"ဦး~~"
"ပြောလေ ကလေးရဲ့"
"ဟိုလေ သိလား ကျနော် ပိုက်ဆံနည်းနည်းလိုနေတာ အဲ့ဒါလေ ..."
မျက်နာလေးငယ်ကာ ကျနော်ပြောမိပါသည်
"ဒါများ ကလေးရယ်ကြိုက်သလောက်သာပြော ဦးက ကလေးအတွက်ဆို အကုန်အဆင်သင့်ပဲ
ဟုတ်ပြီလား"
"ကျေးဇူးတင်ပါတယ်နော် ဦး"
"ရပါတယ်ကွာ ဒီမှာ ယူသွားချည် ကြိုက်သလောက်ယူသွား"
"ဟုတ်ကဲ့ "
ထိုလူကြီး အင်း အဖိုးအရွယ်လောက်ရှိတဲ့ လူကြီး
သူ့ရဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတစ်ချို့ ကျနော်
နှိုက်ယူမိပါသည်
"ကျနော် သွားတော့မယ်နော် ဦး အရမ်း အရေးကြီးနေလို့ပါ"
"သွားလေ ကလေး ဒါမဲ့ နောက်နေ့ ဦးစီလာခဲ့ဦးနော်ဟုတ်ပြီလား"
"ဟုတ်ကဲ့ ဦး"
ထိုလူကြီးစီက ရသော ပိုက်ဆံများကို အိတ်ထဲထည့်ကာ ကျနော်အိမ်သို့ ပြေးရပါသည်
ကျနော့်နာမည် xiao luhan ပါ
အင်း တရုတ်ကိုရီးယား ကပြားလေးပေါ့
အရမ်းဆင်းရဲလှသော မိသားစု အခြေအနေကြောင့်
ပါးပါးက စောစောစီးစီးဆုံးသွားခဲ့ပါတယ်
မားမားကတော့ နာတာရှည် ရောဂါသည်
ကျနော့်အသက် 16 နှစ်ပဲ ရှိပါသေးတယ်
ပညာအရည်အချင်းကလည်း ဆင်းရဲသော
မိသားစုကြောင့် အလယ်တန်းသာ ရှိခဲ့ပါတယ်
အကောင်ကသေးသေးကွေးကွေးနဲ့ ဖြူဖြူဖွေးဖွေးလေးမို့ အလုပ်ကြမ်းလဲ ကျနော်မလုပ်တတ်ပါဘူး
ဟက် နောက်ဆုံးတော့ ဒီလိုမျိုး အချောင်လမ်းကို
လိုက်ခဲ့ရသည် ဒီလိုမျိုးနေလို့လဲ ပြေလည်လားမမေးပါနဲ့ စားလောက်ရုံနဲ့ အမေ့ကိုဆေးကုပေးနိုင်ရုံလေးပါ
ကျနော် ဒီလိုအလုပ်မျိုး အင်း ခြူစားတာပေါ့နော်
အဲ့လိုလုပ်ခဲ့ပေမဲ့ ကျနော်က ရိုးရိုးသားသားပါပဲ
နှုတ်ခမ်းပါးကိုတောင် ဘယ်သူ့မှမနမ်းဖူးပါဘူး
သူတို့ဘက်က စလာခဲ့ရင် ကျနော်ရှောင်ခဲ့တာချည်းပါပဲ ကြာတော့ကျွမ်းနေပါပြီလေ
ဒါပါပဲ ကျနော့်အကြောင်း
ကျနော် ချစ်မိတဲ့ သူမှသာလျှင် ကျနော့်ခန္ဓာကိုယ်ကိုပေးအပ်မှာပါ ဒါနဲ့ ကျနော့်အတွက် အချစ်ဆိုက ရှိလာပါဦးမလား ဒီလိုမျိုးပဲနေနေရတဲ့ ဘဝကြီးမှာလေ
"မား မား သက်သာရဲ့လား"
"သက်သာပါတယ်ကွယ် ဒါနဲ့ သားလေးရယ် ဘာတွေလုပ်နေတာလဲ မားမားကို ဆေးကုပေးနေရလို့ သားလေးပင်ပန်းနေပြီ"
ဝမ်းနည်းနေသော မားမားကို ကျနော်ပြုံးပြလိုက်ပါသည်
"မပင်ပန်းပါဘူး မားမားရယ် ကျနော်မှာ သက်သာတဲ့ အလုပ်တစ်ခုရှိတယ်လေ"
"ဥပဒေနဲ့ရော လွတ်ကင်းရဲ့လား"
"ကင်းပါတယ် ကျနော်က ရိုးရိုးသားသားပဲ နေတာပါ"
"ဟုတ်ပါပြီကွယ် နားတော့လေ သားလေး"
"ဟုတ်ကဲ့"
မားမားကို အိပ်ရာပေါ်နေရာချပေးကာ ကျနော်လည်း ကိုယ့်အိပ်ခန်းထဲ ကိုယ်ဝင်ပြီး အိပ်ရတော့သည်
ပင်ပန်းတယ်အရမ်းပင်ပန်းတယ် သူများစီက
ပိုက်ဆံတွေကို ညာယူနေရတာ အရမ်းပင်ပန်း
ပါတယ်
🍑🍑🍑
"မား ကျနော် အပြင်သွားရမယ် အိမ်မှာပဲနေနော်မား"
"အင်းပါကွယ် စိတ်ချလက်ချသွား ဂရုလည်းစိုက်ဦးနော်"
"ဟုတ်"
မားမားကို နှုတ်ဆက်ကာ အပြင်ထွက်လာခဲ့သည်
ထွေထွေထူးထူးတော့မဟုတ်ပါဘူး မနေ့ကတွေ့ခဲ့တဲ့
အဖေအရွယ် ဦးလေးကြီးစီပဲပေါ့
အဲ့လူကြီးက ပိုက်ဆံချမ်းသာတော့ သူ့စီမှာ
ကပ်စားရတာ အဆင်ပြေသည်
ရတဲ့ ပိုက်ဆံတွေနဲ့ မကျန်ရှိတော့တဲ့ မားမားရဲ့
အသက်ကြိုးကို ဆွဲဆန့်နေမိသည်
ခင်တွယ်စရာမရှိ မားမားတစ်ယောက်သာ ရှိသည်မို့
ဘာပဲလုပ်ရလုပ်ရပါစေ အသက်ကြိုးမျှင်လေးကိုတော့ ဆွဲဆန့်ပါရစေ
ကြီးမား ထယ်ဝါလွန်းလှတဲ့အိမ်ကြီး
ဒီနေ့ လူတွေများနေသလိုပဲ
အကုန်လုံးလိုလိုက အနက်ရောင် ဝတ်စုံပြည့်ဖြင့်
မိသားစုဝင်တွေများသေလို့လား
စူးစမ်းကာအိမ်ထဲဝင်သွားမိတော့
~ဖြန်း~ ခနဲမြည်အောင် ရိုက်ခံလိုက်ရပြီး လူတောင်အနည်းငယ်ယိုင်သွားရပါသည်
အချို့လူများမှာလည်း ကျနော့်ကိုဝိုင်းကြည့်ကြသည်
"မင်းကြောင့်..မင်းကြောင့်..ငါတို့အဖေက ဆုံးသွားရတာ"
"ဘာဆိုင်လို့လဲ ကျနော်နဲ့"
"ဆိုင်တာပေါ့ မင်းလို ငယ်ငယ်ရွယ်ရွယ်လေးကို အဖေက အရူးအမူးဖြစ်ပြီး နှလုံးဖောက်သွားတာ"
"ဗျာ.."
"သွား ခုချက်ချင်း ငါတို့ ခြံထဲက ထွက်သွား"
"ဦး ဆုံးသွားတာလား ကျနော်တကယ် စိတ်မကောင်းပါဘူးနော်"
"သွားစမ်းပါ ရုပ်ရည်လေး ဗန်းပြပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေးတွေစီက ခြူစားနေတဲ့ကောင်
ပိုင်လုံးကောင် ယောကျာ်း ပိုင်းလုံး သွားခု ငါ့ခြံထဲက
ထွက်သွား"
"ဟွန့် သွားမှာပါ ခွေးလို မောင်းထုတ်စရာမလိုပါဘူး
ကျနော်က ခင်ဗျားပြောသလို ဒီလူကြီးစီက ခြူစားထားတာမို့ မကောင်းတတ်လို့မေးကြည့်တာ
သွားပြီ "
ကတ်ကတ်လန်အောင် ပြောနေတဲ့ အဖွားကြီးကို
ပြန်ပြောကာ ထိုခြံထဲမှ ထွက်လာခဲ့သည် မထူးဆန်းတော့ပါဘူး ဒါတွေက ကျနော့်အတွက် ကျင့်သားရနေပါပြီ လူတွေ ကျနော့်ကို ခေါ်ကြတာ ပိုင်းလုံးတဲ့လေ
ဟက် ရယ်ရတယ် ဘယ်သူကရော ဒီလို
သူများပိုက်ဆံကို ယူရတဲ့ မကောင်းတဲ့အလုပ်ကြီးကို
လုပ်ချင်မှာလဲ
ဒါနဲ့ မားမား အတွက် ဆေးစရိတ် ဘယ်က ရှာရတော့မှာလဲ
တကယ် စိတ်ညစ်တယ် တစ်ယောက်အဆင်မပြေရင်
နောက်တစ်ယောက်စီ ပြောင်းရတာ အဆင်မပြေဘူး
ကျနော်နဲ့ ပတ်သတ်မိရင် တော်တော်များများ မွဲသွားကြတာချည်းပဲ
ပတ်ဝန်းကျင်ကိုလည်း သတိမမူမိပါဘူး
စိတ်ရှုပ်ထွေးနေသောကြောင့် စိတ်လွတ်နေသည်
"ချာတိတ် ကား!!!"
ဆိုသော အသံနဲ့ အတူ လူကလည်း တစ်ယောက်ယောက်ရဲ့ ပွေ့ဖက်ခြင်းကိုခံလိုက်ရပြီး မြေပြင်ပေါ်
လဲကျခဲ့သည် ရုတ်တရက်မို့ မျက်လုံးတောင် မဖွင့်ရဲသေးပါဘူး
"ချာတိတ် အဆင်ပြေလား?"
"ဟင်?"
အသံကြားမှ မော့ကြည့်မိသည် ကျနော်က လူတစ်ယောက်အပေါ်ရောက်နေတာပဲ
ဒါမဲ့ အဲ့လူကြီး တော်တော်ချောတယ် မျက်ခုံးမွှေးထူထူနဲ့ စူးရှတဲ့ မျက်ဝန်းတစ်စုံ ရှိသည်
နှာတံစင်းစင်း သေသပ်သော နှုတ်ခမ်းပါးနဲ့
နောက်ဆုံး မေးရိုးထင်းထင်းလေး
"ချာတိတ် မင်းအဆင်ပြေရဲ့လား"
လူကို ကြောင်တောင်တောင်လေးဖြင့် ကြည့်နေသော
ကောင်ငယ်လေး လန့်ပြီး စိတ်များလွတ်သွားတာလား
"ချာတိတ်.."
"ဟမ် တောင်းပန်ပါတယ် မေ့သွားလို့ပါ တောင်းပန်ပါတယ်နော် "
အတင်းတောင်းပန်ပြီး သူကုန်းရုန်းထသည်
"ကျနော် တောင်းပန်ပါတယ်နော် တကယ် စိတ်လွတ်နေမိလို့ပါ"
"ရပါတယ် မင်းအဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ် ဒီက ..အဲ.ဘယ်လိုခေါ်ရမလဲ "
"oh sehun ကိုယ့်နာမည် oh sehun ပါ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်နော် ကျနော့်အသက်ကို ကယ်ပေးတာ တကယ်ကျေးဇူးတင်ပါတယ် ကျနော့်နာမည်က xiao luhan ပါ"
"အင်း ကိုယ်မှတ်ထားပါ့မယ် ခွင့်ပြုပါဦး"
"ဟိုလေ"
"အင်း ပြောပါ "
"ကျေးဇူးတင်လို့ တစ်ခုခု လိုက်ကျွေးပါရစေလား"
"အင်း ကိုယ်လည်း နေ့လည်စာ သွားစားမို့ အဖော်ရသွားတာပေါ့"
"ဟုတ်ကဲ့ စေတနာကိုအသိအမှတ်ပြုတဲ့ အတွက်ကျေးဇူးတင်ပါတယ်"
"လာ ကိုယ့်မှာ ကားပါတယ် ကိုယ့်ကားနဲ့ပဲ သွားရအောင်"
"ဟုတ်ကဲ့"
ရောသောပေါသော ဖြင့် ထိုလူကြီးနောက်ပါလာမိသည် ကားကြီးက နောက်ဆုံးပေါ် နာမည်ကြီး ကားကြီးရယ် ပြီးတော့ သူ့လက်မှာ ကျနော်
အမြဲဝတ်ချင်နေခဲ့တဲ့ နာရီအကောင်းစားကြီးရှိနေတယ်
ဒီလူကြီး တော်တော်ချမ်းသာတာပဲ
လူရှာမတွေ့သေးမဲ့အတူတူ ဒီလူကြီးစီပဲ ကပ်လိုက်ရမလား သူ့ကြည့်ရတာလည်း ကပ်ရတာလွယ်မဲ့ပုံ
ရက်ရောသည် အသက်အနေအထားကလည်း
30 တော့ကျော်မည်ထင်
အသက်ကြီးတဲ့သူတွေကိုပဲ ကျနော်ရွေးကပ်တတ်ပါသည် ငယ်ရွယ်တဲ့သူတွေဆို ကိုယ်ပိုင် စီးပွားရှိတဲ့သူက ရှားသည်လေ
"ချာတိတ် ရပြီ ဆင်းတော့"
သူ့အသံကြားမှ သတိပြန်ဝင်ကာကြည့်မိတော့
မျက်လုံးတွေတောင်ပြာဝေသွားရသည်
အကောင်းစားဆိုင် အကြီးစားကြီး
ကျနော့်မှာ ပါတဲ့ ပိုက်ဆံလေးနဲ့ဆို စွပ်ပြုတ်တစ်ပွဲတောင် မရဘူး
စိတ်ထဲကသာ တွေးနေတာ ကျနာ် ထိုဆိုင်ကြီးထဲကို
ယောင်လည်လည်နဲ့ပါသွားပါသည်
"ထိုင် ဒီမှာ menu "
"ဟုတ်"
ထိုသူပေးတဲ့ စာအုပ်ကြီး ယူကြည့်မိတော့ အင်္ဂလိပ်လိုတွေရေးထားသည်မို့ ကျနော်သိပ်နားမလည်ပါဘူး
ဒါမဲ့ ပိုက်ဆံတွေကိုတော့ကြည့်တတ်ပါတယ်
အားပါးပါး နည်းတဲ့ဈေးတွေလား အိမ်ပေါင်ပြီး
ကျွေးမှရမယ်
~ဂလု~
အရှေ့က စိုးရိမ် ပူပန်မှုတွေ ရှိနေတဲ့ ချာတိတ်ရဲ့ မျက်နာ ကိုကြည့်မိသည် ဝယ်လည်း ကျွေးချင်တယ် ပိုက်ဆံလည်း မရှိဘူးထင်ပါရဲ့
"ကိုယ် ဝယ်ကျွေးမှာပါ"
သူမော့ကြည့်လာသည်
"ဟို ရပါတယ် ကျနော်ပဲ..."
"မင်းကို ခင်လို့ ကိုယ်က ဝယ်ကျွေးချင်လို့ပါ"
"ဟို...."
"ထားလိုက်တော့ ကိုယ်ပဲ ဝယ်ကျွေးမယ်"
သူလည်း ဆက်မပြောလဲ တိတ်သွားသောကြောင့်
သဘောကျသလိုပြုံးမိသည်ထင်သည်
ကျနော် တကယ်မပြုံးတော့တာကြာပါပြီ
စားစရာတွေလာချပေးတော့လည်း မထိဘဲကြည့်နေတဲ့သူ
"စားလေ ချာတိတ်"
"ကျနော် ဒါတွေမစားတတ်ဘူး ဘယ်လိုလုပ်ရမလဲမသိပါဘူး"
မျက်နာလေးငယ်ကာ သူပြောလာသည်
"ပေး ကိုယ်လုပ်ပေးမယ်"
သူ့ရှေ့က ပန်းကန်လေးကို.ယူကာ အသားတွေကို စိတ်ရှည်လက်ရှည် လှီးဖြတ်ပေးနေလိုက်သည်
ဘုရားစူး လူတစ်ယောက်ကို အသားဖြတ်ပေးဖူးတာ
သူပထမဆုံးပါ
မင်းအရမ်း ကံကောင်းတယ် ချာတိတ်
"စား ခက်ရင်းလေးနဲ့ ထိုးစားချည်"
"တောင်းပန်ပါတယ်နော် ကျနော်က မစားတတ်တော့ ဦးက အကုန်လုပ်ပေးနေရတယ်"
"ဦး?"
"ဟို မကြိုက်ရင် မခေါ် .."
"ကြိုက်ပါတယ် ကိုယ်ကြိုက်တယ် မင်းဦးလို့ ခေါ်တာလေးကို"
"ကျေးဇူးတင်ပါတယ်"
"ကိုယ် မင်းနဲ့ ထပ်ဆုံချင်သေးတယ် မင်းဖုန်းနံပါတ်
ကိုယ့်ကို ပေး"
ကျနော်ပြောတော့ သူ့မျက်နာလေး ထပ်ငယ်သွားသည်
"ကျနော့်မှာ ဖုန်းမရှိဘူး"
"ဟင်..."
တကယ် အံ့သြဖို့ကောင်းသည် ခုခေတ်ကြီးမှာ
ကလေးတွေတောင်ဖုန်းကိုင်နေတဲ့အချိန်မှာ သူက
ဖုန်းမရှိဘူးတဲ့
"ဒါဆို မင်းအိမ်"
"ဟို မားမားက မရင်းနှီးတဲ့ သူတွေကို အိမ်မပြောပြနဲ့တဲ့"
"မင်း အသက်ကိုတောင် ကယ်ထားတာလေ မရင်းနှီးဘူးလား"
"ဟို ကျနော် တို့က တစ်ခါပဲ တွေ့ဖူးသေးတယ်လေ"
"အင်းပါ ကိုယ်မင်းကို ဘယ်မှာတွေ့နိုင်မလဲ"
"ကျနော့်မှာ အလုပ်ပုံမှန်မရှိပါဘူး"
"ဟင်? မင်းကလည်း ငါက မင်းကို ဘယ်မှာတွေ့နိုင်တော့မှာလည်း"
"..........."
"ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်မင်းနဲ့တွေ့ချင်သေးတယ်"
"ဟို ကျနော် လာတွေ့မယ်လေ ဦး ကုမ္ပဏီကိုပြော"
"အင်း မဆိုးဘူး မင်း OH ကုမ္ပဏီ ကိုသိလား အဲ့ကိုလာခဲ့"
"ဟုတ် "
"မနက်ဖြန်နော်"
"ဟုတ်ကဲ့"
"ကိုယ် အလုပ်သမားတွေကို ပြောထားမယ် မင်းလာမဲ့အကြောင်း"
"အားနာစရာကြီး တကူးတကကြီးဆိုတော့"
"ရပါတယ် ကိုယ်သွားတော့မယ် အလုပ်ရှိသေးလို့"
"ဟုတ်"
ထိုလူကြီး ထွက်သွားမှ ကျေနပ်သော အပြုံးတစ်ခု
ပြုံးမိပါသည်
ဦးက အရမ်းလွယ်တယ်နော် ရောရတာ
ချက်ချင်းကို ကုမ္ပဏီထိ လာဖို့ပြောတာ
သနားဖို့ကောင်းသွားလို့ထင်တယ်
နောက်မှ ဦး မသနားသင့်မှန်း သိလာပါလိမ့်မယ်လေ
🍑🍑🍑
အိပ်ယာပေါ် ခြေပစ်လက်ပစ် လှဲချလိုက်သည်
တနေ့ကုန် သူ့မျက်နာလေးသာ မြင်နေပြီး
သူ့အကြောင်းတွေကိုပဲ တွေးနေမိတဲ့ ကိုယ့်ကိုကိုယ် အံ့သြမိပါတယ်
သူ့ရဲ့ အားငယ်နေတဲ့ မျက်နာလေး
စိတ်လွတ်ပြီး ကြောင်တောင်တောင်လေးကြည့်နေတဲ့မျက်နာလေး
စိုးရိမ်ပူပန်နေတဲ့ သူ့မျက်နာလေး
မင်းက လူကို ပြုစားလွန်းတယ်
သူ့အကြောင်းတွေကို ပိုပိုပြီး သိချင်နေမိသည်
အသက် 30 ကျော်လာသည်အထိ ဘယ်သူ့အကြောင်းမှ စိတ်မဝင်စားခဲ့ပေမဲ့ မင်းအကြောင်းတွေကိုတော့ စိတ်ဝင်စားနေမိပြီ
*မင်းက တကယ်ပဲ ဘာလေးလဲ ချာတိတ်ရယ်*
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
TO BE CONTINUE ❄❄
short story ပါ