မျှော်လင့်ချက်လေးမပျက်ချင်ပါ...

By call_me_Tylor

422K 33.2K 825

လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်တဲ့ ... မျှော်လင့်ချက်မဲ့သွားရင်ရော ... လူေတြက ေမွ်ာ္လင့္ခ်က္နဲ႔ အသက္ရ... More

ေမွ်ာ္လင့္ခ်က္ေလးမပ်က္ခ်င္ပါ(Zawgyi&Unicode)
part 1 (Zawgyi&Unicode)
Part 2 (Zawgyi&Unicode)
Part 3(Zawgyi&Unicode)
Part 4 (Zawgyi&Unicode)
Part 5 (Zawgyi&Unicode)
Part 6 (Zawgyi&Unicode)
Part 7 (Zawgyi&Unicode)
Part 8 (Zawgyi&Unicode)
Part 9(Zawgyi&Unicode)
Part 10 (Zawgyi&Unicode)
Part 11(Zawgyi&Unicode)
Part 12(Zawgyi&Unicode)
Part 13(Zawgyi&Unicode)
Part 14(Zawgyi&Unicode)
Just for knowledge (Zawgyi&Unicode)
Part 15(Zawgyi&Unicode)
Part 16(Zawgyi&Unicode)
Part 17(Zawgyi&Unicode)
Part 18(Zawgyi&Unicode)
Part 19(Zawgyi&Unicode)
Part 20(Zawgyi&Unicode)
Part 21(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Part 22(Zawgyi&Unicode)
Part 23(Zawgyi&Unicode)
Part 24(Zawgyi&Unicode)
Part 25(Zawgyi&Unicode)
Part 26(Zawgyi&Unicode)
Part 27(Zawgyi&Unicode)
Part 28(Zawgyi&Unicode)
Part 29(Zawgyi&Unicode)
Part 30(Zawgyi&Unicode)
Part 31(Zawgyi&Unicode)
Part 32(Zawgyi&Unicode)
Part 33(Zawgyi&Unicode)
Part 34(Zawgyi&Unicode)
Part 35(Zawgyi&Unicode)
Part 36(Zawgyi&Unicode)
Part 37(Zawgyi&Unicode)
Part 38(Zawgyi&Unicode)
Part 40(Zawgyi&Unicode)
Part 41(Zawgyi&Unicode)
Part 42(Zawgyi&Unicode)
Part 43(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Final(Zawgyi&Unicode)
Thank you
Extra 1(Zawgyi&Unicode)
Extra 2(Zawgyi&Unicode)
Just for knowledge(Zawgyi)
Just for knowledge(Unicode)

Part 39(Zawgyi&Unicode)

4.6K 447 4
By call_me_Tylor

[Zawgyi]

ဧည့္ခန္းေလး တစ္ခုတြင္းမွာ လူေလးေယာက္ ဝိုင္းထိုင္ေနေပမယ့္ ေလထုက ထင္သေလာက္မေႏြးေထြး ... ေအးစက္စက္နဲ႔ တစ္ခါမွ မရွိခဲ့ဖူးတဲ့ ေလထုအမ်ိဳးအစားလိုမ်ိဳး ... မင္းျမတ္နဲ႔ ေသြးခန္႔က ေဘးခ်င္းယွဥ္ထိုင္ေနၿပီး တြဲထားရက္ လက္တစ္စံုကလဲ မျဖဳတ္ ... မ်က္နွာေျပာင္တယ္ ေျပာေျပာ ခုခ်ိန္မွာ ရင္ဆိုင္မယ္ ေတြးထားၾကၿပီးသား ... မင္းျမတ္ရဲ႕ ေဖ နဲ႔ ေမ က ေခါင္းရင္း ထိုင္ခံုမွာ ယွဥ္တြဲထိုင္ေနသည္။ အမွားလုပ္ထားတာ မဟုတ္ေပမယ့္ မင္းျမတ္ရဲ႕ မိဘေတြေရွ႕မွာေတာ့ အမွားလုပ္ထားၾကသလိုမ်ိဳး ... မ်က္နွာစံုညီနဲ႔ ထိုင္ေနသည့္တိုင္ စကားတစ္ခြန္းမွ မေျပာျဖစ္ၾကေသး ... ေအးစက္စက္ေလထု အေျခအေနကလဲ ေႏြးေထြးမလာ ...

ေသြးခန္႔ ဒီအေျခအေနေတြကို ႀကိဳေတြးထားေပမယ့္ ေတြးထားတာက ဒါမ်ိဳးမဟုတ္ ... သူနဲ႔ ေႏြဦးငယ္ရဲ႕အေျခအေနကိုသာ ေႏြဦးငယ္ေလးရဲ႕ မိဘေတြ သိသြားတဲ့ အခ်ိန္က်ရင္ ေပါက္ကြဲခံရမယ္ ေတြးထားခဲ့ျခင္း ... ဘယ္ေလာက္ပဲ ေပါက္ကြဲပါေစ ေသြးခန္႔က ေႏြဦးငယ္ရဲ႕ မိဘေတြ လက္မခံမခ်င္း အဆံုးစြန္ထိ ေတာင္းပန္မယ္ ႀကိဳးစားမယ္ဆိုတာကို ဆံုးျဖတ္ထားၿပီးသား ... ေတြးထားတာေတြနဲ႔ ဆန္႔က်င္စြာ အခု လက္ခံရရွိေနတဲ့ အေျခအေနက ေအးစက္စက္ေလထုမ်ိဳး ... ေကာင္းတဲ့ အေငြ႕အသက္မ်ိဳးမဟုတ္ဘူးဆိုတာေတာ့ ေသြးခန္႔ ခံစားရသည္။ မုန္တိုင္းမလာခင္ ေလေျပလာေနသလိုမ်ိဳး ...

'မင္းတို႔ ဘယ္အခ်ိန္ကတည္းကလဲ'

အခ်ိန္ေတာ္ေတာ္ၾကာ ထိုင္ေနၾကၿပီးမွ မင္းျမတ္ရဲ႕ အေမထံကေန ထြက္လာတဲ့ ပထမဆံုးစကား ... သာမန္ေလသံမ်ိဳးလဲ မဟုတ္သလို ေဒါသတို႔လဲ စြက္မေန ... သို႔ေပမယ့္ ေအးစက္လြန္းတာထက္ ပိုေနတာေၾကာင့္ နားေထာင္ရသူျဖစ္တဲ့ ေသြးခန္႔နဲ႔ မင္းျမတ္ကေတာ့ ေက်ာေတြ မတ္ခနဲ ျဖစ္သြားသည္။

'ငါေမးေနတယ္ေလ အဲ့ ပါးစပ္နွစ္ေပါက္က အခု အ ေနၿပီလား မင္းျမတ္ ေျပာစမ္း ဘယ္အခ်ိန္ကတည္းကလဲ'

'သားတို႔ စာေမးပြဲ ၿပီးၿပီး အိမ္ျပန္ေရာက္ကတည္းကပါ ေမႀကီး'

နွစ္ေယာက္လံုး ေရငံု နႈတ္ပိတ္ေနၾကျခင္းေၾကာင့္ စိတ္မရွည္တဲ့အသံထြက္လာမွ မင္းျမတ္ ေျဖမိသည္။

'ငါက သားေယာက္်ားေလး ေမြးထားတာ မင္းျမတ္ ... အေျခာက္ေမြးထားတာ မဟုတ္ဘူး ... ငါ မင္းကို ဘယ္ေနရာမွာ သြန္သင္ဖို႔ လိုသြားလို႔လဲ'

'အန္တီ ကိုကို႔ ကို အျပစ္မတင္ပါနဲ႔ အကုန္ ကြၽန္ေတာ့ အျပစ္ေတြပါ ... ဒီအေျခအေနထိေရာက္ေအာင္ ကြၽန္ေတာ္ပဲ ဖန္တီးထားတာမလို႔ပါ'

'ခန္႔ မင္းမေျပာနဲ႔ ငါေျပာမယ္'

ခုခ်ိန္ထိတိုင္ မျဖဳတ္ပဲ တြဲထားတဲ့ လက္ကို တစ္ခ်က္ဖ်စ္လိုက္ရင္း မင္းျမတ္က ခန္႔ကို ဝင္တားသည္။

'မိဘေတြ ေရွ႕မွာေတာင္ လက္တြဲထားရေလာက္တဲ့ အထိ ငါတို႔ကို မေလးစားတာလား မင္းျမတ္ ... မင္းကို ေမေမ ယံုတာမလို႔ ေမေမ့ စကားနားေထာင္မယ္ဆိုတာ ယံုေနလို႔ အလိုလိုက္ထားခဲ့တာ ... မင္းေျပာ ... မင္းကို ငါ ဆံုးမဖို႔ ဘယ္ေနရာ လိုေနခဲ့တာလဲ ... ဘယ္ေနရာမွာ လစ္ဟင္းခဲ့လို႔ ခုလို ေယာက်္ားတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္တဲ့ အဆင့္ထိ ျဖစ္ေနတာလဲ'

မင္းျမတ္မွာ မိခင္ျဖစ္သူရဲ႕ စကားေတြကို ၾကားရေတာ့ ရင္ထဲလဲ နာမိသည္။ တစ္ဦးတည္းေသာ သားျဖစ္သူက ေယာက္်ားတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ေနျခင္း အေပၚ သားကို အျပစ္ အရင္တင္ရမယ့္ အစား မိခင္က သူ႔အျပစ္ကို အရင္ထုတ္ေမးေနေလသည္။ ေဘးက မင္းျမတ္ရဲ႕ ဖခင္ကေတာ့ ဘာမွဝင္မေျပာ ... ခပ္ေအးေအး ေနတတ္သူပီပီ ေအးေအးေဆးေဆး ထိုင္ေနတာမ်ိဳးေတာ့ မဟုတ္ေပမယ့္ နႈတ္ခမ္းတို႔က တင္းတင္းေစ့လ်က္ ...

'သား အျပစ္ေတြပါ ေမႀကီး ... ေဖတို႔ ေမတို႔ မဆံုးမလို႔ မဟုတ္ပါဘူး ...သား သားကိုက ခန္႔ကို အရမ္းခ်စ္လို႔ပါ'

'အခုလို အခ်ိန္မွာေတာင္ အဲ့စကားကို ေျပာေနတုန္းလား မင္းျမတ္ေႏြဦး !!!'

'အန္တီ ကြၽန္ေတာ္ ...'

'မင္း ပါးစပ္ကို ပိတ္ထား !!! ငါက ငါ့သားေလးနဲ႔ သူငယ္ခ်င္းေတြ ဆိုၿပီးေတာ့ မင္းကိုလဲ ယံုထားတာ ... မင္းတို႔က ေနာက္ကြယ္မွာ ယံုၾကည္ေပးထားတာေတြကို ရိုက္ခ်ိဳးၿပီး ဒီလိုမ်ိဳးေတြ ျဖစ္ေနတယ္ေပါ့ေလ'

အဆံုးစြန္ထိ ေပါက္ကြဲေနတာမ်ိဳး မဟုတ္ေပမယ့္ အသံေတြက တျဖည္းျဖည္း မာထန္လာသည္။ ထက္ျမက္တဲ့ အမ်ိဳးသမီး ျဖစ္သူပီပီ ေဒါသကို တဆံုးထုတ္မျပေသာ္လဲ သားသမီးနဲ႔ ပတ္သတ္ေနသည္မလို႔ ေဒါသတို႔ ရပ္တည္မႈ အတိုင္းအတာကို အထင္းသား ျမင္ေနရသည္။

'မင္းတို႔က ဒီလိုျဖစ္ေနၾကတာ ပတ္ဝန္းက်င္က ငါတို႔ကို ဘယ္လိုေျပာမလဲ ရွက္စရာေကာင္းလိုက္တာ ... တစ္သက္လံုး လိမၼာလာၿပီး မင္းက ခုက်မွ သူမ်ား တံေတြးခြက္ထဲ အေမ်ာခံမလို႔လား'

'ရွက္စရာမဟုတ္ဘူး ေမႀကီး !!! သားက ေမႀကီး ေျပာသလို အေျခာက္လဲ မဟုတ္ဘူး ... သားခ်စ္တဲ့ သူက ေယာက္်ားတစ္ေယာက္ျဖစ္ေနတာပါ ေမႀကီးရဲ႕ ... သားကို ဒီတစ္ႀကိမ္ေလာက္ပဲ လက္ခံေပးလို႔မရဘူးလား ... ပတ္ဝန္းက်င္ဆိုတာႀကီးကို ေမ့ထားၿပီးေတာ့ေလ ... သားရဲ႕ ေပ်ာ္႐ႊင္မႈထက္ကို ပတ္ဝန္းက်င္ဆိုတာႀကီးက အေရးပါလို႔လား သားတို႔ ဒီတိုင္းေလးပဲ ခ်စ္ၾကတာပါ'

'ငါ လက္မခံနိုင္ဘူး မင္းျမတ္ေႏြဦး !!! မိဘက ေမြးထားတာက ေယာက္်ားေလး ေမြးထားတာ ... ၿပီးေတာ့ လူ႔ေလာကႀကီးမွာ ေနေနသေ႐ြ႕ကေတာ့ ပတ္ဝန္းက်င္ဆိုတာ အေရးပါေနမွာပဲ'

'ကြၽန္ေတာ္နဲ႔ ကိုကိုက တကယ္ ခ်စ္ၾကတာပါ အန္တီ ... အန္တီတို႔ ကြၽန္ေတာ္တို႔ကို လက္မခံရင္ေတာင္ လက္ခံတဲ့အထိ ကြၽန္ေတာ္ႀကိဳးစားျပမွာပါ ... အန္တီတို႔ ျဖစ္ေစခ်င္တဲ့ ပံုစံအတိုင္း ျဖစ္ေအာင္ေနပါ့မယ္ ... ကြၽန္ေတာ္နဲ႔ ကိုကို႔ ကို လက္ခံေပးပါ'

ေသြးခန္႔ရဲ႕ ေျပာစကားအဆံုးမွာ ေမႀကီးရဲ႕ မဲ့ၿပံဳးမမည္ေသာ္လဲ မဲ့ၿပံဳးၿပံဳးလိုက္တာကို မင္းျမတ္ ျမင္ေတြ႕လိုက္ရပါသည္။ မင္းျမတ္သိသည္ ေမႀကီးက ေဒါသထြက္ၿပီး အဆံုးစြန္ ေပါက္ကြဲေနမယ့္ မိဘမ်ိဳးမဟုတ္ ... အခ်ိဳသပ္ၿပီး သူလိုခ်င္တဲ့ဘက္ ဆြဲေခၚမယ့္ သူမ်ိဳး ...

'မင္းတို႔က သိပ္သတၱိရွိတယ္ေပါ့ ခုလိုမ်ိဳး မိဘေတြေရွ႕မွာ သဘာဝမဆန္တဲ့ ခ်စ္ျခင္းမ်ိဳးကို ခ်ျပေနရေလာက္တဲ့ အထိေလ ... ငါ လက္မခံနိုင္ဆံုး အခ်က္က မင္းက ငါ့သားလိုမ်ိဳး ေယာက္်ားတစ္ယာက္ ျဖစ္ေနတာကိုပဲ ... ၿပီးေတာ့ ငါ့သားမွာ ေစ့စပ္ရမယ့္ မိန္းကေလးလဲ ရွိတယ္ ... မင္းလဲသိမွာပါ ယမင္းဆိုတဲ့ မိန္းကေလးကို ... အခုခ်ိန္မွာ ငါ့သားက မင္းေနရာမွာ တစ္ျခားမိန္းကေလး တစ္ေယာက္ကို ဆြဲေခၚလာတယ္ဆိုရင္ေတာင္ ငါက မိဘတစ္ေယာက္အေနနဲ႔ လက္ခံေပးမယ္ စဥ္းစားထားၿပီးသား ... ဒါေပမယ့္ မင္းက ေယာက္်ားတစ္ေယာက္ ျဖစ္ေနတာပဲ ... စိတ္ကူးယဥ္မေနၾကနဲ႔ မင္းတို႔က ခုခ်ိန္မွာပဲ ရူးမိုက္ေနၾကတာ ... ဒီလို သေဘာတရားေတြ ေဖာက္ျပန္ေနတဲ့ မင္းတို႔ ရူးမိုက္မႈက ဘယ္ေလာက္ၾကာမွာမလို႔လဲ'

'ဒါေပမယ့္ ဒါေပမယ့္ သားခ်စ္တဲ့သူ တစ္ေယာက္အေနနဲ႔ပဲ လက္ခံေပးလို႔မရဘူးလား ေမႀကီး ... ေယာက္်ား မိန္းမ မဟုတ္ပဲ သားခ်စ္တဲ့သူ တစ္ေယာက္အေနနဲ႔ေလ ... ေမေမပဲ ေျပာတယ္ေလ တစ္ျခားမိန္းမတစ္ေယာက္ကို ဆြဲေခၚလာတယ္ဆိုရင္ေတာင္ မိဘတစ္ေယာက္ အေနနဲ႔ လက္ခံေပးမယ္ဆို ... အခုလဲ သားခ်စ္တဲ့သူ ဆိုၿပီးေတာ့ မိဘတစ္ေယာက္အေနနဲ႔ လက္မခံေပးနိုင္ဘူးလား ... ၿပီးေတာ့ သားတို႔က ရူးမိုက္ေနတာ မဟုတ္ဘူး ေမေမ ... ရူးမိုက္ရေအာင္လဲ စိတ္ကစားေနတဲ့ ကေလးမဟုတ္ေတာ့ဘူး ... ခန္႔က သားကို အရမ္းခ်စ္တာ သားသိတယ္ ေမေမရဲ႕ ... သားလဲ သူ႔ကို ခ်စ္တယ္'

'ကြၽန္ေတာ္ ကိုကို႔ ကို အရမ္းခ်စ္တယ္ ဆိုတာ ကိုကို အသိဆံုးပါ အန္တီ ... ရူးမိုက္တာမ်ိဳးလုပ္ၿပီး သူမ်ား သားသမီးကို ဖ်က္လို႔ဖ်က္ဆီး လုပ္ရေအာင္လဲ ကြၽန္ေတာ္က အဲ့ေလာက္ မယုတ္ညံ့ပါဘူး ... ကြၽန္ေတာ္နဲ႔ ကိုကိုနဲ႔ အေျခအေနကိုလဲ ကြၽန္ေတာ့ရဲ႕ ေမေမကို ဖြင့္ေျပာျပထား ၿပီးသားပါ ... ကိုကို႔ ကို ခိုးေၾကာင္ခိုးဝွက္နဲ႔ မျဖစ္ခ်င္လို႔ မိဘေတြ အသိအမွတ္ျပဳေအာင္ ကြၽန္ေတာ္တို႔ ဖြင့္ေျပာတာပါ ... တစ္ခါမွလည္း ကိုကို႔ ကို တန္ဖိုးမထားစရာလိုမ်ိဳး မသတ္မွတ္ထားပဲ တရားဝင္ မိဘေတြ ေကာင္းခ်ီးေပး လက္ခံထားတဲ့ relationship မ်ိဳးကို တည္ေဆာက္ခ်င္တာပါ'

'မင္း မိဘေတြက ဘယ္လိုစိတ္ထားၿပီး လက္ခံေပးလဲ နားမလည္ေပမယ့္ ငါတို႔ကေတာ့ သားကို အေကာင္းဆံုးပဲ ျဖစ္ေစခ်င္တာ ... အ႐ြယ္ေရာက္တဲ့ထိ ပ်ိဳးေထာင္ ပညာေတြသင္ထားေပးၿပီး သူမ်ားတံေတြးခြက္ထဲ ေခါင္းမေဖာ္နိုင္တဲ့ အျဖစ္မ်ိဳး အျဖစ္ခံနိုင္မယ္ ထင္လား ... မင္း မိဘေတြကို ေစာ္ကားေျပာေနတာမ်ိဳး မဟုတ္ဘူး ... ဘယ္မိဘကမွ သားေယာက္်ားေလးက ဒီလိုမ်ိဳး ျဖစ္ေနတာ ခ်က္ခ်င္းလက္မခံနိုင္တာ မင္းစဥ္းစားဖူးလား ... ခ်စ္လြန္းလို႔ သေဘာအတိုင္းသာ ခြင့္ျပဳေပးထားမယ္ ... မိဘရင္ထဲမွာေတာ့ မခ်ိတင္ကဲျဖစ္ေနမွာပဲ'

ေႏြဦးငယ္ရဲ႕ ေမေမ စကားအဆံုးမွာ ေသြးခန္႔ ဘာမွ ဆက္မေျပာနိုင္ေတာ့ ... ဟုတ္သည္။ ေမေမက သူ႔ကို လက္ခံတယ္ဆိုေပမယ့္ ဘယ္လိုခံစားခဲ့ရလဲ တစ္ခါမွ မေမးဖူးခဲ့ ... အေမတစ္ခု သားတစ္ခုဘဝနဲ႔ အေျခအေနမွာ ေမက သူ႔ကို စိတ္ခ်မ္းသာေအာင္ လက္ခံေပးခဲ့တယ္ထားဦး ... ေမ့ အေနနဲ႔ သားေယာက္်ားေလး ေမြးထားသည့္အေလ်ာက္ ဒီလို အျဖစ္မ်ိဳး ႀကံဳလာရတဲ့ အခ်ိန္မွာ အနည္းနဲ႔ အမ်ားခံစားရမယ္ဆိုတာ ေသခ်ာသည္။ ေသြးခန္႔ ဘဝမွာ ေမေမ အျပင္ ခ်စ္ရတဲ့သူ ေႏြဦးငယ္ေလး ရွိလာေပမယ့္ ေမ့မွာေတာ့ ေသြးခန္႔ တစ္ေယာက္ပဲ ရွိေနေတာ့တာ ... ေမ့ ခံစားခ်က္ေတြကို လ်စ္လ်ဴရွဴမိတဲ့အတြက္လဲ ေသြးခန္႔ တစ္ထိုင္ထည္း ေနာင္တတို႔ တနင့္တပိုး ...

'ကဲ ေတာ္သင့္ၿပီ ထင္တယ္ ငါဝင္မေျပာဘူး ဆိုတာက မေျပာသင့္ေသးဘူးထင္လို႔ ဆက္ေျပာေနရင္ ဒီကိစၥနဲ႔ပဲ လံုးလည္ခ်ာလည္လိုက္ေနမွာ ... ၿပီးေတာ့ အခုခ်ိန္က ေသြးပူေနတဲ့ အခ်ိန္ ဆက္ေျပာေနလဲ ေဒါသေတြ ထပ္ပါလာမွာ ... ၿပီးေတာ့ ေမာင္ေသြးခန္႔ ... ခုခ်ိန္ဆက္မေျပာေတာ့ပဲ ျပန္သင့္ၿပီထင္တယ္ ... အကုန္လံုး ေသြးပူေနလို႔ ဘာမွေကာင္းတာျဖစ္လာမွမဟုတ္ဘူး'

တစ္ခ်ိန္လံုး ၿငိမ္ေနတဲ့ ေႏြဦးငယ္ရဲ႕ ဖခင္ကပါ ဝင္ေျပာလာတာမလို႔ ေသြးခန္႔ ဘယ္လိုဆံုးျဖတ္ရမလဲ အက်ပ္ရိုက္သြားသည္။ ေဘးမွာ ကပ္ရပ္ထိုင္ေနတဲ့ ေႏြဦးငယ္ကို လွည့္ၾကည့္လိုက္ေတာ့ ခပ္ႏြမ္းႏြမ္းေပမယ့္ သူ႔အတြက္ အၿမဲတမ္း ေတာက္ပေနတဲ့ အၿပံဳးေလးနဲ႔ ၿပံဳးျပသည္။

'ျပန္လိုက္ပါ ခန္႔ ေနာက္မွ ေအးေဆးျပန္လာခဲ့ ကိုကို အိမ္မွာလဲ ေဖနဲ႔ေမနဲ႔ကို နားခ်မွာပါ ကိုကို႔ ကိုယံုေနာ္ ခန္႔'

'အင္း ကိုကို ... ကိုယ္ ျပန္မယ္ ... ဒါေပမယ့္ ဒါက ကိုယ္ လက္ေလ်ာ့တာ မဟုတ္ဘူးေနာ္ ... ကိုယ္က ႀကိဳးစားမွာ လက္ခံနိုင္ေအာင္ တူတူႀကိဳးစားမွာ'

'ေျပာေလကဲေလ ဆိုတာထက္ ဆိုးေနပါလားရွင္'

'မိန္းမ မင္း ပါးစပ္ပိတ္ !!! ငါေျပာေနတာကို ထပ္မကြန္႔နဲ႔'

အိမ္ေထာင္ဦးစီးျဖစ္တဲ့ ေႏြဦးငယ္ရဲ႕ ဖခင္ျဖစ္သူ ဟန္႔တားမႈ ေအာက္မွာ မိခင္ျဖစ္သူကလဲ မေျပာသာေတာ့ ... ေသြးခန္႔လဲ သူ႔ရဲ႕ ေႏြဦးငယ္ေလးကို မ်က္ဝန္းအၾကည့္တို႔နဲ႔သာ စကားေျပာကာ အသည္းငယ္ရဲ႕ မိဘမ်ားထံ မ်က္နွာခ်င္းဆိုင္လိုက္သည္။

'ကြၽန္ေတာ္ ေအးေဆးျဖစ္မွ ျပန္လာခဲ့ပါ့မယ္ ... ကိုကို႔ ကို လက္လႊတ္မွာ မဟုတ္ပဲ ဦးတို႔ အန္တီတို႔ ခြင့္ျပဳတဲ့ အထိ ႀကိဳးစားမွာပါ ... ခြင့္ျပဳပါဦးဗ်'

ခြင့္ေတာင္းၿပီးတာနဲ႔ ေႏြဦးငယ္ထံ အၾကည့္တစ္ခ်က္ ျပန္လည္ပို႔လႊတ္မိၿပီး ခပ္ျမန္ျမန္ မ်က္နွာလႊဲကာ အိမ္ထဲက ခပ္သုတ္သုတ္ ထြက္လာခဲ့လိုက္ေတာ့သည္။ ကိုယ္ ျပန္လာမွာ ေႏြဦးငယ္ !!! လက္မေလ်ာ့ဘူး ... ေႏြဦးငယ္က ကိုယ္ပိုင္တာ ...

__________

လူတိုင္းမွာ အတၱကိုယ္စီရွိတယ္ ... ထားပံုထားနည္းပဲ ကြာတာ ...

To be continue ...

30th April,2020(Thu)
WhiteAster089





[Unicode]

ဧည့်ခန်းလေး တစ်ခုတွင်းမှာ လူလေးယောက် ဝိုင်းထိုင်နေပေမယ့် လေထုက ထင်သလောက်မနွေးထွေး ... အေးစက်စက်နဲ့ တစ်ခါမှ မရှိခဲ့ဖူးတဲ့ လေထုအမျိုးအစားလိုမျိုး ... မင်းမြတ်နဲ့ သွေးခန့်က ဘေးချင်းယှဉ်ထိုင်နေပြီး တွဲထားရက် လက်တစ်စုံကလဲ မဖြုတ် ... မျက်နှာပြောင်တယ် ပြောပြော ခုချိန်မှာ ရင်ဆိုင်မယ် တွေးထားကြပြီးသား ... မင်းမြတ်ရဲ့ ဖေ နဲ့ မေ က ခေါင်းရင်း ထိုင်ခုံမှာ ယှဉ်တွဲထိုင်နေသည်။ အမှားလုပ်ထားတာ မဟုတ်ပေမယ့် မင်းမြတ်ရဲ့ မိဘတွေရှေ့မှာတော့ အမှားလုပ်ထားကြသလိုမျိုး ... မျက်နှာစုံညီနဲ့ ထိုင်နေသည့်တိုင် စကားတစ်ခွန်းမှ မပြောဖြစ်ကြသေး ... အေးစက်စက်လေထု အခြေအနေကလဲ နွေးထွေးမလာ ...

သွေးခန့် ဒီအခြေအနေတွေကို ကြိုတွေးထားပေမယ့် တွေးထားတာက ဒါမျိုးမဟုတ် ... သူနဲ့ နွေဦးငယ်ရဲ့အခြေအနေကိုသာ နွေဦးငယ်လေးရဲ့ မိဘတွေ သိသွားတဲ့ အချိန်ကျရင် ပေါက်ကွဲခံရမယ် တွေးထားခဲ့ခြင်း ... ဘယ်လောက်ပဲ ပေါက်ကွဲပါစေ သွေးခန့်က နွေဦးငယ်ရဲ့ မိဘတွေ လက်မခံမချင်း အဆုံးစွန်ထိ တောင်းပန်မယ် ကြိုးစားမယ်ဆိုတာကို ဆုံးဖြတ်ထားပြီးသား ... တွေးထားတာတွေနဲ့ ဆန့်ကျင်စွာ အခု လက်ခံရရှိနေတဲ့ အခြေအနေက အေးစက်စက်လေထုမျိုး ... ကောင်းတဲ့ အငွေ့အသက်မျိုးမဟုတ်ဘူးဆိုတာတော့ သွေးခန့် ခံစားရသည်။ မုန်တိုင်းမလာခင် လေပြေလာနေသလိုမျိုး ...

'မင်းတို့ ဘယ်အချိန်ကတည်းကလဲ'

အချိန်တော်တော်ကြာ ထိုင်နေကြပြီးမှ မင်းမြတ်ရဲ့ အမေထံကနေ ထွက်လာတဲ့ ပထမဆုံးစကား ... သာမန်လေသံမျိုးလဲ မဟုတ်သလို ဒေါသတို့လဲ စွက်မနေ ... သို့ပေမယ့် အေးစက်လွန်းတာထက် ပိုနေတာကြောင့် နားထောင်ရသူဖြစ်တဲ့ သွေးခန့်နဲ့ မင်းမြတ်ကတော့ ကျောတွေ မတ်ခနဲ ဖြစ်သွားသည်။

'ငါမေးနေတယ်လေ အဲ့ ပါးစပ်နှစ်ပေါက်က အခု အ နေပြီလား မင်းမြတ် ပြောစမ်း ဘယ်အချိန်ကတည်းကလဲ'

'သားတို့ စာမေးပွဲ ပြီးပြီး အိမ်ပြန်ရောက်ကတည်းကပါ မေကြီး'

နှစ်ယောက်လုံး ရေငုံ နှုတ်ပိတ်နေကြခြင်းကြောင့် စိတ်မရှည်တဲ့အသံထွက်လာမှ မင်းမြတ် ဖြေမိသည်။

'ငါက သားယောက်ျားလေး မွေးထားတာ မင်းမြတ် ... အခြောက်မွေးထားတာ မဟုတ်ဘူး ... ငါ မင်းကို ဘယ်နေရာမှာ သွန်သင်ဖို့ လိုသွားလို့လဲ'

'အန်တီ ကိုကို့ ကို အပြစ်မတင်ပါနဲ့ အကုန် ကျွန်တော့ အပြစ်တွေပါ ... ဒီအခြေအနေထိရောက်အောင် ကျွန်တော်ပဲ ဖန်တီးထားတာမလို့ပါ'

'ခန့် မင်းမပြောနဲ့ ငါပြောမယ်'

ခုချိန်ထိတိုင် မဖြုတ်ပဲ တွဲထားတဲ့ လက်ကို တစ်ချက်ဖျစ်လိုက်ရင်း မင်းမြတ်က ခန့်ကို ဝင်တားသည်။

'မိဘတွေ ရှေ့မှာတောင် လက်တွဲထားရလောက်တဲ့ အထိ ငါတို့ကို မလေးစားတာလား မင်းမြတ် ... မင်းကို မေမေ ယုံတာမလို့ မေမေ့ စကားနားထောင်မယ်ဆိုတာ ယုံနေလို့ အလိုလိုက်ထားခဲ့တာ ... မင်းပြော ... မင်းကို ငါ ဆုံးမဖို့ ဘယ်နေရာ လိုနေခဲ့တာလဲ ... ဘယ်နေရာမှာ လစ်ဟင်းခဲ့လို့ ခုလို ယောက်ျားတစ်ယောက်နဲ့ ချစ်ကြိုက်တဲ့ အဆင့်ထိ ဖြစ်နေတာလဲ'

မင်းမြတ်မှာ မိခင်ဖြစ်သူရဲ့ စကားတွေကို ကြားရတော့ ရင်ထဲလဲ နာမိသည်။ တစ်ဦးတည်းသော သားဖြစ်သူက ယောက်ျားတစ်ယောက်နဲ့ ချစ်ကြိုက်နေခြင်း အပေါ် သားကို အပြစ် အရင်တင်ရမယ့် အစား မိခင်က သူ့အပြစ်ကို အရင်ထုတ်မေးနေလေသည်။ ဘေးက မင်းမြတ်ရဲ့ ဖခင်ကတော့ ဘာမှဝင်မပြော ... ခပ်အေးအေး နေတတ်သူပီပီ အေးအေးဆေးဆေး ထိုင်နေတာမျိုးတော့ မဟုတ်ပေမယ့် နှုတ်ခမ်းတို့က တင်းတင်းစေ့လျက် ...

'သား အပြစ်တွေပါ မေကြီး ... ဖေတို့ မေတို့ မဆုံးမလို့ မဟုတ်ပါဘူး ...သား သားကိုက ခန့်ကို အရမ်းချစ်လို့ပါ'

'အခုလို အချိန်မှာတောင် အဲ့စကားကို ပြောနေတုန်းလား မင်းမြတ်နွေဦး !!!'

'အန်တီ ကျွန်တော် ...'

'မင်း ပါးစပ်ကို ပိတ်ထား !!! ငါက ငါ့သားလေးနဲ့ သူငယ်ချင်းတွေ ဆိုပြီးတော့ မင်းကိုလဲ ယုံထားတာ ... မင်းတို့က နောက်ကွယ်မှာ ယုံကြည်ပေးထားတာတွေကို ရိုက်ချိုးပြီး ဒီလိုမျိုးတွေ ဖြစ်နေတယ်ပေါ့လေ'

အဆုံးစွန်ထိ ပေါက်ကွဲနေတာမျိုး မဟုတ်ပေမယ့် အသံတွေက တဖြည်းဖြည်း မာထန်လာသည်။ ထက်မြက်တဲ့ အမျိုးသမီး ဖြစ်သူပီပီ ဒေါသကို တဆုံးထုတ်မပြသော်လဲ သားသမီးနဲ့ ပတ်သတ်နေသည်မလို့ ဒေါသတို့ ရပ်တည်မှု အတိုင်းအတာကို အထင်းသား မြင်နေရသည်။

'မင်းတို့က ဒီလိုဖြစ်နေကြတာ ပတ်ဝန်းကျင်က ငါတို့ကို ဘယ်လိုပြောမလဲ ရှက်စရာကောင်းလိုက်တာ ... တစ်သက်လုံး လိမ္မာလာပြီး မင်းက ခုကျမှ သူများ တံတွေးခွက်ထဲ အမျောခံမလို့လား'

'ရှက်စရာမဟုတ်ဘူး မေကြီး !!! သားက မေကြီး ပြောသလို အခြောက်လဲ မဟုတ်ဘူး ... သားချစ်တဲ့ သူက ယောက်ျားတစ်ယောက်ဖြစ်နေတာပါ မေကြီးရဲ့ ... သားကို ဒီတစ်ကြိမ်လောက်ပဲ လက်ခံပေးလို့မရဘူးလား ... ပတ်ဝန်းကျင်ဆိုတာကြီးကို မေ့ထားပြီးတော့လေ ... သားရဲ့ ပျော်ရွှင်မှုထက်ကို ပတ်ဝန်းကျင်ဆိုတာကြီးက အရေးပါလို့လား သားတို့ ဒီတိုင်းလေးပဲ ချစ်ကြတာပါ'

'ငါ လက်မခံနိုင်ဘူး မင်းမြတ်နွေဦး !!! မိဘက မွေးထားတာက ယောက်ျားလေး မွေးထားတာ ... ပြီးတော့ လူ့လောကကြီးမှာ နေနေသရွေ့ကတော့ ပတ်ဝန်းကျင်ဆိုတာ အရေးပါနေမှာပဲ'

'ကျွန်တော်နဲ့ ကိုကိုက တကယ် ချစ်ကြတာပါ အန်တီ ... အန်တီတို့ ကျွန်တော်တို့ကို လက်မခံရင်တောင် လက်ခံတဲ့အထိ ကျွန်တော်ကြိုးစားပြမှာပါ ... အန်တီတို့ ဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဖြစ်အောင်နေပါ့မယ် ... ကျွန်တော်နဲ့ ကိုကို့ ကို လက်ခံပေးပါ'

သွေးခန့်ရဲ့ ပြောစကားအဆုံးမှာ မေကြီးရဲ့ မဲ့ပြုံးမမည်သော်လဲ မဲ့ပြုံးပြုံးလိုက်တာကို မင်းမြတ် မြင်တွေ့လိုက်ရပါသည်။ မင်းမြတ်သိသည် မေကြီးက ဒေါသထွက်ပြီး အဆုံးစွန် ပေါက်ကွဲနေမယ့် မိဘမျိုးမဟုတ် ... အချိုသပ်ပြီး သူလိုချင်တဲ့ဘက် ဆွဲခေါ်မယ့် သူမျိုး ...

'မင်းတို့က သိပ်သတ္တိရှိတယ်ပေါ့ ခုလိုမျိုး မိဘတွေရှေ့မှာ သဘာဝမဆန်တဲ့ ချစ်ခြင်းမျိုးကို ချပြနေရလောက်တဲ့ အထိလေ ... ငါ လက်မခံနိုင်ဆုံး အချက်က မင်းက ငါ့သားလိုမျိုး ယောက်ျားတစ်ယာက် ဖြစ်နေတာကိုပဲ ... ပြီးတော့ ငါ့သားမှာ စေ့စပ်ရမယ့် မိန်းကလေးလဲ ရှိတယ် ... မင်းလဲသိမှာပါ ယမင်းဆိုတဲ့ မိန်းကလေးကို ... အခုချိန်မှာ ငါ့သားက မင်းနေရာမှာ တစ်ခြားမိန်းကလေး တစ်ယောက်ကို ဆွဲခေါ်လာတယ်ဆိုရင်တောင် ငါက မိဘတစ်ယောက်အနေနဲ့ လက်ခံပေးမယ် စဉ်းစားထားပြီးသား ... ဒါပေမယ့် မင်းက ယောက်ျားတစ်ယောက် ဖြစ်နေတာပဲ ... စိတ်ကူးယဉ်မနေကြနဲ့ မင်းတို့က ခုချိန်မှာပဲ ရူးမိုက်နေကြတာ ... ဒီလို သဘောတရားတွေ ဖောက်ပြန်နေတဲ့ မင်းတို့ ရူးမိုက်မှုက ဘယ်လောက်ကြာမှာမလို့လဲ'

'ဒါပေမယ့် ဒါပေမယ့် သားချစ်တဲ့သူ တစ်ယောက်အနေနဲ့ပဲ လက်ခံပေးလို့မရဘူးလား မေကြီး ... ယောက်ျား မိန်းမ မဟုတ်ပဲ သားချစ်တဲ့သူ တစ်ယောက်အနေနဲ့လေ ... မေမေပဲ ပြောတယ်လေ တစ်ခြားမိန်းမတစ်ယောက်ကို ဆွဲခေါ်လာတယ်ဆိုရင်တောင် မိဘတစ်ယောက် အနေနဲ့ လက်ခံပေးမယ်ဆို ... အခုလဲ သားချစ်တဲ့သူ ဆိုပြီးတော့ မိဘတစ်ယောက်အနေနဲ့ လက်မခံပေးနိုင်ဘူးလား ... ပြီးတော့ သားတို့က ရူးမိုက်နေတာ မဟုတ်ဘူး မေမေ ... ရူးမိုက်ရအောင်လဲ စိတ်ကစားနေတဲ့ ကလေးမဟုတ်တော့ဘူး ... ခန့်က သားကို အရမ်းချစ်တာ သားသိတယ် မေမေရဲ့ ... သားလဲ သူ့ကို ချစ်တယ်'

'ကျွန်တော် ကိုကို့ ကို အရမ်းချစ်တယ် ဆိုတာ ကိုကို အသိဆုံးပါ အန်တီ ... ရူးမိုက်တာမျိုးလုပ်ပြီး သူများ သားသမီးကို ဖျက်လို့ဖျက်ဆီး လုပ်ရအောင်လဲ ကျွန်တော်က အဲ့လောက် မယုတ်ညံ့ပါဘူး ... ကျွန်တော်နဲ့ ကိုကိုနဲ့ အခြေအနေကိုလဲ ကျွန်တော့ရဲ့ မေမေကို ဖွင့်ပြောပြထား ပြီးသားပါ ... ကိုကို့ ကို ခိုးကြောင်ခိုးဝှက်နဲ့ မဖြစ်ချင်လို့ မိဘတွေ အသိအမှတ်ပြုအောင် ကျွန်တော်တို့ ဖွင့်ပြောတာပါ ... တစ်ခါမှလည်း ကိုကို့ ကို တန်ဖိုးမထားစရာလိုမျိုး မသတ်မှတ်ထားပဲ တရားဝင် မိဘတွေ ကောင်းချီးပေး လက်ခံထားတဲ့ relationship မျိုးကို တည်ဆောက်ချင်တာပါ'

'မင်း မိဘတွေက ဘယ်လိုစိတ်ထားပြီး လက်ခံပေးလဲ နားမလည်ပေမယ့် ငါတို့ကတော့ သားကို အကောင်းဆုံးပဲ ဖြစ်စေချင်တာ ... အရွယ်ရောက်တဲ့ထိ ပျိုးထောင် ပညာတွေသင်ထားပေးပြီး သူများတံတွေးခွက်ထဲ ခေါင်းမဖော်နိုင်တဲ့ အဖြစ်မျိုး အဖြစ်ခံနိုင်မယ် ထင်လား ... မင်း မိဘတွေကို စော်ကားပြောနေတာမျိုး မဟုတ်ဘူး ... ဘယ်မိဘကမှ သားယောက်ျားလေးက ဒီလိုမျိုး ဖြစ်နေတာ ချက်ချင်းလက်မခံနိုင်တာ မင်းစဉ်းစားဖူးလား ... ချစ်လွန်းလို့ သဘောအတိုင်းသာ ခွင့်ပြုပေးထားမယ် ... မိဘရင်ထဲမှာတော့ မချိတင်ကဲဖြစ်နေမှာပဲ'

နွေဦးငယ်ရဲ့ မေမေ စကားအဆုံးမှာ သွေးခန့် ဘာမှ ဆက်မပြောနိုင်တော့ ... ဟုတ်သည်။ မေမေက သူ့ကို လက်ခံတယ်ဆိုပေမယ့် ဘယ်လိုခံစားခဲ့ရလဲ တစ်ခါမှ မမေးဖူးခဲ့ ... အမေတစ်ခု သားတစ်ခုဘဝနဲ့ အခြေအနေမှာ မေက သူ့ကို စိတ်ချမ်းသာအောင် လက်ခံပေးခဲ့တယ်ထားဦး ... မေ့ အနေနဲ့ သားယောက်ျားလေး မွေးထားသည့်အလျောက် ဒီလို အဖြစ်မျိုး ကြုံလာရတဲ့ အချိန်မှာ အနည်းနဲ့ အများခံစားရမယ်ဆိုတာ သေချာသည်။ သွေးခန့် ဘဝမှာ မေမေ အပြင် ချစ်ရတဲ့သူ နွေဦးငယ်လေး ရှိလာပေမယ့် မေ့မှာတော့ သွေးခန့် တစ်ယောက်ပဲ ရှိနေတော့တာ ... မေ့ ခံစားချက်တွေကို လျစ်လျူရှူမိတဲ့အတွက်လဲ သွေးခန့် တစ်ထိုင်ထည်း နောင်တတို့ တနင့်တပိုး ...

'ကဲ တော်သင့်ပြီ ထင်တယ် ငါဝင်မပြောဘူး ဆိုတာက မပြောသင့်သေးဘူးထင်လို့ ဆက်ပြောနေရင် ဒီကိစ္စနဲ့ပဲ လုံးလည်ချာလည်လိုက်နေမှာ ... ပြီးတော့ အခုချိန်က သွေးပူနေတဲ့ အချိန် ဆက်ပြောနေလဲ ဒေါသတွေ ထပ်ပါလာမှာ ... ပြီးတော့ မောင်သွေးခန့် ... ခုချိန်ဆက်မပြောတော့ပဲ ပြန်သင့်ပြီထင်တယ် ... အကုန်လုံး သွေးပူနေလို့ ဘာမှကောင်းတာဖြစ်လာမှမဟုတ်ဘူး'

တစ်ချိန်လုံး ငြိမ်နေတဲ့ နွေဦးငယ်ရဲ့ ဖခင်ကပါ ဝင်ပြောလာတာမလို့ သွေးခန့် ဘယ်လိုဆုံးဖြတ်ရမလဲ အကျပ်ရိုက်သွားသည်။ ဘေးမှာ ကပ်ရပ်ထိုင်နေတဲ့ နွေဦးငယ်ကို လှည့်ကြည့်လိုက်တော့ ခပ်နွမ်းနွမ်းပေမယ့် သူ့အတွက် အမြဲတမ်း တောက်ပနေတဲ့ အပြုံးလေးနဲ့ ပြုံးပြသည်။

'ပြန်လိုက်ပါ ခန့် နောက်မှ အေးဆေးပြန်လာခဲ့ ကိုကို အိမ်မှာလဲ ဖေနဲ့မေနဲ့ကို နားချမှာပါ ကိုကို့ ကိုယုံနော် ခန့်'

'အင်း ကိုကို ... ကိုယ် ပြန်မယ် ... ဒါပေမယ့် ဒါက ကိုယ် လက်လျော့တာ မဟုတ်ဘူးနော် ... ကိုယ်က ကြိုးစားမှာ လက်ခံနိုင်အောင် တူတူကြိုးစားမှာ'

'ပြောလေကဲလေ ဆိုတာထက် ဆိုးနေပါလားရှင်'

'မိန်းမ မင်း ပါးစပ်ပိတ် !!! ငါပြောနေတာကို ထပ်မကွန့်နဲ့'

အိမ်ထောင်ဦးစီးဖြစ်တဲ့ နွေဦးငယ်ရဲ့ ဖခင်ဖြစ်သူ ဟန့်တားမှု အောက်မှာ မိခင်ဖြစ်သူကလဲ မပြောသာတော့ ... သွေးခန့်လဲ သူ့ရဲ့ နွေဦးငယ်လေးကို မျက်ဝန်းအကြည့်တို့နဲ့သာ စကားပြောကာ အသည်းငယ်ရဲ့ မိဘများထံ မျက်နှာချင်းဆိုင်လိုက်သည်။

'ကျွန်တော် အေးဆေးဖြစ်မှ ပြန်လာခဲ့ပါ့မယ် ... ကိုကို့ ကို လက်လွှတ်မှာ မဟုတ်ပဲ ဦးတို့ အန်တီတို့ ခွင့်ပြုတဲ့ အထိ ကြိုးစားမှာပါ ... ခွင့်ပြုပါဦးဗျ'

ခွင့်တောင်းပြီးတာနဲ့ နွေဦးငယ်ထံ အကြည့်တစ်ချက် ပြန်လည်ပို့လွှတ်မိပြီး ခပ်မြန်မြန် မျက်နှာလွှဲကာ အိမ်ထဲက ခပ်သုတ်သုတ် ထွက်လာခဲ့လိုက်တော့သည်။ ကိုယ် ပြန်လာမှာ နွေဦးငယ် !!! လက်မလျော့ဘူး ... နွေဦးငယ်က ကိုယ်ပိုင်တာ ...

__________

လူတိုင်းမှာ အတ္တကိုယ်စီရှိတယ် ... ထားပုံထားနည်းပဲ ကွာတာ ...

To be continue ...

30th April,2020(Thu)
WhiteAster089

Continue Reading

You'll Also Like

112K 5.3K 42
ငယ်ငယ်ကတည်းက ရင့်ကျက်ပြီး အတန်းခေါင်းဆောင်အမြဲလုပ်ရတဲ့ ကောင်လေး ကျော်နေမင်း ခြူခြာလွန်းလို့ ကျော်နေမင်းက ပိုးဟပ်ဖြူလို့ နာမည်ပေးခံရတဲ့ ကောင်မလေး နေခြ...
2.1K 164 21
အချစ်ဆိုတဲ့အရာက ကံကြမ္မာလား၊ ဖူးစာလား ဒါမှမဟုတ်တစ်စုံတစ်ယောက်အတွက် ငါကအစားထိုးခံလား။ ဂုဏ်ရောင်ထိန်ညီး မင်းသခင် Sart.23.4.2024
16.8M 648K 64
Bitmiş nefesi, biraz kırılgan sesi, Mavilikleri buz tutmuş, Elleri nasırlı, Gözleri gözlerime kenetli; "İyi ki girdin hayatıma." Diyor. Ellerim eller...
39K 1.1K 12
"ကိုယ်မင်းကိုချစ်လို့ ဂုဏ် ကျမယ် ဆင်းရဲမယ် အနှိမ်ခံရမယ် ဆိုရင်တောင်ဂရုစိုက်နေမယ်ထင်လား ကိုယ် မင်းကိုချစ်မိတာဟာအမှား ဆိုရင်တောင် ကိုယ်ဆက်မြတ်နိုးမိမှ...