Reward[Him From Final Year]
By Aelennar
1.1M 90.7K 10.7K
တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... More
Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side
Chapter-17
16.9K 1.6K 211
By Aelennar
ရင်ထဲ အေးသွားတာပဲ"
coffee cafe​လေးတစ်ခု။
မူယာ့ကိုတောင်းပန်
"ဇော်လဲ သောက်လေ။ဘာလို့
သိပ်မသောက်နိုင်ဘူး"
ဒီလိုပါပဲ"
တော့ ခါးသက်သက်အရသာက
တောင်းပန် ထားချင်တယ်"
လပ်ပြောလို့ရပါတယ်။ဇော့် မျက်နှာကြီး
တတ်ပါဘူး "
"ကိုယ်ကgayပါ"
"gay ဘယ် ဘယ်သူက"
"ကိုယ်တောင်းပန်"
အချိန် ခဏလောက်"
သိလိုက်ရသည်။
ကိုယူကြုံးမရ။
တောင်းပန်ပါတယ်"
ကိုယ့်အကျီ င်္မှာမူယာလှမ်းပတ်လိုက်တဲ့
"အရှက်မရှိတဲ့လူ"
ရှော့ရသွားပုံပါပဲ။
အတိုင်းနေလိုက်သည်။
က လူလိမ်တွေပဲ"
ပြောလို့ရပါတယ်။ကျေးဇူးပြုပြီး
ကိုယ့်မိဘတွေ ကိုတော့"
ဖြစ်လာသည်။
အောင်ပင်။
ကောင်းမယ်"
သဘောတူထားတဲ့ လူဆီကနေ
ထွက်လာခဲ့သည်။ ရင်ထဲစို့နင့်ကာ
သူမသိတာလား တစ်မင်တကာ
မကိုင်တာလား။
ကြီးမှားသွားပြီ။
ငါတောင်းပန်ပါတယ်။စစ်ကြောင်း
_______________________________
"ကိုဇော် ဘာဖြစ်လာတာလဲ"
"ဆုလာဘ်"
လုံးဝနွမ်းလျနေလျက်။
ကိုဇော် ဝတ်ထားတဲ့ရှပ်အကျီ င်္အဖြူ
စွန်းထင်းနေသည်။
"ဘယ်သူလုပ်လိုက်တာလဲ။ကိုဇော့်ကို
ဘယ်သူ လုပ်လိုက်တာလဲ"
"ဗျာ"
ရသည်။
ညီနိုင်ခဲ့ဘူး။
နားလည်ပေးလာမှာပါ။ကိုယ်စိတ်မ
လုပ်ရက်ရတာလဲ"
ကိုယ်ဘာမှမဖြစ်ဘူး"
ကောင်လေးပါ။
အောင်နေနေရတော့သည်။
________________________________
လိုက်ရသည်။ကျွန်တော် ဒီအတိုင်း
နေလာသည်မှာကြာပြီ။ကျွန်တော်
သော်လည်း…။
ကြည့်လိုက်မိသည်။မက်ဆေ့ဝင်လာ
"နေကောင်းသွားပြီလား"
နေကောင်းအောင်နေ kid"
ကြည့်နေမိသည်။
ကြတော့မှာပေါ့နော်။ကောင်းပါတယ်
………………………………………………………………………………………………………………………………………………
ဖြစ်ချင်လဲသာပြော။ဒီလောက်ထိ
ငယ်သေးတာ ။စတီးလက်ကောက်နဲ့
ညားသွားမယ်"
ဗလာဖြစ်နေသည်။
"ဘာလာလုပ်တာလဲ မူယာ။ငါတို့
ဘာကိုမှမပြောနိုင်။barထဲကိုနဒီ
အောင်ဖြစ်စေသည်။သူ့သူငယ်ချင်း
ဖြစ်တဲ့ စစ်ကြောင်း။
ဘယ်လိုပြောရပါ့မလဲ။
မှိတ်နေတဲ့သူ မသိပေ။ဘာတွေများ
တတ်သည့်သူက ဘယ်လောက်
"စစ်ကြောင်း"
များနေတဲ့ပုံပင်။
"စစ်ကြောင်း ငါလေ။ငါ့ကိုကြည့်ပါအုံး"
မူယာ့ကိုမြင်သွားသည်။
"ဘာလာလုပ်တာလဲ"
တောင်မရတော့ဘူးလား။အရင်က
ငါတို့အတူတူ"
တောင် သောက်နေရတာလဲ"
ဘေးကနေ တားနေသော်လည်း
နေမှန်း သိသည်။
"တော်ပါတော့ဟာ"
ဆီရောက်လာတယ်။
နေရင်ကောင်းမယ်"
ပြောစရာရှိတယ်"
တဲ့ပုံပင်။
သွားကြပြီလား။
တယ်မလား။
"စစ်ကြောင်း ငါ"
ထဲဖြစ်နေတယ်။သူများအတွဲကြားမှာ
လိုက်မရှုပ်ချင်ဘူး"
မျက်နှာလွှဲသွားသည်။
နဲ့ပဲပြန်လိုက်"
မျက်ရည်က ဝဲချင်လာသည်။
အမှန်ပင်လွမ်းသည်။ဟုတ်တယ်
ရဲခဲ့သည်။ညဘက်မှာလည်း နှစ်
မရှိတော့သည့်ပုံပင်။အံ့သြလွန်းစွာနဲ့
လို့မထင်ထားတာ အမှန်။
လို့ မရရမှာလဲ။မကျေမနပ်ဖြစ်ရအောင်
ခဲ့ဘူးလား"
ကြည့်လျက်သာနေသည်။
မူယာကသိသည်။မူယာတဲ့သဘောတူ
"စစ်ကြောင်း ငါ"
"ဘာ"
လား စစ်ကြောင်း။နင်မဟုတ်တဲ့
ကြည့်လာပြီး။
မဟုတ်ဘူး။မင်းကမိန်းကလေး"
ဖက်တွယ်ထားရသည်။
……………………………………………………………………………………………………………………………………………
"ဆုလာဘ် ဆုလာဘ်"
ပေးလိုက်ပြီး။
"မေမီ နင်ဘာဖြစ်လာတာလဲ။ကျောင်း
မကောင်းဖြစ်သွားသည်။
နော်ဆုလာဘ်။ကိုဇော်မနေ့ညနေက
ငါ့ကိုပြောပြတာ"
"ဘာ နင်ဘာပြောတယ်"
ဘယ်လိုမှထိန်းမရတော့။
သွားရမယ်။ငါ့ကိုပေးမောင်း"
ဘာမှမဖြစ်ပါစေနဲ့။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Unicode
"ရာသီဥတုကလည်း ပူနေတော့
ice latteလေးသောက်လိုက်ရတာ
ရင်ထဲ အေးသွားတာပဲ"
ကိုယ့်ကို ဆွဲဆောင်မှုရှိရှိပြုံးပြနေတဲ့
မူယာနဲ့ စားပွဲဝိုင်းမှာမျက်ချင်းဆိုင်
ထိုင်နေလျက် ပြောစရာစရာစကား
တွေကို ကိုယ့်မှာ စာစီနေရသည်။
ကိုယ်တို့အခုရောက်နေတဲ့နေရာက
coffee cafe​လေးတစ်ခု။
မူယာ့ကိုတောင်းပန်
စကားပြောဖို့အတွက် ကိုယ်ပထမဆုံး
ကြိမ်အဖြစ် အပြင်မှာချိန်းလိုက်ခြင်းပင်။
"ဇော်လဲ သောက်လေ။ဘာလို့
ဒီအတိုင်း ထိုင်နေတာလဲ"
စားပွဲပေါ်မှာ လက်ထောက်ပြီး
ကိုယ့်ကိုပြုံးကာ ကြည့်နေတဲ့မူယာ။
"ဇော်က အခါးကြိုက်တာလား။
မူယာကတော့ခါးလို့ americano
သိပ်မသောက်နိုင်ဘူး"
"ကြိုက်တယ် ရယ်လည်းမဟုတ်ပါဘူး
ဒီလိုပါပဲ"
မူယာ့ကို အသာပြန်ပြုံးပြပြီးနောက်
ကိုယ်နေရခက်စွာ မျက်နှာလွှဲရင်း
ကော်ဖီခွက်ကိုကိုင်ကာ သောက်လိုက်
တော့ ခါးသက်သက်အရသာက
လည်ချောင်းထဲကို စီးဝင်သွားသည်။
"မူယာ ကိုယ်အခုပြောမဲ့စကားကို
မပြောခင် မင်းကိုအရင်ကြိုပြီး
တောင်းပန် ထားချင်တယ်"
"ဘာပြောမှာမို့လို့လဲ ဇော်က။ဒီနေ့
တွေ့ရတာ ဇော့်မျက်နှာလည်းမကောင်းဘူးနော်"
ကိုယ့်မျက်နှာကို အကဲခတ်သလို
ကြည့်နေတဲ့ ကိုယ့်အရှေ့ကမူယာကို
အားနာလွန်းစွာပို၍ နေရခက်လာသည်။
"ပြောစရာရှိတာကို လွတ်လွတ်လပ်
လပ်ပြောလို့ရပါတယ်။ဇော့် မျက်နှာကြီး
ကလည်း ဘာလို့အဲ့လိုဖြစ်နေတာလဲ
ပြောချင်တာကိုပြောလေ မူယာက
တော်ရုံကိစ္စဆို စိတ်ထဲသိပ်မထည့်
တတ်ပါဘူး "
ပြုံးလျက်ပင်ကိုယ့်ကိုပြောပြီး ခေါင်းငုံ့
ကာသူ့ ကော်ဖီခွက်ကပိုက်ကိုမွှေနေ
သည့်မူယာက တစ်ကယ်ကိုချောလှပြီး
ထက်မြက်ပုံရသည့် မိန်းကလေးပါ။
ဒီလိုမိန်းကလေးက ကိုယ့်လိုလူမျိုး
နဲ့ကြုံတွေ့ခဲ့ရတာ သူ့အတွက်တော့
အတိတ်ဆိုးတစ်ခုလိုဖြစ်ရင်ဖြစ်သွားနိုင်ပါရဲ့။
"ကိုယ်ကgayပါ"
ကော်ဖီခွက်ကိုမွှေနေသည့် မူယာရဲ့
လက်တွေရပ်တန့်သွားချိန် ကိုယ်
မျက်နှာချင်းမဆိုင်ရဲလောက်အောင်
ဖြစ်နေပေမဲ့ အပြစ်ရှိသည့်သူအနေ
နဲ့မျက်နှာ မလွှဲလိုက်မိ။
ဒီအချိန်မှာ ကိုယ်ခံစားရတာထက်
တစ်ဖက်မိန်းကလေးရဲ့ ခံစားချက်က
များစွာပိုနေမှာပင် မဟုတ်လား။
"gay ဘယ် ဘယ်သူက"
မျက်နှာမပျက်သွားအောင်တော်တော်
လေး ထိန်းနေပုံရသည့်မူယာက
ကိုယ်နဲ့ မျက်နှာချင်းဆိုင်နေရင်း။
"ဇော်အခု မူယာ့ကိုနောက်နေတာလား"
"ကိုယ်တောင်းပန်"
"ခဏလေး ခေါင်းတွေရှုပ်သွားလို့
အချိန် ခဏလောက်"
စားပွဲပေါ်လက်ထောက်လျက်ပင်
မျက်နှာလွှဲလိုက်ပြီး သူ့ခေါင်းကိုလက်
တွေနဲ့ဖိနှပ်ထားသည့်မူယာက အတော်
ကို ခြေအနေမကောင်းဖြစ်သွားမှန်း
သိလိုက်ရသည်။
ကိုယ့်မှာလည်း ဒီနေရာမှာထိုင်နေရ
တာ အပြစ်သားတစ်ယောက်လိုမျိုး
များစွာအပြစ်ရှိတဲ့စိတ်နဲ့ ကိုယ့်ကိုယ်
ကိုယူကြုံးမရ။
"ကိုယ်တစ်ကယ် မင်းကိုအနူးအညွှတ်
တောင်းပန်ပါတယ်"
ခေါင်းမမော့လာတော့တဲ့ မူယာ့ကို
စိတ်ရင်းနဲ့ ကိုယ်တောင်းပန်လိုက်တဲ့
စကားအဆုံး ကိုယ့်ကို ပတ်ဖြန်းခြင်း
ခံလိုက်ရတဲ့ကော်ဖီအေးတွေနဲ့အတူ
ရုတ်တရက်ထူပူသွားရသည်။
ဘာဖြစ်သွားပြီလဲဆိုတာသိလိုက်ချိန်
ကိုယ့်အကျီ ၤမှာမူယာလှမ်းပတ်လိုက်တဲ့
ကော်ဖီအေးတွေ ထင်ကျန်ကုန်ပြီး
ဆိုင်ထဲမှာ တစ်ခြားဝိုင်းကသူတွေရဲ့
အကြည့်တွေက ကိုယ့်ဆီမှာသာ။
"အရှက်မရှိတဲ့လူ"
ကိုယ့်ကို စူးရဲကြည့်စွာစိုက်ကြည့်နေတဲ့
မူယာက ကိုယ်ခန့်မှန်းထားသည်
ထက်ကို စိတ်မထိန်းနိုင်အောင်
ရှော့ရသွားပုံပါပဲ။
ကိုယ့်ကိုယ်ကိုယ်လည်း ဆိုင်ထဲမှာ
မျက်နှာမပြရဲတော့လောက်အောင်
ရင်ထဲမွန်းကြပ်စွာ ခံစားလာရမှုတွေ။
ဒီနေရာကနေကိုယ်ချက်ချင်း ပျောက်
ကွယ်သွား ချင်နေပေမဲ့အပြစ်ရှိသူမို့
မူယာစိတ်ကျေနပ်တဲ့အထိ ပြောပါစေ
လို့သာမှတ်ပြီး ထိုင်နေရာကနေနေမြဲ
အတိုင်းနေလိုက်သည်။
"အဲ့တာဆို အဲ့တာဆိုဘာဖြစ်လို့
အစထဲက အမှန်အတိုင်းမပြောပဲ
စေ့စပ်မဲ့ကိစ္စကို သဘောတူလက်ခံ
ခဲ့ရတာလဲ။ရှင်ရော ရှင့်မိဘတွေရော
က လူလိမ်တွေပဲ"
"မင်းကိုယ့်ကိုပြောချင်ရင် ကြိုက်သလို
ပြောလို့ရပါတယ်။ကျေးဇူးပြုပြီး
ကိုယ့်မိဘတွေ ကိုတော့"
"အခုချက်ချင်း ထွက်သွား"
ကိုယ့်ကို ရွံ့မုန်းစရာလူတစ်ယောက်
လိုကြည့်နေတဲ့မူယာ့ဆီမှာ ကိုယ့်ကို
ကိုယ်ပင် ဒီလောကကြီးမှာရှိမနေသင့်
တဲ့လူလိုမျိုး မုန်းတီးလောက်အောင်
ဖြစ်လာသည်။
ကိုယ့်ဘဝမှာ မိန်းကလေးတစ်ယောက်
ဆီကနေ ပထမဆုံးအကြိမ်ရရှိတဲ့
သိမ်ငယ်မှုက မျက်နှာမဖော်ရဲလောက်
အောင်ပင်။
"ရှင့်မျက်နှာကို နောက်ထပ်ဘယ်တော့
မှထပ်မမြင်ချင်တော့တာမို့လို့ ဆိုင်ထဲ
ကနေ အခုချက်ချင်းထွက်သွားပေးရင်
ကောင်းမယ်"
မျက်နှာလုံးဝမကောင်းတော့ပဲ အသံ
တိတ်ကာထရပ်ပြီး ဆိုင်ထဲကနေ
ထွက်သွားပေးတဲ့ဟန်ဇော်ဦးက
အရှုံးသမား တစ်ယောက်လိုပင်။
စိတ်မထိန်းနိုင်လွန်းလို့ ကော်ဖီအေးနဲ့
ပတ်လိုက်မိတာ အရမ်းလွန်သွားသ
လား မသိပေမဲ့နောင်တမရမိဘူး။
အခုချိန်မှာဖြစ်နိုင်ရင် ဒေါသကြောင့်
ဘာမှမစဉ်းစားနိုင်တော့ပဲ ဒီထက်ပိုပြီး
ကိုလုပ်ပြစ်ချင်နေသည်။ရှက်လိုက်တာ
ရှက်ဖို့ကောင်းလိုက်တာ။
ဒါဘယ်လိုအခြေအနေမျိုးလဲ။ငါနဲ့
သဘောတူထားတဲ့ လူဆီကနေ
လှည့်စားခံလိုက်ရတယ်လို့တောင်
လူကြားထဲထုတ်ပြောဖို့ ရှက်ရွှံ့ဖွယ်ရာပင်။
ဟန်ဇော်ဦး ထွက်သွားတာကြာမှ
ထိန်းမနိုင်အောင် ဒေါသဖြစ်နေတဲ့
စိတ်ကိုထိန်းပြီး လက်ကိုင်အိတ်ကို
ဆွဲကိုင်ကာ မူယာဆိုင်ထဲကနေထ
ထွက်လာခဲ့သည်။ ရင်ထဲစို့နင့်ကာ
ငိုချင်လာသလိုဖြစ်နေပေမဲ့မျက်ရည်
လုံးဝမကျအောင် ထိန်းထားရတယ်။
ဒီလိုလူမျိုးအတွက် မူယာမျက်ရည်
ကျလောက်အောင်အထိ မတန်ဘူး။
ဆိုင်အပြင်မှာရပ်ထားတဲ့ မူယာ့ကား
ဆီကိုအမြန်လျှောက်သွားပြီး
ကားတံခါးဖွင့်ကာ လက်ကိုင်အိတ်
ထဲက ဖုန်းကိုထုတ်နေတာတောင်
အမှားမှားအယွင်းယွင်းနဲ့ လက်တွေ
ကဒေါသကြောင့် တုန်ရီနေတယ်။
စိတ်တွေလောကာ အကြိမ်ကြိမ်
အခါခါခေါ်နေပေမဲ့ တစ်ဖက်ကလုံးဝ
မကိုင်သည့်ဖုန်းက တင်းထားသည့်
စိတ်ကို အလုံးစုံပြိုကျစေသည်။
စစ်ကြောင်းဖုန်းကို အကြိမ်ကြိမ်
အခါခါဆက်နေသော်လည်း မကိုင်ပေ။
သူမသိတာလား တစ်မင်တကာ
မကိုင်တာလား။
စစ်ကြောင်း နင်ဘယ်မှာလဲ။ငါအရမ်း
ကြောက်နေတာမို့လို့ ငါ့ကိုအခုလာ
ခေါ်ပေးပါ ငါ့အနားမှာနင်ရှိနေမှဖြစ်မယ်။
ဟန်ဇော်ဦးကို နင့်ထက်သာတဲ့လူလို့
ထင်ပြီးငါနင့်ကိုထားခဲ့မိတာ ငါ ငါအမှား
ကြီးမှားသွားပြီ။
ငါတောင်းပန်ပါတယ်။စစ်ကြောင်း
နင်ငါ့ကိုခွင့်လွှတ်ပေးပါ။
_______________________________
ခြံတံခါးကိုဖွင့်လိုက်ချင်း မြင်လိုက်
ရတဲ့ကိုဇော့်ရဲ့ပုံစံက ကျွန်တော့်ကို
စကားမဆိုနိုင်လောက်အောင်ဖြစ်စေသည်။
သူ့ကားကိုရပ်ထားပြီး ကျွန်တော်တို့
အိမ်ရှေ့က ခုံတန်းမှာထိုင်နေတဲ့
ကိုဇော်က အရှုံးသမားတစ်ယောက်
လိုခေါင်းငိုက်စိုက်ကျနေပြီး ကျွန်တော်
ထွက်လာတာကိုတောင် သတိမထားမိဟန်။
"ကိုဇော် ဘာဖြစ်လာတာလဲ"
"ဆုလာဘ်"
ဘေးမှာအမြန်ဝင်ထိုင်လိုက်တော့
ကျွန်တော့်ကိုမြင်တာနဲ့ အားတင်း
ပြုံးပြနေတဲ့ကိုဇော့် မျက်နှာက
လုံးဝနွမ်းလျနေလျက်။
အမြဲ သပ်သပ်ရပ်ရပ်နေတတ်သည့်
ကိုဇော် ဝတ်ထားတဲ့ရှပ်အကျီ ၤအဖြူ
မှာလည်း တစ်ခုခုနဲ့ပတ်ခြင်းခံလာရ
သလိုမျိုး အညိုရောင်အရည်တွေ
စွန်းထင်းနေသည်။
"sorry ကိုယ်ဒီလိုပုံစံနဲ့အိမ်မပြန်
ချင်လို့။ဘယ်မှလည်း သွားစရာမရှိတာနဲ့"
"ဘယ်သူလုပ်လိုက်တာလဲ။ကိုဇော့်ကို
ဒီလိုပုံစံဖြစ်အောင် ဘယ်သူလုပ်တာလဲ"
"ဆုလာဘ် မင်းရော ကိုယ်ကမင်း
အစ်ကိုဖြစ်နေတာကို သိမ်ငယ်လား။
ကိုယ့်လို gayတစ်ယောက်က"
"မပြောနဲ့ အဲ့တာတွေမပြောနဲ့။
ကျွန်တော်သိချင်တာ ကျွန်တော့်
အစ်ကိုကို ဒီလိုပုံစံမျိုးဖြစ်အောင်
ဘယ်သူ လုပ်လိုက်တာလဲ"
ကျွန်တော်စိတ်ပူပြီး အတင်းမေးနေ
သည့်တိုင် ကိုဇော်ကပြန်ဖြေဖို့
အားအင်တွေမရှိတော့သလို
ကျွန်တော့် ကိုသာကြည့်နေသည်။
"မဟုတ်မှလွဲ အစ်မနန်းမူယာလား"
မျက်နှာလွှဲသွားတဲ့ကိုဇော့်ပုံစံက
ကျွန်တော့်အစ်ကို ဒီလောက်ထိ
စိတ်ဓာတ်ကျနေတာကို ပထမဆုံး
အကြိမ်မြင်ဖူးခြင်းပဲ။
"ကိုယ်အားလုံးကို ဖွင့်ပြောလိုက်ပြီ"
"ဗျာ"
ကိုဇော့်ကိုကြည့်ပြီး ကျွန်တော်ရင်တွေ
တုန်ကာ တစ်ခဏ ဘာမှပြန်မပြောနိုင်။
"အန်တီတို့ကိုပါ ဖွင့်ပြောလိုက်ပြီလား"
ခေါင်းညိတ်ရုံသာပြန်ဖြေနိုင်တဲ့ကိုဇော်
နဲ့အတူ ကျွန်တော်လည်း အားအင်
တွေမဲ့သွားသလို ထပ်တူခံစားလိုက်
ရသည်။
ကျွန်တော့် အစ်ကိုဒီလိုပုံစံအထိဖြစ်
သွားရလောက်အောင် သူတစ်ယောက်
ထဲဘယ်လောက်တောင်ပင်ပန်းနေ
လိမ့်မလဲ ကျွန်တော်က ဘာမှမကူ
ညီနိုင်ခဲ့ဘူး။
"အမေတို့က ချက်ချင်းတော့လက်မခံ
နိုင်သေးပေမဲ့ ကိုယ့်ကိုတစ်ဖြည်းဖြည်း
နားလည်ပေးလာမှာပါ။ကိုယ်စိတ်မ
ကောင်းဖြစ်နေတာက ကိုယ်အသုံးမကျ
လို့ ကိုယ့်ကြောင့်နဲ့ကိုယ့်မိဘတွေ
အပြောခံလိုက် ရတာကြောင့်ပဲ"
"ကိုဇော့်ကို အခုဒီလိုပုံစံမျိုးဖြစ်လာ
အောင် အစ်မနန်းမူယာလုပ်လိုက်တာမလား"
ကျွန်တော့်ကို သူဘာမဖြစ်သလို
သာပြုံးပြနေတဲ့ ကိုဇော့်မျက်နှာကို
ကြည့်ပြီး ကျွန်တော်သိလိုက်ပါပြီ။
ရင်ထဲမှာ ဝမ်းနည်းလာစိတ်နဲ့အတူ
ကျွန်တော် ရုတ်တရက်ဘာမှမပြောနိုင်
တော့ပဲ စို့နင့်လာရသည်။
"gayတွေ straightတွေကျွန်တော်
မသိဘူး။ကျွန်တော်သိတာ လူကလူပဲ
ကိုဇော်က ဘာအပြစ်တွေကြီးကြီး
မားမားရှိလို့ အဲ့ဒီအစ်မကဒီလိုမျိုး
လုပ်ရက်ရတာလဲ"
"ဟိတ်ကောင်လေး မငိုရဘူးလေ
ကိုယ်ဘာမှမဖြစ်ဘူး"
ခေါင်းအလျင်မြန်ငုံ့သွားတဲ့ ဆုလာဘ်
နဲ့အတူကိုယ်လည်း မျက်နှာမပြဝံ့
တာကြောင့် ကိုယ်တို့ညီအစ်ကို
စကားသံတွေ တိတ်ဆိတ်သွားရသည်။
ဒီကောင်လေးက ငယ်ငယ်ထဲကသူ့ကို
ထိရင်သာ သည်းခံတတ်ပေမဲ့ သူ့
သူငယ်ချင်းတွေ အထူးသဖြင့်အစ်ကို
ဖြစ်တဲ့ကိုယ် သူချစ်တဲ့သူတွေကို
ထိလာရင် စိတ်ဆိုးတတ်တယ်။
အရမ်းလည်း စိတ်ပူပေးတတ်တဲ့
ကောင်လေးပါ။
ဆုလာဘ်ရဲ့ခေါင်းကိုငယ်ငယ်တုန်း
ကလိုပုတ်ပေးနေရင်း ကိုယ်လည်း
ကိုယ့်ညီလေးရှေ့မှာ စိတ်မကောင်း
ဖြစ်နေတာတွေကို မတွေးမိတော့
အောင်နေနေရတော့သည်။
________________________________
ညအိပ်ရာမဝင်ခင် ကျွန်တော့် အခန်း
ထဲက စာရေးစားပွဲပေါ်မှာစာလုပ်နေ
တုန်း ကျွန်တော့်ဖုန်းမြည်သံကိုကြား
လိုက်ရသည်။ကျွန်တော် ဒီအတိုင်း
သာ စာဆက်လုပ်နေလိုက်ပြီး
မကြည့်ဖြစ် ဘယ်သူလည်းဆိုတာ
တွေးကြည့်စရာတောင် မလိုဘူးလေ။
ကိုမင်းစစ်ကြောင်း ကျွန်တော့်ဆီကို
ညတိုင်းဖုန်းဆက်နေပေမဲ့ ကျွန်တော်
မကိုင်ပဲ ဒီအတိုင်းသာထားခဲ့သည်။
fbသုံးရင်လည်း စကားလာပြောနေ
မှာစိုးလို့ဒီရက်ပိုင်း လိုင်းလုံးဝမဖွင့်ပဲ
နေလာသည်မှာကြာပြီ။ကျွန်တော်
ဖုန်းမကိုင်မှန်းသိတာတောင် တစ်ချိန်
လုံးဖုန်းတွေဆက်နေပြီး လိုက်နှောက်
ယှက်နေတာ သူကျွန်တော့်ကိုဘာ
မကျေနပ်စရာတွေရှိသေးလို့လဲ။
ဒီအတိုင်းသာ စာဆက်ရေးနေတုန်း
ဖုန်းမြည်သံကရပ်သွားပြီး မက်ဆေ့
ဝင်လာသံတွေကိုကြားလိုက်ရသည်မို့
ကျွန်တော်မကြည့်ဖို့ ဆုံးဖြတ်လိုက်
သော်လည်း…။
ဒီအတိုင်းပဲ ထားထားရင်ကောင်းမလား
ကြည့်လိုက်ရင် ကောင်းမလားစဉ်းစား
နေရင်း စာလုပ်နေသည်ကိုခဏရပ်ပြီး
ကျွန်တော့်လက်တွေက ဖုန်းကိုယူ
ကြည့်လိုက်မိသည်။မက်ဆေ့ဝင်လာ
သည်မို့လင်းနေသည့် ကျွန်တော့်ဖုန်း
မျက်နှာပြင်ကိုကြည့် လိုက်ချိန်
ကိုမင်းစစ်ကြောင်း စာပို့ထားတာပင်။
"နေကောင်းသွားပြီလား"
"စိတ်ဆိုးနေတုန်းပဲလား အခုထိ"
"မင်းငါ့ကိုမတွေ့ချင်ရင် မင်းရှေ့ကို
နောက် လုံးဝမလာတော့ဘူး။
နေကောင်းအောင်နေ kid"
နောက်ဆုံး စာကြောင်းကိုကျွန်တော်
ထပ်ခါသာ ဖတ်နေမိပြီး ဘာမှပြန်ပို့
ပဲဒီအတိုင်းသာ အတော်ကြာ
ကြည့်နေမိသည်။
ကိုဇော်နဲ့ အဲ့အစ်မကအခုလုံးဝ
ကင်းရှင်းသွားပြီဆိုတော့ ခင်ဗျားနဲ့
ခင်ဗျား ကောင်မလေးပြန်အဆင်
ကြတော့မှာပေါ့နော်။ကောင်းပါတယ်
ခင်ဗျားလည်း အရက်တွေသောက်ပြီး
အသည်းကွဲနေစရာ မလိုတော့ဘူး။
ဒီအတောအတွင်းကျွန်တော် ခင်ဗျားကို
အစ်ကိုတစ်ယောက်လိုမျိုး တစ်ကယ်
ခင်ခဲ့ပါတယ် ကိုစစ်ကြောင်း။
………………………………………………………………………………………………………………………………………………
"သွားပြီ ငါတို့ကောင်တော့ တစ်
သက်လုံး စော်တွေနဲ့တွဲခဲ့သမျှ ဟို
မလည်ရှုပ်လေး ဆီမှာပြုစားခံလိုက်ရပြီ"
"စစ်ကြောင်း ဟေ့ကောင် မင်းဘာ
ဖြစ်ချင်လဲသာပြော။ဒီလောက်ထိ
ခံစားမနေနဲ့ အဲ့ကောင်လေးကို
မင်းရှေ့ ခေါ်လာပေးရမလား"
"ကြာတယ်ကွာ တစ်ခါထဲကားတင်ပြေးလိုက်"
"သေချင်လို့ ဟိုကလေးက ငါ့အမွန်
လိုမျိုး အသက်ပြည့်ခါနီးတောင်
မဟုတ်ဘူး တော်တော်လေးကို
ငယ်သေးတာ ။စတီးလက်ကောက်နဲ့
ညားသွားမယ်"
ဘေးကကောင်တွေ ပြောနေတာကို
ကြားတစ်ချက် မကြားတစ်ချက်နဲ့
ကိုယ့်ခေါင်းထဲမှာဘာကိုမှမတွေးနိုင်။
လုံးဝမူးသွားသည်အထိ သောက်ထား
သောကြောင့် အရာအားလုံးက
ဗလာဖြစ်နေသည်။
"ဘာလာလုပ်တာလဲ မူယာ။ငါတို့
ကောင်နဲ့ မသက်ဆိုင်တော့ဘူးထင်တာပဲ"
"နင်တို့နဲ့လည်းဘာမှမဆိုင်ဘူး ဝင်မပါနဲ့"
ကြားထဲကဝင်နာနေတဲ့ စစ်ကြောင်းရဲ့
ဘက်တော်သားတွေကို မူယာနဲ့အတူ
ပါလာတဲ့ နဒီကပြောပေးလိုက်သည်။
မူယာကတော့ စစ်ကြောင်းကိုတွေ့
တာနဲ့ ဒီအတိုင်းကြည့်နေမိပြီး
ဘာကိုမှမပြောနိုင်။barထဲကိုနဒီ
တို့နဲ့ ဝင်လာတာနဲ့ စစ်ကြောင်း
ထိုင်နေတဲ့ဝိုင်းကို အရင်ရှာပြီး
ရောက်လာပေမဲ့မြင်လိုက်ရတဲ့
မြင်ကွင်းက မူယာ့ကို စကားမဆိုနိုင်
အောင်ဖြစ်စေသည်။သူ့သူငယ်ချင်း
တွေက ထိုင်ပြီးသောက်နေပေမဲ့
ဘေးမှာခေါင်းမထောင်နိုင်အောင်
တစ်ယောက်ထဲ မှောက်နေပြီ
ဖြစ်တဲ့ စစ်ကြောင်း။
သူ့ကိုစကားပြောချင်လို့လာရှာပါတယ်
ဆိုမှ မူးနေပြီဆိုတာသေချာနေမှတော့
ဘယ်လိုပြောရပါ့မလဲ။
စစ်ကြောင်းဘေးနားမှာ အသာဝင်
ထိုင်လိုက်သည့်တိုင် မျက်လုံးတွေ
မှိတ်နေတဲ့သူ မသိပေ။ဘာတွေများ
ခံစားနေရလို့ ဒီလိုပုံစံမျိုးဖြစ်နေတာလဲ
အပြင်းတွေမှမရောရင် တော်ရုံမမူး
တတ်သည့်သူက ဘယ်လောက်
တောင် သောက်ထားလို့များ။
"စစ်ကြောင်း"
အနားကိုတိုးကပ်ကာ နှစ်ကိုယ်ထဲ
ကြားရုံ သူ့ပါးတစ်ဖက်ကိုကိုင်ကာ
ခေါ်နေပါသော်လည်း စစ်ကြောင်းက
သောက်ထားတာ တော်တော်လေး
များနေတဲ့ပုံပင်။
"စစ်ကြောင်း ငါလေ။ငါ့ကိုကြည့်ပါအုံး"
အတော်ကြာ အနားကိုကပ်ပြီးခေါ်မှ
စစ်ကြောင်းက မျက်လုံးတွေဖွင့်လာပြီး
သူ့ရင်ခွင်ထဲမှာ နီးကပ်လွန်းနေသည့်
မူယာ့ကိုမြင်သွားသည်။
မူယာ့ကိုတွေ့ရတာ အံ့သြဟန်မပြု
ဂရုမထားသလိုပင် တစ်ချက်သာကြည့်ပြီး။
"ဘာလာလုပ်တာလဲ"
"နင်ရှိနေတဲ့နေရာကို ငါလာလို့
တောင်မရတော့ဘူးလား။အရင်က
ငါတို့အတူတူ"
စကားမဆုံးခင်ပင် နီးကပ်နေသည့်
အနေအထားကနေဖယ်ခွာပြီး သူ့
အရှေ့ကခွက်ကိုကိုင်ကာ မော့
သောက်လိုက်သည့် စစ်ကြောင်း။
"စစ်ကြောင်း နင်ဘာလို့ ဒီလောက်
တောင် သောက်နေရတာလဲ"
ဘေးကနေ တားနေသော်လည်း
စစ်ကြောင်းက ဂရုမစိုက်။သူ့သူငယ်ချင်း
တွေကလည်း မူယာ့ကိုသိပ်မကြည်ချင်
နေမှန်း သိသည်။
တစ်ဝိုင်းထဲထိုင်နေကြနေပေမဲ့ နဒီနဲ့
ရွှေလည်း တိတ်ဆိတ်ကာ အခြေအနေ
က မူယာတစ်ယောက်ထဲစစ်ကြောင်း
ဘေးမှာ မတည်ငြိမ်နိုင်ဖြစ်နေရသည်။
"တော်ပါတော့ဟာ"
သူနောက်တစ်ခါ လက်လှမ်းလိုက်
တဲ့ခွက်ကို ကိုင်ကာတားလိုက်တော့
စစ်ကြောင်းရဲ့ အကြည့်တွေကမူယာ့
ဆီရောက်လာတယ်။
"မင်းသူငယ်ချင်းတွေ နားမှာပဲသွား
နေရင်ကောင်းမယ်"
"ငါနင့်ဆီကိုလာတာ နင့်အနားမှာ
ပဲနေမှာပေါ့။စစ်ကြောင်း ငါ ငါနင့်ကို
ပြောစရာရှိတယ်"
မျက်လုံးချင်းဆုံနေရင်း ပြောလိုက်
သော်လည်း စစ်ကြောင်းဆီကနေ
အရင်လို ကြင်နာမှုတွေ စိတ်ဝင်စား
မှုတွေနည်းနည်းလေးတောင် ရှာမတွေ့။
မူယာ ဘာဖြစ်ဖြစ်စိတ်မဝင်စားတော့
တဲ့ပုံပင်။
တစ်ခဏတာပြတ်ခဲ့ကြတဲ့ အခြေအနေ
မှာငါတို့က ဒီလောက်တောင်ဝေးကွာ
သွားကြပြီလား။
ရင်ထဲမခံနိုင်စွာနဲ့ ပြောစရာစကား
မဲ့စွာ ခေါင်းငုံ့နေမိချိန် စစ်ကြောင်းက
ဆက်မသောက်တော့ပဲထထွက်သွား
သည်။နှစ်ယောက်ထဲစကားပြောခွင့်
ရလိုက်ပြီဆိုတာ သိလိုက်တော့မျက်နှာ
ပျက်ချင်နေသည် ကိုပြင်ပြီးစစ်ကြောင်း
အနောက်ကို အမြန်လိုက်ရတယ်။
bar အပြင်ဘက်ကားထားတဲ့နေရာ
မှာရပ်ထားတဲ့ သူ့ကားအနက်ကိုမှီပြီး
ရပ်နေတဲ့စစ်ကြောင်း အနားကို
လျှောက်သွားတော့ မူယာ့ကိုမကြည့်
နေ။ဘာပဲဖြစ်ဖြစ် သူ့ရှေ့မှာမျက်နှာ
မကောင်းဖြစ်နေတာနဲ့တင် စကားပြော
ခွင့်ပေးနေသည်ဆိုတော့ စစ်ကြောင်း
ကမူယာ့ကို သံယောဇဉ်ရှိနေနိုင်သေး
တယ်မလား။
"စစ်ကြောင်း ငါ"
"ပြောစရာရှိတာကိုပြော ငါပြန်တော့မှာ"
"ငါလည်းနင်နဲ့ပဲပြန်မယ် နဒီတို့က
သူ့ဘဲနဲ့ပြန်မှာဆိုတော့ ငါတစ်ယောက်
ထဲဖြစ်နေတယ်။သူများအတွဲကြားမှာ
လိုက်မရှုပ်ချင်ဘူး"
သောက်ထားတာများနေလို့ ခေါင်း
မဖော်နိုင်အောင်ဖြစ်နေတဲ့ စစ်ကြောင်း
က တစ်ခဏတာတိတ်ဆိတ်သွား
လျက်သာ ဘာမှမပြောတော့ပဲ
မျက်နှာလွှဲသွားသည်။
"ငါမူးနေတယ် မင်းသူငယ်ချင်းတွေ
နဲ့ပဲပြန်လိုက်"
"နင်မူးနေလည်း နင်မောင်းတဲ့ကားကို
ငါက မလိုက်စီးရဲစရာဘာအကြောင်းရှိမှာလဲ"
အရင်ချိန်တွေကို သတိရမိပြီး
စစ်ကြောင်းကိုအလွမ်းတွေနဲ့ ပြောရင်း
စိတ်တွေ တင်းထားသော်လည်း
မျက်ရည်က ဝဲချင်လာသည်။
အမှန်ပင်လွမ်းသည်။ဟုတ်တယ်
စစ်ကြောင်းမောင်းတဲ့ ကားအနောက်
ဆို မူယာဘယ်အချိန်မဆိုလိုက်စီး
ရဲခဲ့သည်။ညဘက်မှာလည်း နှစ်
ယောက်အတူတူ လျှောက်လည်
ဖူးခဲ့ကြတဲ့ အချိန်တွေ။
စကားတို့မပြောနိုင်တော့ပဲ ငြိမ်သက်
နေမိချိန် မူယာ့ကိုတစ်ချက်လေးသာ
ကြည့်လာပြီး စစ်ကြောင်းက ဘာမှ
မမေး။မျက်နှာမကောင်းတာကို မြင်
လျက်နဲ့ ဘာတွေဖြစ်နေလဲ အဆင်
ပြေရဲ့လား သူလုံးဝစိတ်ဝင်စားခြင်း
မရှိတော့သည့်ပုံပင်။အံ့သြလွန်းစွာနဲ့
စစ်ကြောင်းမှဟုတ်ရဲ့လားဆိုတာ…။
ဟုတ်ပါတယ် မူယာကိုယ်တိုင်လည်း
သူ့အပေါ်လွန်ခဲ့မိတာမှန်ပေမဲ့  အခု
လို လုံးဝပြတ်သားနေနိုင်လိမ့်မယ်
လို့မထင်ထားတာ အမှန်။
"ပြောစရာမရှိရင် ငါပြန်တော့မယ်"
"ဟိုတစ်နေ့က နင့်အနားမှာတွေ့တဲ့
ကောင်လေး အဲ့ကောင်လေးက ငါနဲ့
သဘောတူထားတဲ့သူနဲ့ ညီအစ်ကို
တွေ လိုမျိုးရင်းနှီးနေမှန်းသိရက်နဲ့
နင်ဘာလို့ သူ့ကိုအနားမှာထားထား
ရတာလဲ။ဘာမှမဖြစ်သလို တစ်ရင်း
တစ်နှီးခင်မင်နိုင်တာလဲ နင့်မှာမကျေ
နပ်တဲ့စိတ် နည်းနည်းလေးမှတောင်
မရှိဘူးလား စစ်ကြောင်း"
စကားဆုံးတာနဲ့ မူယာ့ကိုစိုက်ကြည့်
လာတဲ့ စစ်ကြောင်းကအဲ့ကောင်လေး
အကြောင်းပြောလိုက်တာနဲ့ချက်ချင်းပင်။
"ဟိုကောင်နဲ့ရင်းနှီးနေတာနဲ့ပဲ ဘာဆိုင်
လို့ငါက အဲ့ကလေးကိုအနားမှာထား
လို့ မရရမှာလဲ။မကျေမနပ်ဖြစ်ရအောင်
မင်းတို့ အကြောင်းခေါင်းထဲမှာတောင်မရှိဘူး"
"နင် ဘယ်လိုပြောရက်တာလဲ
စစ်ကြောင်း။ငါတို့ပြတ်ခဲ့ပြီးတာနဲ့ပဲ
နင် ငါ့အပေါ်စိတ်ဝင်စားမှုနည်းနည်း
လေးမှ မရှိတော့လောက်အောင်ငါက
နင့်အတွက် တစ်ကယ်ပဲဘာမှမဟုတ်
ခဲ့ဘူးလား"
မျက်ရည်တွေမဝဲလာအောင်ထိန်းပြီး
သူ့ကိုနာကျင်စွာနဲ့ကြည့်ရင်း ပြောမိ
တော့ စစ်ကြောင်းကမူယာ့ကို စိုက်
ကြည့်လျက်သာနေသည်။
အရင်နေ့က အဲ့ဆုလာဘ်ဝန်းဆိုတဲ့
ကောင်လေးနဲ့တွေ့ပြီးချိန်မှစစ်ကြောင်း
က အဲ့ကောင်လေးကို ဇော့်ညီလေးမှန်း
သိနေရက်နဲ့ ခင်မင်နေတယ်ဆိုတာ
မူယာကသိသည်။မူယာတဲ့သဘောတူ
ထားတဲ့ ဇော့်ညီလေးမှန်းသိရက်နဲ့
စစ်ကြောင်းက ဘာမှမဖြစ်သလို
အဲ့ကောင်လေးကို အနားမှာထားပြီး
မူယာ့ရှေ့မှာ အလေးထားပြနေတာ
ကို အရူးလုပ်ခံရသလိုစိတ်နဲ့ပြောခဲ့မိတာ။
"မင်းဘာဖြစ်နေတာလဲမူယာ ငါ့ထက်
သာတဲ့ဆေးကျောင်းသားနောက်ကို
ပါသွားပြီးပြီပဲ။အခုချိန်မှာ ငါ့ကိုလာရစ်
နေမဲ့အစား မင်းရဲ့လူအနားမှာပဲရှိသင့်တယ်"
"စစ်ကြောင်း ငါ"
မျက်ရည်မကျအောင်ထိန်းထားပေမဲ့
စစ်ကြောင်းကိုကြည့်နေရင်း ထိန်းမရ
တဲ့မျက်ရည်ကြည်တွေ ကျဆင်းလာ
ရသည်။မသုတ်ဖယ်မိပဲ စစ်ကြောင်းကို
အလွမ်းတွေနဲ့ငေးကြည့်ရင်း နောင်တ
နဲ့ မာနတွေကယှဉ်နေတွဲပြီး စစ်ကြောင်း
ဆီကိုပြန်လာချင်ပေမဲ့။
"ငါ စေ့စပ်ပွဲပျက်သွားပြီ"
"ဘာ"
"အဲ့တာနင့်ကြောင့်ဆိုတာ နင်သိရဲ့
လား စစ်ကြောင်း။နင်မဟုတ်တဲ့
တစ်ခြား တစ်ယောက်ကိုငါကရွေးချယ်
လိမ့်မယ်လို့များ နင်ထင်နေလား။
ငါနင့်ကို လမ်းခွဲစကားပြောခဲ့တဲ့
အချိန်တုန်းကလည်း နင်ငါ့ကိုပြတ်
မပေးနိုင်ဘူးဆိုတဲ့ စကားကိုကြား
ချင်ခဲ့တာ အခုတော့နင့်ကြောင့်နဲ့ပဲ
ငါ့မိဘတွေကိုလွန်ဆန်ပြီး တစ်ဖက်လူ
ကိုအပြတ်ငြင်းခဲ့လိုက်ပြီ အဲ့တာနင့်ကြောင့်"
သူ့ရင်ဘတ်ကိုထုရိုက်ကာ ထိန်းမရ
တော့တဲ့မျက်ရည်တွေကျပြီးအော်ဟစ်
တော့ စစ်ကြောင်းကမူယာ့ကိုစိုက်
ကြည့်လာပြီး။
"မင်းဘာတွေ လျှောက်လုပ်နေတာလဲ
စေ့စပ်တယ်ဆိုတာ ကလေးကစားစရာ
မဟုတ်ဘူး။မင်းကမိန်းကလေး"
"ငါနင့်အနားက ထွက်သွားပြီးမှသိ
လိုက်တယ် ငါ့ဘဝမှာနင့်လောက်
ဘယ်သူမှအရေးမပါဘူး ဘယ့်သူ့ကိုမှ
လည်း နင့်နေရာမှာငါအစားမထိုးနိုင်ဘူး"
မျက်နှာချင်းမဆိုင်ရဲတော့ပဲ မူယာ့
အတွက် နွေးထွေးရာရင်ခွင်ကျယ်ထဲ
ကိုခိုနားလိုက်ချိန် စစ်ကြောင်းက
အရင်လိုပြန်လည်ကာ မထွေးပွေ့လာ။
မျက်ရည်တွေဝဲနေရင်း လွမ်းနေရသည့်
သူရဲ့ ရင်ခွင်ထဲကို မူယာ့ဘက်ကသာ
ဖက်တွယ်ထားရသည်။
"စစ်ကြောင်း ငါတို့ပြန်တွဲရအောင်"
မူယာ့စကားအဆုံး ဒီအတိုင်းသာရပ်နေ
တဲ့ သူရဲ့ရင်ခွင်ထဲမှာနောင်တတွေနဲ့
မျက်ရည်တွေကျပြီး ငိုကြွေးမိသည်။
နင့်ရဲ့ရင်ခွင်လောက် ငါ့အတွက်ဘယ်
နေရာကမှမလုံခြုံနိုင်ဘူး။စစ်ကြောင်း
ငါမှားခဲ့ပါတယ် ငါတို့နှစ်ယောက်
အရင်လို အခြေအနေပြန်ဖြစ်အောင်
ကြိုးစားမှာမို့လို့ နင်ငါ့ကိုခွင့်လွှတ်ပေးပါ။
……………………………………………………………………………………………………………………………………………
"ဆုလာဘ် ဆုလာဘ်"
ကျောင်းသွားဖို့မေမီကို အိမ်ရှေ့မှာ
စောင့်နေချိန် ကျွန်တော့်နမယ်ကို
အကျယ်ကြီးခေါ်ပြီး သူ့scoopy
ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းမောင်း
လာတဲ့မေမီက ကျွန်တော့်အိမ်ရှေ့မှာ
ရပ်ဖို့ကို အရှိန်မထိန်းနိုင်ပဲ
မှောက်မလိုတောင်ဖြစ်သွားသည်။
ဆိုင်ကယ်မလဲအောင် ခြေဖျား
ထောက်ထားတဲ့မေမီ ဘေးကနေ
ကျွန်တော် အလျင်အမြန်ဝိုင်းထိန်း
ပေးလိုက်ပြီး။
"မေမီ နင်ဘာဖြစ်လာတာလဲ။ကျောင်း
သွားဖို့ ဘာလို့ဒီလောက်လောနေတာလဲ"
"ကျောင်းမသွားဘူး။ဆေးရုံ ဆေးရုံကိုသွားရမှာ"
"ဆေးရုံသွားရအောင် ဘယ်သူဘာဖြစ်လို့လဲ"
အလျင်လိုနေပုံရတဲ့ မေမီကကျွန်တော့်
ကို တစ်အံ့တစ်သြနဲ့ကြည့်လာသည်။
"ဆုလာဘ် နင်မသိသေးဘူးလား"
ကျွန်တော် အသာခေါင်းခါပြလိုက်တော့
မေမီက မျက်နှာတော်တော်လေး
မကောင်းဖြစ်သွားသည်။
မေမီ့မျက်နှာကိုကြည့်ပြီး တစ်ခုခု
ဖြစ်နေပြီဆိုတာ စိုးရိမ်တတ်သည့်
ကျွန်တော့်စိတ်ကအလိုလိုသိလာသည်။
ဘယ်လိုမှစိတ်အေးအေးထား၍မရတော့
"ငါအခုပြောမှာကို နင်အရင်ဆုံး
စိတ်ကို အေးအေးထားပြီးနားထောင်
နော်ဆုလာဘ်။ကိုဇော်မနေ့ညနေက
သူ့ကျောင်းက အပြန်လမ်းမှာဘယ်က
မှန်းမသိတဲ့ လူတစ်စုချောင်းရိုက်ခံထိ
လို့တဲ့ အဲ့တာခေါင်းထိသွားတာ
မနေ့ညထဲက ဆေးရုံတင်ထားရတယ်။
ငါ့အမေတောင် ဒီမနက်မှသိလို့
ငါ့ကိုပြောပြတာ"
"ဘာ နင်ဘာပြောတယ်"
မေမီပြောတာကို ကျွန်တော်ကြားကြား
ချင်းတစ်ကိုယ်လုံးထူပြီး ခြေယိုင်တော့
မလိုတောင်ဖြစ်သွားသည်။အဲ့တာ
ကြောင့် မနေ့ညထဲက ကိုဇော်နဲ့
အဆက်အသွယ်မရတာ ကျွန်တော့်
ကို မပြောပြအောင်ကိုဇော်က အန်တီ
တို့ကို သေချာပေါက်တားထားမှာပဲ။
ကိုဇော့် မျက်နှာကိုပြန်မြင်လာပြီး
ကျွန်တော် ငိုချင်စိတ်တွေနဲ့ စိုးရိမ်မှု
တွေက တစ်ရိပ်ရိပ်တက်လာပြီး
ဘယ်လိုမှထိန်းမရတော့။
"ဆုလာဘ် နင်စိတ်ကိုအရမ်းမပူနဲ့နော်"
"ဆေးရုံ ဆေးရုံကို ကိုဇော့်ဆီမြန်မြန်
သွားရမယ်။ငါ့ကိုပေးမောင်း"
မေမီကအလျင်မြန်ပင် ခေါင်းညိတ်ပြီး
ဆိုင်ကယ်ပေါ်က ဆင်းပေးတော့
ကျွန်တော်မောင်းတဲ့သူ နေရာမှာ
ထိုင်ပြီး မေမီ့ကိုအနောက်မှာတင်ကာ
အလျင်မြန် မောင်းထွက်လာခဲ့သည်။
ဆေးရုံသွားတဲ့လမ်းမှာ အရှိန်တင်ကာ
ဆိုင်ကယ်ကိုမောင်းနေရင်းနဲ့ကိုဇော့်
ကိုစိုးရိမ်နေတဲ့ ကျွန်တော့်စိတ်တွေ
ကို စုစည်းနေရတာမလွယ်ကူ။
ကျေးဇူးပြုပြီး ကျွန်တော့်အစ်ကို
ဘာမှမဖြစ်ပါစေနဲ့။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Continue Reading
You'll Also Like
615K 55.3K 51
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
202K 34.1K 92
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
253K 6.3K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
856K 53.9K 26
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...