BAD BOY

By Ah-Thunn

292K 24.1K 2.6K

ခပ္ဆိုးဆိုးေက်ာင္းသားႀကီးနဲ႔ ........ ဂိုက္‌ေပါက္စေလးတို႔ရဲ့ ............ အတၴ ုပၸတိ ......... [Unicode] ခပ်ဆိ... More

BAD BOY - 1
Bad Boy - 2
Bad Boy - 3
Bad Boy - 4
Bad Boy - 5
Bad Boy - 6
Bad Boy - 7
Bad Boy - 8
Bad Boy - 9
Bad Boy -10
Bad Boy - 11
Bad Boy -13
Bad Boy -14
Bad Boy -15
Bad Boy -16
Bad Boy -17
Bad Boy -18
Bad Boy - 19
Bad Boy - 20
Bad Boy -21
Bad Boy - 22
Bad Boy - 23
ဖတ္ၾကၫ့္ေပးၾကပါလားဟင္
Bad boy -24
Bad Boy - 25
Bad boy -26
Bad Boy -27
Bad Boy -28
Bad Boy -29
Bad Boy -30
Bad Boy - 31
Bad Boy - 32
Bad Boy -33
Bad Boy - 34
Bad Boy - 35
Bad Boy - 36
Bad Boy - 37
Bad Boy -38
Bad Boy -39
Bad Boy - 40
Bad Boy - 41
Bad Boy -42
Bad Boy - 43
Bad Boy - 44
Bad Boy - 45
Bad Boy - 46
Bad Boy - 47
Bad Boy - 48
Bad Boy - 49
Bad Boy - 50
Bad Boy - 51
Bad Boy - 52
Bad Boy - 53
Bad Boy -54
Bad Boy - 55
Bad Boy - 56
Bad Boy -57
Bad Boy - 58
Bad Boy - 59
Bad Boy - 60(ျပန္တင္ေပးထားတယ္ေနာ္ )
BAD BOY - 61
BAD BOY - 62
BAD BOY - 63
Bad Boy - 64
Bad Boy - 65
Bad Boy -66 (completed)

Bad Boy - 12

6.2K 500 14
By Ah-Thunn


ညက ေရွာင္က်န႔္တစ္ေယာက္ အစာမေက်ျဖစ္ၿပီး
တစ္ညလံုး အဖ်ားတက္လိုက္ အန္လိုက္ျဖစ္ေနေသာေၾကာင့္ မနက္လင္းေလာက္မွ
ရီေပၚလည္း ‌ေရွာင္က်န့္၏ကုတင္‌ေပါ္္ ္တြင္ ‌မွီကာေမွးကနဲ အိပ္ေပ်ာ္သြားေလသည္။

မနက္မိုးလင္းေတာ့ ေရွာင္က်န႔္တစ္ေယာက္ အိပ္ေနရာမွ ႏိုးလာေလသည္။ေဘးဘီကို ၾကၫ့္ေတာ့
ကုတင္တိုင္ေလးအား မွီကာ အိပ္ေပ်ာ္ေနေသာ ရီေပၚကို ေတြ ့ ့‌ေလသည္။ ‌ေလေအးဖြင့္ထားေသာေၾကာင့္ ေအးေနေသာ ရီေပၚကို ေပြ ့ကာ အိပ္ရာေပၚသို႔ တင္ရန္အလုပ္
အဖ်ားေၾကာင့္ ေခ်ာင္က်ေနေသာ ဒူးသည္ ‌ေသခ်ာပင္ မတ္တပ္မရပ္ႏိုင္ေသာေၾကာင့္ ေရွာင္က်န႔္တစ္ေယာက္ ရီေပၚကိုေပြ ့ထားရင္းႏွင့္ပင္ အိပ္ယာေပၚသို႔ ႏွစ္ေယာက္သား ျပဳတ္က်သြားေလသည္။

ေပြ ့ခ်ီလ်ွက္ႏွင့္ပင္ ျပဳတ္က်သြားေသာေၾကာင့္ အိပ္ယာေပၚတြင္ ရီေပၚက ဆန႔္ဆန႔္ႀကီး အိပ္ေနေသာ အေနအထား ျဖစ္သြားၿပီး ေရွာင္က်န့္က‌ေတာ့ ရီေပၚ၏ ေပါင္းရင္းနားတြင္ ေမွာက္ခုန္အေနအထားႏွင့္ ျပဳတ္က်ေလသည္။

ေရွာင္က်န႔္တို႔အျမင္တြင္ သာမန္ျပဳတ္က်ျခင္းမ်ိဳးျဖစ္ေသာ္လည္း တံခါးအဝမွ
ေရွာင္မားမား၏ အျမင္သည္ ေရွာင္က်န႔္က ရီေပၚအား ျပဳစုေပးျခင္း ျဖစ္ေလသည္🌚🌚🌚။

"‌ေရွာင္း ေရွာင္က်န႔္ !!!!!........"

ေရွာင္က်န႔္တစ္ေယာက္ ေရွာင္မား၏ေအာ္သံေၾကာင့္
လန႔္ျဖန႔္ကာ ေနာက္သို႔လွၫ့္ၾကၫ့္လိုက္ေလသည္။
တစ္ဆက္တည္းမွာပဲ ေရွာင္မား၏ ေအာ္သံေၾကာင့္
အခန္းထဲသို႔ ေျပးဝင္လာေသာ ေရွာင္းလူ.......

ေရွာင္းလူတစ္ေယာက္ မိမိေရ႔ွမွ ျမင္ကြင္းေၾကာင့္ အလြန္စိတ္တိုလာၿပီး ေသြးတက္လာကာ
မိသားစု ဆရာဝန္ပင့္လိုက္ရေလသည္။

ရီေပၚႏိုးႏိုးျခင္း အခန္းထဲတြင္ မည္သူမ်ွမရိွေတာ့ေသာေၾကာင့္ မိမိ၏အဝတ္အစားမ်ားကို လဲကာ အိမ္ေအာက္ထပ္သို႔ ဆင္းလာေလသည္။ ရီေပၚေအာက္ထပ္သို႔ ဆင္းဆင္းခ်င္း အိမ္ေတာ္ထိန္းမွ လာေခၚေသာေၾကာင့္ လိုက္သြားရာ ေရွာင္သခင္ႀကီး၏ အခန္းထဲသို႔ ေရာက္သြားေလသည္။

ရီေပၚတစ္ေယာက္ အခန္းထဲေရာက္ေရာက္ခ်င္း ၾကမ္ခင္းေပၚတြင္ ဒူးေထာက္ေနေသာ ေရွာင္က်န႔္ကို
ေသခ်ာၾကၫ့္ေနမိေလသည္။

"ကယ္ ! ဆရာေလးလည္း ေရာက္ၿပီဆိုေတာ့.......
ဦးေလးလည္း တိုက္ရိုက္ပဲ ေျပာေတာ့မယ္......."

"ဟုတ္.....ေျပာပါ..."

"ဆရာေလး နဲ႔ ဦးသားနဲ႔ ဘာေတြလည္း ဆိုတာေတာ့
ဦးလည္း ေသခ်ာ မသိဘူး......
ဒါေပမဲ့ မနက္က ဒီေကာင္ ဆရာေလးအိပ္‌ေနတုန္း
မလုပ္သင့္တာ လုပ္ေနလို႔ ဦးေလး ဒီေကာင့္ကို  ေခၚဆံုးမလိုက္တယ္ .......ၿပီးေတာ့ သူမ်ားသားကိုလည္း ဦးသားေၾကာင့္ ထိခိုက္မနစ္နာေစခ်င္ဘူး........အဲ့တာေၾကာင့္
ဆရာေလးရဲ့နစ္နာမႈအတြက္  ဦး ဒီေကာ့င္ကို တာဝန္ယူခိုင္းပါ့မယ္....."ဟုဆိုကာ ေတာင္းပန္ေနေသာ မ်က္ႏွာထားနဲ႔ ေျပာေနေသာ ေရွာင္းလူေၾကာင့္ ရီေပၚတစ္ေယာက္ ေသခ်င္စိတ္မ်ား အလံုးလိုက္အရင္းလိုက္ဝင္လာေလသည္။

"မဟုတ္......မဟုတ္ေလာက္ဘူး ထင္တယ္ေနာ္ ......
ကြၽန္ေတာ္လည္း ဘာမွ မသိပါလား?......တစ္ခုခု လြဲေနၿပီး ထင္တယ္ဗ်ာ...."ဟု‌ူေသာ ရီေပၚ၏ ေသြးပ်က္စြာ ေျပာေနတဲ့ စကားအဆံုး.......

ေရွာင္းလူက သက္ျပင္းတစ္ခ်က္ အသာခ်ကာ ......

"အမွန္‌ေတြပဲ ဆရာ‌ေလးရယ္.....ဦးတို႔ ကိုယ္တိုင္ျမင္ခဲ့ရတာ .......ဒီေခြးေကာင္က
ဆရာ‌ေလးကို မလုပ္သင့္တာေတြ လုပ္ေနတာ....."ဟူ‌ေသာေရွာင္းလူ၏ စကားအဆံုးမွာ ရီေပၚတစ္ေယာက္ ၾကမ္းျပင္ေပၚသို႔ ရုပ္ေသးႀကိဳးျပတ္သလို ေခြၾကသြားေလသည္။

*ဘာေတြ ျဖစ္လာတာလဲ‌ဗ်ာ.......
ကိုယ္သတိမထားမိလိုက္တဲ့ အခ်ိန္အတြင္းမွာ
ဒီေလာက္ေတာင္ ျဖစ္သြားရတာလား?........
ၿပီးေတာ့ ခံျပင္းတယ္......ဘဝမွာ ေယာက္်ားေလးတစ္ေယာက္က ကိုယ့္ကို
အာ့လိုျပဳမူေနတာကို မသိရေလာက္ေအာင္ ျဖစ္ေနတဲ့ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ အရမ္းခံျပင္းတယ္.....ၿပီးေတာ့ သူ႔ကိုလည္း မုန္းတယ္....* ဟုဆိုကာ  ေရွာင္က်န႔္အား မ်က္ေစာင္းႀကီးႏွင့္ ၾကၫ့္ေနပါေသာ ရီေပၚ...........

ေရွာင္က်န႔္တစ္ေယာက္  မိမိက ရီေပၚအား မလုပ္သင့္တာ လုပ္တယ္ဟူ၍  ေျပာတုန္းက ျငင္းေနေသးေသာ္လည္း .........
မိမိလုပ္ခဲ့သၫ့္အျပစ္ကို ေတာင္းပန္ၿပီး တာဝန္ယူတက္ရမည္ဟု ေျပာလာ‌ေသာ ဖခင္၏စကားေၾကာင့္ ေရွာင္က်န႔္က ရီေပၚအား မျပဳလုပ္သင့္တာ  လုပ္သၫ့္ကိစၥအား ျငင္းသၫ့္အႀကိမ္ေရ ပါးလာခဲ့သည္။

ထို႔ေနာက္ ေရွာင္က်န႔္၏ ပါးက ေရွာင္က်န႔္အထက္တန္းေအာင္လ်ွင္ ရီေပၚအား လက္ထက္ယူရန္ ဆက္ေျပာလာေသာေၾကာင့္ .......
ေရွာင္က်န႔္၏ အျငင္းစကားမ်ား ၾကက္ေပ်ာက္ ငွက္ေပ်ာက္ ေပ်ာက္ကာ ရီေပၚႏွင့္ ေရွာင္းလူ စကားေျပာၿပီးသည္အထိ ေရငံုႏႈတ္ပိတ္ေနေလသည္။

.........................................................................

"အာ !! ဘယ္လို ကြၽန္မသားေလးကို  ရွင့္သားေလးနဲ႔ လက္ထက္ဖို႔ လာ‌ေတာင္းတာ ဟုတ္လား?......."

"ဟုတ္ပါတယ္......."

"ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ ??.......
ကြၽန္မသားေလးက မိန္းကေလးမွ မဟုတ္တာ......"

"ဟုတ္ !!....ကြၽန္ေတာ္ သိပါတယ္
ဒါေပမဲ့ ကြၽန္ေတာ့္သားက ခင္‌ဗ်ားရဲ့ သားေလးကို
မျပဳလုပ္သင့္တာေတြ လုပ္မိလို႔ ကြၽန္ေတာ္တို႔က လက္ထက္ေပးဖို႔ လာေတာင္းရတာပါ ........."ဟူ ေသာ ေရွာင္းလူ၏စကားအဆံုး........

ဝမ္ရီတစ္ေယာက္ အနားတြင္ ထိုင္ေနေသာ ရီေပၚကို
လၫ့္ၾကၫ့္ကာ ေမးလိုက္ေတာ့........

ရီေပၚက ဟုတ္တယ္ ဟူေသာ အမူအရာျဖင့္ ေခါင္းၿငိတ္ျပေသာေၾကာင့္  ဝမ္ရီတစ္ေယာက္ သက္ျပင္းရွည္ႀကီးတစ္ခ်က္ခ်ကာ ေရွာင္းလူနဲ႔ သားေရးကိစၥဆက္ေဆြးေနြးၾကေလသည္။

ႏွစ္ဖက္မိဘမ်ား၏ ေဆြးေနြးမႈ အၿပီးတြင္ ေရွာင္က်န႔္ႏွင့္ ရီေပၚသည္ ေရွာင္က်န႔္အထက္တန္းေအာင္ၿပီး သံုးလအတြင္း
လက္ထက္ရမည္ဟူေသာ  ဆံုးျဖတ္ခ်က္ပင္ ျဖစ္ေလသည္။

............…..........................….........……….....

စေနေန့ျဖစ္ေသာေၾကာင့္ ေဟာက္ရြမ္တစ္ေယာက္ ေပက်င္းတကၠသိုလ္ေက်ာင္းနားက basketball ကြင္းထဲတြင္ basketball ကစားေနေလသည္။
အဖြဲ႔လိုက္ အသီးသီးကစားၾကရာ ေဟာက္ရြမ္ပစ္လိုက္ေသာ basketballေလးမွာ ကြင္းေဘးမျွဖတ္လာေသာ ‌ေကာရွင္းခ်န္၏ အေရ႔ွသို႔ လြင့္လာေလသည္။

ေဟာက္ရြမ္လည္းေဘာလံုး လြင့္သြား၍ ျပန္သြားေကာက္ရာ ေဘာလံုးအနီး ေတြ ့ လိုက္ရေသာ တစ္ေယာက္ေသာ သူ႔ေၾကာင့္ ဆက္မေဆာ့ေတာ့ပဲ ဆရာေလးရွင္ခ်န္းေနာက္သာ လိုက္လာ၍ စာၾကၫ့္တိုက္တြင္ စာဖတ္ႏိုင္ရန္ အတင္းႀကိဳးစားေနေလေတာ့သည္။



[Unicode]
ညက ရှောင်ကျန့်တစ်ယောက် အစာမကျေဖြစ်ပြီး
တစ်ညလုံး အဖျားတက်လိုက် အန်လိုက်ဖြစ်နေသောကြောင့် မနက်လင်းလောက်မှ
ရီပေါ်လည်း ‌ရှောင်ကျန့်၏ကုတင်‌ပေါ် ်တွင် ‌မှီကာမှေးကနဲ အိပ်ပျော်သွားလေသည်။

မနက်မိုးလင်းတော့ ရှောင်ကျန့်တစ်ယောက် အိပ်နေရာမှ နိုးလာလေသည်။ဘေးဘီကို ကြည့်တော့
ကုတင်တိုင်လေးအား မှီကာ အိပ်ပျော်နေသော ရီပေါ်ကို တွေ့‌လေသည်။ ‌လေအေးဖွင့်ထားသောကြောင့် အေးနေသော ရီပေါ်ကို ပွေ့ကာ အိပ်ရာပေါ်သို့ တင်ရန်အလုပ်
အဖျားကြောင့် ချောင်ကျနေသော ဒူးသည် ‌သေချာပင် မတ်တပ်မရပ်နိုင်သောကြောင့် ရှောင်ကျန့်တစ်ယောက် ရီပေါ်ကိုပွေ့ထားရင်းနှင့်ပင် အိပ်ယာပေါ်သို့ နှစ်ယောက်သား ပြုတ်ကျသွားလေသည်။

ပွေ့ချီလျှက်နှင့်ပင် ပြုတ်ကျသွားသောကြောင့် အိပ်ယာပေါ်တွင် ရီပေါ်က ဆန့်ဆန့်ကြီး အိပ်နေသော အနေအထား ဖြစ်သွားပြီး ရှောင်ကျန့်က‌တော့ ရီပေါ်၏ ပေါင်းရင်းနားတွင် မှောက်ခုန်အနေအထားနှင့် ပြုတ်ကျလေသည်။

ရှောင်ကျန့်တို့အမြင်တွင် သာမန်ပြုတ်ကျခြင်းမျိုးဖြစ်သော်လည်း တံခါးအဝမှ
ရှောင်မားမား၏ အမြင်သည် ရှောင်ကျန့်က ရီပေါ်အား ပြုစုပေးခြင်း ဖြစ်လေသည်🌚🌚🌚။

"‌ရှောင်း ရှောင်ကျန့် !!!!!........"

ရှောင်ကျန့်တစ်ယောက် ရှောင်မား၏အော်သံကြောင့်
လန့်ဖြန့်ကာ နောက်သို့လှည့်ကြည့်လိုက်လေသည်။
တစ်ဆက်တည်းမှာပဲ ရှောင်မား၏ အော်သံကြောင့်
အခန်းထဲသို့ ပြေးဝင်လာသော ရှောင်းလူ.......

ရှောင်းလူတစ်ယောက် မိမိရှေ့မှ မြင်ကွင်းကြောင့် အလွန်စိတ်တိုလာပြီး သွေးတက်လာကာ
မိသားစု ဆရာဝန်ပင့်လိုက်ရလေသည်။

ရီပေါ်နိုးနိုးခြင်း အခန်းထဲတွင် မည်သူမျှမရှိတော့သောကြောင့် မိမိ၏အဝတ်အစားများကို လဲကာ အိမ်အောက်ထပ်သို့ ဆင်းလာလေသည်။ ရီပေါ်အောက်ထပ်သို့ ဆင်းဆင်းချင်း အိမ်တော်ထိန်းမှ လာခေါ်သောကြောင့် လိုက်သွားရာ ရှောင်သခင်ကြီး၏ အခန်းထဲသို့ ရောက်သွားလေသည်။

ရီပေါ်တစ်ယောက် အခန်းထဲရောက်ရောက်ချင်း ကြမ်ခင်းပေါ်တွင် ဒူးထောက်နေသော ရှောင်ကျန့်ကို
သေချာကြည့်နေမိလေသည်။

"ကယ် ! ဆရာလေးလည်း ရောက်ပြီဆိုတော့.......
ဦးလေးလည်း တိုက်ရိုက်ပဲ ပြောတော့မယ်......."

"ဟုတ်.....ပြောပါ..."

"ဆရာလေး နဲ့ ဦးသားနဲ့ ဘာတွေလည်း ဆိုတာတော့
ဦးလည်း သေချာ မသိဘူး......
ဒါပေမဲ့ မနက်က ဒီကောင် ဆရာလေးအိပ်‌နေတုန်း
မလုပ်သင့်တာ လုပ်နေလို့ ဦးလေး ဒီကောင့်ကို  ခေါ်ဆုံးမလိုက်တယ် .......ပြီးတော့ သူများသားကိုလည်း ဦးသားကြောင့် ထိခိုက်မနစ်နာစေချင်ဘူး........အဲ့တာကြောင့်
ဆရာလေးရဲ့နစ်နာမှုအတွက်  ဦး ဒီကော့င်ကို တာဝန်ယူခိုင်းပါ့မယ်....."ဟုဆိုကာ တောင်းပန်နေသော မျက်နှာထားနဲ့ ပြောနေသော ရှောင်းလူကြောင့် ရီပေါ်တစ်ယောက် သေချင်စိတ်များ အလုံးလိုက်အရင်းလိုက်ဝင်လာလေသည်။

"မဟုတ်......မဟုတ်လောက်ဘူး ထင်တယ်နော် ......
ကျွန်တော်လည်း ဘာမှ မသိပါလား?......တစ်ခုခု လွဲနေပြီး ထင်တယ်ဗျာ...."ဟု‌ူသော ရီပေါ်၏ သွေးပျက်စွာ ပြောနေတဲ့ စကားအဆုံး.......

ရှောင်းလူက သက်ပြင်းတစ်ချက် အသာချကာ ......

"အမှန်‌တွေပဲ ဆရာ‌လေးရယ်.....ဦးတို့ ကိုယ်တိုင်မြင်ခဲ့ရတာ .......ဒီခွေးကောင်က
ဆရာ‌လေးကို မလုပ်သင့်တာတွေ လုပ်နေတာ....."ဟူ‌သောရှောင်းလူ၏ စကားအဆုံးမှာ ရီပေါ်တစ်ယောက် ကြမ်းပြင်ပေါ်သို့ ရုပ်သေးကြိုးပြတ်သလို ခွေကြသွားလေသည်။

*ဘာတွေ ဖြစ်လာတာလဲ‌ဗျာ.......
ကိုယ်သတိမထားမိလိုက်တဲ့ အချိန်အတွင်းမှာ
ဒီလောက်တောင် ဖြစ်သွားရတာလား?........
ပြီးတော့ ခံပြင်းတယ်......ဘဝမှာ ယောက်ျားလေးတစ်ယောက်က ကိုယ့်ကို
အာ့လိုပြုမူနေတာကို မသိရလောက်အောင် ဖြစ်နေတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် အရမ်းခံပြင်းတယ်.....ပြီးတော့ သူ့ကိုလည်း မုန်းတယ်....* ဟုဆိုကာ  ရှောင်ကျန့်အား မျက်စောင်းကြီးနှင့် ကြည့်နေပါသော ရီပေါ်...........

ရှောင်ကျန့်တစ်ယောက်  မိမိက ရီပေါ်အား မလုပ်သင့်တာ လုပ်တယ်ဟူ၍  ပြောတုန်းက ငြင်းနေသေးသော်လည်း .........
မိမိလုပ်ခဲ့သည့်အပြစ်ကို တောင်းပန်ပြီး တာဝန်ယူတက်ရမည်ဟု ပြောလာ‌သော ဖခင်၏စကားကြောင့် ရှောင်ကျန့်က ရီပေါ်အား မပြုလုပ်သင့်တာ  လုပ်သည့်ကိစ္စအား ငြင်းသည့်အကြိမ်ရေ ပါးလာခဲ့သည်။

ထို့နောက် ရှောင်ကျန့်၏ ပါးက ရှောင်ကျန့်အထက်တန်းအောင်လျှင် ရီပေါ်အား လက်ထက်ယူရန် ဆက်ပြောလာသောကြောင့် .......
ရှောင်ကျန့်၏ အငြင်းစကားများ ကြက်ပျောက် ငှက်ပျောက် ပျောက်ကာ ရီပေါ်နှင့် ရှောင်းလူ စကားပြောပြီးသည်အထိ ရေငုံနှုတ်ပိတ်နေလေသည်။

.........................................................................

"အာ !! ဘယ်လို ကျွန်မသားလေးကို  ရှင့်သားလေးနဲ့ လက်ထက်ဖို့ လာ‌တောင်းတာ ဟုတ်လား?......."

"ဟုတ်ပါတယ်......."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ??.......
ကျွန်မသားလေးက မိန်းကလေးမှ မဟုတ်တာ......"

"ဟုတ် !!....ကျွန်တော် သိပါတယ်
ဒါပေမဲ့ ကျွန်တော့်သားက ခင်‌ဗျားရဲ့ သားလေးကို
မပြုလုပ်သင့်တာတွေ လုပ်မိလို့ ကျွန်တော်တို့က လက်ထက်ပေးဖို့ လာတောင်းရတာပါ ........."ဟူ သော ရှောင်းလူ၏စကားအဆုံး........

ဝမ်ရီတစ်ယောက် အနားတွင် ထိုင်နေသော ရီပေါ်ကို
လည့်ကြည့်ကာ မေးလိုက်တော့........

ရီပေါ်က ဟုတ်တယ် ဟူသော အမူအရာဖြင့် ခေါင်းငြိတ်ပြသောကြောင့်  ဝမ်ရီတစ်ယောက် သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ရှောင်းလူနဲ့ သားရေးကိစ္စဆက်ဆွေးနွေးကြလေသည်။

နှစ်ဖက်မိဘများ၏ ဆွေးနွေးမှု အပြီးတွင် ရှောင်ကျန့်နှင့် ရီပေါ်သည် ရှောင်ကျန့်အထက်တန်းအောင်ပြီး သုံးလအတွင်း
လက်ထက်ရမည်ဟူသော  ဆုံးဖြတ်ချက်ပင် ဖြစ်လေသည်။

............…..........................….........……….....

စနေနေ့ဖြစ်သောကြောင့် ဟောက်ရွမ်တစ်ယောက် ပေကျင်းတက္ကသိုလ်ကျောင်းနားက basketball ကွင်းထဲတွင် basketball ကစားနေလေသည်။
အဖွဲ့လိုက် အသီးသီးကစားကြရာ ဟောက်ရွမ်ပစ်လိုက်သော basketballလေးမှာ ကွင်းဘေးမြှဖတ်လာသော ‌ကောရှင်းချန်၏ အရှေ့သို့ လွင့်လာလေသည်။

ဟောက်ရွမ်လည်းဘောလုံး လွင့်သွား၍ ပြန်သွားကောက်ရာ ဘောလုံးအနီး တွေ့ လိုက်ရသော တစ်ယောက်သော သူ့ကြောင့် ဆက်မဆော့တော့ပဲ ဆရာလေးရှင်ချန်းနောက်သာ လိုက်လာ၍ စာကြည့်တိုက်တွင် စာဖတ်နိုင်ရန် အတင်းကြိုးစားနေလေတော့သည်။



Continue Reading

You'll Also Like

216K 18K 24
မက်မွန်ပွင့်လေးနဲ့တူတဲ့ ကြင်ယာတော်က ချစ်ဦးသူအိမ်ရှေ့စံကို သိပ်ချစ်ပါသတဲ့.. အိမ်ရှေ့စံကရော... __________________________👑 မက္မြန္ပြင့္ေလးနဲ႕တူတဲ့ ၾ...
867K 80K 30
တစ်ခါတစ်လေမှာတော့ကိုယ်နဲ့တစ်ကျက်ကျက်ရန်ဖြစ်နေတဲ့ ကလေးလေးကလည်းကိုယ့်ရီးစားဖြစ်လာနိုင်ပါတယ် (CVလေးလက်ဆောင်လာပေးတဲ့ GiGi-0905လေးရေ...ကျေးဇူးပါနော်) တစ္ခ...
295K 23.6K 43
ငယ်ငယ်ကတည်းက ကိုယ့်ထက်၃နှစ်ငယ်ပေမဲ့ ရွယ်တူလိုလည်ပင်းဖက် ပေါင်းလာတဲ့ကောင်လေးက idol တစ်ယောက်ဖြစ်သွားသောအခါ 💚❤️ ငယ္ငယ္ကတည္းက ကိုယ့္ထက္၃ႏွစ္ငယ္ေပမဲ့ ႐ြယ...
111K 11.9K 32
ကိုကို ဘာလို့ မချစ်တာလဲ...