#For Zawgyi
Cashier မွာ က်သင့္ေငြ ထုတ္ရွင္းေနေသာ ေကာင္ေလးကိုၾကည့္ရင္း ထူး ၿပံဳးေနမိသည္ ။ ဒီကေလးေလးေတာင္ အရြယ္ေရာက္လာၿပီပဲ ။ အရင္က ထူးဝယ္ေပးသမ်ွေတြနဲ႔ ေပ်ာ္ေနတတ္တဲ့ ဒီကေလးဟာ ခုေတာ့ ထူးကိုေတာင္ ျပန္ဝယ္ေပးတတ္ေနၿပီ ။
လိုအပ္လို႔မဟုတ္ေပမယ့္ ကိုယ့္ကို ဂရုတစိုက္နဲ႔ ဝယ္ေပးလာတဲ့အေပၚမွာေတာ့ ၾကည္ႏူးမိသား ။
ဒီတိုင္း " ဦးသာႀကိဳက္တာေရြး " လို႔ မေျပာဘဲ ထူးဝတ္တတ္တဲ့ပံုစံကို ကိုယ္တိုင္ကိုယ္က် ေရြးခ်ယ္ဝယ္ယူေပးေဖာ္ရတဲ့ ခ်မ္းကေလးဟာ တကယ္ကိုပဲ ရင့္က်က္လာၿပီနဲ႔တူပါရဲ႕ ။
" ဦးသာ ကၽြန္ေတာ္ေရြးေပးတာကို ႀကိဳက္ရဲ႕လား "
" အင္း "
" ဝတ္ၾကည့္တာေရာ တကယ္အဆင္ေျပရဲ႕လား ၊ ကၽြန္ေတာ့္ကိုလည္း ထြက္လာမျပဘူး ဦးသာက... "
" အဆင္လည္းေျပတယ္ ၊ ႀကိဳက္လည္းႀကိဳက္တယ္ကြာ ၊ ဟုတ္ၿပီလား "
" အားနာပါးနာ ႀကိဳက္တာမဟုတ္ဘဲ တကယ္ႀကိဳက္တာ ေသခ်ာတယ္ေနာ္ "
မ်က္လံုးေလးျပဴးကာ လက္ညွိဳးတစ္ေခ်ာင္းေထာင္ၿပီး ေမးေနတဲ့ ခ်မ္းရဲ႕ပံုစံေလးေၾကာင့္ ထူးအာရံုထဲ ငယ္ဘဝက ကေလးေလး ခ်မ္းကိုေတာင္ ျပန္သတိရသြားမိသည္ ။ အဲ့ဒီတုန္းကတည္းက တစ္ခုခုကို အတည္ျပဳခ်င္တိုင္း တဒယ္ေနာ္လို႔ မပီကလာ ပီကလာနဲ႔ မ်က္လံုးေလးျပဴး လက္ညွိဳးေလးေထာင္ၿပီး ေမးတတ္ခဲ့တာ ။
တစ္ခါတစ္ေလေတာ့လည္း ဘယ္သြားသြား ခ်ီပိုးၿပီး သြားလို႔ရတဲ့ ခ်မ္းေပါက္စနေလးကို ျပန္လိုခ်င္သား ။ တကယ္ေတာ့ ထူးက ဒီကေလးေလး ေပါက္စဘဝကေန တျဖည္းျဖည္း ႀကီးျပင္းလာပံုအဆင့္ဆင့္ကို အရိပ္တၾကည့္ၾကည့္နဲ႔ ေစာင့္ၾကည့္ၿပီး ျမင္ခ်င္ခဲ့တာပါ ။
ဒါေပမယ့္လည္း မျဖစ္ႏိုင္ခဲ့ဘူးေလ ။
" ဦးသာ တကယ္ႀကိဳက္တာ ေသခ်ာလားလို႔ဆို "
" တကယ္ႀကိဳက္တာပါ ခ်မ္းရယ္ "
ေကာင္ကေလးက ထိုမွသာ ၿပံဳးေတာ္မူေတာ့သည္ ။
" ဒါနဲ႔ေလ ဦးသာ "
" အင္း "
" ကၽြန္ေတာ္ စာအုပ္ေတြ ဝယ္ခ်င္တယ္ "
" ဘာစာအုပ္ေတြလဲ ၊ ေမးခြန္းေဟာင္းေတြလား ၊ မင္းမွာရွိတာေတြနဲ႔ လံုေလာက္ပါတယ္ ခ်မ္းရဲ႕ "
" အဲ့ဒီ ေက်ာင္းစာအုပ္ေတြမဟုတ္ဘူး "
" ဒါျဖင့္ ဘာစာအုပ္ေတြလဲ "
" ဦးသာဖတ္တဲ့ စာအုပ္မ်ိဳးေတြ "
" ငါဖတ္တာက အမ်ားႀကီးေလ ၊ ဘယ္စာအုပ္မ်ိဳးကို ေျပာတာလဲ "
" ဟို ဟိုဟာ....ခ်စ္ဦး အဲ အဲ ခ်စ္ဦးညိဳ စာအုပ္ ဖတ္ခ်င္တာ "
ထင္မွတ္မထားတဲ့ ခ်မ္းအေျဖေၾကာင့္ ထူးမွာ အံ့အားတသင့္ ။ အတူတူေနလာတဲ့ေတာက္ေလ်ွာက္ ခ်မ္းကို ေက်ာင္းစာအုပ္ကလြဲၿပီး တစ္ျခားဘာစာအုပ္မွဖတ္တာ မေတြ႔ဖူးခဲ့ေပ ။ အေပ်ာ္ဖတ္ရသစာေပ ဝတၳဳတစ္အုပ္တစ္ေလေတာင္ ဖတ္တာမျမင္ရတဲ့ေကာင္ေလးက ဆရာခ်စ္ဦးညိဳရဲ႕စာအုပ္ေတြကို ဖတ္မယ္ဆိုပဲ ။ ထူး ရယ္ေတာင္ ရယ္ခ်င္မိေသးသည္ ။
ဒီကေလး ဘာစိတ္ကူးေတြ ေပါက္လာျပန္ၿပီလဲ မသိ ။
" မဖတ္ရဘူး "
" ဟာ ဘာလို႔လဲ ၊ ဦးသာပဲ စာအုပ္ဖတ္တဲ့အေလ့အက်င့္က ေကာင္းသေလး ဘာေလးနဲ႔ အကိုမိုးယံကိုေျပာေနၿပီးေတာ့ "
" မင္း စာေမးပြဲနီးေနၿပီေလ ခ်မ္း ၊ ခုခ်ိန္မွာ ေက်ာင္းစာကလြဲၿပီး တစ္ျခားဘာကိုမွ အာရံုမ်ားခြင့္မေပးႏိုင္ဘူး "
" စာေမးပြဲၿပီးရင္ေရာ "
" အဲ့ဒီက်ရင္ မင္းဖတ္ခ်င္သမ်ွ ငါကိုယ္တိုင္ လိုက္ဝယ္ေပးမယ္ "
" ကတိေနာ္ ဦးသာ "
" ေအး ဝယ္ေပးၿပီးလို႔ ဆံုးေအာင္မဖတ္ႏိုင္ရင္ ငါ့ကို ဆယ္ဆျပန္ေလ်ာ္ဖို႕ စဥ္းစား "
" စာမဖတ္တတ္တဲ့သူမွမဟုတ္တာ ၊ ဆံုးေအာင္မဖတ္ႏိုင္စရာလား ဟြန္း... "
" ေအးပါ ေအးပါ ၊ အခုက ေျပာဖို႔ေစာပါေသးတယ္ ၊ အဲ့ဒီအခ်ိန္က်မွ ဆက္ေျပာၾကတာေပါ့ "
စာဖတ္တတ္ရံုမွ်ႏွင့္ စာအုပ္ေကာင္းတစ္အုပ္ကို လြယ္လြယ္ဖတ္ႏိုင္မယ္ထင္ေနေသာ ထိုကေလးအား ရယ္ၿပီးရင္းသာ ရယ္ခ်င္ေနမိသည္ ။ အင္း ထူးေတာ့ စာအုပ္တန္ဖိုးရဲ႕ ဆယ္ဆကို ရဦးေတာ့မယ္ ထင္ပါရဲ႕ အဟားးး ။
**********
ဒီေန႔ မမေရာ လူလူေရာ မရွိသျဖင့္ ထူးတစ္ေယာက္ ၿခံေထာင့္ကျခံဳေတြကို စိတ္ေအးလက္ေအး ရွင္းေနေတာ့သည္ ။ ထူးက မ်က္လံုးထဲမွာ ရႈပ္ေနလ်ွင္ မေနတတ္သူမို႔ ဒီၿခံဳႀကီးကို အေစာႀကီးကတည္းက ရွင္းခ်င္ေနတာ ။ မမက မလုပ္ပါနဲ႔ လူငွါးၿပီးလုပ္ပါ့မယ္လို႔ တားေနလို႔သာ ၿငိမ္ေနရျခင္းျဖစ္သည္ ။
ယခုေတာ့ မမက လူလူ႔ေဆာက္လုပ္ေရးလုပ္ငန္းအတြက္ ျပည္မွာေျမကြက္သြားၾကည့္ရာေနာက္ကို လူလူႏွင့္အတူ လိုက္သြားေတာ့ ထူးလည္း လုပ္ခ်င္ရာလုပ္ဖို႔ အခြင့္အေရးရသြားသည္ေပါ့ ။ အရီးကလည္း သူ႔ဇာတိသူ ျပန္သြားေလေတာ့ ထူးအား တားမယ့္ဆီးမယ့္သူကို မရွိေတာ့ေခ် ။
အိမ္မွာ မမလည္းမရွိ ၊ အရီးလည္း မရွိသည္မို႔ သူနဲ႔ခ်မ္းက ေန႔လည္စာ ၊ ညစာကို အျပင္ထြက္စားၾကဖို႔လည္း စည္းဝါးကိုက္ထားၿပီးေနၿပီ ။
အင္း ဒီေကာင္ေလး အိပ္ယာကႏိုးေရာႏိုးေသးရဲ႕လားမသိဘူး ။ ညကလည္း Bio တစ္ခန္းကို ျပတ္ေအာင္ျဖတ္မယ္ဆိုၿပီး အိပ္ယာဝင္တာ ေနာက္က်သည္ ။ ထူးကေတာ့ ဘယ္ေလာက္ပဲ အိပ္ယာဝင္ေနာက္က် ေနာက္က် မနက္ေျခာက္နာရီထိုးတာႏွင့္ မ်က္လံုးက အလိုလိုပြင့္လာတတ္သည္မွာ အက်င့္တစ္ခုလိုျဖစ္ေနၿပီ ။
ဟိုကေလးအိပ္ေနလ်ွင္ ကိစၥမရွိ ။ ဒင္းေလးက အိပ္ယာႏိုးၿပီးသည္ႏွင့္ ဗိုက္ကတန္းၿပီး ဆာတတ္တဲ့သူဆိုေတာ့ကာ သူဗိုက္ဆာမလာခင္မွာ ထူးက ေရခ်ိဳးျပင္ဆင္ထားၿပီးမွျဖစ္မည္ ။ ဒါမွ သူဗိုက္ဆာခ်ိန္မွာ ထူးကလည္း အျပင္ထြက္စားဖို႔ အဆင္သင့္ျဖစ္ေနမွာ ။
အေတြးနဲ႔အတူ အလုပ္ကို လက္စသတ္ဖို႔ ေျခေထာက္ကို အေရႊ႕မွာ ေျခဖဝါးေအာက္က ပူခနဲျဖစ္သြားတာေၾကာင့္ ငံု႔ၾကည့္မိေတာ့ ငုတ္ခၽြန္ခၽြန္တစ္ခုကို ထူးက တက္နင္းလိုက္မိတာပင္ ။ စီးထားတဲ့ဖိနပ္ကိုပင္ေဖာက္ကာ အသားထဲကို ခပ္နက္နက္စိုက္ဝင္သြားပံုရသည္ ။
နင္းထားမိတဲ့ေျခေထာက္ကို ျပန္ႂကြယူလိုက္ေတာ့ ေသြးေတြက တရေဟာထြက္လာေတာ့၏ ။ ထူးလည္း ထိုေျခတစ္ဖက္ကို ေဖာ့ကာနင္းရင္း အိမ္ထဲကို အျမန္ဝင္လာၿပီး ေလွကားေပၚက ဆင္းလာေသာ ခ်မ္းႏွင့္ဆံုေတာ့
" ဦးသာ ျခံထဲဘာသြားလုပ္...ဟင္ ေျခ ေျခေထာက္မွာ ေသြး ေသြးေတြလား "
" ေအး ငါ ျခံရွင္းရင္း ငုတ္ဆူးမိလို႔ ၊ ေရခ်ိဳးခန္းထဲမွာ ေရသြားေဆးလိုက္ဦးမယ္ ၊ ငါ့ကို ေဆးေသတၱာေလး ယူထားေပးပါ ခ်မ္းရာ "
ေျခေထာက္က ေသြးပူေနလို႔လားမသိ ။ ဒီေလာက္ ေရေလာင္းခ်ေနတာေတာင္ ေသြးက မတိတ္ႏိုင္ ။ အေတာမသတ္ေအာင္ ထြက္ေနတုန္းပဲ ျဖစ္သည္ ။
ေသြးမတိတ္လည္း မတတ္ႏိုင္ ။ ေလာေလာဆယ္ေတာ့ ပတ္တီးစည္းထားမွအဆင္ေျပမည္ ။ ၾကည့္လိုက္ေတာ့ ဒဏ္ရာကလည္း ေတာ္ေတာ္ေလး နက္သြားတာမို႔ ေဆးခန္းပါ သြားျပရမယ့္ပံုပင္ ။
ထူး အိမ္ေရွ႕ထြက္လာေတာ့ ခ်မ္းက ေဆးေသတၱာေလးပိုက္ကာ ငုတ္တုပ္ ။ ထူးလည္း အနားမွာထိုင္ခ်ကာ ဒဏ္ရာကို အရက္ျပန္သုတ္ရင္း
" ခ်မ္း ပတ္တီးေလး ျဖတ္ေပးပါကြာ "
ေသြးေတြကလည္း ခုခ်ိန္ထိကို တစိမ့္စိမ့္ထြက္ေနတုန္း ။ ခ်မ္းဆီက ဘာတုန္႔ျပန္သံမွ မၾကားတာမို႔ လွမ္းၾကည့္မိေတာ့ ပတ္တီးကို တုန္တုန္ရင္ရင္နဲ႔ ျဖတ္ဖို႔ႀကိဳးစားေနေသာ ဒီကေလးမ်က္ႏွာဟာ ျဖဴေဖ်ာ့ေနလ်က္ ။
" ခ်မ္း ခ်မ္း ဘာျဖစ္ေနတာလဲ "
သူ႔အေမးကို မ်က္လံုးျပဴးေလးႏွင့္ ျပန္ကာၾကည့္လာေသာ ခ်မ္းပံုစံက မူမမွန္သလိုမ်ိဳးမို႔ လက္ေတြကို ဖမ္းဆုပ္ၾကည့္လိုက္ေတာ့ ေရခဲတမ်ွေအးစက္ေနေသာ လက္ဖဝါးမ်ား ။ ထူးမွာ ကိုယ့္ဒဏ္ရာကိုယ္ေမ့ကာ မ်က္စိေရွ႕မွ ေကာင္ေလးကိုသာ ပူပန္တႀကီးျဖစ္ရေတာ့သည္ ။
" ခ်မ္း ေနမေကာင္းဘူးလား ဟမ္... "
ခ်မ္းက မ်က္ႏွာမွာပါ ေခၽြးသီးေခၽြးေပါက္ေတြ က်လာေလေတာ့
" ခ်မ္း မင္း မဟုတ္မွ.... ေသြးေၾကာက္တတ္တာလား ဟင္?? "
ခ်မ္း အခုျဖစ္ေနေသာ ပံုစံမ်ိဳးကို လြန္ခဲ့ေသာ ၁၈ ႏွစ္ေက်ာ္က လူလူ႔ထံမွာ ေတြ႕ခဲ့ရဖူးသည္ေလ ။ လူလူ႕ရဲ႕ ေသြးေၾကာက္တတ္တဲ့အေမြက ခ်မ္းဆီမွာပါ ပါလာခဲ့တာလား ။
" ကၽြန္ေတာ္ ကၽြန္ေတာ္ ေခါင္းေတြမူးလာသလိုပဲ "
" မၾကည့္နဲ႔ ၊ ငါ ဒဏ္ရာကို မင္း မၾကည့္နဲ႔ေတာ့ ခ်မ္း ၊ သြား သြား အျပင္မွာ ခဏသြားထိုင္ေန "
ေျပာၿပီးသည္ႏွင့္ ပတ္တီးစကို ျဖတ္ကာ ေျခေထာက္မွာ အျမန္စည္းရသည္ ။ ၿပီးသည္ႏွင့္ အျပင္မွာထြက္ထိုင္ေနေသာ ခ်မ္းထံ အေျပးအလႊားသြားၿပီး...
" ခ်မ္း အဆင္ေျပရဲ႕လား "
" ဟုတ္ ေျပသြားပါၿပီ "
" မင္းကလည္း ေသြးေၾကာက္တတ္တာကို ေစာေစာစီးစီးမေျပာဘူး "
" ကၽြန္ေတာ္လည္း ဦးသာကို ကူေပးခ်င္တာနဲ႔.... "
" အဲ့လိုလုပ္ရင္း မူးလဲသြားရင္ ဘယ္လိုလုပ္မလဲ ခ်မ္းရယ္... "
" ဟုတ္ကဲ့ပါ ၊ ေနာက္က်ရင္ သတိထားပါ့မယ္ "
" အခုေရာ ဗိုက္ဆာေနၿပီလား ၊ လာ ထ ခ်မ္း ၊ ငါလည္း ေဆးခန္းသြားရင္း တစ္ခုခု စားရေအာင္ "
ဒီအေျခအေနမွာ ခ်မ္းအား စိတ္မခ်သည္မို႔ ကားကို ကိုယ့္ဟာကိုယ္ပင္ ေမာင္းလာခဲ့သည္ ။ ထိုကေလးကေတာ့ တစ္လမ္းလံုး တိတ္တိတ္ဆိတ္ဆိတ္ ။
" ခ်မ္း မင္း တကယ္ အဆင္ေျပရဲ႕လား "
ေခါင္းၿငိမ့္ျပလာသည္မို႔ ထူးလည္း ဘာမွဆက္မေမးျဖစ္ေတာ့ ။ ေျခေထာက္ကလည္း ခုမွ တဆစ္ဆစ္နဲ႔နာလာလိုက္တာ ။
ေဆးခန္းျပၿပီးလို႔ ဆိုင္မွာ ေန႔လည္စာဝင္စားၾကသည့္အခ်ိန္ထိ ခ်မ္းက ငူငူငိုင္ငိုင္ ။
" ခ်မ္း ေနေရာေကာင္းရဲ႕လား "
" ဟုတ္ ေကာင္းပါတယ္ "
ဒီကေလးေလး ေသြးျမင္ၿပီး ခုခ်ိန္ထိ အလန္႔မေျပေသးဘူးလားမသိ ။ သူက လူလူ႔ထက္ပင္ ပိုဆိုးေနသလားပဲ ။ တူဝရီးေတြ တူလည္းတူတတ္ပါေပရဲ႕ ။
**********
ခ်မ္း ဦးသာအခန္းေရွ႕မွာ ရစ္သီရစ္သီလုပ္ေနတာ နာရီဝက္ေလာက္ရွိေနၿပီ ။ တစ္ညေနလံုး ဦးသာရဲ႕အရိပ္အေယာင္မ်ွမေတြ႕ရသည္မို႔ စိတ္ကလည္းပူေနၿပီ ။ တံခါးေခါက္လိုက္ရင္ေကာင္းမလားဟုေတြးကာ လက္ရြယ္ၿပီးမွ ဦးသာမ်ား အိပ္ေနလ်ွင္ဆိုၿပီး ရြယ္ထားတဲ့လက္ကို ျပန္ရုတ္မိျပန္သည္ ။
ေတာ္ေတာ္ၾကာေအာင္ ေဝခြဲရခက္ေနၿပီးမွ ဆံုးျဖတ္ခ်က္ခ်လိုက္ကာ
" ေဒါက္ ေဒါက္ ဦးသာ ဦးသာ "
" အင္း ဝင္ခဲ့ေလ ခ်မ္း ၊ ေလာ့ခ္ခ်မထားဘူး "
အထဲက ဦးသာရဲ႕အသံခပ္တိုးတိုးေၾကာင့္ တံခါးကိုဖြင့္ကာ ဝင္ခဲ့လိုက္မိသည္ ။
ဒါ ဦးသာရဲ႕အခန္းကို ခ်မ္း ပထမဆံုး ဝင္ဖူးတာပါ ။ ခ်မ္းကလည္း ဦးသာရဲ႕အခန္းကို မဝင္ခဲ့ဖူးသလို ဦးသာကလည္း ခ်မ္းအခန္းထဲသို႔ တစ္ခါမွ မလာခဲ့ဖူးေခ် ။ စာသင္လ်ွင္လည္း စာၾကည့္ခန္းထဲမွာသာ သင္ၾကတာမို႔ ခုလို ဦးသာအခန္းထဲကို ပထမဆံုးဝင္ရေတာ့ စိတ္ထဲ စိမ္းသက္ေနသလိုႏွင့္ တစ္မ်ိဳးႀကီးပင္ ။
ခ်မ္း ဝင္သြားေတာ့မွ ဦးသာက ကုတင္ထက္မွ လူးလဲထ,လာသည့္ ပံုစံေၾကာင့္
" ဟင္ ဦးသာ ေနမေကာင္းဘူးလား "
ေျခလွမ္းတို႔က ဦးသာကုတင္ရွိရာဆီ အေျပးအလႊား ။
" အင္း ငါ ဖ်ားေနၿပီ "
" ဟင္... "
ရင္ထဲစိုးရိမ္သြားသည့္စိတ္ႏွင့္ ဦးသာနဖူးအား လက္ႏွင့္ကပ္ၾကည့္လိုက္မိသည္ ။ ထိတ္ခနဲျဖစ္သြားရသည္အထိ အပူရွိန္က ျပင္းေတာ့ သူ႔မွာ အလန္႔လန္႔အျဖန္႔ျဖန္႔ ။
" ဦးသာ....ဦးသာ ကိုယ္ေတြအရမ္းပူေနၿပီ "
" အင္း ငါ တိုင္းၾကည့္ၿပီးၿပီ ၊ ၁၀၂ ေလာက္ရွိတယ္ "
" ဘယ္လိုလုပ္မလဲဟင္ ၊ ေဆးခန္းထပ္သြားၾကမလား "
" မလိုဘူးေလ ခ်မ္းရဲ႕ ၊ မနက္က သြားထားတာပဲကို ၊ ဆရာဝန္ကလည္း အနာရွိန္နဲ႔ ဖ်ားခဲ့ရင္ စိတ္မပူနဲ႔လို႔ ေျပာလိုက္ပါတယ္ ၊ ေပးထားတဲ့ေဆးကို ထပ္ေသာက္လိုက္ရင္ သက္သာသြားမွာပါ "
" ေဆးေသာက္ဖို႔ဆို ဦးသာတစ္ခုခုစားမွရမွာေပါ့ "
" မင္းေရာ မင္းဗိုက္ဆာေနၿပီလား ၊ Sorry ငါ အိပ္ေပ်ာ္သြားလို႔ "
" အခုခ်ိန္က ကၽြန္ေတာ္ဗိုက္ဆာတာကို စိတ္ပူေနရမယ့္အခ်ိန္မဟုတ္ဘူးေလဗ်ာ "
အဖ်ားရွိန္ေၾကာင့္နီရဲေနတဲ့မ်က္ႏွာကို ၾကည့္ရင္း ခ်မ္းစိတ္ထဲ မေကာင္းလိုက္တာ ။ ဖ်ားေနတဲ့ၾကားကေတာင္ ခ်မ္းအတြက္စိတ္ပူေနေသးတဲ့ ဒီလူႀကီးဟာ တကယ္ပါပဲကြာ... ။
လူကို သက္သက္ ဝမ္းနည္းေအာင္ ။
" ခဏေစာင့္ ၊ ဦးသာအတြက္ ကၽြန္ေတာ္ ဆန္ျပဳတ္ျပဳတ္လာခဲ့မယ္ "
" ငါ့ဟာငါ လုပ္ပါ့မယ္ "
" ဦးသာ "
သူ ခပ္ေဆာင့္ေဆာင့္ေအာ္လိုက္ေတာ့မွ
" မင္း မလုပ္တတ္မွာစိုးလို႔ေလ "
" တကယ့္ဆန္နဲ႔ မျပဳတ္တတ္ေပမယ့္ Ready made ခေနာဆန္ျပဳတ္ေလာက္ေတာ့ ကၽြန္ေတာ္လုပ္တတ္တာမို႔ ဦးသာက ဒီကုတင္ေပၚက မဆင္းဘဲ ကၽြန္ေတာ့္ကို ယံုၾကည္ၿပီးေစာင့္ေပး "
ေျပာၿပီးတာနဲ႔ တံခါးဝဘက္ကို လွည့္ကာထြက္စဥ္
" မင္းကေရာ ဘာစားမွာလဲ ခ်မ္း "
အဖ်ား ၁၀၂ မွာေတာင္ သူမ်ားအတြက္ ပူႏိုင္ေသးေသာ ဒီလူႀကီးအား စိတ္တိုလာရသည္ ။
" ဘာစားစားဗ်ာ... "
လွည့္မၾကည့္ဘဲ ခပ္ေဆာင့္ေဆာင့္ေအာ္ပစ္ခဲ့ကာ ဆန္ျပဳတ္ျပဳတ္ဖို႔ အခန္းထဲက ထြက္လာလိုက္ေတာ့သည္ ။
ေလးငယ္ေျပာဖူးတဲ့ ထူးက မင္းကို ခ်စ္ပါတယ္ ခ်မ္းရယ္ ဆိုတဲ့စကားက အပိုမဟုတ္ဘဲ တကယ္ထင္ပါရဲ႕ေလ ။
ေက်နပ္သြားသလို စိတ္ခံစားမႈေနာက္မွာ မ်က္ရည္ဝဲလာမိတာက ဘာလို႔ပါလိမ့္ ။
______________________________
#For Unicode
Cashier မှာ ကျသင့်ငွေ ထုတ်ရှင်းနေသော ကောင်လေးကိုကြည့်ရင်း ထူး ပြုံးနေမိသည် ။ ဒီကလေးလေးတောင် အရွယ်ရောက်လာပြီပဲ ။ အရင်က ထူးဝယ်ပေးသမျှတွေနဲ့ ပျော်နေတတ်တဲ့ ဒီကလေးဟာ ခုတော့ ထူးကိုတောင် ပြန်ဝယ်ပေးတတ်နေပြီ ။
လိုအပ်လို့မဟုတ်ပေမယ့် ကိုယ့်ကို ဂရုတစိုက်နဲ့ ဝယ်ပေးလာတဲ့အပေါ်မှာတော့ ကြည်နူးမိသား ။
ဒီတိုင်း " ဦးသာကြိုက်တာရွေး " လို့ မပြောဘဲ ထူးဝတ်တတ်တဲ့ပုံစံကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ဝယ်ယူပေးဖော်ရတဲ့ ချမ်းကလေးဟာ တကယ်ကိုပဲ ရင့်ကျက်လာပြီနဲ့တူပါရဲ့ ။
" ဦးသာ ကျွန်တော်ရွေးပေးတာကို ကြိုက်ရဲ့လား "
" အင်း "
" ဝတ်ကြည့်တာရော တကယ်အဆင်ပြေရဲ့လား ၊ ကျွန်တော့်ကိုလည်း ထွက်လာမပြဘူး ဦးသာက... "
" အဆင်လည်းပြေတယ် ၊ ကြိုက်လည်းကြိုက်တယ်ကွာ ၊ ဟုတ်ပြီလား "
" အားနာပါးနာ ကြိုက်တာမဟုတ်ဘဲ တကယ်ကြိုက်တာ သေချာတယ်နော် "
မျက်လုံးလေးပြူးကာ လက်ညှိုးတစ်ချောင်းထောင်ပြီး မေးနေတဲ့ ချမ်းရဲ့ပုံစံလေးကြောင့် ထူးအာရုံထဲ ငယ်ဘဝက ကလေးလေး ချမ်းကိုတောင် ပြန်သတိရသွားမိသည် ။ အဲ့ဒီတုန်းကတည်းက တစ်ခုခုကို အတည်ပြုချင်တိုင်း တဒယ်နော်လို့ မပီကလာ ပီကလာနဲ့ မျက်လုံးလေးပြူး လက်ညှိုးလေးထောင်ပြီး မေးတတ်ခဲ့တာ ။
တစ်ခါတစ်လေတော့လည်း ဘယ်သွားသွား ချီပိုးပြီး သွားလို့ရတဲ့ ချမ်းပေါက်စနလေးကို ပြန်လိုချင်သား ။ တကယ်တော့ ထူးက ဒီကလေးလေး ပေါက်စဘဝကနေ တဖြည်းဖြည်း ကြီးပြင်းလာပုံအဆင့်ဆင့်ကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်ပြီး မြင်ချင်ခဲ့တာပါ ။
ဒါပေမယ့်လည်း မဖြစ်နိုင်ခဲ့ဘူးလေ ။
" ဦးသာ တကယ်ကြိုက်တာ သေချာလားလို့ဆို "
" တကယ်ကြိုက်တာပါ ချမ်းရယ် "
ကောင်ကလေးက ထိုမှသာ ပြုံးတော်မူတော့သည် ။
" ဒါနဲ့လေ ဦးသာ "
" အင်း "
" ကျွန်တော် စာအုပ်တွေ ဝယ်ချင်တယ် "
" ဘာစာအုပ်တွေလဲ ၊ မေးခွန်းဟောင်းတွေလား ၊ မင်းမှာရှိတာတွေနဲ့ လုံလောက်ပါတယ် ချမ်းရဲ့ "
" အဲ့ဒီ ကျောင်းစာအုပ်တွေမဟုတ်ဘူး "
" ဒါဖြင့် ဘာစာအုပ်တွေလဲ "
" ဦးသာဖတ်တဲ့ စာအုပ်မျိုးတွေ "
" ငါဖတ်တာက အများကြီးလေ ၊ ဘယ်စာအုပ်မျိုးကို ပြောတာလဲ "
" ဟို ဟိုဟာ....ချစ်ဦး အဲ အဲ ချစ်ဦးညို စာအုပ် ဖတ်ချင်တာ "
ထင်မှတ်မထားတဲ့ ချမ်းအဖြေကြောင့် ထူးမှာ အံ့အားတသင့် ။ အတူတူနေလာတဲ့တောက်လျှောက် ချမ်းကို ကျောင်းစာအုပ်ကလွဲပြီး တစ်ခြားဘာစာအုပ်မှဖတ်တာ မတွေ့ဖူးခဲ့ပေ ။ အပျော်ဖတ်ရသစာပေ ဝတ္ထုတစ်အုပ်တစ်လေတောင် ဖတ်တာမမြင်ရတဲ့ကောင်လေးက ဆရာချစ်ဦးညိုရဲ့စာအုပ်တွေကို ဖတ်မယ်ဆိုပဲ ။ ထူး ရယ်တောင် ရယ်ချင်မိသေးသည် ။
ဒီကလေး ဘာစိတ်ကူးတွေ ပေါက်လာပြန်ပြီလဲ မသိ ။
" မဖတ်ရဘူး "
" ဟာ ဘာလို့လဲ ၊ ဦးသာပဲ စာအုပ်ဖတ်တဲ့အလေ့အကျင့်က ကောင်းသလေး ဘာလေးနဲ့ အကိုမိုးယံကိုပြောနေပြီးတော့ "
" မင်း စာမေးပွဲနီးနေပြီလေ ချမ်း ၊ ခုချိန်မှာ ကျောင်းစာကလွဲပြီး တစ်ခြားဘာကိုမှ အာရုံများခွင့်မပေးနိုင်ဘူး "
" စာမေးပွဲပြီးရင်ရော "
" အဲ့ဒီကျရင် မင်းဖတ်ချင်သမျှ ငါကိုယ်တိုင် လိုက်ဝယ်ပေးမယ် "
" ကတိနော် ဦးသာ "
" အေး ဝယ်ပေးပြီးလို့ ဆုံးအောင်မဖတ်နိုင်ရင် ငါ့ကို ဆယ်ဆပြန်လျော်ဖို့ စဉ်းစား "
" စာမဖတ်တတ်တဲ့သူမှမဟုတ်တာ ၊ ဆုံးအောင်မဖတ်နိုင်စရာလား ဟွန်း... "
" အေးပါ အေးပါ ၊ အခုက ပြောဖို့စောပါသေးတယ် ၊ အဲ့ဒီအချိန်ကျမှ ဆက်ပြောကြတာပေါ့ "
စာဖတ်တတ်ရုံမျှနှင့် စာအုပ်ကောင်းတစ်အုပ်ကို လွယ်လွယ်ဖတ်နိုင်မယ်ထင်နေသော ထိုကလေးအား ရယ်ပြီးရင်းသာ ရယ်ချင်နေမိသည် ။ အင်း ထူးတော့ စာအုပ်တန်ဖိုးရဲ့ ဆယ်ဆကို ရဦးတော့မယ် ထင်ပါရဲ့ အဟားးး ။
**********
ဒီနေ့ မမရော လူလူရော မရှိသဖြင့် ထူးတစ်ယောက် ခြံထောင့်ကခြုံတွေကို စိတ်အေးလက်အေး ရှင်းနေတော့သည် ။ ထူးက မျက်လုံးထဲမှာ ရှုပ်နေလျှင် မနေတတ်သူမို့ ဒီခြုံကြီးကို အစောကြီးကတည်းက ရှင်းချင်နေတာ ။ မမက မလုပ်ပါနဲ့ လူငှါးပြီးလုပ်ပါ့မယ်လို့ တားနေလို့သာ ငြိမ်နေရခြင်းဖြစ်သည် ။
ယခုတော့ မမက လူလူ့ဆောက်လုပ်ရေးလုပ်ငန်းအတွက် ပြည်မှာမြေကွက်သွားကြည့်ရာနောက်ကို လူလူနှင့်အတူ လိုက်သွားတော့ ထူးလည်း လုပ်ချင်ရာလုပ်ဖို့ အခွင့်အရေးရသွားသည်ပေါ့ ။ အရီးကလည်း သူ့ဇာတိသူ ပြန်သွားလေတော့ ထူးအား တားမယ့်ဆီးမယ့်သူကို မရှိတော့ချေ ။
အိမ်မှာ မမလည်းမရှိ ၊ အရီးလည်း မရှိသည်မို့ သူနဲ့ချမ်းက နေ့လည်စာ ၊ ညစာကို အပြင်ထွက်စားကြဖို့လည်း စည်းဝါးကိုက်ထားပြီးနေပြီ ။
အင်း ဒီကောင်လေး အိပ်ယာကနိုးရောနိုးသေးရဲ့လားမသိဘူး ။ ညကလည်း Bio တစ်ခန်းကို ပြတ်အောင်ဖြတ်မယ်ဆိုပြီး အိပ်ယာဝင်တာ နောက်ကျသည် ။ ထူးကတော့ ဘယ်လောက်ပဲ အိပ်ယာဝင်နောက်ကျ နောက်ကျ မနက်ခြောက်နာရီထိုးတာနှင့် မျက်လုံးက အလိုလိုပွင့်လာတတ်သည်မှာ အကျင့်တစ်ခုလိုဖြစ်နေပြီ ။
ဟိုကလေးအိပ်နေလျှင် ကိစ္စမရှိ ။ ဒင်းလေးက အိပ်ယာနိုးပြီးသည်နှင့် ဗိုက်ကတန်းပြီး ဆာတတ်တဲ့သူဆိုတော့ကာ သူဗိုက်ဆာမလာခင်မှာ ထူးက ရေချိုးပြင်ဆင်ထားပြီးမှဖြစ်မည် ။ ဒါမှ သူဗိုက်ဆာချိန်မှာ ထူးကလည်း အပြင်ထွက်စားဖို့ အဆင်သင့်ဖြစ်နေမှာ ။
အတွေးနဲ့အတူ အလုပ်ကို လက်စသတ်ဖို့ ခြေထောက်ကို အရွှေ့မှာ ခြေဖဝါးအောက်က ပူခနဲဖြစ်သွားတာကြောင့် ငုံ့ကြည့်မိတော့ ငုတ်ချွန်ချွန်တစ်ခုကို ထူးက တက်နင်းလိုက်မိတာပင် ။ စီးထားတဲ့ဖိနပ်ကိုပင်ဖောက်ကာ အသားထဲကို ခပ်နက်နက်စိုက်ဝင်သွားပုံရသည် ။
နင်းထားမိတဲ့ခြေထောက်ကို ပြန်ကြွယူလိုက်တော့ သွေးတွေက တရဟောထွက်လာတော့၏ ။ ထူးလည်း ထိုခြေတစ်ဖက်ကို ဖော့ကာနင်းရင်း အိမ်ထဲကို အမြန်ဝင်လာပြီး လှေကားပေါ်က ဆင်းလာသော ချမ်းနှင့်ဆုံတော့
" ဦးသာ ခြံထဲဘာသွားလုပ်...ဟင် ခြေ ခြေထောက်မှာ သွေး သွေးတွေလား "
" အေး ငါ ခြံရှင်းရင်း ငုတ်ဆူးမိလို့ ၊ ရေချိုးခန်းထဲမှာ ရေသွားဆေးလိုက်ဦးမယ် ၊ ငါ့ကို ဆေးသေတ္တာလေး ယူထားပေးပါ ချမ်းရာ "
ခြေထောက်က သွေးပူနေလို့လားမသိ ။ ဒီလောက် ရေလောင်းချနေတာတောင် သွေးက မတိတ်နိုင် ။ အတောမသတ်အောင် ထွက်နေတုန်းပဲ ဖြစ်သည် ။
သွေးမတိတ်လည်း မတတ်နိုင် ။ လောလောဆယ်တော့ ပတ်တီးစည်းထားမှအဆင်ပြေမည် ။ ကြည့်လိုက်တော့ ဒဏ်ရာကလည်း တော်တော်လေး နက်သွားတာမို့ ဆေးခန်းပါ သွားပြရမယ့်ပုံပင် ။
ထူး အိမ်ရှေ့ထွက်လာတော့ ချမ်းက ဆေးသေတ္တာလေးပိုက်ကာ ငုတ်တုပ် ။ ထူးလည်း အနားမှာထိုင်ချကာ ဒဏ်ရာကို အရက်ပြန်သုတ်ရင်း
" ချမ်း ပတ်တီးလေး ဖြတ်ပေးပါကွာ "
သွေးတွေကလည်း ခုချိန်ထိကို တစိမ့်စိမ့်ထွက်နေတုန်း ။ ချမ်းဆီက ဘာတုန့်ပြန်သံမှ မကြားတာမို့ လှမ်းကြည့်မိတော့ ပတ်တီးကို တုန်တုန်ရင်ရင်နဲ့ ဖြတ်ဖို့ကြိုးစားနေသော ဒီကလေးမျက်နှာဟာ ဖြူဖျော့နေလျက် ။
" ချမ်း ချမ်း ဘာဖြစ်နေတာလဲ "
သူ့အမေးကို မျက်လုံးပြူးလေးနှင့် ပြန်ကာကြည့်လာသော ချမ်းပုံစံက မူမမှန်သလိုမျိုးမို့ လက်တွေကို ဖမ်းဆုပ်ကြည့်လိုက်တော့ ရေခဲတမျှအေးစက်နေသော လက်ဖဝါးများ ။ ထူးမှာ ကိုယ့်ဒဏ်ရာကိုယ်မေ့ကာ မျက်စိရှေ့မှ ကောင်လေးကိုသာ ပူပန်တကြီးဖြစ်ရတော့သည် ။
" ချမ်း နေမကောင်းဘူးလား ဟမ်... "
ချမ်းက မျက်နှာမှာပါ ချွေးသီးချွေးပေါက်တွေ ကျလာလေတော့
" ချမ်း မင်း မဟုတ်မှ.... သွေးကြောက်တတ်တာလား ဟင်?? "
ချမ်း အခုဖြစ်နေသော ပုံစံမျိုးကို လွန်ခဲ့သော ၁၈ နှစ်ကျော်က လူလူ့ထံမှာ တွေ့ခဲ့ရဖူးသည်လေ ။ လူလူ့ရဲ့ သွေးကြောက်တတ်တဲ့အမွေက ချမ်းဆီမှာပါ ပါလာခဲ့တာလား ။
" ကျွန်တော် ကျွန်တော် ခေါင်းတွေမူးလာသလိုပဲ "
" မကြည့်နဲ့ ၊ ငါ ဒဏ်ရာကို မင်း မကြည့်နဲ့တော့ ချမ်း ၊ သွား သွား အပြင်မှာ ခဏသွားထိုင်နေ "
ပြောပြီးသည်နှင့် ပတ်တီးစကို ဖြတ်ကာ ခြေထောက်မှာ အမြန်စည်းရသည် ။ ပြီးသည်နှင့် အပြင်မှာထွက်ထိုင်နေသော ချမ်းထံ အပြေးအလွှားသွားပြီး...
" ချမ်း အဆင်ပြေရဲ့လား "
" ဟုတ် ပြေသွားပါပြီ "
" မင်းကလည်း သွေးကြောက်တတ်တာကို စောစောစီးစီးမပြောဘူး "
" ကျွန်တော်လည်း ဦးသာကို ကူပေးချင်တာနဲ့.... "
" အဲ့လိုလုပ်ရင်း မူးလဲသွားရင် ဘယ်လိုလုပ်မလဲ ချမ်းရယ်... "
" ဟုတ်ကဲ့ပါ ၊ နောက်ကျရင် သတိထားပါ့မယ် "
" အခုရော ဗိုက်ဆာနေပြီလား ၊ လာ ထ ချမ်း ၊ ငါလည်း ဆေးခန်းသွားရင်း တစ်ခုခု စားရအောင် "
ဒီအခြေအနေမှာ ချမ်းအား စိတ်မချသည်မို့ ကားကို ကိုယ့်ဟာကိုယ်ပင် မောင်းလာခဲ့သည် ။ ထိုကလေးကတော့ တစ်လမ်းလုံး တိတ်တိတ်ဆိတ်ဆိတ် ။
" ချမ်း မင်း တကယ် အဆင်ပြေရဲ့လား "
ခေါင်းငြိမ့်ပြလာသည်မို့ ထူးလည်း ဘာမှဆက်မမေးဖြစ်တော့ ။ ခြေထောက်ကလည်း ခုမှ တဆစ်ဆစ်နဲ့နာလာလိုက်တာ ။
ဆေးခန်းပြပြီးလို့ ဆိုင်မှာ နေ့လည်စာဝင်စားကြသည့်အချိန်ထိ ချမ်းက ငူငူငိုင်ငိုင် ။
" ချမ်း နေရောကောင်းရဲ့လား "
" ဟုတ် ကောင်းပါတယ် "
ဒီကလေးလေး သွေးမြင်ပြီး ခုချိန်ထိ အလန့်မပြေသေးဘူးလားမသိ ။ သူက လူလူ့ထက်ပင် ပိုဆိုးနေသလားပဲ ။ တူဝရီးတွေ တူလည်းတူတတ်ပါပေရဲ့ ။
**********
ချမ်း ဦးသာအခန်းရှေ့မှာ ရစ်သီရစ်သီလုပ်နေတာ နာရီဝက်လောက်ရှိနေပြီ ။ တစ်ညနေလုံး ဦးသာရဲ့အရိပ်အယောင်မျှမတွေ့ရသည်မို့ စိတ်ကလည်းပူနေပြီ ။ တံခါးခေါက်လိုက်ရင်ကောင်းမလားဟုတွေးကာ လက်ရွယ်ပြီးမှ ဦးသာများ အိပ်နေလျှင်ဆိုပြီး ရွယ်ထားတဲ့လက်ကို ပြန်ရုတ်မိပြန်သည် ။
တော်တော်ကြာအောင် ဝေခွဲရခက်နေပြီးမှ ဆုံးဖြတ်ချက်ချလိုက်ကာ
" ဒေါက် ဒေါက် ဦးသာ ဦးသာ "
" အင်း ဝင်ခဲ့လေ ချမ်း ၊ လော့ခ်ချမထားဘူး "
အထဲက ဦးသာရဲ့အသံခပ်တိုးတိုးကြောင့် တံခါးကိုဖွင့်ကာ ဝင်ခဲ့လိုက်မိသည် ။
ဒါ ဦးသာရဲ့အခန်းကို ချမ်း ပထမဆုံး ဝင်ဖူးတာပါ ။ ချမ်းကလည်း ဦးသာရဲ့အခန်းကို မဝင်ခဲ့ဖူးသလို ဦးသာကလည်း ချမ်းအခန်းထဲသို့ တစ်ခါမှ မလာခဲ့ဖူးချေ ။ စာသင်လျှင်လည်း စာကြည့်ခန်းထဲမှာသာ သင်ကြတာမို့ ခုလို ဦးသာအခန်းထဲကို ပထမဆုံးဝင်ရတော့ စိတ်ထဲ စိမ်းသက်နေသလိုနှင့် တစ်မျိုးကြီးပင် ။
ချမ်း ဝင်သွားတော့မှ ဦးသာက ကုတင်ထက်မှ လူးလဲထ,လာသည့် ပုံစံကြောင့်
" ဟင် ဦးသာ နေမကောင်းဘူးလား "
ခြေလှမ်းတို့က ဦးသာကုတင်ရှိရာဆီ အပြေးအလွှား ။
" အင်း ငါ ဖျားနေပြီ "
" ဟင်... "
ရင်ထဲစိုးရိမ်သွားသည့်စိတ်နှင့် ဦးသာနဖူးအား လက်နှင့်ကပ်ကြည့်လိုက်မိသည် ။ ထိတ်ခနဲဖြစ်သွားရသည်အထိ အပူရှိန်က ပြင်းတော့ သူ့မှာ အလန့်လန့်အဖြန့်ဖြန့် ။
" ဦးသာ....ဦးသာ ကိုယ်တွေအရမ်းပူနေပြီ "
" အင်း ငါ တိုင်းကြည့်ပြီးပြီ ၊ ၁၀၂ လောက်ရှိတယ် "
" ဘယ်လိုလုပ်မလဲဟင် ၊ ဆေးခန်းထပ်သွားကြမလား "
" မလိုဘူးလေ ချမ်းရဲ့ ၊ မနက်က သွားထားတာပဲကို ၊ ဆရာဝန်ကလည်း အနာရှိန်နဲ့ ဖျားခဲ့ရင် စိတ်မပူနဲ့လို့ ပြောလိုက်ပါတယ် ၊ ပေးထားတဲ့ဆေးကို ထပ်သောက်လိုက်ရင် သက်သာသွားမှာပါ "
" ဆေးသောက်ဖို့ဆို ဦးသာတစ်ခုခုစားမှရမှာပေါ့ "
" မင်းရော မင်းဗိုက်ဆာနေပြီလား ၊ Sorry ငါ အိပ်ပျော်သွားလို့ "
" အခုချိန်က ကျွန်တော်ဗိုက်ဆာတာကို စိတ်ပူနေရမယ့်အချိန်မဟုတ်ဘူးလေဗျာ "
အဖျားရှိန်ကြောင့်နီရဲနေတဲ့မျက်နှာကို ကြည့်ရင်း ချမ်းစိတ်ထဲ မကောင်းလိုက်တာ ။ ဖျားနေတဲ့ကြားကတောင် ချမ်းအတွက်စိတ်ပူနေသေးတဲ့ ဒီလူကြီးဟာ တကယ်ပါပဲကွာ... ။
လူကို သက်သက် ဝမ်းနည်းအောင် ။
" ခဏစောင့် ၊ ဦးသာအတွက် ကျွန်တော် ဆန်ပြုတ်ပြုတ်လာခဲ့မယ် "
" ငါ့ဟာငါ လုပ်ပါ့မယ် "
" ဦးသာ "
သူ ခပ်ဆောင့်ဆောင့်အော်လိုက်တော့မှ
" မင်း မလုပ်တတ်မှာစိုးလို့လေ "
" တကယ့်ဆန်နဲ့ မပြုတ်တတ်ပေမယ့် Ready made ခနောဆန်ပြုတ်လောက်တော့ ကျွန်တော်လုပ်တတ်တာမို့ ဦးသာက ဒီကုတင်ပေါ်က မဆင်းဘဲ ကျွန်တော့်ကို ယုံကြည်ပြီးစောင့်ပေး "
ပြောပြီးတာနဲ့ တံခါးဝဘက်ကို လှည့်ကာထွက်စဉ်
" မင်းကရော ဘာစားမှာလဲ ချမ်း "
အဖျား ၁၀၂ မှာတောင် သူများအတွက် ပူနိုင်သေးသော ဒီလူကြီးအား စိတ်တိုလာရသည် ။
" ဘာစားစားဗျာ... "
လှည့်မကြည့်ဘဲ ခပ်ဆောင့်ဆောင့်အော်ပစ်ခဲ့ကာ ဆန်ပြုတ်ပြုတ်ဖို့ အခန်းထဲက ထွက်လာလိုက်တော့သည် ။
လေးငယ်ပြောဖူးတဲ့ ထူးက မင်းကို ချစ်ပါတယ် ချမ်းရယ် ဆိုတဲ့စကားက အပိုမဟုတ်ဘဲ တကယ်ထင်ပါရဲ့လေ ။
ကျေနပ်သွားသလို စိတ်ခံစားမှုနောက်မှာ မျက်ရည်ဝဲလာမိတာက ဘာလို့ပါလိမ့် ။
______________________________