အကြောင်းပြချက်မရှိသော
Oleh Yo10311990
143K 10K 475
ဝတ္ထုတစ်ပုဒ်အားသဘောကျ၍ Yizhan အနေဖြင့်ရေးသားခြင်းဖြစ်ပါသည်။ အမြင်မတူခဲ့ပါက ကျော်သွားပေးပါရန် ဝတ်ထုတဈပုဒျအားသဘ... Lebih Banyak
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 27
Part 28
Part 29
Part 30
Part 31(Final)
Part 26
3.9K 339 33
Oleh Yo10311990
Zawgyi
"သား ဒယ်ဒီဆီလာမလား..."
"အင်း...ပေး.."
"ဟင့်အင်း"
"ပါးပါး..."
"ရပါတယ်စားတာပေါ့..."
....................
"ငါမချစ်ဘဲနေမလား မျန်မျန်.. နှစ်တွေအများကြီးငါစောင့်နေခဲ့တာ ချစ်လို့ကွ.. နောက်တစ်ခါ ငါ့ကိုဖုန်းမဆက်နဲ့ အိမ်ထောင်ရှိယောက်ျားတစ်ယောက်ကိုဒီလိုလုပ်နေတာ မိန်းမကောင်းတွေ အလုပ်မဟုတ်ဘူး..."
"ရှောင်ကျန်း...."
"ကွာရှင်းကြမယ်.."
"........................"
...............................
Unicode
စားသောက်ဆိုင်၏ ကားပါကင်မှာ ကားကိုရပ်ပီး ရှောင်ကျန်းဆင်းကာ သားကိုပွေ့လိုက်သည်။ ရိပေါ်ကလည်း တဖက်ကနေ ဆင်းလာကာ ကားကို လော့ချပီးနောက်..
"သားကို ကိုချီမယ် ရှောင်ကျန်း.."
"ရပါတယ်...ငါဘဲ သားကိုချီလိုက်မယ် မင်းကရှေ့ကသွားလေ.."
"သား ဒယ်ဒီဆီလာမလား..."
ဒီဖအေကို ကျော်ကာ အမေကျော်ပီး ဒွေးတော်လွန်းနေသည့်သားကို ရှောင်ကျန်း ဘုကြည့်ကြည့်လိုက်သည်။ သားကတော့ ရှောင်ကျန်းကိုမကြည့်ဘဲ ဝမ်ရိပေါ်ဆီသို့သာ ပါသွားလေသည်။
နောက်မှ သားကသူ့ကိုပြန်ကြည့်ပီး..
"ပါးပါး လေးနေမှာစိုးလို့တဲ့.."
အဲ့ဒီစကားတခွန်းကြောင့် နှုတ်ခမ်းဆူပီး ရှေ့က ဘောက်ဆက်ဘောက်ဆက်နှင့် လျှောက်သွားလေသည်။ အမယ်.... ငါ့ကိုအဲ့စကားနဲ့လာမချုပ်နဲ့ မင်းကို ငါအရေးမလုပ်တော့ဘူး ဟွန့်...စိတ်ထဲကနေသားကို ကြိမ်းမောင်းနေလိုက်သည်။
ဆိုင်ထဲဝင်လိုက်တော့ လူသိပ်မရှိတာကြောင့် ရှောင်ကျန်းသဘောကျသွားသည်။ ဆူညံနေသည်ကိုသူသဘောမကျပါ... ပီးတော့ ဆိုင်အပြင်အဆင်လေးက သီးသန့်ဆန်နေသလို ခံစားရသည်။ အင်း ဒီဆိုင်လေး နောက်တစ်ခါလည်းလာရမယ် အဟွန်း...
"ဘာတွေ သဘောကျနေတာလဲ ရှောင်ကျန်း.."
"အာ...ဘာမှ မဟုတ်ပါဘူး ဒီလိုပါဘဲ.."
"ရော့ဒီမှာ မင်းစားချင်တာတွေ မှာနော်....booking လုပ်တုန်းက ကိုမမှာလိုက်ဘူး မင်းမကြိုက်မှာစိုးလို့"
"အင်း...ပေး.."
ကိုယ်စားချင်တာရယ် သားသားအတွက်ရယ်မှာ ပီး menu ကိုသူ့ဘက်ပေးတော့
" ကိုယ့်အတွက်လည်း မင်းမှာပေးလေကွာနော်..."
"မမှာပေးချင်တာ မဟုတ်ပေမယ့် မင်းအကြိုက်တွေ ငါမ မသိတာ တော်ကြာ်ငါမှာပြီးမှ မင်းက မကြိုက်ပါဘူးဆို ဘယ်လိုလုပ်မလဲ..."
အိမ်မှာကိုယ်ချက်သမျှသူစားတာသိပေမယ့် အားနာလို့စားတာလည်းဖြစ်နိုင်တာဘဲမို့လား။
"မင်းရွေးတာ ဘာဖြစ်ဖြစ်ကွာ ကိုယ်စားမယ်.."
သူဝမ်ရီပေါ်ကိုအမြင်ကတ်ကတ်နှင့်ကြည့်လိုက်တော့ လုပ်ပါဆိုသည့်သဘောဖြင့် သနားစရာကောင်းအောင်လုပ်ပြနေတာကြောင့်...
ရှောင်ကျန်း နောက်တခါ menu ကိုပြန်ကြည့်ပီး ပြန်ရွေးကာ မှာလိုက်သည်။လိုချင်တာရတော့ မျက်နှာက ပြုံးစိစိနှင့် အဲ့ဒီဝမ်ရိပေါ် ဒီနေ့ဘာဖြစ်နေသည်မသိ။ ဆေးစားများမှား နေတာလား။ ဒါမ မဟုတ်... ရှောင်ကျန်းနေ့လည်ကကိစ္စခုမှ သတိရသွားသည် မဟုတ်မှ နေ့လည်က မျန်မျန်က ရိပေါ်ဆီကနေပြန်လာတာလား ဒါကြောင့် သူပျော်နေတာလား။ အဲ့လိုတွေးလိုက်တော့လည်း ရှောင်ကျန်း မဖိခေါ်ပါဘဲ မျက်ရည်များက ဝိုင်းလားပြန်သည်။ ဒါကို ရိပေါ်က မြင်ဖြစ်အောင်မြင်သွားသည်။ ရိပေါ်က နေ့လည်ကတည်းက ရှောင်ကျနး်မျက်နှာကို အရိပ်တကြည့်ကြည့်လုပ်နေမိသည်။ နေ့လည်က ဘာလို့ငိုတာ လဲဆိုတာသူသိချင်သည်။ တယောက်ယောက်ကများ သူ့ကို အနိုင်ကျင့်လို့လား ဆိုပီး သူတွေးနေမိသည်။ ဆိုင်ထဲဝင်တော့ သားကို သူ့ဆီကနေခေါ်လို့ နှုတ်ခမ်းဆူကာ ဆိုင်ထဲ ဘောက်ဆက်ဆက်နှင့်ဝင်သွားပေမယ့် မျက်နှာကတော့ ပုံမှန်ပင်။ စားစရာမှာ ပီးမှ မျက်လုံးများက မျက်ရည်တွေ ဝိုင်းလာတာ သူသတိထားမိသည်။ သူမှာခိုင်းတာကို အနိုင်ကျင့်တယ်လိုများ ထင်သွားတာလား။ အဲ့လိုတာဆို သူအနိုင်ကျင့်တာ မဟုတ်ကြောင်းနှင့်ဒီကောင်းလေးမှာ ပေးသည့် အစားအစာများကို စားချင်တာကြောင့် ဆိုတာ ရှင်းပြချင်သည်။
"ငါခဏ toiletသွားအုံးမယ်... သားသား လိုက်မလား.."
"ဟင့်အင်း"
တနေကုန်ဆော့ထားလို့ သားပင်ပန်းနေသည့်ထင် အသံတောင်သိပ်မတွက် ဆိုင်တွင်းကိုသာ မျက်လုံးလေးပြူးကာ ငေးကြည့်နေလသည်။
ရှောင်ကျန်း toilet ကိုရောက်တော့ မှန်ရှေ့မှာ ပေါ်နေသည့် ကိုယ့်မျက်နှာကို အားမရပါ။ ဒီလူနှင့်ပတ်သက်လာလျှင် ပျော့ညံ့သည့်နှလုံးသားကို သူမုန်းသည်။ ပထမတခါ ကိုယ့်ထက်ဦးသူရှိနေတာကြောင့် လက်လွှတ်ခဲ့ဖူးပီးပီ ဒီတစ်ခေါက်ရော အဲ့ဒီဦးသူကြောင့်ဘဲသူထပ်ပီး လက်လွှတ်ရအုံးမယ်ထင်တယ်... နေ့တဝက်လေးကိုယ့်အပေါ်ကောင်းတာတောင် သူနှလုံးသားက အရည်ပျော်ချင်နေပီ ဟူး... စိတ်ကိုပြန်တင်းကာ...မျက်နှာသစ်လိုက်ပီး ခဏလောက် နေပီးမှ ထွက်လာလိုက်တော့ စားပွဲမှာ အစားအသောက်များပင်ရောက်နေလေသည်။ စားပွဲနားရောက်လာတော့ မမျှော်လင့်သည့် ဧည့်သည်က ကြိုရောက်နေသည်။ ဘေးလူတွေကြည့်ရင် မိသားစု ထမင်းဝိုင်းလိုထင်နေကြမှာ အမှန်ပင်...
"ပါးပါး..."
သားကိုပြုံးပြလိုက်ပြီး ကိုယ့်နေရာလေးမှာ ဝင်ထိုင်လိုက်သည်။ အမှန်ဆိုသူမထိုင်ချင်ပါ ထထွက်သွားရင်လည်း ရိုင်းရာကျအုံးမည်။ဆက်ထိုင်နေရင်လည်း သူစားဝင်မည် မထင်ပါ။
"ရှောင်ကျန်းတို့ ဒီဝိုင်းထိုင်မယ်နော် သူငယ်ချင်းနဲ့ချိန်ထားတာ သူက မလားဖြစ်ဘူးဆိုတော့လေ တစ်ယောက်ထဲဖြစ်နေလို့ ....."
ရိပေါ်ကိုကြည့်လိုက်တော့ ရိပေါ်က သူ့ကိုကြည့်နေတာနှင့်ဆုံသည်။ အင်း သူလည်း စားချင်မှာပေါ့...
"ရပါတယ်စားတာပေါ့..."
မျန်မျန်ကတော့ ရှောင်ကျန်းလက်ခံတာကြောင့်အံ့သြနေမိသည် အရင်က ဆက်ဆက်ထီမခံက အဟွန်း မာယာတွေ..
"ကဲ ကိုနော် ရှောင်ကျန်းက ရတယ်ဆိုတော့ ကဲကျေနပ်ပီလား.."
ရိပေါ် စကားပြောချင်စိတ်မရှိတာကြောင့် မျန်မျန်ကို လစ်လျှူရှူထားလိုက်သည်။ ရှောင်ကျန်း ကြည့်ရတာ သူ့ကိုအားနာလို့ လက်ခံလိုက်သည်ထင်........ မင်းအဆင်မပြေရင် ကိုယ်လည်းအဆင်မပြေဘူး ရှောင်ကျန်း မင်းနဲ့ကိုယ် ဒီထက်ပိုပွင့်လင်းကြရင်ကောင်းမယ်ကွာ...
မျန်မျန်လည်းသူမှာထားတာတွေရောက်လာတာကြောင့် ထမင်းဝိုင်းလေးကို စတင်ပီး အသက်သွင်းလိုက်သည်။ ရှောင်ကျန်းကတော့ သားကိုသာခွံကျွေးနေသည်။ သူတလုပ်တောင်မစားပါ။ မျန်မျန်က ခုမှ သူတို့ဟင်းတွေကိုမြင်သွားကာ..
"ကိုရယ်.... အစပ်မစားနိုင်တာ ဒီဟင်းတွေ မစားနဲ့ ဒီမှာ တို့ဟင်းတွေ စားလေ..."
ရှောင်ကျန်း ရိပေါ်ကိုအားနာမိသည်။ သူတို့အတွက်မှာသည့်ဟင်းများက အစပ်တွေများပေမယ့် သားအတွက်မှာသည့်ဟင်းမှာတော့ အစပ်မပါ။ သူမသိဘူး ရိပေါ်အစပ်မစားနိုင်ဘူးဆိုတာ အိမ်မှာ သူချက်သည့် ဟင်းများကို သူကအေးဆေးစားတာ ကြောင့် ရိပေါ်လည်း အစပ်စားနိုင်တယ် ထင်သွားတာရှောင်ကျန်းမနေသာတော့
"မင်းမစားနိုင်ရင်မစားနဲ့လေ တခြားဟာမှာလိုက်ပါလား.."
"မဟုတ်တာ ကိုယ်စားနိုင်ပါတယ်.."
"ငါ့ကို အားနာစရာမလိုဘူး ရိပေါ် မင်းမစားနိုင်တာစားနေရင် အစာအိမ် ထိသွားနိုင်တယ်.."
"ကဲပါ..တို့ဟင်းတွေ စားလို့ရပါတယ်ဆိုကွာ.... အရင်ကလည်းစားနေကြဘဲကို.."
ရှောင်ကျန်းသားကိုကျွေးနေသည့် လက်က လေထဲခေတ္တရပ်တန့်သွားသည်။ ဒါကိုရိပေါ်သတိထားမိသည်။ ဒီနေရာမှာ သားရှိနေတာမို့ သူငြိမ်နေတာကို ဒီတစ်ယောက်ကဘာဖြစ်ချင်နေတာလဲ...တောက်...
"ပါးပါး သားသားအိပ်ချင်ပီ...."
ရှောင်ကျန်း သားကိုကျေးဇူးတင်မိတယ် ဒီအခြေအနေထဲကနေ ခေါ်ထုတ်ပေးလို့...
"အားနာပေမယ့်ခွင့်ပြုပါအုံး... သားကအိပ်ချင်နေပီမို့..."
အဖြေကိုမစောင့်တော့ဘဲ သားကိုပွေ့ပီးထွက်လာခဲ့လိုက်သည်။ စိတ်ထဲမှာတော့ ရိပေါ်လိုက်လာဖို့ မျှော်လင်းရင်း...
ထွက်လာခဲ့ပေမယ့် ကားသော့က ရိပေါ်ဆီမှာဆိုတာ ခုမှ သတိထားမိတယ် ပြန်လည်းမတောင်းချင်တော့တာမို့ taxi ငှားသွားဖို့ စိတ်ကူးလိုက်တယ်....မထင်မှတ်ထားဘဲ လက်ထဲကသားကို တစ်စုံတစ်ယောက်က ဆွဲယူလိုက်တာမို့ အံ့သြစွာကြည့်မိတော့ ဝမ်ရိပေါ်...
"သားအိမ်ချင်နေပီဆိုတော့ နောက်ခန်းမှာ သားနဲ့အေးဆေးထိုင်လိုက်တော့နော်..."
....................
ကားကိုသာ အာရုံစိုက်မောင်းနေသည့် ရိပေါ်ကို ရှောင်ကျန်း မကြာခဏ ခိုးကြည့်နေမိသည်။ သူဘဲစိတ်ထင်နေတာလား မသိပေမယ့် ရိပေါ်မျက်က ပုံမှန်ထက်ပို တည်နေသလားလို့...။
အိမ်ရောက်တော့ အိပ်ပျော်နေသည့်သားကိုရိပေါ်ကပွေ့သွားတာမို့ ရှောင်ကျန်းနောက်ကနေသာလိုက်လာခဲ့လိုက်သည်။ သားအခန်းရှေ့ရောက်တော့ ရှောင်ကျန်းကို မခိုင်းဘဲ သူဟာသူ တံခါးကိုမရမကဖွင့်နေပြန်သည်။ ရှောင်ကျန်းမနေသာတော့ဘဲ သားအခန်းတံကားကိုဖွင့်ပေးလိုက်တော့ အခန်းထဲကိုဝင် သားကို အိပ်ယာပေါ်ချပီးတော့ အင်္ကျီလဲပေးဖို့လုပ်နေတာမို့
"ရတယ် ငါလုပ်လိုက်မယ် မင်းသွားပီး ရေချိုးလိုက်တော့...."
သူ့ကိုစကားမပြောဘဲထွက်သွားတာကြောင့် ရှောင်ကျန်း ဒေါသထွက်သွားသည်။ စိတ်ဆိုးချင်ရင် ငါက ဆိုးရမှာ ဘာကိစ္စ သူကဆိုးနေတာလဲ သူတို့ထမင်းတူတူစားနေတာ ငါကြောင့်ပျက်သွားလို့လား ငါကသူ့ကိုလိုက်ခဲ့လိုခေါ်လို့လားသူဟာသူလိုက်လာတာကို ဟွန်း သားကိုအဝတ်စားလဲပေးရင်း ရှောင်ကျန်းတစ်ယောက် မျက်နှာ ရှုံလိုက်မဲလိုက်နှင့် ရိပေါ်နောက်ကနေလိုက်လာတာကြောင့် ခုဏက ဝမ်းနည်းမှုများက ဘယ်ချောင်တောင်ရောက်သွားသည်မသိ။ အဲ့ဒီအချိန် ဖြစ်လာတဲ့ကြည်နူးမှုက အဟွန်း ဝမ်းနည်းမှုတေတောင်ပျောက်သွားစေနိုင်တယ်ဆွာ ရှောင်ကျန်းကလွဲ မည်သူများသိအုံးမလဲ....... သားကို သေချာသိပ်စောင်ခြုံပေး ညမီးလေးဖွင့်ပေး ပီးနောက် သားအခန်းကထွက်လာခဲ့လိုက်သည်။ သူရေချိုးချင်နေပီ.. ဟူး...
သူအခန်ထဲ ဝင်လိုက်တော့ ရိပေါ်ရေချိုးခန်းထွက်လာတာနှင့်ဆုံသည်။ ဒါပေမယ့် ဝမ်ရိပေါ်က ချက်ချင်းအကြည့်လွှဲသွားတာကြောင့် အောင့်သက်သက်...ဟွန်း သူကဘာဖြစ်ချင်နေတာလဲ...
ရှောင်ကျန်းလည်းသူ့ကိုအရေးမလုပ်တော့ဘဲ ရေချိုးခန်းထဲဝင်ကာ ရေတဝကြီးချိုးပီးမှ ထွက်လာတော့ ဟိုကောင်မရှိတော့ ဘယ်ရှိမလဲ ဒီချိန်ဆို အဲ့ကောင်က သူ့အလုပ်ခန်းထဲရောက်နေရောမယ်... အဝတ်စားလဲပီး ညနေစာ မစာရသေးသည့် ဗိုက်က ဆန္ဒပြလာတာမို့ ညနေစားဖို့ မီးဖိုဘက်အသွား... အင်းသူရော ညနေစာ စားမလားမသိ သွားမေးရင်ကောင်းမလား... တွေဝေနေရင်း နောက်ဆုံးတော့ သဘောထား ကြီးသည့် ရှောင်ကျန်းကဘဲ သွားမေးဖိုဆုံးဖြတ်လိုက်တယ်...။
တံခါးခေါက်မလို့ အလုပ် သေချာပိတ်မထားသည့်တံခါကနေတဆင့် ကြားလိုက်ရသည့်စကားကြောင့် ချက်ချင်း အခန်းကိုပြန်လာလိုက်တယ်။ဗိုက်ဆာနေတယ်ဆိုတာတောင် မေ့သွားတယ်...... ခုချိန်ထိ သူမျန်မျန်ကိုချစ်နေတုန်းပေါ့ မဖြစ်နိုင်ပါဘူးဆိုသည့် မျှော်လင့်ချက်လေးက တရေးရေးနဲ့ ပျောက်ကွယ်လုနေပီ... ဝမ်းနည်းစိတ်ကြောင့်မဖိတ်ခေါ်ဘဲ ရောက်လာသည့်မျက်ရည်တွေကိုမုန်းသည် ဒီနေ့ နေ့တပိုင်းလေနဲ့တင် ဒီလူကြောင့်မျက်ရည်ကျတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ....မကြားချင်ပေမယ့် ထပ်ခါထပ်ခါ နားထဲဝင်နေသည့်စကားက.....
ဓငါမချစ်ဘဲနေမလားမျန်မျန်... နှစ်တွေအများကြီးငါစောင့်နေခဲ့တာ ချစ်လို့ကွ...."
ခုတင်တဖက်ကို ကျောပေးက ကျော်ပြင်လေးတခုလုံး သိမ့်သိမ့်တုန်အောင်ငိုနေသည့် ကောင်လေးရှိနေတယ်ဆိုတာ ရိပေါ်ကိုသိစေချင်သည်။
ရိပေါ်တစ်ယောက် စားသောက်ဆိုင်မှာ ကတည်းက မျန်မျန်ကို စိတ်တိုနေမိသည်။ သူဒီနေ့ညလေးမှာ ရှောင်ကျန်းနှင့်အေးအေးဆေးဆေး ညစာစားမယ် အပြန်မှာ သားအိမ်နေမယ်ဆိုတာသူတွက်ထားပီးသား မြစ်ကမ်းဘေးလေးမှာ ကားကိုခဏရပ်မယ် သားကိုကားပေါ်ခဏသိပ်ပီးရင် ရှောင်ကျန်းကို ချစ်ခွင့်ပန်မယ် ဒါတွေက သူဆွဲထားသည့်အစီစဉ်များ...ဒါပေမယ့် ထင်မှတ်မထားစွာ မျန်မျန် ရောက်လာတယ် ပီးတော့ သားကို ဘယ်သူကလေးလဲမေးတယ် သူ့သားလို့ ပြောတာကို မယုံသလိုလို... သားကိုပြပြီး ဘယ်သူ့မေးမေး ရိပေါ်သားဆိုတာ နှစ်ခါမေးစရာမလိုအောင်ဖြေကြမှာ မလွဲမသွေ... သားဟာ တစ်နေ့တခြား သူနှင့်တူတူလာသည်။ ခုလည်း မျန်မျန် တစ်ယောက်မျက်နှာကမယုံသလို လုပ်နေပေမယ့် သူမစိတ်ထဲ ယုံကြည်နေမည်ဆိုတာ သူသိသည်။ အဲ့ဒီအချိန်ရှောင်ကျန်းရောက်လာပီး သူမပြောချင်တာတွေ လုပ်ချင်တာတွေ လုပ်နေသည်။ ရိပေါ်စိတ်ထဲမှာ တော့ ရှောင်ကျန်း ငြင်းပါစေဆိုပီးဆုတောင်းနေမိတာ ထင်မှတ်မထားစွား ကိုယ့်ကိုလာကြည့်ပီး သူမတောင်းဆိုချက်ကို လက်ခံလိုက်တယ်... ဒီကြားထဲ ဟင်းကိစ္စကပါလားသေး နောက်တော့ သားက အိပ်ချင်သည် ဆိုသည့်အကြောင်းပြချက်ဖြင့် ထထွက်သွားသည့် ကောင်လေးက သူ့ကိုအရေးတောင်လုပ်မသွား ဒီနေရာမှာ သူဖြစ်စေချင်တာက ရှောင်ကျန်းသူ့ကို ပိုင်းဆိုးပိုင်းနင်းဖြင့်ခေါ်သွားစေချင်တာ ဒီလူဟာ ငါ့လူဆိုတာမျိုးး....ခုတော့.... သူလည်း ကားသော့ကိုယူပီး
"ငါရှောင်ကျန်းနဲ့လက်ထပ်ပီးသားမျန်မျန် အဲ့တော့ နောက်တခါ ငါတို့မိသားစု ကြားမှာ ဝင်ပါနေရင် ငါဒီနေ့လို သီးမခံတော့ဘူး..."ပြောပီး ကောင်တာမှာ ငွေရှင်းကာ အဲ့ဒီသားအဖနောက်လိုက်လာခဲ့လိုက်တယ်...
ပီးတော့ သားနှင့်သူ့ကို နောက်ခန်းမှာ စီးခိုင်းပီး ရှောင်ကျန်းကို စိတ်ဆိုးနေတာကြောင့် ခပ်တည်တည်ဘဲ ကားမောင်းနေလိုက်တယ်။ အဲ့ဒီကောင်လေး ကားမှန်ကနေ ခဏဏ ခိုးကြည့်တာကိုမသိချင်ယောင် ဆောင်ရင်းပေါ့... အိမ်ရောက် ပီး...................................................... ရှောင်ကျန်းရေချိုးနေတုန်း သူစစ်ကျွေး လာပို့ထားတဲ့ ကားထဲကအိတ်ကိုယူ အလုပ်စာပွဲမှာ ထိုင်ကာ စရင်းတွေ ကြည့်နေတုန်းဖုန်းမြည်လာတော့ မျန်မျန်... မကိုင်ချင်တာမို့ ဒီအတိုင်းထားလိုက်တော့.. ဆက်တိုက်ခေါ်နေတာကြောင့်...ကိုင်လိုက်တယ်.. မူးပီး ပြောချင်တာတွေပြောနေပြန်တယ်...
"မချစ်ဘူးမလား ရိပေါ်ဟင်.... သူ့ကိုနင်မချစ်ဘူးမလား နင်ချစ်တာငါလေ"
"ငါမချစ်ဘဲနေမလား မျန်မျန်.. နှစ်တွေအများကြီးငါစောင့်နေခဲ့တာ ချစ်လို့ကွ.. နောက်တစ်ခါ ငါ့ကိုဖုန်းမဆက်နဲ့ အိမ်ထောင်ရှိယောကျ်ားတစ်ယောက်ကိုဒီလိုလုပ်နေတာ မိန်းမကောင်းတွေ အလုပ်မဟုတ်ဘူး..."
ဖုန်းချပီး အလုပ်လုပ်ချင်စိတ်မရှိတော့တာမို့ အလုပ်ခန်းထဲက ထွက်လာခဲ့လိုက်သည်။ ညနေက ဘာမှ သေချာမသစားခဲ့တာကြောင့်မီးဖိုဘက်ထွက်လာခဲ့သည်။ ရှောင်ကျန်းရော သူညနေက ဘာမ မစားရသေးဘူး ဗိုက်မစာဘူးလားကွာ... အခန်းထဲကိုဝင်လိုက်တော့ ဟိုဘက်လှည့်ကာ အိပ်နေသည့် ခန္ဓာကိုယ်လေးက တုန်နေတာမို့ မဟုတ်မှ ငိုနေတာလား....
"ရှောင်ကျန်း...."
ရှောင်ကျန်း လန့်သွားသည် အရင်ကဒီအချိန်တွေမှာ သူအခန်းထဲကို ဝင်မလာတတ်ပါ။ခုဘာဖြစ်လို့..
ရှောင်ကျန်းကမလှုပ်တာမို့.. ရိပေါ် ခုတင်ပေါ်တက်ကာာ သူ့ဘက်ဆွဲလှည့်လိုက်တော့... ဘယ်ချိန်ထဲကငိုနေတာလဲကွာ မျက်လုံးတွေ ရော နှာခေါင်းထိပ်လေးတွေပါရဲနေသည်။
"ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
"ဘာဖြစ်ချင်ပြန်တာလဲ စိတ်ထဲကမပါဘဲ ငါ့ကို ဂရုစိုက်သလိုလာလုပ်မနေနဲ့"
"ဘာတွေပြောနေတာလဲကွာာ ကိုယ်တစ်ကယ်စိတ်ပူနေတာ"
"ကွာရှင်းကြမယ်.."
"ဘာ....မင်းဒီစကားကို လွယ်လွယ်ပြောထွက်နေပါလား ဒါကလေးကစားနေတာမဟုတ်ဘူး နားလည်းလား"
"နားလည်တယ် ငါ့ကိုလာမအော်နဲ့...မင်းကောင်မကို မအော်ရဲတိုင်းငါ့ကို လာအော်မနေနဲ့"
"ဘယ်က ကောင်မလဲ...ဘာတွေလဲ...ကွာ"
"ဘယ်ကောင်မရှိသေးလို့လဲ မင်းရဲ့ချစ်လှပါသည်ဆိုတဲ့ မျန်မျန်"
"ဟာ..... သူနဲ့ကိုနဲ့ဘာကန့်မှမရှိဘူး ဒီငါးနှစ်အတွင်းကိုယ် သူနဲ့ကိုယ် ပတ်သက်မှုမရှိဘူး ညနေကတွေ့တာ ပထမဆုံးပြန်တွေ့တာ.."
"အဲ့တော့ မင်းပျော်တယ်မို့လား မင်းအရင်ထဲက သူ့ကို လက်ထပ်ချင်နေတာလေ အဲ့ကြောင့်ငါက ကွာရှင်းပေးမှာ ဝမ်းနည်းချင်ဟန်ဆောင်မနေနဲ့..."
"အဲ့ဒါကအရင်ကလေ ခုကိုယ်မင်းကိုလက်ထက်ထားတယ် မင်းနဲ့ဘဲ သေတဲ့အထိအတူနေသွားမယ်......"
"ငါတော့မနေချင်ဘူး အချစ်မပါဘဲတည်ဆောက်ထားတဲ့အိမ်ထောင်ရေးတစ်ခုကို မင်းလဲစိတ်ပျက်မှာဘဲ.. ငါလည်း စိတ်ပျက်တယ်.."
"အချစ်မပါတဲ့အိမ်ထောင်ရေးကဘယ်လိုလည်းဆိုတာ ကိုယ်မသိဘူး သိလည်းမသိချင်ဘူး သိဖို့လည်းမလိုအပ်ဘူး.. ကိုယ်တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးမှာတော့ ကိုယ့်အချစ်တွေက 100%တောင်ကျော်နေတယ်လေ..."
ရှောင်ကျန်းတစ်ယောက် ခုဏကစိတ်ဆိုးနေရင်းက ဝမ်ရိပေါ်စကားများကြောင့် ဒေါသတေ ဘယ်ရောက်ကုန်သည်မသိ.. ဘာပြောရမှန်းလည်းသူမသိ မျက်နှာပူလာတာဘဲသိသည်။
"မဟုတ်တာတွေလာမပြောနဲ့ ဒါဘဲ အိပ်တော့မယ်..."
ခုဏကစိတ်တွေတိုပီး အိပ်နေရာကနေထကာ ရန်တွေ့လိုက်တာကြောင့် ကုတင်ပေါ်ချက်ချင်းလှည်းကာ စောင်ပုံထဲဝင်သွားတာကြောင့် ရိပေါ် ရီမိသွားသည်။
ရိပေါ်လည်း စောင်ပုံထဲဝင်ကာ တဖက်လှည့်နေသည့်ကောင်လေးကို နောက်နေသိုင်းဖက်လိုက်ပြီး "ကိုယ့်ကိုတွန်းမထုတ်ပါနဲ့ကွာ နောက်ဆို ကွာရှင်းဖို့လည်းမပြောပါနဲ့ ကိုယ်က မင်းတို့သားအဖ ကိုကိုယ်သေတဲ့အထိ ကိုယ့်ဘေးမှာ ထားနိုင်ဖို့ ကိုယ်ကြိုးစားပါ့မယ် မင်းကဒီတိုင်းလေးဘဲစောင့်နေပေးပါကွာနော်..."
"........................"
"ချစ်တယ်................. ဒီစကားကိုမင်းအတွက် ကိုယ်တခမ်းတနားပြောချင်တာ ကိုယ့်ကိုမင်းမယုံရင်လည်း ရတယ် ကိုယ်ကဘဲ ယုံအောင်ချစ်ပေးမယ် နောက်ဆို မင်းမကြိုက်တာတွေ တွေ့ခဲ့ရင် ဒီနေ့လိုအားနာစရာမလိုဘူး ဟိုးတုန်းကအတိုင်း ခေါင်းမာပီး ဂျစ်တိုက်တက်တဲ့ကောင်းလေလိုပြန်နေပေး ကိုယ်အစွမ်းကုန် အလိုလိုက်ပေးမယ်ကွာ.."
...............................
နောက်က ဝမ်ရိပေါ်စကားပြောနေရင်ထွက်လာသည့်လေများကု ရှောင်ကျန်း လည်တိုင်လေးကို ကျီစယ်နေတာကြောင့် အူယားတာကတမျိုး ယွကျားရပီးမ ရည်းစားစကားအပြောခံနေရလို့ ရင်ခုန်တာကတမျိုး ဒါထဲက အလိုက်မသိသည့် ဆာနေသည့်ဗိုက်ကတမျိုး...... အမျိုးမျိုးဖြစ်နေသည့်ကောင်လေးမျက်နှာက အပြုံးကို ကျောဘက်ကကောင်လေးကိုမြင်စေချင်သည်။
ဒီFic လေးကိုမြန်မြန် ဇာတ်သိမ်းနိုင်ဖို့ ကြိုးစားနေတယ်... နောက်တ ခုရေးချင်နေတာ လက်ကိုယားနေတာ ဒါနက်နောက်တစ်ခုက Yizhan မဟုတ်တော့ဘူး Zhanyi နော် တော်ကြာ်ဝမ်ရိပေါ်ကြီး ဘဲ Top နေရင် ဒူးချောင်သွားမှာစိုးလို့ အားပေးကြအုံးနောသိလား😁😁😁
Lanjutkan Membaca
Kamu Akan Menyukai Ini
4K 91 11
𝐀𝐌𝐈𝐍𝐀 𝐊𝐀𝐍𝐄, The perfect daughter, the perfect soldier. The perfect role model for the citizens on the Ark. She had to be perfect. She's Marc...
10.7M 248K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
43.7K 2.7K 31
ကံတရားကြီးကရက်စက်လွန်းတယ် နီးစပ်ဖို့ကြိုးစားရင်ပိုပြီးဝေးကွာသွားသလိုပဲ {Fanfic} [Beta] Ongoing Started date- Oct.4.2021 End-2.2.2022 (Uni+Zg) . . . ...
17.2K 1.5K 13
Love Is Just A Cup Of Café နှစ်တွေလည်း ကြာလာခဲ့ပါပြီ ။ ဘယ်ကနေ စမှားခဲ့တာလဲလို့ မေးရင် ဖြေရခက်ပါတယ် ။ ဘာတွေ မှားယွင်းနေတာလည်းလို့ မေးရင်တော့ အရာအားလု...