အသက်ဆက် သွေး ( အသက္ဆက္ ေသြး )...

By PhyuLayy1

1.4M 147K 16.6K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေ... More

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၈ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၂ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ (Zawgyi + Unicode)
အပိုင္း - ၂၀ (Zawgyi + Unicode)
အပိုင္း - ၂၁ (Zawgyi + Unicode)
အပိုင္း - ၂၂ (Zawgyi + Unicode)
အပိုင္း - ၂၃ (Zawgyi + Unicode)
အပိုင္း - ၂၄ (Zawgyi + Unicode)
အပိုင္း - ၂၅ (Zawgyi + Unicode)
အပိုင္း - ၂၆ (Zawgyi + Unicode)
အပိုင္း - ၂၇ (Zawgyi + Unicode)
အပိုင္း - ၂၈ (Zawgyi + Unicode)
အပိုင္း -၂၉ (Zawgyi + Unicode)
အပိုင္း - ၃၀ (Zawgyi + Unicode)
အပိုင္း - ၃၁ (Zawgyi + Unicode)
အပိုင္း - ၃၂ (Zawgyi + Unicode)
အပိုင္း - ၃၃ (Zawgyi + Unicode)
အပိုင္း - ၃၄ (Zawgyi + Unicode)
အပိုင္း - ၃၅ (Zawgyi + Unicode)
အပိုင္း - ၃၆ (Zawgyi + Unicode)
အပိုင္း - ၃၇ (Zawgyi + Unicode)
အပိုင္း - ၃၈ (Zawgyi + Unicode)
အပိုင္း - ၃၉ (Zawgyi + Unicode)
အပိုင္း - ၄၀ (Zawgyi + Unicode)
အပိုင္း - ၄၁ (Zawgyi + Unicode)
အပိုင္း - ၄၂ (Zawgyi + Unicode)
အပိုင္း - ၄၃ (Zawgyi + Unicode)
အပိုင္း - ၄၄ (Zawgyi + Unicode)
အပိုင္း - ၄၅ (Zawgyi + Unicode)
အပိုင္း - ၄၆ (Zawgyi + Unicode)
အပိုင္း - ၄၇ (Zawgyi + Unicode)
အပိုင္း - ၄၈ Ending (Zawgyi + Unicode)
ေက်းဇူးတင္လႊာ (ကျေးဇူးတင်လွှာ)
A/N
Extra (Mdy trip)
Extra ( Covid )
Extra ( Thadingyut )

အပိုင္း - ၁၁ (Zawgyi + Unicode)

22.2K 2.7K 197
By PhyuLayy1

#For Zawgyi

ေျပာရင္းနဲ႔ ေလးငယ္ရဲ႕မ်က္လံုးေတြထဲမွာ ျမင္ေနရတဲ့ ၿပံဳးရိပ္ေတြက ငယ္ဘဝကို တကယ္ပဲ ျပန္ေရာက္ေနသလိုပင္ ။ ဒီလိုလူအေပၚ ေလးငယ္ ဒီေလာက္ ေပ်ာ္ဝင္ေနတာကို ခ်မ္း ဘယ္လိုမွ သေဘာမက်ႏိုင္ပါ ။

ေလးငယ္ရဲ႕အေတြးစကိုေရာ စကားစကိုပါ အတင္းဝင္ျဖတ္မိသည္ ။

" အဲ့ဒါနဲ႔ပဲ ဦးထူးခၽြန္သာက ေလးငယ္တို႔အိမ္မွာ လာေနလိုက္ေတာ့တာေပါ့ ဟုတ္လား "

" အျဖစ္အပ်က္ေတြက မင္းထင္သေလာက္ မရိုးစင္းဘူး ခ်မ္း "

" ဘယ္ရိုးစင္းမလဲ ၊ လက္နက္ကိုင္ ေသာင္းက်န္းသူ သူပုန္႔သားျဖစ္ေနတယ္ဆိုကတည္းက ရိုးစင္းမႈဆိုတာ ဘယ္ရွိမွာလဲ "

" ကၽြတ္... ေလးငယ္ေျပာတာေတြကို အရင္ဆံုးေအာင္ နားေထာင္ၿပီးမွ မင္းလုပ္ခ်င္သလိုလုပ္ ခ်မ္း ၊ အဲ့ဒီအခ်ိန္ထိမွ မင္းအေနနဲ႔ ထူးအေပၚ မၾကည္ျဖဴဘူးဆိုရင္လည္း ေလးငယ္အျပစ္မတင္ဘူး ၊ မင္းသေဘာပဲ ၊ လူတစ္ေယာက္အေပၚ မွန္မွန္ကန္ကန္ သံုးသပ္တတ္ေအာင္ မသင္ေပးမိတဲ့ ေလးငယ္ကိုယ္ ေလးငယ္ပဲ အျပစ္တင္ေတာ့မယ္ "

ဟား.... ဒီလူႀကီးနဲ႔ပတ္သက္ရင္ အဲ့ေလာက္ထိေအာင္ေတာင္ ေလးငယ္က ဆတ္ဆတ္ခါတယ္ေပါ့ ။ ေလးငယ္က ခုလို အထိမခံကာကြယ္ေလ ခ်မ္းရဲ႕အျမင္ေတြက အဆိုးဘက္ကို ပိုၿပီး ယိမ္းယိုင္လာေလေလ ျဖစ္ကုန္သည္ ။

ဘာပဲျဖစ္ျဖစ္ ေလးငယ္ေျပာခ်င္တာကို ဆံုးေအာင္နားေထာင္ေပးလိုက္ပါဦးမည္ ။ ၿပီးေတာ့မွ ဒီလူႀကီးကို အိမ္ေပၚမွာ ဆက္ေနခိုင္းရင္ ကၽြန္ေတာ္ အိမ္ေပၚကဆင္းမယ္ဆိုတာမ်ိဳး လုပ္ခ်လိုက္ၾကည့္ ။ ေလးငယ္လည္း ဘာမွတတ္ႏိုင္ေတာ့မွာမဟုတ္ ။

ပြဲသိမ္းကြက္ပဲ ။

ကိုယ့္အေတြးနဲ႔ကိုယ္ ေက်နပ္သြားရင္း

" ေလးငယ္ေျပာတာကို ခ်မ္း ဆံုးေအာင္နားေထာင္ေပးပါ့မယ္ ၊ ဆက္ေျပာပါ ေလးငယ္ "

*********

ႏိုင္ဘုန္းတို႔ ေအာင္စာရင္းထြက္ၿပီးေနာက္ ရက္အနည္းငယ္အထိ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ ေနခဲ့ၾကသည္ ။ ထူးကလည္း မိုးလင္းတာနဲ႔ အိမ္ကိုေရာက္လာ ။ အိမ္မွာပဲ တစ္ေနကုန္ေနၿပီး ႏိုင္ဘုန္းနဲ႔ကစား ။ ညမိုးခ်ဳပ္လို႔ သူ႔အိမ္က ကားလာေခၚမွ ျပန္သည္ ။

ဒီလိုပဲ ေန႔စဥ္လုပ္ေနရာမွ တစ္မနက္မွာေတာ့ ထူးက ေရာက္မလာေတာ့ေခ် ။ ႏိုင္ဘုန္းမွာ တေမ်ွာ္ေမ်ွာ္လုပ္ရင္း မေနႏိုင္တဲ့အဆံုး ေဖေဖ့ကိုသြားကာ ဂ်ီက်မိေတာ့ ေနာက္ေန႔လာမွာေပါ့ သားရယ္ ဆိုတဲ့ ေခၽြးသိပ္စကားကိုသာ ရသည္ ။ ေဖေဖ့စကားကို သိပ္ၿပီးဘဝင္မက်ေပမယ့္ ႏိုင္ဘုန္းလည္း ထိုထက္ပိုၿပီး ဘာမွမတတ္ႏိုင္ ။

ေဖေဖက ေနာက္ေန႔လာမွာေပါ့လို႔ ေျပာခဲ့ေပမယ့္ ထူးကေတာ့ ဆယ့္ငါးရက္ျပည့္တဲ့အခ်ိန္ထိ ႏိုင္ဘုန္းထံ ေရာက္မလာခဲ့ပါ ။ တစ္ရက္လာႏိုး တစ္ရက္လာႏိုး တပိန္ပိန္တလိမ္လိမ္ႏွင့္ ေတာင့္ခံရင္း ေမ်ွာ္ေနခဲ့တဲ့ ႏိုင္ဘုန္းဟာ ဆယ့္ငါးရက္ျပည့္တဲ့ေန႔မွာ ေအာင့္အီးသည္းခံထားသမ်ွ ေပါက္ကြဲကုန္ကာ ငိုေတာ့သည္ ။

ေဖေဖဘယ္လိုမွ ေခ်ာ့ေျပာ ေျခာက္ေျပာလို႔မရသည္အထိ ဟီးတိုက္ကာ ငိုသည္ ။ ေဖေဖ့မွာလည္း တက္မတတ္ ခ်က္မတတ္ ငိုေနေသာ ႏိုင္ဘုန္းကို ၾကည့္ၿပီး ဘာလုပ္လို႔လုပ္ရမွန္းမသိျဖစ္ကာ ဒုကၡေရာက္ေနေတာ့၏ ။

ထူးဟာ အိမ္ကိုလြယ္လြယ္ႏွင့္ လိုက္သြားၿပီးေတြ႔လို႔ရတဲ့ ကေလးမ်ိဳးမဟုတ္ေၾကာင္း သားျဖစ္သူနားလည္ေအာင္ ဘယ္လိုရွင္းျပရမွန္းမသိ ။ ထူး ေနမေကာင္းလို႔လားမသိဘူးဟု ယခင္ေန႔ေတြမွာ ေမးေနကတည္းက ႏိုင္ဘုန္းဟာ ထူးေနတဲ့အိမ္ထိေအာင္ လိုက္သြားၾကည့္ခ်င္ေနမွန္း ဦးဘုန္းေက်ာ္ သိခဲ့ပါသည္ ။

သို႔ေသာ္လည္း ထူးဟာ သာမန္မိသားစုက ကေလးမွမဟုတ္တာ ။ ထူးေနတဲ့အိမ္ထဲကို ေရာက္ဖို႔မေျပာနဲ႔ ။ ထိုအိမ္ကို အေဝးကေနေတာင္ ျမင္ဖူးဖို႔မလြယ္ပါေလ ။ ဒါေတြကို ဆယ္ႏွစ္အရြယ္သားငယ္ သေဘာေပါက္ေအာင္ သူ မည္သို႔ရွင္းျပရမည္နည္း ။

သားအဖႏွစ္ေယာက္ ငိုရင္းေခ်ာ့ရင္းႏွင့္ လံုးခ်ာလိုက္ေနစဥ္ အိမ္ေရွ႕မွကားသံေတြေၾကာင့္ ထြက္ၾကည့္မိေတာ့ မည္သည့္အမ်ိဳးအစားမွန္းေတာင္ ေျပာရခက္သည့္ ကားအမဲႀကီး ငါးစီးကို ေတြ႔လိုက္ရေလသည္ ။

ႏိုင္ဘုန္းလည္း ငိုေနတာကို ေမ့ကာ ထိုကားမဲမဲႀကီးေတြဆီ တအံ့တၾသနဲ႔ စိုက္ၾကည့္ေနစဥ္ အလယ္ကားမွ ကားတံခါးပြင့္လာကာ သူအေမ်ွာ္လင့္ႀကီး ေမ်ွာ္လင့္ေနေသာ ထူးက ကားထဲမွဆင္းလာေလေသာအခါမွာေတာ့

" ထူး.... "

ဝမ္းသာစိတ္က ထိန္းမရျဖစ္ၿပီး ေဖေဖဆြဲေနသည့္ၾကားမွ ထူးအားေျပးဖက္ကာ အတင္းကာေရာ ခြတက္မိေတာ့သည္ ။

" မ်က္ရည္ေတြေရာ ႏွပ္ေတြေရာနဲ႔ ေပပြေနတာပဲ လူလူရာ ၊ ဘယ္လိုျဖစ္ေနတာတုန္းကြာ "

" မင္းမလာလို႔ ငါငိုေနတာေပါ့ ၊ အီးးးး ထူးစုတ္ ငါ့ကို အၾကာႀကီးပစ္ထားတယ္ မင္း.... "

ေျပာရင္းႏွင့္ ထူးပခံုးအား လက္သီးႏွင့္ထိုးမိခ်ိန္မွာ အထိုးခံရသူကေတာ့ စိတ္မဆိုးဘဲ ရယ္ေနခဲ့ပါ၏ ။

မေကာင္းတဲ့ေကာင္ ဟု ေရရြတ္ကာ ထပ္မံထိုးျပန္ေတာ့လည္း ႏိုင္ဘုန္းရဲ႕ လက္သီးဆုပ္ေတြကို ဖမ္းယူ တားဆီးျခင္းမရွိဘဲ ရယ္ၿမဲရယ္ေနခဲ့တဲ့အထိ ဆယ္ႏွစ္သား ထူးက လူႀကီးဆန္ခဲ့ေလသည္ ။

*********

အရင္နဲ႔မတူဘဲ ထူးျခားတာတစ္ခုက ထူးႏွင့္အတူ သူ႔အေဖဆိုသူပါ ပါလာတာပဲျဖစ္သည္ ။ မ်က္မွန္ပါးပါးၾကည္ၾကည္တပ္ထားတဲ့ ထိုလူႀကီးဟာ အသားျဖဴျဖဴ ေထာင္ေထာင္ေမာင္းေမာင္းႏွင့္ အေတာ္ႀကီးကို ၾကည့္ေကာင္းေလသည္ ။

ထူးကလည္း သူ႔အေဖတူလို႔ အသားျဖဴၿပီး အရပ္ရွည္တာထင္ပါရဲ႕ ဟု ေတြးမိလိုက္သည္ ။ ထူးအေဖႏွင့္ ႏိုင္ဘုန္းအေဖတို႔ စကားေတြအမ်ားႀကီးေျပာၾကသည္ ။ ႏိုင္ဘုန္းကေတာ့ အေဖေတြ ဘာေျပာလဲ စိတ္မဝင္စား ။ ထူးကို ဂ်ီတိုက္ဖို႔သာ စိတ္ဝင္စားမိ၏ ။

" မင္း ေနာက္တစ္ခါထပ္ၿပီး ေပ်ာက္မသြားနဲ႔ေတာ့ေနာ္ ထူး ၊ ဒီတစ္ခါထပ္လုပ္ရင္ မင္းကို ဘယ္ေတာ့မွမေခၚေတာ့ဘူး "

" ေပ်ာက္မသြားေတာ့ဘူး ၊ ငါ မင္းနဲ႔အတူတူေနေတာ့မွာ "

" ဟင္ တကယ္လား ၊ မင္း တကယ္ေျပာတာလား ထူး "

" တကယ္ေျပာတာေပါ့ လူလူရ ၊ ဟိုမွာ မေတြ႕ဘူးလား ငါ့ပစၥည္းေတြ... "

ထူး ညႊန္ျပရာသို႔ လွမ္းၾကည့္မိေတာ့ လူသံုးေယာက္က ကားအမဲႀကီးတစ္စီးေပၚမွာ အထုပ္ေတြကို ႏိုင္ဘုန္းတို႔အိမ္ေပါက္ဝသို႔ သယ္ခ်ေနၾက၏ ။ သို႔ေသာ္ျငား ႏိုင္ဘုန္းက သိပ္ၿပီးမယံုခ်င္ေသး ။ သူစိတ္ဆိုးမွာစိုးလို႔ ထူးက တမင္ေခၽြးသိပ္ၿပီး ေလ်ွာက္ေျပာေနတာဟု ထင္မိေသးသည္ ။

ေနာက္ဆံုး ထူးအေဖ အပါအဝင္ ကားအမဲႀကီးေတြေရာ ပါလာသမ်ွလူအားလံုးေရာ ျပန္သြားၿပီး အထုပ္ေတြနဲ႔ ထူးနဲ႔သာ က်န္ခဲ့ေတာ့မွ ႏိုင္ဘုန္းလည္း ထူးေျပာတာ အမွန္ပါလားဟု အံ့ၾသတႀကီးနဲ႔ လက္ခံလိုက္ရေတာ့တာျဖစ္သည္ ။

ထူးက ဘယ္လိုလုပ္ၿပီး မိမိတို႔အိမ္ကို ေရာက္လာသလဲဆိုတာမ်ိဳးအထိ ဆယ္ႏွစ္အရြယ္ ဦးေႏွာက္က ေသေသခ်ာခ်ာ မစဥ္းစားႏိုင္ ။ ႏိုင္ဘုန္းအေတြးထဲမွာ အေဖာ္ရတဲ့အတြက္ ေပ်ာ္ေနတာပဲ သိသည္ ။ ႏိုင္ဘုန္းရဲ႕အခန္းထဲမွာပဲ ကုတင္တစ္လံုးထပ္ထိုးကာ ႏွစ္ေယာက္အတူတူေနဖို႔ ေဖေဖက စီစဥ္ေပး၏ ။ ထူးရဲ႕ပစၥည္းေတြကို ဝိုင္းၿပီးေနရာခ်ရင္း ႏိုင္ဘုန္းအသံက စီစီညံေနသည္ ။

အလုပ္ေတြအားလံုးၿပီးလို႔ ထူး ေရခ်ိဳးခန္းထဲဝင္သြားေတာ့မွ အေပ်ာ္လြန္ၿပီး ဂနာမၿငိမ္ လႈပ္ယြလႈပ္ယြ ျဖစ္ေနတဲ့ႏိုင္ဘုန္းကို ေဖေဖ ခပ္ႀကိတ္ႀကိတ္ သတိေပးလာသည္က ထူးကို အႏိုင္မက်င့္ဖို႔ ၊ ဂ်ီမတိုက္ဖို႔ ၊ စိတ္ညစ္ေအာင္မလုပ္ဖို႔ ၊ ကိုယ္က အိမ္ရွင္ျဖစ္တဲ့အတြက္ ထူးအေပၚ အတတ္ႏိုင္ဆံုး ဂရုစိုက္ေပးဖို႔ ။

ဒါေတြ ေျပာလာေတာ့ ေဖေဖက ထူးကို သားထက္ပိုခ်စ္သြားတာလားဟု ႏိုင္ဘုန္းက မဟုတ္မွန္းသိသိႀကီးႏွင့္ ျပန္ကာ ဂ်စ္တိုက္လိုက္ေသးသည္ ။

ဘယ္သိပါ့မလဲ ။

ထူးအေဖက လက္နက္ကိုင္ ေသာင္းက်န္းသူ သူပုန္အဖြဲ႔အစည္းႀကီးတစ္ခုရဲ႕ေခါင္းေဆာင္ျဖစ္တဲ့အေၾကာင္း....

အဲ့ဒီ ထူးအေဖဟာ ထူးအေမကို အတင္းအၾကပ္ လက္ထပ္ထား၍ ေတာက္ေလ်ွာက္ အိမ္ေထာင္ေရးအဆင္မေျပျဖစ္ကာ အခုခ်ိန္မွာ ထူးအေမက တစ္ဦးတည္းေသာသားေလး ထူးကိုပင္ ထားခဲ့ကာ ဘယ္ကိုမွန္းမသိ ထြက္ေျပးသြားၿပီျဖစ္တဲ့အေၾကာင္း....

ထူးဟာ ကေလးတစ္ေယာက္မို႔ သူ႔အေဖဘာလုပ္ငန္းႏွင့္ အသက္ေမြးမွန္း ေရေရရာရာ မသိခဲ့ေပမယ့္ မေကာင္းတာတစ္ခုခုႏွင့္ဆိုတာကို ရိပ္မိကာ ထိုအခ်င္းအရာေပၚ လက္မခံနိုင္ျဖစ္ၿပီး အိမ္ကထြက္ေျပးဖို႔အထိပါ ႀကိဳးပမ္းခဲ့ဖူးေၾကာင္း....

နဂိုကတည္းက မိဘရဲ႕ေႏြးေထြးမႈကို မရခဲ့တဲ့ထူးဟာ မိခင္က သူ႔ကိုထားရစ္ၿပီး ဘယ္ဆီကိုမွန္းမသိ အစအနေဖ်ာက္ ထြက္ေျပးသြားတဲ့အခါ မစားမေသာက္ေတာ့ဘဲ စိတ္လြတ္သလိုျဖစ္တဲ့အထိ ျပင္းျပင္းထန္ထန္ စိတ္က်သြားေၾကာင္း....

ဒါေၾကာင့္ ထူးအေဖက သူ႔သားမေပ်ာ္ေမြ႔မႏွစ္သက္တဲ့ သူ႔အရိပ္ေအာက္မွာ ေနတာထက္ သူ႔သား ေနေပ်ာ္မယ့္ ႏိုင္ဘုန္းတို႔အိမ္မွာ ေနဖို႔ရာ ေတာင္းပန္ၿပီး အပ္ထားခဲ့တာျဖစ္ေၾကာင္း....

စတဲ့ အေၾကာင္းတရားေတြေၾကာင့္ ေဖေဖက ထူးကြယ္ရာမွာ ႏိုင္ဘုန္းကိုေခၚၿပီး ဂရုစိုက္ေပးဖို႔ေျပာခဲ့တယ္ဆိုတာ ႏိုင္ဘုန္း ဘယ္သိခဲ့ပါမလဲ ။

ဒီအျဖစ္ေတြကို ႏိုင္ဘုန္းတို႔ အလယ္တန္းေက်ာင္းသားအရြယ္ေလာက္ေရာက္ကာမွ တစ္စ,တစ္စ နဲ႔ တျဖည္းျဖည္းသိလာခဲ့ရတာျဖစ္သည္ ။

အဲ့လိုသာ အေစာႀကီးက သိခဲ့ရင္ စိတ္ဒဏ္ရာေတြနဲ႔ေရာက္လာတဲ့ထူးကို လက္သီးနဲ႔ထိုးၿပီး ႀကိဳဆိုတာမ်ိဳး ႏိုင္ဘုန္းက ဘယ္လုပ္ရက္ခဲ့ပါ့မလဲ ။

ဒါေပမယ့္လည္း ႏိုင္ဘုန္းသိပါသည္ ။ သူ႔လုပ္ရပ္ေတြအေပၚမွာ ထူးက ဘယ္တုန္းကမွ အျပစ္မျမင္ခဲ့ဘူးဆိုတာကို ။

ဘာေၾကာင့္လဲဆိုေတာ့ ထူးဟာ အရြယ္နဲ႔မလိုက္ေအာင္ ရင့္က်က္ခဲ့သူကိုး ။

**********

" ထူး ေလးငယ္တို႔အိမ္ကို ေရာက္လာရတဲ့အေၾကာင္းရင္းကေတာ့ အဲ့ဒါပဲ ခ်မ္း "

ေလးငယ္ရဲ႕စကားကိုၾကားၿပီးေနာက္မွာေတာ့ ခုနက အခ်ိဳးအခ်ိတ္လို ခ်မ္းတစ္ေယာက္ ကတ္ကတ္မလန္ႏိုင္ေတာ့ဘဲ ငိုင္ေတြေနမိသည္ ။

" မင္းကေတာ့ သူ႔ျဖစ္တည္မႈကို မုန္းခ်င္မုန္းမွာေပါ့ ၊ ေအး...ဒါေပမယ့္ ထူးက မင္းထက္ပိုၿပီး သူ႔ဘဝကိုသူ မုန္းေနတာ ၊ ရြံေနတာ ခ်မ္း ၊ သူဟာ ဘဝတစ္ေလ်ွာက္လံုး ဒီအေဖရဲ႕သားျဖစ္ေနခဲ့တဲ့အေပၚ သိမ္ငယ္စိတ္နဲ႔ေနလာခဲ့ရတာပါ ၊ ေလးငယ္တို႔တစ္မိသားစုလံုးက ဘယ္ေလာက္ပဲ ေမတၱာေပးေပး လူတကာက သူ႔ကို မုန္းေန ရြံေနမွာပဲဆိုတဲ့ အျပစ္သားတစ္ေယာက္လို စိတ္မ်ိဳးနဲ႔ ခုခ်ိန္ထိ ေနလာတာ "

ဟင့္အင္း ။ ခ်မ္းက... ခ်မ္းက ဦးသာကို မမုန္းပါဘူး ။ ဒီအတိုင္း မထင္မွတ္တာႀကီးကို ၾကားလာလိုက္ရလို႔ ေနာက္ၿပီး သူမ်ားေျပာမွ တစ္ဆင့္သိလာရတာမို႔ စိတ္ထဲတစ္မ်ိဳးျဖစ္ၿပီး ခုလိုေတြ ေလ်ွာက္လုပ္မိတာပါ ။ ဦးသာကို မုန္းေနတာမ်ိဳး တကယ္ မဟုတ္ရပါဘူး ။

စိတ္ထဲမွာ တတြတ္တြတ္ေျပာေနမိေသာ္ျငား တကယ္တမ္း ခ်မ္းႏႈတ္က ဘာစကားသံမွ ထြက္မလာဘဲ ဆြံ႕အေနမိသည္ ။

" ပတ္ဝန္းက်င္ရဲ႕ရိုက္ခတ္မႈက ကေလးဘဝမွာ သိပ္မသိသာေပမယ့္ အလယ္တန္းေက်ာင္းသားအရြယ္ေရာက္ေတာ့ ေတာ္ေတာ္ဆိုးဝါးလာခဲ့တယ္ ၊ ဒီၾကားထဲ ထူးက စာလည္းအရမ္းေတာ္ေတာ့ မနာလိုတဲ့သူေတြရဲ႕ ပိုၿပီးေျပာစရာပစ္မွတ္ျဖစ္ခဲ့ေသးတာ ၊ စာေတာ္တာဟာ တကယ့္အရည္အခ်င္းမဟုတ္ဘဲ ဖခင္ေၾကာင့္ပါ ဆိုတာမ်ိဳးအထိ ေစာင္းေျမာင္းေျပာၾကတာေတြအျပင္ တည့္တိုးေျပာတာေတြကိုပါ ၾကံဳရေသးတယ္ ၊ ဒါေတြကို ဘာတစ္ခုမွ မတုန္႔ျပန္ႏိုင္ဘဲ ၿငိမ္ေနခဲ့ရတဲ့ ဆယ္ေက်ာ္သက္တစ္ေယာက္ရဲ႕ စိတ္ဒဏ္ရာကို ေအးေအးခ်မ္းခ်မ္း ႀကီးျပင္းလာတဲ့ မင္းက ဘယ္လိုမွ နားလည္ႏိုင္မွာ မဟုတ္ဘူး ခ်မ္း "

ေျပာေနရင္း ေလးငယ္အသံက တိမ္ဝင္သြားသလို ခ်မ္းရင္ထဲလည္း တစ္ခုခုက ဆုပ္ညွစ္ထားသကဲ့သို႔ တင္းၾကပ္ေနရသည္ ။

" ၿပီးေတာ့ ထူးက ငယ္ငယ္ေလးကတည္းက ဆရာဝန္သိပ္ျဖစ္ခ်င္ခဲ့တာ ၊ သူ႕ရဲ႕ Idol က မင္းေမေမပဲ ၊ တစ္ခ်ိန္မွာ မမလိုပဲ ဆရာဝန္ျဖစ္ရမယ္ ၊ မမနဲ႔တူတူ ဆင္းရဲႏြမ္းပါးတဲ့ေဒသေတြမွာ ေဆးလိုက္ကုမယ္ဆိုတာ ထူးရဲ႕ ငယ္ဘဝအိပ္မက္ပဲ ၊ အေျပာသက္သက္မဟုတ္ဘဲ တကယ္လည္း စာႀကိဳးစားတယ္ ၊ ေတာ္လည္းေတာ္တယ္ဆိုေတာ့ ေလးငယ္တို႔တစ္မိသားစုလံုးက ထူးကို မမလိုပဲ ဆရာဝန္ျဖစ္လာမယ့္သူလို႔ အျပည့္အဝယံုၾကည္ခဲ့ၾကတယ္ "

" ဒါဆို ဦးသာက ဘာလို႔ ဆရာဝန္မျဖစ္တာလဲဟင္ "

အေလာတႀကီးေမးလိုက္တဲ့ ကိုယ့္အသံက တုန္ခိုက္ေနတာကို ကိုယ့္ဟာကိုယ္သိလိုက္ေပမယ့္လည္း ဖံုးဖိဖို႔ရာ ခ်မ္းကိုယ္၌က မႀကိဳးစားခ်င္ေတာ့ေပ ။

" ထူး ဆယ္တန္းေအာင္ေတာ့ ဘာသာစံုဂုဏ္ထူးနဲ႔ေအာင္ခဲ့တာ ၊ ေအာင္စာရင္းၾကည့္ၿပီးတာနဲ႔ ထူးေတာ့ က်ိန္းေသေပါက္ဆရာဝန္လုပ္လို႔ရၿပီဟဆိုၿပီး ႏွစ္ေယာက္သား အေပ်ာ္ႀကီးေပ်ာ္ၿပီး အိမ္ကိုျပန္ခဲ့ၾကတာေပါ့ ၊ အဲ့ဒီလမ္းမွာပဲ ထံုးစံမပ်က္ ေစာင္းေျမာင္းေျပာတဲ့စကားေတြကို နားနဲ႔ဆတ္ဆတ္ၾကားလိုက္ရတယ္ "

" ဘာ... ဘာစကားေတြလဲဟင္ "

" ဘာသာစံုထြက္ေတာ့ ဒီေကာင္က ဆရာဝန္လုပ္လို႔ရသြားၿပီေပါ့ တဲ့ ၊ ေနာက္တစ္ေယာက္က.... လူေတြကို ေသေဆးေရာင္းတဲ့ဘိန္းဘုရင္ရဲ႕သားက လူကယ္တဲ့ ဆရာဝန္လုပ္မယ္ဆိုေတာ့ လူၾကားမေကာင္းကြာ တဲ့ ၊ အဲ့ဒီစကားေတြက ထူးရဲ႕တက္ႂကြေနတဲ့ စိတ္ေတြ ရည္မွန္းခ်က္ေတြကို အၿပီးသတ္ ရိုက္ခ်ိဳးပစ္လိုက္ေတာ့တာပဲ "

" မဆိုင္ပါဘူး ၊ မဆိုင္ဘူးေလ ေလးငယ္ရာ ၊ ေလးငယ္တို႔က မတားၾကဘူးလား "

" ေနမလား ခ်မ္းရယ္ ၊ မတားဘဲေနပါ့မလား ၊ ဒါေပမယ့္ ေခါင္းမာတဲ့ထူးက သူ႔ဆံုးျဖတ္ခ်က္ကို လံုးဝမျပင္ခဲ့ဘူးေလ ၊ ဒီလိုဖခင္တစ္ေယာက္ရဲ႕ သားျဖစ္ေနတဲ့အေပၚ သူ႔ကိုယ္သူလည္း အျပစ္မကင္းသလို ခံစားေနရွာတာ ၊ ဟုတ္တယ္...ဦးခြန္သာရဲ႕သားျဖစ္တဲ့ သူက ဘယ္လိုမွ သမားဂုဏ္ေျမာက္တဲ့ ဆရာဝန္မျဖစ္ထိုက္ဘူးတဲ့ ၊ အဲ့ဒီစကားကိုပဲ တြင္တြင္ေျပာရင္း တကယ္ပဲ ဆရာဝန္ျဖစ္ခြင့္ကို လက္လႊတ္ပစ္ခဲ့တာ "

" မဟုတ္ေသးပါဘူးဗ်ာ "

" ေအး... ေဘးလူအေနနဲ႔ေတာ့ ပတ္ဝန္းက်င္စကားကို ဘာဂရုစိုက္စရာလိုလဲ လို႔ ထင္ေကာင္းထင္မွာေပါ့ ၊ ဒါေပမယ့္ စိတ္ဒဏ္ရာရေနတဲ့သူတစ္ေယာက္အေနနဲ႔ သူ႔ဆံုးျဖတ္ခ်က္က သူမ်ားနဲ႔တူခ်င္မွတူမယ္ ၊ ေလးငယ္ကေတာ့ သူ႔ေဘးမွာ ေတာက္ေလ်ွာက္ေနခဲ့ရလို႔နဲ႔တူပါရဲ႕ ၊ ထူးဆံုးျဖတ္ခ်က္ကို ရင္နာရေပမယ့္ ေကာင္းေကာင္းႀကီး နားလည္တယ္ "

ဒါ့ေၾကာင့္.... ဒီစိတ္ဒဏ္ရာေတြေၾကာင့္.... ။
ဘာလို႔ ဆရာဝန္မလုပ္ခဲ့တာလဲလို႔ ခ်မ္းေမးတုန္းက ဦးသာက တစ္မ်ိဳးျဖစ္ေနခဲ့တာလား..... ။

ကၽြန္ေတာ္ မွားသြားၿပီ ။

ကၽြန္ေတာ္ တကယ္ မွားသြားၿပီ ဦးသာရယ္...... ။

_____________________________

#For Unicode

ပြောရင်းနဲ့ လေးငယ်ရဲ့မျက်လုံးတွေထဲမှာ မြင်နေရတဲ့ ပြုံးရိပ်တွေက ငယ်ဘဝကို တကယ်ပဲ ပြန်ရောက်နေသလိုပင် ။ ဒီလိုလူအပေါ် လေးငယ် ဒီလောက် ပျော်ဝင်နေတာကို ချမ်း ဘယ်လိုမှ သဘောမကျနိုင်ပါ ။

လေးငယ်ရဲ့အတွေးစကိုရော စကားစကိုပါ အတင်းဝင်ဖြတ်မိသည် ။

" အဲ့ဒါနဲ့ပဲ ဦးထူးချွန်သာက လေးငယ်တို့အိမ်မှာ လာနေလိုက်တော့တာပေါ့ ဟုတ်လား "

" အဖြစ်အပျက်တွေက မင်းထင်သလောက် မရိုးစင်းဘူး ချမ်း "

" ဘယ်ရိုးစင်းမလဲ ၊ လက်နက်ကိုင် သောင်းကျန်းသူ သူပုန့်သားဖြစ်နေတယ်ဆိုကတည်းက ရိုးစင်းမှုဆိုတာ ဘယ်ရှိမှာလဲ "

" ကျွတ်... လေးငယ်ပြောတာတွေကို အရင်ဆုံးအောင် နားထောင်ပြီးမှ မင်းလုပ်ချင်သလိုလုပ် ချမ်း ၊ အဲ့ဒီအချိန်ထိမှ မင်းအနေနဲ့ ထူးအပေါ် မကြည်ဖြူဘူးဆိုရင်လည်း လေးငယ်အပြစ်မတင်ဘူး ၊ မင်းသဘောပဲ ၊ လူတစ်ယောက်အပေါ် မှန်မှန်ကန်ကန် သုံးသပ်တတ်အောင် မသင်ပေးမိတဲ့ လေးငယ်ကိုယ် လေးငယ်ပဲ အပြစ်တင်တော့မယ် "

ဟား.... ဒီလူကြီးနဲ့ပတ်သက်ရင် အဲ့လောက်ထိအောင်တောင် လေးငယ်က ဆတ်ဆတ်ခါတယ်ပေါ့ ။ လေးငယ်က ခုလို အထိမခံကာကွယ်လေ ချမ်းရဲ့အမြင်တွေက အဆိုးဘက်ကို ပိုပြီး ယိမ်းယိုင်လာလေလေ ဖြစ်ကုန်သည် ။

ဘာပဲဖြစ်ဖြစ် လေးငယ်ပြောချင်တာကို ဆုံးအောင်နားထောင်ပေးလိုက်ပါဦးမည် ။ ပြီးတော့မှ ဒီလူကြီးကို အိမ်ပေါ်မှာ ဆက်နေခိုင်းရင် ကျွန်တော် အိမ်ပေါ်ကဆင်းမယ်ဆိုတာမျိုး လုပ်ချလိုက်ကြည့် ။ လေးငယ်လည်း ဘာမှတတ်နိုင်တော့မှာမဟုတ် ။

ပွဲသိမ်းကွက်ပဲ ။

ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်သွားရင်း

" လေးငယ်ပြောတာကို ချမ်း ဆုံးအောင်နားထောင်ပေးပါ့မယ် ၊ ဆက်ပြောပါ လေးငယ် "

*********

နိုင်ဘုန်းတို့ အောင်စာရင်းထွက်ပြီးနောက် ရက်အနည်းငယ်အထိ ပျော်ပျော်ရွှင်ရွှင်ပဲ နေခဲ့ကြသည် ။ ထူးကလည်း မိုးလင်းတာနဲ့ အိမ်ကိုရောက်လာ ။ အိမ်မှာပဲ တစ်နေကုန်နေပြီး နိုင်ဘုန်းနဲ့ကစား ။ ညမိုးချုပ်လို့ သူ့အိမ်က ကားလာခေါ်မှ ပြန်သည် ။

ဒီလိုပဲ နေ့စဉ်လုပ်နေရာမှ တစ်မနက်မှာတော့ ထူးက ရောက်မလာတော့ချေ ။ နိုင်ဘုန်းမှာ တမျှော်မျှော်လုပ်ရင်း မနေနိုင်တဲ့အဆုံး ဖေဖေ့ကိုသွားကာ ဂျီကျမိတော့ နောက်နေ့လာမှာပေါ့ သားရယ် ဆိုတဲ့ ချွေးသိပ်စကားကိုသာ ရသည် ။ ဖေဖေ့စကားကို သိပ်ပြီးဘဝင်မကျပေမယ့် နိုင်ဘုန်းလည်း ထိုထက်ပိုပြီး ဘာမှမတတ်နိုင် ။

ဖေဖေက နောက်နေ့လာမှာပေါ့လို့ ပြောခဲ့ပေမယ့် ထူးကတော့ ဆယ့်ငါးရက်ပြည့်တဲ့အချိန်ထိ နိုင်ဘုန်းထံ ရောက်မလာခဲ့ပါ ။ တစ်ရက်လာနိုး တစ်ရက်လာနိုး တပိန်ပိန်တလိမ်လိမ်နှင့် တောင့်ခံရင်း မျှော်နေခဲ့တဲ့ နိုင်ဘုန်းဟာ ဆယ့်ငါးရက်ပြည့်တဲ့နေ့မှာ အောင့်အီးသည်းခံထားသမျှ ပေါက်ကွဲကုန်ကာ ငိုတော့သည် ။

ဖေဖေဘယ်လိုမှ ချော့ပြော ခြောက်ပြောလို့မရသည်အထိ ဟီးတိုက်ကာ ငိုသည် ။ ဖေဖေ့မှာလည်း တက်မတတ် ချက်မတတ် ငိုနေသော နိုင်ဘုန်းကို ကြည့်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်ကာ ဒုက္ခရောက်နေတော့၏ ။

ထူးဟာ အိမ်ကိုလွယ်လွယ်နှင့် လိုက်သွားပြီးတွေ့လို့ရတဲ့ ကလေးမျိုးမဟုတ်ကြောင်း သားဖြစ်သူနားလည်အောင် ဘယ်လိုရှင်းပြရမှန်းမသိ ။ ထူး နေမကောင်းလို့လားမသိဘူးဟု ယခင်နေ့တွေမှာ မေးနေကတည်းက နိုင်ဘုန်းဟာ ထူးနေတဲ့အိမ်ထိအောင် လိုက်သွားကြည့်ချင်နေမှန်း ဦးဘုန်းကျော် သိခဲ့ပါသည် ။

သို့သော်လည်း ထူးဟာ သာမန်မိသားစုက ကလေးမှမဟုတ်တာ ။ ထူးနေတဲ့အိမ်ထဲကို ရောက်ဖို့မပြောနဲ့ ။ ထိုအိမ်ကို အဝေးကနေတောင် မြင်ဖူးဖို့မလွယ်ပါလေ ။ ဒါတွေကို ဆယ်နှစ်အရွယ်သားငယ် သဘောပေါက်အောင် သူ မည်သို့ရှင်းပြရမည်နည်း ။

သားအဖနှစ်ယောက် ငိုရင်းချော့ရင်းနှင့် လုံးချာလိုက်နေစဉ် အိမ်ရှေ့မှကားသံတွေကြောင့် ထွက်ကြည့်မိတော့ မည်သည့်အမျိုးအစားမှန်းတောင် ပြောရခက်သည့် ကားအမဲကြီး ငါးစီးကို တွေ့လိုက်ရလေသည် ။

နိုင်ဘုန်းလည်း ငိုနေတာကို မေ့ကာ ထိုကားမဲမဲကြီးတွေဆီ တအံ့တသြနဲ့ စိုက်ကြည့်နေစဉ် အလယ်ကားမှ ကားတံခါးပွင့်လာကာ သူအမျှော်လင့်ကြီး မျှော်လင့်နေသော ထူးက ကားထဲမှဆင်းလာလေသောအခါမှာတော့

" ထူး.... "

ဝမ်းသာစိတ်က ထိန်းမရဖြစ်ပြီး ဖေဖေဆွဲနေသည့်ကြားမှ ထူးအားပြေးဖက်ကာ အတင်းကာရော ခွတက်မိတော့သည် ။

" မျက်ရည်တွေရော နှပ်တွေရောနဲ့ ပေပွနေတာပဲ လူလူရာ ၊ ဘယ်လိုဖြစ်နေတာတုန်းကွာ "

" မင်းမလာလို့ ငါငိုနေတာပေါ့ ၊ အီးးးး ထူးစုတ် ငါ့ကို အကြာကြီးပစ်ထားတယ် မင်း.... "

ပြောရင်းနှင့် ထူးပခုံးအား လက်သီးနှင့်ထိုးမိချိန်မှာ အထိုးခံရသူကတော့ စိတ်မဆိုးဘဲ ရယ်နေခဲ့ပါ၏ ။

မကောင်းတဲ့ကောင် ဟု ရေရွတ်ကာ ထပ်မံထိုးပြန်တော့လည်း နိုင်ဘုန်းရဲ့ လက်သီးဆုပ်တွေကို ဖမ်းယူ တားဆီးခြင်းမရှိဘဲ ရယ်မြဲရယ်နေခဲ့တဲ့အထိ ဆယ်နှစ်သား ထူးက လူကြီးဆန်ခဲ့လေသည် ။

*********

အရင်နဲ့မတူဘဲ ထူးခြားတာတစ်ခုက ထူးနှင့်အတူ သူ့အဖေဆိုသူပါ ပါလာတာပဲဖြစ်သည် ။ မျက်မှန်ပါးပါးကြည်ကြည်တပ်ထားတဲ့ ထိုလူကြီးဟာ အသားဖြူဖြူ ထောင်ထောင်မောင်းမောင်းနှင့် အတော်ကြီးကို ကြည့်ကောင်းလေသည် ။

ထူးကလည်း သူ့အဖေတူလို့ အသားဖြူပြီး အရပ်ရှည်တာထင်ပါရဲ့ ဟု တွေးမိလိုက်သည် ။ ထူးအဖေနှင့် နိုင်ဘုန်းအဖေတို့ စကားတွေအများကြီးပြောကြသည် ။ နိုင်ဘုန်းကတော့ အဖေတွေ ဘာပြောလဲ စိတ်မဝင်စား ။ ထူးကို ဂျီတိုက်ဖို့သာ စိတ်ဝင်စားမိ၏ ။

" မင်း နောက်တစ်ခါထပ်ပြီး ပျောက်မသွားနဲ့တော့နော် ထူး ၊ ဒီတစ်ခါထပ်လုပ်ရင် မင်းကို ဘယ်တော့မှမခေါ်တော့ဘူး "

" ပျောက်မသွားတော့ဘူး ၊ ငါ မင်းနဲ့အတူတူနေတော့မှာ "

" ဟင် တကယ်လား ၊ မင်း တကယ်ပြောတာလား ထူး "

" တကယ်ပြောတာပေါ့ လူလူရ ၊ ဟိုမှာ မတွေ့ဘူးလား ငါ့ပစ္စည်းတွေ... "

ထူး ညွှန်ပြရာသို့ လှမ်းကြည့်မိတော့ လူသုံးယောက်က ကားအမဲကြီးတစ်စီးပေါ်မှာ အထုပ်တွေကို နိုင်ဘုန်းတို့အိမ်ပေါက်ဝသို့ သယ်ချနေကြ၏ ။ သို့သော်ငြား နိုင်ဘုန်းက သိပ်ပြီးမယုံချင်သေး ။ သူစိတ်ဆိုးမှာစိုးလို့ ထူးက တမင်ချွေးသိပ်ပြီး လျှောက်ပြောနေတာဟု ထင်မိသေးသည် ။

နောက်ဆုံး ထူးအဖေ အပါအဝင် ကားအမဲကြီးတွေရော ပါလာသမျှလူအားလုံးရော ပြန်သွားပြီး အထုပ်တွေနဲ့ ထူးနဲ့သာ ကျန်ခဲ့တော့မှ နိုင်ဘုန်းလည်း ထူးပြောတာ အမှန်ပါလားဟု အံ့သြတကြီးနဲ့ လက်ခံလိုက်ရတော့တာဖြစ်သည် ။

ထူးက ဘယ်လိုလုပ်ပြီး မိမိတို့အိမ်ကို ရောက်လာသလဲဆိုတာမျိုးအထိ ဆယ်နှစ်အရွယ် ဦးနှောက်က သေသေချာချာ မစဉ်းစားနိုင် ။ နိုင်ဘုန်းအတွေးထဲမှာ အဖော်ရတဲ့အတွက် ပျော်နေတာပဲ သိသည် ။ နိုင်ဘုန်းရဲ့အခန်းထဲမှာပဲ ကုတင်တစ်လုံးထပ်ထိုးကာ နှစ်ယောက်အတူတူနေဖို့ ဖေဖေက စီစဉ်ပေး၏ ။ ထူးရဲ့ပစ္စည်းတွေကို ဝိုင်းပြီးနေရာချရင်း နိုင်ဘုန်းအသံက စီစီညံနေသည် ။

အလုပ်တွေအားလုံးပြီးလို့ ထူး ရေချိုးခန်းထဲဝင်သွားတော့မှ အပျော်လွန်ပြီး ဂနာမငြိမ် လှုပ်ယွလှုပ်ယွ ဖြစ်နေတဲ့နိုင်ဘုန်းကို ဖေဖေ ခပ်ကြိတ်ကြိတ် သတိပေးလာသည်က ထူးကို အနိုင်မကျင့်ဖို့ ၊ ဂျီမတိုက်ဖို့ ၊ စိတ်ညစ်အောင်မလုပ်ဖို့ ၊ ကိုယ်က အိမ်ရှင်ဖြစ်တဲ့အတွက် ထူးအပေါ် အတတ်နိုင်ဆုံး ဂရုစိုက်ပေးဖို့ ။

ဒါတွေ ပြောလာတော့ ဖေဖေက ထူးကို သားထက်ပိုချစ်သွားတာလားဟု နိုင်ဘုန်းက မဟုတ်မှန်းသိသိကြီးနှင့် ပြန်ကာ ဂျစ်တိုက်လိုက်သေးသည် ။

ဘယ်သိပါ့မလဲ ။

ထူးအဖေက လက်နက်ကိုင် သောင်းကျန်းသူ သူပုန်အဖွဲ့အစည်းကြီးတစ်ခုရဲ့ခေါင်းဆောင်ဖြစ်တဲ့အကြောင်း....

အဲ့ဒီ ထူးအဖေဟာ ထူးအမေကို အတင်းအကြပ် လက်ထပ်ထား၍ တောက်လျှောက် အိမ်ထောင်ရေးအဆင်မပြေဖြစ်ကာ အခုချိန်မှာ ထူးအမေက တစ်ဦးတည်းသောသားလေး ထူးကိုပင် ထားခဲ့ကာ ဘယ်ကိုမှန်းမသိ ထွက်ပြေးသွားပြီဖြစ်တဲ့အကြောင်း....

ထူးဟာ ကလေးတစ်ယောက်မို့ သူ့အဖေဘာလုပ်ငန်းနှင့် အသက်မွေးမှန်း ရေရေရာရာ မသိခဲ့ပေမယ့် မကောင်းတာတစ်ခုခုနှင့်ဆိုတာကို ရိပ်မိကာ ထိုအချင်းအရာပေါ် လက်မခံနိုင်ဖြစ်ပြီး အိမ်ကထွက်ပြေးဖို့အထိပါ ကြိုးပမ်းခဲ့ဖူးကြောင်း....

နဂိုကတည်းက မိဘရဲ့နွေးထွေးမှုကို မရခဲ့တဲ့ထူးဟာ မိခင်က သူ့ကိုထားရစ်ပြီး ဘယ်ဆီကိုမှန်းမသိ အစအနဖျောက် ထွက်ပြေးသွားတဲ့အခါ မစားမသောက်တော့ဘဲ စိတ်လွတ်သလိုဖြစ်တဲ့အထိ ပြင်းပြင်းထန်ထန် စိတ်ကျသွားကြောင်း....

ဒါကြောင့် ထူးအဖေက သူ့သားမပျော်မွေ့မနှစ်သက်တဲ့ သူ့အရိပ်အောက်မှာ နေတာထက် သူ့သား နေပျော်မယ့် နိုင်ဘုန်းတို့အိမ်မှာ နေဖို့ရာ တောင်းပန်ပြီး အပ်ထားခဲ့တာဖြစ်ကြောင်း....

စတဲ့ အကြောင်းတရားတွေကြောင့် ဖေဖေက ထူးကွယ်ရာမှာ နိုင်ဘုန်းကိုခေါ်ပြီး ဂရုစိုက်ပေးဖို့ပြောခဲ့တယ်ဆိုတာ နိုင်ဘုန်း ဘယ်သိခဲ့ပါမလဲ ။

ဒီအဖြစ်တွေကို နိုင်ဘုန်းတို့ အလယ်တန်းကျောင်းသားအရွယ်လောက်ရောက်ကာမှ တစ်စ,တစ်စ နဲ့ တဖြည်းဖြည်းသိလာခဲ့ရတာဖြစ်သည် ။

အဲ့လိုသာ အစောကြီးက သိခဲ့ရင် စိတ်ဒဏ်ရာတွေနဲ့ရောက်လာတဲ့ထူးကို လက်သီးနဲ့ထိုးပြီး ကြိုဆိုတာမျိုး နိုင်ဘုန်းက ဘယ်လုပ်ရက်ခဲ့ပါ့မလဲ ။

ဒါပေမယ့်လည်း နိုင်ဘုန်းသိပါသည် ။ သူ့လုပ်ရပ်တွေအပေါ်မှာ ထူးက ဘယ်တုန်းကမှ အပြစ်မမြင်ခဲ့ဘူးဆိုတာကို ။

ဘာကြောင့်လဲဆိုတော့ ထူးဟာ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ခဲ့သူကိုး ။

**********

" ထူး လေးငယ်တို့အိမ်ကို ရောက်လာရတဲ့အကြောင်းရင်းကတော့ အဲ့ဒါပဲ ချမ်း "

လေးငယ်ရဲ့စကားကိုကြားပြီးနောက်မှာတော့ ခုနက အချိုးအချိတ်လို ချမ်းတစ်ယောက် ကတ်ကတ်မလန်နိုင်တော့ဘဲ ငိုင်တွေနေမိသည် ။

" မင်းကတော့ သူ့ဖြစ်တည်မှုကို မုန်းချင်မုန်းမှာပေါ့ ၊ အေး...ဒါပေမယ့် ထူးက မင်းထက်ပိုပြီး သူ့ဘဝကိုသူ မုန်းနေတာ ၊ ရွံနေတာ ချမ်း ၊ သူဟာ ဘဝတစ်လျှောက်လုံး ဒီအဖေရဲ့သားဖြစ်နေခဲ့တဲ့အပေါ် သိမ်ငယ်စိတ်နဲ့နေလာခဲ့ရတာပါ ၊ လေးငယ်တို့တစ်မိသားစုလုံးက ဘယ်လောက်ပဲ မေတ္တာပေးပေး လူတကာက သူ့ကို မုန်းနေ ရွံနေမှာပဲဆိုတဲ့ အပြစ်သားတစ်ယောက်လို စိတ်မျိုးနဲ့ ခုချိန်ထိ နေလာတာ "

ဟင့်အင်း ။ ချမ်းက... ချမ်းက ဦးသာကို မမုန်းပါဘူး ။ ဒီအတိုင်း မထင်မှတ်တာကြီးကို ကြားလာလိုက်ရလို့ နောက်ပြီး သူများပြောမှ တစ်ဆင့်သိလာရတာမို့ စိတ်ထဲတစ်မျိုးဖြစ်ပြီး ခုလိုတွေ လျှောက်လုပ်မိတာပါ ။ ဦးသာကို မုန်းနေတာမျိုး တကယ် မဟုတ်ရပါဘူး ။

စိတ်ထဲမှာ တတွတ်တွတ်ပြောနေမိသော်ငြား တကယ်တမ်း ချမ်းနှုတ်က ဘာစကားသံမှ ထွက်မလာဘဲ ဆွံ့အနေမိသည် ။

" ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုက ကလေးဘဝမှာ သိပ်မသိသာပေမယ့် အလယ်တန်းကျောင်းသားအရွယ်ရောက်တော့ တော်တော်ဆိုးဝါးလာခဲ့တယ် ၊ ဒီကြားထဲ ထူးက စာလည်းအရမ်းတော်တော့ မနာလိုတဲ့သူတွေရဲ့ ပိုပြီးပြောစရာပစ်မှတ်ဖြစ်ခဲ့သေးတာ ၊ စာတော်တာဟာ တကယ့်အရည်အချင်းမဟုတ်ဘဲ ဖခင်ကြောင့်ပါ ဆိုတာမျိုးအထိ စောင်းမြောင်းပြောကြတာတွေအပြင် တည့်တိုးပြောတာတွေကိုပါ ကြုံရသေးတယ် ၊ ဒါတွေကို ဘာတစ်ခုမှ မတုန့်ပြန်နိုင်ဘဲ ငြိမ်နေခဲ့ရတဲ့ ဆယ်ကျော်သက်တစ်ယောက်ရဲ့ စိတ်ဒဏ်ရာကို အေးအေးချမ်းချမ်း ကြီးပြင်းလာတဲ့ မင်းက ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ဘူး ချမ်း "

ပြောနေရင်း လေးငယ်အသံက တိမ်ဝင်သွားသလို ချမ်းရင်ထဲလည်း တစ်ခုခုက ဆုပ်ညှစ်ထားသကဲ့သို့ တင်းကြပ်နေရသည် ။

" ပြီးတော့ ထူးက ငယ်ငယ်လေးကတည်းက ဆရာဝန်သိပ်ဖြစ်ချင်ခဲ့တာ ၊ သူ့ရဲ့ Idol က မင်းမေမေပဲ ၊ တစ်ချိန်မှာ မမလိုပဲ ဆရာဝန်ဖြစ်ရမယ် ၊ မမနဲ့တူတူ ဆင်းရဲနွမ်းပါးတဲ့ဒေသတွေမှာ ဆေးလိုက်ကုမယ်ဆိုတာ ထူးရဲ့ ငယ်ဘဝအိပ်မက်ပဲ ၊ အပြောသက်သက်မဟုတ်ဘဲ တကယ်လည်း စာကြိုးစားတယ် ၊ တော်လည်းတော်တယ်ဆိုတော့ လေးငယ်တို့တစ်မိသားစုလုံးက ထူးကို မမလိုပဲ ဆရာဝန်ဖြစ်လာမယ့်သူလို့ အပြည့်အဝယုံကြည်ခဲ့ကြတယ် "

" ဒါဆို ဦးသာက ဘာလို့ ဆရာဝန်မဖြစ်တာလဲဟင် "

အလောတကြီးမေးလိုက်တဲ့ ကိုယ့်အသံက တုန်ခိုက်နေတာကို ကိုယ့်ဟာကိုယ်သိလိုက်ပေမယ့်လည်း ဖုံးဖိဖို့ရာ ချမ်းကိုယ်၌က မကြိုးစားချင်တော့ပေ ။

" ထူး ဆယ်တန်းအောင်တော့ ဘာသာစုံဂုဏ်ထူးနဲ့အောင်ခဲ့တာ ၊ အောင်စာရင်းကြည့်ပြီးတာနဲ့ ထူးတော့ ကျိန်းသေပေါက်ဆရာဝန်လုပ်လို့ရပြီဟဆိုပြီး နှစ်ယောက်သား အပျော်ကြီးပျော်ပြီး အိမ်ကိုပြန်ခဲ့ကြတာပေါ့ ၊ အဲ့ဒီလမ်းမှာပဲ ထုံးစံမပျက် စောင်းမြောင်းပြောတဲ့စကားတွေကို နားနဲ့ဆတ်ဆတ်ကြားလိုက်ရတယ် "

" ဘာ... ဘာစကားတွေလဲဟင် "

" ဘာသာစုံထွက်တော့ ဒီကောင်က ဆရာဝန်လုပ်လို့ရသွားပြီပေါ့ တဲ့ ၊ နောက်တစ်ယောက်က.... လူတွေကို သေဆေးရောင်းတဲ့ဘိန်းဘုရင်ရဲ့သားက လူကယ်တဲ့ ဆရာဝန်လုပ်မယ်ဆိုတော့ လူကြားမကောင်းကွာ တဲ့ ၊ အဲ့ဒီစကားတွေက ထူးရဲ့တက်ကြွနေတဲ့ စိတ်တွေ ရည်မှန်းချက်တွေကို အပြီးသတ် ရိုက်ချိုးပစ်လိုက်တော့တာပဲ "

" မဆိုင်ပါဘူး ၊ မဆိုင်ဘူးလေ လေးငယ်ရာ ၊ လေးငယ်တို့က မတားကြဘူးလား "

" နေမလား ချမ်းရယ် ၊ မတားဘဲနေပါ့မလား ၊ ဒါပေမယ့် ခေါင်းမာတဲ့ထူးက သူ့ဆုံးဖြတ်ချက်ကို လုံးဝမပြင်ခဲ့ဘူးလေ ၊ ဒီလိုဖခင်တစ်ယောက်ရဲ့ သားဖြစ်နေတဲ့အပေါ် သူ့ကိုယ်သူလည်း အပြစ်မကင်းသလို ခံစားနေရှာတာ ၊ ဟုတ်တယ်...ဦးခွန်သာရဲ့သားဖြစ်တဲ့ သူက ဘယ်လိုမှ သမားဂုဏ်မြောက်တဲ့ ဆရာဝန်မဖြစ်ထိုက်ဘူးတဲ့ ၊ အဲ့ဒီစကားကိုပဲ တွင်တွင်ပြောရင်း တကယ်ပဲ ဆရာဝန်ဖြစ်ခွင့်ကို လက်လွှတ်ပစ်ခဲ့တာ "

" မဟုတ်သေးပါဘူးဗျာ "

" အေး... ဘေးလူအနေနဲ့တော့ ပတ်ဝန်းကျင်စကားကို ဘာဂရုစိုက်စရာလိုလဲ လို့ ထင်ကောင်းထင်မှာပေါ့ ၊ ဒါပေမယ့် စိတ်ဒဏ်ရာရနေတဲ့သူတစ်ယောက်အနေနဲ့ သူ့ဆုံးဖြတ်ချက်က သူများနဲ့တူချင်မှတူမယ် ၊ လေးငယ်ကတော့ သူ့ဘေးမှာ တောက်လျှောက်နေခဲ့ရလို့နဲ့တူပါရဲ့ ၊ ထူးဆုံးဖြတ်ချက်ကို ရင်နာရပေမယ့် ကောင်းကောင်းကြီး နားလည်တယ် "

ဒါ့ကြောင့်.... ဒီစိတ်ဒဏ်ရာတွေကြောင့်.... ။
ဘာလို့ ဆရာဝန်မလုပ်ခဲ့တာလဲလို့ ချမ်းမေးတုန်းက ဦးသာက တစ်မျိုးဖြစ်နေခဲ့တာလား..... ။

ကျွန်တော် မှားသွားပြီ ။

ကျွန်တော် တကယ် မှားသွားပြီ ဦးသာရယ်...... ။

_____________________________

Continue Reading

You'll Also Like

1.2M 92.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
252K 12.5K 45
unicode သူပြောသော ကြယ်ကြွေပုံပြင်ရဲ့ ဒုတိယအတွဲပါ zawgyi သူေျပာေသာ ၾကယ္ေႂကြပံုျပင္ရဲ့ ဒုတိယအတြဲပါ
1M 64.1K 53
မင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light
245K 23.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...