ဟော့ဂ်ဝပ်ရထားပေါ်ကဆင်းတော့ ရင်းနှီးနေသောအသံကို ဟယ်ရီကြားလိုက်ရ
သည်။ဟက်ဂရစ်အသံပင်ဖြစ်သည်။ရေကန်နားကို ပထမနှစ်တွေကို ခေါ်သွားခြင်း
ပင်ဖြစ်သည်။
''ပထမနှစ်တွေဒီကိုလာ!!"
ဟယ်ရီရွန်နားမှာကပ်နေစဉ် အေးစက်နေသောလက်တစ်ဖက်က လာရောက်ဆုပ်
ကိုင်လာသည်ကို ခံစားလိုက်ရသဖြင့် ကြည့်လိုက်တော့ ဒရက်ကိုပင်။
''ဒရက်ကို!!ဘာလာလုပ်တာလဲ?!"
"လှေတူတူစီးရအောင် ဟယ်ရီ!!မင်းနဲ့စီးချင်တယ်။''
ဟယ်ရီ ဒရက်ကို့နောက်က ခပ်လှမ်းလှမ်းမှာရပ်နေသော ပင်စီ၊ခရပ်နှင့်ဂိုးလ်တို့ကို
တွေ့လိုက်ရ၍ သက်ပြင်းချကာပြန်ပြောလိုက်သည်။
''ဒရက်ကို...မင်းသူငယ်ချင်းတွေ စောင့်နေတယ်လေ။သူတို့နဲ့ပဲစီးလိုက်နော်။ငါက
ရွန့်ကိုအဖော်လုပ်ပြီး စီးလိုက်တော့မယ်။''
ဒရက်ကို့ မျက်နှာက ပျက်သွားတော့ ဟယ်ရီက ထပ်ပြောလိုက်သည်။
''ကျောင်းမှာတွေ့မှာပဲ။ကလေးလား?မျက်နှာက''
''အင်းပြီးရော''
ဆွဲထားသောလက်ကို ဖြုတ်ချကာရွန်၊ဟာမွန်နီ၊နဗီးနှင့်ဟက်ဂရစ်တို့နှင့်စီးသွားသော
ဟယ်ရီကိုဒရက်ကိုမျက်စိတစ်ဆုံးငေးနေလိုက်တာ ပင်စီကဆွဲခေါ်လာမှ လှေပေါ်
ရောက်လာသည်။လှေပေါ်မှာ ပင်စီက ဒရက်ကို့ကိုမေးသည်။
''ဒရက်ကို...သူကဟယ်ရီပေါ်တာလား?"
"အင်း''
''ဟွန့်...ကြီးမြတ်တဲ့ ဟယ်ရီပေါ်တာက ဝယ်စလီရယ်၊ရွှံ့သွေးရယ်နဲ့ပေါင်းနေပါလား?"
"ပင်စီ!!!ဆက်မပြောနဲ့!!!"
ဒရက်ကို အော်လိုက်တော့ ပင်စီလန့်ကာ့်ငြိမ်သွားသည်။တဖြည်းဖြည်းနှင့်သွားရင်း
ပထမနှစ်တွေ အကုန်လုံး ရဲတိုကကြီ်းရှေ့ရောက်လာသည်။မကြာပါ ရဲတိုက်ကြီး
ပွင့်လာပြီးProfessor မက်ဂေါ်နာဂေါ ပေါ်လာကာ ပထမနှစ်တွေကို ဦးဆောင်ပြီး
ခေါ်သွားသည်။ထမင်းစားခန်းထဲ မဝင်ခင် အမျိ ုးအစားခွဲရမည်ဖြစ်ကြောင်းပြောပြ
သည်။ထို့နောက် ဆက်လက်၍အမျိ ု းအစားခွဲခြင်းနဲ့ပတ်သက်ပြီးရှင်းပြကာထွက်
သွားသည်။Professorထွက်သွားသည်နှင့်ရွန်ကဟယ်ရီ့နားကပ်ကာသူ့အစ်ကို
ဖရက်က အမျိ ုးအစားခွဲတာအလွန်နာသည်ဟုဆိုကြောင်းပြောပြသည်။ဟာမွန်နီက
ရသမျှဂါထာတွေကို တတွတ်တွတ်နှင့်ရွတ်နေလေရဲ့။''ကမ္ဘာပျက်နေလိုက်ကြတာ
လွန်ရော...ကဲကိုကဲလွန်းတယ်''ဟယ်ရီတစ်ယောက်တွေးနေသည်။ဒရက်ကိုကတော့ လှေကားနားမှာရပ်ကာ မှီနေရင်း ဟယ်ရီ့ကိုငေးနေသည်။ပင်စီကဒရက်ကို့ကို
ပြန်ငေးနေသည်။ခရပ်နှင့်ဂိုးလ်က ဟယ်ရီ့ကိုခပ်စောင်းစောင်းနဲ့ကြည့်နေ၍ဟယ်ရီ
ပြန်ကြည့်လိုက်တော့ လန့်ကာဘယ်ပြေးရမလဲပင် ဖြစ်သွားရသည်။
ဝိဉာဉ်တွေရောက်လာတော့လည်း အော်ကြပြန်သည်။ဟယ်ရီကမကြောက်တတ်၍
ဘာမှမခံစားရ။မျက်နှာသေနှင့် ဝိဉာဉ်တွေကို ပြန်ကြည့်နေသည်။
[Hostမကြောက်ဘူးလား?]
[ကြောက်စရာမှ မကောင်းတာ။]
ဒရက်ကိုက လှေကားနားကနေ ဟယ်ရီ့ကိုငေးနေရင်း ဝိဉာဉ်တွေပေါ်လာ၍ လန့်
သွားကာ အော်မိသည်။ဟယ်ရီလည်းလန့်လောက်မည်ထင်ကာစိတ်ပူပြီးကြည့်မိ
တော့ဆရာသမားက သမ်းတောင်သမ်းနေသေးသည်။ကြောက်ပုံလည်းမပေါ်။
''ဟယ်ရီကထူးဆန်းတယ်ဟ။ကြောက်လည်းမကြောက်တတ်ဘူး''ဒရက်ကိုတွေးရင်းအံ့သြနေသည်။Professorမက်ဂေါ်နာဂေါပြန်ရောက်လာကာကျောင်းသားသစ်
တွေကိုတန်းစီခိုင်းပြီး ထမင်းစားခန်းထဲခေါ်သွားသည်။ထမင်းစားခန်းကြီး၏ခမ်းနား
မှုတွေကို ဟယ်ရီငေးကာအုပ်စုနှင့်ပါလာသည်။
Professor မက်ဂေါ်နာဂေါက ကျောင်းသားသစ်တွေရှေ့မှာဦးထုပ်တစ်လုံးကို
ချထားကာ စပြီးအမျိ ုးအစားခွဲသည်။
''ဟာမွန်နီ ဂရင်းဂျာ''
ဦးထုပ်က ဟာမွန်နီဆောင်းလိုက်သည်နှင့် အော်လာသည်။
''ဂရင်းဖင်းဒေါ!!!"
ဟာမွန်နီက ဂရင်းဖင်းဒေါစားပွဲဘက်ကို ပြေးသွားသည်။Professorကဆက်ပြီး
တစ်ယောက်စီခေါ်သည်။
''ဒရက်ကို မက်ဖွိုင်း''
ဒရက်ကို ကိုတော့ဦးထုပ်ကြီးက ခေါင်းထိတာနှင့်ထအော်သည်။
''စလေးသရင်း!!!"
ဒရက်ကို ကစလေးသရင်းစားပွဲဘက်ကို ကျော့ကျော့လေးလျှောက်သွားသည်။
စလေးသရင်းစားပွဲမှာ ထိုင်ကာ ဟယ်ရီ့ကို ပြုံးပြနေသည်။''ဟယ်ရီရယ် ကျေးဇူးပြု
ပြီးစလေးသရင်းကိုလာပါ။''ဟုတွေးကာ ဟယ်ရီ့ကိုငေးနေပြန်သည်။ဘေးက ပင်စီ
ကတော့ တဖြည်းဖြည်းနှင့် မဲ့လာချေပြီ။
''ဟယ်ရီပေါ်တာ''
တစ်ခန်းလုံးက အသံတွေ ဆူညံလာသည်။ဟယ်ရီအေးဆေးစွာလျှောက်သွားလိုက်
သည်။စလေးသရင်းဘက်က ဒေမီယန်က ဟယ်ရီ့ကိုငေးရင်း ပြုံးနေလေသည်။
စလေးသရင်းက ကောင်မလေးများမှာတော့ ဒေမီယန်ကို ပြန်ငေးနေရသည်။
ဦးထုပ်ကြီးက ဟယ်ရီဆောင်းလိုက်တာနှင့် ဟယ်ရီ့ကို စကားစပြောလာသည်။
''အလိုလေး...ဟယ်ရီပေါ်တာပါလား? နေပါအုံး...မင်းက ဟယ်ရီပေါ်တာမဟုတ်ဘူး
ပဲ''
''ဟုတ်တာပေါ့ ကျွန်တော်က သူမဟုတ်ဘူး။အနာဂတ်မှာဖြစ်လာမဲ့ အဆိုးတွေကို
ဖယ်ရှားဖို့ရောက်လာတာ။''
''အင်း...မင်းက သိပ်ကိုအံ့သြဖို့ကောင်းတဲ့ သူပဲ။ရှားတယ် မင်းလိုလူမျိ ုးက။မင်းက
ရေဗင်ကလောလို ဉာဏ်ပညာကြီးမားတယ်။ဂရင်းဖင်းဒေါလို ရဲရင့်ထက်မြက်တယ်။
ဟာ့ဖတ်လို ကြိုးစားပြီးသစ္စာရှိတယ်။စလေးသရင်းလို ဉာဏ်များပြီး လိုချင်တာကို ရ
အောင်ယူတတ်တယ်။သိပ်ခက်တယ်။ကိုယ့်ဘာသာရွေးချယ်ပါ။ဘယ်ကိုပို့ပေးရမလဲ?''
''ဂရင်းဖင်းဒေါ ကိုသွားချင်တယ်။''
''ဟုတ်တာပေါ့ သိပ်ကိုရဲရင့်တဲ့ ကောင်လေးပဲကို။ ဂရင်းဖင်းဒေါ!!!!"
ဟယ်ရီကတော့ ဂရင်းဖင်းဒေါစားပွဲဘက်ကို လျှောက်လာကာ ဟာမွန်နီနားဝင်ထိုင်
သည်။''အကုန်သိတဲ့ ဦးထုပ်စုတ်ကြီး!!ပေါ်တော့မလို့''ဟုတွေးနေသည်။
''ရွန်ဝယ်စလီ''
''အင်း...ဝယ်စလီနောက်တစ်ယောက်ပါလား?ကြောင်တောင်တောင်နိုင်ပေမဲ့ သတ္တိ
အပြည့်ရှိတယ်။ ဂရင်းဖင်းဒေါ!!!!"
ရွန်လည်း အခုမှစိတ်ချသွားသည့်ပုံနှင့် ဟယ်ရီ့နားကို လာထိုင်သည်။နဗီးလည်း
ဂရင်းဖင်းဒေါပင်ရောက်သည်။အကုန်လုံး ပျော်နေကြသော်လည်း မပျော်နိုင်သူက
ဒရက်ကိုပင်။''ဂရင်းဖင်းဒေါဆို သွားပြီပေါ့။ငါတို့ရေစက်ဒီအထိပဲလား ဟယ်ရီရယ်။
ဦးထုပ်စုတ်ကြီး''မဆိုင်သည့် ဦးထုပ်ကိုပါ ပစ်မှားနေလေသည်။Clover keychain
လေးကို ဆုပ်ထားရင်းပေါ့။
အမျိ ုးအစားခွဲပြီးတော့ Professor ဒမ်ဘယ်ဒိုးက ထကာကြိုဆိုပြီးနောက် စားစရာများပေါ်လာသည်။အမဲကင်၊ကြက်ကင်၊ဝက်သားပြား၊ဆိတ်နံရိုး၊ဝက်အူ၊
အာလူးပြုတ်၊အာလူးကြော်၊ပူတင်း၊စပျစ်နီ စုံနေတာပဲ။ဒါတောင် Japanတစ်ဝက်က
ညည်းနေသေးသည်။
''Sushi မပါဘူးဟ။''
[Hostရယ် ဂျီးမများပါနဲ့။]
[အေးပါ Drarry ရဲ့]
ဟယ်ရီက အမဲသားမစား၍ကျန်တာမှန်သမျှကို ဗိုက်ကားနေအောင် စားလိုက်သည်။
[ဒါများ sushi ပါသလားလုပ်နေသေးတယ်။အကုန်စားပြီးတော့]
[Drarry!!ငါစားနေတုန်းမနှောင့်ယှက်နဲ့!!!]
Drarryမနှောင့်ယှက်ပေမဲ့ ခေါင်းပြတ်နေသော နစ်ကနှောင့်ယှက်သည်။နစ်က
ကျောင်းသားတွေကို ခေါင်းဆွဲပြကာ စသော်လည်း ဟယ်ရီကမျက်နှာသေနဲ့ကြည့်
နေသည်။နစ်က ဂရင်းဖင်းဒေါက ဒိုင်းကိုယူပြီးဂုဏ်ဆောင်ပေးသင့်ကြောင်း။စလေး
သရင်းကချည်းပဲ ဆတ်တိုက်ရနေ၍သွေးဘာရွန်ကို ကြည့်လို့မရကြောင်းပြောသည်
ဟယ်ရီလည်း သွေးဘာရွန်ကို ရှာလိုက်တော့ ဘာရွန်ကဒရက်ကိုဘေးမှာထိုင်နေ
ရဲ့။ဒရက်ကိုမှာ မျက်နှာမသာမယာနှင့် ဖြစ်နေ၍''ကလေးစုတ်လေး ကြောက်တတ်လိုက်တာ''ဟုသာ ဟယ်ရီတွေးရင်းရယ်ပြလိုက်သော်လည်း ဒင်းလေးကမမြင်ချင်ယောင်ဆောင်နေသည်။
''ငါဟယ်ရီနဲ့မဝေးချင်ဘူး။စလေးသရင်းနဲ့ဂရင်းဖင်းဒေါကရန်သူတွေတဲ့။ဘယ်လိုလုပ်ရမလဲ?ဟယ်ရီက keychainလေးအတိုင်းငါ့အပေါ်ကောင်းပါ့မလား?စိတ်ညစ်ပါ
တယ်ဆိုမှ။ဘေးကဝိဉာဉ်ကလာထိုင်နေသေးတယ်ကြောက်ပါတယ်ဆို!!!''
ဒရက်ကို တစ်ယောက်တည်းကမ္ဘာတွေပျက်နေသည်။ညစာစားပြီးတော့ အချိ ုပွဲတွေ
ပေါ်လာပြန်သည်။ရေခဲမုန့်၊ပန်းသီးမုန့်၊ချောကလက်မလိုင်အစာသွပ်မုန့်၊ဒိုးနတ်၊နို့မာဖင်၊စတော်ဘယ်ရီပူတင်း စသည်ဖြင့်စုံလင်လှသည်။
အချိ ုကြိုက်သော ဟယ်ရီ့မျက်လုံးတွေအရောင်လက်လာချေပြီ။''စားမယ်!!အရင်ဘ
ဝကခန္ဓာကိုယ်ပုံပျက်မှာဆိုးလို့ ထိန်းထားရတာ။အခုခန္ဓာကိုယ်က သေးပြီးပိန်နေလို့
အားရှိအောင် စားပစ်မယ်''အတွေးနှင့်အတူ ချက်ချင်းပင် ချောကလက်ကိတ်ကိုဆွဲ
ကာစားရင်း မိမိမိသားစုတွေအကြောင်းပြောပြနေသည်ကို နားထောင်နေလေသည်။ဟာမွန်နီကတော့ ပါစီနှင့် ဂါထာအကြောင်းဆွေးနွေးနေ
သည်။ဟယ်ရီ့ကိုဒမ်ဘယ်ဒိုးကcheerလုပ်ပြ၍ဟယ်ရီလည်းပြန်လုပ်ပြလိုက်သည်
Professorစနိပ်ကိုမြင်တော့ဟယ်ရီကDrarryကိုမေးသည်။
[စနိပ်ကဇာတ်ကားထဲမှာထက် ပိုနုပြီးပိုချောတယ်နော်]
[Hostဘယ်လိုသိလဲ?]
[ငါချောတဲ့သူမှန်သမျှကို သတိထားမိတယ်။]
[နှာဘူး Host!!ဆရာတောင်မချန်ဘူး]
[Drarry!!!]
စနိပ်ကို ကြည့်ရင်းမိုးကြိုးပုံအမာရွတ်က ဆတ်ခနဲနာလာသည်။Professorကွိုင်ရယ်
ကြောင့်ဆိုတာဟယ်ရီချက်ချင်းသိလိုက်သည်။''Professorစနိပ်ရေမူလဟယ်ရီက
မုန်းပေမဲ့ကျွန်တော်ကတော့မမုန်းဘူးနော်။ခင်ဗျားကိုlikeအကြီးကြီးပေးတယ်''ဟု
တွေးရင်စနိပ်ကိုပြုံးပြလိုက်သည်။အကုန်စားသောက်ပြီးတော့ ဒမ်ဘယ်ဒိုးက ထရပ်
ကာကျောင်းစည်းကမ်းတွေကိုရှင်းပြသည်။တားမြစ်တောအုပ်ထဲမသွားရန်နှင့်စတုတ္တအလွှာညာဘက်ကစင်္ကြကိုမသွားမိစေရန် ပြောသည်။ထို့နောက် ကျောင်းသားများကို သက်ဆိုင်ရာအဆောင်တွေကို ပြန်ခိုင်းသည်။ဟယ်ရီ၊ရွန်၊နဗီး၊
စီးမတ်နှင့် ဒင်းကတစ်ခန်းတည်းနေရသည်။
ဟယ်ရီလည်းမအိပ်ခင် ဒရက်ကိုအတွက်လက်ဆောင်လေးတစ်ခုကိုhandmade
လုပ်နေစဉ်Drarryကပြောလာသည်။
[Hostအိပ်တော့နော်။ဇာတ်လမ်းတစ်ခုလုံးကို အိမ်မက်အဖြစ်ကျွန်တော်ပြန်ပြပေးမယ်]
[ဒါလေးပြီးရင် အိပ်မယ်လေ]
ဟယ်ရီအိပ်လိုက်တာနှင့် မူရင်းဇာတ်ကြောင်းတွေကိုမြင်ယောင်လာသည်။နောက်
ဆုံးတိုက်ပွဲကြီး၏မြင်ကွင်းများ၊လူတွေသေကြေတာတွေကို မြင်ယောင်လာသည်။
ညလယ်ခေါင်မှာဟယ်ရီနိုးလာသည်။
[Drarry!!!ငါဘယ်လိုလုပ်မှဒီလိုမျိ ုးတွေမဖြစ်မှာလဲ]
[Hostလုပ်နိုင်မှာပါ]
[ပြပေးတာကျေးဇူးပဲ။ငါဒရက်ကိုကိုရော တခြားသူတွေကိုပါ ကယ်တင်မယ်။]
[Hostကိုကျွန်တော်ယုံတယ်]
............................................................................................................
End.