မျှော်လင့်ချက်လေးမပျက်ချင်ပါ...

By call_me_Tylor

422K 33.2K 825

လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်တဲ့ ... မျှော်လင့်ချက်မဲ့သွားရင်ရော ... လူေတြက ေမွ်ာ္လင့္ခ်က္နဲ႔ အသက္ရ... More

ေမွ်ာ္လင့္ခ်က္ေလးမပ်က္ခ်င္ပါ(Zawgyi&Unicode)
part 1 (Zawgyi&Unicode)
Part 2 (Zawgyi&Unicode)
Part 3(Zawgyi&Unicode)
Part 4 (Zawgyi&Unicode)
Part 5 (Zawgyi&Unicode)
Part 6 (Zawgyi&Unicode)
Part 7 (Zawgyi&Unicode)
Part 8 (Zawgyi&Unicode)
Part 9(Zawgyi&Unicode)
Part 10 (Zawgyi&Unicode)
Part 11(Zawgyi&Unicode)
Part 12(Zawgyi&Unicode)
Part 13(Zawgyi&Unicode)
Part 14(Zawgyi&Unicode)
Just for knowledge (Zawgyi&Unicode)
Part 15(Zawgyi&Unicode)
Part 16(Zawgyi&Unicode)
Part 17(Zawgyi&Unicode)
Part 18(Zawgyi&Unicode)
Part 19(Zawgyi&Unicode)
Part 20(Zawgyi&Unicode)
Part 21(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Part 22(Zawgyi&Unicode)
Part 23(Zawgyi&Unicode)
Part 24(Zawgyi&Unicode)
Part 25(Zawgyi&Unicode)
Part 26(Zawgyi&Unicode)
Part 27(Zawgyi&Unicode)
Part 28(Zawgyi&Unicode)
Part 29(Zawgyi&Unicode)
Part 30(Zawgyi&Unicode)
Part 31(Zawgyi&Unicode)
Part 32(Zawgyi&Unicode)
Part 33(Zawgyi&Unicode)
Part 34(Zawgyi&Unicode)
Part 35(Zawgyi&Unicode)
Part 36(Zawgyi&Unicode)
Part 37(Zawgyi&Unicode)
Part 38(Zawgyi&Unicode)
Part 39(Zawgyi&Unicode)
Part 41(Zawgyi&Unicode)
Part 42(Zawgyi&Unicode)
Part 43(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Final(Zawgyi&Unicode)
Thank you
Extra 1(Zawgyi&Unicode)
Extra 2(Zawgyi&Unicode)
Just for knowledge(Zawgyi)
Just for knowledge(Unicode)

Part 40(Zawgyi&Unicode)

5.1K 438 11
By call_me_Tylor

[Zawgyi]

'သားခန္႔ မ်က္နွာလဲ မေကာင္းပါလား ဘာျဖစ္လာလို႔လဲ မင္းျမတ္ေလးနဲ႔ ရန္ျဖစ္လာလို႔လား'

ခရီးကေန အိမ္ျပန္ေရာက္လာၿပီမလို႔ ထြက္ႀကိဳရွာတဲ့ ေမေမက ကားေပၚက ဆင္းလာတဲ့ ေသြးခန္႔ မ်က္နွာ မသာမယာျဖစ္ေနတာကိုျမင္ေတာ့ အိမ္ထဲေတာင္မဝင္ရေသး ခ်က္ခ်င္းတန္းေမးရွာသည္။ ေသြးခန္႔လဲ ေမ့ကို ခပ္ႏြမ္းႏြမ္းၿပံဳးျပလိုက္ၿပီး ေမ့လက္ေလးကို ဆြဲကာ ဧည့္ခန္းထဲမွာ တူတူဝင္ထိုင္သည္။

'သားတို႔အေၾကာင္းကို ေမေမသိသြားတုန္းကေလ ဘယ္လိုခံစားခဲ့ရလဲဟင္ ေမ'

'ဟမ္ ဘာလို႔ ေမးတာလဲသားရဲ႕'

ဆိုင္းမဆင့္ဗံုမဆင့္ ေသြးခန္႔ရဲ႕ ရုတ္တရက္အေမးေၾကာင့္ ေမေမအံ့ၾသသြားပံုေပၚပါသည္။

'ဒီေန႔ ခရီးက ျပန္ေရာက္ေရာက္ခ်င္း ကိုကို႔ အိမ္ကို အရင္လိုက္ပို႔ေပးတာ ... ကိုကို႔ မိဘေတြကိုလည္း သားတို႔ ပတ္သတ္မႈကို ဖြင့္ေျပာခဲ့တယ္ ေမ ... ဖြင့္ေျပာေတာ့ ျပင္းျပင္းထန္ထန္ တံု႔ျပန္တာမ်ိဳးလဲ မဟုတ္ပဲနဲ႔ သားတို႔ကို လက္မခံနိုင္ေၾကာင္းေျပာတယ္ ... အခုလို ခ်စ္ေနၾကတယ္ဆိုတာလဲ ရူးမိုက္ေနၾကရံုပဲတဲ့ ... ၿပီးေတာ့ မိဘတိုင္းက သားသမီး ဒီလိုျဖစ္ေနတာကို လက္မခံနိုင္ဘူးတဲ့ ... ခ်စ္လြန္းလို႔ အလိုလိုက္ၿပီး လက္ခံေပးရင္ေတာင္ မိဘေတြ ရင္ထဲမွာ ခံစားရတာခ်ည္းပဲတဲ့ ... သားျပန္စဥ္းစားၾကည့္တာ ေမ ... သားတို႔ကို လက္ခံေပးဖို႔က်ေတာ့ ေျပာခဲ့ၿပီး ေမဘယ္လို ခံစားခဲ့ရလဲ သားမေမးမိဘူး'

ရွည္လ်ားတဲ့ ေသြးခန္႔စကားအဆံုးမွာ ေမက ၿပံဳးရင္း ေသြးခန္႔ေခါင္းက ဆံပင္ေလးေတြကို လက္နဲ႔အသာအယာပြတ္သပ္ေပးသည္။

'အမွန္တိုင္းေျပာရရင္ ေမက မခံစားရပဲနဲ႔ေတာ့ ဘယ္ေနမွာလဲ သားရယ္ ... ေမ့သားက ေယာက္်ားေလးတစ္ေယာက္နဲ႔ ေမတၱာမွ်ေနတယ္ဆိုတာမ်ိဳးက အနည္းနဲ႔ အမ်ားေတာ့ စိတ္ေသာက ေရာက္ရတာေပါ့ ... ဒါေပမယ့္ ေမ့သားေလး ေပ်ာ္ေနတယ္လို႔ ေတြးလိုက္ရင္ ေမ ဘာမွမခံစားရေတာ့ဘူး ... ေမ ေျပာခဲ့တယ္ေလ ... အခ်စ္ဆိုတာမ်ိဳးက ကိုယ္ခ်စ္တဲ့သူပဲလို႔ ... သားနဲ႔ ေမေမပဲ ရွိေတာ့တဲ့ ဘဝမွာ ေမေမက သားကိုလဲ စိတ္ဆင္းရဲေအာင္ လုပ္ရက္ပါ့မလား ... မင္းျမတ္ေလးရဲ႕ မိဘေတြလဲ ရုတ္တရက္မလို႔ ေနမွာပါ သားငယ္ ... ဘယ္မိဘမွ သားသမီး စိတ္မခ်မ္းတာကို မၾကည့္ရက္ဘူး သားငယ္ရဲ႕ ... သားက ေယာက္်ားတစ္ေယာက္ဆိုတာက လြဲရင္ ဘာခ်ိဳ႕ယြင္းခ်က္မွ မရွိဘူးေလ ... သားက လက္ခံလာေအာင္ ႀကိဳးစားရမယ္ေလ ... ရူးမိုက္တာမဟုတ္တာကိုလဲ သက္ေသျပရမွာေပါ့'

'ရူးမိုက္တာလဲ မဟုတ္ဘူး ေမ ... သားက ကိုကိုနဲ႔ တစ္ဘဝလံုး လက္တြဲသြားခ်င္တာ'

ေမရဲ႕ စကားေတြကို ၾကားရေတာ့ ေသြးခန္႔ ဝမ္းနည္းဝမ္းသာနဲ႔ မ်က္ရည္လည္ရပါသည္။ တကယ္ကို အျပည့္အဝနားလည္ေပးထားသည္ပဲ ... ေမ နားလည္ေပးတယ္ဆိုမွ နားလည္မေပးနိုင္တဲ့ ေႏြဦးငယ္ရဲ႕ မိဘအေျခအေနကို ထပ္သတိရသြားသည္။ ခ်စ္ရသူရဲ႕ ဖခင္က မလိုလားတဲ့ အရိပ္အေယာင္မျပေသာ္ျငား မိခင္ကေတာ့ ခါးခါးသီးသီး ျဖစ္ေနသည္မလား ... ခုေတာင္ ျပန္လာခဲ့ရေပမယ့္ မိဘနွစ္ပါးၾကားမွာ ေႏြဦးငယ္ ဘယ္လိုက်န္ေနခဲ့မလဲဆိုတာ ေတြးမိၿပီး ေသြးခန္႔ ရင္ေမာရျပန္ပါသည္။

'လိုအပ္လာရင္ ေမေမလဲ လုပ္ေပးနိုင္တာ လုပ္ေပးမွာပါသား ... သားတို႔ၾကားက အခ်စ္က မွန္ဖို႔လိုတာ ... ေမအရင္က ေျပာခဲ့သလိုပဲ သူမ်ားသားသမီးကို ဖ်က္လို႔ဖ်က္ဆီးနဲ႔ ေမ့သားေလးက အေပ်ာ္အပ်က္မလုပ္ဖို႔ပဲ အဓိက'

စကားလံုးေတြနဲ႔ အေျဖျပန္မေပးပဲ ေမ့ရဲစကားေတြအတြက္ ေသြးခန္႔စိတ္ထဲကေနပဲ ကတိအထပ္ထပ္ေပးမိသည္။ ေႏြဦးငယ္ေလးအေပၚ ဘယ္ေလာက္စစ္မွန္ေၾကာင္း သူအသိဆံုး ... ခ်စ္တာထပ္ပိုၿပီးကို တြယ္ၿငိေနမိတာ ... ထိုခဏကေတာ့ ေသြးခန္႔ ေမ့ရင္ခြင္ထဲဝင္ၿပီး ၿငိမ္ေနမိပါသည္။ ေမကလဲ ေႏြးေႏြးေထြးေထြး ပိုက္ေထြးေပးထားသည္။ မိဘရင္ေငြ႕က ဘယ္အခ်ိန္ျဖစ္ျဖစ္ ေႏြးေထြးၿပီး စိတ္ေသာကေတြကိုပါ ေျပေပ်ာက္ေစပါတယ္ ...

>>>>>>>>>>>

မင္းျမတ္တို႔ အေျခအေနကေတာ့ ေသြးေအးတိုက္ပြဲတစ္ခုလို ... ခပ္ေအးေအး ျဖစ္ေနတာထက္ အဆံုးစြန္ထိ ေပါက္ကြဲထြက္ပစ္တာက ပိုခံသာမယ္ ထင္ေပမယ့္ လက္ရွိအေျခအေနက ထိုသို႔မဟုတ္ ... ေမႀကီးက သူ႔ဘက္က ဘယ္လိုနည္းနဲ႔မွ လက္မခံနိုင္ေၾကာင္းကို အျပတ္သပ္ေၾကညာထားသလို ... နဂိုကတည္းက ခပ္ေအးေအးေနတတ္တဲ့ ေဖကေတာ့ ဘာမွ ဝင္မေျပာရွာ ... သိုေပမယ့္ မင္းျမတ္သိခ်င္သည္။ ေမက လက္မခံေနတာ သိေပမယ့္ ေဖႀကီးရဲ႕ စိတ္ထဲမွာ ဘယ္လိုသေဘာရွိေနတယ္ ဆိုတာ ... ယေန႔နဲ႔ဆိုရင္ ခန္႔နဲ႔ မင္းျမတ္နဲ႔ မိဘေတြကို ဖြင့္ေျပာခဲ့တာ နွစ္ရက္ရွိေနၿပီ ... အေျခအေနကေတာ့ ေအးစက္စက္ ... ေမႀကီးကေတာ့ မင္းျမတ္ကို စကားလံုးဝမေျပာ ... ေဖကေတာ့ အၿမဲတမ္း မူပိုင္အၿပံဳးေလးနဲ႔ ေျပာစရာရွိတာေျပာရွာသည္။ ဒီၾကားရက္ေတြမွာ ခန္႔နဲ႔ မေတြ႕ရေပမယ့္ အၿမဲေတာ့ အဆက္အသြယ္ရွိသည္။ ခန္႔က စိတ္အပူလြန္ေနသည္ ထင္ရဲ႕ ... အခ်ိန္မလပ္ ဖုန္းဆက္ရင္ဆက္ မဆက္ရင္ စာပို႔ေနတတ္သည္။ သူတို႔ နွစ္ေယာက္ၾကားမွာ ဆက္သြယ္လို႔ ရေနတာကိုပဲ ႀကံဖန္ၿပီး ေက်းဇူးတင္ေနရမလို ...

'သားငယ္ ေဖႀကီးနဲ႔ စကားေျပာရေအာင္'

အခန္းထဲမွာ မင္းျမတ္ ခန္႔နဲ႔ စာပို႔ရင္း စကားေျပာေနတုန္း ေဖႀကီးက စကားေျပာရေအာင္ ဆိုလို႔ မင္းျမတ္လဲ ခန္႔ကို အက်ိဳးအေၾကာင္း ေျပာျပၿပီး ေဖႀကီး ေနာက္ လိုက္ခဲ့လိုက္သည္။ ေႏြးေထြးမႈေလးက ေဖႀကီးနဲ႔ သူ႔ရဲ႕ေႏြဦးငယ္က စကားျပာရမယ္ဆိုေတာ့ စိတ္ပူေနရွာေသးလို႔ ခဏပဲ ၾကာမယ္ဆိုၿပီး ေခ်ာ့ခဲ့ရေသး ... ေဖႀကီး ေနာက္ကို လိုက္ခဲ့ေတာ့ ေဖႀကီးက ၿခံထဲဆင္းၿပီး မိသားစု ဒန္းေလးေပၚမွာ ထိုင္ေနသည္။

'လာ သားငယ္ ေဖႀကီးနားလာထိုင္'

'.....'

ေဖႀကီးက သူထိုင္ေနတဲ့ ဒန္းေလးရဲ႕ ေဘးက ေနရာလြတ္ေလးကို လက္နဲ႔ပုတ္ၿပီး ထိုင္ခိုင္းတာေၾကာင့္ မင္းျမတ္လဲ ဘာမွမေျပာပဲ ဝင္ထိုင္လိုက္သည္။

'သားနဲ႔ ဟိုသူငယ္ေလး ကိစၥကို သားတို႔ ဖြင့္ေျပာတုန္းက ေဖႀကီး ေတာ္ေတာ္ shock ရတယ္ သားငယ္ မင္းေမႀကီးေရာပဲ အဲ့ေန႔ညက မင္းေမႀကီးလဲ ငိုတယ္'

'ေဖႀကီး သားေလ ...'

'ေဖႀကီး ေျပာတာ နားေထာင္ဦး သားငယ္'

ေမႀကီးငိုတယ္ဆိုေတာ့လဲ မင္းျမတ္မွာ ရင္ထဲပူေလာင္လွပါသည္။ မိဘမ်က္ရည္က်တယ္ ၾကားေတာ့ ဘယ္သားသမီးက စိတ္ေကာင္းပါ့မလဲေလ ...

'ေဖႀကီးတို႔လဲ ပညာတတ္ေတြပါသား ဒါေတြ နားလည္တယ္ ... ခုေခတ္မွာ ဒီလိုမ်ိဳးေတြ ရွိၾကတာ မသိရေအာင္ ေဖတို႔က မ်က္စိပိတ္ နားပိတ္ေတြမွ မဟုတ္ပဲ သားငယ္ ... social media မွာ သားတို႔လို ကေလးေလးေတြ မိသားစုဖိအားေၾကာင့္ ပတ္ဝန္းက်င္ဖိအားေၾကာင့္ အမ်ိဳးမ်ိဳးဖိအားေတြေၾကာင့္နဲ႔ အသက္ေတြထိပါ စေတးၾကရတာေတြလဲ ေဖႀကီးတို႔ သိတယ္ ... ေဖႀကီးတို႔က သားငယ္ေလးကို အဲ့လို အျဖစ္မခံနိုင္ဘူးသား ... သားေမႀကီးဆိုတာကလဲ သားေလးတစ္ေယာက္ပဲရွိေတာ့ လက္မခံနိုင္တာ မဆန္းဘူး ... ေဖႀကီးေတာင္ စိတ္မေကာင္းျဖစ္ရတာ ဝမ္းနဲ႔လြယ္ေမြးထားရတဲ့ သားေမႀကီးက ပိုဆိုးတယ္ေလ ... သားေမႀကီးကို နားလည္ေပးလိုက္ပါ ... ေသြးခန္႔ဆိုတဲ့ကေလးနဲ႔ သားနဲ႔က အတည္ေမတၱာမွ်ေနၾကတာဆိုရင္ ေဖႀကီးက ဘာမွမေျပာလိုဘူး ... ေကာက္ရိုးမီးေတာ့ မလုပ္ၾကနဲ႔ ... သားေမႀကီး ေျပာသလိုပဲ ... လူ႔အသိုင္းအဝိုင္းမွာေနေနသေ႐ြ႕ကေတာ့ ပတ္ဝန္းက်င္ဆိုတာနဲ႔ ပတ္သတ္ေနရမွာပဲ ... ကိုယ့္ထမင္းကိုယ္စားေနၾကေပမယ့္ ေျပာစရာပါးစပ္ေတြ ရွိေနသမွ်ေတာ့ ေျပာၾကမွာပဲ ... ကိုယ္မ်က္ေခ်းကိုယ္မျမင္ပဲ သူမ်ားမ်က္ေခ်းပဲ ျမင္တတ္ၾကတာ သဘာဝပဲမလား'

'.....'

အၿမဲတမ္း စကားနည္းၿပီး ေအးေအးခ်မ္းခ်မ္းေနတတ္တဲ့ ဖခင္က ဒီလို စကားေတြ တနံတလ်ားေျပာဖို႔ဆိုတာ မင္းျမတ္ကိစၥနဲ႔ ပတ္သတ္ၿပီး စိတ္မေကာင္း အလြန္ျဖစ္ေနမယ္ဆိုတာ ေတြးၾကည့္စရာမလို ... မ်က္မွန္တပ္ရၿပီး ဝဝဖိုင့္ဖိုင့္ေလးနဲ႔ ဒန္းေလးေပၚမွာ ထိုင္ေနတဲ့ ေဖႀကီးကို မင္းျမတ္ စိုက္ၾကည့္ေနမိသည္။ မ်က္မွန္ေအာက္က ေဖႀကရဲ႕ မ်က္ဝန္းေတြကေတာ့ ေငြ႕ရည္ဖြဲ႕သီလို႔ ...

'သားေမႀကီးကလဲ ရုတ္တရက္မလို႔ပါ ... သားကို သားေမႀကီးက သိပ္ခ်စ္တာ သားငယ္ရ ... မင္းကို အျပစ္တင္ဖို႔ဆိုတာထက္ တစ္ညလံုး သူ႔ကိုယ္သူပဲ အျပစ္တင္ေနခဲ့တာ ... ၿပီးေတာ့ ကိစၥတစ္ခုက ယမင္းဆိုတဲ့ သူငယ္မေလးနဲ႔ ကိစၥပဲသားငယ္ ... ကတိေပးထားတာေတြမလို႔ သားေမႀကီးကလဲ မ်က္နွာပူေနပံုရတယ္ ... သားအၾကာင္းကို သိထားၿပီး သူမ်ားသမီးပ်ိဳနဲ႔ ထပ္ေပးစားရေအာင္လဲ ေဖႀကီးတို႔က သမီးမရွိေပမယ့္ သားသမီးခ်င္း ကိုယ္ခ်င္းစာတတ္တယ္ သားငယ္ ... ေျပာခ်င္တာက သားဇာတ္ကို သားနိုင္ေအာင္ကဖို႔ပဲ ... အဲ့သူငယ္မေလးကို သားဘယ္လိုလုပ္မလဲ'

'ေဖႀကီးနဲ႔ ေမႀကီးလက္ခံတာနဲ႔ သားတို႔ က်န္တာေတြပါ အကုန္ေျဖရွင္းမွာပါ ေဖႀကီး'

'ေယာက္်ားဆိုတာ ကိုယ့္တာဝန္ကိုယ္ယူနိုင္ဖို႔ပဲ လိုတာ ... အေျပာင္အပ်က္မဟုတ္ဘူး သားငယ္ ... ယမင္းေလးက သားသူငယ္ခ်င္းပဲမလား ... သားတို႔ သူငယ္ခ်င္းအခ်င္းခ်င္း ေျဖရွင္းၾက '

'အဲ့အတြက္ ေသခ်ာေပါက္ စိတ္ခ်ပါ ေဖႀကီး'

'အင္းး မ်က္စိေရွ႕တင္ ေဖ့သားေလးက အ႐ြယ္ေရာက္လာတာ ... ငယ္ငယ္ကဆို ေဖႀကီး ဘယ္သြားသြား ေျခေထာက္တိုတိုလံုးလံုးေလးေတြနဲ႔ လိုက္တတ္တဲ့ ကေလးေလးကေလ ... မေန႔တေန႔ကလိုပဲ ေဖႀကီးလက္ကို တြဲထားတဲ့ လက္ေဖာင္းေဖာင္းေလးေတြနဲ႔ ကေလးေလးက ဒီအ႐ြယ္ထိ ေရာက္လာတာ ... ေဖႀကီးနဲ႔ ေမႀကီးရဲ႕ လက္ကို တစ္ေယာက္တစ္ဖက္စီတြဲၿပီး ယိုင္တိုင္တိုင္ေလးနဲ႔ လမ္းေလွ်ာက္သင္တဲ့ ကေလးေလးကေလ ... ေကာင္းေကာင္းႀကီးျပင္းလာတာ ေဖႀကီးတို႔ ကေလးေလးက'

မင္းျမတ္တကယ္ကို ရင္ထဲဆို႔လာရသည္။ ဘယ္ေလာက္အ႐ြယ္ေရာက္လာလာ မိဘမ်က္လံုးထဲမွာ သူတို႔ကို အားကိုးေနရေသးတဲ့ ကေလးေလးသာ ... မင္းျမတ္ကို ၾကည့္ရင္း မ်က္ရည္တို႔ဝဲေနတဲ့ ေဖႀကီးက ေဘးေလးေစာင္းလို႔ လက္နွစ္ဖက္ကို ေဘးကားေပးလာသည္။ တကယ္ကိုပါပဲ ဘယ္ေလာက္ၿပိဳလဲေနေန ေဖးမဖို႔ မိဘရင္ခြင္က အၿမဲအဆင္သင့္ ... မင္းျမတ္မ်က္ရည္တို႔ ထိန္းမထားနိုင္ေတာ့ ေဖႀကီးကားေပးထားတဲ့ လက္ၾကားထဲဝင္ၿပီး ေဖႀကီး ပုခံုးေပၚမ်က္နွာအပ္လို႔ ရွိုက္ငိုမိတယ္ ...

'ေဖႀကီးက သားငယ္ကို ကေလးေလးလို႔ ျမင္ေနေသးတာလဲ မမွားဘူး ... ေဖ့သားငယ္ေလးက ခုထိ ကေလးေလးလို အငိုသန္ေနတုန္း'

'သားက ေဖႀကီးတို႔ အတြက္ အၿမဲကေလးေလးပါပဲ ေဖႀကီး ... ေဖႀကီးတို႔ ေမႀကီးတို႔ ရင္ခြင္ကို လိုအပ္တဲ့ ကေလး ၿပီးေတာ့ ေဖတို႔ကို အားကိုးၿပီး လမ္းေလွ်ာက္သင္ခဲ့ရသလိုမ်ိဳး ေဖႀကီးတို႔က သားအတြက္ခုခ်ိန္ထိကို အားကိုးရာေတြ'

'တိတ္တိတ္ သားငယ္ေလး မငိုရဘူး ေတာ္ၿပီ'

မငိုနဲ႔လို႔ေျပာေနတဲ့ ေဖႀကီးကိုယ္တိုင္ကလဲ မ်က္ရည္ေတြနဲ႔ ဆိုတာ မင္းျမတ္သိပါသည္။ ေဖႀကီးကို ဖက္ထားရက္နဲ႔ပင္ အိမ္ေရွ႕ဆင္ဝင္ေအာက္မွာ မတ္တပ္ရပ္ေနတဲ့ ေမႀကီးကို ျမင္ရသည္။ မင္းျမတ္နဲ႔ သူသိပ္ခ်စ္ရတဲ့ ခန္႔အတြက္ အနာဂတ္က အရမ္းမခက္ခဲေလာက္ဘူးဆိုတာ ေသခ်ာေနပါသည္။

__________

Home is where,your heart is there ...

To be continue ...

2nd May,2020(Sat)
WhiteAster089




[Unicode]

'သားခန့် မျက်နှာလဲ မကောင်းပါလား ဘာဖြစ်လာလို့လဲ မင်းမြတ်လေးနဲ့ ရန်ဖြစ်လာလို့လား'

ခရီးကနေ အိမ်ပြန်ရောက်လာပြီမလို့ ထွက်ကြိုရှာတဲ့ မေမေက ကားပေါ်က ဆင်းလာတဲ့ သွေးခန့် မျက်နှာ မသာမယာဖြစ်နေတာကိုမြင်တော့ အိမ်ထဲတောင်မဝင်ရသေး ချက်ချင်းတန်းမေးရှာသည်။ သွေးခန့်လဲ မေ့ကို ခပ်နွမ်းနွမ်းပြုံးပြလိုက်ပြီး မေ့လက်လေးကို ဆွဲကာ ဧည့်ခန်းထဲမှာ တူတူဝင်ထိုင်သည်။

'သားတို့အကြောင်းကို မေမေသိသွားတုန်းကလေ ဘယ်လိုခံစားခဲ့ရလဲဟင် မေ'

'ဟမ် ဘာလို့ မေးတာလဲသားရဲ့'

ဆိုင်းမဆင့်ဗုံမဆင့် သွေးခန့်ရဲ့ ရုတ်တရက်အမေးကြောင့် မေမေအံ့သြသွားပုံပေါ်ပါသည်။

'ဒီနေ့ ခရီးက ပြန်ရောက်ရောက်ချင်း ကိုကို့ အိမ်ကို အရင်လိုက်ပို့ပေးတာ ... ကိုကို့ မိဘတွေကိုလည်း သားတို့ ပတ်သတ်မှုကို ဖွင့်ပြောခဲ့တယ် မေ ... ဖွင့်ပြောတော့ ပြင်းပြင်းထန်ထန် တုံ့ပြန်တာမျိုးလဲ မဟုတ်ပဲနဲ့ သားတို့ကို လက်မခံနိုင်ကြောင်းပြောတယ် ... အခုလို ချစ်နေကြတယ်ဆိုတာလဲ ရူးမိုက်နေကြရုံပဲတဲ့ ... ပြီးတော့ မိဘတိုင်းက သားသမီး ဒီလိုဖြစ်နေတာကို လက်မခံနိုင်ဘူးတဲ့ ... ချစ်လွန်းလို့ အလိုလိုက်ပြီး လက်ခံပေးရင်တောင် မိဘတွေ ရင်ထဲမှာ ခံစားရတာချည်းပဲတဲ့ ... သားပြန်စဉ်းစားကြည့်တာ မေ ... သားတို့ကို လက်ခံပေးဖို့ကျတော့ ပြောခဲ့ပြီး မေဘယ်လို ခံစားခဲ့ရလဲ သားမမေးမိဘူး'

ရှည်လျားတဲ့ သွေးခန့်စကားအဆုံးမှာ မေက ပြုံးရင်း သွေးခန့်ခေါင်းက ဆံပင်လေးတွေကို လက်နဲ့အသာအယာပွတ်သပ်ပေးသည်။

'အမှန်တိုင်းပြောရရင် မေက မခံစားရပဲနဲ့တော့ ဘယ်နေမှာလဲ သားရယ် ... မေ့သားက ယောက်ျားလေးတစ်ယောက်နဲ့ မေတ္တာမျှနေတယ်ဆိုတာမျိုးက အနည်းနဲ့ အများတော့ စိတ်သောက ရောက်ရတာပေါ့ ... ဒါပေမယ့် မေ့သားလေး ပျော်နေတယ်လို့ တွေးလိုက်ရင် မေ ဘာမှမခံစားရတော့ဘူး ... မေ ပြောခဲ့တယ်လေ ... အချစ်ဆိုတာမျိုးက ကိုယ်ချစ်တဲ့သူပဲလို့ ... သားနဲ့ မေမေပဲ ရှိတော့တဲ့ ဘဝမှာ မေမေက သားကိုလဲ စိတ်ဆင်းရဲအောင် လုပ်ရက်ပါ့မလား ... မင်းမြတ်လေးရဲ့ မိဘတွေလဲ ရုတ်တရက်မလို့ နေမှာပါ သားငယ် ... ဘယ်မိဘမှ သားသမီး စိတ်မချမ်းတာကို မကြည့်ရက်ဘူး သားငယ်ရဲ့ ... သားက ယောက်ျားတစ်ယောက်ဆိုတာက လွဲရင် ဘာချို့ယွင်းချက်မှ မရှိဘူးလေ ... သားက လက်ခံလာအောင် ကြိုးစားရမယ်လေ ... ရူးမိုက်တာမဟုတ်တာကိုလဲ သက်သေပြရမှာပေါ့'

'ရူးမိုက်တာလဲ မဟုတ်ဘူး မေ ... သားက ကိုကိုနဲ့ တစ်ဘဝလုံး လက်တွဲသွားချင်တာ'

မေရဲ့ စကားတွေကို ကြားရတော့ သွေးခန့် ဝမ်းနည်းဝမ်းသာနဲ့ မျက်ရည်လည်ရပါသည်။ တကယ်ကို အပြည့်အဝနားလည်ပေးထားသည်ပဲ ... မေ နားလည်ပေးတယ်ဆိုမှ နားလည်မပေးနိုင်တဲ့ နွေဦးငယ်ရဲ့ မိဘအခြေအနေကို ထပ်သတိရသွားသည်။ ချစ်ရသူရဲ့ ဖခင်က မလိုလားတဲ့ အရိပ်အယောင်မပြသော်ငြား မိခင်ကတော့ ခါးခါးသီးသီး ဖြစ်နေသည်မလား ... ခုတောင် ပြန်လာခဲ့ရပေမယ့် မိဘနှစ်ပါးကြားမှာ နွေဦးငယ် ဘယ်လိုကျန်နေခဲ့မလဲဆိုတာ တွေးမိပြီး သွေးခန့် ရင်မောရပြန်ပါသည်။

'လိုအပ်လာရင် မေမေလဲ လုပ်ပေးနိုင်တာ လုပ်ပေးမှာပါသား ... သားတို့ကြားက အချစ်က မှန်ဖို့လိုတာ ... မေအရင်က ပြောခဲ့သလိုပဲ သူများသားသမီးကို ဖျက်လို့ဖျက်ဆီးနဲ့ မေ့သားလေးက အပျော်အပျက်မလုပ်ဖို့ပဲ အဓိက'

စကားလုံးတွေနဲ့ အဖြေပြန်မပေးပဲ မေ့ရဲစကားတွေအတွက် သွေးခန့်စိတ်ထဲကနေပဲ ကတိအထပ်ထပ်ပေးမိသည်။ နွေဦးငယ်လေးအပေါ် ဘယ်လောက်စစ်မှန်ကြောင်း သူအသိဆုံး ... ချစ်တာထပ်ပိုပြီးကို တွယ်ငြိနေမိတာ ... ထိုခဏကတော့ သွေးခန့် မေ့ရင်ခွင်ထဲဝင်ပြီး ငြိမ်နေမိပါသည်။ မေကလဲ နွေးနွေးထွေးထွေး ပိုက်ထွေးပေးထားသည်။ မိဘရင်ငွေ့က ဘယ်အချိန်ဖြစ်ဖြစ် နွေးထွေးပြီး စိတ်သောကတွေကိုပါ ပြေပျောက်စေပါတယ် ...

>>>>>>>>>>>

မင်းမြတ်တို့ အခြေအနေကတော့ သွေးအေးတိုက်ပွဲတစ်ခုလို ... ခပ်အေးအေး ဖြစ်နေတာထက် အဆုံးစွန်ထိ ပေါက်ကွဲထွက်ပစ်တာက ပိုခံသာမယ် ထင်ပေမယ့် လက်ရှိအခြေအနေက ထိုသို့မဟုတ် ... မေကြီးက သူ့ဘက်က ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ကြောင်းကို အပြတ်သပ်ကြေညာထားသလို ... နဂိုကတည်းက ခပ်အေးအေးနေတတ်တဲ့ ဖေကတော့ ဘာမှ ဝင်မပြောရှာ ... သိုပေမယ့် မင်းမြတ်သိချင်သည်။ မေက လက်မခံနေတာ သိပေမယ့် ဖေကြီးရဲ့ စိတ်ထဲမှာ ဘယ်လိုသဘောရှိနေတယ် ဆိုတာ ... ယနေ့နဲ့ဆိုရင် ခန့်နဲ့ မင်းမြတ်နဲ့ မိဘတွေကို ဖွင့်ပြောခဲ့တာ နှစ်ရက်ရှိနေပြီ ... အခြေအနေကတော့ အေးစက်စက် ... မေကြီးကတော့ မင်းမြတ်ကို စကားလုံးဝမပြော ... ဖေကတော့ အမြဲတမ်း မူပိုင်အပြုံးလေးနဲ့ ပြောစရာရှိတာပြောရှာသည်။ ဒီကြားရက်တွေမှာ ခန့်နဲ့ မတွေ့ရပေမယ့် အမြဲတော့ အဆက်အသွယ်ရှိသည်။ ခန့်က စိတ်အပူလွန်နေသည် ထင်ရဲ့ ... အချိန်မလပ် ဖုန်းဆက်ရင်ဆက် မဆက်ရင် စာပို့နေတတ်သည်။ သူတို့ နှစ်ယောက်ကြားမှာ ဆက်သွယ်လို့ ရနေတာကိုပဲ ကြံဖန်ပြီး ကျေးဇူးတင်နေရမလို ...

'သားငယ် ဖေကြီးနဲ့ စကားပြောရအောင်'

အခန်းထဲမှာ မင်းမြတ် ခန့်နဲ့ စာပို့ရင်း စကားပြောနေတုန်း ဖေကြီးက စကားပြောရအောင် ဆိုလို့ မင်းမြတ်လဲ ခန့်ကို အကျိုးအကြောင်း ပြောပြပြီး ဖေကြီး နောက် လိုက်ခဲ့လိုက်သည်။ နွေးထွေးမှုလေးက ဖေကြီးနဲ့ သူ့ရဲ့နွေဦးငယ်က စကားပြာရမယ်ဆိုတော့ စိတ်ပူနေရှာသေးလို့ ခဏပဲ ကြာမယ်ဆိုပြီး ချော့ခဲ့ရသေး ... ဖေကြီး နောက်ကို လိုက်ခဲ့တော့ ဖေကြီးက ခြံထဲဆင်းပြီး မိသားစု ဒန်းလေးပေါ်မှာ ထိုင်နေသည်။

'လာ သားငယ် ဖေကြီးနားလာထိုင်'

'.....'

ဖေကြီးက သူထိုင်နေတဲ့ ဒန်းလေးရဲ့ ဘေးက နေရာလွတ်လေးကို လက်နဲ့ပုတ်ပြီး ထိုင်ခိုင်းတာကြောင့် မင်းမြတ်လဲ ဘာမှမပြောပဲ ဝင်ထိုင်လိုက်သည်။

'သားနဲ့ ဟိုသူငယ်လေး ကိစ္စကို သားတို့ ဖွင့်ပြောတုန်းက ဖေကြီး တော်တော် shock ရတယ် သားငယ် မင်းမေကြီးရောပဲ အဲ့နေ့ညက မင်းမေကြီးလဲ ငိုတယ်'

'ဖေကြီး သားလေ ...'

'ဖေကြီး ပြောတာ နားထောင်ဦး သားငယ်'

မေကြီးငိုတယ်ဆိုတော့လဲ မင်းမြတ်မှာ ရင်ထဲပူလောင်လှပါသည်။ မိဘမျက်ရည်ကျတယ် ကြားတော့ ဘယ်သားသမီးက စိတ်ကောင်းပါ့မလဲလေ ...

'ဖေကြီးတို့လဲ ပညာတတ်တွေပါသား ဒါတွေ နားလည်တယ် ... ခုခေတ်မှာ ဒီလိုမျိုးတွေ ရှိကြတာ မသိရအောင် ဖေတို့က မျက်စိပိတ် နားပိတ်တွေမှ မဟုတ်ပဲ သားငယ် ... social media မှာ သားတို့လို ကလေးလေးတွေ မိသားစုဖိအားကြောင့် ပတ်ဝန်းကျင်ဖိအားကြောင့် အမျိုးမျိုးဖိအားတွေကြောင့်နဲ့ အသက်တွေထိပါ စတေးကြရတာတွေလဲ ဖေကြီးတို့ သိတယ် ... ဖေကြီးတို့က သားငယ်လေးကို အဲ့လို အဖြစ်မခံနိုင်ဘူးသား ... သားမေကြီးဆိုတာကလဲ သားလေးတစ်ယောက်ပဲရှိတော့ လက်မခံနိုင်တာ မဆန်းဘူး ... ဖေကြီးတောင် စိတ်မကောင်းဖြစ်ရတာ ဝမ်းနဲ့လွယ်မွေးထားရတဲ့ သားမေကြီးက ပိုဆိုးတယ်လေ ... သားမေကြီးကို နားလည်ပေးလိုက်ပါ ... သွေးခန့်ဆိုတဲ့ကလေးနဲ့ သားနဲ့က အတည်မေတ္တာမျှနေကြတာဆိုရင် ဖေကြီးက ဘာမှမပြောလိုဘူး ... ကောက်ရိုးမီးတော့ မလုပ်ကြနဲ့ ... သားမေကြီး ပြောသလိုပဲ ... လူ့အသိုင်းအဝိုင်းမှာနေနေသရွေ့ကတော့ ပတ်ဝန်းကျင်ဆိုတာနဲ့ ပတ်သတ်နေရမှာပဲ ... ကိုယ့်ထမင်းကိုယ်စားနေကြပေမယ့် ပြောစရာပါးစပ်တွေ ရှိနေသမျှတော့ ပြောကြမှာပဲ ... ကိုယ်မျက်ချေးကိုယ်မမြင်ပဲ သူများမျက်ချေးပဲ မြင်တတ်ကြတာ သဘာဝပဲမလား'

'.....'

အမြဲတမ်း စကားနည်းပြီး အေးအေးချမ်းချမ်းနေတတ်တဲ့ ဖခင်က ဒီလို စကားတွေ တနံတလျားပြောဖို့ဆိုတာ မင်းမြတ်ကိစ္စနဲ့ ပတ်သတ်ပြီး စိတ်မကောင်း အလွန်ဖြစ်နေမယ်ဆိုတာ တွေးကြည့်စရာမလို ... မျက်မှန်တပ်ရပြီး ဝဝဖိုင့်ဖိုင့်လေးနဲ့ ဒန်းလေးပေါ်မှာ ထိုင်နေတဲ့ ဖေကြီးကို မင်းမြတ် စိုက်ကြည့်နေမိသည်။ မျက်မှန်အောက်က ဖေကြရဲ့ မျက်ဝန်းတွေကတော့ ငွေ့ရည်ဖွဲ့သီလို့ ...

'သားမေကြီးကလဲ ရုတ်တရက်မလို့ပါ ... သားကို သားမေကြီးက သိပ်ချစ်တာ သားငယ်ရ ... မင်းကို အပြစ်တင်ဖို့ဆိုတာထက် တစ်ညလုံး သူ့ကိုယ်သူပဲ အပြစ်တင်နေခဲ့တာ ... ပြီးတော့ ကိစ္စတစ်ခုက ယမင်းဆိုတဲ့ သူငယ်မလေးနဲ့ ကိစ္စပဲသားငယ် ... ကတိပေးထားတာတွေမလို့ သားမေကြီးကလဲ မျက်နှာပူနေပုံရတယ် ... သားအကြာင်းကို သိထားပြီး သူများသမီးပျိုနဲ့ ထပ်ပေးစားရအောင်လဲ ဖေကြီးတို့က သမီးမရှိပေမယ့် သားသမီးချင်း ကိုယ်ချင်းစာတတ်တယ် သားငယ် ... ပြောချင်တာက သားဇာတ်ကို သားနိုင်အောင်ကဖို့ပဲ ... အဲ့သူငယ်မလေးကို သားဘယ်လိုလုပ်မလဲ'

'ဖေကြီးနဲ့ မေကြီးလက်ခံတာနဲ့ သားတို့ ကျန်တာတွေပါ အကုန်ဖြေရှင်းမှာပါ ဖေကြီး'

'ယောက်ျားဆိုတာ ကိုယ့်တာဝန်ကိုယ်ယူနိုင်ဖို့ပဲ လိုတာ ... အပြောင်အပျက်မဟုတ်ဘူး သားငယ် ... ယမင်းလေးက သားသူငယ်ချင်းပဲမလား ... သားတို့ သူငယ်ချင်းအချင်းချင်း ဖြေရှင်းကြ '

'အဲ့အတွက် သေချာပေါက် စိတ်ချပါ ဖေကြီး'

'အင်းး မျက်စိရှေ့တင် ဖေ့သားလေးက အရွယ်ရောက်လာတာ ... ငယ်ငယ်ကဆို ဖေကြီး ဘယ်သွားသွား ခြေထောက်တိုတိုလုံးလုံးလေးတွေနဲ့ လိုက်တတ်တဲ့ ကလေးလေးကလေ ... မနေ့တနေ့ကလိုပဲ ဖေကြီးလက်ကို တွဲထားတဲ့ လက်ဖောင်းဖောင်းလေးတွေနဲ့ ကလေးလေးက ဒီအရွယ်ထိ ရောက်လာတာ ... ဖေကြီးနဲ့ မေကြီးရဲ့ လက်ကို တစ်ယောက်တစ်ဖက်စီတွဲပြီး ယိုင်တိုင်တိုင်လေးနဲ့ လမ်းလျှောက်သင်တဲ့ ကလေးလေးကလေ ... ကောင်းကောင်းကြီးပြင်းလာတာ ဖေကြီးတို့ ကလေးလေးက'

မင်းမြတ်တကယ်ကို ရင်ထဲဆို့လာရသည်။ ဘယ်လောက်အရွယ်ရောက်လာလာ မိဘမျက်လုံးထဲမှာ သူတို့ကို အားကိုးနေရသေးတဲ့ ကလေးလေးသာ ... မင်းမြတ်ကို ကြည့်ရင်း မျက်ရည်တို့ဝဲနေတဲ့ ဖေကြီးက ဘေးလေးစောင်းလို့ လက်နှစ်ဖက်ကို ဘေးကားပေးလာသည်။ တကယ်ကိုပါပဲ ဘယ်လောက်ပြိုလဲနေနေ ဖေးမဖို့ မိဘရင်ခွင်က အမြဲအဆင်သင့် ... မင်းမြတ်မျက်ရည်တို့ ထိန်းမထားနိုင်တော့ ဖေကြီးကားပေးထားတဲ့ လက်ကြားထဲဝင်ပြီး ဖေကြီး ပုခုံးပေါ်မျက်နှာအပ်လို့ ရှိုက်ငိုမိတယ် ...

'ဖေကြီးက သားငယ်ကို ကလေးလေးလို့ မြင်နေသေးတာလဲ မမှားဘူး ... ဖေ့သားငယ်လေးက ခုထိ ကလေးလေးလို အငိုသန်နေတုန်း'

'သားက ဖေကြီးတို့ အတွက် အမြဲကလေးလေးပါပဲ ဖေကြီး ... ဖေကြီးတို့ မေကြီးတို့ ရင်ခွင်ကို လိုအပ်တဲ့ ကလေး ပြီးတော့ ဖေတို့ကို အားကိုးပြီး လမ်းလျှောက်သင်ခဲ့ရသလိုမျိုး ဖေကြီးတို့က သားအတွက်ခုချိန်ထိကို အားကိုးရာတွေ'

'တိတ်တိတ် သားငယ်လေး မငိုရဘူး တော်ပြီ'

မငိုနဲ့လို့ပြောနေတဲ့ ဖေကြီးကိုယ်တိုင်ကလဲ မျက်ရည်တွေနဲ့ ဆိုတာ မင်းမြတ်သိပါသည်။ ဖေကြီးကို ဖက်ထားရက်နဲ့ပင် အိမ်ရှေ့ဆင်ဝင်အောက်မှာ မတ်တပ်ရပ်နေတဲ့ မေကြီးကို မြင်ရသည်။ မင်းမြတ်နဲ့ သူသိပ်ချစ်ရတဲ့ ခန့်အတွက် အနာဂတ်က အရမ်းမခက်ခဲလောက်ဘူးဆိုတာ သေချာနေပါသည်။

__________

Home is where,your heart is there ...

To be continue ...

2nd May,2020(Sat)
WhiteAster089

Continue Reading

You'll Also Like

7.4M 205K 22
It's not everyday that you get asked by a multi-billionaire man to marry his son. One day when Abrielle Caldwell was having the worst day of her life...
2.1K 162 21
အချစ်ဆိုတဲ့အရာက ကံကြမ္မာလား၊ ဖူးစာလား ဒါမှမဟုတ်တစ်စုံတစ်ယောက်အတွက် ငါကအစားထိုးခံလား။ ဂုဏ်ရောင်ထိန်ညီး မင်းသခင် Sart.23.4.2024
39K 1.1K 12
"ကိုယ်မင်းကိုချစ်လို့ ဂုဏ် ကျမယ် ဆင်းရဲမယ် အနှိမ်ခံရမယ် ဆိုရင်တောင်ဂရုစိုက်နေမယ်ထင်လား ကိုယ် မင်းကိုချစ်မိတာဟာအမှား ဆိုရင်တောင် ကိုယ်ဆက်မြတ်နိုးမိမှ...
301K 7.5K 108
In which Delphi Reynolds, daughter of Ryan Reynolds, decides to start acting again. ACHEIVEMENTS: #2- Walker (1000+ stories) #1- Scobell (53 stories)...