ရီေပၚတစ္ေယာက္ ေက်ာင္းတြင္ စာလာမျပတာ
ႏွစ္ရက္ပင္ရိွေနၿပီ ျဖစ္ေသာေၾကာင့္ ေရွာင္က်န႔္တို႔က
ဆရာေလာင္ရွီအား သတင္းသြားေမးၾကၫ့္ရာမွ ရီေပၚဖ်ားေနမွန္းသိရေလသည္။
ရီေပၚ ေက်ာင္းမလာသၫ့္ ႏွစ္ရက္လံုးလံုးတြင္
ေရွာင္က်န႔္တစ္ေယာက္ တစ္ငူငူတစ္ငိုင္ငိုင္ႏွင့္ အရာရာတိုင္းကို စိတ္တိုင္းမက်ဘဲ ရန္မူေနတက္ေလသည္။ထို့ေျကာင့္ က်န္ခ်န္းႏွင့္ ယီဘင္တို႔က ေရွာင္က်န႔္ကို "လူနာသတင္းသြားေမးရေအာင္" ဟုဆိုကာ အတင္းေခၚခဲ့ရေလသည္။
ထို႔ေနာက္ ေရွာင္က်န႔္တို႔သံုးေယာက္သား market တစ္ခုတြင္ ရီေပၚအတြက္ မုန႔္မ်ားဝင္ဝယ္ကာ ရီေပၚအိမ္တြင္ လူနာသတင္းသြားေမးၾကေလသည္။
သို႔ေသာ္ ၿခံေရ႔ွနားအေရာက္တြင္ တစ္ေယာက္ကိုတစ္ေယာက္ ေပ်ာ္ရႊင္စြာ ဖက္ထားေသာ လူႏွစ္ေယာက္ေၾကာင့္ ေရွာင္က်န႔္က ယူလာေသာ မုန႔္ထုတ္မ်ားကို ေျမျပင္ေပၚသို႔ ပစ္ခ်ကာ ထိုေနရာမွ လွၫ့္ ့ျပန္သြားေလသည္။ ေရွာင္က်န႔္လည္း ထိုေနရာမွေကြ ့ျပန္သြားေတာ့ ယီဘင္တို႔လည္း ဆက္မသြားေတာ့ဘဲ ေရွာင္က်န႔္ေနာက္သာ အျမန္လုိက္သြားၾကေလသည္။
ထို႔ေနာက္ ရီေပၚလည္း အနီးအနားမွ ဆိုင္ကယ္သံၾကားသျဖင့္ လၫ့္ၾကၫ့္လိုက္ရာ ဆိုင္ကယ္ႏွစ္စီးအား စီးေနၾကေသာသူမ်ား၏ ေနာက္ေၾကာသာ ျမင္ခဲ့ရေလသည္။
"ေတာက္!! ဒင္းက ငါ့ဆီကိုက်ေတာ့ စာသင္ဖို႔ ေနမေကာင္းလို႔မလာႏိုင္ဘူးတဲ့ !!.........
ဟက္ ! ေအ ေနမေကာင္းလို႔ပဲ ေန့လည္ကအေကာင္တစ္ေကာင္နဲ႔
ဖက္ေနတာမ်ား ....ငါး ပ်ဉ္ မ ဆား ထိ ထား သလိုပဲ ဖ လက္ ဖ လက္ နဲ႔ .......ျမဴးေနတာပဲကြာ!! ေနမေကာင္းတဲ့လူလို႔ေတာင္ မထင္ရဘူး ........
ယြ ထ ေန တာ မ်ား!! " ဟုဆိုကာ ေရွာင္က်န႔္တစ္ေယာက္ ေရခ်ိန္ကိုက္၍ ယီဘင္တို႔အား ရစ္ေနျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ယ္ီဘင္တို႔ကလည္း"ေရွာင္က်န႔္ မင္းမူးေနၿပီး ျပန္ၾကရေအာင္ " ဟု ေျပာကာ ေရွာင္က်န႔္လက္ထဲမွ အရက္ပုလင္းႀကီးအား ဆြဲယူလိုက္ၿပီး ေရွာင္က်န႔္ကို မနည္းထိန္းကာ က်န္ခ်န္းအိမ္သို႔ေခၚသြားလိုက္ေလသည္။ထို့ေနာက္တြင္မူ က်န္ခ်န္း၏အိမ္တြင္သာ ေရွာင္က်န႔္တို႔သံုးေယာက္စလံုး
ေျခၿငိမ္သြားၾကေလသည္။
.........................................................................
"ကယ္ !! ဆရာမိတ္ဆက္ေပးမယ္ ဒါကေတာ့
ေရွာင္ရွင္းခ်န္း ပါ ........မင္းတို႔အခန္းအတြက္ စာျပေပးမဲ့ ဆရာတစ္ေယာက္ပဲ ......
ဆရာေလးရီေပၚနဲ႔ အတူတူပဲ ျပေပးၾကမွာ ......"
"ဟုတ္ကဲ့ ေတြ ့ရတာဝမ္းသာပါတယ္ ခင္ဗ်ာ......
ကြၽန္ေတာ္က ေရွာင္ရွင္းခ်န္ပါ ..." ဟုဆိုကာ ႏွစ္လိုဖြယ္ေကာင္းစြာ ၿပံဳးျပေနေလသည္။
"ေဟ့ေကာင္ ေရွာင္က်န႔္ !!...."
"ငါသိတယ္ ယီဘင္ !!...."
" ေအး အဲ့တာဆို မင္းဘာဆက္လုပ္မလဲ ??
သူတို႔က ေက်ာင္းအတြင္းေရာ အျပင္မွာပါ တစ္ပူးပူးတတြဲတြဲ ရိွၾကတဲ့ ပံုပဲ..."
"ေအးကြာ .....ငါစဉ္းစားေနပါတယ္..."ဟုဆိုကာ ေရွာင္က်န႔္တစ္ေယာက္ လက္ႏွစ္ဖက္ကို ဆံပင္ၾကားထဲ ထိုးသြင္းကာ ရီေပၚအား စိုက္ၾကၫ့္ေနေလသည္။
တစ္ခ်ိန္တည္းမွာပင္ ဆရာေလး ရွင္းခ်န္အား
မ်က္ေတာင္မခတ္တမ္း ၾကၫ့္မိေနေသာ
ေဟာက္ရႊမ္ ..........
ေဟာက္ရႊမ္တစ္ေယာက္ မိမိတို႔အား ႏွစ္လိုဖြယ္ေကာင္းေသာ အၿပံဳးေလးႏွင့္ ၿပံဳးျပေနေသာ ဆရာအသစ္ေလးေၾကာင့္ ရင္ထဲတြင္
မီးနီျပ၍မရနိုင္ေလာက္ေအာင္ပင္ ႏွလံုးသားကအလြန္လႈပ္ရွားေနၿပီ ျဖစ္သည္။
ညေနပိုင္းအခ်ိန္တြင္ ဆရာေလးႏွစ္ေယာက္က
စကားေလးေျပာကာ အခန္းထဲသို႔ အတူဝင္လာၾကေလသည္။
စာစျပေသာအခါတြင္လည္း ေဟာက္ရြမ္တစ္ေယာက္ ဆရာေလးရွင္းခ်န္ကိုသာ
ခဏခဏေခၚ၍ စာေမးေလသည္။
စာရွင္းျပ၍ ေမာလာေသာ ဆရာေလးအား ေဟာက္ရႊမ္တစ္ေယာက္ တစ္ရႉးေတာင္းေပးရတာႏွင့္
ေရဘူးကမ္းေပးရတာႏွင့္ပင္ အေတာ္အလုပ္ရႈပ္ေနေလသည္။
ညေနပိုင္း ေက်ာင္းသားမ်ားစာအကုန္ၿပီး၍ ျပန္ၾကေသာအခါတြင္ ေရွာင္က်န႔္တစ္ေယာက္သာ
စားမၿပီး၍ က်န္ခဲ့ေလသည္။
"ရီေပၚ ငါေစာင့္ေနမယ္ေနာ္ဟ ...."
"ေအ.. ခဏေစာင့္ ဒီမွာလည္း ၿပီးေတာ့မယ္
သံုးပုဒ္ပဲ က်န္ေတာ့တယ္..."
"အင္း ....ဒါဆို ငါအျပင္မွာ ေစာင့္ေနမယ္ဟ ......"
"အင္း......"
ဆရာေလး ေရွာင္ရွင္းခ်န္တစ္ေယာက္ စာသင္ခန္းထဲထြက္သြားေတာ့မွ
ေရွာင္က်န႔္က ...........
"ေတာ္ေတာ္ ေပ်ာ္ေနတဲ့ပံုပဲေနာ္ ..."
"ဘာကို ???...."
"ေအာ္ !! မင္းကို ၾကၫ့္ရတာ အဲ့ေကာင္ေလးနဲ႔အတူရိွရတာ မိုးမျမင္ေလမျမင္ေလာက္ေအာက္
ေပ်ာ္ေနတဲ့ ပံုပဲလို႔ ...."
ဟုဆိုကာ ေရွာင္က်န႔္က ခနဲ႔ေတာ့ ......
ရီေပၚက မ်က္ေမွာင္ႀကီး ႀကံဳကာ ေရွာင္က်န႔္အား
စိုက္ၾကၫ့္ေနေလသည္။ရီေပါ္စိုက္ျကည့္ေနသည္ကို
သိေသာ ေရွာင္က်န႔္ကလည္း ရီေပၚအား ေသခ်ာျပန္ၾကၫ့္ကာ......
"ဘာလဲ ငါေျပာတာ မွန္သြားလို႔
ဆြံ အသြားတာလား??...."
"ကြၽန္ေတာ့္ရဲ့ ကိုယ္ ေရးကိုယ္ကိုယ္တာ ကိစၥကို ခင္ဗ်ားကို ရွင္းမျပႏိုင္ဘူး......ခင္ဗ်ားနဲ႔လည္း မသက္ဆိုင္ဘူး......ခင္ဗ်ားက ကြၽန္ေတာ့္အတြက္ေတာ့ သူစိမ္းပဲ ဘာပဲ ျဖစ္ျဖစ္သူက ခင္ဗ်ားထက္ေတာ့ ကြၽန္ေတာ္နဲ့ ရင္းႏွီးတဲ့လူပဲ .....
ခင္ဗ်ား ေရးၿပီးၿပီးမလား ဒါဆို ကြၽန္ေတာ္ျပန္ေတာ့မယ္ ..." ဟုဆိုကာ ထိုင္ေနရာမွ ထထြက္သြားေသာ ရီေပၚ၏ကိုယ္ကို ေရွာင္က်န႔္တစ္ေယာက္ ဆြဲတြန္းကာ သင္ပုန္းမ်က္ႏွာျပင္ႏွင့္ ဆြဲကပ္လိုက္ေလသည္။
ရီေပၚက ေဒၚသထြက္ထြက္ႏွင့္ ေရွာင္က်န႔္အား တြန္းထုတ္ေသာ္လည္း ေရွာင္က်န႔္က မေရႊ့ဘဲရီေပၚ၏ လက္ႏွစ္ဖက္ကို ေရွာင္က်န႔္ကသူ၏လက္တစ္ဖက္ျဖင့္ ခ်ဳပ္ထားကာ
က်န္လက္တစ္ဖက္ျဖင့္ ရီေပၚ၏မ်က္နွာကို ၿငိမ္ေအာင္ထိန္းထားေလသည္။
"သူစိမ္း!! ေနာက္တစ္ခါ ငါ့ကိုသူစိမ္းလို႔ ေျပာရင္ မင္းကိုငါ တစ္စစီလုပ္ပစ္လိုက္မယ္.!!..... ထပ္ေျပာမယ္.......မင္းကို ငါတစ္ေယာက္ကလြဲရင္
အျခားသူအနားမွာ ရိွေနတာလံုးဝမျမင္ခ်င္ဘူး..!!...
အျခားသူမင္းရဲ့အသားကို ထိမိတာေတာင္ ငါမျမင္ခ်င္ဘူး.!!......" ဟုဆိုကာ မ်က္ေမွာင္ႀကီးၾကဳတ္ကာ ရီေပၚအား စကားျကမ္းေတြေျပာေနေသာ ေရွာင္က်န္၏မ်က္နွာကို ရီေပၚက တံေတြးျဖင့္လွမ္းေထြးလိုက္ေသာေၾကာင့္ .......
ေရွာင္က်န႔္တစ္ေယာက္ ပို၍ေဒၚသထြက္ကာ
စိတ္ရိုင္းမ်ားဝင္လာၿပီး ........
ရီေပၚ၏နွုတ္ခမ္းသားမ်ားအား အၾကမ္းပတမ္းစုပ္နမ္းလိုက္ေလသည္။ ရီေပၚက အသက္ရႉၾကပ္လာ၍ ရုန္းေနေသာ္လည္း ေရွာင္က်န႔္ကလႊတ္ေပးျခင္း မရိွဘဲ ရီေပၚ၏နွုတ္ခမ္းမ်ားကို အမဲျဖတ္မတက္
အငမ္းမရ နမ္းေနေလသည္။ခဏအျကာ ရီေပၚ၏ ႏႈတ္ခမ္းတစ္ခုလံုး ထူပူၿပီး ေပါက္ၿပဲ သြားမွ
ေရွာင္က်န႔္တစ္ေယာက္ အနမ္းမ်ားကို ခဏတာရပ္လိုက္ေလသည္။
ထို႔ေနာက္တြင္မူ ရီေပၚ၏ လည္ပင္သားမ်ားအား တစ္ဖန္ ဆက္နမ္းရန္ျပင္ေနစဉ္ ရီေပၚက........
"နမ္းပါ ! ႀကိဳက္သလို လုပ္ပါ ! ၿပီးရင္ ကြၽန္ေတာ့္ကို လႊတ္ေပးပါဟု ..." ဆိုကာ ရုန္းကန္ျခင္း မလုပ္ေတာ့ဘဲ မ်က္ရည္မ်ားက်လာေသာ ရီေပၚေၾကာင့္ ေရွာင္က်န႔္တစ္ေယာက္ ခ်ဳပ္ထားေသာရီေပၚ၏လက္မ်ားအားလႊတ္ေပး
လိုက္ေလသည္။
ထိုအခါမွ ရီေပၚတစ္ေယာက္ ေရွာင္က်န႔္၏ကိုယ္ေလးအား တြန္းဖယ္ကာ အခန္းထဲမွ ေျပးထြက္သြားေလသည္။
[Unicode]
ရီပေါ်တစ်ယောက် ကျောင်းတွင် စာလာမပြတာ
နှစ်ရက်ပင်ရှိနေပြီ ဖြစ်သောကြောင့် ရှောင်ကျန့်တို့က
ဆရာလောင်ရှီအား သတင်းသွားမေးကြည့်ရာမှ ရီပေါ်ဖျားနေမှန်းသိရလေသည်။
ရီပေါ် ကျောင်းမလာသည့် နှစ်ရက်လုံးလုံးတွင်
ရှောင်ကျန့်တစ်ယောက် တစ်ငူငူတစ်ငိုင်ငိုင်နှင့် အရာရာတိုင်းကို စိတ်တိုင်းမကျဘဲ ရန်မူနေတက်လေသည်။ထို့ကြောင့် ကျန်ချန်းနှင့် ယီဘင်တို့က ရှောင်ကျန့်ကို "လူနာသတင်းသွားမေးရအောင်" ဟုဆိုကာ အတင်းခေါ်ခဲ့ရလေသည်။
ထို့နောက် ရှောင်ကျန့်တို့သုံးယောက်သား market တစ်ခုတွင် ရီပေါ်အတွက် မုန့်များဝင်ဝယ်ကာ ရီပေါ်အိမ်တွင် လူနာသတင်းသွားမေးကြလေသည်။
သို့သော် ခြံရှေ့နားအရောက်တွင် တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်စွာ ဖက်ထားသော လူနှစ်ယောက်ကြောင့် ရှောင်ကျန့်က ယူလာသော မုန့်ထုတ်များကို မြေပြင်ပေါ်သို့ ပစ်ချကာ ထိုနေရာမှ လှည့့်ပြန်သွားလေသည်။ ရှောင်ကျန့်လည်း ထိုနေရာမှကွေ့ပြန်သွားတော့ ယီဘင်တို့လည်း ဆက်မသွားတော့ဘဲ ရှောင်ကျန့်နောက်သာ အမြန်လိုက်သွားကြလေသည်။
ထို့နောက် ရီပေါ်လည်း အနီးအနားမှ ဆိုင်ကယ်သံကြားသဖြင့် လည့်ကြည့်လိုက်ရာ ဆိုင်ကယ်နှစ်စီးအား စီးနေကြသောသူများ၏ နောက်ကြောသာ မြင်ခဲ့ရလေသည်။
"တောက်!! ဒင်းက ငါ့ဆီကိုကျတော့ စာသင်ဖို့ နေမကောင်းလို့မလာနိုင်ဘူးတဲ့ !!.........
ဟက် ! အေ နေမကောင်းလို့ပဲ နေ့လည်ကအကောင်တစ်ကောင်နဲ့
ဖက်နေတာများ ....ငါး ပျဉ် မ ဆား ထိ ထား သလိုပဲ ဖ လက် ဖ လက် နဲ့ .......မြူးနေတာပဲကွာ!! နေမကောင်းတဲ့လူလို့တောင် မထင်ရဘူး ........
ယွ ထ နေ တာ များ!! " ဟုဆိုကာ ရှောင်ကျန့်တစ်ယောက် ရေချိန်ကိုက်၍ ယီဘင်တို့အား ရစ်နေခြင်းဖြစ်သည်။
ထို့ကြောင့် ယ်ီဘင်တို့ကလည်း"ရှောင်ကျန့် မင်းမူးနေပြီး ပြန်ကြရအောင် " ဟု ပြောကာ ရှောင်ကျန့်လက်ထဲမှ အရက်ပုလင်းကြီးအား ဆွဲယူလိုက်ပြီး ရှောင်ကျန့်ကို မနည်းထိန်းကာ ကျန်ချန်းအိမ်သို့ခေါ်သွားလိုက်လေသည်။ထို့နောက်တွင်မူ ကျန်ချန်း၏အိမ်တွင်သာ ရှောင်ကျန့်တို့သုံးယောက်စလုံး
ခြေငြိမ်သွားကြလေသည်။
.........................................................................
"ကယ် !! ဆရာမိတ်ဆက်ပေးမယ် ဒါကတော့
ရှောင်ရှင်းချန်း ပါ ........မင်းတို့အခန်းအတွက် စာပြပေးမဲ့ ဆရာတစ်ယောက်ပဲ ......
ဆရာလေးရီပေါ်နဲ့ အတူတူပဲ ပြပေးကြမှာ ......"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ခင်ဗျာ......
ကျွန်တော်က ရှောင်ရှင်းချန်ပါ ..." ဟုဆိုကာ နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြနေလေသည်။
"ဟေ့ကောင် ရှောင်ကျန့် !!...."
"ငါသိတယ် ယီဘင် !!...."
" အေး အဲ့တာဆို မင်းဘာဆက်လုပ်မလဲ ??
သူတို့က ကျောင်းအတွင်းရော အပြင်မှာပါ တစ်ပူးပူးတတွဲတွဲ ရှိကြတဲ့ ပုံပဲ..."
"အေးကွာ .....ငါစဉ်းစားနေပါတယ်..."ဟုဆိုကာ ရှောင်ကျန့်တစ်ယောက် လက်နှစ်ဖက်ကို ဆံပင်ကြားထဲ ထိုးသွင်းကာ ရီပေါ်အား စိုက်ကြည့်နေလေသည်။
တစ်ချိန်တည်းမှာပင် ဆရာလေး ရှင်းချန်အား
မျက်တောင်မခတ်တမ်း ကြည့်မိနေသော
ဟောက်ရွှမ် ..........
ဟောက်ရွှမ်တစ်ယောက် မိမိတို့အား နှစ်လိုဖွယ်ကောင်းသော အပြုံးလေးနှင့် ပြုံးပြနေသော ဆရာအသစ်လေးကြောင့် ရင်ထဲတွင်
မီးနီပြ၍မရနိုင်လောက်အောင်ပင် နှလုံးသားကအလွန်လှုပ်ရှားနေပြီ ဖြစ်သည်။
ညနေပိုင်းအချိန်တွင် ဆရာလေးနှစ်ယောက်က
စကားလေးပြောကာ အခန်းထဲသို့ အတူဝင်လာကြလေသည်။
စာစပြသောအခါတွင်လည်း ဟောက်ရွမ်တစ်ယောက် ဆရာလေးရှင်းချန်ကိုသာ
ခဏခဏခေါ်၍ စာမေးလေသည်။
စာရှင်းပြ၍ မောလာသော ဆရာလေးအား ဟောက်ရွှမ်တစ်ယောက် တစ်ရှူးတောင်းပေးရတာနှင့်
ရေဘူးကမ်းပေးရတာနှင့်ပင် အတော်အလုပ်ရှုပ်နေလေသည်။
ညနေပိုင်း ကျောင်းသားများစာအကုန်ပြီး၍ ပြန်ကြသောအခါတွင် ရှောင်ကျန့်တစ်ယောက်သာ
စားမပြီး၍ ကျန်ခဲ့လေသည်။
"ရီပေါ် ငါစောင့်နေမယ်နော်ဟ ...."
"အေ.. ခဏစောင့် ဒီမှာလည်း ပြီးတော့မယ်
သုံးပုဒ်ပဲ ကျန်တော့တယ်..."
"အင်း ....ဒါဆို ငါအပြင်မှာ စောင့်နေမယ်ဟ ......"
"အင်း......"
ဆရာလေး ရှောင်ရှင်းချန်တစ်ယောက် စာသင်ခန်းထဲထွက်သွားတော့မှ
ရှောင်ကျန့်က ...........
"တော်တော် ပျော်နေတဲ့ပုံပဲနော် ..."
"ဘာကို ???...."
"အော် !! မင်းကို ကြည့်ရတာ အဲ့ကောင်လေးနဲ့အတူရှိရတာ မိုးမမြင်လေမမြင်လောက်အောက်
ပျော်နေတဲ့ ပုံပဲလို့ ...."
ဟုဆိုကာ ရှောင်ကျန့်က ခနဲ့တော့ ......
ရီပေါ်က မျက်မှောင်ကြီး ကြုံကာ ရှောင်ကျန့်အား
စိုက်ကြည့်နေလေသည်။ရီပေါ်စိုက်ကြည့်နေသည်ကို
သိသော ရှောင်ကျန့်ကလည်း ရီပေါ်အား သေချာပြန်ကြည့်ကာ......
"ဘာလဲ ငါပြောတာ မှန်သွားလို့
ဆွံ အသွားတာလား??...."
"ကျွန်တော့်ရဲ့ ကိုယ် ရေးကိုယ်ကိုယ်တာ ကိစ္စကို ခင်ဗျားကို ရှင်းမပြနိုင်ဘူး......ခင်ဗျားနဲ့လည်း မသက်ဆိုင်ဘူး......ခင်ဗျားက ကျွန်တော့်အတွက်တော့ သူစိမ်းပဲ ဘာပဲ ဖြစ်ဖြစ်သူက ခင်ဗျားထက်တော့ ကျွန်တော်နဲ့ ရင်းနှီးတဲ့လူပဲ .....
ခင်ဗျား ရေးပြီးပြီးမလား ဒါဆို ကျွန်တော်ပြန်တော့မယ် ..." ဟုဆိုကာ ထိုင်နေရာမှ ထထွက်သွားသော ရီပေါ်၏ကိုယ်ကို ရှောင်ကျန့်တစ်ယောက် ဆွဲတွန်းကာ သင်ပုန်းမျက်နှာပြင်နှင့် ဆွဲကပ်လိုက်လေသည်။
ရီပေါ်က ဒေါ်သထွက်ထွက်နှင့် ရှောင်ကျန့်အား တွန်းထုတ်သော်လည်း ရှောင်ကျန့်က မရွှေ့ဘဲရီပေါ်၏ လက်နှစ်ဖက်ကို ရှောင်ကျန့်ကသူ၏လက်တစ်ဖက်ဖြင့် ချုပ်ထားကာ
ကျန်လက်တစ်ဖက်ဖြင့် ရီပေါ်၏မျက်နှာကို ငြိမ်အောင်ထိန်းထားလေသည်။
"သူစိမ်း!! နောက်တစ်ခါ ငါ့ကိုသူစိမ်းလို့ ပြောရင် မင်းကိုငါ တစ်စစီလုပ်ပစ်လိုက်မယ်.!!..... ထပ်ပြောမယ်.......မင်းကို ငါတစ်ယောက်ကလွဲရင်
အခြားသူအနားမှာ ရှိနေတာလုံးဝမမြင်ချင်ဘူး..!!...
အခြားသူမင်းရဲ့အသားကို ထိမိတာတောင် ငါမမြင်ချင်ဘူး.!!......" ဟုဆိုကာ မျက်မှောင်ကြီးကြုတ်ကာ ရီပေါ်အား စကားကြမ်းတွေပြောနေသော ရှောင်ကျန်၏မျက်နှာကို ရီပေါ်က တံတွေးဖြင့်လှမ်းထွေးလိုက်သောကြောင့် .......
ရှောင်ကျန့်တစ်ယောက် ပို၍ဒေါ်သထွက်ကာ
စိတ်ရိုင်းများဝင်လာပြီး ........
ရီပေါ်၏နှုတ်ခမ်းသားများအား အကြမ်းပတမ်းစုပ်နမ်းလိုက်လေသည်။ ရီပေါ်က အသက်ရှူကြပ်လာ၍ ရုန်းနေသော်လည်း ရှောင်ကျန့်ကလွှတ်ပေးခြင်း မရှိဘဲ ရီပေါ်၏နှုတ်ခမ်းများကို အမဲဖြတ်မတက်
အငမ်းမရ နမ်းနေလေသည်။ခဏအကြာ ရီပေါ်၏ နှုတ်ခမ်းတစ်ခုလုံး ထူပူပြီး ပေါက်ပြဲ သွားမှ
ရှောင်ကျန့်တစ်ယောက် အနမ်းများကို ခဏတာရပ်လိုက်လေသည်။
ထို့နောက်တွင်မူ ရီပေါ်၏ လည်ပင်သားများအား တစ်ဖန် ဆက်နမ်းရန်ပြင်နေစဉ် ရီပေါ်က........
"နမ်းပါ ! ကြိုက်သလို လုပ်ပါ ! ပြီးရင် ကျွန်တော့်ကို လွှတ်ပေးပါဟု ..." ဆိုကာ ရုန်းကန်ခြင်း မလုပ်တော့ဘဲ မျက်ရည်များကျလာသော ရီပေါ်ကြောင့် ရှောင်ကျန့်တစ်ယောက် ချုပ်ထားသောရီပေါ်၏လက်များအားလွှတ်ပေး
လိုက်လေသည်။
ထိုအခါမှ ရီပေါ်တစ်ယောက် ရှောင်ကျန့်၏ကိုယ်လေးအား တွန်းဖယ်ကာ အခန်းထဲမှ ပြေးထွက်သွားလေသည်။