ၾကင္ယာေတာ္ "မို႔ရန္"

By Iris-Lily

398K 42.7K 1.6K

အခ်ိန္ခရီးသြားျခင္းက တကယ္ပဲ ရွိတာလား.... ပတ္ဝန္းက်င္က လႈပ္ရွားသြားလာေနသည့္ လူမ်ားက သူမကို "ဒါတကယ္ဟုတ္တယ္" ဟု... More

အပိုင္း (၁)
အပိုင္း (၂)
အပိုင္း (၃)
အပိုင္း (၄)
အပိုင္း (၅)
အပိုင္း (၆)
အပိုင္း (၇)
အပိုင္း (၈)
အပိုင္း (၉)
အပိုင္း (၁၀)
အပိုင္း (၁၁)
အပုိင္း (၁၂)
:(
အပိုင္း (၁၃)
အခန္း (၁၄)
အပိုင္း (၁၅)
အပိုင္း (၁၆)
အပိုင္း (၁၇)
အပိုင္း (၁၈)
အပိုင္း (၁၉)
အပိုင္း (၂၀)
အပိုင္း (၂၁)
အပုိင္း (၂၂)
အပိုင္း (၂၃)
အပိုင္း (၂၄)
အပိုင္း (၂၅)
အပိုင္း (၂၆)
အပိုင္း (၂၇)
အပိုင္း (၂၈)
အပိုင္း (၂၉)
အပိုင္း (၃၀)
အပိုင္း (၃၁)
အပိုင္း (၃၂)
:D
အပိုင္း (၃၃)
အပိုင္း (၃၄)
အပိုင္း (၃၅)
အပိုင္း (၃၆)
အပိုင္း (၃၇)
အပိုင္း (၃၈)
အပိုင္း (၃၉)
အပိုင္း (၄၀)
အသိေပးအေၾကာင္းၾကားျခင္း
အပိုင္း (၄၁)
အပိုင္း (၄၂)
အပိုင္း (၄၃)
အပိုင္း (၄၄)
အပိုင္း (၄၅)
အပိုင္း (၄၆)
အပိုင္း (၄၇)
အပိုင္း (၄၈)
အပိုင္း (၄၉)
အပိုင္း (၅၀)
အပိုင္း (၅၁)
အပိုင္း (၅၂)
အပိုင္း (၅၃)
အပိုင္း (၅၄)
အပိုင္း (၅၅)
အပိုင္း (၅၆)
အပိုင္း (၅၇)
အပိုင္း (၅၈)
အပိုင္း (၅၉)
အပိုင္း (၆၀)
အပိုင္း (၆၁)
အပိုင္း (၆၂)
အပိုင္း (၆၃)
အပိုင္း (၆၄)
အပိုင္း (၆၅)
အပိုင္း (၆၇)
အပိုင္း (၆၈)
အပိုင္း (၆၉)
အပိုင္း (၇၀)
အပိုင္း (၇၁)
အပိုင္း (၇၂)
အပိုင္း (၇၃)
အပိုင္း (၇၄)
အပိုင္း (၇၅)
အပိုင္း (၇၆)
အပိုင္း (၇၇)
အပိုင္း (၇၈)
အပိုင္း (၇၉)
အပိုင္း (၈၀)

အပိုင္း (၆၆)

2K 293 29
By Iris-Lily





ေလအေဝွ႔တြင္ ပ်ံ႕လြင့္လာေသာ တီးမႈတ္သံေတြက ဒါဟာ ေပ်ာ္ပြဲ႐ႊင္ပြဲတစ္ခု က်င္းပေနေၾကာင္း ေမးစရာ မလိုေလာက္။ ေသခ်ာသည္ေပါ့။ ေ႐ႊလင္းယုန္တပ္စခန္းရွိရာမွ လွ်ံထြက္လာေသာ ရယ္သံမ်ား၊ တီးမႈတ္သံမ်ားပင္။ စစ္သည္အားလုံးတို႔က တက္တက္ႂကြႂကြပင္ သီဆိုေနေသာ စစ္ခ်ီေတး၊ ေအာင္ပြဲခံ ေတးတို႔ေၾကာင့္ ပြဲက ပိုႂကြေနသည္။ နဂါးနီစစ္သည္တို႔ကို ခံတပ္ ၄ကေနတဆင့္ တိုက္ထုတ္ႏိုင္ခဲ့႐ုံမက သိမ္းပိုက္ခံလိုက္ရေသာ က်န္သည့္ခံတပ္ ၃ခုလုံးကိုပါ ျပန္ရသည္အထိ ရွင္းလင္းႏိုင္ခဲ့သည္ မဟုတ္ပါလား။

"ရွင္တို႔ကို က်မလည္း…. ဂုဏ္ျပဳေပးရမွာေပါ့… အစ္ကိုရွန႔္လည္း နားေထာင္ရေအာင္…. ညီမကို ခြင့္ျပဳေပးပါ…"

"အင္း…."

ျမည္႐ုံမွ်ေသာ အသံသာျပဳရင္း ဟြာရွန႔္ မ်က္လုံးတို႔က ေရွ႕တူရႈကေန မေ႐ြ႕သြား။ ဖန္းယဲ့ သူၾကည့္ရာ လိုက္ၾကည့္ေသာ္လည္း ေရွ႕တြင္ စစ္သည္တို႔ သူမေဖ်ာ္ေျဖမည္ကို ေစာင့္စားေနေသာ မ်က္ႏွာတို႔ကိုသာ ေတြ႕ရသည္။ ဟြာရွန႔္စိတ္ပင္ပန္းေနလို႔သာ ျဖစ္မည္ဟု ျဖည့္ေတြးလိုက္သည္။ အေစခံတို႔ ျပင္ဆင္ေပးသည့္ ကူခ်င္ကို လက္သံခဏစမ္းၾကည့္ၿပီးေနာက္ လေရာင္ေမွ်ာ္ေသာ ပဒုမၼာသီခ်င္းကို စတင္တီးခတ္သည္။ သီခ်င္းအဓိပၸာယ္က ခ်စ္ရသူထံမွ ျပန္လည္တုံ႔ျပန္လာမည့္ ေမတၱာတို႔ကို ရရွိႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားေနေသာ လုလင္ပ်ိဳအေၾကာင္း ေရးဖြဲ႕ထားသည္ပင္။ အားလုံးက သူမလက္သံၾကား ေမ်ာဝင္ေနၾကေသာ္လည္း ဟြာရွန႔္မ်က္လုံးတို႔က သူ႔ေရွ႕ျမင္ကြင္းရွိ လူအုပ္အားလုံး၏ အစြန္နားတြင္ ထိုင္ေနေသာ ပုံရိပ္ကိုသာ ၾကည့္ေနမိသည္။ ခံတပ္ ၄ မွ ျပန္လာေသာ လမ္းတစ္ေလွ်ာက္ စကားတစ္လုံးမွ မေျပာျဖစ္ခဲ့သည္ကိုလည္း သတိရမိသည္။ တိုက္ပြဲတုန္းက သူမ ေအာ္ေခၚလိုက္သည့္ အစ္ကိုဆိုသည့္သူက မည္သူနည္း။ သူမတို႔ကို ကယ္ထုတ္ခဲ့ေသာ္လည္း ဘာေၾကာင့္မ်ား သူမ မေပ်ာ္ေနရသနည္း။ သူကေရာ ဒါေတြကို ဘာလို႔ေတြးေနရသလဲ။ ကိုယ့္ကိုယ္ကို ေမးခြန္းထုတ္ရင္း အေတြးထဲ ေမ်ာနစ္ေနတုန္း သူမက ထိုင္ေနရာမွထကာ တစ္ေနရာရာကို ထြက္သြားသည္ကို ေတြ႕လိုက္သည္။

ေျဖာင္း…. ေျဖာင္း….. ေျဖာင္း….

"သခင္မေလးယဲ့က ကူခ်င္တီးတာ အရမ္းေတာ္တာပဲ…."

"နားေထာင္ရတာ သိပ္ေကာင္းလြန္းတယ္…"

"က်ေနာ္တို႔ကို ဂုဏ္ျပဳေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ သခင္မေလးယဲ့…."

"က်မက အဲဒီေလာက္လည္း မေတာ္ပါဘူး…. ရွင္တို႔ကို အခုလို ဂုဏ္ျပဳခြင့္ရလို႔ ဝမ္းသာမိပါတယ္…"

"က်ေနာ္တို႔လည္း… စစ္သူႀကီးနဲ႔ သခင္မေလးတို႔ မဂၤလာပြဲမွာ….  ဂုဏ္ျပဳဖို႔အတြက္ ေစာင့္ေနပါတယ္…."

"ဒါဆိုလည္း… ေက်းဇူးတင္ရမွာေပါ့…."

အားလုံးက လက္ခုပ္မ်ားတီးကာ ခ်ီးၾကဴးဂုဏ္ျပဳၾကသည္ကို ရွက္ၿပဳံးမ်ားျဖင့္ ခံယူရင္း ဖန္းယဲ့ စင္ေပၚရွိ ထိုင္ခုံကို လွမ္းၾကည့္လိုက္သည္။ ဟြာရွန႔္က ဘာမွမၾကားသည့္အလား။ သူမကို ခပ္လွ်မ္းလွ်မ္းသာ ၾကည့္ၿပီး

"မင္းတို႔… သက္သာသလိုေနၾက…"

ထိုစကားတစ္ခြန္းကိုသာ ေျပာကာ ထိုင္ခုံေပၚမွထထြက္သြားသည္။ ဖန္းယဲ့မ်က္ႏွာ တိမ္မည္းအုပ္သြားသည့္ လ ပမာ။ အိမ္ေတာ္ထိန္း ပိုင္ က ခ်က္ခ်င္းပင္

"သခင္မေလးယဲ့… အရွင့္သားက အေရးႀကီးကိစၥေတြ ရွိေနလို႔ အာ႐ုံမ်ားေနလို႔ပါ… စိတ္ထဲ မထည့္ပါနဲ႔…."

"ဒါဆိုလည္း ဒီလိုပဲ… သတ္မွတ္လိုက္တာေပါ့…"

မို႔ရန္ ဂုဏ္ျပဳပြဲက်င္းပရာကေန တိတ္တိတ္ေလး ထြက္လာခဲ့ၿပီးေနာက္ ေျခလွမ္းတို႔က ဦးတည္ရာမရွိ ေလွ်ာက္ေနရင္း ေရကန္စပ္ေပၚထိုးထားေသာ သစ္သားတံတားစြန္းဆီေရာက္မွ ေျခေထာက္က တုံ႔သြားသည္။ တံတားေပၚကန႔္လန႔္ျဖတ္ လွဲခ်ၿပီး ေကာင္းကင္ရွိ ၾကယ္မ်ားကိုလည္း အဓိပၸာယ္မဲ့ ၾကည့္မိသည္။ အားလုံးေပ်ာ္ေနခ်ိန္တြင္ သူမ မေပ်ာ္ႏိုင္။ သုံးကေလးကိုလည္း ျမင္ေယာင္သည္။ ကြမ္းခ်ီအတြက္လည္း ေသာကမ်ားရသည့္အတြက္ မငိုမိေအာင္ ထိန္းထားရေသာ္လည္း ေတာင့္မခံႏိုင္သည့္အဆုံး ပြဲမွ ထထြက္လာခဲ့ျခင္းပင္။ မ်က္လုံးေထာင့္နားမွ မ်က္ရည္တို႔ စီးက်သြားျပန္သည္။ လက္ခုံျဖင့္ အသာအယာသုတ္ရင္း ႐ုတ္တရက္ ထထိုင္သည္။ ယူလာသည့္ ေသရည္ကရားကို တစ္စက္မွ မက်န္သည္အထိ တရွိန္ထိုးေမာ့ေသာက္လိုက္သည္။ ဦးေႏွာက္က နည္းနည္းရီေဝေဝ ျဖစ္လာသည္။

"ဟား… ဟား… ဟား…. ဟား….. ငါ တကိုယ္ေကာင္းမဆန္ခဲ့သင့္ဘူး… ငါသာ မထြက္ေျပးခဲ့ရင္… သူလည္း အသက္ရွင္ႏိုင္မွာ… အဟက္…. နင္က ကိုယ့္ဖို႔ပဲ သိတဲ့သူပဲ… က်ီမို႔ရန္… နင္ … လူေရာ ဟုတ္ေသးရဲ႕လား…."

တစ္ေယာက္တည္း ရီလိုက္၊ စကားေျပာလိုက္၊ ငိုလိုက္ျဖစ္ေနေသာ မို႔ရန္ကို ဟြာရွန႔္ ခ်ယ္ရီပင္နားကေန ေစာင့္ၾကည့္ေနသည္။

"က်ီမို႔ရန္…. ဒါ သူ႔နာမည္အမွန္လား… မို႔ရန္… မို႔ရန္… သူမပဲလား…"

ဟြာရွန႔္ ထိုနာမည္ကို ေရ႐ြတ္ၾကည့္ရင္း အိမ္မက္ထဲက မိန္းကေလး၏ အမည္ကို သူတေၾကာ္ေၾကာ္ ေခၚခဲ့သည္ကို မည္သို႔ေမ့ႏိုင္ပါမည္နည္း။ မို႔ရန္က တစ္ေယာက္တည္းစကားေျပာေနရင္းကေန သူမပါးကို သူမဘာသာ ဘယ္ျပန္ညာျပန္႐ိုက္ေနျပန္သည္။ သူ အေလာတႀကီးျဖင့္ ျမန္ဆန္စြာေလွ်ာက္သြားၿပီး

"ေတာ္ေလာက္ၿပီ…"

သူမေနာက္မွ အသံေၾကာင့္ မို႔ရန္ လန႔္သြားကာ အေနာက္ကို လွည့္ၾကည့္သည္။ ၿပီးေနာက္ ဆတ္ခနဲထရပ္ကာ အ႐ိုအေသျပဳသည္။

"စစ္သူႀကီး….."

"ၿပီးခဲ့တာေတြက အေၾကာင္းေတြရွိခဲ့လို႔ျဖစ္ခဲ့တာပဲ… မင္းရဲ႕ ဒီလိုပုံစံကိုျမင္ရင္ မင္းကိုကယ္ခဲ့တဲ့သူကို အားမနာဘူးလား… ကိုယ့္ကိုယ္ကို အျပစ္ဖို႔ေနတာက အေျဖမဟုတ္ဘူး…."

"က်ေနာ္… နားလည္ပါၿပီ… စစ္သူႀကီး…"

ဘြားခနဲ ေပၚလာသည့္ ဟြာရွန႔္ေၾကာင့္ မို႔ရန္ အံ့ၾသမိေသာ္လည္း မည္သည့္စကားအပိုမွ ထပ္မေျပာမိေအာင္ ေနသည္။ ယခုလိုအခ်ိန္တြင္ သူက ဖန္းယဲ့နားတြင္ ရွိမေနဘဲ ဒီေနရာတြင္ ရွိေနသည့္အတြက္ ပိုၿပီးအံ့ၾသမိသည္။ တိတ္ဆိတ္ျခင္းက အတန္ၾကာႀကီးစိုးသြားသည္။ ေကာင္းကင္ကို ေမာ့ၾကည့္ေနေသာ ဟြာရွန႔္ကို ၾကည့္ရင္း သူမ ထြက္သြားရေကာင္းမလား၊ ဆက္ေနရမလား မသိေတာ့။

"မင္း… ၾကယ္ေတြနဲ႔ စကားေျပာဖူးလား…"

"အမ္…"

ေမးခြန္းေၾကာင့္ မို႔ရန္ ေၾကာင္အသြားသည္။ ဘာကိုဆိုလိုသည္ကို မသိေခ်။ ထို႔အတြက္

"မေျပာဖူးပါဘူး…"

"မင္း… ၾကယ္ၾကည့္ေနတာ မဟုတ္လား… ဒီကိုလာ…"

ဟြာရွန႔္က သူ႔ေဘးနားတြင္ လာထိုင္ရန္ တံတားၾကမ္းျပင္ကို လက္ျဖင့္ပုတ္ျပသည္။ မို႔ရန္ေခါင္းတြင္ အခ်က္ေပးေခါင္းေလာင္းသံတို႔ ဆူညံသြားသည္။ လက္ထပ္ေတာ့မည့္ အမ်ိဳးသားတစ္ဦးႏွင့္ ထိုကဲ့သို႔ နီးကပ္စြာထိုင္ေနျခင္းက မသင့္ေလ်ာ္။ ကန္နားတစ္ဝိုက္ သူမႏွင့္ ဟြာရွန႔္ကလြဲၿပီး မည္သူမွ မရွိေသာ္လည္း မျမင္ရေသာမ်က္လုံးတို႔က ေၾကာက္ဖို႔ေကာင္းသည္။ မသင့္ေတာ္သည့္ အတင္းအဖ်င္းစကားမ်ားက အမဖန္းယဲ့၏ ဂုဏ္သေရကို ထိခိုက္ေစလိမ့္မည္။

"က်ေနာ္ ၾကယ္ၾကည့္လို႔ ဝသြားပါၿပီ… စစ္သူႀကီး… စိတ္မရွိပါနဲ႔…"

"ဟန႔္…"

ႏႈတ္ခမ္းက မထီသည့္အာေမဍိတ္သံေၾကာင့္ ဟြာရွန႔္မ်က္ႏွာကို ၾကည့္မိသည္။ ဟြာရွန႔္က ထိုင္ေနရာမွ ထရပ္ၿပီး သူမနား ေလွ်ာက္လာသည္။
"ဒီစစ္သူႀကီးက အမိန႔္ေပးေနတယ္ဆိုရင္ေရာ…"

"ဒါက… မသင့္ေလ်ာ္ပါဘူး… စစ္သူႀကီး…. စစ္သူႀကီးလို မဟာေတာ္ဝင္သူနဲ႔ ဒီက အဆင့္နိမ့္စစ္သည္တို႔ ဒီလိုအတူတြဲထိုင္ေနတာက အရွင့္ကို ေစာ္ကားေနသလိုျဖစ္သြားမွာ စိုးလို႔ပါ…. က်ေနာ္ မထိုင္ရဲပါဘူး…"

ဟြာရွန႔္ကို မၾကည့္ဘဲ လက္ႏွစ္ဖက္ကိုအျပန္အလွန္ဆုပ္ကိုင္ၿပီး အ႐ိုအေသေပးရင္း ေခါင္းကိုငုံ႔ထားေသာ္လည္း ဓါးသြားလိုထက္ရွၿပီး တလက္လက္စူးရဲေနမည့္ အၾကည့္တို႔ကို ခံစားလို႔ရေနသည္။ ထို႔အတူ ပတ္ဝန္းက်င္တစ္ခုလုံးသည္လည္း ေႏြဦးကေန ေဆာင္းလယ္ကာလသို႔ ေရာက္သြားသည့္ႏွယ္။ ေအးစက္လြန္းလွသည္။

"အမိန႔္ကို ဖီဆန္ရင္ ဘာျဖစ္မလဲ မင္းသိတယ္ဟုတ္လား…."

မယုံႏိုင္စြာပင္ သူ႔ကိုေမာ့ၾကည့္လာေသာ မ်က္ဝန္းတို႔သည္ မ်က္ရည္မ်ားမေျခာက္ေသးသည့္အတြက္ လေရာင္ႏွင့္ ဆီမီးေရာင္တို႔ေၾကာင့္ ဒီည၏ေကာင္းကင္ထက္က ၾကယ္ကေလးမ်ားလို တလက္လက္။ ၾကယ္မ်ားကလည္း သူမ၏ မ်က္ဝန္းထဲတြင္ ကခုန္ေနရသည္ကို ႏွစ္သက္ဟန္တူသည့္အလား။ မ်က္ေတာင္တို႔သည္ ႏူးညံ့ေနမလား သူ႐ုတ္တရက္ႀကီး သိခ်င္လာသည္။ သို႔ေသာ္ သူမ၏ ႏႈတ္ခမ္းက ထြက္က်လာသည့္ စကားတို႔သည္ သူေမွ်ာ္လင့္ထားသလိုမဟုတ္။ 

"က်ေနာ္ ေကာင္းေကာင္းႀကီး သိပါတယ္…. အရွင့္သား… မနက္ျဖန္မနက္ေရာက္တာနဲ႔… က်ေနာ္ ျပစ္ဒဏ္သြားခံပါ့မယ္…. က်ေနာ့္ကို သြားခြင့္ျပဳပါ…"

ေျပာလည္းေျပာၿပီးသည္ႏွင့္ မို႔ရန္ ခ်ာခနဲလွည့္ထြက္ၿပီး ထြက္သြားသည္။ ေျခလွမ္းဆယ္လွမ္းေတာင္ မျပည့္ေသး။ ဟြာရွန႔္၏ စကားေၾကာင့္ ေျခလွမ္းတို႔ ရပ္လုနီးပါးပင္။

"အဲဒီလူက ဘယ္သူလဲ…"


============================





အပိုင်း (၆၆)


လေအဝှေ့တွင် ပျံ့လွင့်လာသော တီးမှုတ်သံတွေက ဒါဟာ ပျော်ပွဲရွှင်ပွဲတစ်ခု ကျင်းပနေကြောင်း မေးစရာ မလိုလောက်။ သေချာသည်ပေါ့။ ရွှေလင်းယုန်တပ်စခန်းရှိရာမှ လျှံထွက်လာသော ရယ်သံများ၊ တီးမှုတ်သံများပင်။ စစ်သည်အားလုံးတို့က တက်တက်ကြွကြွပင် သီဆိုနေသော စစ်ချီတေး၊ အောင်ပွဲခံ တေးတို့ကြောင့် ပွဲက ပိုကြွနေသည်။ နဂါးနီစစ်သည်တို့ကို ခံတပ် ၄ကနေတဆင့် တိုက်ထုတ်နိုင်ခဲ့ရုံမက သိမ်းပိုက်ခံလိုက်ရသော ကျန်သည့်ခံတပ် ၃ခုလုံးကိုပါ ပြန်ရသည်အထိ ရှင်းလင်းနိုင်ခဲ့သည် မဟုတ်ပါလား။

"ရှင်တို့ကို ကျမလည်း…. ဂုဏ်ပြုပေးရမှာပေါ့… အစ်ကိုရှန့်လည်း နားထောင်ရအောင်…. ညီမကို ခွင့်ပြုပေးပါ…"

"အင်း…."

မြည်ရုံမျှသော အသံသာပြုရင်း ဟွာရှန့် မျက်လုံးတို့က ရှေ့တူရှုကနေ မရွေ့သွား။ ဖန်းယဲ့ သူကြည့်ရာ လိုက်ကြည့်သော်လည်း ရှေ့တွင် စစ်သည်တို့ သူမဖျော်ဖြေမည်ကို စောင့်စားနေသော မျက်နှာတို့ကိုသာ တွေ့ရသည်။ ဟွာရှန့်စိတ်ပင်ပန်းနေလို့သာ ဖြစ်မည်ဟု ဖြည့်တွေးလိုက်သည်။ အစေခံတို့ ပြင်ဆင်ပေးသည့် ကူချင်ကို လက်သံခဏစမ်းကြည့်ပြီးနောက် လရောင်မျှော်သော ပဒုမ္မာသီချင်းကို စတင်တီးခတ်သည်။ သီချင်းအဓိပ္ပာယ်က ချစ်ရသူထံမှ ပြန်လည်တုံ့ပြန်လာမည့် မေတ္တာတို့ကို ရရှိနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေသော လုလင်ပျိုအကြောင်း ရေးဖွဲ့ထားသည်ပင်။ အားလုံးက သူမလက်သံကြား မျောဝင်နေကြသော်လည်း ဟွာရှန့်မျက်လုံးတို့က သူ့ရှေ့မြင်ကွင်းရှိ လူအုပ်အားလုံး၏ အစွန်နားတွင် ထိုင်နေသော ပုံရိပ်ကိုသာ ကြည့်နေမိသည်။ ခံတပ် ၄ မှ ပြန်လာသော လမ်းတစ်လျှောက် စကားတစ်လုံးမှ မပြောဖြစ်ခဲ့သည်ကိုလည်း သတိရမိသည်။ တိုက်ပွဲတုန်းက သူမ အော်ခေါ်လိုက်သည့် အစ်ကိုဆိုသည့်သူက မည်သူနည်း။ သူမတို့ကို ကယ်ထုတ်ခဲ့သော်လည်း ဘာကြောင့်များ သူမ မပျော်နေရသနည်း။ သူကရော ဒါတွေကို ဘာလို့တွေးနေရသလဲ။ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရင်း အတွေးထဲ မျောနစ်နေတုန်း သူမက ထိုင်နေရာမှထကာ တစ်နေရာရာကို ထွက်သွားသည်ကို တွေ့လိုက်သည်။

ဖြောင်း…. ဖြောင်း….. ဖြောင်း….

"သခင်မလေးယဲ့က ကူချင်တီးတာ အရမ်းတော်တာပဲ…."

"နားထောင်ရတာ သိပ်ကောင်းလွန်းတယ်…"

"ကျနော်တို့ကို ဂုဏ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မလေးယဲ့…."

"ကျမက အဲဒီလောက်လည်း မတော်ပါဘူး…. ရှင်တို့ကို အခုလို ဂုဏ်ပြုခွင့်ရလို့ ဝမ်းသာမိပါတယ်…"

"ကျနော်တို့လည်း… စစ်သူကြီးနဲ့ သခင်မလေးတို့ မင်္ဂလာပွဲမှာ….  ဂုဏ်ပြုဖို့အတွက် စောင့်နေပါတယ်…."

"ဒါဆိုလည်း… ကျေးဇူးတင်ရမှာပေါ့…."

အားလုံးက လက်ခုပ်များတီးကာ ချီးကြူးဂုဏ်ပြုကြသည်ကို ရှက်ပြုံးများဖြင့် ခံယူရင်း ဖန်းယဲ့ စင်ပေါ်ရှိ ထိုင်ခုံကို လှမ်းကြည့်လိုက်သည်။ ဟွာရှန့်က ဘာမှမကြားသည့်အလား။ သူမကို ခပ်လျှမ်းလျှမ်းသာ ကြည့်ပြီး

"မင်းတို့… သက်သာသလိုနေကြ…"

ထိုစကားတစ်ခွန်းကိုသာ ပြောကာ ထိုင်ခုံပေါ်မှထထွက်သွားသည်။ ဖန်းယဲ့မျက်နှာ တိမ်မည်းအုပ်သွားသည့် လ ပမာ။ အိမ်တော်ထိန်း ပိုင် က ချက်ချင်းပင်

"သခင်မလေးယဲ့… အရှင့်သားက အရေးကြီးကိစ္စတွေ ရှိနေလို့ အာရုံများနေလို့ပါ… စိတ်ထဲ မထည့်ပါနဲ့…."

"ဒါဆိုလည်း ဒီလိုပဲ… သတ်မှတ်လိုက်တာပေါ့…"

မို့ရန် ဂုဏ်ပြုပွဲကျင်းပရာကနေ တိတ်တိတ်လေး ထွက်လာခဲ့ပြီးနောက် ခြေလှမ်းတို့က ဦးတည်ရာမရှိ လျှောက်နေရင်း ရေကန်စပ်ပေါ်ထိုးထားသော သစ်သားတံတားစွန်းဆီရောက်မှ ခြေထောက်က တုံ့သွားသည်။ တံတားပေါ်ကန့်လန့်ဖြတ် လှဲချပြီး ကောင်းကင်ရှိ ကြယ်များကိုလည်း အဓိပ္ပာယ်မဲ့ ကြည့်မိသည်။ အားလုံးပျော်နေချိန်တွင် သူမ မပျော်နိုင်။ သုံးကလေးကိုလည်း မြင်ယောင်သည်။ ကွမ်းချီအတွက်လည်း သောကများရသည့်အတွက် မငိုမိအောင် ထိန်းထားရသော်လည်း တောင့်မခံနိုင်သည့်အဆုံး ပွဲမှ ထထွက်လာခဲ့ခြင်းပင်။ မျက်လုံးထောင့်နားမှ မျက်ရည်တို့ စီးကျသွားပြန်သည်။ လက်ခုံဖြင့် အသာအယာသုတ်ရင်း ရုတ်တရက် ထထိုင်သည်။ ယူလာသည့် သေရည်ကရားကို တစ်စက်မှ မကျန်သည်အထိ တရှိန်ထိုးမော့သောက်လိုက်သည်။ ဦးနှောက်က နည်းနည်းရီဝေဝေ ဖြစ်လာသည်။

"ဟား… ဟား… ဟား…. ဟား….. ငါ တကိုယ်ကောင်းမဆန်ခဲ့သင့်ဘူး… ငါသာ မထွက်ပြေးခဲ့ရင်… သူလည်း အသက်ရှင်နိုင်မှာ… အဟက်…. နင်က ကိုယ့်ဖို့ပဲ သိတဲ့သူပဲ… ကျီမို့ရန်… နင် … လူရော ဟုတ်သေးရဲ့လား…."

တစ်ယောက်တည်း ရီလိုက်၊ စကားပြောလိုက်၊ ငိုလိုက်ဖြစ်နေသော မို့ရန်ကို ဟွာရှန့် ချယ်ရီပင်နားကနေ စောင့်ကြည့်နေသည်။

"ကျီမို့ရန်…. ဒါ သူ့နာမည်အမှန်လား… မို့ရန်… မို့ရန်… သူမပဲလား…"

ဟွာရှန့် ထိုနာမည်ကို ရေရွတ်ကြည့်ရင်း အိမ်မက်ထဲက မိန်းကလေး၏ အမည်ကို သူတကြော်ကြော် ခေါ်ခဲ့သည်ကို မည်သို့မေ့နိုင်ပါမည်နည်း။ မို့ရန်က တစ်ယောက်တည်းစကားပြောနေရင်းကနေ သူမပါးကို သူမဘာသာ ဘယ်ပြန်ညာပြန်ရိုက်နေပြန်သည်။ သူ အလောတကြီးဖြင့် မြန်ဆန်စွာလျှောက်သွားပြီး

"တော်လောက်ပြီ…"

သူမနောက်မှ အသံကြောင့် မို့ရန် လန့်သွားကာ အနောက်ကို လှည့်ကြည့်သည်။ ပြီးနောက် ဆတ်ခနဲထရပ်ကာ အရိုအသေပြုသည်။

"စစ်သူကြီး….."

"ပြီးခဲ့တာတွေက အကြောင်းတွေရှိခဲ့လို့ဖြစ်ခဲ့တာပဲ… မင်းရဲ့ ဒီလိုပုံစံကိုမြင်ရင် မင်းကိုကယ်ခဲ့တဲ့သူကို အားမနာဘူးလား… ကိုယ့်ကိုယ်ကို အပြစ်ဖို့နေတာက အဖြေမဟုတ်ဘူး…."

"ကျနော်… နားလည်ပါပြီ… စစ်သူကြီး…"

ဘွားခနဲ ပေါ်လာသည့် ဟွာရှန့်ကြောင့် မို့ရန် အံ့သြမိသော်လည်း မည်သည့်စကားအပိုမှ ထပ်မပြောမိအောင် နေသည်။ ယခုလိုအချိန်တွင် သူက ဖန်းယဲ့နားတွင် ရှိမနေဘဲ ဒီနေရာတွင် ရှိနေသည့်အတွက် ပိုပြီးအံ့သြမိသည်။ တိတ်ဆိတ်ခြင်းက အတန်ကြာကြီးစိုးသွားသည်။ ကောင်းကင်ကို မော့ကြည့်နေသော ဟွာရှန့်ကို ကြည့်ရင်း သူမ ထွက်သွားရကောင်းမလား၊ ဆက်နေရမလား မသိတော့။

"မင်း… ကြယ်တွေနဲ့ စကားပြောဖူးလား…"

"အမ်…"

မေးခွန်းကြောင့် မို့ရန် ကြောင်အသွားသည်။ ဘာကိုဆိုလိုသည်ကို မသိချေ။ ထို့အတွက်

"မပြောဖူးပါဘူး…"

"မင်း… ကြယ်ကြည့်နေတာ မဟုတ်လား… ဒီကိုလာ…"

ဟွာရှန့်က သူ့ဘေးနားတွင် လာထိုင်ရန် တံတားကြမ်းပြင်ကို လက်ဖြင့်ပုတ်ပြသည်။ မို့ရန်ခေါင်းတွင် အချက်ပေးခေါင်းလောင်းသံတို့ ဆူညံသွားသည်။ လက်ထပ်တော့မည့် အမျိုးသားတစ်ဦးနှင့် ထိုကဲ့သို့ နီးကပ်စွာထိုင်နေခြင်းက မသင့်လျော်။ ကန်နားတစ်ဝိုက် သူမနှင့် ဟွာရှန့်ကလွဲပြီး မည်သူမှ မရှိသော်လည်း မမြင်ရသောမျက်လုံးတို့က ကြောက်ဖို့ကောင်းသည်။ မသင့်တော်သည့် အတင်းအဖျင်းစကားများက အမဖန်းယဲ့၏ ဂုဏ်သရေကို ထိခိုက်စေလိမ့်မည်။

"ကျနော် ကြယ်ကြည့်လို့ ဝသွားပါပြီ… စစ်သူကြီး… စိတ်မရှိပါနဲ့…"

"ဟန့်…"

နှုတ်ခမ်းက မထီသည့်အာမေဍိတ်သံကြောင့် ဟွာရှန့်မျက်နှာကို ကြည့်မိသည်။ ဟွာရှန့်က ထိုင်နေရာမှ ထရပ်ပြီး သူမနား လျှောက်လာသည်။
"ဒီစစ်သူကြီးက အမိန့်ပေးနေတယ်ဆိုရင်ရော…"

"ဒါက… မသင့်လျော်ပါဘူး… စစ်သူကြီး…. စစ်သူကြီးလို မဟာတော်ဝင်သူနဲ့ ဒီက အဆင့်နိမ့်စစ်သည်တို့ ဒီလိုအတူတွဲထိုင်နေတာက အရှင့်ကို စော်ကားနေသလိုဖြစ်သွားမှာ စိုးလို့ပါ…. ကျနော် မထိုင်ရဲပါဘူး…"

ဟွာရှန့်ကို မကြည့်ဘဲ လက်နှစ်ဖက်ကိုအပြန်အလှန်ဆုပ်ကိုင်ပြီး အရိုအသေပေးရင်း ခေါင်းကိုငုံ့ထားသော်လည်း ဓါးသွားလိုထက်ရှပြီး တလက်လက်စူးရဲနေမည့် အကြည့်တို့ကို ခံစားလို့ရနေသည်။ ထို့အတူ ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း နွေဦးကနေ ဆောင်းလယ်ကာလသို့ ရောက်သွားသည့်နှယ်။ အေးစက်လွန်းလှသည်။

"အမိန့်ကို ဖီဆန်ရင် ဘာဖြစ်မလဲ မင်းသိတယ်ဟုတ်လား…."

မယုံနိုင်စွာပင် သူ့ကိုမော့ကြည့်လာသော မျက်ဝန်းတို့သည် မျက်ရည်များမခြောက်သေးသည့်အတွက် လရောင်နှင့် ဆီမီးရောင်တို့ကြောင့် ဒီည၏ကောင်းကင်ထက်က ကြယ်ကလေးများလို တလက်လက်။ ကြယ်များကလည်း သူမ၏ မျက်ဝန်းထဲတွင် ကခုန်နေရသည်ကို နှစ်သက်ဟန်တူသည့်အလား။ မျက်တောင်တို့သည် နူးညံ့နေမလား သူရုတ်တရက်ကြီး သိချင်လာသည်။ သို့သော် သူမ၏ နှုတ်ခမ်းက ထွက်ကျလာသည့် စကားတို့သည် သူမျှော်လင့်ထားသလိုမဟုတ်။ 

"ကျနော် ကောင်းကောင်းကြီး သိပါတယ်…. အရှင့်သား… မနက်ဖြန်မနက်ရောက်တာနဲ့… ကျနော် ပြစ်ဒဏ်သွားခံပါ့မယ်…. ကျနော့်ကို သွားခွင့်ပြုပါ…"

ပြောလည်းပြောပြီးသည်နှင့် မို့ရန် ချာခနဲလှည့်ထွက်ပြီး ထွက်သွားသည်။ ခြေလှမ်းဆယ်လှမ်းတောင် မပြည့်သေး။ ဟွာရှန့်၏ စကားကြောင့် ခြေလှမ်းတို့ ရပ်လုနီးပါးပင်။

"အဲဒီလူက ဘယ်သူလဲ…"
   






   

Continue Reading

You'll Also Like

74.2K 4.9K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
341K 62.4K 107
Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi Duo (漫漫何其多) Original publisher : jjwxc C...
1.2M 79.2K 114
Cover- edited from google Start Date -22.4.22 End Date- 22.3.23 အနံ့သင်းတဲ့ သဇင်မင်းကမှ ပန်းထင်သလား မထင်ပါနဲ့ အဲလိုမထင်ပါနဲ့ အနံ့မဖက်တဲ့ သပြေခက်ကလဲ...
140K 21.3K 104
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...