~အ..~
ကားထဲ အတင်းဆောင့်ထည့်လိုက်သောကြောင့်
နာကျင်စွာအော်လာသည်
ဒါမဲ့ သူမသိပါဘူး ကျနော့်ရင်ထဲ ဖြစ်နေတာတွေကို သူ့ကို အကောင်တစ်ကောင်နဲ့တွေ့လိုက်ရတာက
ကျနော့်ရင်ကို ဗလောင်ဆူစေပါတယ်
"ချာတိတ် ပြောလေ စောနက အကြောင်းတွေပြော ကိုယ့်ကို အကုန်ပြော"
".........."
"ပြောလေ!!!"
"ဟင့်..."
အော်လိုက်သောကြောင့်ကြောက်လန့်စွာ
ရှိုက်သံလေးတွေပါ ထွက်လာသည်
"တိတ်မနေနဲ့ အကုန်ပြော စောနက အကောင်ပြောတာတွေက အမှန်တွေပဲလား မင်းက အဲ့လို လူစားမျိုးလား ချာတိတ်"
"........."
"ဖြေလေ! !!"
"ဟုတ်..ဟုတ်ပါတယ်"
"ဘာလို့လဲ ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ"
"........."
"ပြီးတော့ မင်းက သူပြောသလိုပဲ ပိုက်ဆံပေးပြီး
တစ်နေ့လုံး ငှါးလို့ရတာလား"
"..........."
"ရတယ် အဲ့ဒါဆို ကြိုက်သလောက်ပြော ငါပေးမယ်
မင်းကို ငါငှါးတယ်"
"မ..မဟုတ်ဘူး ကျနော်အဲ့လို လူမျိုးမဟုတ်ပါဘူး"
"ဒါဆို တိတ်မနေနဲ့လေ ငါ့ကိုပြောပြ "
"ကျနော် သူများစီက ပိုက်ဆံတွေယူခဲ့ပါတယ် ဒါမဲ့
ကျနော့်ကိုယ်က မှဲ့တစ်ပေါက်တောင်မစွန်းဖူးပါဘူး
အဲ့လူက အမြဲအဲ့လိုပဲ ကျနော့်ကို ရိသဲ့သဲ့ လုပ်နေကြမို့ပါ ပြီးတော့ ကျနော်လည်း မရည်ရွယ်ပါဘူး
သူတို့တွေ မွဲသွားစေဖို့ "
မျက်လွှာလေးကို ချထားကာပြောလာသည်
"ကိုယ့်ကိုရော သူတို့လိုပဲ ပိုက်ဆံလိုချင်လို့ ကပ်ခဲ့တာလား"
"ဟင့် ...ကျနော်လည်း ပိုက်ဆံလိုလို့ပါ"
"ဘာအတွက်လိုတာလဲ ကိုယ်ပေးနိုင်တယ်"
"ရ..ရပါတယ်..ကျနော် မလိုချင်ပါဘူး တကယ်လို့
ဦးမကြိုက်ရင် ကျနော် ထွက်သွားပေးနိုင်ပါတယ်"
အပြင်ထွက်ရန်ပြင်နေတာမို့ သူ့လက်သေးသေးလေး
ကိုလှမ်းဆွဲထားမိသည်
"မသွားနဲ့ မင်းကိုယ့်စီက ပိုက်ဆံလိုချင်လို့ ကပ်နေတာဆိုလည်း ရတယ် ဆက်ပြီး ကပ်နေ ကိုယ်ပေးနိုင်တယ် ဒါမဲ့ အနားကတော့ မထွက်သွားပါနဲ့
မင်းလည်း အကြောင်းရှိလို့ ဒီလိုလုပ်တာ မှတ်လား ငါနားလည်ပါတယ်"
"ကျေးဇူးတင်ပါတယ် ဦးရယ် ကျေးဇူးတင်ပါတယ်"
ခိုနားလာသော သူ့ကိုယ်လေးကို ဖက်ထားမိသည်
ဘာအကြောင်းတွေများရှိနေလို့ ဒီလိုလုပ်ရတာလဲ
ကိုယ်မသိချင်ဘူး ကိုယ်သိတာ မင်းကိုယ့်အနားက
မထွက်သွားဖို့ပဲ
"အရင်လိုပဲ ပြန်နေ ပိုက်ဆံလိုရင် ကိုယ့်ကို ချွဲပေါ့
ပြီးတာ့ ကိုယ့်ဆန္ဒတွေကိုလည်း ဖြည့်ဆည်းပေးပေါ့"
"ဟုတ် ကျေးဇူးတင်ပါတယ် ဦး"
"မင်း ဘယ်သွားမှာလဲ"
"အိမ်ပြန်မှာပါ"
"ကိုယ်လိုက်ပို့မယ်"
"ဟင့်အင်း မပို့ပါနဲ့ ကျနော်တို့ အိမ်ကို မမြင်စေချင်ဘူး"
"ဘာကြောင့်လဲ"
"မသိဘူး ကျနော် သွားတော့မယ် မနက်ဖြန်မှ တွေ့မယ်နော် ဦး"
"အင်းပါ ဂရုစိုက်သွား"
"ဟုတ်ကဲ့"
ပြန်ပြီး သင့်မြတ်သွားပါပြီ
သူ့အိမ်ကို ကျနော် သိချင်သည်မို့ အနောက်က လိုက်ချောင်းမိပါသည်
အတော်လေးကိုမှ သေးတဲ့အိမ် ကျနော့်အိပ်ခန်းလောက်သာ ရှိမည့် အိမ်လေး
မင်းသာ လိုချင်ခဲ့ရင် မင်းကို ကိုယ့်အိမ်ပေါ်တောင်
ခေါ်ထားနိုင်တယ်
တကယ်လို့ မင်းလိမ္မာခဲ့ရင်ပေါ့
ကိုယ့်ရဲ့ အရာအားလုံးက မင်းအတွက်ပဲ ချာတိတ်
🍑🍑🍑🍑
~ဟိုကောင်လေး မှတ်လား ~
~ဟုတ်တယ် ဟုတ်တယ် အဲ့ကောင်လေး သူ့ရုပ်ရည်လေးက ဘယ်သူနဲ့မှ မတူတော့ မှတ်မိလွယ်တယ်~
~သူ့ကြောင့်မှတ်လား သူဌေး wang ဆုံးသွားတာ~
~ပြီးတော့ ကျုပ် အကိုရောပဲ မွဲသွားတာလေ အမယ်လေး သူက ကျုပ်အကို မွဲသွားတော့ ခြံရှေ့တောင် ဖြတ်မလျှောက်တော့ဘူးလေ~
~ရုပ်လေးနဲ့ မထင်ရဘူးနော် ဖွတ်ပေါက်လေး~
~သူနဲ့ပတ်သတ်ရင် အကုန်မွဲသွားကြတာချည်းပဲ~
~ဟုတ်တယ် ဒါနဲ့ သူဌေး oh ကဒီကောင်လေးကို
ဘာလို့ သူ့စီခေါ်ထားတာလဲ မသိဘူး~
~မင်းကလည်း သူဌေး oh ကိုလည်း အဲ့ကောင်လေးက သူ့မာယာတွေနဲ့ မြှူစွယ်ထားတာနေမှာပေါ့~
~ဒါဆိုရင်တော့ သူဌေးoh လည်း မလွယ်တော့ဘူး
ငါ့တော့ ရှယ်ယာ ကိစ္စ ပြန်စဉ်းစားတော့မယ်~
~ငါရောပဲ တကယ့် ဖွတ်ကောင်လေး အကျိုးမပေးတဲ့ကောင်လေး~
~ဟုတ်တယ် ဟုတ်တယ် လာ ဝေးဝေး သွားနေရအောင်~
ဘေးက စကားသံတွေကြောင့် သူ့ကိုကြည့်မိတော့
မျက်လွှာလေး ချထားကာ တစ်ချက်တစ်ချက် ရှိုက်တတ်သည်
"ချာတိတ်"
"ဟင့်.."
"လာ ကိုယ်တို့ စကားပြောရအောင်"
"ဟုတ် ဟင့်"
ရုံးခန်းထဲကို ခေါ်လာလိုက်ကာ တံခါးကိုပါ လော့ချလိုက်ပြီး
ဆိုဖာပေါ် ထိုင်စေသည်
"ချာတိတ် ကိုယ့်ကိုကြည့်"
"ဟင့်"
"သူတို့ပြောတာတွေကို စိတ်ထဲထားမနေပါနဲ့ ကိုယ်လုပ်ထားမှတော့ အပြောလေးတော့ နည်းနည်းခံရမှာပဲလေ ချာတိတ်က အားမလျှော့သွားပါနဲ့
မင်းကောင်းကောင်းနေရင် ပြန်ပျောက်သွားမှာပါ
ဟုတ်ပြီလား သူတို့ပြောတာ ဂရုမစိုက်နဲ့ ဦးယုံတယ် မင်းမှာ အကြောင်းရှိလို့ လုပ်ရတယ်ဆိုတာ
ဦးယုံတာမို့ မငိုနဲ့တော့နော်"
"ဟင့် ကျနော်က ဘာမှမဖြစ်ပါဘူး အမြဲအပြောခံနေကြဆိုတော့ကျင့်သားရနေပါပြီ ကျနော် စိတ်ပူတာ
ဦးအတွက် ကျနော့်ကြောင့် ဦး စီးပွားရေးကို ထိခိုက်မှာ စိုးတာပါ"
"မင်းက သူတို့ပြောသလို ဖွတ်ပေါက်လေး မို့လို့လား
ဦးက မွဲရမှာ မင်းကြိုက်သလောက်သုံး ဦးရဲ့ စည်းစိမ်တွေက မကုန်ဘူး တသက်လုံး ဘာမှမသုံးပဲ သိမ်းထားလာခဲ့တာ ချာတိတ်နဲ့တွေ့မှပဲ သုံးမဲ့သူရှိတော့တာ ဒါကြောင့် ဦးက ချာတိတ်ကိုတောင် ကျေးဇူးတင်နေတာ"
ကျနော်က စသလိုလေးပြောတော့ သူကမျက်နာကိုမဲ့ရွဲ့ကာ
"ဟွန့် ဦးကတော့ ပိုပြီ ဘယ်သူက ကိုယ့်စည်းစိမ်တွေကို ဖြုန်းပစ်တဲ့သူကိုကျေးဇူးတင်မှာလဲလို့"
"ဦးလေ ဒီက ဦးက ဟောဒီက ဖွတ်ပေါက်လေး ဖြုန်းပေးတာကို ကျေနပ်တာလေ"
"ဦးဗျာ...."
ပြောရင်း သူရယ်သည်
"ကဲ ရယ်ပြီ ဦးကိုကျေးဇူးဆပ်တော့"
"ဘာ.ဘာ..ဆပ်ရမှာလဲ"
"မသိချင်ယောင်ဆောင်မနေနဲ့ ဆပ်တော့ ခုချက်ချင်း"
မျက်လုံးလေး မှိတ်ပေးထားကာ ကျရောက်လာမဲ့
အနမ်းကို စောင့်မျှော်နေသည်
တအောင့်နေတော့ ထိကပ်လာတဲ့ နှုတ်ခမ်းပါးလေး
အမြန် ဆွဲစုပ်မယ် ပြင်လိုက်ပေမဲ့
~ဒေါက် ဒေါက် သူဌေး~
အပြင်က အသံကြောင့် သူက လန့်ဖျန့်ကာ တွန်းထုတ်လာသည်
"ကျစ် ဘယ်လိုလူတွေလဲမသိဘူး"
စိတ်ရှုပ်သလိုပြောတော့ အကောင်ပေါက်လေးက ရယ်သည်
"အေး ရယ်ထား နောက်မှ တစ်စစီ ဆွဲစားပစ်မယ်"
"ဟိ"
"ညနေ ကျရင် ကိုယ်လိုက်ပို့စရာနေရာရှိတယ်"
"ဟုတ်"
"အပြင်ကလူ ဝင်ခဲ့တော့!!!"
🍑🍑🍑🍑
"ဦး ဘယ်သွားမှာလဲ?"
"ရောက်ရင် သိလိုက်မယ်"
"ဟွန့် မပြောပြချင်လဲနေပေါ့"
မျက်စောင်းလေးထိုးကာ ပြောလာသောကြောင့်
ရယ်မိသည်
"ဟား.ဟား..ရွှေစိတ်တော်လေးတော့ မညှိုးပါနဲ့ဗျာ ဟောဒီမှာ ရောက်ပါပြီ"
ကားကို လမ်းတစ်နေရာမှာ ထိုးရပ်လိုက်သည်
"ဆင်းပါ ခင်ဗျာ"
"ဟိ အလိုက်သိတယ် မွ "
ပါးလေးတစ်ဖက်ကို လာနမ်းသောကြောင့် ကျေနပ်သွားရကာ
"လိုက်ပို့ရကျိုးနပ်သွားပြီ လာ သွားရအောင်"
"ဟုတ်"
သူ့လက်လေးကို ဆွဲကာ ညဈေးလေး တစ်ခုထဲ
ဝင်ခဲ့သည် လူကြီးလူကောင်း ပွဲတွေမကြိုက်ဘူး
ဆိုသော သူကြောင့် ဒီလိုပွဲဈေးနေ့လေးကို
စုံစမ်းခိုင်းထားကာ ခေါ်လာရသည်
"ကြိုက်လား?"
"အင်း ကြိုက်တယ် ဦး ကို အရမ်းကျေးဇူးတင်တာပဲ"
ပြောရင်း သူဖက်လာသည်
ကျနော်လည်း ပြန်ဖက်ထားလိုက်ပြီး
"ချာတိတ် ကျေနပ်ရင်ပဲ ကိုယ်က ကျေနပ်ပါပြီကွာ"
"သွားကြရအောင်လေ ဦး"
"အင်း"
ဒီတစ်ခါတော့ သူကကျနော့်လက်မောင်းကို
ခေါင်းမှီ ခိုတွဲကာ လိုက်ပါလာသည်
"ဦး ဟိုဟာ စားရအောင်"
"အင်း"
သူ့အလိုကျ ပဲခေါက်ဆွဲ စားခဲ့သည်
"ဦး ကြိုက်လား"
"ကောင်းပါတယ်"
သူက နှုတ်ခမ်းလေးဆူလာကာ
"ဘာကောင်းပါတယ်လည်း ကြိုက်တယ်လို့ပြော"
"ဟုတ်ပါပြီ ကြိုက်ပါတယ်ကွာ"
"ဟိ စား ကျနော် စားချင်တာတွေ လုပ်ချင်တာတွေ
ရှိသေးတယ်"
"သဘောတော် အတိုင်းပါပဲ ခင်ဗျာ"
"လာ တခြား သွားစားရအောင်"
အာတာပူစီ စားခဲ့သည်
တော့ပိုကီလည်း စားခဲ့သေးသည်
ငါးအူ စွပ်ပြုတ်လည်း မကျန်ပါဘူး
ဖက်ထုပ်ကလည်း သူစားသေးသည်
ပင်လယ်စာတွေလည်း စားသည်
"ဦး ပျော်လား"
"ပျော်တယ်"
"လာ ရဟတ်စီးရအောင်"
"အင်း"
သူနဲ့ ရဟတ်လည်း အတူစီးခဲ့ကြပါသေးသည်
"ဦး ပင်လယ်ဓားပြလည်း စီးချင်တယ်"
"ချာတိတ် သဘော"
သူနဲ့ တွေ့မှပဲ ကျနော် ပြုံးရယ်သည်
သူနဲ့တွေ့မှပဲ မစားဖူးတာတွေစားဖူးသည်
သူနဲ့တွေ့မှပဲ မသွားဖူးတဲ့နေရာတွေသွားဖူးပြီ
သူနဲ့တွေ့မှပဲ သဝန်တိုတတ်လာသည်
သူနဲ့တွေ့မှပဲ ချစ်မိပြီ
သူနဲ့တွေ့မှပဲ ရင်ခုန်တတ်နေပါပြီ
သူ့မျက်နာလေးကို မြတ်နိုးစွာငေးကြည့်နေမိသည်
"ဟော မိုးရွာလာပြီ"
"ဟင်?"
သူပြောမှ ပတ်ဝန်းကျင်ကိုပြန်ကြည့်မိသည်
မိုးတွေရွာလာပြီပဲ လူတွေ ရုတ်ရုတ်သဲသဲ
ဖြစ်နေကြသည်
"ဦး မိုးရွာနေပြီ သွားမယ်လေ"
"အမ် အင်း"
သူ့ကိုယ်လေးကို ဖက်ထားကာ အပေါ်ထပ်လေးနဲ့ခြုံပေးပြီး ကားစီပြန်လာခဲ့သည်
"ဟီး ရောက်ပြီ"
"မိုးစို သွားသေးလား"
"နည်းနည်းပါ"
"ပြန်မယ်နော်"
"ဟုတ်"
သူချမ်းမှာ စိုး၍ အနွေးပေးစက်ကိုလည်း အမြင့်ဆုံး
ဖွင့်ပေးထားလိုက်သည်
မင်းနဲ့တွေ့မှပဲ ဂရုလည်းစိုက်တတ်နေပါပြီ
"ဟွန့် အကျင့်မကောင်းတဲ့မိုး သူများ ပျော်နေတာကိုဖျက်တယ် "
"ဟား ဟား ချာတိတ်ရယ် မိုးရာသီရောက်တော့မယ်လေကွာ"
"မသိဘူး ဖျက်စီးတယ် သူများအပျော်တွေကို ဖျက်စီးတယ်"
"ဇွတ်ပါလား ချာတိတ်ရယ် "
"မသိဘူး ဇွတ်ဇွတ်ပဲ"
"ရောက်ပြီ"
ကားကို ထိုးရပ်လိုက်တော့ သူကကြည့်လာသည်
"ဦး ဒါကျနော့်အိမ်မဟုတ်ဘူးလေ"
"သိတယ် ဒါကိုယ့်အိမ်လေ ချာတိတ်က ချာတိတ် အိမ်ကိုမှမပြောပြတာ ကိုယ့်အိမ်ကိုပဲ ခေါ်လာရတာပေါ့"
"ဟို ကိုယ့်ဘာကိုယ်ပဲ ပြန်လိုက်မယ်လေ ဦးရဲ့"
တံခါးလေး တွန်းဖွင့်ကာ ထွက်သွားတော့မည် ဖြစ်သောကြောင့် လက်လေးကို လှမ်းဆွဲထားလိုက်သည်
"မပြန်နဲ့ ကိုယ့်အိမ်မှာ အိပ်လိုက်တော့ မိုးတွေရွာနေတယ်"
"ဟို ..မား..မား.."
"အန်တီက ဆေးရုံ တင်ထားရတာလေ ကိုယ်အကောင်းဆုံး nurse ကိုငှါးပေးထားတယ် စိတ်ချလက်ချနေ"
"ဟို မားစိတ်ပူနေမှာ စိုးတယ်"
"ဖုန်း လှမ်းဆက်လိုက်"
"....ဟို ....."
"တော်ပြီ မပြောနဲ့တော့ လာချာတိတ်"
ဆက်ပြောနေရင် ဆက်ငြင်းမှာဖြစ်တဲ့သူကြောင့်
လက်ကနေကို ဆွဲခေါ်ကာ အိမ်ထဲခေါ်သွင်းလာခဲ့သည်
"သခင်ကြီး ပြန်ရောက်ပါပြီလား"
"အင်း.... ဧည့်သည်ပါတယ် ညဝတ်တစ်စုံ ပြင်ပြီး
အခန်းထဲ လာပို့လိုက်"
"ဟုတ်ကဲ့ သခင်ကြီး"
"လာ ချာတိတ်"
လက်ကနေ ဆွဲခေါ်လာတော့ စိုးရိမ်နေတဲ့ မျက်ဝန်းလေးနဲ့ သူပါလာသည်
သူစိုးရိမ်နေတာ ကျနော်သိတာပေါ့
ဒါပေမဲ့လည်း ဘယ်လိုလုပ်ရမလဲ ကြာတော့
သိပ်ပြီး မအောင့်အီးထားနိုင်တော့ဘူး
သူ့ကို လူတွေ ဘာလို့ ရူးရးမူးမူးဖြစ်နေကြလဲ
ကျနော် နားလည်လာပါပြီ
ကိုယ်က ကျား ချာတိတ် ကြောင်မဟုတ်ဘူး
အရင်က လူတွေလိုတော့ ကိုယ်က ငြိမ်နေမှာ မဟုတ်ဘူး ဒါမဲ့ ကိုယ်မင်းကို လက်ထပ်ယူမှာပါ
"မင်း အရင်ရေချိုးလိုက် ချာတိတ်"
"ဟို..ဟိုလေ..ကျနော့်ကို တစ်ခန်းပေးပါလား"
"ဟင့်အင်း ကျန်တဲ့ အခန်းတွေက မသုံးတာကြာလို့
ဖုန်တက်နေတယ်"
"ဟို ရှင်းလို့ရပါတယ်"
"မရဘူး အခန်းတွေက အကျယ်ကြီးတွေ ဒီတညလုံးရှင်းမှရမှာ"
"ဟို...."
"တော်ပြီ ချာတိတ် ရေသွားချိုးတော့ ကိုယ်လည်း ချိုးရဦးမှာ ဒါမှမဟုတ် အတူချိုးမို့လား"
"မ..မဟုတ်ပါဘူး သွားချိုးတော့မယ်"
ရေချိုးခန်းထဲ ပြေးဝင်သွားတော့သည်
မင်းရှောင်ပြေးနေလဲ မရတော့ဘူး ဒီညတော့ ကိုယ်
မင်းကို အလွတ်မပေးနိုင်တော့ဘူး
ကုတင်ပေါ်၌ သူထွက်လာမည်ကို ထိုင်စောင့်နေလိုက်သည်
"ရပြီ ဦး ကျနော် ပြီးပြီ"
"ဟိုမှာ အင်္ကျီ ယူဝတ်ထားလိုက်"
"ဟုတ်ကဲ့ "
ရေချိုးခန်းထဲဝင်ကာ ရေချိုးနေပေမဲ့ ရင်ခုန်နေမိသည်
အတွေးနဲ့အတူ ပြုံးလိုက်မိရင်း ရေအမြန်ချိုးကာ
တက်လာခဲ့သည်
ခါး၌ သပတ်ပိုင်းသာ ပတ်ထားကာ အပြင်ထွက်လာခဲ့တော့ သူက မျက်နာလေးရဲကာ ကြည့်နေသည်
"ဟို..ဟို..ည..စာ..စားမှာလား..ဦး ကျနော် သွားပြင်ပေးမယ်"
ရှောင်ထွက်တော့မဲ့ သူ့ကို အနောက်က ဖက်ထားလိုက်ကာ
"မရှောင်ပြေးပါနဲ့တော့ ချာတိတ်ရယ်"
"ဦး..ဦး.."
အသားလေးတွေ တဆက်ဆက် တုန်ကာ အသံလေးလည်း တုန်ရီ၍ သူခေါ်လာခဲ့သည်
"ဦး တကယ် မင်းကို လိုအပ်နေပြီ"
"အင့်"
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
TO BE CONTINUE ❆ ❆ ❆