Unicode
------------
ထယ်ယောင်းတစ်ယောက် ယောက္ခမကြီးဖုန်းဆက်လာတာကြောင့် အစည်းအဝေးခန်းထဲကနေ ခဏဟုခွင့်တောင်းရင်းဖုန်းကိုင်လ်ိုက်လေတော့
ငယ်ငိုနေကြောင်းပြောလာသည်
ခုလေးတင်ဖုန်းပြောပီးလို့ချလိုက်တာပါ
ငယ်ကဘာလို့ငိုရတာလဲ
အစည်းအဝေးကလဲမပီးသေးတော့ ပီးမှပဲမေးလိုက်မည်ဟုပြောကာ အစည်းအဝေးဆက်လုပ်ရသည်
စိတ်ကငယ့်ဆီသာရောက်နေသည်မို့ ဘာတွေပြောနေကြလဲသူမသိတော့
ဂျောင်ကုလဲ စိတ်ထဲတွင်လုံးဝအခြေအနေမကောင်းတာကြောင့် ပီဇာလဲဆက်မစားဖြစ်ပဲ
အခန်းထဲတွင်လှဲနေလိုက်သည်
စိတ်တွေရှုပ်နေတာကြောင့် ဖုန်းကိုsilentလုပ်ကာ
အတွေးတွေဖြန့်ကျက်နေလေသည်
အဲ့အမက ရုပ်လဲချောသလို ပညာအရည်အချင်းကလဲတော်နေမှာ ဒါကြောင့်လဲကိုကို့ကုမ္ပဏီမှာလုပ်နိုင်တာပေါ့
ကိုကိုသာအနေနီးရင်း အဲ့အမကိုချစ်သွားခဲ့ရင်
ကိုကို့ကိုယုံကြည်သင့်ပေမယ့် အဘက်ဘက်ကတွေးလိုက်ရင် ကျွန်တော်ကယောက်ျားလေးမဟုတ်ပါလား ကျွန်တော့နဲ့အဲ့အမဆို အဲ့အမကပိုသာတာပေါ့
တွေးရင်း တွေးရင်း ထပ်ပီးမျက်ရည်တွေကမဖိတ်ခေါ်ပဲရောက်လာပြန်သည်
ကိုကိုထားမသွားဖို့ပဲမျှော်လင့်ပါတယ်
အငိုလွန်ပီးအိပ်ပျော်သွားလေသည်
silentလုပ်ထားသောဖုန်းလေးကတော့
ခဏခဏကိုမီးတွေလင်းနေတော့သည်
ထယ်ယောင်းမှာ အစည်းအဝေးပီးသည်အထိမအား အလုပ်အကြောင်းတွေကို ရှယ်ယာရှင်တွေနှင့်ဆွေးနွေးနေရသေးသည်
ဒီနေ့မှအလုပ်တွေကပုံလို့နေသည်
အစည်းအဝေးကစောပီးသွားပေမယ့် အချိန်က၇နာရီရှိနေပီ
ဆွေးနွေးနေတာကမပီးသေးတော့ ရတဲ့အချိန်လေးမှာဖုန်းတွေခေါ်နေပေမယ့် ကလေးငယ်ကမကိုင်
ရင်တွေပူလှပါပီ ဘာတွေများဖြစ်နေတုန်းကွာ
အလုပ်တွေလက်စသတ်တော့ ည၉နာရီခွဲခါနီး
အဲ့ဒါနဲ့ယွန်းဂျီကိုလဲ တစ်ယောက်ထဲပြန်ခိုင်းရမှာအားနာတာကြောင့်လိုက်ပို့ရန်ခေါ်လာလိုက်သည်
တလမ်းလုံးဖုန်းတွေခေါ်နေခဲ့တာ မကိုင်
ယွန်းဂျီအိမ်နားရောက်ခါနီးမှ
"ဟယ်လို"
"ကလေးရယ် ဘာလို့ဖုန်းမကိုင်တာလဲ ကိုကိုစိတ်ပူနေတာ ကလေးငိုနေတယ်ဆို ဘာဖြစ်လို့လဲ ပြောပါအုံးကိုကို့ကို"
"ထယ်ယောင်းအိုပါး လိုက်ပို့တာကျေးဇူးပါ"
"အေအေရတယ်
ကလေးရေ ပြန်ဖြေပါအုံး"
ထယ်ယောင်းအိုပါး!
ဒီရင်းနှီးနေတဲ့အသံက အဲ့အမပဲမဟုတ်ပါလား
ဒီအချိန်ဆိုကိုကို့ဆီမှာညဘက်ကြီးလေ အဲ့တာကို၂ယောက်ထဲ
ဟိုကလဲ သူဌေးတောင်မဟုတ်တော့ဘူး ထယ်ယောင်းအိုပါးတဲ့
အစကတော့ ကိုကိုချော့တာခံမို့ဖုန်းကိုင်လိုက်ပေမယ့် အခုတော့
တီတီတီ
"ကလေး ကလေး! ငယ်လေး ဟာ ဘာလို့ဖုန်းချသွားတာလဲ"
ထပ်မံ၍ငိုမိပြန်ပါပီ
ငိုရလွန်းလို့လဲခေါင်းတွေပါကိုက်နေပီ
ထယ်ယောင်းဖုန်းပြန်ခေါ်သော်လဲမကိုင်
တစ်နေ့ ကိုကိုထားသွားတာခံရတော့မှာလား
ကုတင်ပေါ်တွင်ဒူးလေးပိုက်ပီးအငိုသည်းနေသောကောင်လေးတစ်ယောက်ရယ်
အိမ်ပြန်လမ်းကိုဂရုတစိုက်လေးမောင်းရင်း ချစ်ရသူဖုန်းကိုင်ဖို့မျှော်နေတဲ့ကောင်လေးရယ်
~_~_~_~_~_~_~_~_
အိမ်ရောက်တော့ အဝတ်ပင်မလဲနိုင်
ငယ့်ဖုန်းကိုခေါ်မရတဲ့အဆုံး ယောက္ခမကြီးဆီသာဆက်လိုက်လေသည်
"အန်တီ ငယ်ကမေးတာလဲမဖြေဘူး
ဘာဖြစ်နေတာလဲပဲ ဘာတွေစိတ်ဆိုးနေလဲမသိဘူး မေးပေးပါအုံးအန်တီရယ် သားကအခုမှအလုပ်တွေပီးလို့"
"အခုထိအခန်းထဲကထွက်မလာသေးဘူး
အန်တီသွားကြည့်လိုက်အုံးမယ်"
"ဟုတ်အန်တီ"
"နောက်ပီးမှ ပြန်ခေါ်လိုက်မယ်"
"ဟုတ်ကဲ့"
အောင်သွယ်တော်ကြီး Mrs. Jeonလဲ
သားတော်မောင်ရှိရာအခန်းသို့လာလိုက်သည်
အခန်းတံခါးလေးဖွင့်ကြည့်တော့
ကုတင်ပေါ်တွင်အခွေလိုက်လေး
"စိတ်အဆိုးလွန်ပီးအိပ်ပျော်သွားပီထင်တယ်
သားငယ်
သားငယ်လေး ထအုံး ထယ်ယောင်းကဖုန်းပြောချင်လို့တဲ့"
နှိုးနေသော်လည်း တုတ်တုတ်မျှမလှုပ်
စိုးရိမ်စိတ်လေးဖြတ်ပြေးသွားသည်
အိပ်နေတာကောဟုတ်ရဲ့လား
ကိုယ်လုံးလေးကိုထိလိုက်တော့လုံးဝကိုမလှုပ်လာ
ပေါင်ပေါ်သို့ဆွဲတင်လိုက်တော့မြင်လိုက်ရတာက မျက်ရည်အရွှဲသားနှင့်မျက်နှာလေး
အသက်လဲမရှူတာကြောင့် စိုးရိမ်ရေမှတ်ကကျော်လွန်ချေပီ
"သားငယ် ဂျောင်ကုကီ သားငယ်လေး ထပါအုံး"
စိတ်တွေလဲမတည်ငြိမ်တော့
မျင်ရည်တွေကလဲအဖြိုင်ဖြိုင်
စိတ်ကိုမနည်းစုစည်းကာ
ဆရာဝန်ကိုအိမ်သို့ပင့်ရတော့သည်
ဆေးရုံသွားဖို့က ကားလဲမမောင်းတတ်ပဲကိုး
ခဏအကြာတော့ဆရာဝန်ရောက်လာပီးစမ်းသပ်သည်
"စိုးရိမ်စရာမရှိပါဘူး အားပြတ်သွားလို့ပါ
ဘာမှမစားရသေးဘူးထင်တယ် တအားလဲငိုထားပုံပဲ
အဲ့တာကြောင့်သတိလစ်သွားတာပါ
ဆေးထိုးပေးခဲ့မယ် နောက်၁နာရီလောက်ဆိုသတိရလာမှာပါ"
"ဟုတ်ကဲ့ ကျေးဇူးပါဆရာ"
ဆရာဝန်ပြန်သွားတော့မှ ထယ်ယောင်းဆီဖုန်းဆပ်ခေါ်ရင်း
"ဟုတ်ကဲ့ အန်တီ
ငယ်လေးကဘာပြောလဲ"
"သားငယ်ကသတိလစ်နေတာသားရဲ့"
"ဗျာ!"
"စိတ်ပူစရာမလိုဘူးလို့တော့ဆရာဝန်ကပြောတယ်
အားပြတ်သွားလို့တဲ့ သားငယ်ကဘာမှလဲမစားပဲငိုပဲငိုနေတဲ့ပုံပဲ ဘာတွေဖြစ်ထားကြလို့လဲကွယ်"
"သားလဲမသိဘူး စောနကဖုန်းဆက်တော့လဲကိုင်ပီး ဘာမှပြန်မပြောပဲဖုန်းချသွားတာ"
"သားငယ်သတိရလာရင် အန်တီမေးကြည့်ပေးထားမယ် အခုသားငယ်စားဖို့ဆန်ပြုတ်လေးလုပ်ပေးလိုက်အုံးမယ်"
"ဟုတ်ကဲ့အန်တီ"
ထယ်ယောင်းရင်တွေအရမ်းပူနေလေပီ
ကလေးကဘာလို့ဒီလိုဖြစ်နေရတာလဲ
ခြေမကိုင်မိ လက်မကိုင်မိနှင့် ထိုင်လိုက်ထလိုက်လုပ်နေရင်း
"ဒီတိုင်းနေနေလို့ဘယ်ဖြစ်မလဲ ငါလိုက်သွားရမယ်"
%*%*%*%*%
"အင်း ဟင်း"
"သားငယ် သတိရလာပီလား
ဘယ်လိုဖြစ်တာလဲသားလေးရယ်"
"မေမေ သား အား ဘာဖြစ်သွားတာလဲ"
"လှဲနေအုံးသားရဲ့
သားသတိလစ်သွားလို့လေ ဆရာဝန်တောင်ပင့်လိုက်ရတယ် ဘာဖြစ်လို့တုန်းသားငယ် ဘာလို့ငိုနေရတာလဲ"
"ဘာမှမဖြစ်ပါဘုးမေမေရယ်
သား ဗိုက်ဆာတယ်"
"မေမေအောက်မှာဆန်ပြုတ်ယူပေးမယ်နော်
သားဖေဖေလဲခဏနေပြန်ရောက်မယ် သားကိုစိတ်ပူနေတယ်"
"မေမေကလဲ ဖေဖေအလုပ်ရှုပ်အောင်လို့"
"ရုတ်တရက်ဆို မေမေကကားလဲမမောင်းတတ်လေ ဘယ်လိုလုပ်မလဲသားငယ်ရဲ့
ကဲပါ လှဲနေအုံးမေမေဆန်ပြုတ်ထည့်ခဲ့ပေးမယ်"
"ဟုတ်မေမေ"
လှဲနေရင်းကနေ ဖုန်းကိုယူကြည့်လိုက်တေ့ ကိုကိုခေါ်ထားတာနည်းမှမနည်းပဲ
ငါပဲတစ်ဖက်သတ်အတွေးတွေနဲ့ကိုကို့ကိုအထင်လွဲမိပီလား
ဖုန်းပြန်ခေါ်ကြည့်တော့မကိုင်
ကိုကိုအိပ်များအိပ်နေပီလား
တစ်ဖက်တွင်တော့ည၁၀ခွဲလေယာဥ်ကြီးနှင့်
ချစ်ရသူရှိရာLAမြို့သို့ခရီးနှင်လာလေပီ
မနက်ကျတော့ ၇နာရီခွဲလောက်ကြီး အိမ်ရှေ့၌လူခေါ်ဘဲသံကြားတာမို့ Mrs Jeonတစ်ယောက်ခြံတံခါးသွားဖွင့်လေတော့
"သား ထယ်ယောင်း
ဘယ်လိုဖြစ်တုန်းဗြုန်းစားကြီးရောက်လာတာပါလား"
"ကျွန်တော်စိတ်ပူလို့ပါ ငယ်ကောဟင်"
"မနိုးသေးဘူးသားရဲ့ လာလာအိမ်ထဲဝင် ပင်ပန်းလာရောပေါ့"
ဦးလေးကိုလဲနှုတ်ဆက်ရင်း ငယ့်အခန်းသို့သာတက်လာလိုက်သည်
ကုတင်ပေါ်တွင် ညအိပ်ဝတ်စုံအနီလေးနှင့်အိပ်နေသောချစ်ရသူလေးအားကြည့်ရင်း
"မျက်နှာလေးတောင်ချောင်သွားတယ်
ဘာတွေများဖြစ်နေလို့လဲငယ်ရယ်"
ငယ်နိုးလာတဲ့အထိဘေးနားလေးမှာထိုင်စောင့်နေရင်း
တညလုံးစိတ်ပူနေတဲ့ဇောနဲ့လေယာဥ်စီးလာသည်မို့တရေးမှမအိပ်ရသေး မျက်လုံးကစပ်ဖျင်းလာသည်တဖြည်းဖြည်းနဲ့မျက်လုံးကလုံးဝမဟန်တော့အိပ်စက်ခြင်းဆီသို့
နိုးလာတော့ခေါင်းနည်းနည်းမကြည့်တော့
နားထင်ကိုလက်လေးနဲ့ဖိရင်း ထရန်ပြင်လိုက်တော့
လက်တစ်ဖက်ကအကိုင်ခံထားရတဲ့အသိကြောင့်
ကြည့်လိုက်တော့ ကိုကို!!
မျက်စိများမှားမြင်လေးလားဟု မျက်လုံးတွေပါပွတ်ရင်းကြည့်လိုက်မိတော့ ကိုကိုမှ ကိုကိုအစစ်
ဘယ်တုန်းကရောက်လာတာလဲ
ကျွန်တော်လှုပ်ရွရွဖြစ်နေလို့ထင် ကိုကိုနိုးလာခဲ့သည်
"ငယ်လေး နိုးပီလား ကိုကိုခဏအိပ်ပျော်သွားတယ်"
"ကိုကိုကဘယ်လိုဖြစ်ပီးရောက်နေတာလဲ"
"ချစ်ရသူကဘာတွေစိတ်ဆိုးနေလဲမှမသိတာ အရောက်လာရတာပေါ့ ဒီကြားထဲစိတ်ပူရအောင်သတိပါလစ်သွားတော့ ကျွန်တော်မျိုးကဘယ်လိုလုပ်စိတ်အေးနိုင်မှာလဲ"
ကုတင်ပေါ်သို့ပြောင်းထိုင်ရင်း
"ပြောပါအုံးကိုကို့ကို ဘာတွေစိတ်ဆိုးနေတာလဲ"
"မဆိုးပါဘူး"
"ဒါဆို ဘာလို့ဖုန်းဆက်တာမကိုင်တာလဲ ငိုလဲငိုနေသေးတယ်ဆိူ"
"ကိုကိုက ဘယ်လိုသိ"
"ယောက္ခမကြီးကလှမ်းဖုန်းဆက်တယ်လေ"
"မေမေက?"
"အင်း ကိုကိုတို့အကြောင်းသိပီးသားပါ
အဲ့တာကထားအုံး ဘာလို့ငိုတာလဲ အကြောင်းအရင်းလေးပြောပြပါအုံး ဆရာဝန်ခေါ်ရတဲ့အထိကိုငိုတဲ့ကလေးလေး"
"အဲ့တာ အဲ့တာက ငယ် ပြောရင် စိတ်ဆိုးမှာလား"
"စိတ်မဆိုးပါဘူး ပြော"
"ဟိုဟာ ကိုကိုက တခြားတစ်ယောက်ရနေပီထင်လို့"
"ဘယ်လို"
"ကိုကို ယွန်းလို့ခေါ်တဲ့အမလေ အဲ့အမကချောလဲချောတယ် ကိုကို့အတွင်းရေးမှူးမလား နောက်ပီး အဲ့အမကကိုကို့ကို ထယ်ယောင်းအိုပါးဆိုပီးး"
အခုမှအိပ်ယာထထားတော့ ဆံပင်လေးတွေကပွ
နဂိုနီနေသောနှုတ်ခမ်းသေးသေးလေးကိုစူပီးပြောနေပုံလေးက အူယားစရာလေး
အော် သူလေးအထင်လွဲနေတာကိုး
"ကလေးရယ် အဲ့တာကိုကို့သူငယ်ချင်းယွန်းဂီရဲ့ညီမ ယွန်းဂျီတဲ့
ကိုကိုတို့က ငယ်ငယ်လေးထဲကသိကြတာငယ်လေးရဲ့ သူ့အကိုနဲ့သူနဲ့ကကြောင်နဲ့ကြွက်မို့ ကိုကို့ကုမ္ပဏီမှာအတွေ့အကြုံယူရင်းအလုပ်လုပ်တာ"
"အင့် ဟင့် အီးဟီးး"
"ဘာလို့ငိုတာလဲငယ်ရဲ့ မငိုရဘူးလေ"
"ငယ်က ငယ်က ဟင့် ကိုကို့ကိုမယုံကြည်ပဲ အထင်လွဲပီး အီးဟီး နောက် နောက်ပီး ငယ့်ကိုထားသွားတော့မယ် ထင်နေတာ"
ကျွန်တော့မှာ ရီရခက် ငိုရခက်
ဘယ်လိုကလေးလေးပါလိမ့်
သူ့ဘာသာတွေးပီး သူ့ဘာသာတွေစိတ်မကောင်းဖြစ်နေတာ
"ငယ်ရယ် ကိုကိုကငယ့်ကိုပဲချစ်တာ
အခုတလောကိုကိုအလုပ်တွေရှုပ်နေတာမို့ငယ့်ကိုအချိန်မပေးမိရင် ကိုကိုတောင်းပန်ပါတယ်နော်
မငိုပါနဲ့တော့ ကိုကို့ဘဝမှာငယ့်ကိုအချစ်ဆုံးပဲ"
"ငယ်တောင်းပန်ပါတယ် ငယ်လဲကိုကို့ကိုအရမ်းချစ်တယ်"
"မျက်နှာသစ်ကြရအောင်နော် လာကိုကို့ကလေးလေး"
ငယ့်အားပွေ့ချီပီး မျက်နှာလေးပါသစ်ပေးလ်ိုက်သည်
နောက်ရက်အနည်းငယ်လောက်ဆို ဒီကောင်ငယ်လေးကိုသူဒီလိုတွေအမြဲလုပ်ပေးလို့ရပီ
ကလေးငယ်အထင်မလွဲရအောင်လဲ သူနေရမည်
"ချစ်တယ်ငယ်လေး ဒါကြောင့်တခြားအတွေးတွေမဝင်နဲ့နော်"
"ဟုတ်ကိုကို ငယ်တောင်းပန်တယ်နော်"
လွမ်းနေခဲ့ရသော ကိုယ်လုံးငယ်လေးကို တဝကြီးပွေ့ဖက်ပီး
မနက်ခင်းရဲ့ အလှတရားနဲ့အပြိုင်လှနေသော
ကျွန်တော့ချစ်ရသူမျက်နှာလေးအား လက်နှစ်ဖက်နှင့်အုပ်ကိုင်လိုက်ရင်း နီရဲရဲနှုတ်ခမ်းလေးအား
အလွမ်းပြေအနမ်းတွေပေးနေမိတော့သည်
::ဒီအပိုင်းကြီးက ရေးထားတာတွေရှုပ်သွားတယ်
တောင်းပန်ပါတယ်နော်
Next ep is final...
Fall in loveဆိူတဲ့ficအသစ်လေးupထားပါတယ်နော်😁
#jeontae_9795
Zawgyi
-----------
ထယ်ယောင်းတစ်ယောက် ယောက္ခမကြီးဖုန်းဆက်လာတာကြောင့် အစည်းအဝေးခန်းထဲကနေ ခဏဟုခွင့်တောင်းရင်းဖုန်းကိုင်လိုက်လေတော့
ငယ်ကဘာလို့ငိုရတာလဲ
"ဟယ်လို"
"အေအေရတယ်
ကလေးရေ ပြန်ဖြေပါအုံး"
ထယ်ယောင်းအိုပါး!
တီတီတီ
ထပ်မံ၍ငိုမိပြန်ပါပီ
~_~_~_~_~_~_~_~_
"ဟုတ်အန်တီ"
"ဟုတ်ကဲ့"
သားငယ်
"ဟုတ်ကဲ့ ကျေးဇူးပါဆရာ"
"ဟုတ်ကဲ့ အန်တီ
ငယ်လေးကဘာပြောလဲ"
"ဗျာ!"
"ဟုတ်ကဲ့အန်တီ"
%*%*%*%*%
"အင်း ဟင်း"
"သားငယ် သတိရလာပီလား
"လှဲနေအုံးသားရဲ့
သား ဗိုက်ဆာတယ်"
"ဟုတ်မေမေ"
"သား ထယ်ယောင်း
"မဆိုးပါဘူး"
"ဒါဆို ဘာလို့ဖုန်းဆက်တာမကိုင်တာလဲ ငိုလဲငိုနေသေးတယ်ဆို"
"ကိုကိုက ဘယ်လိုသိ"
"မေမေက?"
"စိတ်မဆိုးပါဘူး ပြော"
"ဘယ်လို"
"အင့် ဟင့် အီးဟီးး"
ငယ့်အားပွေ့ချီပီး မျက်နှာလေးပါသစ်ပေးလိုက်သည်
တောင်းပန်ပါတယ်နော်
Next ep is final...
Fall in loveဆိုတဲ့ficအသစ်လေuးpထားပါတယ်နော်😁
#jeontae_9795