ္ခန္းတံခါးကိုဖြင့္ေတာ့ လစ္လပ္ေနတဲ့ကုတင္ေပၚမွာ ျပန္႔က်ဲေနတဲ့အဝတ္အစားေတြ။ ရိေပၚ တစ္ခုခ်င္းေကာက္ၿပီး ေဘးကျခင္းေတာင္းထဲကို စုျပံဳထည့္လိုက္တယ္။
မ်က္လံုးေလးမွိတ္လိုက္တာနဲ႔ တန္းခနဲအိပ္ေပ်ာ္သြားေလာက္ေအာင္ ရိေပၚက ပင္ပန္းေနတာ။
က်န္႔ေကာ ခရီးသြားတာ ၂ရက္႐ွိၿပီ။
အခ်ိန္ဘယ္ေလာက္ၾကာေအာင္ အိပ္ေပ်ာ္သြားမွန္းမသိ။
ေနာက္တစ္ေခါက္ တစ္ေရးႏိုးတဲ့အခ်ိန္မွာ သူ႔ေခါင္းတစ္ခုလံုးက စူးစူးဝါးဝါးထိုးကိုက္ေနတယ္... လက္ႏွစ္ဖက္နဲ႔ ခပ္တင္းတင္းဖိႏွိပ္ထားတာေတာင္ မသက္သာတဲ့အဆံုးမွာ မ်က္လံုးေတြျပန္မွိတ္ၿပီး ၿငိမ္ၿငိမ္ေလးထပ္အိပ္ေနလိုက္တယ္။
Phone Ring......
"ဟဲလို"
"စားၿပီးၿပီလား ေဘဘီ?"
အသံခ်ိဳခ်ိဳက နားထဲကို စိမ့္ဝင္သြားတယ္။
"မစားရေသးဘူး"
ေ႐ွာင္းက်န္႔သက္ျပင္းခ်မိတယ္။
အေဝးေရာက္ေနတဲ့ ႏွစ္ရက္လံုးမွာ ရိေပၚကို သူဖုန္းေခၚတာ ဒီတစ္ခါက ၁၁ႀကိမ္ေျမာက္။ ရိေပၚက ႏွစ္ႀကိမ္ပဲ ဖုန္းကိုင္တယ္။
တစ္ေယာက္တည္း႐ွိေနေတာ့ ရိေပၚက ျဖစ္သလိုေန,ေနမွာ..
ဒီေကာင္ေလးကို ဘယ္ေတာ့မွ စိတ္ခ်လက္ခ်မ႐ွိခဲ့ဖူးဘူး။
"ကိုယ့္ကိုယ္လည္း ဂ႐ုစိုက္ဦးေလ..အခု ဘယ္ႏွနာရီ႐ွိေနၿပီလဲ"
"အင္းပါ"
"အလုပ္ကေရာၿပီးၿပီလား? deadlineက မနက္ျဖန္လား?"
"ၿပီးသြားၿပီ.."
"အင္း"
"ေကာေရာ? အလုပ္ကိစၥအဆင္ေျပရဲ႕လား?"
"နည္းနည္းေတာ့ ေစာင့္ၾကည့္ရဦးမွာေပါ့"
"ေျသာ္~~"
ဝမ္ရိေပၚရဲ႕အသံက အားမပါသလို ေဖ်ာ့ေတာ့ေနတယ္။
သူတို႔ႏွစ္ေယာက္ၾကား ဆက္သြယ္ေရးေလလိႈင္းက ခဏတိတ္ဆိတ္သြားၿပီး ေ႐ွာင္းက်န္႔အေတြးမလြန္ခင္မွာ ရိေပၚက တိုးတိုးေလးေျပာတယ္..
"လြမ္းတယ္..ေကာ"
ရိေပၚက ေ႐ွာင္းက်န္႔ကို အရမ္းလြမ္းေနတယ္။
သူတို႔အတူတူေနခဲ့အခ်ိန္အတိုင္းအတာမွာ ညအိပ္ညေနခြဲဖူးတာ ဒီတစ္ခါ ပထမဆံုးနဲ႔အၾကာဆံုး။
"ကိုယ္လည္းလြမ္းတာပဲ"
ဝမ္ရိေပၚ အခုခ်ိန္ထိ မ်က္လံုးေတြမွိတ္ထားတုန္းပဲ။
ေ႐ွာင္းက်န္႔က တိတ္ဆိတ္တဲ့တစ္ေနရာရာမွာ ႐ွိေနပံုရတယ္။
အသက္႐ႈသံမ်ွင္းမ်ွင္းေလးကအစ နားစိုက္ေထာင္ရင္ ၾကားႏိုင္ရေလာက္ေအာင္ ၾကည္လင္ေနတယ္။
"ကိုယ္ ေစာေစာျပန္လာႏိုင္ေအာင္ ႀကိဳးစားၾကည့္ပါဦးမယ္"
"စိတ္မပူနဲ႔..ဒီမွာ အဆင္ေျပပါတယ္"
ေ႐ွာင္းက်န္႔အတြက္ ဝန္ထုပ္ဝန္ပိုးလိုအျဖစ္မ်ိဳးေတာ့ သူမေရာက္ခ်င္ဘူး။
"အဲ့တာဆို တစ္ခုခုထစားလိုက္ဦး..ဒါပဲေနာ္"
"ဟုတ္"
ေ႐ွာင္းက်န္႔ဘက္က အရင္ဆံုးဖုန္းခ်သြားတယ္။
ရိေပၚ လက္ထဲကဖုန္းကို ဆက္ၿပီးကိုင္ထားမိတုန္းပဲ..
ဘာမွေျပာစရာမ႐ွိသည့္တိုင္ ေ႐ွာင္းက်န္႔အသံကိုေတာ့ ဆက္ၾကားခ်င္ေနေသးတယ္။
.
.
တစ္ေယာက္တည္း႐ွိေနတဲ့အိမ္က သိပ္ေမွာင္ေနတယ္။
သူ မီးေရာင္စူးစူးေတြေအာက္မွာ မေနႏိုင္ေတာ့တာကို ရိေပၚထူးထူးျခားျခားသတိထားမိတာ တစ္လေလာက္႐ွိၿပီ။
အလုပ္ခန္းထဲမွာေတာင္ မီးေခ်ာင္းကိုအျမင့္ႀကီးမွာဆင္ထားရတယ္။
ေရခဲေသတၱာထဲမွာ႐ွိသမ်ွပစၥည္းေတြ အကုန္ဆြဲထုတ္ၾကည့္တယ္။
ရယ္ဒီမိတ္ဖက္ထုပ္နဲ႔ အေအးဗူးေတြ.. ၿပီးေတာ့ က်န္႔ေကာဝယ္ထည့္ေပးထားတဲ့ တံဆိပ္ေတာင္မခြာရေသးတဲ့ အသားျပားေတြ။
"ဟင္း...."
သူ႔မွာ ဘာကိုမွ စားခ်င္လွတယ္လို႔ အာသီသ႐ွိမေန။
အအိပ္ပ်က္ရင္ အစားပါပ်က္တယ္တဲ့။
က်န္႔ေကာက သူ႔ရဲ့အက်င့္ေတြကို ျပင္ဖို႔ႀကိဳးစားခဲ့ဖူးတယ္။
တကယ္ဆုိ သူကသာ က်န္႔ေကာစိတ္ခ်မ္းသာေအာင္ ဘာတစ္ခုမွျပဳျပင္ေျပာင္းလဲေပးတာမ်ိဳး မလုပ္ခဲ့ဖူးတာ။
မင္းက စိတ္ပ်က္စရာပဲ ဝမ္ရိေပၚ...
ညေနခင္းမွာ ရိေပၚ အျပင္ထြက္တယ္။
အပ္ရမဲ့ဒီဇိုင္းေတြကို mailပို႔ေပးၿပီး...မေရာက္တာၾကာတဲ့ ေဟာက္ရႊမ္းရဲ႕ဆိုင္ကို ေရာက္ျဖစ္တယ္။
ေဟာက္ရႊမ္းက ေကာင္ေလးတစ္ေယာက္ကို ရင္ခြင္ထဲထည့္ထားၿပီး ျပံဳးေနတယ္။
ရိေပၚ မအံ့ျသပဲ မေနႏိုင္ဘူး...
"စုန္႔က်ိရန္တဲ့..ဒီေန႔က ၂လျပည့္"
ရိေပၚက ေခါင္းညိမ့္ၿပီး ျပံဳးျပလိုက္တယ္။
ဒီျဖဴျဖဴေပ်ာ့ေပ်ာ့ေလးက ေဟာက္ရႊမ္းလိုငဂ်စ္ကို ဘာေၾကာင့္မ်ား လက္ခံႏိုင္ရတာလဲ?
နာရီဝက္ေလာက္ၾကာေတာ့ စုန္႔က်ိရန္က သူတို႔ႏွစ္ေယာက္ကိုႏႈတ္ဆက္ၿပီး တည္တည္ၿငိမ္ၿငိမ္ျပန္သြားတယ္။ ဘယ္လိုျကည့္ၾကည့္ သူ႔အေနအထားက ေဟာက္ရႊမ္းနဲ႔ ခ်စ္ကြၽမ္းဝင္စရာအေၾကာင္း မ႐ွိသလိုပဲ။
"အခ်စ္ကဆန္းတယ္ကြ"
ရိေပၚလက္ထဲက ေဆးလိပ္ကိုမီးညႇိေနရင္း ေဟာက္ရႊမ္းကို ၾကည့္လိုက္တယ္။
"အမ္း"
"သူက ဆရာဝန္ေလ"
"ေျသာ္"
"ငါ့အသိတစ္ေယာက္ လက္က်ိဳးလို႔ေဆးရံုတက္ရတာကို လိုက္သြားရင္းနဲ႔ေတြ႔တာ.. သူက အာရံုေၾကာ႒ာနက.. အဲ့ဒီေန႔မွ တိုက္တိုက္ဆိုင္ဆိုင္ အ႐ိုးအေၾကာ႒ာနကို ခဏလာတာတဲ့"
"အင္း"
ရိေပၚ ျပံဳးမိတယ္။
ေဟာက္ရႊမ္းမ်က္လံုးထဲက ႏူးညံ့မႈေတြကို သူျမင္ပါတယ္။
"ေဟာ...ဟိုမွာ!"
ေဟာက္ရႊမ္းက တံခါးဝကို မ်က္စပစ္ျပတယ္။
သူလွည့္ၾကည့္ေတာ့ လူတစ္ေယာက္...
"မင္းကို အျမဲေမးေနတာ"
"ဘယ္သူလဲ?"
"ဖန္႐ွင္းေလ..မင္းသိပါတယ္"
"..........."
အေကာင္းစားေရေမႊးနံ႔က ရိေပၚႏွာေခါင္းဆီကို စူးခနဲတိုးဝင္လာတယ္။ အျမဲျပံဳးၿပီး တက္ႂကြေနတတ္တဲ့ေကာင္ေလးက ေလမထိေနမထိသူေ႒းသားေလးမွန္း ျမင္တဲ့သူတိုင္း ခန္႔မွန္းမိၾကလိမ့္မယ္။ လက္ခ်ိဳးေရလို႔ရတဲ့ အကန္႔အသတ္ပမာဏနဲ႔ထုတ္ေဝတဲ့ ဒီဇိုင္နာျဖစ္ ဖိနပ္ေတြ၊ နာရီေတြ......
"ရိေပၚေကာ"
"ေျပာ"
ရိေပၚက မလႈပ္မယွက္နဲ႔ မ်က္လံုးေတြေမွးစင္းၿပီး ၾကည့္ေပးလိုက္တယ္။ ဘာမထီ႐ုပ္က မေျပာင္းလဲဘူး။
"မဟုတ္ပါဘူး...မေတြ႔တာၾကာလို႔"
မ်က္ႏွာနားအတင္းတိုးကပ္လာတဲ့ ျပံဳးတံု႔တံု႔မ်က္ႏွာဆီကို စီးကရက္မီးခိုးေငြ႔နဲ႔ ျဖည္းျဖည္းခ်င္းမႈတ္လိုက္ေတာ့ သေဘာတက်ရယ္ေနျပန္တယ္။
"ခင္ဗ်ားက စီးကရက္ေတြ မေသာက္ပါနဲ႔"
"မင္းက ငါ့အေဖလား?"
"အဟား..ေကာရဲ႕ေမေမက ေခ်ာလို႔လား?"
ရိေပၚ ရယ္ခ်င္သလိုလိုျဖစ္သြားတဲ့မ်က္ႏွာကို ထိန္းရင္း ခပ္မာမာၾကည့္ေပးလိုက္တယ္။ ဘယ္လိုဟာေလးနဲ႔ လာေတြ႔ေနတာလဲ...
"ဟင္? ေခ်ာလို႔လား?"
"ေတာ္စမ္း..မင္းအသက္ဘယ္ေလာက္လဲ?"
"၁၉"
"လာေနာက္မေနနဲ႔ ေစာင္ကေလး..အေဝးးးႀကီးကို လစ္"
"အ"
ဝမ္ရိေပၚရဲ႕ လက္ညႇိဳးဖ်ားက ေကာင္ေလးရဲ႕နဖူးေပၚ ခပ္ျပင္းျပင္းေတာက္ခ်လိုက္တယ္။ ရဲသြားတဲ့ႏွဖူးကိုၾကည့္ၿပီး ရိေပၚရယ္မိတယ္။
"ေျသာ...ရယ္တာလား?"
"ငိုတာ"
"အဟားး..."
သေဘာတက်ရယ္ေနတဲ့ေကာင္ေလးကိုၾကည့္ရင္း ဝမ္ရိေပၚအေတြးထဲဝင္လာတဲ့သူက ေ႐ွာင္းက်န္႔ပဲ။
က်န္႔ေကာလည္း သူနဲ႔စကားေျပာရင္ ဒီလိုစိတ္လိုလက္ရ ရယ္တတ္တာပဲ။ က်န္႔ေကာက သူမဟုတ္တဲ့ အျခားတစ္ေယာက္နဲ႔ဆိုရင္ေရာ ဒီလိုရယ္ေနနိုင္လား..?
႐ုတ္တရက္ႀကီး သူမျပံဳးခ်င္ေတာ့ဘူး။
....................................
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
"ကြၽန္ေတာ္ကလည္း ေက်းဇူးတင္ပါတယ္"
အျပန္အလွန္ေက်းဇူးတင္အၿပီးမွာ ေ႐ွာင္းက်န္႔ ေက်ေက်နပ္နပ္ျပံဳးလိုက္တယ္။ သူ အိမ္ျပန္ရေတာ့မယ္ မဟုတ္လား..
"ပစၥည္းေတြက်န္ခဲ့ဦးမယ္"
ယူရီက ေ႐ွာင္းက်န္႔ကိုျပံဳးၿပီး ေခါင္းညိမ့္ျပတယ္။
"က်န္႔က်န္႔ နင္ကေလ.. ငါ့ကို အခုထိဆရာႀကီးလုပ္ေနတုန္း"
ေ႐ွာင္းက်န္႔က ရယ္တယ္။
ယူရီက ဟိုးငယ္ငယ္ေလးကတည္းက နေမာ္နမဲ့ႏိုင္လြန္းလို႔ သူကပဲအျမဲတမ္း ဂ႐ုတစိုက္နဲ႔သတိေပးခဲ့ရတာ။ အဲ့ဒီအက်င့္က အခုခ်ိန္ထိ ပါလာပံုရတယ္။
"အက်င့္က ျပင္ဖို႔ခက္တယ္ေလ"
"အင္း...ငါ့အတြက္ကေတာ့ အားလံုးခက္တယ္"
"..........."
"နင္ကမွ ငါ့ထက္လြယ္ကူပါေသးတယ္.. အရာရာေျပာင္းလဲသြားဖို႔ေလ"
"............"
ေလထုက ေအးခဲသြားတယ္။
ေ႐ွာင္းက်န္႔ ႏႈတ္ခမ္းကိုက္လိုက္မိတယ္။ ယူရီေျပာတာေတြ သူသေဘာေပါက္တယ္...နားလည္တယ္
"ထားပါေတာ့.. ငါဘယ္ေတာ့ အိမ္လည္လာရမလဲ? အန္တီေရာ ေနေကာင္းတယ္မလား?"
"ေမေမက ေဆးစစ္ထားတယ္.. အေျဖသိရရင္ ဖုန္းဆက္မယ္ေျပာတယ္"
"ေျသာ္.. အေျဖသိရင္ ငါ့ကိုလည္းအသိေပးေနာ္"
"အင္း"
"..........."
ပ်က္ယြင္းသြားတဲ့ အေနအထားကို ဘယ္လိုျပန္တည့္မတ္ယူရမွန္း ယူရီမသိဘူး။ ေ႐ွာင္းက်န္႔က ဘာစကားမွမေျပာပဲ တိတ္တိတ္ဆိ္တ္ဆိတ္ ကားေမာင္းေနတယ္။
............................
မည္းေမွာင္ေနတဲ့အိမ္ထဲကိုဝင္ဝင္ခ်င္း စီးႀကိဳေနတဲ့စီးကရက္နံ႔ေတြ။
နံရံကမီးခလုတ္ကိုဖြင့္လိုက္ေတာ့ ဧည့္ခန္းကဆိုဖာမွာ အိပ္ေနတဲ့ ရိေပၚကိုေတြ႔တယ္။ မွန္စားပြဲေပၚကခြက္ထဲမွာ က်ိဳးေက်ေနတဲ့ ေသာက္လက္စ စီးကရက္အပိုင္းအစေတြ.....
ရိေပၚကို ဒီလိုပံုစံနဲ႔ေတြ႔ရလိမ့္မယ္လို႔ ေမ်ွာ္လင့္မထားမိတာ အမွန္ပဲ
ဒီမွာ ဘာေတြျဖစ္ေနတာလဲ!
"ေဘဘီ..ေဘဘီ ထဦး"
ေ႐ွာင္းက်န္႔က ရိေပၚအနားကိုကပ္ၿပီး တိုးတိုးေလးႏိႈးတယ္။
"ဟင္ အင္းး.."
"ဒီေနရာႀကီးမွာ အိပ္ေနတာလား?"
"ေကာက ဖုန္းလည္းႀကိဳမဆက္ဘူး"
"ဟုတ္တယ္..ေနာက္၂ရက္ေလာက္မွာ ဟိုေျပးဒီေျပးနဲ႔ အလုပ္ကအရမ္းမ်ားသြားတာ"
ႏွစ္ေယာက္တည္း႐ွိတဲ့အိမ္ထဲမွာေတာင္ သူတို႔အသံက ၾကားရရံု တိုးတိုးေလး..
"............"
ရိေပၚက ပ်င္းတိပ်င္းရြဲ ထထိုင္တယ္။
အိပ္ခ်င္စိတ္မေျပေသးတာမို႔ သူ႔မွာအျပည့္အဝေပ်ာ္ဖို႔ေတာင္ ေမ့ေနတယ္။
"ဒါက ဘယ္လိုေတြျဖစ္ေနတာလဲ ၾကည့္ပါဦး"
ေဆးလိပ္ျပာခြက္ကိုယူၿပီး အမိႈက္ပံုးထဲသြားပစ္တဲ့ ေ႐ွာင္းက်န္႔ကို ရိေပၚလိုက္ၾကည့္ေနတယ္။
၂ရက္ေလာက္ဖုန္းမဆက္တာမို႔ ေ႐ွာင္းက်န္႔ဖုန္းကို သူေမ်ွာ္ေနခဲ့ေပမယ့္ အခုလို လူကိုယ္တိုင္ျပန္ေရာက္လာမယ္လို႔ေတာ့ ထင္မထား။
"ဘာစားၿပီးၿပီလဲ?"
"လမ္းမွာစားလာခဲ့ၿပီ"
သူ႔ေဘးမွာကပ္ထိုင္လိုက္တဲ့ ေ႐ွာင္းက်န္႔ေပါင္ေပၚကို ေခါင္းအံုးၿပီး ေနာက္တစ္ေခါက္ျပန္လွဲၿပီး မ်က္လံုးေတြမွိတ္လိုက္တယ္။
"ဒီအေႏြးဓာတ္.. ဒီကိုယ္သင္းနံ႔.."
ေ႐ွာင္းက်န္႔ ရိေပၚရဲ့နဖူးကို ငံု႔နမ္းမိတယ္။
"ေဘဘီလြမ္းေနတာ ကိုယ္သိတာေပါ့"
"ေနာက္တစ္ခါ အၾကာႀကီးမသြားနဲ႔ေတာ့ဗ်ာ"
"ဟုတ္ပါၿပီ"
ဝမ္ရိေပၚရဲ႕အလြမ္းေတြက အေရာင္ရင့္တယ္။
ေစာင့္ေမ်ွာ္ေနရတဲ့ဘဝကို သူမုန္းေနၿပီ။
အထီးက်န္ၿပီး သူ႔ကိုယ္သူတန္ဖိုးမဲ့သလို ခံစားရတယ္။
___________________________
(Unicode)
"ဟုတ်ပြီလေ..အဲ့တာဆို~~"
"...နေပါစေတော့"
"အင်?.."
ဘာပြန်ပြောရမှန်းမသိသလို ရှောင်းကျန့်ကို ဝမ်ရိပေါ်ကပြုံးပြလိုက်တယ်။ သူအဆင်သင့်မဖြစ်သေးဘူး...
ဘာကြောင့်အဆင်သင့်ဖြစ်နေဖို့ လိုအပ်မှန်းလည်း ရိပေါ်မသိဘူး။
အခုမဟုတ်သေးဘူး အရမ်းစောနေတယ်လို့ သူ့ကိုယ်သူ ပြန်ပြောနေမိတာ....
သူ့မသိစိတ်က ယူရီ့ကို သာမန်ကာလျှံကာကျော်သွားလိုက်ဖို့ ငြင်းဆန်နေတယ်။
"ကျွန်တော် အလုပ်လုပ်ရဦးမှာ..ပြန်ကြမယ်"
ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ဆံပင်ပွပွကို ထပ်ဖွပြီးရယ်တယ်။
ကလေးလို အမျိုးမျိုးပြောနေတဲ့ ဝမ်ရိပေါ်ကို သူသိပ်ချစ်တာပါပဲ။
..........................................
မနက်ခင်းဟာ မိုးသံတဖြောက်ဖြောက်နဲ့စတင်တယ်။
"အိုခေ!"
နောက်ဆုံးကျန်နေတဲ့နေရာလေးကို လက်စသတ်အရောင်ခြယ်ပြီး သူ အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။
အချိန်အကြာကြီးထမ်းပိုးထားရတဲ့ လေးလေးလံလံအရာကြီးကို ပစ်ချလိုက်ရသလိုပဲ..
မနက်၆နာရီ...
အိပ်ခန်းတံခါးကိုဖွင့်တော့ လစ်လပ်နေတဲ့ကုတင်ပေါ်မှာ ပြန့်ကျဲနေတဲ့အဝတ်အစားတွေ။ ရိပေါ် တစ်ခုချင်းကောက်ပြီး ဘေးကခြင်းတောင်းထဲကို စုပြုံထည့်လိုက်တယ်။
မျက်လုံးလေးမှိတ်လိုက်တာနဲ့ တန်းခနဲအိပ်ပျော်သွားလောက်အောင် ရိပေါ်က ပင်ပန်းနေတာ။
ကျန့်ကော ခရီးသွားတာ ၂ရက်ရှိပြီ။
အချိန်ဘယ်လောက်ကြာအောင် အိပ်ပျော်သွားမှန်းမသိ။
နောက်တစ်ခေါက် တစ်ရေးနိုးတဲ့အချိန်မှာ သူ့ခေါင်းတစ်ခုလုံးက စူးစူးဝါးဝါးထိုးကိုက်နေတယ်... လက်နှစ်ဖက်နဲ့ ခပ်တင်းတင်းဖိနှိပ်ထားတာတောင် မသက်သာတဲ့အဆုံးမှာ မျက်လုံးတွေပြန်မှိတ်ပြီး ငြိမ်ငြိမ်လေးထပ်အိပ်နေလိုက်တယ်။
Phone Ring......
"ဟဲလို"
"စားပြီးပြီလား ဘေဘီ?"
အသံချိုချိုက နားထဲကို စိမ့်ဝင်သွားတယ်။
"မစားရသေးဘူး"
ရှောင်းကျန့်သက်ပြင်းချမိတယ်။
အဝေးရောက်နေတဲ့ နှစ်ရက်လုံးမှာ ရိပေါ်ကို သူဖုန်းခေါ်တာ ဒီတစ်ခါက ၁၁ကြိမ်မြောက်။ ရိပေါ်က နှစ်ကြိမ်ပဲ ဖုန်းကိုင်တယ်။
တစ်ယောက်တည်းရှိနေတော့ ရိပေါ်က ဖြစ်သလိုနေ,နေမှာ..
ဒီကောင်လေးကို ဘယ်တော့မှ စိတ်ချလက်ချမရှိခဲ့ဖူးဘူး။
"ကိုယ့်ကိုယ်လည်း ဂရုစိုက်ဦးလေ..အခု ဘယ်နှနာရီရှိနေပြီလဲ"
"အင်းပါ"
"အလုပ်ကရောပြီးပြီလား? deadlineက မနက်ဖြန်လား?"
"ပြီးသွားပြီ.."
"အင်း"
"ကောရော? အလုပ်ကိစ္စအဆင်ပြေရဲ့လား?"
"နည်းနည်းတော့ စောင့်ကြည့်ရဦးမှာပေါ့"
"သြော်~~"
ဝမ်ရိပေါ်ရဲ့အသံက အားမပါသလို ဖျော့တော့နေတယ်။
သူတို့နှစ်ယောက်ကြား ဆက်သွယ်ရေးလေလှိုင်းက ခဏတိတ်ဆိတ်သွားပြီး ရှောင်းကျန့်အတွေးမလွန်ခင်မှာ ရိပေါ်က တိုးတိုးလေးပြောတယ်..
"လွမ်းတယ်..ကော"
ရိပေါ်က ရှောင်းကျန့်ကို အရမ်းလွမ်းနေတယ်။
သူတို့အတူတူနေခဲ့အချိန်အတိုင်းအတာမှာ ညအိပ်ညနေခွဲဖူးတာ ဒီတစ်ခါ ပထမဆုံးနဲ့အကြာဆုံး။
"ကိုယ်လည်းလွမ်းတာပဲ"
ဝမ်ရိပေါ် အခုချိန်ထိ မျက်လုံးတွေမှိတ်ထားတုန်းပဲ။
ရှောင်းကျန့်က တိတ်ဆိတ်တဲ့တစ်နေရာရာမှာ ရှိနေပုံရတယ်။
အသက်ရှုသံမျှင်းမျှင်းလေးကအစ နားစိုက်ထောင်ရင် ကြားနိုင်ရလောက်အောင် ကြည်လင်နေတယ်။
"ကိုယ် စောစောပြန်လာနိုင်အောင် ကြိုးစားကြည့်ပါဦးမယ်"
"စိတ်မပူနဲ့..ဒီမှာ အဆင်ပြေပါတယ်"
ရှောင်းကျန့်အတွက် ဝန်ထုပ်ဝန်ပိုးလိုအဖြစ်မျိုးတော့ သူမရောက်ချင်ဘူး။
"အဲ့တာဆို တစ်ခုခုထစားလိုက်ဦး..ဒါပဲနော်"
"ဟုတ်"
ရှောင်းကျန့်ဘက်က အရင်ဆုံးဖုန်းချသွားတယ်။
ရိပေါ် လက်ထဲကဖုန်းကို ဆက်ပြီးကိုင်ထားမိတုန်းပဲ..
ဘာမှပြောစရာမရှိသည့်တိုင် ရှောင်းကျန့်အသံကိုတော့ ဆက်ကြားချင်နေသေးတယ်။
.
.
တစ်ယောက်တည်းရှိနေတဲ့အိမ်က သိပ်မှောင်နေတယ်။
သူ မီးရောင်စူးစူးတွေအောက်မှာ မနေနိုင်တော့တာကို ရိပေါ်ထူးထူးခြားခြားသတိထားမိတာ တစ်လလောက်ရှိပြီ။
အလုပ်ခန်းထဲမှာတောင် မီးချောင်းကိုအမြင့်ကြီးမှာဆင်ထားရတယ်။
ရေခဲသေတ္တာထဲမှာရှိသမျှပစ္စည်းတွေ အကုန်ဆွဲထုတ်ကြည့်တယ်။
ရယ်ဒီမိတ်ဖက်ထုပ်နဲ့ အအေးဗူးတွေ.. ပြီးတော့ ကျန့်ကောဝယ်ထည့်ပေးထားတဲ့ တံဆိပ်တောင်မခွာရသေးတဲ့ အသားပြားတွေ။
"ဟင်း...."
သူ့မှာ ဘာကိုမှ စားချင်လှတယ်လို့ အာသီသရှိမနေ။
အအိပ်ပျက်ရင် အစားပါပျက်တယ်တဲ့။
ကျန့်ကောက သူ့ရဲ့အကျင့်တွေကို ပြင်ဖို့ကြိုးစားခဲ့ဖူးတယ်။
တကယ်ဆို သူကသာ ကျန့်ကောစိတ်ချမ်းသာအောင် ဘာတစ်ခုမှပြုပြင်ပြောင်းလဲပေးတာမျိုး မလုပ်ခဲ့ဖူးတာ။
မင်းက စိတ်ပျက်စရာပဲ ဝမ်ရိပေါ်...
ညနေခင်းမှာ ရိပေါ် အပြင်ထွက်တယ်။
အပ်ရမဲ့ဒီဇိုင်းတွေကို mailပို့ပေးပြီး...မရောက်တာကြာတဲ့ ဟောက်ရွှမ်းရဲ့ဆိုင်ကို ရောက်ဖြစ်တယ်။
ဟောက်ရွှမ်းက ကောင်လေးတစ်ယောက်ကို ရင်ခွင်ထဲထည့်ထားပြီး ပြုံးနေတယ်။
ရိပေါ် မအံ့သြပဲ မနေနိုင်ဘူး...
"စုန့်ကျိရန်တဲ့..ဒီနေ့က ၂လပြည့်"
ရိပေါ်က ခေါင်းညိမ့်ပြီး ပြုံးပြလိုက်တယ်။
ဒီဖြူဖြူပျော့ပျော့လေးက ဟောက်ရွှမ်းလိုငဂျစ်ကို ဘာကြောင့်များ လက်ခံနိုင်ရတာလဲ?
နာရီဝက်လောက်ကြာတော့ စုန့်ကျိရန်က သူတို့နှစ်ယောက်ကိုနှုတ်ဆက်ပြီး တည်တည်ငြိမ်ငြိမ်ပြန်သွားတယ်။ ဘယ်လိုကြည့်ကြည့် သူ့အနေအထားက ဟောက်ရွှမ်းနဲ့ ချစ်ကျွမ်းဝင်စရာအကြောင်း မရှိသလိုပဲ။
"အချစ်ကဆန်းတယ်ကွ"
ရိပေါ်လက်ထဲက ဆေးလိပ်ကိုမီးညှိနေရင်း ဟောက်ရွှမ်းကို ကြည့်လိုက်တယ်။
"အမ်း"
"သူက ဆရာဝန်လေ"
"သြော်"
"ငါ့အသိတစ်ယောက် လက်ကျိုးလို့ဆေးရုံတက်ရတာကို လိုက်သွားရင်းနဲ့တွေ့တာ.. သူက အာရုံကြောဋ္ဌာနက.. အဲ့ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် အရိုးအကြောဋ္ဌာနကို ခဏလာတာတဲ့"
"အင်း"
ရိပေါ် ပြုံးမိတယ်။
ဟောက်ရွှမ်းမျက်လုံးထဲက နူးညံ့မှုတွေကို သူမြင်ပါတယ်။
"ဟော...ဟိုမှာ!"
ဟောက်ရွှမ်းက တံခါးဝကို မျက်စပစ်ပြတယ်။
သူလှည့်ကြည့်တော့ လူတစ်ယောက်...
"မင်းကို အမြဲမေးနေတာ"
"ဘယ်သူလဲ?"
"ဖန်ရှင်းလေ..မင်းသိပါတယ်"
"..........."
အကောင်းစားရေမွှေးနံ့က ရိပေါ်နှာခေါင်းဆီကို စူးခနဲတိုးဝင်လာတယ်။ အမြဲပြုံးပြီး တက်ကြွနေတတ်တဲ့ကောင်လေးက လေမထိနေမထိသူဋ္ဌေးသားလေးမှန်း မြင်တဲ့သူတိုင်း ခန့်မှန်းမိကြလိမ့်မယ်။ လက်ချိုးရေလို့ရတဲ့ အကန့်အသတ်ပမာဏနဲ့ထုတ်ဝေတဲ့ ဒီဇိုင်နာဖြစ် ဖိနပ်တွေ၊ နာရီတွေ......
"ရိပေါ်ကော"
"ပြော"
ရိပေါ်က မလှုပ်မယှက်နဲ့ မျက်လုံးတွေမှေးစင်းပြီး ကြည့်ပေးလိုက်တယ်။ ဘာမထီရုပ်က မပြောင်းလဲဘူး။
"မဟုတ်ပါဘူး...မတွေ့တာကြာလို့"
မျက်နှာနားအတင်းတိုးကပ်လာတဲ့ ပြုံးတုံ့တုံ့မျက်နှာဆီကို စီးကရက်မီးခိုးငွေ့နဲ့ ဖြည်းဖြည်းချင်းမှုတ်လိုက်တော့ သဘောတကျရယ်နေပြန်တယ်။
"ခင်ဗျားက စီးကရက်တွေ မသောက်ပါနဲ့"
"မင်းက ငါ့အဖေလား?"
"အဟား..ကောရဲ့မေမေက ချောလို့လား?"
ရိပေါ် ရယ်ချင်သလိုလိုဖြစ်သွားတဲ့မျက်နှာကို ထိန်းရင်း ခပ်မာမာကြည့်ပေးလိုက်တယ်။ ဘယ်လိုဟာလေးနဲ့ လာတွေ့နေတာလဲ...
"ဟင်? ချောလို့လား?"
"တော်စမ်း..မင်းအသက်ဘယ်လောက်လဲ?"
"၁၉"
"လာနောက်မနေနဲ့ စောင်ကလေး..အဝေးးးကြီးကို လစ်"
"အ"
ဝမ်ရိပေါ်ရဲ့ လက်ညှိုးဖျားက ကောင်လေးရဲ့နဖူးပေါ် ခပ်ပြင်းပြင်းတောက်ချလိုက်တယ်။ ရဲသွားတဲ့နှဖူးကိုကြည့်ပြီး ရိပေါ်ရယ်မိတယ်။
"သြော...ရယ်တာလား?"
"ငိုတာ"
"အဟားး..."
သဘောတကျရယ်နေတဲ့ကောင်လေးကိုကြည့်ရင်း ဝမ်ရိပေါ်အတွေးထဲဝင်လာတဲ့သူက ရှောင်းကျန့်ပဲ။
ကျန့်ကောလည်း သူနဲ့စကားပြောရင် ဒီလိုစိတ်လိုလက်ရ ရယ်တတ်တာပဲ။ ကျန့်ကောက သူမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ဆိုရင်ရော ဒီလိုရယ်နေနိုင်လား..?
ရုတ်တရက်ကြီး သူမပြုံးချင်တော့ဘူး။
....................................
"ကျေးဇူးအများကြီးတင်ပါတယ်"
"ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်"
အပြန်အလှန်ကျေးဇူးတင်အပြီးမှာ ရှောင်းကျန့် ကျေကျေနပ်နပ်ပြုံးလိုက်တယ်။ သူ အိမ်ပြန်ရတော့မယ် မဟုတ်လား..
"ပစ္စည်းတွေကျန်ခဲ့ဦးမယ်"
ယူရီက ရှောင်းကျန့်ကိုပြုံးပြီး ခေါင်းညိမ့်ပြတယ်။
"ကျန့်ကျန့် နင်ကလေ.. ငါ့ကို အခုထိဆရာကြီးလုပ်နေတုန်း"
ရှောင်းကျန့်က ရယ်တယ်။
ယူရီက ဟိုးငယ်ငယ်လေးကတည်းက နမော်နမဲ့နိုင်လွန်းလို့ သူကပဲအမြဲတမ်း ဂရုတစိုက်နဲ့သတိပေးခဲ့ရတာ။ အဲ့ဒီအကျင့်က အခုချိန်ထိ ပါလာပုံရတယ်။
"အကျင့်က ပြင်ဖို့ခက်တယ်လေ"
"အင်း...ငါ့အတွက်ကတော့ အားလုံးခက်တယ်"
"..........."
"နင်ကမှ ငါ့ထက်လွယ်ကူပါသေးတယ်.. အရာရာပြောင်းလဲသွားဖို့လေ"
"............"
လေထုက အေးခဲသွားတယ်။
ရှောင်းကျန့် နှုတ်ခမ်းကိုက်လိုက်မိတယ်။ ယူရီပြောတာတွေ သူသဘောပေါက်တယ်...နားလည်တယ်
"ထားပါတော့.. ငါဘယ်တော့ အိမ်လည်လာရမလဲ? အန်တီရော နေကောင်းတယ်မလား?"
"မေမေက ဆေးစစ်ထားတယ်.. အဖြေသိရရင် ဖုန်းဆက်မယ်ပြောတယ်"
"သြော်.. အဖြေသိရင် ငါ့ကိုလည်းအသိပေးနော်"
"အင်း"
"..........."
ပျက်ယွင်းသွားတဲ့ အနေအထားကို ဘယ်လိုပြန်တည့်မတ်ယူရမှန်း ယူရီမသိဘူး။ ရှောင်းကျန့်က ဘာစကားမှမပြောပဲ တိတ်တိတ်ဆိ်တ်ဆိတ် ကားမောင်းနေတယ်။
............................
မည်းမှောင်နေတဲ့အိမ်ထဲကိုဝင်ဝင်ချင်း စီးကြိုနေတဲ့စီးကရက်နံ့တွေ။
နံရံကမီးခလုတ်ကိုဖွင့်လိုက်တော့ ဧည့်ခန်းကဆိုဖာမှာ အိပ်နေတဲ့ ရိပေါ်ကိုတွေ့တယ်။ မှန်စားပွဲပေါ်ကခွက်ထဲမှာ ကျိုးကျေနေတဲ့ သောက်လက်စ စီးကရက်အပိုင်းအစတွေ.....
ရိပေါ်ကို ဒီလိုပုံစံနဲ့တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားမိတာ အမှန်ပဲ
ဒီမှာ ဘာတွေဖြစ်နေတာလဲ!
"ဘေဘီ..ဘေဘီ ထဦး"
ရှောင်းကျန့်က ရိပေါ်အနားကိုကပ်ပြီး တိုးတိုးလေးနှိုးတယ်။
"ဟင် အင်းး.."
"ဒီနေရာကြီးမှာ အိပ်နေတာလား?"
"ကောက ဖုန်းလည်းကြိုမဆက်ဘူး"
"ဟုတ်တယ်..နောက်၂ရက်လောက်မှာ ဟိုပြေးဒီပြေးနဲ့ အလုပ်ကအရမ်းများသွားတာ"
နှစ်ယောက်တည်းရှိတဲ့အိမ်ထဲမှာတောင် သူတို့အသံက ကြားရရုံ တိုးတိုးလေး..
"............"
ရိပေါ်က ပျင်းတိပျင်းရွဲ ထထိုင်တယ်။
အိပ်ချင်စိတ်မပြေသေးတာမို့ သူ့မှာအပြည့်အဝပျော်ဖို့တောင် မေ့နေတယ်။
"ဒါက ဘယ်လိုတွေဖြစ်နေတာလဲ ကြည့်ပါဦး"
ဆေးလိပ်ပြာခွက်ကိုယူပြီး အမှိုက်ပုံးထဲသွားပစ်တဲ့ ရှောင်းကျန့်ကို ရိပေါ်လိုက်ကြည့်နေတယ်။
၂ရက်လောက်ဖုန်းမဆက်တာမို့ ရှောင်းကျန့်ဖုန်းကို သူမျှော်နေခဲ့ပေမယ့် အခုလို လူကိုယ်တိုင်ပြန်ရောက်လာမယ်လို့တော့ ထင်မထား။
"ဘာစားပြီးပြီလဲ?"
"လမ်းမှာစားလာခဲ့ပြီ"
သူ့ဘေးမှာကပ်ထိုင်လိုက်တဲ့ ရှောင်းကျန့်ပေါင်ပေါ်ကို ခေါင်းအုံးပြီး နောက်တစ်ခေါက်ပြန်လှဲပြီး မျက်လုံးတွေမှိတ်လိုက်တယ်။
"ဒီအနွေးဓာတ်.. ဒီကိုယ်သင်းနံ့.."
ရှောင်းကျန့် ရိပေါ်ရဲ့နဖူးကို ငုံ့နမ်းမိတယ်။
"ဘေဘီလွမ်းနေတာ ကိုယ်သိတာပေါ့"
"နောက်တစ်ခါ အကြာကြီးမသွားနဲ့တော့ဗျာ"
"ဟုတ်ပါပြီ"
ဝမ်ရိပေါ်ရဲ့အလွမ်းတွေက အရောင်ရင့်တယ်။
စောင့်မျှော်နေရတဲ့ဘဝကို သူမုန်းနေပြီ။
အထီးကျန်ပြီး သူ့ကိုယ်သူတန်ဖိုးမဲ့သလို ခံစားရတယ်။