Be My Neko (Completed)

By HabibaNadi

30.2K 1.1K 49

How Far away we are, i still love you ❤ More

Be My Neko
Be My Neko (part 2)
BE MY NEKO(unicode)
Extra 1💖

Be My Neko (Ending)

3.9K 154 12
By HabibaNadi

မနက် 6 နာရီ 28 မိနစ်..
သဲလက်ကို တစ်စုံတစ်ယောက် လာထိတွေ့ သလိုခံစားလိုက်ရသည်။ မင်းဘယ်သူလဲ...နောက်ကျမှ သိလာလိမ့်မယ်..ကိုယ့်နောက်ကိုသာလိုက်ပါ..သဲထိုသူလက်
ကို ဆွဲပီး သူခေါ်ရာနောက်ကို ပါသွားတော့သည်။ တစ်နေရာအရောက်တွင် ရပ်
လိုက်သည်။ ရောက်ပြီ...ဒီနေရာပဲ
သဲ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်
မိသည် ။ ဆာကူရာပန်းများ တဖြုတ်ဖြုတ်
ကြွေကြလျက်ရှိသည်။အလွန်ကြည်နူး စရာကောင်းသည့် မြင်ကွင်းပင်...
ထိုအချိန်တွင်
" တီ...တီ...တီ....တီ.."
သဲ အိပ်ပျော်နေရာမှ ရုတ်တရက်လန့်နိုး
သွားသည်။ တောက် ဒီနှိုးစက် အစုတ်
ပလုတ်က အိမ်မက်ကောင်းမက်တော့မှ
လာမြည်ရတယ်..လို့...သဲ စိတ်ပျက်စွာနှင့်
ညည်းညူလိုက်မိသည်။ သို့သော် သူမ
တစ်ကယ်သိချင်မိတာက အိမ်မက်ထဲက
သူမ လက်ကိုဆွဲသွားတဲ့တစ်​ယောက် က ဘယ်သူများလဲ...
အာ...မသိတော့ဘူး..စိတ်ရူပ်တယ်
ပြန်အိပ်လျှင်လည်း အိပ်ပျော်တော့ မည်
မဟုတ်သောကြောင့် အောက်ထပ်သို့်ဆင်း ပြီး မျက်နှာသစ်...သွားတိုက် ခြေလက်
ဆေး လိုက်သည် ။
မေမေကတော့ သူမကိုထူးထူးဆန်းဆန်း အကြည့်များနှင့်ကြည့်နေသည်။
" ဒီနေ့မှ အိပ်ရာကနေ စောစောစီးစီး
ထလို့ပါလား...အရင်နေ့တွေကဆို နေဝင်
ဖင်ထိုးရင်တောင် အမေခေါ်မှ ထတာများ"

သဲက ပြုံးစစ နှင့်ပြန်ပြောသည်။
" မေမေကလည်း ကိုယ်သမီးကို အဲ့လောက် အထင်ကြီးစရာမလိုပါဘူး 😂"

" ကိုယ့်သမီးဆိုတော့လည်း အထင်ကြီး ရ
တာပေါ့...".

" ဟုတ်ပါပြီ မေမေရယ် ဒီနေ့ ရှားသင်းလဲ့
တို့ အိမ်သွားမလို့...သမီးတို့သူငယ်ချင်း
တွေ စာစု လုပ်မလို့..."

" ရပါတယ် သမီးရယ် ပြောစရာကိုမလိုဘူး..မေမေက စာအတွက်ဆို ဘယ်လိုမဆို လွှတ်တယ်...&

" ဟုတ်ပါပြီ... အဲ့တာကြောင့်လည်း
မေမေ့ကိုချစ်ရတာ..."

" ဒီကလေးမလေးကတော့ အပို တွေပြော
ပြန်ပြီ.."

" အပိုတွေမပြောပါဘူး.. မေမေကလည်း
တကယ်ပြောတာပါဆို...သမီးမှာချစ်စရာ
ဆိုလို့ ဒီမေမေဘဲ ရှိတာလေ..".

" ဟုတ်ပါပြီ...ကောင်မလေးရယ်...မေမေ
ကလည်း ဒီသမီးတစ်ယောက်တည်းကို
ချစ်တာပါ..သမီးသွားမယ်ဆိုလည်း တစ်
ခုခုစားပြီးသွားလေ..မေမေသမီး အတွက်
ခေါက်ဆွဲကြော် ပေးထားတယ်..."

" ဟုတ်လားအမေ...သမီးအကြိုက်ပဲ..
ဘယ်မှာလဲ...အခုပဲစားလိုက်မယ်.."

" ဟို စားပွဲခုံပေါ်မှာလေ..အုပ်ဆောင်း အနီလေးနဲ့ အုပ်ထားတယ်...သမီးနိုင်သလို
စား...".

" ဟုတ်...စားပစ်မယ်...စိတ်မပူနဲ့မေမေ"

" သိပါတယ်...ငါ့သမီးကဒီလိုနေရာမျိုးဆို
နှစ်ခါပိုပြောစရာမလိုဘူး..".
မေမေက အရွှန်းဖောက်ပြီးပြောလိုက်သည်။
" ဟီ...သိပ်ဟုတ်တာပေါ့.."
မေမေကြော်ပေးထားသော ခေါက်ဆွဲကြော်ကို ပလုတ်ပလောင်းစားရင်း ပြန်ပြော
သည်။ ပြတင်းသို့ လှည့်ကြည့်လိုက်မိသည်။ အပြင်ဘက်တွေ မိုးတွေတဖွဲဖွဲ ရွာနေ
သည်...မိုးဖွဲဖွဲလေးထဲတွင်မေမေ ကြော်
ပေး ထားသောခေါက်ဆွဲကြော် သည်
အလွန်စားကောင်းခဲ့ပါသည်...
" သမီးရေ..."

" ဟုတ်..ပြောလေ မေမေ.."

" အပြင်မှာ မိုးတွေရွာနေတယ်...ထီးယူ
သွားဖို့ မမေ့နဲ့နော်.. "
.
" မမေ့ပါဘူး...မေမေ့ရဲ့..ဒါဆိုနောက်ကျ
သွားမယ်..သမီးအခုသွားတော့မယ်နော်"

" ကောင်းသွား သမီးလေး..ထီးလည်းယူ
သွားနော်..ဪ.ပြီးတော့ ဖုန်းလည်း ယူ
သွားဖို့မ မေ့နဲ့.."

" ဪ..အမေဖုန်းက စားပွဲခုံပေါ်မှာ
တစ်ချက်လောက်ယူပေးပါလား.."

မေမေ အခန်းထဲဝင်ပြီးခဏနေတော့ ပြန်
ထွက်လာသည်၊
" ရော့ ဒီမှာ သမီးဖုန်း...".

" ကျေးဇူးပါ.. မေမေ..သမီးသွားပြီနော်.
အား..မွ.."

သဲ မေမေ့ပါးအား တစ်ချက်နမ်းကာ အိမ်မှ ထွက်လာသည်။ မိုးတွေကတော့ တဖွဲဖွဲ ရွာနေတုန်း...သဲ အတွေးလွန်​နေစဉ်နေ
မှာပင် ရှား တို့အိမ်ရှေ့ကို ရောက်လာသည်။ သဲစုနှင် ရှားတို့ အိမ်မှာ ဘယ်လောက်
မှ မဝေးပေ..သဲတို့ တစ်အိမ်ကျော်မှာပင်
ရှိသည်။ ရှား တို့အိမ်ကလည်း ခြံနှင့် ပင်
ဖြစ်သည်။ သဲ ဆောင်းလာသော ထီးကို
ပိတ်ကာ ဘဲဘ်ကို တီးလိုက်သည်။
ခန အကြာတွင် အိမ်တံခါးပွင့်သွား ပြီး
အိမ်ထဲက ရှား ထွက်လာသည်၊ ခြံရှေ့တွင်
ရပ်နေသော သဲစု အား တအံ့တသြ ကြည့်
လိုက်သည်။
" ဟယ်...နင်အစောကြီးပဲရောက်နေပါ
လား...ဟန်နီတောင်မရောက်သေးဘူး.."

" ကဲ..ဖွင့်မှသာ ဖွင့်စမ်းပါ..ငါအပြင်မှာ ရပ်စောင့် နေတာတော်တော်ကြာနေပြီ.."

" အောင်မယ်လေး နင်ကလည်း စိတ်ကြီးပဲ ဖွင့်ပါ့မယ်.. လယ်လိုဖြစ်နေတာလဲ."
ရှား ပြောရင်းဆိုရင်းနဲ့ ခြံတခါးကို ဖွင့်လိုက်သည်.။
" ကဲ..အထဲဝင်တော့..ပြောစမ်းပါဦး..
အစောကြီးပဲ..ဘာလာလုပ်တာတုန်း.."

" ဘာမှ မလုပ်ပါဘူးဟာ..စာမေးပွဲက နီး
နေပြီလေ.. စာအတူတူလုပ်မယ်လို့်​ပြော
ထားတာ မမှတ်မိဘူးလား.."

" မှတ်မိပါတယ်ဟာ..ဒါမဲ့ ဟန်နီကမှ မ
ရောက်သေးတာ..သုံးယောက်လုံးစုံမှ
အတူတူ လုပ်ရတာပေါ့.."
.
" သူက မေ့နေတာ နေမှာပေါ့...အိပ်တာ
ကလွဲပီး ဘာမှမသိတဲ့ ဟာမကြီး.."
.
" ဟား ဟား သူကြားရင် နင့်ကိုကျိန်ဆဲ
နေဦးမယ်..".

" ဆဲပလေ့စေ ပေါ့ဂရုမစိုက်ဘူး..
သူ့ကို ဖုန်းဆက်ပြီးခေါင်းစားကြည့်ပါလား"

" မေး အဲ့အကြံကောင်းတယ်..ငါအခု ဆက်လိုက်မယ်.."

" တီ..တိ..တိ.."
ဖုန်းဝင်နေသည့်အသံ.

တော်တော်ကြာတဲ့အထိဖုန်းမကိုင်​ပေ..
နောက်ဆုံးဖုန်းကျ သွားသည်။ ရှားက အလျော့ မပေးပဲ ထက်ခေါ်သည်။

ခနနေတော့ ဖုန်းကိုင်လိုက်သည်။

" ဟယ်လို...ဘယ်သူလဲ..လူအိပ်နေတာ နားမလည်ဘူးလား.."
" အေး ဒါ လူအိပ်တဲ့အချိန်လား ကောင်မစုတ်ရဲ့..ဒီနေ့ ချိန်းထားတယ်လေ.."
.
" ဟာ..သဲလေး..ဆောရီး..ဆောရီး.."

" အခု မှ ဆောရီးလာမပြောနဲ့..အခုချက်
ချင်း ငါ့အိမ်လာခဲ့..မလာရင်တွေ့ တွေ့ မယ်
ဟင်းဟင်း.."
ရှား ကြိမ်းပြီးပြောလိုက်သည်။ ဒီလိုပြော
မှလည်းသူက ကြောက်သည်လေ..
" ဟာ..လာပါပြီဗျာ...အခု ချက်ချင်းပဲ
အိမ်က ထွက်လာပြီ..အသဲရဲ့.."

" အဟင်း..လာရင်လည်းပြီးတာပဲ..
ဒီမှာ တို့နဲ့ မိသဲရော တူတူစောင့်နေတယ်"

" အင်း...ကိုယ်လာနေပြီ..သဲဘေးမှာ
ဟို စောင် Fa မကြီးရှိ​နေတာလား.."

ရှား က စပီကာဖွင့်ပြီး ပြောသောကြောင့် ဘေးက မိသဲ သူတို့ပြောတာ အားလုံး
ကြားနေရသည်။
" အင်း..ဟုတ်တယ်လေ..အချစ်ရဲ့ ဘာ
ဖြစ်လို့လဲ.."

" ဟဲ့ နင်တို့နှစ်ယောက်လုံးသေချင်လို့
လား ငါအကုန်ကြားနေရတယ်နော်.."

" ကြားရင်လည်းပြီးတာပဲလေ.."
ဟန်နီ က စောက်မြင်ကပ်စရာကောင်း
သောအသံနှင့်ပြောသည်။

" နင်လာရင် သေပြီသာမှတ်..ငါနင့်ကို
အသေသတ်မှာ..&
. .
" လုပ်ရဲရင်လုပ်ကြည့်လေ..".

" အင်း..လုပ်မှာ လုပ်မှာ အခုတော့ နင့်ရဲ့
အချစ်လေးကို လုပ်မှာ..သိရဲ့လား.."

" ငါ့ အချစ်ကို ထိရဲထိကြည့်နော်.. မီးပွင့်
သွားတယ်.."

" ဟားဟား.."
သုံးယောက်လုံးပြိုင်တူ ရယ်လိုက်မိကြသည်။ သူတို့သူငယ်ချင်းသုံးယောက်သည်
ကမ္ဘာ ပေါ်တွင် အချစ်ဆုံးသူငယ်ချင်း များ
ပင်..ကျောင်းဖွင့်သည်တစ်လအတွင်းမှာ
ပင် ဟန်နီ က ရှား ကို ချသ်တယ်ဟု ဖွင့်
ပြောပြီး သူတို့နှစ်ဦးတွဲဖစ်ခဲ့ကြသည်။
မိသဲ ကတော့ သူငယ်နှစ်ယောက်ကို ကြည့်ပြီးအားကျနေရသည်..။
သူ့ သူငယ်ချင်းတွေကလည်းသူမကို
ဆုတောင်းပေးကြပါသည်။ သူမကို တစ်
ကယ်ချစ်သော သူနှင့်တွေပါစေလို့..
သူမကလည်း ပြန်ဆုတောင်းခဲ့ပါသည်.
" ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့.."

သဲစု တွေးနေစဉ်မှာပင် ရှားက သူမ ပုခုံး
ကို လှမ်းပုတ်လိုက်သည်။ နင်ဘယ်​တော့
ချစ်သူရမှာလဲ...

ဒီလိုပဲ တစ်နေ့တော့ရမှာပေါ့ဟာ..
ငါ့ကို ငါ့​မေမေ ရော့ မ ကရော ရည်းစား
မထားနဲ့ဦးတဲ့..ငယ်သေးတယ်.. စာကြိုး
စားတဲ့.. အဲ့တာကြောင်ငါ ဆယ်တန်း
ဖြေပြီးမှ ထားမလို့..ပြီးတော့ ငါ့ကိုချစ်တဲ့
သူက မရှိတာမဟုတ်ဘူး..ရှိတယ်ဟ
.
အမယ် သူကများ ကြီးကြီးကျယ်ကျယ် ရှိ
တော့ကောင်းတာပေါ့..ဘယ်သူလဲ ပြော
စမ် ပြောစမ်း..

ပြောပြစရာလားဟ..သိချင်ရင် ကိုယ့်ဘာ
သာ စုံစမ်းပေါ့..

အင်း ရတုန်းလုပ်ထားပေါ့..ပျင်းတယ်ကွာ
ဟို ကောင်ကလည်းမလာသေးဘူး..ဖုန်း
ပဲထိုင်သုံးတော့မယ်..

အေး..ငါလည်းပျင်းတယ်ဟာ..
မိသဲ ဖုန်းကိုဖွင့်ပြီး Facebook ထိုင်သုံး
နေတော့သည်။ သူရုတ်တရက် မ ကို သတိ ရသွားသည်။

Thae: Hi မ

Pyae: ဟိုင်း ကလေး ဒီနေ့မှထူးထူး ဆန်း
ဆန်း မကို အရင်စကားလာပြောပါ
လား..

Thae: ဒါဆိုလည်း မပြောတော့ဘူးသွား
စိတ်ဆိုးတယ်..

Pyae: မဆိုးပါနဲ့ကလေးကလည်း မ ကစ
တာလေနော်..

မ ရဲ့အပြောတွေကြောင့် မိသဲ ပြုံးမိသွား
သည်။ ထိုအချိန်တွင် အနောက်က ရှားက
လှမ်းပုတ်လိုက်သည်။ရုတ်တရက်ဆိုတော့ သဲလန့်ပြီး လက်ထဲကဖုန်းပါ လွတ်ကျ
သွားသည်။ အဟမ်း တစ်ယောက် တည်းဘာတွေပြုံးစိစိ လုပ်နေတာလဲ...
"ဘာပဲဖစ်ဖြစ်ပေါ့ သိပ်ကိုစပ်စု လွန်းတယ် ရှား အစုတ်ပလုတ်မ..ငါ့ဖုန်းပြုတ် ကျ
သွားပြီ.."

" အမယ် သူ့ဘာသာ ကြူတုန်းက ကြူ
ပြီးတော့ ငါ့အပစ်လာမချနဲ့.."

" ဘယ်သူလည်း ကြူနေလို့လဲဟ.."

" နင်ကြူနေတာနေတာလေ..သူခိုးလူ
မိပြီးတော့များ.."

" အံမယ်.အမယ်.."

" တင်းတောင်..တင်းတောင်.."

" တော်တော့..ဟျုမှာ ဟန်နီလာပြီ ထင်
တယ် တံခါးသွားဖွင့်ပေးလိုက်.."

" နင့်လင်လေ..နင်သွားဖွင့်ရမှာပေါ့.."

ရှားစိတ်မရှည်တော့ ဟန်နှင့် သူကိုယ်တိုင် သွားဖွင့်ပေးလိုက်သည်။
" နောက်ကျသွားရင် ဆောရီးအချစ်
ကိုယ် အမေ့ကို အလုပ်တွေကူလုပ်ပေးနေလို့.."

" အံမယ်...မယုံပေါင်နော်..နင်ကလား
အလုပ်လုပ်မဲ့ကောင်..".
မိသဲက ဝင်ပြောသည်။

" မယုံလည်းနေပေါ့..နင့်ကိုလည်း ဘယ်သူက ယုံခိုင်းနေလို့လဲ..
ထို့နောက်ရှားဘက်သို့ လှည့်လိုက်ပြီး
ကိုယ်မရှိတုန်း ဒီ Fa မ သဲကို ဘာပြသနာ
ရှာသေးလဲ..."

" ဟုတ်တာပေါ့ ကို ရယ် သူနဲ့ သူ့မမ
ကြူနေတုန်း သဲက သူ့ကို လှမ်းပုတ်လိုက်
တာ အသေတွေဖြစ်နေတာ.ကိုရဲ့."

" သူက မမတွေဘာတွေ တောင်ရလို့
ပါလား..ကောင်မ.."

" အာ..ငါတို့က ရိုးရိုးသားသားပါဆို
သူတို့လိုများထင်နေလားမသိဘူး.."

" အဟင်း...ရိုးသားတယ်ဆိုတော့လည်း
ကြည့်ရသေးတာပေါ့.."

" တော်ပြီ..နင်တို့နဲ့စကားပြောရတာ ကီး
ကို မကိုက်ဘူး..ငါ့မမနဲ့ ပဲပြောတော့မယ်"

" သူကပဲ ပြောရတယ်ရှိသေး.."

သဲ ဟိုနှစ်ယောက်ကိုကျောခိုင်းပြီး မနဲ့
စကား ဆက်ပြောနေလိုက်သည်။

Thae: အင်းပါ မရဲ့

Pyae: ဒါနဲ့ကလေးမှတ်မိလား ဒီနေ့ကလေးနဲ့ မမ တွေ့တာ တစ်လပြည့်ပြီလေ..

Thae: ဟုတ်လားမ သဲကတော့ မမှတ်မိ
တော့ဘူး..

Pyae: ဟုတ်တယ် ကလေးရဲ့ မက ကလေးနဲ့ ပတ်သက်တာမှန်သမျှ ကို နှလုံး
သားထဲမှာ သေချာမှတ်ထားတာ ကလေးရဲ့..

Thae: မ ကတော့နောက်ပြီ..

Pyae: မနောက်ပါဘူး..အတည်ပြောတာ
ပါဆို..ဒါနဲ့ မမ ကလေးကို ပြောစရာရှိတယ်..

Thae: ပြောလေမ

Pyae: မ Video call ခေါ်မယ် ရလား

Thae: ရတယ်လေ မ
မဘက်က video call ဝင်လာသည်။
သဲကိုင်လိုက်သည်။ မကအက်ႌအျဖဴေပၚ
တွင် အနက်ထပ်ဝတ်ထားပြီ လည်ပင်း
တွင် နက်ခ်တိုင်စည်းထားသည်။ ဒီပုံစံ
လေးနဲ့ဆို တော်တော်ကြည့်ကောင်းနေ
သည်။

" ဟယ်လို ကလေးမ.".
" ဟယ်လို မရေ..."
" ကလေးဘာတွေလုပ်နေလဲ.."
" အခု သူငယ်ချင်းအိမ်ရောက်နေတာ
လေ..စာတူတူကျက်ဖို့.."
" ဟုတ်လား..ကလေး.ကောင်းတာပေါ့
စာကြိုးစား.."
" မမပြောစရာ ရှိတယ်ဆို ပြောလေ.."
" အင်း.. ဟုတ်တယ်ကလေးရဲ့..ဒီလ
စာမေးပွဲရှိလို့ မ လိုင်းမသုံးဖြစ်ဘူးလို့..
ကလေးကိုကြိုပြောတာ.."
" ဟုတ်လားမ..သဲတော့လွမ်းနေတော့.
မှာပဲ.."
" အပိုတွေ."
ဒီစကားကတော့ သူ့ရဲ့ချစ်လှစွာသောမဆီ
ကထွက်လာခြင်းမဟုတ်...
Bff အစုတ်ပလုတ်မနှစ်ျကာင်စီကပင်..
" မလည်းလွမ်းနေမှာ..ထမင်းမှန်မှန်
စားနော်..ဖုန်းချည်းပဲလည်းသုံးမနေနဲ့..
ကြားလား.."
.
" ကြားပါတယ်..မရာ."

ထိုနေ့တစ်နေ့လုံး သဲ မနှင့် စကားပြောဖြစ်ခဲ့ကြသည်။ သူမသူငယ်ချင်းများနှင့်
မိတ်ဆက်ပေးခဲ့သည်။ တစ်နေ့လုံးကို
သူငယ်ချင်းများနှင့်အတူပျော်ရွှင်စွာ ဖြတ်
သန်းခဲ့ကြသည်။
Skip..
1 ရက်
မနှင့်စကားမပြောရသောတစ်ရက်သည်
တော်တော်ကို ပျင်းဖို့ကောင်းသည်။

2 ရက်
မကို သတိရတယ်ကွာ..

3 ရက်
မ ဘာတွေများလုပ်နေပါလိမ့်

4 ရက်
အရမ်းလွမ်းတယ် မ သိနိုင်ပါ့မလား
ဒီလို့နှင့် တစ်ပတ် နှစ်ပတ် သုံးပတ်
လေးပတ် အလီလီကုန်ဆုံးလာခဲ့သည်။
မ ဘက်ကတော့ စာမလာ အကြောင်း
မကြားချေ...မတစ်ခုခုများ ဖြစ်နေတာလား
ရင်ဘတ်ထဲ အောင့်သက်သက်ခံစားလိုက်ရသည်။ မတတ်နိုင်ဘူးလေ ချစ်တာကိုး
စိတ်ရှည်ရှည်နဲ့စောင့် ပေးရမှာပေါ့

ဒီလို့ လတွေလည်း အသီးသီးကုန်ဆုံး
သွားခဲ့သည်... မ ဘက်ကတော့ ဘာသီတင်း မှမထူးပေ..သဲ ရရင် မနေရပ် အမေရိကား ကိုသာလိုက်သွားချင်တော့သည်။

မ သိရဲ့လား...မ မရှိတဲ့ရက်တရက်မှ
သဲအတွက်ပျော်စရာမရှိဘူး..သဲ အားရ
ပါးရ ငိုချလိုက်ချင်ပေမယ့် သူ့ကို ဘယ်သူ
ကနားလည် ပေးမှာလဲ...

နွေ မိုး ဆောင်း အလီလီကုန်ဆုံးသွားပြန် သည်။ မ သဲကိုပစ်ထားတာ အခုဆိုရင်
တစ်နှစ်တောင်ကျော်ခဲ့ ပြီပေါ့...
လုပ်ရက်လိုက်တာ မ ရယ်...မ သဲကို
ပစ်သွားတဲ့အချိန်မှ သဲ သိလိုက်ရတယ်

" မ ကို အရမ်းချစ်မိသွားပြီဆိုတာ."
မိုးရာသီရောက်တိုင်း သဲ မမကို သတိရမိသည်။ အထူးသဖြင့် မိုးဖွဲဖွဲလေးရွာသည့်
June လဆိုရင် ပိုပြီးလွမ်းရသည်...
မရယ် မ ဘယ်အချိန်မှပေါ်လာဦးမှာလဲ

သဲ ဆိုသည့်ကောင်မလေးသည် အချစ်
ဆိုတာ ဘာမှန်းမသိခဲ့...အချစ်ကို ဖွဲ့ဖွဲ့ နွဲ့နွဲ့
လည်း မတင်စားတတ်ပေ..သို့သော်..
သူမ အရမ်းချစ် ခဲ့သည်။ " မ" ဆိုတဲ့သူ
ကိုပေါ့...

ဒီနှင့် တစ်နှစ် နှစ်နစ် သုံးနှစ်ကုန်ဆုံးခဲ့
ပြန်ခဲ့သည်။ သဲ ကျောင်းပြီးလို့ Uni တောင် တက်နေပြီလေ...အခုအချိန်ထိလည်း
သူမ ရင်ဘတ်ထဲ မှာ မ တစ်ယောက်တည်း သာရှိသည်။ တခြားဘယ်သူမှလည်း
အစားထိုးချစ်လို့ မရ ပေ..

သူ့သူငယ်ချင်းတွေ ကတော့ပြောသည်။
နင် က မချစ်ရင် မချစ်တာ ချစ်တော့ အချစ်
က ကြီးပေ့...သူငယ်ချင်းရယ် နင်မှတ်ထား

" အရမ်းချစ်ရင် အရမ်းခံစားရတယ် တဲ့".
ဟုတ်ပါသည်...မှန်သည်...သူမအရမ်းကို
ခံစားနေရသည်။ ဘယ်လိုမှလည်းမေ့လို့
မရ...

3 နှစ်ကုန်ဆုံးပြီးနောက်...
June လ 3 ရက် မနက် ၆နာရီခွဲ

သဲ ကော်ဖီခွက်တစ်ခွက်ကိုကိုင်ကာ
အောက်ထပ်သို့ဆင်းလာသည်။ အမေက
တော့ သတင်းစာထိုင်ဖတ်နေသည်..
သူမ အပြင်သို့လှမ်းကြည့်လိုက်မိသည်။
ပြတင်းပေါက်အပြင်ဘက်တွင် မိုးတွေ
တဖွဲဖွဲ ရွာနေတုန်း..

ရုတ်တရက် ဘဲလ် တီးသံကိုကြားလိုက်
ရသည်။
" တင်းတောင်...တင်းတောင်.."

" လာပြီလာပြီ.."
အမေက ခြံတခါးဖွင့်ရန်ထသွားသည်..
သဲကတော့ ငုတ်တုတ်ကြီးရပ်နေမိနေသည်...' ဒီအချိန်ဘယ်သူများလာပါလိမ်..'

မေမေ ကတံခါးဖွင့်ပေးလိုက်တော့ အိမ်
ထဲဝင်လာသည်...မိသဲရေ...နင့် အသိတဲ့
မေမေပြောမှ သဲ တံခါးဝကို လှမ်းကြည့်
လိုက်သည်။ အင်္ကျိ အဖြူပေါ်တွင် ဂျင်းကုတ် ကို ထပ်ဝတ်ထားပြီ ရူးဖိနပ် အမဲရောင်
ကို ဝတ်ထားသော သူမသည်...

သူလွမ်းနေသော မ မှ မအစစ် ပင်..
သူကိုင်ထားငေါ ကော်ဖီခွက်ကို လွှတ်ချကာ မကို ချက်ချင်းပြေးဖက်လိုက်မိသည်။
မ ကလည်း ခါးကိုတင်းကြပ်စွာပြန်ဖက်
ထားသည်...ဘယ်သူကသိမှာလည်း..
သူတို့နှစ်ယောက်ရဲ့ သံယောဇဉ် ကို...

အပြင်ဘက်ကိုလှမ်းကြည့်မိပြန်သည်။
မိုးဖွဲဖွဲလေးတွေ ကရွာလို့ကောင်းတုန်း...

မိုးဖွဲဖွဲလေး ထဲမှာသူတို့တွေ့ဆုံခဲ့သည်..
မိုးဖွဲဖွဲလေး ထဲမှာသူတို့ချစ်မိခဲ့သည်..
မိုးဖွဲဖွဲ​လေး ထဲမှာသူတို့လွမ်းခဲ့ရသည်
မိုးဖွဲဖွဲလေး ထဲမှာသူတို့ဝေးခဲ့ရသည်..
အခုတော့..
မိုးဖွဲဖွဲလေး ထဲမှာသူတို့နှစ်ယောက် ပေါင်းဖက်နိုင်တော့မည်.....

.............BE MY NEKO.............

Pyae: Can you be my neko?
Thae: Yes of course.
တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး
ပြုံးလိုက်ကြသည်....

....................THE END.......................
😘😘😘😘😘😘😘😘😘😘😘😘
Word 4207

Continue Reading

You'll Also Like

266K 14.6K 47
မကြာခင် ကာမပိုင်ရှိလာတော့မဲ့ မိန်းမတစ်ယောက်ကို တိတ်တခိုး စွဲလမ်းနေရတာဟာ ကျွန်မအတွက်တော့ နေ့စဉ်နဲ့အမျှ ငရဲကျနေသလိုပါပဲ။ သို့ပေမဲ့လည်း ကျွန်မဟာ ဒီငရဲကိ...
225K 14K 30
(Zawgyi + Unicode) နောက်ဆုံးအနေနဲ့ ချစ်ပါတယ်...... နောက်ဆုံးအနေနဲ့ ချစ်ပါတယ်......