တီး....တီး...တီး...တီး
နားထဲသို႔ ခါးသက္စြာႏွင့္ အဆက္မျပတ္ဝင္လာေသာ အသံသည္ သဲ အမုန္းဆံုး
Alarm ျမည္သံပင္....မ်က္လံုးကို မဖြင့္ေသးပဲ ျမည္ေနေသာ Alarm အား႐ုိက္ခ်
လိုက္သည္။
အပ်င္းႀကီးစြာႏွင့္ ဟိုဘက္ဒီဘက္ လူး
လိမ့္ ေနလိုက္သည္။ခဏ အၾကာတြင္ေတာ့ ၾကားေနၾကအတိုင္ ေမေမ့အသံ စူးစူး
ႀကီးကို ၾကားလိုက္ရသည္။
" သမီး သဲစု ေရထေတာ့..မနက္စာစားရေတာ့မယ္..ေမေမ အကုန္ျပင္ဆင္ၿပီးေနၿပီ...."
" ခဏေလးပါ ေမေမကလည္း.."
" ခဏေလးမလုပ္နဲ႔ 6 နာရီကခြဲေနၿပီ
ေက်ာင္းေနာက္က်ဦးမယ္ေနာ္..."
" ထပါၿပီ ထပါၿပီ ေမေမရဲ႕ ".
သဲ အိပ္ရာေပၚမွ ခ်က္ခ်င္းေကာက္ ထလိုက္သည္။ သူမ၏ အခ်စ္ေတာ္အိပ္ရာေလး
အား ႏွေျမာ တသစြာၾကည့္လိုက္သည္။
ငါတို႔ခြဲ ရေတာ့မယ္...ဘိုင့္..
သဘက္ တစ္ခုကိုဆြဲကာ ေရခ်ိဳးရန္ ေအာက္ထပ္သို႔ဆင္း ခဲ့သည္။ ဝရန္တာေ႐ွ႕
မွ ျဖတ္အေလ်ွာက္တြင္ သူမတစ္ကိုယ္လံုး
ခဲသြားသလို ခံစားလိုက္ရသည္။
" အေမေရ သမီးဒီေန႔ ေရမခ်ိဳးေတာ့ဘူး
အမယ္...မရဘူး ငပ်င္းမေလးရဲ႕ ဒီေန႔ေက်ာင္း ပထမဆံုးေန႔ေလ...အားလံုးထဲမွာ
ေမေမ့သမီးက အလွဆံုးျဖစ္ေနရမွာေပါ့
" အင္းပါ မာမီရဲ႕ အဲ့တာဆို သမီး ေစာ္ရမွာတဲ့လား.."
" ေပါက္ကရ မေျပာနဲ႔ ငယ္ေသးတယ္..
သမီးရဲ႕..ႀကီးလာမွ သမီးႀကိဳက္တာလုပ္
ေမေမ ဘာမွမေျပာဘူး..ဟုတ္ၿပီလား.. "
" ဟုတ္ပါၿပီ ေမေမရဲ႕...ဒါဆိုသမီးသြားခ်ိဳးလိုက္မယ္...".
" ျမန္ျမန္ခ်ိဳးေနာ္...အေအးပတ္ေနဦးမယ္..".
" ဟုတ္ဟုတ္..."
သဲစု ေရခ်ိဳးခန္းထဲသို႔ ေျပးဝင္သြားသည္။
ေက်ာင္းပထမဆံုး ရက္ျဖစ္သည့္အတြက္
စိတ္ေတြကလည္းလႈပ္႐ွား ေနမိသည္။
ေက်ာင္းတစ္ခါမွ မတက္ဘူးသည့္ အတိုင္း
ပင္...Shower ခလုတ္အားဖြင့္လိုက္ရာ
က်လာေရမ်ား မ်ားေၾကာင့္ သဲ ၾကက္သီး
ပါ တျဖန္းျဖန္း ထသြားသည္။
ေရေတြ ကေအးစက္ေနတာပဲ..
ေအးေလ...ေအးသြားမွာေပါ့.. သူမွ ေရပူ
ခလုတ္ကို မဖြင့္မိတာကိုး..တကယ္ေတာ့
သဲစုစႏၵာ ဟူေသာေကာင္မေလး သည္
အူတူတူ ေပါေၾကာင္ေၾကာင္ ႏုိင္သလို
ခ်စ္ဖို႔လည္း ေကာင္းသည္။
သူ ေရခ်ိဳးၿပီးေနာက္ ထမီ ရင္႐ွားဝတ္ကာထြက္လာသည္။ လူ႐ွိမ႐ွိေခ်ာင္းကာ သူမ အခန္းထဲသို႔ ေျပးဝင္သြားသည္။
အာ...ေအးလိုက္တာ
သဲ ညည္းတြားရင့း အခန္းတံခါး ကို ပိတ္
လိုက္သည္။ေမေမ ဝယ္ေပးထားေသာ
ထဘီရင္ဖံုး ဝမ္းဆက္ ကိုဝတ္ၿပီး မွန္ထဲတြင္ ေပၚလာေသာ သူမ ပံုရိပ္ကိုၾကည့္ရင္း
အေက်နပ္ႀကီး ေက်နပ္ေနသည္။
ငါအေခ်ာဆံုးပဲ ျဖစ္မွာ...
သူမ စိတ္မွ ေရရြတ္လိုက္သည္။
သမီးေရ ျပင္လို႔ ဆင္လို႔ ၿပီးၿပီလား
ထမင္းလာစားေတာ့ေလ...
ဟုတ္... လာပါၿပီ...ေမေမရဲ႕..
ဆံပင္ ႏွစ္ဖက္ကို က်စ္ဆံၿမီးက်သ္ထားၿပီး
ဖဲပါး အျဖဴ အစိမ္းေလး ခ်ည္ထားကာ
သနပ္ခါး ပါးကြက္က်ားေလးႏွင့္ အလြန္ပင္ ခ်စ္စရာေကာင္းေနေတာ့သည္။
ငါ့သမီး ဒီေန႔အရမ္းေခ်ာေနပါလား..
ေမေမ့သမီးပဲေလ ဒီေလာက္ေတာ့ ႐ွိမွာေပါ့...😁
အင္း ပါ....ျမန္ျမန္စား သမီးရဲ႕.. ေတာ္ၾကာ ေနာက္က်ေနဦးမယ္...
ဟုတ္ ေမေမ
သဲ ထိုင္ခံုေပၚတြင္ၿပီးစားရန္ ျပင္လိုက္
သည္။ တူေဒး မီႏူးသည္ သူမ၏ Fav food ျဖစ္ေသာ ထမင္းေၾကာ္ပင္...ၿမိန္ရည္ ႐ွက္ရည္စား ကာ ေမေမႏွင့္အတူ အိမ္
မွထြက္ခဲ့သည္....
ဒီေန႔ကေတာ့ ေက်ာင္းပထမဆံုးေန႔ျဖစ္
၍ ေမေမ ကိုယ္တိုင္ကားႏွင့္ လိုက္ပို႔သည္
လမ္းတစ္ေလ်ွာက္တြင္ ႏွင္းမႈန္မ်ား တဖြဲ
ဖြဲ က်ကာ ေနမင္းႀကီး၏လင္းေရာင္ျခည္
ကို ဖံုးအုပ္ထားသည္။ မနက္လား ညေန
လား ပင္ မသဲကြဲေအာင္ လြမ္းေမာဖြယ္
ေကာင္းလွသည္....
ခ်မ္းစိမ့္စိမ့္ ႏွင့္ မနက္ခင္း၏အရသာ ကို
ကားထဲကပင္ ခံစားေနရသည္။ ျမင္ျမင္
သမ်ွအရာအားလံုးသည္ ၾကည္ႏူးစရာပင္
လမ္း ပလက္ေဖာင္း ေဘး ႐ွိသစ္ပင္ ပန္းမာန္ တို႔မွာလည္း ႏွင္းမႈန္မ်ားၾကဲထားသျဖင့္ စိုေျပလ်က္႐ွိေနသည္။
ျပင္ဦးလြင္ၿမိဳ႕၏ အလွသည္ကား စာဖြဲ႔
၍မကုန္ႏုိင္ေအာင္ ပင္လွပသည္။သူမ အေတြးလြန္ ေနရင္းမွာပင္ ေ႐ွ႕တေကြ႕
တြင္ အနီေရာင္ အုတ္ခဲမ်ားႏွင့္တည္ေဆာက္ထားသည့္ ပကာသန ကင္း႐ွင္းလွသည့္ ေက်ာင္း ေတာ္ႀကီးအား ျမင္လိုက္ရသည္....
သူမ ထဘီေလးအားမကာ ကားေပၚမွ
ဆင္းလိုက္သည္။ အနီေရာင္ေျမႀကီးေပၚတြင္ မိုးရြာထားသျဖင့္ရႊံ႕ ဗြက္မ်ားထေနသည္...ထို႔ေနာက္ သူမအေမအား လက္ခါ
ျပကာ ေက်ာင္းဝင္းအတြင္းသို႔ ဝင္သြား
ေလသည္....
ေက်ာင္းတစ္ခုလံုး ေက်ာင္းသား မ်ား၏
အသံမ်ားႏွင့္ ျငံေနသည္။ သံုးလလံုးမေတြ႕ရသူမ်ားျဖစ္၍ ေပါက္ေပါက္ေဖာက္ၾကသည္မ်ား လည္း မဆန္းပါေပ...မ်က္စိ
ကတစ္ေနရာသို႔ အေရာက္တြင္တြင္ သူမ
ကို မ်က္လံုးအျပဴးသားႏွင့္ၾကည့္ေနေသာ
ေကာင္မေလး တစ္ေယာက္အား ေတြ႔လိုက္ ရသည္။ သူမ သဲအား တစ္ခုခုေျပာခ်င္
ဟန္႐ွိသည္။
တစ္ျဖည္းျဖည္း အနီးသို႔တိုးသြားခ်ိန္
တြင္ သူမလွမ္းေခၚလိုက္သည္...
ဟဲ့...သဲဆု
သဲဆု အံ့ျသစြာႏွင့္ ျပန္ၾကည့္မိသည္။
" ဟင္...႐ွားသင္းလဲ့..."
" ေအး...ဟုတ္တယ္ေလ နင္ငါ့ကိုဘာေၾကာင္ၾကည့္ေနတာလဲ..."
" မဟုတ္ဘူး...နင္ေတာ္ေတာ္ေျပာင္းလဲ
သြားတယ္...ငါ့မွာမနည္းၾကည့္ယူလိုက္ရတယ္...ေကာင္မရဲ႕...".
ေျပာရင္းဆိုရင္းမွာပင္ သဲဆု အက်င့္အတိုင္း ႐ွား ကို ေျဖာင္းကနဲ႐ုိက္လိုက္သည္။
" အား...နာတယ္ ေကာင္မရဲ႕...ေျဖးေျဖးသာသာ ႐ုိက္စမ္းပါ..နင့္အက်င့္ကေတာ့
ဘယ္ေတာ့မွေျပာင္း မွာ မဟုတ္ဘူး..."
" ငါကေရာ ေျပာင္းမယ္ေျပာေနလို႔လား
ကမ ရဲ႕..."
" ေအးပါ...ဒါနဲ႔ငါ ဟန္နီ႔ ကိုမေတြ႔မိသလိုပဲ...နင္ေရာေတြ႔မိေသးလား.."
" ငါလည္း မေတြ႔မိဘူး...သူအိပ္ရာထေနာက္ က်တာေနမွာေပါ့...ငါလည္းခုနက
မွေရာက္တာေလ..."
" ဪ...ဟုတ္လား...ဘယ္သူလိုက္ပို႔တာလဲ..ငါကေတာ့ငါ့မာမီ လိုက္ပို႔တာ.."
" ငါေရာပဲ...ငါ့အေမလိုက္ပို႔တာ..ကားနဲ႔
ငါ စစ ေရာက္တုန္းက ဘယ္သူလဲလို႔ ၾကည့္ေနတာ... ေနာက္မွနင္ျဖစ္ေနတာ.."
" ေကာင္မ နင္ငါ့ကို မမွတ္မိဘူးလား..
ေအးေပါ့ေလ...ငါကတစ္ေန႔တစ္ျခား ေခ်ာလာတာကိုး..."
" ေအာ့ထြီ ျဖစ္စရာ လား..နင္ကေခ်ာလာတာေတာ့ ေလးလံုးမႀကီးျဖစ္သြားတာ.."
" ဪ...ဟီး..အဲ့တာစာအလုပ္လြန္ၿပီး
ေလးလံုးျဖစ္သြားတာ...".
႐ွား ကပါးစပ္ႀကီးကိုျဖဲကာေျပာသည္။
" နင္စာလုပ္တာ ငါသိပါတယ္...ေကာင္မ
ရဲ႕ႂကြားမေနနဲ႔..."
" ဘယ္သူက ႂကြားေနလို႔လဲ..."
သူငယ္ခ်င္းႏွစ္ ေယာက္ စကားေတြအၾက.ႀကီးေျပာၿပီး ရယ္ေမာေနၾကသည္။
ၾကည္ႏူးဖြယ္ေကာင္းလိုက္သည္ ျမင္ကြင္း
ပင္.. ေက်ာင္းတံခါးမပိတ္မီ ငါးမိနစ္ အလို
တြင္ ဟန္နီတစ္ေယာက္ ေျပးၿပီးေက်ာင္းဝင္း ထဲသို႔ဝင္လာသည္။
သူတို႔ သူငယ္ခ်င့းႏွစ္ေယာက္လံုး ေၾကာင္ သြားသည္။
" ဟန္နီ လာၿပီလား ဒီမွာလာရပ္ ခဏေနရင္ ႏုိင္ငံေတာ္သီခ်င္းဆိုေတာ့မွာ..."
" နင္ဘာလို႔ေနာက္က် တာလဲ ေက်ာင္း
နဲ႔အိမ္နဲ႔ ဖင္နားကပ္ေနၿပီးေတာ့.."
" အိပ္ေပ်ာ္သြားတာ ပါကြာ..".
" ထင္တဲ့အတိုင္းပဲ ငပ်င္း မ"
" အဲ့လို မေခၚစမ္းပါနဲ႔...ရင္ထဲမွာခံစားရ
တယ္ ကြာ..."
" အဲ့တာဆိုလည္း ေသာက္ပ်င္းေကာင္
ဟာ.."
" ကဲကဲ...ႏွစ္ေယာက္လံုးေတာ္ေတာ့.."
" ဟုတ္ကဲ့ ပါ႐ွင္..အမႀကီးေတာ္ရဲ႕..&
ထိုအခ်ိန္မွာပင္ ႏုိင္ငံေတာ္သီခ်င္းဆို ေခါင္းေလာင္း ထိုးသည္။
" အားလံုး ေ႐ွ႕ၾကည့္... ".
ထိုအမိန္႔သံကိုၾကားသည္ႏွင့္ အားလံုး တုတ္တုတ္မ်ွမ လႈပ္ပဲၿငိမ္သက္သြားသည္။
" အားလံုးသတိ.. ျပည္ေထာင္စု သမၼတျမန္ မာႏုိင္ငံေတာ္အလံအား အေလးျပဳ"
" ေနျမဲ..ႏုိင္ငံေတာ္သီခ်င္းစဆို..."
အားလံုးတက္ႂကြစြာႏွင့္ ႏုိင္ငံေတာ္သီခ်ငိး
ကို အားမာန္အျပည့္ႏွင့္သီဆိုခဲ့ၾကသည္။
Skip
ဟဲ့ ႐ွား..ဟန္နီ ငါတို႔ ဘယ္အခန္းက်လဲ
သြားၾကည့္ေပး...
ေအး...ခဏ
" ဟဲ့ေရ... ငါတို႔သံုးေယာက္လံုး A ခန္း
က်တယ္တဲ့... ေပ်ာ္လိုက္တာ..."
" ဟယ္ တကယ္လား အရမ္းေပ်ာ္သြားၿပီ😭😭😭."
သူတို႔သံုးေယာက္လံုး တစ္ေယာက္ကို
တစ္ေယာက္ ဖက္ထားလိုက္သည္။ ဒီေန႔
သည္ သူမ အေပ်ာ္ဆံုးေန႔ပင္...
Time skip
အခ်ိန္ေတြကုန္လြန္ၿပီးေနာက္ ေက်ာင္းဆင္း ခ်ိန္သို႔ေရာက္လာသည္။ ထံုးစံအတိုင္း
မာမီကားနဲ႔ လာႀကိဳသည္။ သဲ သူငယ္ခ်င္း
မ်ားကိုႏႈတ္ဆက္ကာ ကားေပၚသို႔တက္ခဲ့
သည္။
" သမီး..အဆင္ေျပလား..."
" ေျပပါတယ္...သမီးသူငယ္ခ်င္းေတြနဲ႔
တစ္ခန္းတည္း က်တယ္..."
" ေကာင္းတာေပါ့... "
သားအမိႏွစ္ေယာက္လံုးစကား ေျပာရင္း
ႏွင့္ပင္ အိမ္သို႔ေရာက္လာသည္။
" သမီးအေပၚတက္ေတာ့...ေမေမ ပါကင္ ထိုးလိုက္မယ္.."
သဲစု လြယ္အိတ္ႀကီးကို ဆြဲကာ အိမ္ေပၚ
သို႔တက္သြားသည္။ ေျခလက္ ေဆး အဝတ္စား လဲၿပီး...ဖုန္းခဏထိုင္သံုးေနလိုက္
သည္။ သံုးေနရင္း Fb မွ Friend request တစ္ခုေပၚလာသည္။
" ျပည့္မွဴးရတီခ်ိဳ တဲ့..နာမည္ေလးကလွသားပဲ..."
သဲ ႐ွည္႐ွည္ေဝးေဝးေတြးမေနပဲ လက္ခံ
လိုက္သည္။ Profile ကိုဝင္ေမႊၾကည့္ရာ
Follower ေထာင္နဲ႔ခ်ီ႐ွိသည္။ သဲနည္း
နည္းေတာ့ အံျသသြားသည္။ Follower
ေထာင္နဲ႔ ႐ွိတဲ့သူက သူ႔ကိုဘာလို႔လာ Add ရတာလဲ??🙄
Active now ျဖစ္ေနေသာေၾကာင့္
သူ႔ကို ျပန္ဟိုင္းဟိုင္း မဟိုင္း ဟိုင္း စကား
သြားေျပာရန္ ဆံုးျဖတ္ခဲ့သည္...
ဒီ စာလံုးႏွစ္လံုးကေတာ့ ဒီပံုျပင္ႀကီးရဲ႕
နိဒါန္းျဖစ္လာပါေတာ့သည္...
Unicode
တီး....တီး...တီး...တီး
နားထဲသို့ ခါးသက်စွာနှင့် အဆက်မပြတ်ဝင်လာသော အသံသည် သဲ အမုန်းဆုံး
Alarm မြည်သံပင်....မျက်လုံးကို မဖွင့်သေးပဲ မြည်နေသော Alarm အားရိုက်ချ
လိုက်သည်။
အပျင်းကြီးစွာနှင့် ဟိုဘက်ဒီဘက် လူး
လိမ့် နေလိုက်သည်။ခဏ အကြာတွင်တော့ ကြားနေကြအတိုင် မေမေ့အသံ စူးစူး
ကြီးကို ကြားလိုက်ရသည်။
" သမီး သဲစု ရေထတော့..မနက်စာစားရတော့မယ်..မေမေ အကုန်ပြင်ဆင်ပြီးနေပြီ...."
" ခဏေလးပါ မေမေကလည်း.."
" ခဏလေးမလုပ်နဲ့ 6 နာရီကခွဲနေပြီ
ကျောင်းနောက်ကျဦးမယ်နော်..."
" ထပါပြီ ထပါပြီ မေမေရဲ့ ".
သဲ အိပ်ရာပေါ်မှ ချက်ချင်းကောက် ထလိုက်သည်။ သူမ၏ အချစ်တော်အိပ်ရာလေး
အား နှမြော တသစွာကြည့်လိုက်သည်။
ငါတို့ခွဲ ရတော့မယ်...ဘိုင့်..
သဘက် တစ္ခုကိုဆြဲကာ ရေချိုးရန် အောက်ထပ်သို့ဆင်း ခဲ့သည်။ ဝရန်တာရှေ့
မွ ဖြတ်အလျှောက်တွင် သူမတစ်ကိုယ်လုံး
ခဲသြားသလို ခံစားလိုက်ရသည်။
" အေမေရ သမီးဒီနေ့ ရေမချိုးတော့ဘူး
အမယ်...မရဘူး ငပျင်းမလေးရဲ့ ဒီနေ့ကျောင်း ပထမဆုံးနေ့လေ...အားလုံးထဲမှာ
မေမေ့သမီးက အလှဆုံးဖြစ်နေရမှာပေါ့
" အင်းပါ မာမီရဲ့ အဲ့တာဆို သမီး စော်ရမှာတဲ့လား.."
" ပေါက်ကရ မပြောနဲ့ ငယ်သေးတယ်..
သမီးရဲ့..ကြီးလာမှ သမီးကြိုက်တာလုပ်
မေမေ ဘာမှမပြောဘူး..ဟုတ်ပြီလား.. "
" ဟုတ်ပါပြီ မေမေရဲ့...ဒါဆိုသမီးသွားချိုးလိုက်မယ်...".
" မြန်မြန်ချိုးနော်...အအေးပတ်နေဦးမယ်..".
" ဟုတ်ဟုတ်..."
သဲစု ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်။
ကျောင်းပထမဆုံး ရက်ဖြစ်သည့်အတွက်
စိတ်တွေကလည်းလှုပ်ရှား နေမိသည်။
ကျောင်းတစ်ခါမှ မတက်ဘူးသည့် အတိုင်း
ပင်...Shower ခလုတ်အားဖွင့်လိုက်ရာ
ကျလာရေများ များကြောင့် သဲ ကြက်သီး
ပါ တဖြန်းဖြန်း ထသွားသည်။
ရေတွေ ကအေးစက်နေတာပဲ..
အေးလေ...အေးသွားမှာပေါ့.. သူမွ ရေပူ
ခလုတ္ကို မဖွင့်မိတာကိုး..တကယ်တော့
သဲစုစန္ဒာ ဟူသောကောင်မလေး သည်
အူတူတူ ပေါကြောင်ကြောင် နိုင်သလို
ချစ်ဖို့လည်း ကောင်းသည်။
သူ ရေချိုးပြီးနောက် ထမီ ရင်ရှားဝတ်ကာထွက်လာသည်။ လူရှိမရှိချောင်းကာ သူမ အခန်းထဲသို့ ပြေးဝင်သွားသည်။
အာ...အေးလိုက်တာ
သဲ ညည်းတွားရင့း အခန်းတံခါး ကို ပိတ်
လိုက်သည်။မေမေ ဝယ်ပေးထားသော
ထဘီရင်ဖုံး ဝမ်းဆက် ကိုဝတ်ပြီး မှန်ထဲတွင် ပေါ်လာသော သူမ ပုံရိပ်ကိုကြည့်ရင်း
အကျေနပ်ကြီး ကျေနပ်နေသည်။
ငါအချောဆုံးပဲ ဖြစ်မှာ...
သူမ စိတ်မှ ရေရွတ်လိုက်သည်။
သမီးရေ ပြင်လို့ ဆင်လို့ ပြီးပြီလား
ထမင်းလာစားတော့လေ...
ဟုတ်... လာပါပြီ...မေမေရဲ့..
ဆံပင် နှစ်ဖက်ကို ကျစ်ဆံမြီးကျသ်ထားပြီး
ဖဲပါး အဖြူ အစိမ်းလေး ချည်ထားကာ
သနပ်ခါး ပါးကွက်ကျားလေးနှင့် အလွန်ပင် ချစ်စရာကောင်းနေတော့သည်။
ငါ့သမီး ဒီနေ့အရမ်းချောနေပါလား..
မေမေ့သမီးပဲလေ ဒီလောက်တော့ ရှိမှာပေါ့...
အင်း ပါ....မြန်မြန်စား သမီးရဲ့.. တော်ကြာ နောက်ကျနေဦးမယ်...
ဟုတ် မေမေ
သဲ ထိုင်ခုံပေါ်တွင်ပြီးစားရန် ပြင်လိုက်
သည်။ တူဒေး မီနူးသည် သူမ၏ Fav food ဖြစ်သော ထမင်းကြော်ပင်...မြိန်ရည် ရှက်ရည်စား ကာ မေမေနှင့်အတူ အိမ်
မှထွက်ခဲ့သည်....
ဒီနေ့ကတော့ ကျောင်းပထမဆုံးနေ့ဖြစ်
၍ မေမေ ကိုယ်တိုင်ကားနှင့် လိုက်ပို့သည်
လမ်းတစ်လျှောက်တွင် နှင်းမှုန်များ တဖြဲ
ဖြဲ က်ကာ နေမင်းကြီး၏လင်းရောင်ခြည်
ကို ဖုံးအုပ်ထားသည်။ မနက္လား ညေန
လား ပင် မသဲကွဲအောင် လွမ်းမောဖွယ်
ကောင်းလှသည်....
ချမ်းစိမ့်စိမ့် နှင့် မနက်ခင်း၏အရသာ ကို
ကားထဲကပင် ခံစားနေရသည်။ မြင်မြင်
သမျှအရာအားလုံးသည် ကြည်နူးစရာပင်
လမ်း ပလက်ဖောင်း ဘေး ရှိသစ်ပင် ပန်းမာန် တို့မှာလည်း နှင်းမှုန်များကြဲထားသဖြင့် စိုပြေလျက်ရှိနေသည်။
ပြင်ဦးလွင်မြို့၏ အလှသည်ကား စာဖွဲ့
၍မကုန်နိုင်အောင် ပင်လှပသည်။သူမ အတွေးလွန် နေရင်းမှာပင် ရှေ့တကွေ့
တွင် အနီရောင် အုတ်ခဲများနှင့်တည်ဆောက်ထားသည့် ပကာသန ကင်းရှင်းလှသည့် ကျောင်း တော်ကြီးအား မြင်လိုက်ရသည်....
သူမ ထဘီလေးအားမကာ ကားပေါ်မှ
ဆင်းလိုက်သည်။ အနီရောင်မြေကြီးပေါ်တွင် မိုးရွာထားသဖြင့်ရွှံ့ ဗွက်များထနေသည်...ထို့နောက် သူမအေမအား လက်ခါ
ပြကာ ကျောင်းဝင်းအတွင်းသို့ ဝင်သွား
လေသည်....
ကျောင်းတစ်ခုလုံး ကျောင်းသား မ်ား၏
အသံများနှင့် ငြံနေသည်။ သုံးလလုံးမတွေ့ရသူများဖြစ်၍ ပေါက်ပေါက်ဖောက်ကြသည်များ လည်း မဆန်းပါပေ...မ်က္စိ
ကတစ်နေရာသို့ အရောက်တွင်တွင် သူမ
ကို မျက်လုံးအပြူးသားနှင့်ကြည့်နေသော
ကောင်မလေး တစ်ယောက်အား တွေ့လိုက် ရသည်။ သူမ သဲအား တစ်ခုခုပြောချင်
ဟန်ရှိသည်။
တစ်ဖြည်းဖြည်း အနီးသို့တိုးသွားချိန်
တွင် သူမလှမ်းခေါ်လိုက်သည်...
ဟဲ့...သဲဆု
သဲဆု အံ့သြစွာနှင့် ပြန်ကြည့်မိသည်။
" ဟင်...ရှားသင်းလဲ့..."
" အေး...ဟုတ်တယ်လေ နင်ငါ့ကိုဘာကြောင်ကြည့်နေတာလဲ..."
" မဟုတ္ဘူး...နင်တော်တော်ပြောင်းလဲ
သွားတယ်...ငါ့မှာမနည်းကြည့်ယူလိုက်ရတယ်...ကောင်မရဲ့...".
ပြောရင်းဆိုရင်းမှာပင် သဲဆု အကျင့်အတိုင်း ရှား ကို ဖြောင်းကနဲရိုက်လိုက်သည်။
" အား...နာတယ် ကောင်မရဲ့...ဖြေးဖြေးသာသာ ရိုက်စမ်းပါ..နင့်အကျင့်ကတော့
ဘယ်တော့မှပြောင်း မွာ မဟုတ္ဘူး..."
" ငါကေရာ ပြောင်းမယ်ပြောနေလို့လား
ကမ ရဲ့..."
" အေးပါ...ဒါနဲ့ငါ ဟန်နီ့ ကိုမတွေ့မိသလိုပဲ...နင်ရောတွေ့မိသေးလား.."
" ငါလည်း မတွေ့မိဘူး...သူအိပ်ရာထနောက် ကျတာနေမှာပေါ့...ငါလည်းခုနက
မှရောက်တာလေ..."
" ဪ...ဟုတ္လား...ဘယ်သူလိုက်ပို့တာလဲ..ငါကေတာ့ငါ့မာမီ လိုက်ပို့တာ.."
" ငါရောပဲ...ငါ့အမေလိုက်ပို့တာ..ကားနဲ့
ငါ စစ ရောက်တုန်းက ဘယ်သူလဲလို့ ကြည့်နေတာ... နောက်မှနင်ဖြစ်နေတာ.."
" ကောင်မ နင်ငါ့ကို မမှတ်မိဘူးလား..
အေးပေါ့လေ...ငါကတစ်နေ့တစ်ခြား ချောလာတာကိုး..."
" အော့ထွီ ဖြစ်စရာ လား..နင်ကချောလာတာတော့ လေးလုံးမကြီးဖြစ်သွားတာ.."
" ဪ...ဟီး..အဲ့တာစာအလုပ်လွန်ပြီး
လေးလုံးဖြစ်သွားတာ...".
ရှား ကပါးစပ်ကြီးကိုဖြဲကာပြောသည်။
" နင်စာလုပ်တာ ငါသိပါတယ်...ကောင်မ
ရဲ့ကြွားမနေနဲ့..."
" ဘယ္သူက ကြွားနေလို့လဲ..."
သူငယ်ချင်းနှစ် ယောက် စကားတွေအကြ.ကြီးပြောပြီး ရယ်မောနေကြသည်။
ကြည်နူးဖွယ်ကောင်းလိုက်သည် မြင်ကွင်း
ပင်.. ကျောင်းတံခါးမပိတ်မီ ငါးမိနစ် အလို
တွင် ဟန်နီတစ်ယောက် ပြေးပြီးကျောင်းဝင်း ထဲသို့ဝင်လာသည်။
သူတို့ သူငယ်ချင့းနှစ်ယောက်လုံး ကြောင် သွားသည်။
" ဟန္နီ လာပြီလား ဒီမှာလာရပ် ခဏနေရင် နိုင်ငံတော်သီချင်းဆိုတော့မှာ..."
" နင်ဘာလို့နောက်ကျ တာလဲ ကျောင်း
နဲ့အိမ်နဲ့ ဖင်နားကပ်နေပြီးတော့.."
" အိပ်ပျော်သွားတာ ပါကြာ..".
" ထင်တဲ့အတိုင်းပဲ ငပျင်း မ"
" အဲ့လို မခေါ်စမ်းပါနဲ့...ရင်ထဲမှာခံစားရ
တယ် ကြာ..."
" အဲ့တာဆိုလည်း သောက်ပျင်းကောင်
ဟာ.."
" ကဲကဲ...နှစ်ယောက်လုံးတော်တော့.."
" ဟုတ်ကဲ့ ပါရှင်..အမကြီးတော်ရဲ့..&
ထိုအချိန်မှာပင် နိုင်ငံတော်သီချင်းဆို ခေါင်းလောင်း ထိုးသည်။
" အားလုံး ရှေ့ကြည့်... ".
ထိုအမိန့်သံကိုကြားသည်နှင့် အားလုံး တုတ်တုတ်မျှမ လှုပ်ပဲငြိမ်သက်သွားသည်။
" အားလုံးသတိ.. ပြည်ထောင်စု သမ္မတမြန် မာနိုင်ငံတော်အလံအား အလေးပြု"
" နေမြဲ..နိုင်ငံတော်သီချင်းစဆို..."
အားလုံးတက်ကြွစွာနှင့် နိုင်ငံတော်သီချငိး
ကို အားမာန်အပြည့်နှင့်သီဆိုခဲ့ကြသည်။
Skip
ဟဲ့ ရှား..ဟန္နီ ငါတို့ ဘယ်အခန်းကျလဲ
သွားကြည့်ပေး...
အေး...ခဏ
" ဟဲ့ရေ... ငါတို့သုံးယောက်လုံး A ခန်း
ကျတယ်တဲ့... ပျော်လိုက်တာ..."
" ဟယ် တကယ္လား အရမ်းပျော်သွားပြီ."
သူတို့သုံးယောက်လုံး တစ်ယောက်ကို
တစ်ယောက် ဖက်ထားလိုက်သည်။ ဒီနေ့
သည် သူမ အပျော်ဆုံးနေ့ပင်...
Time skip
အချိန်တွေကုန်လွန်ပြီးနောက် ကျောင်းဆင်း ချိန်သို့ရောက်လာသည်။ ထုံးစံအတိုင်း
မာမီကားနဲ့ လာကြိုသည်။ သဲ သူငယ်ချင်း
များကိုနှုတ်ဆက်ကာ ကားပေါ်သို့တက်ခဲ့
သည်။
" သမီး..အဆင်ပြေလား..."
" ပြေပါတယ်...သမီးသူငယ်ချင်းတွေနဲ့
တစ်ခန်းတည်း ကျတယ်..."
" ကောင်းတာပေါ့... "
သားအမိနှစ်ယောက်လုံးစကား ပြောရင်း
နှင့်ပင် အိမ်သို့ရောက်လာသည်။
" သမီးအပေါ်တက်တော့...မေမေ ပါကင် ထိုးလိုက်မယ်.."
သဲစု လွယ်အိတ်ကြီးကို ဆြဲကာ အိမ်ပေါ်
သို့တက်သွားသည်။ ခြေလက် ဆေး အဝတ္စား လဲပြီး...ဖုန်းခဏထိုင်သုံးနေလိုက်
သည်။ သုံးနေရင်း Fb မွ Friend request တစ်ခုပေါ်လာသည်။
" ပြည့်မှူးရတီချို တဲ့..နာမည်လေးကလှသားပဲ..."
သဲ ရှည်ရှည်ဝေးဝေးတွေးမနေပဲ လက်ခံ
လိုက်သည်။ Profile ကိုဝင်မွှေကြည့်ရာ
Follower ထောင်နဲ့ချီရှိသည်။ သဲနည်း
နည်းတော့ အံသြသွားသည်။ Follower
ထောင်နဲ့ ရှိတဲ့သူက သူ့ကိုဘာလို့လာ Add ရတာလဲ??
Active now ဖြစ်နေသောကြောင့်
သူ့ကို ပြန်ဟိုင်းဟိုင်း မဟိုင်း ဟိုင်း စကား
သွားပြောရန် ဆုံးဖြတ်ခဲ့သည်...
ဒီ စာလုံးနှစ်လုံးကတော့ ဒီပုံပြင်ကြီးရဲ့
နိဒါန်းဖြစ်လာပါတော့သည်...