မနက္မိုးလင္းေသာ အခါ ေရွာင္က်န႔္၏ရင္ခြင္ထဲသို့
နစ္ဝင္ေနေသာ ရီေပၚ ..........
ရီေပၚတစ္ေယာက္ ႏိုးႏိုးခ်င္းပင္ မိမိအား ၿပံဳးကာ မ်က္ေတာက္မခတ္တမ္း စိုက္ၾကၫ့္ေနေသာ ေရွာင္က်န႔္ေၾကာင့္ ရီေပၚတစ္ေယာက္ အရွက္သည္းမိၿပီး ခ်က္ခ်င္းဆိုသလိုပင္ လွဲအိပ္ေနရာမွ ထထိုင္မိေလသည္။
ရီေပၚက ရုတ္တရက္ထထိုင္လိုက္ေသာေၾကာင့္
ေရွာင္က်န႔္ကပါ ရီေပါ္နည္းတူ လွဲေနရမွ ထထိုင္လိုက္ေလသည္။
"ဘာလို႔ ကြၽန္ေတာ့္ကို အဲ့လိုႀကီး ၾကၫ့္ေနတာလဲ ?......ၾကက္သီးထစရာေကာင္းေအာင္........"
ဟုဆိုကာ ရီေပၚက မ်က္ေစာင္းေလး
အသာထိုးေတာ့ .......
"ခ်စ္လို႔ပါ ! "ဟု ဆိုကာ ေရွာင္က်န႔္က ရီေပၚအား
ႏွစ္လိုဖြယ္ေကာင္းေသာ အၿပံဳးမ်ားျဖင့္ ၿပံုးျပလိုက္ၿပီး ရီေပၚကိုယ္ေလးကိုလည္း ရင္ခြင္ထဲထိ နစ္ဝင္ေအာင္ ပိုတိုး၍ဖက္လိုက္ေလသည္။
ခဏအၾကာ ရီေပၚတစ္ေယာက္ အသက္ရႉၾကပ္လာ၍ ေရွာင္က်န႔္အား ............
" ဟိတ္လူ ! လႊတ္ဦးဗ် ဒီမွာအသက္ရႉၾကပ္လာၿပီး " ဟုဆိုကာ ရီေပၚတစ္ေယာက္ အတင္းရုန္းကန္ေနေသာေၾကာင့္ ေရွာင္က်န႔္က လႊတ္ေပးလိုက္ေလသည္။
ထိုစဉ္ ရီေပၚဆီမွပ်ံဝဲလာေသာ ေခါင္းအံုးပ်ံတစ္လံုး .......ဒီတစ္ခါတြင္ ေရွာင္က်န႔္တစ္ေယာက္ အငိုက္မိေနေသာ္လည္း အေရွာင္ေကာင္းမႈေၾကာင့္ ေခါင္းအံုးပ်ံႏွင့္လြဲသြားရာ ကုတင္ေပၚမွ ေနာက္ျပန္ေဇာက္ထိုး က်သြားေလသည္။
"အား!! ဝမ္ ! ရီ ! ေပၚ ! ........." ေရွာင္က်န႔္တစ္ေယာက္ ကုတင္ေပၚမွ ေဇာက္ထိုးက်ကာ အီစလန္ေဝသြားသျဖင့္ ရီေပၚအား စိတ္ဆိုးသြားျပန္ေလသည္။
ရီေပါ္ ္ကေတာ့ ေရွာင္က်န႔္ကုတင္ေပၚက က်ၿပီးၿပီးခ်င္း မိမိ မလြတ္ေတာ့မည္ကို သိကာ အိမ္ေအာက္ထပ္အျမန္ဆင္းၿပီး မနက္စာအတြက္ သြားေျပးလုပ္ေနေလသည္။
မနက္စာ လုပ္ၿပီးၿပီးခ်င္း ေရွာင္က်န႔္က အိမ္ေအာက္ထပ္ဆင္းလာသျဖင့္ ႏွစ္ေယာက္သား မနက္စာ အတူစားၾကေလသည္။ မနက္စာ စားၿပီးသြားတဲ့အခါ ရီေပၚကေတာ့ ထမင္းဘူးထၫ့္ကာ ေက်ာင္းသို႔စက္ဘီးနင္း၍ သြားေလသည္။ ေရွာင္က်န႔္မွာမူ ေက်ာင္းကမဖြင့္ေသးေသာေၾကာင့္ က်န္ခ်န္း၊ ယီဘင္တို႔ႏွင့္ အျပင္ထြက္လည္ရန္ စီစဉ္ထားၾကေလသည္။
ကလင္း .....ကလင္း......ကလင္း........
"ေဝ.......မင္ယြဲ႔ ...."
"ေအ .....မလာေသးဘူးလာဟ ....."
"ေအ......လာၿပီးဟ...." ဟုဆိုကာ အိမ္မွ ဆိုင္ကယ္ေမာင္းၿပီး ထြက္သြားေသာ ေရွာင္က်န႔္......
ဆိုင္တစ္ဆိုင္တြင္ က်န္ခ်န္းတို႔ အုပ္စု စားေသာက္ေနၾကၿပီး ေရွာင္က်န႔္အား ေစာင့္ေနၾကေလသည္။
"ဟိတ္ေကာင္ .....ဘာလို႔ေနာက္က်ေနတာလဲဟ ?.....အရင္က တစ္ခါမွ ေနာက္မက်ဖူးပါဘူး.........
ဘယ္လိုျဖစ္တာလဲဟ........"
"ငါ တို႔ ညကအိပ္ယာဝင္တာ ေနာက္က်လို႔ပါဟာ...."
ဟူေသာ ေရွာင္က်န႔္၏ စကားအဆံုး "ဝိုး "ကနဲ႔ "ဝါး" ကနဲ ျဖစ္သြားၾကေသာ ယီဘင္တို႔အုပ္စု .....
ထိုအခါမွ ေရွာင္က်န႔္တစ္ေယာက္ ယီဘင္တို႔ စကားအထအနေကာက္တာ လြဲေနမွန္းသတိထားမိ၍ ..…...
ညက အိပ္ယာေပၚတြင္ မဂ္လာမဦးဘဲ နဖူးေပၚတြင္ ဒါဏ္ရာဦးခဲ့တဲ့အေၾကာင္းကို အစအဆံုး ရွင္းျပလိုက္ေလသည္။
"ကယ္ ! ရွင္းၾကၿပီလား?...." ဟုေျပာကာ ေရွာင္က်န႔္တစ္ေယာက္ မိမိေရ႔ွတြင္ မွာထားေသာ
ဘီယာခြက္ေလးအား အနည္းငယ္ေမာ့လိုက္ေလသည္။
ထိုအခါမွ ယီဘင္တို႔အကုန္လံုးက ေရွာင္က်န႔္အား.....
"ဒါဆို မင္းခ်ည္းပဲလိွမ့္ခံလာရတယ္ေပါ့....." ဟုဆိုကာ အားရပါရ ရယ္ခြဲၾကေလသည္။
ညေနရီေပၚအိမ္ျပန္လာေတာ့ ..........
အိမ္တစ္လံုး လံုး မီးခိုးေငြ ့မ်ားႏွင့္ျပၫ့္ကာ ေရွာင္က်န႔္ကိုလည္း အစရွာ၍ပင္ မရေခ်။
အိမ္ထဲအျမန္ေျပးဝင္သြားေတာ့
ေတြ ့လိုက္ရသည္က ဂတ္မီးဖိုေပၚတြင္ျပဳတ္လက္စ မာမားအိုး .........
ရီေပၚတစ္ေယာက္ မီးဖိုမွ မီးကိုအျမန္ပိတ္ကာ တံခါးမ်ားလိုက္ဖြင့္ၿပီး တစ္အိမ္လံုး
မီးခိုးေငြ ့မ်ားထြက္ေစေလသည္။ ထိူ႔ေနာက္တြင္မူ ၾကက္ေတာင္တံျမက္စည္းတစ္လက္ကို ယူကာ
အိမ္ေရ႔ွဧၫ့္ခန္းထဲတြင္ ေရွာင္က်န႔္အလာကို ထိုင္ေစာင့္ေနေလသည္။
ထို႔ေနာက္တစ္နာရီေလာက္အၾကာတြင္ ေလတစ္ခြၽန္ခြၽန္နဲ႔ အိမ္ထဲဝင္လာေသာေရွာင္က်န႔္ ........
ရီေပၚက ဧၫ့္ခန္းထဲသို႔ လာထိုင္ရန္ လွမ္းေခၚလိုက္ေသာေၾကာင့္ ေရွာင္က်န႔္တစ္ေယာက္
ေက်နပ္ၿပံဳးႀကီးၿပံဳးကာ ဧၫ့္ခန္းထဲတြင္ဝင္ထိုင္
လိုက္ေလသည္။
"ကယ္! ကိုႀကီးေရ ..........
ဘယ္ကျပန္လာတာလဲ ?.......ဘယ္အခ်ိန္ ရိွၿပီလဲ?...." ဟုဆိုကာ ရီေပၚက ေဒၚသကိုဖံုးၿပီး
အတင္းၿပံဳးေနေသာ မ်က္ႏွာျဖင့္ ေမးေနေသာ္လည္း........
အလိုက္မသိေသာ ေရွာင္က်န႔္မွာ ေျခေထာက္ေလးႏွစ္ေခ်ာင္းအား အခ်င္းခ်င္းခ်ိတ္ထိုင္လိုက္ၿပီး..........
"အခုမွ ၅နာရီပဲ ရိွပါေသးတယ္ ကိုယ့္အသဲေလးက စိုးရိမ္တယ္ေပါ့......ဟက္ ဟက္
မစိုးရိမ္ပါနဲ႔ ........သဲေလးရဲ့.."ဟုဆိုကာ ခ်ိဳအီစိမ့္ေနေသာ အၿပံဳးႀကီးျဖင့္ ၿပံဳးျပေနေသာ ေရွာင္က်န႔္ကို ရီေပၚအေတြးထဲတြင္ေတာ့
အႀကိမ္ႀကိမ္ရိုက္သတ္ၿပီးေနၿပီ ျဖစ္သည္။
*ေဖာင္း! ေဖာင္း ! ေဖာင္း ! ........
အား! ေၾကာက္ပါၿပီး ....ေၾကာက္ပါၿပီး .....
ေနာက္ခါ အာ့လိုမလုပ္ေတာ့ပါဘူး.........
မွတ္ၿပီလား? ....ေနာက္တစ္ခါ ဟင္းအိုးကို ပစ္ၿပီး ဒီတိုင္းထြက္သြားဦးမလား?.......
ဟင္းအင္း ......မလုပ္ေတာ့ပါဘူ ရီေပၚရာ ......
ဟုဆိုကာ မ်က္ရည္ဘူးသီလံုးေလာက္က်ကာ ငိုေနေသာ ေရွာင္က်န႔္ ......
ေရွာင္က်န႔္ငိုေနသည္ကို ၾကၫ့္ကာ အားပါးတရ ရယ္ေနေသာ ရီေပၚ .........*
အေတြ းထဲတြင္ ေသာက္ရမ္းေတြ အဆင္ေျပေနေသာ္လည္း .............
တကယ့္လက္ေတြ ့ ၌မူ...........
ရီေပၚက ေရွာင္က်န႔္အား တံျမက္စည္းျဖင့္
ရိုက္ရန္ ေရွာင္က်န႔္ဆီသို႔ ထ အလာ.....
ေရွာင္က်န႔္အား အလ်င္အျမန္ ေကာက္ရိုက္ခ်င္စိတ္ ႀကီးမားေနေသာ ရီေပၚတစ္ေယာက္ ေျခႏွစ္လွမ္းလွမ္းၿပီးေနာက္တြင္ ေျခေထာက္အခ်င္းခ်င္း ခ်ိတ္မိၿပီး ျပဳတ္က်ကာ ေရွာင္က်န႔္၏ ႏႈတ္ခမ္းမ်ားအား သြားနမ္းမိေလသည္။
ထိုအေျခအေနကို မသိေသာ ေရွာင္က်န႔္မွာမူ ရီေပၚက မိမိအား လြမ္းလြန္းလွ၍ အေျပးလာနမ္းေနသည္ဟု ထင္ကာ ရီေပၚ၏ကိုယ္ေလးအား ဆြဲဖက္ထားၿပီး အနမ္းမ်ားကို နက္နက္ရိႈင္းရိႈင္း နမ္းေနေလသည္။
ထိုစဉ္ ေရွာင္က်န႔္အား ရိုက္မည္ဟု က်ိန္းထားေသာ ရီေပၚတစ္ေယာက္ မရိုက္ရဘဲ အတင္းအနမ္းခံေနရေသာေၾကာင့္ ေဒၚသစိတ္ႏွင့္ ရွက္စိတ္တို႔ေပါင္းကာ မိမိအားဖက္ထားေသာ ေရွာင္က်န႔္၏ ကိုယ္အားတြန္းဖယ္ကာ အခန္းထဲသို႔ေျပးတက္သြားေလသည္။
တစ္ဆက္တည္း မွာလည္း ရီေပၚက မိမိအားအရင္ နမ္းၿပီးခါမွ အရွက္သည္း၍ ထြက္ေျပးသြားသည္ဟုထင္ကာ ရီေပၚႏႈတ္ခမ္းသားမ်ားႏွင့္ ထိေတြ ့ခဲ့ေသာ မိမိႏႈတ္ခမ္းသားမ်ားအား တို႔ထိကာ ၿပံဳးၿပီးက်န္ေနခဲ့ေလသည္။
[Unicode]
မနက်မိုးလင်းသော အခါ ရှောင်ကျန့်၏ရင်ခွင်ထဲသို့
နစ်ဝင်နေသော ရီပေါ် ..........
ရီပေါ်တစ်ယောက် နိုးနိုးချင်းပင် မိမိအား ပြုံးကာ မျက်တောက်မခတ်တမ်း စိုက်ကြည့်နေသော ရှောင်ကျန့်ကြောင့် ရီပေါ်တစ်ယောက် အရှက်သည်းမိပြီး ချက်ချင်းဆိုသလိုပင် လှဲအိပ်နေရာမှ ထထိုင်မိလေသည်။
ရီပေါ်က ရုတ်တရက်ထထိုင်လိုက်သောကြောင့်
ရှောင်ကျန့်ကပါ ရီပေါ်နည်းတူ လှဲနေရမှ ထထိုင်လိုက်လေသည်။
"ဘာလို့ ကျွန်တော့်ကို အဲ့လိုကြီး ကြည့်နေတာလဲ ?......ကြက်သီးထစရာကောင်းအောင်........"
ဟုဆိုကာ ရီပေါ်က မျက်စောင်းလေး
အသာထိုးတော့ .......
"ချစ်လို့ပါ ! "ဟု ဆိုကာ ရှောင်ကျန့်က ရီပေါ်အား
နှစ်လိုဖွယ်ကောင်းသော အပြုံးများဖြင့် ပြုံးပြလိုက်ပြီး ရီပေါ်ကိုယ်လေးကိုလည်း ရင်ခွင်ထဲထိ နစ်ဝင်အောင် ပိုတိုး၍ဖက်လိုက်လေသည်။
ခဏအကြာ ရီပေါ်တစ်ယောက် အသက်ရှူကြပ်လာ၍ ရှောင်ကျန့်အား ............
" ဟိတ်လူ ! လွှတ်ဦးဗျ ဒီမှာအသက်ရှူကြပ်လာပြီး " ဟုဆိုကာ ရီပေါ်တစ်ယောက် အတင်းရုန်းကန်နေသောကြောင့် ရှောင်ကျန့်က လွှတ်ပေးလိုက်လေသည်။
ထိုစဉ် ရီပေါ်ဆီမှပျံဝဲလာသော ခေါင်းအုံးပျံတစ်လုံး .......ဒီတစ်ခါတွင် ရှောင်ကျန့်တစ်ယောက် အငိုက်မိနေသော်လည်း အရှောင်ကောင်းမှုကြောင့် ခေါင်းအုံးပျံနှင့်လွဲသွားရာ ကုတင်ပေါ်မှ နောက်ပြန်ဇောက်ထိုး ကျသွားလေသည်။
"အား!! ဝမ် ! ရီ ! ပေါ် ! ........." ရှောင်ကျန့်တစ်ယောက် ကုတင်ပေါ်မှ ဇောက်ထိုးကျကာ အီစလန်ဝေသွားသဖြင့် ရီပေါ်အား စိတ်ဆိုးသွားပြန်လေသည်။
ရီပေါ် ်ကတော့ ရှောင်ကျန့်ကုတင်ပေါ်က ကျပြီးပြီးချင်း မိမိ မလွတ်တော့မည်ကို သိကာ အိမ်အောက်ထပ်အမြန်ဆင်းပြီး မနက်စာအတွက် သွားပြေးလုပ်နေလေသည်။
မနက်စာ လုပ်ပြီးပြီးချင်း ရှောင်ကျန့်က အိမ်အောက်ထပ်ဆင်းလာသဖြင့် နှစ်ယောက်သား မနက်စာ အတူစားကြလေသည်။ မနက်စာ စားပြီးသွားတဲ့အခါ ရီပေါ်ကတော့ ထမင်းဘူးထည့်ကာ ကျောင်းသို့စက်ဘီးနင်း၍ သွားလေသည်။ ရှောင်ကျန့်မှာမူ ကျောင်းကမဖွင့်သေးသောကြောင့် ကျန်ချန်း၊ ယီဘင်တို့နှင့် အပြင်ထွက်လည်ရန် စီစဉ်ထားကြလေသည်။
ကလင်း .....ကလင်း......ကလင်း........
"ဝေ.......မင်ယွဲ့ ...."
"အေ .....မလာသေးဘူးလာဟ ....."
"အေ......လာပြီးဟ...." ဟုဆိုကာ အိမ်မှ ဆိုင်ကယ်မောင်းပြီး ထွက်သွားသော ရှောင်ကျန့်......
ဆိုင်တစ်ဆိုင်တွင် ကျန်ချန်းတို့ အုပ်စု စားသောက်နေကြပြီး ရှောင်ကျန့်အား စောင့်နေကြလေသည်။
"ဟိတ်ကောင် .....ဘာလို့နောက်ကျနေတာလဲဟ ?.....အရင်က တစ်ခါမှ နောက်မကျဖူးပါဘူး.........
ဘယ်လိုဖြစ်တာလဲဟ........"
"ငါ တို့ ညကအိပ်ယာဝင်တာ နောက်ကျလို့ပါဟာ...."
ဟူသော ရှောင်ကျန့်၏ စကားအဆုံး "ဝိုး "ကနဲ့ "ဝါး" ကနဲ ဖြစ်သွားကြသော ယီဘင်တို့အုပ်စု .....
ထိုအခါမှ ရှောင်ကျန့်တစ်ယောက် ယီဘင်တို့ စကားအထအနကောက်တာ လွဲနေမှန်းသတိထားမိ၍ ..…...
ညက အိပ်ယာပေါ်တွင် မဂ်လာမဦးဘဲ နဖူးပေါ်တွင် ဒါဏ်ရာဦးခဲ့တဲ့အကြောင်းကို အစအဆုံး ရှင်းပြလိုက်လေသည်။
"ကယ် ! ရှင်းကြပြီလား?...." ဟုပြောကာ ရှောင်ကျန့်တစ်ယောက် မိမိရှေ့တွင် မှာထားသော
ဘီယာခွက်လေးအား အနည်းငယ်မော့လိုက်လေသည်။
ထိုအခါမှ ယီဘင်တို့အကုန်လုံးက ရှောင်ကျန့်အား.....
"ဒါဆို မင်းချည်းပဲလှိမ့်ခံလာရတယ်ပေါ့....." ဟုဆိုကာ အားရပါရ ရယ်ခွဲကြလေသည်။
ညနေရီပေါ်အိမ်ပြန်လာတော့ ..........
အိမ်တစ်လုံး လုံး မီးခိုးငွေ့များနှင့်ပြည့်ကာ ရှောင်ကျန့်ကိုလည်း အစရှာ၍ပင် မရချေ။
အိမ်ထဲအမြန်ပြေးဝင်သွားတော့
တွေ့လိုက်ရသည်က ဂတ်မီးဖိုပေါ်တွင်ပြုတ်လက်စ မာမားအိုး .........
ရီပေါ်တစ်ယောက် မီးဖိုမှ မီးကိုအမြန်ပိတ်ကာ တံခါးများလိုက်ဖွင့်ပြီး တစ်အိမ်လုံး
မီးခိုးငွေ့များထွက်စေလေသည်။ ထိူ့နောက်တွင်မူ ကြက်တောင်တံမြက်စည်းတစ်လက်ကို ယူကာ
အိမ်ရှေ့ဧည့်ခန်းထဲတွင် ရှောင်ကျန့်အလာကို ထိုင်စောင့်နေလေသည်။
ထို့နောက်တစ်နာရီလောက်အကြာတွင် လေတစ်ချွန်ချွန်နဲ့ အိမ်ထဲဝင်လာသောရှောင်ကျန့် ........
ရီပေါ်က ဧည့်ခန်းထဲသို့ လာထိုင်ရန် လှမ်းခေါ်လိုက်သောကြောင့် ရှောင်ကျန့်တစ်ယောက်
ကျေနပ်ပြုံးကြီးပြုံးကာ ဧည့်ခန်းထဲတွင်ဝင်ထိုင်
လိုက်လေသည်။
"ကယ်! ကိုကြီးရေ ..........
ဘယ်ကပြန်လာတာလဲ ?.......ဘယ်အချိန် ရှိပြီလဲ?...." ဟုဆိုကာ ရီပေါ်က ဒေါ်သကိုဖုံးပြီး
အတင်းပြုံးနေသော မျက်နှာဖြင့် မေးနေသော်လည်း........
အလိုက်မသိသော ရှောင်ကျန့်မှာ ခြေထောက်လေးနှစ်ချောင်းအား အချင်းချင်းချိတ်ထိုင်လိုက်ပြီး..........
"အခုမှ ၅နာရီပဲ ရှိပါသေးတယ် ကိုယ့်အသဲလေးက စိုးရိမ်တယ်ပေါ့......ဟက် ဟက်
မစိုးရိမ်ပါနဲ့ ........သဲလေးရဲ့.."ဟုဆိုကာ ချိုအီစိမ့်နေသော အပြုံးကြီးဖြင့် ပြုံးပြနေသော ရှောင်ကျန့်ကို ရီပေါ်အတွေးထဲတွင်တော့
အကြိမ်ကြိမ်ရိုက်သတ်ပြီးနေပြီ ဖြစ်သည်။
*ဖောင်း! ဖောင်း ! ဖောင်း ! ........
အား! ကြောက်ပါပြီး ....ကြောက်ပါပြီး .....
နောက်ခါ အာ့လိုမလုပ်တော့ပါဘူး.........
မှတ်ပြီလား? ....နောက်တစ်ခါ ဟင်းအိုးကို ပစ်ပြီး ဒီတိုင်းထွက်သွားဦးမလား?.......
ဟင်းအင်း ......မလုပ်တော့ပါဘူ ရီပေါ်ရာ ......
ဟုဆိုကာ မျက်ရည်ဘူးသီလုံးလောက်ကျကာ ငိုနေသော ရှောင်ကျန့် ......
ရှောင်ကျန့်ငိုနေသည်ကို ကြည့်ကာ အားပါးတရ ရယ်နေသော ရီပေါ် .........*
အတွေ းထဲတွင် သောက်ရမ်းတွေ အဆင်ပြေနေသော်လည်း .............
တကယ့်လက်တွေ့ ၌မူ...........
ရီပေါ်က ရှောင်ကျန့်အား တံမြက်စည်းဖြင့်
ရိုက်ရန် ရှောင်ကျန့်ဆီသို့ ထ အလာ.....
ရှောင်ကျန့်အား အလျင်အမြန် ကောက်ရိုက်ချင်စိတ် ကြီးမားနေသော ရီပေါ်တစ်ယောက် ခြေနှစ်လှမ်းလှမ်းပြီးနောက်တွင် ခြေထောက်အချင်းချင်း ချိတ်မိပြီး ပြုတ်ကျကာ ရှောင်ကျန့်၏ နှုတ်ခမ်းများအား သွားနမ်းမိလေသည်။
ထိုအခြေအနေကို မသိသော ရှောင်ကျန့်မှာမူ ရီပေါ်က မိမိအား လွမ်းလွန်းလှ၍ အပြေးလာနမ်းနေသည်ဟု ထင်ကာ ရီပေါ်၏ကိုယ်လေးအား ဆွဲဖက်ထားပြီး အနမ်းများကို နက်နက်ရှိုင်းရှိုင်း နမ်းနေလေသည်။
ထိုစဉ် ရှောင်ကျန့်အား ရိုက်မည်ဟု ကျိန်းထားသော ရီပေါ်တစ်ယောက် မရိုက်ရဘဲ အတင်းအနမ်းခံနေရသောကြောင့် ဒေါ်သစိတ်နှင့် ရှက်စိတ်တို့ပေါင်းကာ မိမိအားဖက်ထားသော ရှောင်ကျန့်၏ ကိုယ်အားတွန်းဖယ်ကာ အခန်းထဲသို့ပြေးတက်သွားလေသည်။
တစ်ဆက်တည်း မှာလည်း ရီပေါ်က မိမိအားအရင် နမ်းပြီးခါမှ အရှက်သည်း၍ ထွက်ပြေးသွားသည်ဟုထင်ကာ ရီပေါ်နှုတ်ခမ်းသားများနှင့် ထိတွေ့ခဲ့သော မိမိနှုတ်ခမ်းသားများအား တို့ထိကာ ပြုံးပြီးကျန်နေခဲ့လေသည်။