🖤အငြိုး၏​နောက်ကွယ်🖤(Complet...
By Shoon3333
361K 18.1K 307
ရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲ​တော့ဘူး။... More
💟Intro1💟
💟part1💟
💟Part2💟
💟Part3💟
💟Part4💟
💟Part5💟
💟Part6💟
💟Part7💟
💟Part8💟
💟Part9💟
💟Part10💟
💟Part11💟
💟Part12💟
💟Part14💟
💟Part15💟
💟Part16💟
💟Part17💟
💟Part18💟
💟Part19💟
💟Part20💟
💜Extra1💜
💙Extra2💙
💚Extra3💚
🧡Extra4🧡
💖Extra5💖
💞​ကျေးဇူးတင်လွှာ💞
❗Announce❗
💟Part13💟
12.5K 706 40
By Shoon3333
ကျွန်တော်ကိုရှိန်းနားတွင်​နေဖို့၂ပတ်​လောက်သာအများဆုံးအချိန်ရ​တော့သည်။​ရောဂါလက္ခဏာ​တွေကအချိန်ကြာလာသည်နှင့်အမျှပိုပိုဆိုးလာသည်မို့ကိုရှိန်းနားမှကျွန်တော်မြန်မြန်ထွက်သွားရန်ပြင်ဆင်ရမည်။ကျွန်တော်​​ဖေ​ဖေ​၊မေ​မေ၊မမ၊ပြီး​တော့မိုးနဲ့အလင်းတို့ကိုလည်းကျွန်တော့ရဲ့မိုက်မဲတဲ့ဆုံးဖြတ်ချက်အတွက်​တောင်းပန်ခဲ့ရဦးမည်။ကျွန်တော်ချစ်ရသူအတွက်ကျွန်တော့်နှလုံးသား​တွေနာကျင်ရသလိုကျွန်တော့်အတွက်ကျွန်တော့်ကိုချစ်ရသူ​တွေ၏နှလုံးသားကိုကျွန်တော်နာကျင်​စေ​ရတော့မည်။သို့​သော်ဒီအပြစ်သည်ဒီမျှနှင့်ပင်​ကြေမည်ဆိုပါကကျွန်တော်ဒီဘဝကိုဒီ​လောက်နဲ့အဆုံးသတ်ရတာတန်ပါသည်။သူသာ​ပျော်မယ်ဆိုသူသာခွင့်လွှတ်မယ်ဆိုကျွန်တော်​သေရတာတန်ပါတယ်။ကျွန်တော်​ကြောက်တာ​ပေါ့...အရမ်းကို​ပြောမပြတက်​​လောက်​အောင်ကို​ကြောက်တာ​ပေါ့...ကျွန်တော်ချစ်တဲ့သူ​တွေကိုထားခဲ့ပြီးကျွန်တော်နဲ့မရင်းနှီးတဲ့​သေဆုံးခြင်းဆိုတဲ့အ​မှောင်ထုကြီးထဲကိုသွားရမှာ​လေ..ဒါ​ပေမဲ့​လေအသက်ရှင်​နေရပြီး​​တော့ချစ်ရသူရဲ့အမျက်ကိုတစ်သက်လုံးခံ​ပြီးနာကျင်​နေရမှာထက်စာရင်ဒါက​တော်​​သေးတယ်မလား။ကျွန်တော်နဲ့အတူ​နေရတာသူလည်းတကယ်​တော့မ​​ပျော်ပါဘူး...သူ့ရင်ထဲကအမုန်း​ကြောင့်သာသူကျွန်တော့်ကိုလက်ထပ်ခဲ့တာ။ကျွန်တော်မရှိ​တော့ရင်အားလုံးပြီးဆုံးသွားမှာပါ။
ကျွန်တော်​ဖေ​ဖေ​မေ​မေတို့ဆီသွားကာတူတူညအိပ်ခဲ့သည်။တစ်ခါမှထုတ်မ​ပြောခဲ့ဖူးသည့်ချစ်တယ်ဆို​သောစကားကိုလည်းတွင်တွင်​ပြော​နေမိသည်။မမနှင့်လည်းလိုင်း​ပေါ်တွင်ညတိုင်းစကား​ပြောသည်။ကို့ထံခွင့်​တောင်းပြီးမိုးနဲ့အလင်းကိုလည်းသွား​တွေ့ခဲ့သည်။စကား​တွေလည်းအများကြီး​ပြောဖြစ်ခဲ့ကြသည်။ကျွန်တော်နှုတ်ဆက်ဖို့ကျန်သည့်တစ်ဦးတည်း​သောသူကကျွန်တော်ချစ်ရသူ...
ကျွန်တော်သူ့ကိုနှုတ်ဆက်ပြီးတာနဲ့သူမသိ​အောင်ကျွန်တော်ထွက်​သွားမည်။သို့​သော်ကျွန်တော်မသွားခင်သူ့ကိုကျွန်တော်ဘယ်​လောက်ချစ်တယ်ဆိုတာရယ်သူနဲ့တူတူ​နေချင်တာရယ်၊သူကျွန်တော်တို့​မောင်နှမကိုခွင့်လွှတ်ဖို့ရယ်ကိုဘယ်လို​ပြောခဲ့ရမလဲ....အတန်ကြာစဥ်းစားပြီး​နောက်ကျွန်တော်နည်းလမ်း၁ခုရခဲ့သည်။ကျွန်တော်ဗီဒီယို​လေး၁ခုရိုက်ပြီးmemory stick​လေးထဲကူးပြီးကျွန်တော်သွားမဲ့​နေ့မှာကို့အခန်းထဲမှာထားခဲ့မယ်...
အင်း..ဟုတ်တယ်အယ့်တာအ​ကောင်းဆုံးပဲ.....
ကျွန်တော်အားလုံးကိုနှုတ်ဆက်ပြီး​နောက်..ကျွန်တော့်တွင်ကျန်​နေ​သောရက်များကိုကို့အတွင်း​ရေးမှူးအဖြစ်သာကုန်ဆုံး​စေခဲ့သည်။ကိုနှင့်*မ*ဆို​သောမိန်းက​လေးလည်းတဖြည်းဖြည်းနီးကပ်လာကြသလိုပင်။တခါတ​လေမသည်အိမ်အထိ​တောင်လာလည်တက်သည်။သူလာလည်လျှင်ကျွန်တော်အခန်းထဲတွင်သာပုန်း​နေတက်သည်။ကျွန်တော့​ရောဂါကလည်းဟန်​တောင်မ​ဆောင်​နိုင်​တော့တဲ့အထိဖြစ်လာပြီ...ကျွန်တော်ထွက်သွားမှရ​တော့မယ်....ဒီ​နေ့ပဲထွက်သွားမှရမယ်....ကို့အခန်းထဲခိုးဝင်ပြီးကို့မျက်နှာ​လေးကိုနောက်ဆုံးအ​နေ​နဲ့ကြည့်ရင်းmemory stick​လေးလဲထားခဲ့မည်။ဒီလို​နေ့လည်ဆိုကိုကအိပ်​နေတက်သည့်အတွက်ကျွန်တော့်အတွက်အဆင်​ပြေသည်။
သို့​သော်ကို့အခန်း​ရှေ့​ရောက်​သောအခါကျွန်တော့်ခြေလှမ်း​တွေရပ်တန့်သွားခဲ့သည်။မပွင့်တပွင့်အခန်းတံခါး​​လေးကြားမှမြင်လိုက်ရ​သောမြင်ကွင်း၁ခု....ကိုသည်*မ*ကိုအုပ်မိုးလျက်ဆိုဖာ​ပေါ်တွင်...ကျွန်တော်သာဒီ့ထက်ပိုနောက်ကျပါကဒီ့ထက်ဆိုး​သောမြင်ကွင်းကိုမြင်ရမယ်ထင်တယ်။ကျွန်တော်ရဲ့ရှင်သန်ခြင်းဟာဒီ​နေ့​နောက်ဆုံးဖြစ်ဖို့​သေချာသွားပါပြီ။တကယ်ဆိုကျွန်တော်စိတ်​လျော့လိုက်ချင်ပြီ။ကို့ကိုနှုတ်ဆက်ချင်လွန်းလို့သာအားတင်းထားရတာပါကိုရယ်။ကိုလုပ်ရက်တယ်...ကျွန်တော်ရှိ​နေတာ​တောင်​လေ...ကိုရက်စက်လိုက်တာ...လက်ထဲမှmemory stick ​လေးကိုပစ်​ပေါက်ကာအခန်းထဲသို့​ပြေးဝင်လာခဲ့သည်။​နောက်ဆုံးငိုရခြင်းဖြစ်လို့ထင်သည်မျက်ရည်​ပေါက်က​လေးများသည်ခါတိုင်းထက်ပို၍သည်းထန်စွာကျဆင်း​နေကြသည်။အမြင်​တွေလည်းပို၍​ဝေဝါးလာပြီ။ကျွန်တော့်ကိုကျွန်တော်မနိုင်​တော့ဘူး..ကျွန်တော်​ကြောက်တယ်...ကို့အိမ်မှာ​​တော့မ​သေချင်ဘူး...ကို​ကြောက်​နေလိမ့်မယ်..ကျွန်တော်ရ​အောင်ထွက်သွားရမယ်...အားတင်းကာအဝတ်များထုပ်ပိုးရန်ပြင်​​နေခဲ့သည့်ခ​လေးငယ်
တဖက်တွင်လည်း....
"မအဆင်​ပြေရဲ့လား.."
"အင်းရပါပြီ..ဘာမှမဖြစ်​တော့ဘူး.."
"​စောနရှိန်း​လေးသာလှမ်းမဖမ်းရန်ဆိုဖာ​ပေါ်မကျဘဲကြမ်းပြင်နဲ့​ပြေးဖက်​တော့မလို့...မဒီ​နေ့နဲနဲပင်ပန်း​နေလို့ပြန်လိုက်​တော့မယ်​နော်...."
"အို​ခေရပါတယ်..​နောက်မှဆက်​ဆွေး​နွေးကြတာ​ပေါ့..."
မကိုပြန်လိုက်ပို့ရန်အခန်းထဲကအထွက်တွင်...ပန်းအိုးနားတွင်ကျ​နေ​သောmemory stick ​လေး၁ခု..
"မသွားလိုက်​တော့​နော်ကျ​​တော်အလုပ်​လေးရှိလို့..အဆင်​​ပြေတယ်မလား..."
"အင်း..ရတယ်.."
အလုပ်နှင့်ဆိုင်​သောstick​လေးများလား..ကျွန်တော်​ကောက်ယူကာဖွင့်ကြည့်မိသည်...ထိုအခါscreenတွင်​ပေါ်လာ​သောအလွတ်ရ​နေသည့်မျက်နှာ​လေး၁ခု.....
Laptopတွင်​ပေါ်လာ​သောသူ့မျက်နှာ​လေး...သူကဘာလို့ဒီဗီဒီယိုထဲမှာပါ​နေရတာလဲ။ကျွန်တော်စိတ်ဝင်တစားနှင့်ဆက်ကြည့်မိသည်။ထိုအချိန်ခဏသည်ကျွန်တော့ရင်ကို​ဗျောင်းဆန်သွား​စေခဲ့သည်။
       " ကို....မပိတ်လိုက်ပါနဲ့နော်..ကျွန်တော်​ပြောမှာကိုဆုံး​အောင်နား​ထောင်​ပေးပါ။ကိုဒီဗီဒီယို​လေးကိုကြည့်​နေပြီဆိုရင်​တော့ကျွန်တော်ဒီ​လောကထဲမှာရှိ​နေ​တော့မှာမဟုတ်ပါဘူး...ကျွန်တော်​မှာမေ​မေ့ဆီကမျိုးရိုးလိုက်​တက်တဲ့ရောဂါဖြစ်တဲ့ဦး​နှောက်အကျိတ်​ရောဂါရှိတယ်ကို..အယ့်​ရောဂါက​လေကုလို့မရတာ​​​တော့မဟုတ်ဘူးခွဲစိတ်လို့ရတယ်..ကင်ဆာ​ဆေးသွင်းလို့လည်းရတယ်တဲ့...ဒါ​ပေမဲ့​လေကျွန်တော်ကအပ်အရမ်း​ကြောက်​တော့​အပ်ကြီးနဲ့​ဆေးသွင်းမှာထက်စာရင်​သေသာ​သေလိုက်ချင်တာသိလား..ဟား..ဟား..ခွဲစိတ်ဖို့ကျ​တော့လည်း​လေကျွန်တော်ခွဲစိတ်လိုက်ရင်တချို့မှတ်ညာဏ်​တွေ​မေ့သွားလိမ့်မယ်တဲ့...ကျွန်တော်​မေ့သွားတဲ့မှာတ်ဥာဏ်ထဲမှာ​လေကိုပါသွားမှာသိပ်​ကြောက်တယ်ကို။ကျွန်တော်​သေရင်​တောင်ကို့ကိုမ​မေ့ချင်ဘူး...ပြီး​တော့​လေကို့ကို​ပြောစရာတခုရှိ​သေးတယ်ကို့​ဖေ​ဖေနဲ့မမက​လေတကယ်​​တော့ဘာမှမဖြစ်ခဲ့ကြပါဘူးကိုရယ်။ဘာမှမဖြစ်ခဲ့ဘူးဆိုရင်​တောင်ကို့အ​မေကို​တော့ကိုဆုံးရှုံးခဲ့ရတာပဲ...ကျွန်တော်တကယ်စိတ်မ​ကောင်းပါဘူး..ဒါ​ပေမဲ့​လေမမနဲ့ကို့အ​ဖေကို​တော့ခွင့်လွှတ်​ပေးပါကိုရယ်​နော်...ကျွန်တော်​သေရင်​လေကို​​ပျော်မယ်လို့​ပြောတယ်မလား...ကိုဂတိတည်ရမယ်​နော်...ခု​လေကျွန်တော်အရမ်း​ကြောက်​နေတယ်ကိုရယ်..ကျွန်တော်​​လေကိုနဲ့ခွဲသွားရမှာသိပ်​ကြောက်တယ်။တခါတ​လေကိုကျွန်တော့်ကိုဆွဲထားရင်သိပ်​ကောင်းမှာပဲဆိုပြီး​လောဘတက်မိ​သေးတယ်။ဒါ​ပေမဲ့ကျွန်တော့်သေခြင်းကကို့ကို​ပျော်​စေမယ်ဆိုကျွန်တော်​ကျေနပ်ပါပြီ။​ဖေ​ဖေ​မေ​မေနဲ့မမတို့ကိုကျွန်တော့်ကိုယ်စား​တောင်းပန်​ပေးဖို့​တော့အကူအညီ​တောင်းပါရ​စေ​နော်ကို...ကိုလို့​ခေါ်လို့လည်းစိတ်မဆိုးပါနဲ့​နော်..ကျွန်တော့်ရင်ထဲကအမြဲတမ်း​ခေါ်ချင်​နေခဲ့လို့ပါ...ကိုမုန်းသွားမှာစိုးလို့မ​ခေါ်ရဲခဲ့တာပါ...ချစ်တယ်ကို..အသက်ထက်ပိုချစ်တယ်...​ပျော်​ပျော်​နေခဲ့ပါ​နော်...​နောက်ဘဝပြန်​တွေ့ခဲ့ရင်​လေကိုကအရင်ချစ်​ပေးပါ​နော်..ကို့​မေတ္တာ​လေးကိုရဖူးချင်လို့ပါ...ချစ်တယ်...."
ရပ်တန့်သွား​သောscreen​လေးကို​ငေးကြည့်ရင်းမျက်လုံးထဲမှအရည်ကြည်​တွေသည်တလိမ့်လိမ့်နှင့်ကျဆင်းလာကြသည်။ဟင့်အင်း...မဖြစ်ရဘူး..အယ့်လိုမဖြစ်ရဘူး...​ရေရွက်​နေရင်းပင်...
"ဘုန်း..ဘုန်း..."
"ဟင်..ဝိုင်း...ဝိုင်းလမင်း..."
အခန်းပြင်သို့​ပြေးထွက်သွား​သောအခါ​လှေကား​အောက်တွင်​ခွေ​ခွေ​လေးလဲကာလက်ထဲတွင်အထုပ်​လေးပိုက်လျက်ငို​နေ​သောက​လေးငယ်....
အားမရှိ​သောခန္ဓာကိုယ်​လေးသည်ခိုက်ခိုက်တုန်​နေသည်...
​​ပြေးဆင်းသွားကာ​ပွေ့ယူမိ​​တော့ကိုယ်​တွေပူခြစ်ကာတုန်ယင်​နေ​သောက​လေးငယ်သည်​တောင်းပန်ပါတယ်ဆို​သောစကားကိုသာအဆက်မပြတ်​ပြော​နေခဲ့သည်။ထို့​နောက်ကျွန်တော့်ပါး​ကိုသူ့ရဲ့တုန်ရီ​နေ​သောလက်​လေးဖြင့်လှမ်းကိုင်တာတချက်ပြုံးပြပြီးသတိလစ်သွားခဲ့သည်။
"ဝိုင်း...ဝိုင်းလမင်း...ဝိုင်း...ထပါဦးဝိုင်းရယ်...ထပါဦး..."
ထို​ကောင်​လေးသည်နဲနဲမျှပင်မလှုပ်​တော့...
"​ဆေး..​ဆေးရုံ...​​ဆေးရုံ​ခေါ်သွားရမယ်....မင်းဘာမှမဖြစ်​စေရဘူး​နော်....ခဏအားတင်းထား​နော်..."ထိုခန္ဓာကိုယ်​လေးကို​ပွေ့ကာ​ဆေးရုံသို့​ပြေးမိသည်.....
"​ဒေါက်တာ...​ဒေါက်တာ...ဝိုင်း...ဝိုင်းကိုကယ်ပါဦး​ဒေါက်တာရယ်...ဝိုင်း..ဝိုင်း​လေး...."
"စိတ်​အေး​အေးထားပါလူနာကခွဲစိတ်မှရမယ်...သူ့မိသားစုဝင်ရဲ့လက်မှတ်လိုတယ်..."
"ဟုတ်...ဟုတ်..ဘယ်မှာထိုး​ပေးရမလဲဟင်...ဝိုင်းကိုကယ်​ပေးပါ​ဒေါက်တာရယ်​နော်...​ဝိုင်းကိုကယ်​ပေးပါ.."
ထိုအချိန်တွင်​နောင်တတရားအကြီးအကျယ်ရကာရင်ထဲတွင်ဗ​လောင်ဆူ​နေ​သော​ကောင်​လေးတ​ယောက်သည်ဒူး​ထောက်ငို​ကြွေးလျက်ရှိသည်။
ဝိုင်းoperation room ထဲဝင်သွားတာ၄နာရီကြာပြီ။ဝိုင်း​ဖေ​ဖေ​မေ​မေတို့လည်း​ရောက်လာကြပြီးပြင်းစွာ​သောပူ​​​လောင်ခြင်းဖြင့်ငို​ကြွေး​နေရသည်။
"ငါကွာ...ဒါ​တောင်မသိခဲ့ဘူးလား...ငါ့​လောက်ရက်စက်တဲ့သူဒီကမ္ဘာမှာရှိမှာမဟုတ်​တော့ဘူး...ငါ​ကြောင့်...ငါကိုတိုင်သူ့ကို​​သေခိုင်းမိတာ..ငါ့​ကြောင့်...ငါလူယုတ်မာ...အပြစ်မရှိတဲ့ခ​လေးကိုကွာ....
ဟာကွာ..."ရင်ထဲတွင်ဆို့နင့်ခြင်းများစွာနှင့်အတူ​မိမိကိုယ်ကိုထွက်လာ​သော​ဒေါသတို့သည်ပြင်းစွာ​သောလက်သီးတို့နှင့်အတူနံရံ​​ပေါ်သို့ကျ​ရောက်လျက်...ဘယ်​လောက်​တောင်​ကြောက်ခဲ့လိုက်မလဲ...ဘယ်​လောက်​​တောင်ခံစားခဲ့ရမလဲကွာ..ကိုမ​ကောင်းတာပါ....အသက်ရှင်လျက်ပြန်လာခဲ့ပါဝိုင်းရယ်...ကို့ယ်ဆီပြန်လာခဲ့ပါ​​နော်...ကို​ယ်တောင်းပန်ပါတယ်...​တောင်းပန်ပါတယ်....
ဝိုင်း၏operation လုပ်ချိန်၆နာရီကြာပြီး​နောက်​ဒေါက်တာထွက်လာကာ.."လူနာအသက်အန္တရာယ်အတွက်​​တော့မစိုးရိမ်ရ​တော့ပါဘူး...ဒါ​ပေမဲ့..လူနာက..."
"ဘာဖြစ်လို့လဲဟင်..သားဘာဖြစ်လို့လဲ..."
"ကိုမာအ​ခြေအ​နေဖြစ်သွားတယ်...."
"ရှင်!!!"
"အ​မေ"
"မိန်းမ....သတိထားပါဦး..."
"ဝိုင်းကကိုမာဖြစ်သွားတယ်တဲ့လား..ဟင့်..ဟင့်..ငါ့​ကြောင့်.....ဟင့်မဖြစ်ရဘူး...ဟင့်အင်း...အယ့်လိုမဖြစ်ပါနဲ့ခ​လေးငယ်ရယ်..."
​နောင်တဆိုတာ​နောင်မှရတက်သလိုသူလည်းပဲ​နောင်တ​တွေ​ကြောင့်ပူ​ဆွေးနာကျင်​နေရ​လေပြီ......
ခဏအကြာမိုးနှင့်အလင်းတို့​ရောက်လာပြီး​နောက်​ဝိုင်း​ဖေ​ဖေနှင့်​မေ​မေကိုသူတို့နဲ့ထားခဲ့ပြီး​ဒေါက်တာနှင့်လာ​တွေ့ခဲ့သည်။
"​ဒေါက်တာ..ဝင်ခွင့်ပြုပါ..."
"ဪ...လာပါဗျ..ဒီကဝိုင်းရဲ့အမျိုးသားကိုရှိန်းဖြစ်မယ်...:"
ဒေါက်တာကျွန်တော့်ကိုသိ​နေတာ​ကြောင့်အံသြ​နေမိသည်။
"ဪမအံ့သြပါနဲ့..​စောနလက်မှတ်ထိုးတုန်းက​တွေ့တယ်​လေ..ပြီး​တော့ကျွန်တော်ကလူချင်းသာ​သေချာမ​တွေ့ဘူးတာခဗျားအ​ကြောင်း​တွေ​တော့ဝိုင်းဆီကအမြဲကြားတယ်ဗျ...."
"ဪ..."ကျွန်တော်ဘာမှကိုပြန်မ​ပြောနိုင်ပါ...ဝိုင်းသည်ကျွန်တော့်အ​ကြောင်း​တွေ​ပြောပြတယ်တဲ့လား...
"အင်း..ဝိုင်းကခွဲစိတ်မှုမလုပ်ဘူးဆိုပြီးအတင်း​ခေါင်းမာ​နေတာဗျာ..သူခွဲစိတ်မှုလုပ်ရင်ခဗျားကို​မေ့သွားမှာစိုးလို့တဲ့...ကျွန်တော်လည်းမျိုးစုံ​ဖြောင်းဖြ​ပေမယ့်သူကမှအသက်မရှင်ချင်​တော့ဘယ်လိုမှလုပ်လို့မရဘူး​​လေ..."
"ဝိုင်း...ခုကိုမာအ​​ခြေအ​နေက​ရောပြန်​ကောင်းနိုင်လားဟမ်..."
"အင်း...သူသာအသက်ရှင်ချင်စိတ်ရှိမယ်ဆိုရင်သူပြန်နိုးထလာနိုင်ပါတယ်...သူနိုးထချင်​လောက်တဲ့အ​ကြောင်းရင်း​ကောင်း​ကောင်း​လေးသာရှိမယ်ဆိုရင်​ပေါ့...သူကအိပ်​ပျော်​နေသလိုမျိုးပဲ..ခဗျားတို့​ပြောတာ​တွေသူကြားနိုင်တယ်..သူခံစားနိုင်တယ်...သူ့ကိုစကား​လေး​တွေ​ပြော​ပေးလို့ရတယ်...သူစိတ်က​နေနိုးထလာချင်တဲ့အခါသူဒီအ​ခြေအ​နေကို​ကျော်လွန်နိုင်မှာပါ။"
"ဟုတ်..​ဒေါက်တာ..​ကျေးဇူးပါဗျ..."
ကျွန်တော်​ဒေါက်တာ့အခန်းထဲကထွက်လာသည်နှင့်မျက်နှာကိုလက်ဖြင့်အုပ်ကာငို​နေမိသည်။...က​လေးရယ်ကိုယ့်လိုလူအတွက်..ဘာ​ကြောင့်လဲ..မင်းအ​ပေါ်မ​ကောင်းတဲ့လူတ​ယောက်အတွက်ဘာလို့အယ့်လိုလုပ်ရတာလဲ..ကို​ယ်တောင်းပန်ပါတယ်ကွာ...ကို​ယ်တောင်းပန်ပါတယ်...ထိုတညလုံးကျွန်တော်ရင်နင့်စွာငို​နေမိသည်။ကျ​လာ​သောမျက်ရည်​တွေကိုကျွန်တော်မတားဆီးခဲ့သလိုသူတို့ကလည်းရပ်တန့်မသွားခဲ့ပါ။နာကျင်​နေ​သောနှလုံးအစုံဟာလည်းပို၍သာနာလာခဲ့သည်။
/////////////////////////
တဖက်တွင်လည်း....
"မအဆင်​ပြေရဲ့လား.."
"အင်း..ရတယ်.."
"ဘုန်း..ဘုန်း..."
"ရှင်!!!"
"အ​မေ"
"မိန်းမ....သတိထားပါဦး..."
Continue Reading
You'll Also Like
158K 8.4K 20
ဘယ်လိုပြိုင်ပြိုင် ကိုကို အနိုင်ပါ.. ဒီလူသားက ခေါင်းကျကျ ပန်းကျကျ အရှုံးပေးနေပြီးသားမို့ နိုင်တော်မူပါ ကိုကိုရယ်..... Start date-June 10.2021 End dat...
850K 34.3K 82
မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကောင်ပဲ ကျစ်! ရွန်း​ဝေလ ~ မင်းရဲ့ကံဆိုးမှု...
525K 32.3K 50
406K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...