ကျွန်တော်Nine ဆီကနေထွက်လာခဲ့ပြီးတော့ အတန်းထဲမ၀င်တော့ဘူး အိမ်ကိုပဲတန်းပြန်လာခဲ့တော့တယ်
ကျောင်းကအပြန် သူကျွန်တော့်ကိုမတွေ့ရင်စိတ်ပူနေမှာကို သိပေမယ့် ဘာမှမပြောဘဲပြန်လာခဲ့လိုက်တယ် messageတစ်ေစာင်တောင်မပို့ဘဲပေါ့
အိမ်ရောက်တော့လည်း ဘာမှလုပ်ချင်စိတ်မရှိတာနဲ့ အိပ်ယာထဲမှာပဲ လှဲနေမိတယ်
အရူးတစ်ယောက်လို မျက်ရည်တွေကျရင်းပေါ့ အဲဒါနဲ့ပဲ အိပ်ပျော်သွားခဲ့တာ ဘယ်အချိန်တွေရောက်မှန်းတောင်မသိတော့ပါဘူး
နာရီကြည့်လိုက်တော့ ခဏနေရင်ပဲအတန်းတွေပြီးတော့မယ် ကျွန်တော်ရေမိုးချိုးပြီးအပြင်ကိုထွက်လာခဲ့တယ် ကျွန်တော်သူနဲ့မျက်နှာချင်းမဆိုင်ချင် သေးတာကြောင့်ပါ
ကျွန်တော့်ရဲ့အလိုက်မသိတဲ့မျက်ရည်တွေကသူ့ရှေ့မှာဆို အလွယ်တကူကျလာနိုင်တယ်လေ
ကျွန်တော်က လူကောင်နဲ့မလိုက်အောင် အသည်းကနုလွန်းတယ်လေ
ကျွန်တော်ထွက်လာခဲ့တာ Market တစ်ခုကိုပါ စိတ်ပြေလက်ပျောက်ရှိအောင်လို့ပေါ့
မကြာပါဘူး ခဏနေတော့ သူ့ဆီကနေဖုန်းဆက်လာတယ်
"Joong မင်းဘယ်မှာလဲ ငါကျောင်းဆင်းကတည်းကမင်းကိုစောင့်နေတာ မင်းအတန်းကကောင်တွေတောင် အကုန်ပြန်ကုန်ပြီ"
"ငါ့ကိုမစောင့်နဲ့တော့ ငါ၀ယ်စရာရှိလို့ အရင်ပြန်သွားတာ"
"ငါ့ကိုတောင်မစောင့်ဘူး"
"အင်း ငါအလျင်လိုနေလို့ပါ ဒါပဲနော်"
"အင်း"
.
.
.
.
.
.
.
.
.
.
(Nine Point of view)
Joong နဲ့ကငယ်ငယ်ကတည်းကသူငယ်ချင်းတွေပါ အချိန်ကြာလာတာနဲ့အမျှသူ့အပေါ်ကို ကျွန်တော်မရိုးသားတော့ဘူးဆိုတာကိုယ့်ကိုကိုယ် သိလာခဲ့တယ်
ကျွန်တော်ကြောက်တယ်
သူကျွန်တော့်ကိုမုန်းသွားမှာကို
ကျွန်တော့်အဝေးကိုထွက်သွားမှာကို
ကျွန်တော့်ကိုရွံသွားမှာကို
သူငယ်ချင်းအဖြစ်တောင်လက်မခံမှာကို
ဒီလိုကြောက်လန့်မှုတွေကြောင့်ပဲ ကျွန်တော်သူ့အနားမှာတိတ်တိတ်ကလေးပဲနေပြီး သူ့ကိုပဲဂရုစိုက်ခဲ့တာ
ဒီလိုတေွလုပ်တာက သူ့ကိုသိစေချင်လို့တော့မဟုတ်ပါဘူး သူ့အနားမှာသူ့ကိုဂရုစိုက်ရတာနဲ့တင် ပျော်နေတက်လို့ပါ
သူကသူ့ကိုယ်သူ့ ဂရုမစိုက်တက်ဘဲ ဖြစ်သလိုနေတက်တာကြောင့်လေ
သူတောင်းဆိုတဲ့အတိုင်း အခန်းလည်းအတူတူနေဖြစ်တယ်
အချိန်ကြာလာတာနဲ့အမျှ သူကျွန်တော့်ကိုချစ်နေတယ်ဆိုတာကို ကျွန်တော်သိလာတယ် မှတ်မှတ်ရရ အဲ့ဒီ့နေက သူဖျားတဲ့နေ့
ကျွန်တော်သူ့ကို တစ်ညလုံးပြုစုပေးရတာလေ သူနေမကောင်းတော့ ကျွန်တော်အိပ်မပျော်ဘူးလေ
သန်းခေါင်ကျော်အချိန်လောက်မှာသူကယောင်ကတမ်းတွေေလျှာက်ပြောတော့တာပဲ အစကတော့သူဘာတွေပြောနေလဲကျွန်တော်မသိဘူး ဒါပေမယ့်သေချာနားထောင်ကြည့်တော့
"Nine မင်းကိုချစ်တယ် ငါ့ကိုသူငယ်ချင်းလို့ပဲတွေးတဲ့ မင်းကိုအရမ်းချစ်တယ် သူငယ်ချင်းဆိုတာကြီးကိုမုန်းတယ် Nineငါ့ကိုမမုန်းပါနဲ့ နော်"
ပြတ်တောင်းပြတ်တောင်းပြောနေပေမယ့်ကျွန်တော်ကောင်းကောင်းနားလည်လိုက်တယ် သူလည်းကျွန်တော့်ကိုချစ်နေတာပဲဒ့ါကြောင့် သူဖွင့်ပြောလာမယ့်အချိန်ထိ စောင့်နေခဲ့တယ်
ဒါပေမယ့် သူမပြောလာခဲ့ဘူး ကျွန်တော်လည်း သူ့သ၀န်တိုအောင် ရည်းစားတွေလည်း ထားပြခဲ့တယ် အဲ့အခါကျတော့သူကမေးတယ် မင်းသူတို့ကို တကယ်ချစ်လို့လားတဲ့
သူ့ကိုသ၀န်တိုစေချင်တဲ့ ကျွန်တော့်ကသူစိတ်ဆင်းရဲမှာလည်းသေအောင်ကြောက်တော့ အပျော်တွဲတာလို့ပြောလိုက်တယ် သူကအဲ့ဒီ့တော့မှ စိတ်ချတဲ့မျက်နှာမျိုးဖြစ်သွားတယ်
ကိုယ့်ဟာကိုယ်မုန်းလိုက်တာ သ၀န်တိုစေချင်ပါတယ်ဆို စိတ်ဆင်းရဲမှာ ကြောက်နေရသေး ဘယ်လိုများရှေ့ဆက်ရပါ့မလဲ
အမြဲတမ်း သူ့ကိုပဲဦးစားပေးတဲ့ ကျွန်တော့်အချစ်တွေကိုသူမမြင်ဘူးလား သူ့ကိုပဲဂရုစိုက်တဲ့ကျွန်တော့်စိတ်ကိုသူမမြင်ဘူးလား
ဒါ့ကြောင့် ကျွန်တော်ဒီနေ့ပဲ အကောင်အထည်ဖော်ဖို့ စဉ်းစားလိုက်တယ် လုပ်နေကြအတိုင်း သူ့ကိုနှိုးပြီးတော့ကျောင်းသွားကြတယ် ခုတလော ကောင်လေးတေွကကျွန်တော့်ကိုတော်တော်ကလေးစိတ်၀င်စားလာကြတယ် ဒါကကျွန်တော့်အကြံအတွက်အတော်ကလေးအထောက်အကူဖြစ်တယ်
ကျွန်တော်သူ့ကို အသစ်အဆန်းမကြိုက်ဘူးလို့ ကွေ့ပတ်ပြီးပြောလိုက်ပေမယ့်သူကအတော်တုံးတယ် အတော်ပဲဖြစ်သွားတာက ဂျူနီယာလေးတစ်ယောက်က လာမေးတယ် ချစ်ရမယ့်သူရှိလားတဲ့ ကျွန်တော်သူ့ကိုရည်ရွယ်ပြီး ပြောလိုက်ပေမယ့် တုံးအလွန်းတဲ့သူက ထပ်ပြီးအထင်တွေ လွဲနေပြန်တယ်
သူအတန်းတက်တော့မယ်ဆိုပြီး ထသွားတယ် သူစိတ်ဆိုးသွားမှန်း ကျွန်တော်သိလို့လိုက်သွားဖို့စဉ်းစားပေမယ့် သူ့ကို ခဏလွှတ်ထားတာပိုကောင်းမယ်ထင်တယ်
ကျောင်းဆင်းချိန် ရောက်လို့သူ့ကိုရှာတော့လည်းမတွေ့ပြန်ဘူး ဖုန်းဆက်လိုက်တော့မှ သူကအပြင်မှာ၀ယ်စရာရှိလို့တဲ့လေ
ဘယ်သွားသွားကျွန်တော်ပါမှ သွားတက်တဲ့သူက တစ်ယောက်တည်းသွားတယ်ဆိုတော့ သူတော်တော်စိတ်ဆိုးနေတာပဲ
အဲ့ဒီ့နောက်ပိုင်းမှာသူကျွန်တော့်ကိုရှောင်လာတယ် အရင်ကလို ရင်းရင်းနီးနီးမနေတော့ဘူး ကျွန်တော်စကားပြောဖို့ပြင်လိုက်တိုင်းလည်း သူကစကားဖြတ်ပြီးရှောင် သွားတာများလာတယ်
ဒါပေမယ့်ဒီနေ့တော့သူပြေးလို့မလွတ်နိုင်တော့ဘူး ကျွန်တော့်အကြံကို အပြည့်အ၀ယုံကြည်တယ်။
.
.
.
.
.
.
.
.
.
Joong point of view
ကျွန်တော်Nine ကိုရှောင်နေတာ ဒီနေ့နဲ့ဆိုတစ်ပတ်လောက်ရှိပြီ သူစကားပြောမယ်လုပ်တိုင်း ကျွန်တော် ရှောင်ပြေးတယ် အခြားတော့မဟုတ်ပါဘူး သူချစ်တဲ့သူအကြောင်းပြောပြမှာသိပ်ကြောက်လို့
ကျွန်တော်မဟုတ်တဲ့အခြားတစ်ယောက်အကြောင်းကိုသူ့နှုတ်ခမ်းကပြောလာမှာအရမ်းကြောက်လို့
သူနဲ့ပတ်သတ်ရင် အဲဒီ့လောက်ထိကို အတ္တကြီးမိတာ ဒါကသူ့ကိုချစ်မိလို့ပါ
ဒီေန့တော့သူ ညနေထဲကထွက်သွားတယ်ဘာမှကိုလည်းမပြောသွားဘူး အခုပဲ ည၁၁နာရီရှိနေပြီ
ဒုန်း
"ဟမ် ဘာသံလဲဟ"
ကျွန်တော်အိပ်ယာက ထပြီး အသံကြားတဲ့တံခါးပေါက် ဆီကိုထွက်လာခဲ့တယ် မထင်ထားတာကတံခါးရှေ့မှာခေါင်းတောင်မဖော်ပဲ မတ်တပ်ကြီးရပ်နေတဲ့သူက Nineဖြစ်နေတယ် ပိုပြီးမထင်ထားတာက သူ့ဆီကအရက်နဲ့ရနေတာပဲ Uniတက်ခဲ့တဲ့၃နှစ်စလုံးသူတစ်ခါမှအရက်သောက်တာမမြင်ဖူးဘူး
"Nine လာအထဲ၀င်ရအောင် မတ်တပ်ကြီးအိပ်မနေနဲ့"
"ဟင် Joong လား မင်းကJoong လား မဟုတ်ရင်ငါ့အသားကိုမထိနဲ့နော်"
မူးနေတာတောင်ကျွန်တော့်ကိုပဲအထိခံမှာတဲ့လား မူးနေလို့ပြောတာပေမယ့်ကျေနပ်မိသား
"လာစမ်းပါ ငါပါ မင်းရဲ့Joongလေ"
"ဟုတ်လို့လား ငါ့ရဲ့Joongလား"
"ဟယ် လာစမ်းပါတော့အမူးသမားရယ်"
ကျွန်တော်သူ့ကိုအခန်းထဲကို တွဲခေါ်လာခဲ့လိုက်တယ် ကျွန်တော်သူ့ကိုအိပ်ယာပေါ်တင်ပေးမလို့အလုပ်မှာ သူကရေသောက်ချင်တယ်ဆိုပြီးပြောလာတော့ မီးဖိုချောင်ကိုခေါ်လာလိုက်တယ် သူ့ကိုရေအေးလေးသောက်ပြီးအမူးပြေသွားစေချင်လို့လေ
ကျွန်တော် ခွက်ထဲရေထည့်ပေးပြီး သူ့လက်ထဲကိုသေချာထည့်ပေးလိုက်တယ် ကျွန်တော်ကတော့် ဘေစင်ေဘာင်ကိုနောက်ပြန်လက်ထောက်ပြီးသူ့ရဲ့မျက်နှာချင်းဆိုင်မှာရပ်ကြည့်နေမိတယ် သူဘာလုပ်လုပ်ကျွန်တော့် အတွက်ကချစ်စရာလေးလေ နှာခေါင်းလုံးလုံးလေး ပြီးတော့ ကျွန်တော့်ထက်ပုပြီးသေးနေတာလေးကအစ ချစ်ဖို့ကောင်းတာ သူ့နှုတ်ခမ်းကတော့ လူသတ်လက်နက် လိုပဲ
ခဏနေတော့ သူကခွက်ကိုချလိုက်တယ်
ကျွန်တော့်ရှေ့ကိုဖြည်းဖြည်းလေးလျှောက်လာတယ် သူဘာလုပ်မလဲလို့ကျွန်တော်ငြိမ်ငြိမ်လေးကြည့်နေခဲ့တာ ကျွန်တော်လက်ထောက်ထားတဲ့ဘေစင်ကို သူကပါလက်ထောက်လိုက်တယ် ကျွန်တော့်လို နောက်ပြန်တော့မဟုတ်ဘူး ကျွန်တော့်ရဲ့ဘေးတစ်ဖက်တစ်ချက်စီ ကိုသူကလက်ထောက်လိုက်တာ
ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်အခြေအနေကြီးပေါ့
အသက်ရှူတောင်အောင့် လိုက်မိတယ်
ဒါဘယ်လိုအနေအထားကြီးလဲ သူက မျက်နှာကိုသေချာ လာပြီးတော့ကိုစိုက်ကြည့်နေသေးတာ
"Joong မင်းကိုချစ်တယ်"
"...."
"မင်းကိုအရမ်းချစ်တယ်"
"ကြားလား သူငယ်ချင်းဖြစ်တဲ့မင်းကို ငါအရမ်း ချစ်တယ်လို့"
"ငါအရင်ထဲကချစ်ခဲ့တာ"
သူဘာတွေပြောနေတာလဲ ကျွန်တော်မူးနေတာလား ဒါပေမယ့်သောက်လာတာသူပါ
သူကပြောပြီးတာနဲ့ ကျွန်တော့်ရင်ဘတ်ပေါ်ကို ခေါင်းစိုက်ကျလာတယ်
"မင်း ရင်တွေခုန်နေတာလား"
ပြောပြီးခေါင်းပြန်ထောင်လာပြန်တယ်
"Joong ပြောစရာရှိတယ် ခေါင်းနည်းနည်းငုံ့ပေး"
သူပြောတဲ့အတိုင်းပဲ ငုံ့ပေးလိုက်တော့ ကျွန်တော့် နှုတ်ခမ်းကို သူဖျတ်ခနဲ့ လှမ်းနမ်းလိုက်တယ် ကျွန်တော်ကတော့နေရာမှာပဲ ကျောက်ရုပ်လိုရပ်နေမိတယ် ခေါင်းထဲမှာလည်း ဘာမှမရှိတော့ဘူး ခဏလေးထိသွားတဲ့ အရာလေးကနူးညံ့လိုက်တာ
သူကတစ်ခါတည်းနဲ့ မရပ်သွားဘူး ထပ်ခါထပ်ခါ ပဲ နှုတ်ခမ်းချင်းလာလာထိတယ်
ကျွန်တော်သည်းမခံနိုင်တော့ဘူး သူမူးနေလို့လေ နိုးလို့သူကဘာမှမသိရင် ခံစားရမှာက ကိုယ်ပဲလေ
"Nine ရပ်လိုက်တော့ မင်းက မူးနေတာတောင် ငါ့ကို နှိပ်စက်တာပဲ "
"မင်းကိုချစ်တယ်"
"မင်းမူးနေလို့ပြောတာကို ငါဘယ်လိုယုံရမှာလဲ မင်းပဲချစ်နေတဲ့သူ ရှိတယ်ဆို ငါ့ကိုဘယ်အထိ စိတ်ဆင်းရဲအောင် လုပ်ချင်နေတာလဲ"
"မင်းကဘာလို့ စိတ်ဆင်းရဲနေရတာလဲ"
"မင်းကတစ်ခြားတစ်ယောက်ကို ချစ်ပေမယ့် ငါကမင်းကိုပဲ အရူးလိုချစ်နေတာလေNine ရဲ့ မင်းသိလား အဲ့ဒါတွေကိုမင်းသိလို့လား"
သူမူးနေတာပဲဆိုပြီး ကျွန်တော့်စိတ်တွေကိုဖွင့်ထုတ်လိုက်တယ် ဘာလို့ဆိုရင်ထဲမှာမဆံ့တော့ဘူး ပြီးတော့သူ့ကိုလဲမသိစေချင်တော့ သူမူးနေတဲ့ ဒီလိုချိန်မှာ ဖွင့်ထုတ်လိုက်ရတာ အကောင်းဆုံးပဲ ဒါပေမယ့် မထင်ထားတာက
"မင်းတကယ်နော် Joong နောက်မှပြန်မပြင်နဲ့ ဒါကိုဖွင့်ပြောတယ်လို့ ယူဆလိုက်မယ်"
"မင်း...."
ကျွန်တော်ပြောစရာတွေတောင်ပျောက်ကုန်တယ်
"ငမူး မင်းမူးနေလည်းအေးဆေးနေကွာ"
"ဟာ ပြသနာပဲ ငါမမူးဘူးဟေ့ ကြားလားငါမူးချင်ယောင်ဆောင်တာလေ"
"မင်း...."
"အင်း လာအေးဆေးပြောကြရအောင်"
ကျွန်တော့်ကိုသူလက်ဆွဲ ပြီးခုတင်ပေါ်ကိုခေါ်လာခဲ့တယ် ကျွန်တော်တို့မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောလို့ရအောင် လို့ပေါ့
"မင်းငါ့ကိုဘယ်ကတည်းကကြိုက်တာလဲ"
"ငါမင်းကိုမကြိုက်ပါဘူး"
"နစ်နစ်နဲနဲချစ်မိရုံပါ"
"အဲ့ဒါခဏထား ဘယ်တုန်းကတည်းကလည်း"
"မင်းငါ့ကိုမကြိုက်ခင်ကတည်းက"
"တကယ်လား"
"အင်း ပြီးတော့ငါ့ချစ်ရတဲ့သူကလည်း မင်း
ငါဖွင့်ပြောဖို့ကြိုးစားမှာလဲ မင်းပဲ ဒါပေမယ့် မင်းကငါ့ကို အထင်လွဲသွားတယ် ရှင်းရှင်းပြောရရင် သ၀န်တိုတာပေါ့"
"မတိုပါဘူး"
"လူကောင်နဲ့မလိုက်အောင်လာရှက်ပြမနေနဲ့စမ်း"
"Nine"
"အင်း ငါလေ မင်းချစ်တဲ့သူပေါ့ ဒါပေမယ့်မင်းကအတော်တုံးတယ် ပြီးတော့ ဖွင့်ကိုမပြောနိုင်ဘူး မင်းဖွင့်ပြောတာကိုသာစောင့်နေရင် ငါတို့အသက်တွေကြီးသွားနိုင်တယ်"
"မင်းကလေ ပိုကိုပိုတယ် ငါ့ကိုတကယ်ေရာချစ်တာလား"
"အင်း ငါမင်းကိုဘယ်လောက်ချစ်တယ်ဆိုတာ ငါပြောမပြတက်ဘူး Joong"
ပျော်တယ် ကျွန်တော်အရမ်းပျော်တယ် သူ့ရဲ့စကားတစ်ခွန်းက ဒီလောက်အပျော်တွေကိုယူဆောင်ပေးနိုင်မယ်လို့မတွေးမိခဲ့ဘူး
"သိလားNine ငါမင်းကိုရူးမတက်ကိုချစ်တာ ညတိုင်းမင်းအိပ်နေတာကိုထိုင်ကြည့်လို့ အိပ်ယာထ နောက်ကျတဲ့အထိကိုချစ်တာ မနက်တိုင်းလည်းမင်းရဲ့အသံကိုကြားမှ ငါနေသာထိုင်သာရှိတာ မင်းဆဲနေတာကိုက ငါ့အတွက်ချစ်ဖို့ကောင်းတာ"
"ဒါကတော့မင်းနည်းနည်းများသွားပြီ"
သူကချစ်စရာကောင်းတဲ့အသံလေးနဲ့ ပြောလာတယ် ကျွန်တော်သူ့ကိုလှမ်းဖက်လိုက်တယ် သူကလည်းကျွန်တော့်ကို တင်းတင်းကျပ်ကျပ်ကိုပြန်ဖက်လာတယ်
"ချစ်တယ် Nine အရမ်းချစ်တယ်"
"အင်း ငါလည်းအရမ်းချစ်တယ်"
"လွှတ်ဦး ဘေစင်နားမှာဖြစ်သွားတဲ့ကိစ္စ အကြွေးပြန်ယူရဦးမယ်"
"လွှတ်ဘူး"
သူဘာပြောပြော ကျွန်တော်က သူ့ထက်အားသန်နေတယ်လေ ကျွန်တော်သူ့မေးဖျားလေးကို လက်ကလေးနဲ့အသာပင့်ယူပြီး သူ့နဖူးလေးကို နမ်းလိုက်တယ်
ပြီးတော့ နှာခေါင်းလုံးလုံးလေး ပြီးတော့ပါးမို့မို့လေးတွေ နောက်ဆုံးမှာတော့ သူ့ရဲ့နှုတ်ခမ်းအိအိလေးတွေ နူးညံ့မှုကဘာနဲ့မှမလဲနိုင်အောင်ပဲ ထိရုံလေးနဲ့တောင် ဒီလောက်ဆိုရင် ဆက်ပြီးရှေ့ဆက်မိတယ် သူ့ရဲ့အောက်နှုတ်ခမ်းလေးကို ဆွဲစုပ်လိုက်တဲ့ အချိန်မှာသူက အလိုက်သင့်လေး ကျွန်တော့်ရဲ့အပေါ် နှုတ်ခမ်းကိုစုပ်ယူလာတယ် ကြာလေလေ စွဲလမ်းလေလေပဲ အလိုက်သင့်လှုပ်ရှားမှုလေးတွေကြားမှာရူးလောက်တယ်
ကျွန်တော်သူ့ကိုဘယ်နည်းနဲ့မှ လက်မလွှတ်နိုင်ဘူး အဲ့ဒီ့ညကကျွန်တော် တို့စကားတွေပြောလိုက် အနမ်းတွေဝေလိုက်နဲ့ပဲမိုးလင်းခဲ့တယ်
"ဟေ့ အရူး ထတော့"
"မိုးလင်းမှအိပ်ရတာလေ nine ကလဲ လာဒီကို"
ကျွန်တော်သူ့ကိုရင်ခွင်ထဲ ဆွဲသွင်းပြီး သူ့ခေါင်းလေးကို လက်နဲ့ဖွပြီး ပြန်အိပ်ဖို့ပြင်လိုက်တယ်
ဒီနေ့ကစပြီး ကျွန်တော့်ဘ၀ကြီးက သာယာလှပ နေမှာ ပြောစရာတောင်မလိုတော့ပါဘူး သူရှိနေရင် အဆင်ပြေပြီမို့။။
........................The End............................
With love
Momijilay 😍
(Please click the star and follow me if you like my fic)💖