Unicode
အခန်း(၄) - ဒီအတိုင်းအိပ်မက်ဆိုးတစ်ခုပါပဲ
ပိုင်ရိဟန်က ထိုနေရာမှာပဲ ရပ်ပြီး ခဏမျှ ပုန်းနေမိသည်, ထို့နောက်အသက်ကို ပြင်းပြင်းရှုလိုက်ကာ သူ့ခံစားချက်များကို ဖယ်ထုတ်ပြီးသည့် အချိန်လောက်ကျမှ ထိုထောင့်နေရာမှ လျှောက်ထွက်လာပြီး ဖြည်းဖြည်းခြင်းဆီ ဆင်းလာခဲ့လိုက်၏။
သူမ၏ ချစ်မြတ်နိုးရတဲ့ သားငယ်လေးက လှေကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ ရိဟန်ရဲ့အမေက အလျင်အမြန်ပဲ လျှောက်သွားလိုက်ပြီး မေးလိုက်လေသည်။
"ဟန်ဟန်...ဘယ်လိုဖြစ်လို့ ဒီလောက် နောက်ကျမှ နိုးလာရတာလဲ? ဗိုက်ဆာနေပြီလား? အန်တီယန်ရော? အန်တီယန်! မြန်မြန်လာ.. ဟန်ဟန်ရဲ့မနက်စာယူလာခဲ့!"
သို့သော်လည်းအမေက ရိဟန်ရဲ့အနားကို ရောက်သည်နှင့် ရိဟန်ရဲ့ အနီရောင် မျက်လုံးတွေကို ချက်ချင်း သတိပြုမိလိုက်သည်။ ထိုအရာက ငိုထားသောကြောင့်ပင်။ သူမရဲ့ နူးညံ့သိမ်မွေ့သည့် မိခင်နှလုံးသားက နာကျင်မှုကြောင့် ခုန်လာခဲ့ပြီး သူမရဲ့တစ်ကိုယ်လုံး တုန်ယင်လာခဲ့သည်။ သူမက သူမရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့မျက်နှာကို ထိတ်လန့်တကြား ထိလိုက်မိသည်။
"ဟန်ဟန်...ဒါဘာဖြစ်တာလဲ? အခုချိန်ထိ မပျော်မရွှင်ဖြစ်နေတုန်းလား? အမေ့ကို မပြောနိုင်တဲ့အရာ တစ်ခုခုရှိနေလား? ဘယ်သူကသားလေးကို ဝမ်းနည်းအောင် လုပ်တာလဲ? အမေ့ကိုပြော... အမေသူတို့ကို ကူညီပြီး ကိုယ်တွယ်ပေးမယ်.. ဟုတ်ပြီလား?"
ရိဟန်ကသူ့အမေရဲ့ လက်များကို ဆုပ်ကိုင်လိုက်ပြီး သူ့အမေရဲ့ ထိတ်လန့်နေသည့် မျက်နှာကိုကြည့်ရင်း မျက်ရည်များကို ဆက်ပြီး ထိန်းမထားနိုင်တော့ပေ။
မျက်နှာမှာ မျက်ရည်များ စီးကျနေဆဲနှင့်ပင် သူ့အမေကို အနားသို့ဆွဲလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ရေရွတ်မိတော့သည်။
"မား...ကျွန်တော် တောင်းပန်ပါတယ်..... ကျွန်တော်တောင်းပန်ပါတယ်...မမ... ကျွန်တော်တောင်းပန်ပါတယ်"
အမေကထိတ်လန့်နေရာမှ စိတ်ရှုပ်ထွေးသွားသည်သို့ ကူးပြောင်းသွားတော့သည်။ ပိုင်ရွှယ်ချင်းကလည်း အေးစက်နေသည့် မျက်နှာဖြင့် အလျင်အမြန် လျှောက်လာရင်းမေးသည်။
"ဟန်ဟန်.... ငါ့ကိုတည့်တည့်ပြောစမ်း.. တစ်ယောက်ယောက်က မောင်လေးကို အနိုင်ကျင့်လို့လား? ဘယ်သူလဲ? မမကိုပြော! ဒီအမျိုးသမီးက သူ့ခြေထောက်တွေကို ဘယ်လိုချိုးပစ်မလဲဆိုတာ ပြပေးလိုက်မယ်!"
သူမရဲ့စကားသံက ကြမ်းတမ်းပြီး ပြင်းထန်နေသော်လည်း သူမရဲ့ လက်များကတော့ နူးညံ့သိမ်မွေ့စွာဖြင့် ရိဟန်ရဲ့ ကျောကုန်းလေးကို ပွတ်ပေးပြီး နှစ်သိမ့်ပေးနေသည်။
ထိုအချိန်မှာ အမေကတော့ အလွန်စိတ်သောက ရောက်နေသောကြောင့် သူမရဲ့ ကြမ်းတမ်းသည့် စကားပြောဆိုပုံကို အငြင်းပွားရန်နှောင့်နှေးနေခဲ့မိသည်။
"ဟုတ်တယ်..ဟန်ဟန်... အမေ့ကိုပြော.... သားလေးဘာတွေ တွေ့ကြုံထားတာလဲ? အမေ့ကိုရင်တွေနာကျင်ပြီး သေသွားအောင် သတ်ပစ်ချင်နေလို့လားသားရယ်?"
အချိန်တစ်ချို့ကြာပြီးနောက် ရိဟန်ရဲ့ ခံစားချက်များက နောက်ဆုံးတော့ ပြန်ပြီး ငြိမ်သက်လာခဲ့ရသည်။ သူ့အမေနဲ့သူ့အမရဲ့ မေးခွန်းတွေအတွက် သူ့မှာ ခေါင်းသာ ခါပြနိုင်တော့၏။ ဘယ်လိုများ သူ့ရဲ့ဒီအဖြစ်အပျက်ကို ဖော်ပြနိုင်မှာလဲလေ?
ဒါပေမဲ့အမေနဲ့ ရွှယ်ချင်းကလည်း ဘယ်လိုများဒီအတိုင်း လွှတ်ပေးလိုက်မှာလဲ? နောက်ဆုံးတော့ ရိဟန်က စစ်ကြော မေးမြန်းနေမှုကို ကျော်ဖြတ်နိုင်ရန် ပြန်ဖြေလိုက်ရသည်။
"ကျွန်တော်တကယ် အဆင်ပြေပါတယ်.. ဒီအတိုင်း, အိပ်မက်ဆိုးကြောင့် လန့်သွားလို့"
အမေက စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြောသည်။
"အမေ့ကို အာရုံပြောင်းအောင်လုပ်ဖို့ ကြိုးစားရဲတယ်ပေါ့လေ... ဘယ်လို အိပ်မက်ဆိုးက သားကို ဒီလောက် အခြေအနေဖြစ်အောင် ခြောက်လှန့်နိုင်မှာလဲ?"
ရွှယ်ချင်းတောင်မှ သူ့ကို အနီးကပ်စိုက်ကြည့်ုလိုက်ပြီး သူမရဲ့မျက်နှာကတော့ 'နင်နောက်တစ်ခါ ထပ်လိမ်နေပြန်ပြီ' ဆိုသည့်စကားကို ရေးထားလေသည်။
ရိဟန်က သက်ပြင်းချလိုက်ပြီး မှောင်မိုက်နေသည့် အသံဖြင့် ပြန်ဖြေသည်။
"အဲ့ဒါအမှန်ပဲ... ကျွန်တော့် အိမ်မက်ထဲမှာ.. ကျွန်တော်က တစ်မိသားစုလုံးကို စီးပွားပျက်အောင် လုပ်မိပြီး ဆင်းရဲဒုက္ခတွေနဲ့ အိမ်သေးသေးလေးဆီကို ပြောင်းရွေ့ နေထိုင်ရတယ်လို့မက်တာတာ"
အမေက"pfft"ဟူသော အသံထွက်သည်အထိ ရယ်လိုက်ပြီး သူ့ပုခုံးကို ပုတ်ပေးလေသည်။
"ဟားဟားဟား...အိုး ငါ့ကလေးလေးရယ်.... ဘယ်လိုများ ဒီလောက်တောင် ချစ်စရာကောင်းရတာလဲ? ဘယ်လိုများသားက အမေတို့တစ်မိသားစုလုံးကို စီးပွားပျက်အောင်ထိ လုပ်နိုင်သွားရတာလဲ? ဘယ်လိုအရည်အချင်းမျိုးနဲ့လဲ?"
ရိဟန်ရဲ့မျက်နှာက ဗလာဖြစ်သွားရတော့သည်။
ရွှယ်ချင်းက ချောင်းအသာ ဟန့်လိုက်သည့်အခါ အမေက သူမရဲ့အပြုံးကို ချက်ချင်းဖယ်လိုက်ပြီး လည်ချောင်းကိုရှင်း၍ပြောသည်။
"ဟန်ဟန်...အဲ့ဒါက ဒီရက်ပိုင်းအတွင်း သားစိတ်ထဲနေလို့ အဆင်မပြေဖြစ်နေလို့ ဖြစ်နေလိမ့်မယ် အဲ့ဒါကြောင့် သားဆီမှာ ဒီလိုအိမ်မက်တွေ ဆက်တိုက်မက်နေတာ.... အဲ့ဒါကိုတွေးမနေနဲ့.. တကယ်လို့သား ပျင်းတယ်ဆိုရင် မမကိုခေါ်ပြီး အပြင်မှာသွားကစားလေ"
ရိဟန်ကနူးညံ့သိမ်မွေ့စွာဖြင့် ပြန်ဖြေသည်။
"မား...မမက အရမ်းအလုပ်များတာလေ ပြီးတော့ ကျွန်တော်က ကလေးမှ မဟုတ်တော့တာ.. ကျွန်တော်အိမ်က ထွက်ဖို့ကို လူကြီးတစ်ယောက် လိုနေသေးလို့လား?"
သူ့အမက အခုချိန်မှာ မုကျင်းယွမ်နဲ့ နက်နက်ရှိုင်းရှိုင်း ချစ်နေလောက်ပြီလေ... ဒီလိုအချိန်မျိုးက သူတို့တွေလုံးဝ ခွဲနေနိုင်ကြမှာမဟုတ်ဘူး အဲ့ဒါတောင် သူ့စိတ်အခြေအနေ မကောင်းတာ တစ်ခုတည်းအတွက်နဲ့ သူ့အမက ရုံးလည်းမသွား Date လည်းမလုပ်ပဲ အိမ်မှာသူနိုးလာတဲ့အထိ စောင့်ပေးနေခဲ့တာ.. ဒါကိုကြည့်ခြင်းဖြင့် သူ့အပေါ်မှာရှိတဲ့ သူမရဲ့အချစ်က ဘယ်လောက်တောင် နက်ရှိုင်းလဲဆိုတာမြင်နိုင်တာပဲကို..
ဘာဖြစ်လို့များဒါကို အရင်တုန်းက တန်ဖိုးထားရမှန်း မသိခဲ့တာပါလိမ့်? ဘာဖြစ်လို့များ ဒီလောက်ကောင်းတဲ့ အမကို အဝေးရောက်အောင် တစ်ချိန်လုံး တွန်းပို့ခဲ့မိတာလဲ? သူသေတဲ့အချိန်မှာဆို သူ့အမကသူ့ကို စကားလုံးဝ မပြောချင်တော့တဲ့အထိ ဖြစ်သွားခဲ့ပြီးနေပြီ
"တကယ်လို့မောင်လေး မမကို လိုက်စေချင်တယ်ဆိုရင် တစ်ရက်လောက် နှောင့်နှေးသွားလည်း ကိစ္စကြီးမဟုတ်ပါဘူး"
အမေကသဘောတူသည့် အနေဖြင့်ခေါင်းညိမ့်ပြသည်။
"ကြည့်ပါလား...သားအမက အဆင်ပြေတယ်လို့ပြောနေတယ်လေ"
"တကယ်မလိုပါဘူး... ကျွန်တော်ပြီးမှ ကိုယ့်ဘာသာ အပြင်သွားလိုက်ပါမယ်.. တကယ်လို့မမမှာ လုပ်စရာတစ်ခုခုရှိနေရင် အရင်သွားလိုက်လေ" ရိဟန်ကအခိုင်အမာပဲ ငြင်းဆိုလိုက်တော့သည်။
ပိုင်မိသားစု၏ ဘိုးဘေးကြီးဖြစ်သော ပိုင်ဟိုင်မင်းက ငယ်စဉ်ကတည်းက ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး သူ့ကိုယ်ပိုင် ပိုင် Group ကို တည်ထောင်ခဲ့သည်။ အဖွားဆုံးသွားသောအခါ အဘိုးသည် အလွန်အသက်ကြီးနေပြီ ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများကို ပါးပါးပိုင်ဖုရဲန်ဆီသို့ ပစ်ချပေးပြီး ငြိမ်သက်တိတ်ဆိတ်သော နေရာတွင်အိမ်ကြီးတစ်လုံး ဝယ်နေလိုက်လေသည်။
ပိုင်ဖုရဲန်ကလည်း စိတ်မပျက်စေခဲ့ဘူး။ ပိုင် Group ကို လွှဲပြောင်းယူပြီး, နောက်ပိုင်းနှစ်တွေမှာ ကုမ္ပဏီက တည်ငြိမ်ပြီး သူတို့ရဲ့ စီမံကိန်းအားလုံးကလည်း ကောင်းမွန်စွာ စီမံပြီးမြောက် အောင်မြင်ခဲ့သည်။ အကိုကြီးဖြစ်သူ ပိုင်ယန်ကလည်း ဖခင်အား ကူညီရန်နှင့် နောက်ဆုံးတွင် အမွေဆက်ခံရန်အတွက် ငယ်ရွယ်စဉ်ကပင် ကုမ္ပဏီသို့ ဝင်ရောက်ခဲ့လေသည်။
ရွှယ်ချင်းသည်လည်း ပိုင်Groupတွင် ဝင်ရောက်အလုပ်လုပ်ခဲ့ပြီး မိန်းကလေး ဖြစ်နေတာကြောင့် လျှော့တွက်လို့မရပေ။ ယောကျားအများစုပင် သူမလောက် ပါရမီရှိပြီး ဆုံးဖြတ်ချက်မရှိကြဘူး။
သူမကသူမရဲ့ အစွမ်းသတ္တိဖြင့်ပင် ကုမ္ပဏီမှာရာထူးမြင့်မြင့် ယူထားနိုင်ခဲ့ပြီး သံသယမရှိလောက်အောင်ပင် သူမကသူတို့ခေါ်ကြသည့်'Strong Woman'ခေါင်းစဉ်ကိုရရှိထားခဲ့သည်။
13.8.2021
_***********_
Next Episode
မနိုးထချင်တော့ဘူး
_***********_
Zawgyi
အခန္း(၄) - ဒီအတိုင္းအိပ္မက္ဆိုးတစ္ခုပါပဲ
ပိုင္ရိဟန္က ထိုေနရာမွာပဲ ရပ္ၿပီး ခဏမွ် ပုန္းေနမိသည္, ထို႔ေနာက္အသက္ကို ျပင္းျပင္းရွဳလိုက္ကာ သူ႔ခံစားခ်က္မ်ားကို ဖယ္ထုတ္ၿပီးသည့္ အခ်ိန္ေလာက္က်မွ ထိုေထာင့္ေနရာမွ ေလွ်ာက္ထြက္လာၿပီး ျဖည္းျဖည္းျခင္းဆီ ဆင္းလာခဲ့လိုက္၏။
သူမ၏ ခ်စ္ျမတ္ႏိုးရတဲ့ သားငယ္ေလးက ေလွကားေပၚမွ ဆင္းလာသည္ကို ျမင္ေသာအခါ ရိဟန္ရဲ႔အေမက အလ်င္အျမန္ပဲ ေလွ်ာက္သြားလိုက္ၿပီး ေမးလိုက္ေလသည္။
"ဟန္ဟန္...ဘယ္လိုျဖစ္လို႔ ဒီေလာက္ ေနာက္က်မွ ႏိုးလာရတာလဲ? ဗိုက္ဆာေနၿပီလား? အန္တီယန္ေရာ? အန္တီယန္! ျမန္ျမန္လာ.. ဟန္ဟန္ရဲ႔မနက္စာယူလာခဲ့!"
သို႔ေသာ္လည္းအေမက ရိဟန္ရဲ႔အနားကို ေရာက္သည္ႏွင့္ ရိဟန္ရဲ႔ အနီေရာင္ မ်က္လံုးေတြကို ခ်က္ခ်င္း သတိျပဳမိလိုက္သည္။ ထိုအရာက ငိုထားေသာေၾကာင့္ပင္။ သူမရဲ႔ ႏူးညံ့သိမ္ေမြ႕သည့္ မိခင္ႏွလံုးသားက နာက်င္မႈေၾကာင့္ ခုန္လာခဲ့ၿပီး သူမရဲ႔တစ္ကိုယ္လံုး တုန္ယင္လာခဲ့သည္။ သူမက သူမရဲ႔လက္ကို ဆန္႔ထုတ္လိုက္ၿပီး သူ႔မ်က္ႏွာကို ထိတ္လန္႔တၾကား ထိလိုက္မိသည္။
"ဟန္ဟန္...ဒါဘာျဖစ္တာလဲ? အခုခ်ိန္ထိ မေပ်ာ္မရႊင္ျဖစ္ေနတုန္းလား? အေမ့ကို မေျပာႏိုင္တဲ့အရာ တစ္ခုခုရွိေနလား? ဘယ္သူကသားေလးကို ဝမ္းနည္းေအာင္ လုပ္တာလဲ? အေမ့ကိုေျပာ... အေမသူတို႔ကို ကူညီၿပီး ကိုယ္တြယ္ေပးမယ္.. ဟုတ္ၿပီလား?"
ရိဟန္ကသူ႔အေမရဲ႔ လက္မ်ားကို ဆုပ္ကိုင္လိုက္ၿပီး သူ႔အေမရဲ႔ ထိတ္လန္႔ေနသည့္ မ်က္ႏွာကိုၾကည့္ရင္း မ်က္ရည္မ်ားကို ဆက္ၿပီး ထိန္းမထားႏိုင္ေတာ့ေပ။
မ်က္ႏွာမွာ မ်က္ရည္မ်ား စီးက်ေနဆဲႏွင့္ပင္ သူ႔အေမကို အနားသို႔ဆြဲလိုက္ၿပီး အသံနိမ့္နိမ့္ျဖင့္ ေရရြတ္မိေတာ့သည္။
"မား...ကၽြန္ေတာ္ ေတာင္းပန္ပါတယ္..... ကၽြန္ေတာ္ေတာင္းပန္ပါတယ္...မမ... ကၽြန္ေတာ္ေတာင္းပန္ပါတယ္"
အေမကထိတ္လန္႔ေနရာမွ စိတ္ရႈပ္ေထြးသြားသည္သို႔ ကူးေျပာင္းသြားေတာ့သည္။ ပိုင္ရႊယ္ခ်င္းကလည္း ေအးစက္ေနသည့္ မ်က္ႏွာျဖင့္ အလ်င္အျမန္ ေလွ်ာက္လာရင္းေမးသည္။
"ဟန္ဟန္.... ငါ့ကိုတည့္တည့္ေျပာစမ္း.. တစ္ေယာက္ေယာက္က ေမာင္ေလးကို အႏိ္ုင္က်င့္လို႔လား? ဘယ္သူလဲ? မမကိုေျပာ! ဒီအမ်ိဳးသမီးက သူ႔ေျခေထာက္ေတြကို ဘယ္လိုခ်ိဳးပစ္မလဲဆိုတာ ျပေပးလိုက္မယ္!"
သူမရဲ႔စကားသံက ၾကမ္းတမ္းၿပီး ျပင္းထန္ေနေသာ္လည္း သူမရဲ႔ လက္မ်ားကေတာ့ ႏူးညံ့သိမ္ေမြ႕စြာျဖင့္ ရိဟန္ရဲ႔ ေက်ာကုန္းေလးကို ပြတ္ေပးၿပီး ႏွစ္သိမ့္ေပးေနသည္။
ထိုအခ်ိန္မွာ အေမကေတာ့ အလြန္စိတ္ေသာက ေရာက္ေနေသာေၾကာင့္ သူမရဲ႔ ၾကမ္းတမ္းသည့္ စကားေျပာဆိုပံုကို အျငင္းပြားရန္ေႏွာင့္ေႏွးေနခဲ့မိသည္။
"ဟုတ္တယ္..ဟန္ဟန္... အေမ့ကိုေျပာ.... သားေလးဘာေတြ ေတြ႕ၾကံဳထားတာလဲ? အေမ့ကိုရင္ေတြနာက်င္ၿပီး ေသသြားေအာင္ သတ္ပစ္ခ်င္ေနလို႔လားသားရယ္?"
အခ်ိန္တစ္ခ်ိဳ႔ၾကာၿပီးေနာက္ ရိဟန္ရဲ႔ ခံစားခ်က္မ်ားက ေနာက္ဆံုးေတာ့ ျပန္ၿပီး ၿငိမ္သက္လာခဲ့ရသည္။ သူ႔အေမနဲ႔သူ႔အမရဲ႔ ေမးခြန္းေတြအတြက္ သူ႔မွာ ေခါင္းသာ ခါျပႏိုင္ေတာ့၏။ ဘယ္လိုမ်ား သူ႔ရဲ႔ဒီအျဖစ္အပ်က္ကို ေဖာ္ျပႏိုင္မွာလဲေလ?
ဒါေပမဲ့အေမနဲ႔ ရႊယ္ခ်င္းကလည္း ဘယ္လိုမ်ားဒီအတိုင္း လႊတ္ေပးလိုက္မွာလဲ? ေနာက္ဆံုးေတာ့ ရိဟန္က စစ္ေၾကာ ေမးျမန္းေနမႈကို ေက်ာ္ျဖတ္ႏိုင္ရန္ ျပန္ေျဖလိုက္ရသည္။
"ကၽြန္ေတာ္တကယ္ အဆင္ေျပပါတယ္.. ဒီအတိုင္း, အိပ္မက္ဆိုးေၾကာင့္ လန္႔သြားလို႔"
အေမက စိတ္ဆိုးမာန္ဆိုးျဖင့္ ျပန္ေျပာသည္။
"အေမ့ကို အာရံုေျပာင္းေအာင္လုပ္ဖို႔ ႀကိဳးစားရဲတယ္ေပါ့ေလ... ဘယ္လို အိပ္မက္ဆိုးက သားကို ဒီေလာက္ အေျခအေနျဖစ္ေအာင္ ေျခာက္လွန္႔ႏိုင္မွာလဲ?"
ရႊယ္ခ်င္းေတာင္မွ သူ႔ကို အနီးကပ္စိုက္ၾကည့္ုလိုက္ၿပီး သူမရဲ႔မ်က္ႏွာကေတာ့ 'နင္ေနာက္တစ္ခါ ထပ္လိမ္ေနျပန္ၿပီ' ဆိုသည့္စကားကို ေရးထားေလသည္။
ရိဟန္က သက္ျပင္းခ်လိုက္ၿပီး ေမွာင္မိုက္ေနသည့္ အသံျဖင့္ ျပန္ေျဖသည္။
"အဲ့ဒါအမွန္ပဲ... ကၽြန္ေတာ့္ အိမ္မက္ထဲမွာ.. ကၽြန္ေတာ္က တစ္မိသားစုလံုးကို စီးပြားပ်က္ေအာင္ လုပ္မိၿပီး ဆင္းရဲဒုကၡေတြနဲ႔ အိမ္ေသးေသးေလးဆီကို ေျပာင္းေရြ႕ ေနထိုင္ရတယ္လို႔မက္တာတာ"
အေမက"pfft"ဟူေသာ အသံထြက္သည္အထိ ရယ္လိုက္ၿပီး သူ႔ပုခံုးကို ပုတ္ေပးေလသည္။
"ဟားဟားဟား...အိုး ငါ့ကေလးေလးရယ္.... ဘယ္လိုမ်ား ဒီေလာက္ေတာင္ ခ်စ္စရာေကာင္းရတာလဲ? ဘယ္လိုမ်ားသားက အေမတို႔တစ္မိသားစုလံုးကို စီးပြားပ်က္ေအာင္ထိ လုပ္ႏိုင္သြားရတာလဲ? ဘယ္လိုအရည္အခ်င္းမ်ိဳးနဲ႔လဲ?"
ရိဟန္ရဲ႔မ်က္ႏွာက ဗလာျဖစ္သြားရေတာ့သည္။
ရႊယ္ခ်င္းက ေခ်ာင္းအသာ ဟန္႔လိုက္သည့္အခါ အေမက သူမရဲ႔အျပံဳးကို ခ်က္ခ်င္းဖယ္လိုက္ၿပီး လည္ေခ်ာင္းကိုရွင္း၍ေျပာသည္။
"ဟန္ဟန္...အဲ့ဒါက ဒီရက္ပိုင္းအတြင္း သားစိတ္ထဲေနလို႔ အဆင္မေျပျဖစ္ေနလို႔ ျဖစ္ေနလိမ့္မယ္ အဲ့ဒါေၾကာင့္ သားဆီမွာ ဒီလိုအိမ္မက္ေတြ ဆက္တိုက္မက္ေနတာ.... အဲ့ဒါကိုေတြးမေနနဲ႔.. တကယ္လို႔သား ပ်င္းတယ္ဆိုရင္ မမကိုေခၚၿပီး အျပင္မွာသြားကစားေလ"
ရိဟန္ကႏူးညံ့သိမ္ေမြ႕စြာျဖင့္ ျပန္ေျဖသည္။
"မား...မမက အရမ္းအလုပ္မ်ားတာေလ ၿပီးေတာ့ ကၽြန္ေတာ္က ကေလးမွ မဟုတ္ေတာ့တာ.. ကၽြန္ေတာ္အိမ္က ထြက္ဖို႔ကို လူႀကီးတစ္ေယာက္ လိုေနေသးလို႔လား?"
သူ႔အမက အခုခ်ိန္မွာ မုက်င္းယြမ္နဲ႔ နက္နက္႐ွိဳင္း႐ွိဳင္း ခ်စ္ေနေလာက္ၿပီေလ... ဒီလိုအခ်ိန္မ်ိဳးက သူတို႔ေတြလံုးဝ ခြဲေနႏိုင္ၾကမွာမဟုတ္ဘူး အဲ့ဒါေတာင္ သူ႔စိတ္အေျခအေန မေကာင္းတာ တစ္ခုတည္းအတြက္နဲ႔ သူ႔အမက ရံုးလည္းမသြား Date လည္းမလုပ္ပဲ အိမ္မွာသူႏိုးလာတဲ့အထိ ေစာင့္ေပးေနခဲ့တာ.. ဒါကိုၾကည့္ျခင္းျဖင့္ သူ႔အေပၚမွာရွိတဲ့ သူမရဲ႔အခ်စ္က ဘယ္ေလာက္ေတာင္ နက္႐ွိဳင္းလဲဆိုတာျမင္ႏိုင္တာပဲကို..
ဘာျဖစ္လို႔မ်ားဒါကို အရင္တုန္းက တန္ဖိုးထားရမွန္း မသိခဲ့တာပါလိမ့္? ဘာျဖစ္လို႔မ်ား ဒီေလာက္ေကာင္းတဲ့ အမကို အေဝးေရာက္ေအာင္ တစ္ခ်ိန္လံုး တြန္းပို႔ခ့ဲ့မိတာလဲ? သူေသတဲ့အခ်ိန္မွာဆို သူ႔အမကသူ႔ကို စကားလံုးဝ မေျပာခ်င္ေတာ့တဲ့အထိ ျဖစ္သြားခဲ့ၿပီးေနၿပီ
"တကယ္လို႔ေမာင္ေလး မမကို လိုက္ေစခ်င္တယ္ဆိုရင္ တစ္ရက္ေလာက္ ေႏွာင့္ေႏွးသြားလည္း ကိစၥႀကီးမဟုတ္ပါဘူး"
အေမကသေဘာတူသည့္ အေနျဖင့္ေခါင္းညိမ့္ျပသည္။
"ၾကည့္ပါလား...သားအမက အဆင္ေျပတယ္လို႔ေျပာေနတယ္ေလ"
"တကယ္မလိုပါဘူး... ကၽြန္ေတာ္ၿပီးမွ ကိုယ့္ဘာသာ အျပင္သြားလိုက္ပါမယ္.. တကယ္လို႔မမမွာ လုပ္စရာတစ္ခုခုရွိေနရင္ အရင္သြားလိုက္ေလ" ရိဟန္ကအခိုင္အမာပဲ ျငင္းဆိုလိုက္ေတာ့သည္။
ပိုင္မိသားစု၏ ဘိုးေဘးႀကီးျဖစ္ေသာ ပိုင္ဟိုင္မင္းက ငယ္စဥ္ကတည္းက ကုမၸဏီကို တည္ေထာင္ခဲ့ၿပီး သူ႔ကိုယ္ပိုင္ ပိုင္ Group ကို တည္ေထာင္ခဲ့သည္။ အဖြားဆုံးသြားေသာအခါ အဘိုးသည္ အလြန္အသက္ႀကီးေနၿပီ ျဖစ္ေသာေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ားကို ပါးပါးပိုင္ဖုရဲန္ဆီသို႔ ပစ္ခ်ေပးၿပီး ၿငိမ္သက္တိတ္ဆိတ္ေသာ ေနရာတြင္အိမ္ႀကီးတစ္လုံး ဝယ္ေနလိုက္ေလသည္။
ပိုင္ဖုရဲန္ကလည္း စိတ္မပ်က္ေစခဲ့ဘူး။ ပိုင္ Group ကို လႊဲေျပာင္းယူၿပီး, ေနာက္ပိုင္းႏွစ္ေတြမွာ ကုမၸဏီက တည္ၿငိမ္ၿပီး သူတို႔ရဲ႕ စီမံကိန္းအားလုံးကလည္း ေကာင္းမြန္စြာ စီမံၿပီးေျမာက္ ေအာင္ျမင္ခဲ့သည္။ အကိုႀကီးျဖစ္သူ ပိုင္ယန္ကလည္း ဖခင္အား ကူညီရန္ႏွင့္ ေနာက္ဆုံးတြင္ အေမြဆက္ခံရန္အတြက္ ငယ္႐ြယ္စဥ္ကပင္ ကုမၸဏီသို႔ ဝင္ေရာက္ခဲ့ေလသည္။
ရႊယ္ခ်င္းသည္လည္း ပိုင္Groupတြင္ ဝင္ေရာက္အလုပ္လုပ္ခဲ့ၿပီး မိန္းကေလး ျဖစ္ေနတာေၾကာင့္ ေလွ်ာ့တြက္လို႔မရေပ။ ေယာက်ားအမ်ားစုပင္ သူမေလာက္ ပါရမီရွိၿပီး ဆံုးျဖတ္ခ်က္မရွိၾကဘူး။
သူမကသူမရဲ႔ အစြမ္းသတၱိျဖင့္ပင္ ကုမၸဏီမွာရာထူးျမင့္ျမင့္ ယူထားႏိုင္ခဲ့ၿပီး သံသယမရွိေလာက္ေအာင္ပင္ သူမကသူတို႔ေခၚၾကသည့္'Strong Woman'ေခါင္းစဥ္ကိုရရွိထားခဲ့သည္။
13.8.2021
_***********_
Next Episode
မနိုးထခ်င္ေတာ့ဘူး
_***********_