For Zawgyi
ခ်မ္းျပဳတ္လာေပးေသာ ဆန္ျပဳတ္အား မက္မက္ေမာေမာေသာက္ေနေသာ ဒီလူႀကီးပံုစံက ခ်မ္းကို ဘာေၾကာင့္မွန္းမသိ ဝမ္းနည္းလာေစသည္ ။
" ေသာက္လို႔အဆင္ေျပရဲ႕လား "
" အင္း "
" ကေနဒါမွာ တစ္ေယာက္တည္း ေနရတဲ့အခ်ိန္တုန္းကေရာ ခုလို ဖ်ားဖူးလားဟင္ ဦးသာ "
" အင္း...တစ္ခါ "
" အဲ့ဒီတုန္းက ဦးသာကို ဘယ္သူျပဳစုေပးလဲ "
" ကိုယ့္ဟာကိုယ္ပဲ... "
ဒီလိုအေျဖပဲထြက္လာမယ္ဆိုတာ တြက္ဆထားမိရဲ႕သားနဲ႔ေတာင္ တကယ္တမ္း ဦးသာႏႈတ္မွေျပာတာကို ၾကားလိုက္ရခ်ိန္ ခ်မ္းရင္ထဲမွာ သနားစိတ္နဲ႔ လႈိက္ခနဲ ။
မနက္ကအေၾကာင္းကို ေတြးမိရင္လည္း ခ်မ္း ကိုယ့္ကိုကိုယ္ စိတ္တိုသည္ ။ တကယ္ဆိုရင္ ဦးသာဒဏ္ရာရတဲ့အခ်ိန္မွာ ေဘးကေန ခ်မ္းက ကူေပးသင့္တာေလ ။ အဲ့ဒါကို ဘာမွလုပ္မေပးႏိုင္ဘဲ တုန္လႈပ္ေနမိတဲ့ ကိုယ့္ဟာကိုယ္လည္း မုန္းပါသည္ ။ ဘယ္ေလာက္ေတာင္ သံုးစားမရလည္းဆိုရင္ ဒဏ္ရာႀကီးနဲ႔ဦးသာက ကိုယ္တိုင္ကားေမာင္းသြားရတဲ့အျဖစ္ ။
" ဦးသာ... ကၽြန္ေတာ္ ကၽြန္ေတာ္ေတာင္းပန္ပါတယ္ "
" ဟင္ ဘာကိုလဲ "
ေသာက္ၿပီးသြားတဲ့ ဆန္ျပဳတ္ပန္းကန္ေလးကို ေဘးက စားပြဲေပၚတင္ရင္း ဦးသာက အံ့အားတသင့္ေမးလာေတာ့
" မနက္က ကၽြန္ေတာ္ ဘာမွမကူညီလိုက္ႏိုင္ဘူး ၊ အခုလည္း အခုလည္း ဆန္ျပဳတ္ေကာင္းေကာင္းေတာင္ မျပဳတ္ႏိုင္ဘဲ Ready made ထုပ္ကိုပဲ... "
ေျပာရင္းႏွင့္ ဝမ္းနည္းလာကာ ခ်မ္း ငိုခ်မိေတာ့သည္ ။
" ဟာ ခ်မ္း ဘာလို႔ငိုတာလဲ ၊ တိတ္...တိတ္ ဒီေလာက္ကိစၥေလးက ငိုစရာမွမဟုတ္တာ "
ဦးသာကေတာ့ ဒီကိစၥေလးေၾကာင့္ ငိုရလားဆိုၿပီး အံ့ၾသေနမွာေပါ့ ။ ဒါေပမယ့္ တကယ္တမ္း ခ်မ္း ငိုခ်မိတာက ဒီကိစၥတစ္ခုတည္းေၾကာင့္မွ မဟုတ္တာေလ ။
နဂိုကမွ ဦးသာကိုသနားၿပီး ဝမ္းနည္းေနရတဲ့ၾကားထဲ အဖ်ားေသြးေၾကာင့္ နီရဲေနတဲ့ မ်က္ႏွာကို ျမင္လိုက္ရတဲ့အခါ.....။
သိဘူးဗ်ာ....ငိုခ်င္ေနတာပဲ သိေတာ့တယ္ ။
" ဖ်ားတာက မနက္ျဖန္ေလာက္ဆို ေပ်ာက္သြားမွာေလ ခ်မ္းရဲ႕ ၊ မငိုနဲ႔ေတာ့ တိတ္ တိတ္ "
ဦးသာက ကုတင္အစြန္းထိ ေရႊ႕ထိုင္လိုက္ရင္း ကုတင္ေဘးမွာ ႀကိမ္ခံုပုေလးနဲ႔ထိုင္ေနေသာ ခ်မ္းေခါင္းကို ပြတ္ကာ ေခ်ာ့သလို ေျပာလာေတာ့ အေခ်ာ့ခံရတဲ့ကေလး ပိုငို ဆိုသလိုပဲ ကုတင္ေပၚထိုင္ေနတဲ့ ဦးသာရဲ႕ေပါင္ေပၚမွာ ေခါင္းေမွာက္ခ်ကာ အသံထြက္ေအာင္ကို ရႈိက္ငိုမိေတာ့သည္ ။
ငိုေနရင္းနဲ႔ ေက်ာျပင္ေပၚမွာ ေရြ႕လ်ားေနတဲ့ ခပ္ဖြဖြအထိအေတြ႕ေၾကာင့္ ခ်မ္းတစ္ေယာက္ ငိုေနသည့္ၾကားမွ ၿပံဳးမိရေသးသည္ ။ သူ႔ေက်ာျပင္မွာ ေရြ႕လ်ားေနေသာ ထိုလက္တစ္ဖက္ရဲ႕အထိအေတြ႕က ႏွလံုးသားထိတိုင္ တစိမ့္စိမ့္ေႏြးေထြးေစတယ္ဆိုရင္ ပိုလိုက္တာဟု ထင္ၾကေလမလားမသိ ။ သို႔ေသာ္ ထိုေႏြးေထြးမႈက တကယ္ပဲ ျဖစ္ေလသည္ ။
*********
သူ႔ေပါင္ေပၚမွာ ေခါင္းေမွာက္ခ်ရင္း အသံေတြထြက္ေအာင္ငိုေနေသာ ခ်မ္းဟာ တကယ့္ကို ကေလးေပါက္စေလးလိုပင္ ။ ဘာေတြကိုမ်ား ဒီေလာက္ခံစားၿပီး ဝမ္းနည္းေနသည္မသိ ။
ထူးက ေခ်ာ့တာျပဳတာလည္း မကၽြမ္းက်င္သည္မို႔ ႏႈတ္က ေျပာမိေျပာရာေတြ ေလ်ွာက္ေျပာရင္း ခ်မ္းေက်ာျပင္ေလးကို ခပ္ဖြဖြပြတ္ကာ ထိုအငိုမင္းသားေလးအား တတ္သေလာက္ မွတ္သေလာက္ ေခ်ာ့ေနရေတာ့သည္ ။
အင္း...ဖ်ားေနတဲ့ထူးက လူေကာင္းပကတိကို ျပန္ေခ်ာ့ေနရတဲ့အျဖစ္ ။ ခ်မ္းတစ္ေယာက္နဲ႔ ဟုတ္ေတာ့ဟုတ္ေနၿပီ ။
ေတာ္ေတာ္ၾကာေတာ့ ငိုလို႔အားရသြားဟန္တူသည္ ။ ထူးအား မို႔အစ္အစ္မ်က္ႏွာေလးႏွင့္ ရွက္ကိုးရွက္ကန္းေမာ့ၾကည့္လာကာ
" အဟဲ ကၽြန္ေတာ္က အဲ့လိုပဲ ၊ တစ္ခါတစ္ေလ အငိုသန္တယ္ "
ငါသိသားပဲ လို႔ေျပာလိုက္ရင္ ဒီေကာင္ေလး ပိုၿပီးရွက္သြားမယ္ထင္သည္ ။
" ဦးသာ ေဆးေသာက္ၿပီးရင္ အိပ္ေတာ့ေလ "
" အင္း မင္းလည္း သြားအိပ္ေတာ့ "
" ကၽြန္ေတာ္ ဒီမွာအိပ္မွာ "
" ဟမ္...!!! "
ဒီေကာင္ေလး လာေနာက္ေနတာလား ။ ရုပ္တည္ႏွင့္ေျပာေနပံုက ေနာက္ေနတာႏွင့္လည္း မတူပါ ။
" ဟုတ္တယ္ေလ ၊ ဦးသာတစ္ေယာက္တည္းအိပ္ၿပီး ညက် အဖ်ားတက္ေနရင္ ဘယ္လိုလုပ္မလဲ ၊ ကၽြန္ေတာ္ ဒီမွာအိပ္ေတာ့ အေရးအေၾကာင္းဆို ကူလို႔ရတာေပါ့ "
အင္း ခ်မ္းေျပာေတာ့လည္း ဟုတ္သလိုလိုရွိသား ။
" ဒါေပမယ့္ ငါ့အခန္းထဲမွာ ကုတင္အပိုမွ မရွိတာ ၊ မင္း ဆိုဖာေပၚမွာ အိပ္ႏိုင္လို႔လား "
" ဟင့္အင္း ဆိုဖာေပၚမွာေတာ့မအိပ္ႏိုင္ပါဘူး ၊ ဦးသာကုတင္ေပၚ တက္အိပ္မွာေပါ့ "
" ဟာ ဘယ္ျဖစ္မလဲ "
" ဘာလို႔မျဖစ္ရမွာလဲ ၊ ဒီေလာက္ ႏွစ္ေယာက္အိပ္ကုတင္အက်ယ္ႀကီးကို ၊ ဘာလဲ ကၽြန္ေတာ္ အအိပ္ၾကမ္းမွာေၾကာက္လို႔လား ၊ စိတ္မပူပါနဲ႔ ဦးသာရဲ႕ ၊ ကၽြန္ေတာ္က အိပ္တာ ၿငိမ္ပါတယ္ "
ေအာ္...ထူးကပဲ သူ အအိပ္ၾကမ္းတာကို ေၾကာက္ရမယ္ရွိေသး ။ လူေကာင္ေသးေသး ျဖဴဖတ္ဖတ္နဲ႔ သူ႔ပံုစံက ထူး တစ္ခ်က္ မ,ေရႊ႕စာပဲရွိသည္ ။ ဒါကိုပဲ ထူးက ေၾကာက္ရဦးမယ္ေပါ့ ။ ငါ့ႏွယ္...ရယ္ခ်င္ေတာ့တာပဲ ေကာင္ေလးရယ္ ။
" ဒါမွမဟုတ္ ဦးသာက အအိပ္ၾကမ္းလို႔လား "
" မၾကမ္းပါဘူး "
" အင္းေလ ၊ ဒါဆိုၿပီးတာပဲေပါ့ ၊ ဦးသာက ဟိုဘက္ျခမ္းမွာအိပ္ ၊ ကၽြန္ေတာ္က ဒီဘက္ျခမ္းမွာ အိပ္မယ္ "
ေျပာၿပီးသည္ႏွင့္ ဒင္းေလးက ကုတင္ေပၚတက္လာကာ လွဲခ်လိုက္ေတာ့သည္ ။ ေျပာခ်င္ရာေျပာ လုပ္ခ်င္ရာလုပ္နဲ႔ ဘယ္လိုေကာင္ေလးမွန္းမသိဘူးကြာ ။
ေျပာမရမယ့္အတူတူ ထူးလည္း ကိုယ့္ဘက္အျခမ္းမွာကိုယ္ ခပ္ေတာင့္ေတာင့္ ဝင္လွဲလိုက္ရေတာ့သည္ ။ ခ်မ္းေျပာသလို ကုတင္ႀကီးက အက်ယ္ႀကီးဆိုေပမယ့္လည္း သိတတ္စအရြယ္ကတည္းက ဘယ္သူႏွင့္မွ တစ္ကုတင္တည္း အတူတူ မအိပ္ဖူးေသာ ထူးမွာေတာ့ စိတ္က်ဥ္းက်ပ္ကာ ဘယ္လိုမွသက္ေတာင့္သက္သာမျဖစ္ ။
ဒင္းေလးကေတာ့ ၿငိမ္သြားတဲ့အခ်ိန္ခဏေလးအတြင္းမွာကိုပဲ အသက္ရွဴသံမွန္မွန္နဲ႔ အိပ္ေပ်ာ္သြားေတာ့သည္ ။ ထူးမွာသာ မ်က္လံုးအေၾကာင္သား ။
ကိုယ္ဖ်ားလို႔ သူလာေစာင့္တာလား ။ သူဖ်ားလို႔ပဲ ကိုယ္ကျပန္ေစာင့္ရတာလား ဆိုတာေတာင္ မသဲကြဲေတာ့ေခ် ။ ေတာ္ၿပီ ေတာ္ၿပီ ။ ဆက္ေတြးမေနေတာ့ဘဲ ႀကိဳးစားၿပီးပဲ အိပ္ေပ်ာ္ေအာင္ အိပ္တာပဲ ေကာင္းသည္ ။
အသားမက်ေသာ အေနအထားတစ္ခုေၾကာင့္ ထူး အိပ္ေပ်ာ္ေနရာမွ ႏိုးလာမိသည္ ။ ၾကည့္လိုက္ေတာ့ အအိပ္မၾကမ္းပါဘူးဆိုတဲ့ အေမာင္ခ်မ္းက ထူးကို လက္ႏွင့္ေရာ ေျခေထာက္ႏွင့္ပါ ဖက္ခြကာ အိပ္ေနျခင္း ။
အသာတြန္းကာ ဖယ္ခ်လိုက္လည္း ခဏပင္ ။ ၿပီးတာႏွင့္ ျပန္ၿပီးခြလာျပန္သည္ ။
ကၽြတ္ ဒီဟာေလးနဲ႔ေတာ့ ဒုကၡပါပဲကြာ ။
ထူးက ဖယ္ခ်လိုက္ ဒင္းေလးက ျပန္ၿပီး ဖက္ကာ ခြလာလိုက္ႏွင့္ ဖ်ားေနတာေတြေတာင္ ဘယ္ေရာက္ကုန္မွန္းမသိဘဲ ခ်မ္းတစ္ေယာက္နဲ႔ကို ထူးမွာ လံုးခ်ာလိုက္ေနရသည္ ။
အစကတည္းက သူ လာအိပ္မယ္ဆိုတာကို လက္မခံဘဲ ကိုယ့္ဟာကိုယ္ တစ္ေယာက္တည္း အိပ္မိခဲ့ရင္ ေကာင္းသားဆိုတဲ့ ေနာင္တကလည္း အလံုးအရင္းႏွင့္ ရသည္ ။
ေနာက္ဆံုးေတာ့ ထူးလည္း လက္ေလ်ွာ့လိုက္ရကာ ထို အဖက္ခံ အခြခံ အေနအထားႀကီးနဲ႔ပဲ ၿငိမ္ေနၿပီး အိပ္ေပ်ာ္ေအာင္ အိပ္လိုက္ရေတာ့သည္ ။
မနက္ႏိုးလာတဲ့အခ်ိန္ထိ ခ်မ္းက ထိုပံုစံအတိုင္း အေနအထားမပ်က္ ။ ထူးမွာေတာ့ တစ္ကိုယ္လံုးကို ေတာင့္တင္းေနပါေတာ့သည္ ။
လူေပၚေရာက္ေနေသာ ခ်မ္းရဲ႕လက္ကို အရင္ဆံုး မ,ကာ ဖယ္ေတာ့ ဒင္းေလးက ႏိုးသြားပံုရကာ ဆတ္ခနဲျဖစ္သြားၿပီး ထူးအား မ်က္လံုးျပဴးႏွင့္ ၾကည့္လာကာ
" ဟင္ ဦးသာက ဘာလို႔ ကၽြန္ေတာ့္နား လာကပ္အိပ္ေနတာလဲ "
ေအာင္မာေလးဗ်ာ...သူခိုးက လူျပန္ဟစ္တယ္ဆိုတာ ဒါမ်ိဳးကိုေျပာတာထင္ပါရဲ႕ ။
" ေသခ်ာလည္းၾကည့္ၿပီး ေျပာပါဦး ခ်မ္းရယ္ ၊ မင္းက လာကပ္တာလား ၊ ငါက လာကပ္တာလား ဆိုတာ "
ထူး စိတ္ပ်က္လက္ပ်က္ႏွင့္ ခပ္ေဆာင့္ေဆာင့္ေျပာလိုက္ေတာ့မွ သူ႔အေနအထားသူ ျပန္ၾကည့္ရင္း
" ဟီး ကၽြန္ေတာ္က ကပ္လာတာလား "
" ကပ္ရံုတင္ က,မလား ၊ မင္း တစ္ညလံုး လူကို လာခြအိပ္ေနတာေလ ၊ ဖယ္ခ်လို႔လဲ မရနဲ႔ ၊ ေတာက္တဲ့ေသလို႔မ်ား ဝင္စားသလား မသိဘူး "
" အဲ့ဒါ ဦးသာ တရားခံပဲ "
" ဘာကိစၥ ငါက တရားခံျဖစ္ရမွာလဲ "
" ဦးသာက ဖက္ေခါင္းအံုးမွ မထားတာ ၊ ကၽြန္ေတာ္က ဖက္ေခါင္းအံုးနဲ႔ အိပ္ေနက်ဆိုေတာ့ အဲ့ဒါမရွိလို႔ ဦးသာကို ခြမိသြားတာ "
အံမယ္ဗ်ာ ။ ေနာက္ဆံုးေတာ့ ဖက္ေခါင္းအံုး မထားမိတဲ့ ထူးကပဲ အျပစ္ျဖစ္ရျပန္ေသး ။ ေကာင္းလိုက္ပံုမ်ား ။
" ဖက္ေခါင္းအံုးမရွိတာနဲ႔ပဲ အဲ့လို ေတြ႕ကရာလူ ခြအိပ္လို႔ ရမလားကြ "
" ကၽြန္ေတာ္က တမင္လုပ္တာမွ မဟုတ္တာကို ၊ ဦးသာ မေက်နပ္ရင္ ေနာက္ဆို ဖက္ေခါင္းအံုးဝယ္ထားဗ်ာ "
ေဆာင့္ႀကီးေအာင့္ႀကီး ေျပာၿပီးသည္ႏွင့္ အခန္းထဲကေန စူပုတ္ကာထြက္သြားေသာ ခ်မ္းကိုၾကည့္ရင္း က်န္ခဲ့ရတဲ့ ထူးမွာေတာ့ ပါးစပ္အေဟာင္းသား ။
ေနပါဦး ဒင္းေလးက ဘာေျပာသြားတာလဲ ။
မေက်နပ္ရင္ ေနာက္ဆို ဖက္ေခါင္းအံုးဝယ္ထား ဆိုေတာ့ကာ သူက ထူးအခန္းမွာ ေနာက္တစ္ခါမ်ား ထပ္အိပ္ဖို႔ စဥ္းစားေနေသးတာလားဟ ။
ေတာ္ပါၿပီ ေမာင္မင္းႀကီးသားရယ္ ။ အေတြးနဲ႔တင္ စိတ္ရႈပ္ရလြန္းလို႔ပါ ။
**********
ခ်မ္း ထိုအခန္းထဲကေန ေအာင့္ေအာင့္ကာ ထြက္လာၿပီး အခန္းကို ေတာ္ေတာ္ႀကီးေက်ာ္လာေတာ့မွ ေနာက္ျပန္လွည့္ကာ ခပ္ေစြေစြၾကည့္ရင္း
ဟြန္း အျဖစ္သည္းတဲ့ လူႀကီး ။
နည္းနည္းေလး ဖက္အိပ္မိတာကို ျဖစ္ေနလိုက္တာ ။ ခ်မ္းကေတာ့ သူ႕ကိုစိတ္ပူၿပီး အိပ္ေပးရတဲ့ဟာကို ။ မိန္းမရလို႔ သူ႔မိန္းမက အဲ့လိုဖက္အိပ္ရင္က် ေက်နပ္ေနမွာကိုမ်ား ခ်မ္းက်ေတာ့ ေျပာလိုက္ဆိုလိုက္တာ ။
တစ္သက္လံုး မိန္းမ မရပါေစနဲ႔ကြာ ။
ဟင္...ဒါနဲ႔ ေနမေကာင္းတာ သက္သာရဲ႕လားလို႔ေတာင္ မေမးခဲ့ရ ။ ခ်မ္းကို ေျပာႏိုင္ဆိုႏိုင္ပံုေထာက္ေတာ့ သက္သာသြားေလာက္ၿပီထင္ပါရဲ႕ေလ ။ ဘာပဲျဖစ္ျဖစ္ ေဆးေသာက္ဖို႔ေတာ့ လိုဦးမွာပဲ ။ ဦးသာစားဖို႔ တည့္မယ့္ဟာေလးတစ္ခုခုေတာ့ စီစဥ္ေပးဦးမွပါေလ ။
ဘာတစ္ခုမွအျဖစ္ရွိေအာင္ မလုပ္တတ္ေသာ ခ်မ္းလက္က ေခါက္ဆြဲျပဳတ္တစ္ပန္းကန္ကိုသာ ဖန္တီးႏိုင္ပါ၏ ။ ဦးသာကို ဒီထက္ေကာင္းတာ အရသာရွိတာေလး ေကၽြးခ်င္ပါေသာ္လည္း ကိုယ္က ဒီေလာက္သာ အရည္အခ်င္းရွိသည္မို႔ ။
ျပင္ဆင္ေနရင္းက ဦးသာ ထမင္းစားခန္းထဲဝင္လာတာေတြ႕ေတာ့
" ဦးသာ ကၽြန္ေတာ္ ေခါက္ဆြဲျပဳတ္ေပးထားတယ္ "
" ေက်းဇူးပဲ ခ်မ္း ၊ မင္းေရာ စားၿပီးၿပီလား "
" မစားရေသးဘူး "
" ဒါဆို တူတူစားမယ္ေလ "
" ဟုတ္ ဒါနဲ႔ ဟိုဟာေလ...ဦးသာက ေခါက္ဆြဲျပဳတ္ႀကိဳက္ရဲ႕လား "
" ႀကိဳက္ပါတယ္ ၊ ငါက အစားမေရြးဘူး ၊ ဘာျဖစ္ျဖစ္ အကုန္စားတယ္ "
" ဒါဆို စားၾကည့္ေနာ္ ဦးသာ ၊ အဆင္မေျပရင္လည္း ေျပာ "
" အင္း "
ခ်မ္းမွာ ေရွ႕က ပန္းကန္ကို စားဖို႔အာရံုမေရာက္ဘဲ သူ႔လက္ရာေခါက္ဆြဲျပဳတ္ကို အားရပါးရစားေနေသာ ဦးသာကိုသာ ေငးၾကည့္ေနမိသည္ ။
ကိုယ့္လက္ရာအား တစ္စံုတစ္ေယာက္က ႏွစ္ႏွစ္သက္သက္ စားေနတာကို ျမင္ရတဲ့အခ်ိန္ ျဖစ္လာတဲ့ပီတိဆိုတာ ဒီလိုခံစားခ်က္မ်ိဳးလား ။
ခ်မ္းဟာ အလိုလိုက္ခံလူတန္းစားမို႔ ခ်မ္းဘဝတစ္ေလ်ွာက္လံုး ဘယ္တစ္စံုတစ္ဦးကိုမွ ခုလိုမ်ိဳး လုပ္မေပးဖူးပါ ။ အဆံုးစြန္ ေမ နဲ႔ ေလးငယ္ကိုပင္ ခ်က္ျပဳတ္ေကၽြးတာမ်ိဳး တစ္ခါေလးေသာ္မွ မရွိခဲ့ဖူးေခ် ။
ဦးသာနဲ႔မွ....
" ခ်မ္း ဘာေငးေနတာလဲ ၊ မစားဘူးလား "
" စား... စားပါတယ္ "
" ဒီေန႔ ငါ အျပင္သြားစရာရွိတယ္ ၊ အဲ့ေတာ့ ဒီမနက္ပိုင္း စာမသင္ေတာ့ဘူး ၊ ညေနက်မွပဲ သင္မယ္ "
" ဦးသာ ေနလည္းမေကာင္းဘဲနဲ႔ အျပင္ထြက္မလို႔လား "
" ခ်ိန္းထားၿပီးသားျဖစ္ေနလို႔ ၊ ေဆးခန္းသြားရင္းနဲ႔ တစ္ခါတည္း သြားလိုက္မယ္ "
" ေနာက္မွျပန္ခ်ိန္းေပါ့ ဦးသာရ "
ခ်မ္းစကားေၾကာင့္ ဦးသာက ခဏေတာ့ ေတြခနဲျဖစ္သြားကာ ခ်က္ခ်င္းပင္ ေခါင္းကို ခါရမ္းလိုက္ရင္း
" မျဖစ္ပါဘူး ၊ ငါသြားမွျဖစ္မွာပါ ၊ မဟုတ္ရင္ ေမ်ွာ္ေနလိမ့္မယ္ "
ခ်မ္းကို ေျပာတာမ်ိဳးမဟုတ္ဘဲ သူ႔ဟာသူေရရြတ္ေနသလို စကားလံုးေတြက ခ်မ္းစိတ္ဝင္စားမႈကို ျမင့္တက္လာေစသည္ ။ ခ်ိန္းထားတာကိုေတာင္ မဖ်က္ခ်င္ရေအာင္ ဦးသာကို ေမ်ွာ္ေနမယ့္သူက ဘယ္သူမို႔လို႔လဲ ။
" ကၽြန္ေတာ္လည္း လိုက္ခ်င္တယ္ "
" မင္းက ဘာလိုက္လုပ္မွာလဲ "
" ဦးသာက ေနမေကာင္းဘူးေလ ၊ ကားေမာင္းသြားဖို႔စိတ္မခ်လို႔ ကၽြန္ေတာ္ လိုက္ေမာင္းပို႔မွာ "
" ဟိုက်ရင္ မင္း ပ်င္းေနလိမ့္မယ္ "
" ပ်င္း ပ်င္း ဗ်ာ ၊ လိုက္ပါမယ္ဆိုမွ "
" ေနစမ္းပါဦး ၊ အတင္းလိုက္ခ်င္ေနရေအာင္ ငါ ဘယ္သြားမယ္မွန္းေရာ သိလို႔လား မင္းက... "
" အမ္... အဲ သိ သိဖို႔မလိုဘူးေလ ၊ ဦးသာကို ကိုယ္တိုင္ ကားမေမာင္းေစခ်င္လို႔လိုက္မွာပဲဟာ "
" ဒါျဖင့္လည္း ၿပီးေရာ ၊ မင္း ေရခ်ိဳးထားလိုက္ ၊ ေနာက္ နာရီဝက္ေနရင္သြားမယ္ "
ေျပာၿပီးသည္ႏွင့္ လွည့္ထြက္သြားေသာသူႀကီးအား
" ဒါနဲ႕ ဦးသာက ဘယ္သြားမွာလဲ "
ခ်မ္းအား ၾကည့္မလာဘဲ ေက်ာေပးလ်က္သားမွ ေခါင္းကို အနည္းငယ္ေစာင္းငဲ့ကာ
" မင္းပဲ သိဖို႔မလိုဘူးဆို "
ဂါးးး ဒီလူႀကီးဟာေလ ။
_______________________________
A/N
ဖတ္ၿပီး အဆင္မေျပတာမ်ိဳးေတြ ရွိခဲ့ရင္လည္း ေဝဖန္အၾကံျပဳေပးၾကပါဦး ေနာ္ ။
Feedback ေတြတိုင္းအတြက္ ေက်းဇူးတင္လ်က္....
Phyu Layy.
___________________________
#For Unicode
ချမ်းပြုတ်လာပေးသော ဆန်ပြုတ်အား မက်မက်မောမောသောက်နေသော ဒီလူကြီးပုံစံက ချမ်းကို ဘာကြောင့်မှန်းမသိ ဝမ်းနည်းလာစေသည် ။
" သောက်လို့အဆင်ပြေရဲ့လား "
" အင်း "
" ကနေဒါမှာ တစ်ယောက်တည်း နေရတဲ့အချိန်တုန်းကရော ခုလို ဖျားဖူးလားဟင် ဦးသာ "
" အင်း...တစ်ခါ "
" အဲ့ဒီတုန်းက ဦးသာကို ဘယ်သူပြုစုပေးလဲ "
" ကိုယ့်ဟာကိုယ်ပဲ... "
ဒီလိုအဖြေပဲထွက်လာမယ်ဆိုတာ တွက်ဆထားမိရဲ့သားနဲ့တောင် တကယ်တမ်း ဦးသာနှုတ်မှပြောတာကို ကြားလိုက်ရချိန် ချမ်းရင်ထဲမှာ သနားစိတ်နဲ့ လှိုက်ခနဲ ။
မနက်ကအကြောင်းကို တွေးမိရင်လည်း ချမ်း ကိုယ့်ကိုကိုယ် စိတ်တိုသည် ။ တကယ်ဆိုရင် ဦးသာဒဏ်ရာရတဲ့အချိန်မှာ ဘေးကနေ ချမ်းက ကူပေးသင့်တာလေ ။ အဲ့ဒါကို ဘာမှလုပ်မပေးနိုင်ဘဲ တုန်လှုပ်နေမိတဲ့ ကိုယ့်ဟာကိုယ်လည်း မုန်းပါသည် ။ ဘယ်လောက်တောင် သုံးစားမရလည်းဆိုရင် ဒဏ်ရာကြီးနဲ့ဦးသာက ကိုယ်တိုင်ကားမောင်းသွားရတဲ့အဖြစ် ။
" ဦးသာ... ကျွန်တော် ကျွန်တော်တောင်းပန်ပါတယ် "
" ဟင် ဘာကိုလဲ "
သောက်ပြီးသွားတဲ့ ဆန်ပြုတ်ပန်းကန်လေးကို ဘေးက စားပွဲပေါ်တင်ရင်း ဦးသာက အံ့အားတသင့်မေးလာတော့
" မနက်က ကျွန်တော် ဘာမှမကူညီလိုက်နိုင်ဘူး ၊ အခုလည်း အခုလည်း ဆန်ပြုတ်ကောင်းကောင်းတောင် မပြုတ်နိုင်ဘဲ Ready made ထုပ်ကိုပဲ... "
ပြောရင်းနှင့် ဝမ်းနည်းလာကာ ချမ်း ငိုချမိတော့သည် ။
" ဟာ ချမ်း ဘာလို့ငိုတာလဲ ၊ တိတ်...တိတ် ဒီလောက်ကိစ္စလေးက ငိုစရာမှမဟုတ်တာ "
ဦးသာကတော့ ဒီကိစ္စလေးကြောင့် ငိုရလားဆိုပြီး အံ့သြနေမှာပေါ့ ။ ဒါပေမယ့် တကယ်တမ်း ချမ်း ငိုချမိတာက ဒီကိစ္စတစ်ခုတည်းကြောင့်မှ မဟုတ်တာလေ ။
နဂိုကမှ ဦးသာကိုသနားပြီး ဝမ်းနည်းနေရတဲ့ကြားထဲ အဖျားသွေးကြောင့် နီရဲနေတဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါ.....။
သိဘူးဗျာ....ငိုချင်နေတာပဲ သိတော့တယ် ။
" ဖျားတာက မနက်ဖြန်လောက်ဆို ပျောက်သွားမှာလေ ချမ်းရဲ့ ၊ မငိုနဲ့တော့ တိတ် တိတ် "
ဦးသာက ကုတင်အစွန်းထိ ရွှေ့ထိုင်လိုက်ရင်း ကုတင်ဘေးမှာ ကြိမ်ခုံပုလေးနဲ့ထိုင်နေသော ချမ်းခေါင်းကို ပွတ်ကာ ချော့သလို ပြောလာတော့ အချော့ခံရတဲ့ကလေး ပိုငို ဆိုသလိုပဲ ကုတင်ပေါ်ထိုင်နေတဲ့ ဦးသာရဲ့ပေါင်ပေါ်မှာ ခေါင်းမှောက်ချကာ အသံထွက်အောင်ကို ရှိုက်ငိုမိတော့သည် ။
ငိုနေရင်းနဲ့ ကျောပြင်ပေါ်မှာ ရွေ့လျားနေတဲ့ ခပ်ဖွဖွအထိအတွေ့ကြောင့် ချမ်းတစ်ယောက် ငိုနေသည့်ကြားမှ ပြုံးမိရသေးသည် ။ သူ့ကျောပြင်မှာ ရွေ့လျားနေသော ထိုလက်တစ်ဖက်ရဲ့အထိအတွေ့က နှလုံးသားထိတိုင် တစိမ့်စိမ့်နွေးထွေးစေတယ်ဆိုရင် ပိုလိုက်တာဟု ထင်ကြလေမလားမသိ ။ သို့သော် ထိုနွေးထွေးမှုက တကယ်ပဲ ဖြစ်လေသည် ။
*********
သူ့ပေါင်ပေါ်မှာ ခေါင်းမှောက်ချရင်း အသံတွေထွက်အောင်ငိုနေသော ချမ်းဟာ တကယ့်ကို ကလေးပေါက်စလေးလိုပင် ။ ဘာတွေကိုများ ဒီလောက်ခံစားပြီး ဝမ်းနည်းနေသည်မသိ ။
ထူးက ချော့တာပြုတာလည်း မကျွမ်းကျင်သည်မို့ နှုတ်က ပြောမိပြောရာတွေ လျှောက်ပြောရင်း ချမ်းကျောပြင်လေးကို ခပ်ဖွဖွပွတ်ကာ ထိုအငိုမင်းသားလေးအား တတ်သလောက် မှတ်သလောက် ချော့နေရတော့သည် ။
အင်း...ဖျားနေတဲ့ထူးက လူကောင်းပကတိကို ပြန်ချော့နေရတဲ့အဖြစ် ။ ချမ်းတစ်ယောက်နဲ့ ဟုတ်တော့ဟုတ်နေပြီ ။
တော်တော်ကြာတော့ ငိုလို့အားရသွားဟန်တူသည် ။ ထူးအား မို့အစ်အစ်မျက်နှာလေးနှင့် ရှက်ကိုးရှက်ကန်းမော့ကြည့်လာကာ
" အဟဲ ကျွန်တော်က အဲ့လိုပဲ ၊ တစ်ခါတစ်လေ အငိုသန်တယ် "
ငါသိသားပဲ လို့ပြောလိုက်ရင် ဒီကောင်လေး ပိုပြီးရှက်သွားမယ်ထင်သည် ။
" ဦးသာ ဆေးသောက်ပြီးရင် အိပ်တော့လေ "
" အင်း မင်းလည်း သွားအိပ်တော့ "
" ကျွန်တော် ဒီမှာအိပ်မှာ "
" ဟမ်...!!! "
ဒီကောင်လေး လာနောက်နေတာလား ။ ရုပ်တည်နှင့်ပြောနေပုံက နောက်နေတာနှင့်လည်း မတူပါ ။
" ဟုတ်တယ်လေ ၊ ဦးသာတစ်ယောက်တည်းအိပ်ပြီး ညကျ အဖျားတက်နေရင် ဘယ်လိုလုပ်မလဲ ၊ ကျွန်တော် ဒီမှာအိပ်တော့ အရေးအကြောင်းဆို ကူလို့ရတာပေါ့ "
အင်း ချမ်းပြောတော့လည်း ဟုတ်သလိုလိုရှိသား ။
" ဒါပေမယ့် ငါ့အခန်းထဲမှာ ကုတင်အပိုမှ မရှိတာ ၊ မင်း ဆိုဖာပေါ်မှာ အိပ်နိုင်လို့လား "
" ဟင့်အင်း ဆိုဖာပေါ်မှာတော့မအိပ်နိုင်ပါဘူး ၊ ဦးသာကုတင်ပေါ် တက်အိပ်မှာပေါ့ "
" ဟာ ဘယ်ဖြစ်မလဲ "
" ဘာလို့မဖြစ်ရမှာလဲ ၊ ဒီလောက် နှစ်ယောက်အိပ်ကုတင်အကျယ်ကြီးကို ၊ ဘာလဲ ကျွန်တော် အအိပ်ကြမ်းမှာကြောက်လို့လား ၊ စိတ်မပူပါနဲ့ ဦးသာရဲ့ ၊ ကျွန်တော်က အိပ်တာ ငြိမ်ပါတယ် "
အော်...ထူးကပဲ သူ အအိပ်ကြမ်းတာကို ကြောက်ရမယ်ရှိသေး ။ လူကောင်သေးသေး ဖြူဖတ်ဖတ်နဲ့ သူ့ပုံစံက ထူး တစ်ချက် မ,ရွှေ့စာပဲရှိသည် ။ ဒါကိုပဲ ထူးက ကြောက်ရဦးမယ်ပေါ့ ။ ငါ့နှယ်...ရယ်ချင်တော့တာပဲ ကောင်လေးရယ် ။
" ဒါမှမဟုတ် ဦးသာက အအိပ်ကြမ်းလို့လား "
" မကြမ်းပါဘူး "
" အင်းလေ ၊ ဒါဆိုပြီးတာပဲပေါ့ ၊ ဦးသာက ဟိုဘက်ခြမ်းမှာအိပ် ၊ ကျွန်တော်က ဒီဘက်ခြမ်းမှာ အိပ်မယ် "
ပြောပြီးသည်နှင့် ဒင်းလေးက ကုတင်ပေါ်တက်လာကာ လှဲချလိုက်တော့သည် ။ ပြောချင်ရာပြော လုပ်ချင်ရာလုပ်နဲ့ ဘယ်လိုကောင်လေးမှန်းမသိဘူးကွာ ။
ပြောမရမယ့်အတူတူ ထူးလည်း ကိုယ့်ဘက်အခြမ်းမှာကိုယ် ခပ်တောင့်တောင့် ဝင်လှဲလိုက်ရတော့သည် ။ ချမ်းပြောသလို ကုတင်ကြီးက အကျယ်ကြီးဆိုပေမယ့်လည်း သိတတ်စအရွယ်ကတည်းက ဘယ်သူနှင့်မှ တစ်ကုတင်တည်း အတူတူ မအိပ်ဖူးသော ထူးမှာတော့ စိတ်ကျဉ်းကျပ်ကာ ဘယ်လိုမှသက်တောင့်သက်သာမဖြစ် ။
ဒင်းလေးကတော့ ငြိမ်သွားတဲ့အချိန်ခဏလေးအတွင်းမှာကိုပဲ အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်သွားတော့သည် ။ ထူးမှာသာ မျက်လုံးအကြောင်သား ။
ကိုယ်ဖျားလို့ သူလာစောင့်တာလား ။ သူဖျားလို့ပဲ ကိုယ်ကပြန်စောင့်ရတာလား ဆိုတာတောင် မသဲကွဲတော့ချေ ။ တော်ပြီ တော်ပြီ ။ ဆက်တွေးမနေတော့ဘဲ ကြိုးစားပြီးပဲ အိပ်ပျော်အောင် အိပ်တာပဲ ကောင်းသည် ။
အသားမကျသော အနေအထားတစ်ခုကြောင့် ထူး အိပ်ပျော်နေရာမှ နိုးလာမိသည် ။ ကြည့်လိုက်တော့ အအိပ်မကြမ်းပါဘူးဆိုတဲ့ အမောင်ချမ်းက ထူးကို လက်နှင့်ရော ခြေထောက်နှင့်ပါ ဖက်ခွကာ အိပ်နေခြင်း ။
အသာတွန်းကာ ဖယ်ချလိုက်လည်း ခဏပင် ။ ပြီးတာနှင့် ပြန်ပြီးခွလာပြန်သည် ။
ကျွတ် ဒီဟာလေးနဲ့တော့ ဒုက္ခပါပဲကွာ ။
ထူးက ဖယ်ချလိုက် ဒင်းလေးက ပြန်ပြီး ဖက်ကာ ခွလာလိုက်နှင့် ဖျားနေတာတွေတောင် ဘယ်ရောက်ကုန်မှန်းမသိဘဲ ချမ်းတစ်ယောက်နဲ့ကို ထူးမှာ လုံးချာလိုက်နေရသည် ။
အစကတည်းက သူ လာအိပ်မယ်ဆိုတာကို လက်မခံဘဲ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း အိပ်မိခဲ့ရင် ကောင်းသားဆိုတဲ့ နောင်တကလည်း အလုံးအရင်းနှင့် ရသည် ။
နောက်ဆုံးတော့ ထူးလည်း လက်လျှော့လိုက်ရကာ ထို အဖက်ခံ အခွခံ အနေအထားကြီးနဲ့ပဲ ငြိမ်နေပြီး အိပ်ပျော်အောင် အိပ်လိုက်ရတော့သည် ။
မနက်နိုးလာတဲ့အချိန်ထိ ချမ်းက ထိုပုံစံအတိုင်း အနေအထားမပျက် ။ ထူးမှာတော့ တစ်ကိုယ်လုံးကို တောင့်တင်းနေပါတော့သည် ။
လူပေါ်ရောက်နေသော ချမ်းရဲ့လက်ကို အရင်ဆုံး မ,ကာ ဖယ်တော့ ဒင်းလေးက နိုးသွားပုံရကာ ဆတ်ခနဲဖြစ်သွားပြီး ထူးအား မျက်လုံးပြူးနှင့် ကြည့်လာကာ
" ဟင် ဦးသာက ဘာလို့ ကျွန်တော့်နား လာကပ်အိပ်နေတာလဲ "
အောင်မာလေးဗျာ...သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးကိုပြောတာထင်ပါရဲ့ ။
" သေချာလည်းကြည့်ပြီး ပြောပါဦး ချမ်းရယ် ၊ မင်းက လာကပ်တာလား ၊ ငါက လာကပ်တာလား ဆိုတာ "
ထူး စိတ်ပျက်လက်ပျက်နှင့် ခပ်ဆောင့်ဆောင့်ပြောလိုက်တော့မှ သူ့အနေအထားသူ ပြန်ကြည့်ရင်း
" ဟီး ကျွန်တော်က ကပ်လာတာလား "
" ကပ်ရုံတင် က,မလား ၊ မင်း တစ်ညလုံး လူကို လာခွအိပ်နေတာလေ ၊ ဖယ်ချလို့လဲ မရနဲ့ ၊ တောက်တဲ့သေလို့များ ဝင်စားသလား မသိဘူး "
" အဲ့ဒါ ဦးသာ တရားခံပဲ "
" ဘာကိစ္စ ငါက တရားခံဖြစ်ရမှာလဲ "
" ဦးသာက ဖက်ခေါင်းအုံးမှ မထားတာ ၊ ကျွန်တော်က ဖက်ခေါင်းအုံးနဲ့ အိပ်နေကျဆိုတော့ အဲ့ဒါမရှိလို့ ဦးသာကို ခွမိသွားတာ "
အံမယ်ဗျာ ။ နောက်ဆုံးတော့ ဖက်ခေါင်းအုံး မထားမိတဲ့ ထူးကပဲ အပြစ်ဖြစ်ရပြန်သေး ။ ကောင်းလိုက်ပုံများ ။
" ဖက်ခေါင်းအုံးမရှိတာနဲ့ပဲ အဲ့လို တွေ့ကရာလူ ခွအိပ်လို့ ရမလားကွ "
" ကျွန်တော်က တမင်လုပ်တာမှ မဟုတ်တာကို ၊ ဦးသာ မကျေနပ်ရင် နောက်ဆို ဖက်ခေါင်းအုံးဝယ်ထားဗျာ "
ဆောင့်ကြီးအောင့်ကြီး ပြောပြီးသည်နှင့် အခန်းထဲကနေ စူပုတ်ကာထွက်သွားသော ချမ်းကိုကြည့်ရင်း ကျန်ခဲ့ရတဲ့ ထူးမှာတော့ ပါးစပ်အဟောင်းသား ။
နေပါဦး ဒင်းလေးက ဘာပြောသွားတာလဲ ။
မကျေနပ်ရင် နောက်ဆို ဖက်ခေါင်းအုံးဝယ်ထား ဆိုတော့ကာ သူက ထူးအခန်းမှာ နောက်တစ်ခါများ ထပ်အိပ်ဖို့ စဉ်းစားနေသေးတာလားဟ ။
တော်ပါပြီ မောင်မင်းကြီးသားရယ် ။ အတွေးနဲ့တင် စိတ်ရှုပ်ရလွန်းလို့ပါ ။
**********
ချမ်း ထိုအခန်းထဲကနေ အောင့်အောင့်ကာ ထွက်လာပြီး အခန်းကို တော်တော်ကြီးကျော်လာတော့မှ နောက်ပြန်လှည့်ကာ ခပ်စွေစွေကြည့်ရင်း
ဟွန်း အဖြစ်သည်းတဲ့ လူကြီး ။
နည်းနည်းလေး ဖက်အိပ်မိတာကို ဖြစ်နေလိုက်တာ ။ ချမ်းကတော့ သူ့ကိုစိတ်ပူပြီး အိပ်ပေးရတဲ့ဟာကို ။ မိန်းမရလို့ သူ့မိန်းမက အဲ့လိုဖက်အိပ်ရင်ကျ ကျေနပ်နေမှာကိုများ ချမ်းကျတော့ ပြောလိုက်ဆိုလိုက်တာ ။
တစ်သက်လုံး မိန်းမ မရပါစေနဲ့ကွာ ။
ဟင်...ဒါနဲ့ နေမကောင်းတာ သက်သာရဲ့လားလို့တောင် မမေးခဲ့ရ ။ ချမ်းကို ပြောနိုင်ဆိုနိုင်ပုံထောက်တော့ သက်သာသွားလောက်ပြီထင်ပါရဲ့လေ ။ ဘာပဲဖြစ်ဖြစ် ဆေးသောက်ဖို့တော့ လိုဦးမှာပဲ ။ ဦးသာစားဖို့ တည့်မယ့်ဟာလေးတစ်ခုခုတော့ စီစဉ်ပေးဦးမှပါလေ ။
ဘာတစ်ခုမှအဖြစ်ရှိအောင် မလုပ်တတ်သော ချမ်းလက်က ခေါက်ဆွဲပြုတ်တစ်ပန်းကန်ကိုသာ ဖန်တီးနိုင်ပါ၏ ။ ဦးသာကို ဒီထက်ကောင်းတာ အရသာရှိတာလေး ကျွေးချင်ပါသော်လည်း ကိုယ်က ဒီလောက်သာ အရည်အချင်းရှိသည်မို့ ။
ပြင်ဆင်နေရင်းက ဦးသာ ထမင်းစားခန်းထဲဝင်လာတာတွေ့တော့
" ဦးသာ ကျွန်တော် ခေါက်ဆွဲပြုတ်ပေးထားတယ် "
" ကျေးဇူးပဲ ချမ်း ၊ မင်းရော စားပြီးပြီလား "
" မစားရသေးဘူး "
" ဒါဆို တူတူစားမယ်လေ "
" ဟုတ် ဒါနဲ့ ဟိုဟာလေ...ဦးသာက ခေါက်ဆွဲပြုတ်ကြိုက်ရဲ့လား "
" ကြိုက်ပါတယ် ၊ ငါက အစားမရွေးဘူး ၊ ဘာဖြစ်ဖြစ် အကုန်စားတယ် "
" ဒါဆို စားကြည့်နော် ဦးသာ ၊ အဆင်မပြေရင်လည်း ပြော "
" အင်း "
ချမ်းမှာ ရှေ့က ပန်းကန်ကို စားဖို့အာရုံမရောက်ဘဲ သူ့လက်ရာခေါက်ဆွဲပြုတ်ကို အားရပါးရစားနေသော ဦးသာကိုသာ ငေးကြည့်နေမိသည် ။
ကိုယ့်လက်ရာအား တစ်စုံတစ်ယောက်က နှစ်နှစ်သက်သက် စားနေတာကို မြင်ရတဲ့အချိန် ဖြစ်လာတဲ့ပီတိဆိုတာ ဒီလိုခံစားချက်မျိုးလား ။
ချမ်းဟာ အလိုလိုက်ခံလူတန်းစားမို့ ချမ်းဘဝတစ်လျှောက်လုံး ဘယ်တစ်စုံတစ်ဦးကိုမှ ခုလိုမျိုး လုပ်မပေးဖူးပါ ။ အဆုံးစွန် မေ နဲ့ လေးငယ်ကိုပင် ချက်ပြုတ်ကျွေးတာမျိုး တစ်ခါလေးသော်မှ မရှိခဲ့ဖူးချေ ။
ဦးသာနဲ့မှ....
" ချမ်း ဘာငေးနေတာလဲ ၊ မစားဘူးလား "
" စား... စားပါတယ် "
" ဒီနေ့ ငါ အပြင်သွားစရာရှိတယ် ၊ အဲ့တော့ ဒီမနက်ပိုင်း စာမသင်တော့ဘူး ၊ ညနေကျမှပဲ သင်မယ် "
" ဦးသာ နေလည်းမကောင်းဘဲနဲ့ အပြင်ထွက်မလို့လား "
" ချိန်းထားပြီးသားဖြစ်နေလို့ ၊ ဆေးခန်းသွားရင်းနဲ့ တစ်ခါတည်း သွားလိုက်မယ် "
" နောက်မှပြန်ချိန်းပေါ့ ဦးသာရ "
ချမ်းစကားကြောင့် ဦးသာက ခဏတော့ တွေခနဲဖြစ်သွားကာ ချက်ချင်းပင် ခေါင်းကို ခါရမ်းလိုက်ရင်း
" မဖြစ်ပါဘူး ၊ ငါသွားမှဖြစ်မှာပါ ၊ မဟုတ်ရင် မျှော်နေလိမ့်မယ် "
ချမ်းကို ပြောတာမျိုးမဟုတ်ဘဲ သူ့ဟာသူရေရွတ်နေသလို စကားလုံးတွေက ချမ်းစိတ်ဝင်စားမှုကို မြင့်တက်လာစေသည် ။ ချိန်းထားတာကိုတောင် မဖျက်ချင်ရအောင် ဦးသာကို မျှော်နေမယ့်သူက ဘယ်သူမို့လို့လဲ ။
" ကျွန်တော်လည်း လိုက်ချင်တယ် "
" မင်းက ဘာလိုက်လုပ်မှာလဲ "
" ဦးသာက နေမကောင်းဘူးလေ ၊ ကားမောင်းသွားဖို့စိတ်မချလို့ ကျွန်တော် လိုက်မောင်းပို့မှာ "
" ဟိုကျရင် မင်း ပျင်းနေလိမ့်မယ် "
" ပျင်း ပျင်း ဗျာ ၊ လိုက်ပါမယ်ဆိုမှ "
" နေစမ်းပါဦး ၊ အတင်းလိုက်ချင်နေရအောင် ငါ ဘယ်သွားမယ်မှန်းရော သိလို့လား မင်းက... "
" အမ်... အဲ သိ သိဖို့မလိုဘူးလေ ၊ ဦးသာကို ကိုယ်တိုင် ကားမမောင်းစေချင်လို့လိုက်မှာပဲဟာ "
" ဒါဖြင့်လည်း ပြီးရော ၊ မင်း ရေချိုးထားလိုက် ၊ နောက် နာရီဝက်နေရင်သွားမယ် "
ပြောပြီးသည်နှင့် လှည့်ထွက်သွားသောသူကြီးအား
" ဒါနဲ့ ဦးသာက ဘယ်သွားမှာလဲ "
ချမ်းအား ကြည့်မလာဘဲ ကျောပေးလျက်သားမှ ခေါင်းကို အနည်းငယ်စောင်းငဲ့ကာ
" မင်းပဲ သိဖို့မလိုဘူးဆို "
ဂါးးး ဒီလူကြီးဟာလေ ။
______________________________
A/N
ဖတ်ပြီး အဆင်မပြေတာမျိုးတွေ ရှိခဲ့ရင်လည်း ဝေဖန်အကြံပြုပေးကြပါဦး နော် ။
Feedback တွေတိုင်းအတွက် ကျေးဇူးတင်လျက်....
Phyu Layy.
___________________________