မျှော်လင့်ချက်လေးမပျက်ချင်ပါ...
By call_me_Tylor
422K 33.2K 825
လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်တဲ့ ... မျှော်လင့်ချက်မဲ့သွားရင်ရော ... လူတွေက မျှော်လင့်ချက်နဲ့ အသက်ရ... More
မျှော်လင့်ချက်လေးမပျက်ချင်ပါ(Zawgyi&Unicode)
part 1 (Zawgyi&Unicode)
Part 2 (Zawgyi&Unicode)
Part 3(Zawgyi&Unicode)
Part 4 (Zawgyi&Unicode)
Part 5 (Zawgyi&Unicode)
Part 6 (Zawgyi&Unicode)
Part 7 (Zawgyi&Unicode)
Part 8 (Zawgyi&Unicode)
Part 9(Zawgyi&Unicode)
Part 10 (Zawgyi&Unicode)
Part 11(Zawgyi&Unicode)
Part 12(Zawgyi&Unicode)
Part 13(Zawgyi&Unicode)
Part 14(Zawgyi&Unicode)
Just for knowledge (Zawgyi&Unicode)
Part 15(Zawgyi&Unicode)
Part 16(Zawgyi&Unicode)
Part 17(Zawgyi&Unicode)
Part 18(Zawgyi&Unicode)
Part 19(Zawgyi&Unicode)
Part 20(Zawgyi&Unicode)
Part 21(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Part 22(Zawgyi&Unicode)
Part 23(Zawgyi&Unicode)
Part 24(Zawgyi&Unicode)
Part 25(Zawgyi&Unicode)
Part 26(Zawgyi&Unicode)
Part 27(Zawgyi&Unicode)
Part 28(Zawgyi&Unicode)
Part 29(Zawgyi&Unicode)
Part 30(Zawgyi&Unicode)
Part 31(Zawgyi&Unicode)
Part 32(Zawgyi&Unicode)
Part 33(Zawgyi&Unicode)
Part 34(Zawgyi&Unicode)
Part 36(Zawgyi&Unicode)
Part 37(Zawgyi&Unicode)
Part 38(Zawgyi&Unicode)
Part 39(Zawgyi&Unicode)
Part 40(Zawgyi&Unicode)
Part 41(Zawgyi&Unicode)
Part 42(Zawgyi&Unicode)
Part 43(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Final(Zawgyi&Unicode)
Thank you
Extra 1(Zawgyi&Unicode)
Extra 2(Zawgyi&Unicode)
Just for knowledge(Zawgyi)
Just for knowledge(Unicode)
Part 35(Zawgyi&Unicode)
5.1K 435 8
By call_me_Tylor
[Zawgyi]
'အေး ပြော'
>>>>>>>>>>
'ကိုကို ပျော်လားဟင်'
'အွန်း ရိုက်မယ်လေ ခန့်'
__________
To be continue ...
27th April,2020(Mon)
WhiteAster089
[Unicode]
'ကျောင်းပြန်မဖွင့်ခင် ကိုယ်တို့ ပုဂံကို သွားလည်ကြမလား ကိုကို'
'ခန့်က သွားချင်လို့လား'
မနက်ပိုင်း မေမြို့ကော်ဖီဆိုင်လေးမှာ မနက်စာ အတူလာစားကြရင်း သွေးခန့်က ပုဂံသွားလည်ဖို့ စကားစလာသည်။
'အင်း ကိုယ်တို့ ချစ်သူဖြစ်ကတည်းက ခရီးမထွက်ဖူးဘူးလေ ဂုတ်ထိပ်တောင် ကိုကို အဖြေပေးတဲ့နေ့ကမှ ရောက်တာဆိုတော့ ကိုယ်တို့ သုံးရက်လောက် ပုဂံကို သွားလည်ရအောင်'
'အဲ့တာဆို သွားမယ်လေ ခန့် ဒါနဲ့ ဟိုလေးယောက်ရော ခေါ်ဦးမလား'
'သူတို့လိုက်ရင်တော့ ခေါ်မှာပေါ့ ကိုကိုရ ... ပြီးတော့ ခေါ်တာက ဟုတ်ပေမယ့် သူသူက မိန်းကလေးဆိုတော့ အဆင်မပြေမှာလဲ စိုးရသေး'
'အဲ့တာတော့ ဟုတ်တယ်နော် ကိုကို မေးကြည့်လိုက်ပါ့မယ် လိုက်ချင်တယ်ဆိုရင်လဲ သူ့ သူငယ်ချင်း မိန်းကလေး အဖော်ဖြစ်ဖြစ် ခေါ်ရင် ခေါ်ခိုင်းလိုက်တာပေါ့'
ခန့် ပြောတာလဲ ဟုတ်သည်။ သူငယ်ချင်းတွေ စုပြီး ခရီးထွက်တာဟုတ်ပေမယ့် သူသူက မိန်းကလေး တစ်ယောက်တည်းဖြစ်နေလို့ အဆင်မပြေ ... သူငယ်ချင်းခြောက်ယောက်ထဲမှာ သူသူတစ်ယောက်ထဲ မိန်းကလေးဖြစ်နေတာမလို့ ကျန်တဲ့ ယောက်ျားလေး ငါးယောက်က ညီမလေးတစ်ယောက်လို စောင့်ရှောက်ပေးကြတာ မှန်ပေမယ့် ပတ်ဝန်းကျင်ကရှိသေးသည်။ တစ်စိပ်ကို တစ်အိတ်လုပ်ပြောကြတဲ့ ပတ်ဝန်းကျင်ကြောင့် မိန်းကလေး ဖြစ်တဲ့ သူတို့ ညီမလေးငယ်လေး အပြောခံရမှာတော့ မလိုလားကြ ... ဖေယံနဲ့ သူသူတောင် ချစ်သူဖြစ်နေကြတာ မှန်ပေမယ့် အရင်ကတည်းက ချစ်နေသူ ဖေယက သူသူ့အပေါ်တောင် မထိရက်မကိုင်ရက်နဲ့ တော်တော်ချစ်ပေးတာကိုလဲ သူတို့အကုန်သိသည်။
'ဟုတ် ကိုကို မေးပြီးရင် ကိုယ့်ကိုလဲ ပြောနော် အဆင်ပြေရင် အင်းးး ဒီနေ့ အင်္ဂါနေ့ဆိုတော့ ကြာသပတေးလောက်စီစဉ်လိုက်ရမလား မြန်လေကောင်းလေပဲ ကြာသွားရင် အစီအစဉ်က ပျက်မှာ ကိုကိုရ'
'အွန်း အဲ့တာဆို ခဏနေ အိမ်ပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်လေ ခန့်ရော ဟိုနှစ်ယောက်ကို ဖုန်းဆက်လိုက်'
စကားဆုံးတော့ နှစ်ယောက်သား ဘာစကားမှ မပြောဖြစ်ကြပဲ တစ်ယောက်ကော်ဖီ တစ်ယာက်သောက်ရင်း ငြိမ်နေမိသည်။ ကော်ဖီသောက်နေရင်း စားပွဲပေါ်တင်ထားတဲ့ မင်းမြတ်ရဲ့ လက်လေးတစ်ဖက်ကို သွေးခန့်လက်နှစ်ဖက်က အုပ်ကိုင်လာသည်။ စားပွဲခုံလေးက အဝိုင်းလေးဖြစ်တာမလို့ ကပ်ရပ်ထိုင်နေတာကြောင့် လက်ကို အရှည်ကြီး ဆန့်ထုတ်နေစရာမလို ... ဘယ်အချိန်ဖြစ်ဖြစ် အချစ်ရဲ့ လက်အစုံက နွေးထွေးမှု အပြည့် ... မင်းမြတ်လဲ လက်ထဲက ကိုင်ထားတဲ့ ကော်ဖီခွက်ကို စားပွဲပေါ် အသာအယာချရင်း သွေးခန့်ရဲ့ လက်ပေါ်ကနေ ပြန်အုပ်ကိုင်ထားလိုက်သည်။ ပြီးတော့ သွေးခန့်မျက်နှာဆီ အကြည့်ပို့မိတော့ သူ့ကို မြတ်မြတ်နိုနိုး ကြည့်နေတဲ့ မျက်ဝန်းလေးတွေ ... အရည်ကြည်လေးတွေနဲ့ ကြည်တောက်နေတာက သွေးခန့်ဆီက မင်းမြတ်တစ်ယောက်ထဲအတွက် မူပိုင်ဖြစ်ကြောင်း မင်းမြတ်သေချာသိပါသည်။
'ဘာတွေ အဲ့လောက် စိုက်ကြည့်နေတာလဲ ခန့်ရ'
'ကိုကို့ ကိုလေ ကိုယ်အရမ်းချစ်တာပဲ သိလား'
အမြဲတမ်း သွေးခန့်ဆီက ချစ်စကားတွေကို ကြားရတတ်ပေမယ့် ကြားလိုက်ရတိုင်း မင်းမြတ်ရဲ့ ရင်ထဲ နွေးထွေးဆဲ ... ချစ်ခြင်းမှန်လို့ ဖြစ်လာတဲ့ နွေးထွေးမှုလေး ... စကားတွေ အများကြီး ပြန်ထုတ်ပြောနေစရာမလိုအောင်ကို ရင်ဘတ်ချင်းက ရင်းနှီးနေပြီးသား ...
'ကိုယ်စဉ်းစားထားတာကလေ ပုဂံသွားရင် သင်္ဘောနဲ့ သွားကြမလား'
'ဟင် သင်္ဘောနဲ့ သွားလို့ရတယ်လား ကိုကိုတစ်ခါမှ မသွားဖူးဘူး သွားမယ်လေ'
'ရတာပေါ့ ကိုကိုရ Foreigner တွေ စီးတဲ့ သင်္ဘော ငှားမယ်လေ Foreigner တွေ စီးတာဆိုတော့ လူသိပ်မများဘူး အေးအေးဆေးဆေး သွားလို့ရတယ်'
'Okok သွားမယ်လေ ကိုကိုလဲ ပြင်ဆင်ထားလိုက်တော့မယ်'
မင်းမြတ်ရဲ့ တက်ကြွနေတဲ့ အမူအရာလေးတွေကို ကြည့်ပြီး သွေးခန့် သဘောကျနေပုံရပါတယ် ... သွားညီညီ အတန်းလေးတွေ ပေါ်တဲ့ အထိကို ပြုံးလို့ ... အုပ်ကိုင်လို့ ထားတဲ့ လက်လေးတစ်ဖက်ကို မြှောက်တက်ပြီး သွေးခန့်ရဲ့ နဖူးပေါ် ဝဲကျနေတဲ့ ဆံပင်လေးတွေကို မင်းမြတ် သပ်တင်ပေးမိတယ် ... အချစ်က ပဲစိန်လေး ... အမြဲတမ်းဆံပင် သပ်သပ်ရပ်ရပ်ညှပ်ထားပြီး ဘေးပါးလေးနဲ့ဆံပင်ကို ပုံသေချာသွင်းထားတတ်တယ် ... ကော်ဖီဆိုင်လေးထဲမှာ စားသုံးသူတွေရှိနေပေမယ့် မင်းမြတ်တို့ နှစ်ယောက်ကို ဘယ်သူမှ ဂရုတစိုက်လိုက်မကြည့်ကြ ... မေမြို့သူ မေမြို့သားတို့ရဲ့ ထုံးစံ ကိုယ့်အလုပ်မဟုတ်ရင် စပ်စုတတ်တာမျိုးမရှိပဲ ခပ်အေးအေးနေတတ်ကြတာချည်း ...
'အဲ့ ကိုကို သင်္ဘောနဲ့ သွားမယ်ဆိုရင်လေ ကိုယ်တို့ ဗုဒ္ဓဟူးနေ့ ညနေကတည်းက မန္တလေးကကိုသွားပြီး မန္တလေးက အိမ်မှာပဲ အိပ်ရအောင် သင်္ဘောက မနက် ၆ နာရီထွက်တာ ကိုကိုရ'
'အင်းပါ အင်းပါ ဟုတ်ပါပြီ ခန့် အဆင်ပြေသလိုလုပ် ကိုကိုတို့ ပြန်ရအောင်လေ ကြာနေပြီ'
'ဟွန်းးး ပြန်တော့မှာလား ခဏလေးပဲတွေ့ရသေးတယ်'
'ဆိုးမနေနဲ့တော့ ထထ သွားမယ်'
ကော်ဖီကို Self pick-up သဘောမျိုးယူပြီး ပိုက်ဆံတစ်ခါတည်း ရှင်းပြီးမှ ထိုင်သောက်တာကြောင့် ငွေကတော့ ထပ်ရှင်းစရာမလို ... ဒါကြောင့် မင်းမြတ်လဲ ပြန်မယ် ပြောတာနဲ့ ချက်ချင်း ထထွက်လာလိုက်တော့သည်။ မင်းမြတ် အိမ်ကို ရောက်တော့လဲ မပြန်ချင်သေးဘူးဆိုကာ သွေးခန့်က ဂျစ်နေသေးတာကြောင့် မနည်းချော့မော့ကာ ပြန်ခိုင်းရသေးသည်။ ခန့် ပြန်သွားပြီဆိုမှ ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ထားတဲ့ဖုန်းကို ထုတ်ကို သူသူ့ဆီ ဖုန်းအရင်ခေါ်ရသည်။
'အေး ပြော'
မယ်မင်းကြီးမက ဒီတစ်ခါတော့ ဖုန်းချက်ချင်းကိုင်သည်။
'ကြာသပတေးနေ့ကျရင် ငါနဲ့ ခန့် ပုဂံသွားမလို့ နင်လိုက်ဦးမလားလို့ ဟိုကောင်တွေလဲပါမှာလေ ... ငါက မေးသာမေးရသာ ခရီးဝေးဆိုတော့ နင်က မိန်းကလေးတစ်ယောက်ထဲ'
'လိုက်တာက ဟုတ်ပေမယ့် နင်ပြောသလို ငါက တစ်ယောက်ထဲဟ ကျန်တဲ့ မိန်းကလေး အဖော်လဲ မခေါ်ချင်ဘူး နင်တို့နဲ့ မခင်တော့ ကြောင်တောင်တောင်ဖြစ်နေလိမ့်မယ် မလိုက်တော့ဘူး ... ပြီးတော့ ဘဲနဲ့ ခရီးသွားမှာ အေးဆေးသွားစမ်းပါ ဘယ့်နှယ် ငါတို့ကို ကန့်လန့် ကန့်လန့် ဖြစ်အောင် ခေါ်နေတာတုန်း'
'အစ်မတော်ရယ် မသိရင် နင်က FA ကြီးလား ဖေယံလဲ ပါတာကို'
'တိတ်စမ်း ငါတို့ကို ခေါ်မနေနဲ့ ဟိုကောင်တွေလဲ မလိုက်လောက်ဘူး ဇေယျာနဲ့ ကိုစိုင်းတောင် မေမြို့မှာ မရှိလောက်ဘူး ခေါ်မနေနဲ့ ကိုယ့်ဘာသာ သွားကြ'
သူသူက မလိုက်ဘူး ပြောနေတော့လဲ ဇွတ်မခေါ်ချင်တော့ ... သွားမယ်လို့ စီစဉ်ထားပြီးမှ သူငယ်ချင်းမပါလို့ မလိုက်ဘူးဆို ခန့်က စိတ်မကောင်းဖြစ်နေမှာ စိုးရသည်။ သူသူပြောသလို ချစ်သူနှစ်ယောက် ခရီးသွားတာလဲ ဘာမှ ပြဿနာမရှိတာမလို့လဲ ပြောမနေတော့ ...
'အေးပါ မလိုက်ဘူးဆို ပြီးတာပဲ ငါက သင်္ဘောနဲ့ သွားမှာဆိုတော့ လိုက်ချင်မလားလို့'
'သင်္ဘောမကလို့ ဒုံးပျံနဲ့ သွားသွား မလိုက်ဘူးဟေ့ ဒါပဲ'
ပြောချင်ရာပြောပြီး သူသူက ဖုန်းချသွားသည်မှာ ချက်ချင်း ... သူသူတို့က မလိုက်ဘူးဆိုတော့လဲ ခန့်ကို ဖုန်းပြန်ဆက်ပြီး အကျိုးအကြောင်း ပြန်ပြောရသေးသည်။ ကိုယ်တော်လေးက နှစ်ယောက်ထဲဆိုတော့လဲ လွတ်လပ်သည်ဆိုကာ ပျော်မြူးနေသေးသည်။ ဖေကြီးနဲ့ မေကြီးကို ခွင့်တောင်းတော့လဲ ခရီးသွားတာ အပျော်လွန်ပြီး အပျက်မဖြစ်စေဖို့သာ သေချာဆုံးမပြီး သွားခွင့်ပေးသည်။ ဖေကြီးကတော့ မုန့်ဖိုး ချက်ချင်းထုတ်ပေးရှာပေမယ့် မေကြီးကတော့ သွားမယ့်နေမှ ယူလို့ပြောသေးသည်။ အိမ်ကလဲ ခွင့်ပြုပေးတာမလို့ ဘာမှတောင်လိုမနေတော့ ... အေးအေးဆေးဆေး သွားမယ့်နေကျမှ အထုတ်သယ်ပြီး သွားရုံသာ ...
>>>>>>>>>>
ပုဂံကို သွားဖို့ ကြာသပတေးနေ့မှ သင်္ဘောစီးရမယ်ဆိုပေမယ့် သွေးခန့်ပြောထားသလို မန္တလေးကို ဗုဒ္ဓဟူးနေ့ ညနေကတည်းက နှစ်ယောက်တူတူဆင်းခဲ့လိုက်သည်။ ညပိုင်းတော့ ခန့်ရဲ့ အိမ်မှာပဲ နားပြီး မနက်အစောပိုင်း ငါးနာရီခွဲလောက် မီနီအိုးဝေလေး ငှားကာ ဆိပ်ကမ်းကို ထွက်ခဲ့ကြသည်။ ယောက်ျားလေးတွေမလုိ့ အသုံးအဆောင်အိတ်က များများစားစား မပါ ... ကျောပိုးအိတ် တစ်ယောက်တစ်လုံးကိုယ်စီနဲ့ပင် ... ဆိပ်ကမ်းကိုရောက်တော့ သင်္ဘောလက်မှတ် ချက်ချင်းဝယ်ပြီးတာနဲ့ သင်္ဘောပေါ်တက်ရသည်။ ခြောက်နာရီထိုးတာနဲ့ သင်္ဘောထွက်တော့သည်။ သင်္ဘောက နှစ်ထပ်ပုံစံမျိုးဖြစ်ကာ အောက်ထပ်မှာ Passanger seat တွေနဲ့ အပေါ်ထပ်မှာတော့ အမိုးပွင့်ပုံစံ သင်္ဘောကုန်းပတ်လေး ... ခုံလေးတွေ အစီအရီချထားတာကြောင့် မင်းမြတ်နဲ့ သွေးခန့်လဲ သင်္ဘော ကုန်းပတ်ပေါ်မှာပဲ တက်နေကြသည်။ မနက်အစောပိုင်းဖြစ်တာကြောင့်ရော ရေပြင်ကို ဖြတ်ပြီးတိုက်တဲ့ လေကြောင့်ပါ အနွေးထည်ဝတ်ထားပေမယ့် ခပ်အေးအေး ရှိသည်။ မင်းမြတ်က သင်္ဘောရဲ့ နောက်ဖျားပိုင်းလေးမှာရပ်ရင်း လေအေးကြောင့် အေးနေတာမလို့ လက်လေးပိုက်ကာ ကျုံ့ကျုံ့လေးနေနေတုန်း နောက်ကျောပြင်က နွေးထွေးသွားရသည်။ တရားခံကတော့ခန့် ... နောက်ကျောကနေ သိုင်းပြီး မင်းမြတ်ကို ခပ်တင်းတင်း ဖက်ထားတာမလို့ နွေးနေသည်။ အမြဲလိုလို ချစ်သူရဲ့ ရင်ခွင်က နွေးနေရော ... မင်မြတ်သတ်မှတ်ထားသလို ချစ်ရတဲ့ ခန့်က တကယ့်ကို နွေးထွေးမှုလေး ...
'မနက်စာစားလို့ရပြီ ကိုကိုရ လာတော့'
'အင်း ကိုကိုလဲ ဗိုက်ဆာနေပြီ စားမယ်လေ'
ပြောလဲပြာ သွေးခန့်က မင်းမြတ်လက်ကို ဆွဲပြီး သင်္ဘောကုန်းပတ်အရှေ့ပိုင်းဆီ ဆွဲခေါ်လာသည်။ Foreigner စီးတဲ့ သင်္ဘောဖြစ်သည့်အလျောက် မနက်စာတွေကတော့ ပေါင်မုန့် ၊ ကြက်ဥပြုတ် ၊ Black coffee ၊ ငှက်ပျောသီး စတဲ့ ဗိုလ်ဆန်ဆန် အစားအစာများသာ ... ဘူဖေးစနစ်နဲ့ မလို့ စိတ်ကြိုက်ယူစားခွင့်ရှိသည်။ သင်္ဘောပေါ်မှာ ပါလာတဲ့ Foreigner တွေကလဲ သူ့တို့ဘာသာ အေးဆေးစားသောက်နေကြသည်။ အနောက်နိုင်ငံသားတို့ ထုံးစံ ဘယ်သူ့ကိုမှလဲ ဂရုမစိုက်တတ် ... မနက်စာစားပြီးကြတဲ့ အချိန်လောက်မှာ နေကလဲ ပူလာသည်။ ဧရာဝတီမြစ်ထဲမှာ ခုတ်မောင်းနေတဲ့ သင်္ဘောမလို့ အရိပ်မရှိတော့ နေအလွန်ပူလှသည်။ သင်္ဘောကုန်းပတ်တစ်ခြမ်းကို အမိုးကာထားပေမယ့် အရိပ်မရပဲ အရိပ်က ဘေးတစောင်းကျနေတာမလို့ တော်တော်ပူသည်။ သို့ပေမယ့် လေအေးအေးတိုက်နေတာကြောင့် နေလို့သက်သာသည်ပြောရမည်။ သင်္ဘောက တစ်နေကုန်နီးပါး စီးရမည် ဖြစ်သည်။ မနက်ခြောက်နာရီကတည်းက ထွက်လာပြီး ညနေလေးနာရီလောက်ဆို ပုဂံဆိပ်ကမ်းကို ဆိုက်မည်။
'ကိုကို ပျော်လားဟင်'
'ပျော်တာပေါ့ ခန့်ရ ခရီးသွားရတာလေးလဲ အေးအေးလူလူလေး ပြီးတော့ မင်းရောရှိတယ်လေ ခန့်'
သင်္ဘောကုန်းပတ်ထိပ်မှာ အစီအရီ ချပေးထားတဲ့ ပက်လက်ကုလားထိုင်လေးပေါ် နှစ်ယောက်အတူယှဉ်ထိုင်ကာ ကြည်လင်နေတဲ့ ကောင်းကင်ကို မော့ကြည့်ရင်း ပြောမိကြတဲ့စကား ... လက်နှစ်ဖက်ကလဲ ယှက်သွယ်ပြီး ချိတ်လို့ ...
'ဓာတ်ပုံရိုက်ရအောင် ကိုကို'
'အွန်း ရိုက်မယ်လေ ခန့်'
မြတ်နိုးမှု နွေဦးငယ်လေးကလဲသဘောတူလာတာမလို့ သွေးခန့်က အတွင်းဘက် ဂျာကင်ရဲ့ အိတ်လေးထဲမှာ ထည့်ထားတဲ့ ဖုန်းကို ထုတ်ကာ မင်းမြတ်ရဲ့ ပုခုံးကို လက်တစ်ဖက်က သိုင်းဖက်လာသည်။ မင်းမြတ်ကလဲ သွေးခန့်ရဲ့ ပုခုံးလေးတစ်ဖက်ပေါ် ခေါင်းလေးတင်လို့ သွားလေးတွေပေါ်အောင် ပြုံးသည်။ ဓာတ်ပုံလေးတွေ စိတ်ကြိုက်ရိုက်ပြီးကြတော့ ရိုက်ထားတဲ့ ပုံလေးကို ကြည့်ရင်း တစ်ယောက်မျက်နှာတစ်ယောက် မြတ်နိုးမှုမျက်ဝန်းအစုံနဲ့ တူတူကြည့်မိကြလေရဲ့ ...
Foreigner တစ်ယောက် camera လေးထဲမှာ နေရာယူသွားတဲ့ မျက်နှာချင်းဆိုင် သွားလေးတွေပေါ်နေအောင် ပြုံးရယ်နေတဲ့ ချစ်သူကောင်လေး နှစ်ယောက်ရဲ့ ပုံကလဲ မြတ်နိုးစရာလေး ...
__________
ပြောခဲ့တယ်မလား ... အချစ်စစ်တိုင်းက အရမ်းလှပါတယ်ဆို ...
To be continue ...
27th April,2020(Mon)
WhiteAster089
Continue Reading
You'll Also Like
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
104K 4.2K 190
This story follows the early life of James also known by his street name Headshot or Shooter. James had an extremely rough childhood, one that turned...
16.8M 648K 64
Bitmiş nefesi, biraz kırılgan sesi, Mavilikleri buz tutmuş, Elleri nasırlı, Gözleri gözlerime kenetli; "İyi ki girdin hayatıma." Diyor. Ellerim eller...
7.4M 205K 22
It's not everyday that you get asked by a multi-billionaire man to marry his son. One day when Abrielle Caldwell was having the worst day of her life...