By doubleuwxyz
35.2K 2K 22
YiZhan ZhanYi ဘယ်သူက seme . uke ဆိုပြီးအရမ်းစွဲနေကြတဲ့သူတွေအတွက်စိတ်မကောင်းပါဘူး။ ကျွန်တော်ကနှစ်ယောက်စလုံး... More
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
43
44
45
46
47
48
49
50
42
430 29 0
By doubleuwxyz
BXG fanfic
(42)
XXXXX
ရဲရဲက...ဦးနဲ့...
ဖုန်းလဲဆက်မရဘူး။
ဟော...တွေ့ပါပြီ။
အား...မဖြစ်ဘူး။
ဒါဆိုဘယ်လိုလုပ်ရမလဲ။
ကယ်ကြပါ။
နာကျင်စွာ။
"ကလစ်၊ ချောက်"
XXXXX
ဘယ်မှာမှမတွေ့။
နောက်ဆုံးတော့မှ...
"ဟင်...မေမေ...ဖေဖေ"
လူစုံတက်စုံနဲ့မို့...
"မဟုတ်ဘူး...ရဲရဲက...ရဲရဲက..."
"လွှတ်စမ်းပါ၊ သျှောင်နဲ့ကျောက်စိမ်းကိုလည်းဖုန်းဆက်မရလို့၊ ငါဝင်ကြည့်မှာ"
သျှောင်ကရော"
"ဟင့်အင်း...မရှိပါဘူး"
အို...အယ်...ဟင်...
ပြေးစပ်မှအမျိုးတော်တဲ့မောင်နှမတွေမို့လို့...
ကိုကိုကြီးငြင်းဦးလေ"
(တကယ့်အဖြစ်ကဒီလို...
ဒါကိုမှအချိန်ကိုက်လူကြီးတွေရောက်ချလာတာ...ဂွမ်းကုန်ကြရောပေါ့...
Unicode
ကျောက်စိမ်းဦးသျှောင်
BXG fanfic
(42)
ခဏပုန်းနေပြီးမှ...သူတို့လိုက်သွားတဲ့လမ်းကိုပဲရွေးပြီးလျှောက်ခဲ့လိုက်သည်။
ချက်ချင်းကြီးပြန်လှည့်လာမှာမဟုတ်ဘူးဆိုတာသူသိတယ်။
ကျောက်စိမ်းတို့နောက်ကိုလိုက်သွားတဲ့လူကလည်းနည်းနည်းလေးရယ်။
လမ်းတဝက်မှာခြေရာဖျောက်ကြဖို့အစကတည်းကစီစဉ်ထားတာ၊
သူငယ်ချင်းဖြစ်တဲ့ဘော်စွီးရဲ့အစ်ကိုကားနဲ့ပြေးဖို့ပါ။
ဒီလမ်းကြောင်းအတိုင်းသွားရင်တော့လွှတ်မှာပါပဲ။
လျှောက်လာရင်းနဲ့အချိန်တော်တော်ကုန်သွားပြီ။
အိတ်ထဲမှာရှိနေတဲ့ဖုန်းကိုယူထုတ်ကြည့်တော့...
missed call တွေကတပုံကြီး၊
ပြေးလာရလို့မောလဲမောနေတာ၊ မူးနေတာကလည်းဘယ်လိုကြီးမှန်းမသိဘူး။
အိမ်နားရောက်ခါနီးမှရင်ထဲမှာနေလို့မကောင်းဘဲလက်ညိုးထိုးပြီးအန်ပစ်လိုက်သည်။
ပြီးမှကျောက်စိမ်းကိုဖုန်းဆက်ခေါ်ဖို့ကြိုးစားရသည်။
ဖုန်းခေါ်တော့မှ...ဒါသူ့ဖုန်းမဟုတ်တာကိုသတိထားမိသည်။
ပြုတ်ကျတဲ့အချိန်မှာမှားကောက်မိတာ၊
အသည်းဦးဖုန်းကသူ့ဆီမှာ။
ဟာ...ကံဆိုးပါတယ်ဆိုမှ...မိုးကရွာ။
အရင်တခါကသူနဲ့ကျောက်စိမ်းတို့ဆိုင်ကယ်လဲကျတဲ့ကုန်းလေးမှာထိုင်နေခဲ့ရင်း။
XXXXX
(ထွက်မလာခဲ့နဲ့) လို့ပဲမက်ဆေ့ရပြီး..ဦး'ဆီကိုဖုန်းလဲခေါ်လို့မရတော့တာကြာပြီ။
ရဲရဲက...ဦးနဲ့...
ဖုန်းအဆက်သွယ်မရခင်ကတည်းကကြိုပြင်ထားတာ၊
ဘွားဘွားကြီးဘုရားရှိခိုးနေတာကိုစောင့်ပေးမယ်ဆိုပြီးကိုကိုကြီးရဲ့အခန်းတံခါးပေါက်ကနေအိမ်အပြင်ဘက်ကိုခိုးဆင်းလာကြာလှပြီ။
နောက်ထပ်မိနစ်နှစ်ဆယ်ဆိုပေမယ့်...
ကြိုပြီးစောင့်နေတာ စိတ်တွေအရမ်းမြန်နေလို့။
မိနစ်သုံးဆယ်အကြာလဲရောက်မလာတော့စိတ်ပူပြီး...ထွက်ခဲ့လိုက်တာ၊
အသည်းဦးတို့တအိမ်လုံးလည်းမီးတွေမှိတ်ထားသည်။
ဖုန်းလဲဆက်မရဘူး။
ဘာပြဿနာတွေတက်နေပါလိမ့်။
ဒီအချိန်မှအိမ်ပြန်ဖို့လည်းမစဉ်းစားတော့ဘဲ...
ကလပ်ထဲရောက်နေတယ်ဆိုလို့...
ဘယ်ကလပ်မှန်းလဲမသိဘူးလေ။
ဒါပေမယ့်...ဖုန်းကိုခြေရာခံတဲ့ဆော့ဖ်ဝဲလေးထည့်ထားမိတော့ရှာကြည့်သည်။
ဟော...တွေ့ပါပြီ။
ဟင်...ကိုကိုကြီးတို့အိမ်နားမှာပဲ။
ဘာလို့လဲ...စဉ်းစားလို့မရပါ။
ကိုကိုကြီးကိုဖုန်းဆက်မေးရင်ကောင်းမလား၊
အား...မဖြစ်ဘူး။
ငါခိုးထွက်လာတာမိသွားမှာပေါ့။
ဒါဆိုဘယ်လိုလုပ်ရမလဲ။
ကိုကိုကြီးတို့ရဲ့တိုက်ခန်းရှေ့အကွယ်လေးမှာရပ်စောင့်လို့စဉ်းစားရင်း...တွေးရင်းနဲ့အချိန်တွေကြာတာ...ညနက်နေပြီ။
ဦးနဲ့တွေ့မှဖြစ်မှာ...ဖုန်းကိုင်ပါဦးရယ်။
ဖုန်းအားကုန်တော့မှာဖြစ်တဲ့အသည်းဦးရဲ့ဖုန်းလေးကခဏချင်းမှာစက်ပိတ်ခြင်းအဖြစ်သို့...
တဖက်မှာလည်း...အိမ်ပေါ်ကိုလေးဖက်ထောက်ပြီးတော့ဦးသျှောင်တွားဝင်နေရတာ၊
ဖုန်းကိုဂရုလဲမစိုက်နိုင်ဘူး။
ကျောက်စိမ်းဆီဖုန်းဆက်မေးဖို့လဲသတိမရတော့ဘူး။
လူကမူးရူးကွဲပြဲနေတာ၊ သူသောက်လိုက်တဲ့အရာတွေထဲမှာမကောင်းတာတွေပါနေတာသေချာသည်။
ဘယ်နှစ်ခွက်မှမသောက်ခဲ့ရဘဲနဲ့မူးပြဲနေတာ၊
သျှောင်မဟုတ်တဲ့အတိုင်းပဲ။
အဲဒီလိုတခါမှမမူးဖူးဘူး။
ရင်ထဲမှာပူရှိန်နေပြီးတော့နှလုံးခုန်တာလည်းအဆမတန်မြန်ဆန်နေတာ၊
ဘယ်လိုကြီးမှန်းလဲမသိဘူး။
မခံစားနိုင်တော့လို့အာခေါင်ကိုလက်ထိုးပြီးအန်တော့လည်းအစာအိမ်ထဲမှာပြန်အန်ထုတ်စရာဘာမှမရှိတော့...လေတွေသာပျို့တက်လာသည်။
တဖြည်းဖြည်းနဲ့မှုန်ဝါးလာတဲ့အာရုံတွေထဲမှာအခိုးအငွေ့တွေကတိမ်တိုက်ပမာ...
အခု...နတ်ပြည်ရောက်နေတာလား။
ကယ်ကြပါ။
တိမ်စီးနေသလိုမူးမိုက်နေတာ...ဘယ်လိုကြီးမှန်းမသိ။
ခါးတစ်ဖက်မှာခုနတုန်းကဟိုနှစ်ကောင်ထိုးထည့်လိုက်တဲ့လက်သီးချွန်လေးခြစ်မိထားတဲ့အနာရှိန်ကလည်းမသေးတော့...
နာကျင်စွာ။
"ကလစ်၊ ချောက်"
တံခါးဖွင့်သံကြားနေတာကျောက်စိမ်းပြန်လာတာထင်သည်။
တအိမ်လုံးမီးမဖွင့်ရသေးတော့...ဘယ်သူမှန်းမသိ။
အသံမထွက်ဘဲနဲ့နာနေတဲ့ဒဏ်နဲ့...ယစ်မူးနေတာတွေပေါင်းပြီးတော့ဦးသျှောင်လုံးဝသတိမကောင်းတော့ဘူး။
နောက်ဆုံးခြေရာခံမိတဲ့အသည်းဦးဖုန်းလေးရှိတဲ့နေရာကကိုကိုကြီးတို့အိမ်ဖြစ်နေတော့အရဲစွန့်ပြီးဝင်လာခဲ့သည်။
ဒီနေ့ဦးငယ်ရော၊ ကျောက်စိမ်းပါသူမအိမ်မှာတွေ့ခဲ့တာသေချာသည်မို့...
ကိုကိုကြီးပဲရှိနေမှာသေချာသည်။
ကိုကိုကြီးရဲ့အိမ်ထဲမှာအသည်းဦးကဘာလို့ရှိနေရတာလဲ။
ဒါကိုသိချင်စိတ်နဲ့ခိုးကြောင်ခိုးဝှက်အသံမကြားအောင်ဝင်လာခဲ့တာ...
သူမအတွက်ကံဆိုးခြင်းဖြစ်မယ်ဆိုတာသိနေခဲ့ရင်...
XXXXX
သဘက်ခါဆိုရင်...ရဲရဲကိုစေ့စပ်ကြောင်းလမ်းဖို့အတည်ပြုရတော့မှာပါ။
ရဲရဲတို့ရဲ့ဘွားဘွားကြီးကဘုရားရှိခိုးပြီးတဲ့အချိန်...
"ရဲရဲအိမ်မှာမရှိဘူး"တဲ့။
ညဆယ်နာရီထိုးပြီးတော့မှ...
တအိမ်လုံးခေါင်းမီးတောက်ကာ...အပြေးအလွှားရှာရသည်။
ဘယ်မှာမှမတွေ့။
ကြားထဲကျောက်စိမ်းရော၊ ဦးသျှောင်ရောအဆက်သွယ်လုပ်လို့မရ။
အသည်းဦးရဲ့အိမ်တအိမ်လုံးလဲမီးမှိတ်လို့နေသည်။
နောက်ဆုံးတော့မှ...
ရဲရဲနဲ့ဦးသျှောင်တို့နှစ်ယောက်ကိုချင်းလမ်းကတိုက်ခန်းထဲမှာ...
တံခါးကိုဖွင့်လိုက်တော့...
မျက်ရည်အရွှဲသားနဲ့ရဲရဲကအမှောင်ထဲကနေထွက်ပြေးလာခဲ့တာနဲ့ကွက်တိ။
"ဟင်...မေမေ...ဖေဖေ"
အိမ်ရှေ့မှာဒေါ်ယုယတို့လင်မယားရော၊ ဘွားဘွားနှစ်ယောက်စလုံး၊ နောက်ပြီးတော့မီးမီးတို့အဖေ၊
လူစုံတက်စုံနဲ့မို့...
"နင်ဒီကိုဘယ်လိုရောက်နေတာလဲ...ရဲရဲ"
"မဟုတ်ဘူး...ရဲရဲက...ရဲရဲက..."
မျက်ရည်လေးတွေရွှဲနေတာကိုအလျင်အမြန်သုတ်ပစ်ပြီးတော့...အထဲမဝင်ဖို့မေမေ့လက်ကိုရဲရဲပြေးဆွဲရသည်။
"ရဲရဲကိုကိုကြီးတို့ဆီခဏထွက်လာတာပါ၊ ကိုကိုကြီးတို့ကအိမ်မှာမရှိဘူး"
သူမလေးကဂနာမငြိမ်ဘဲနဲ့အတင်းဆွဲထုတ်နေတာမို့...
"လွှတ်စမ်းပါ၊ သျှှောင်နဲ့ကျောက်စိမ်းကိုလည်းဖုန်းဆက်မရလို့၊ ငါဝင်ကြည့်မှာ"
"မဝင်ပါနဲ့မေမေရဲ့...ကိုကိုကြီးတို့မရှိဘူး"
အတင်းပြန်တွန်းထုတ်နေတာမို့...လူကြီးတွေကစိတ်ထဲမှာမသင်္ကာတော့ဘူးလေ။
ဒီအချိန်မှာအမောတကောနဲ့ပြေးလာခဲ့တဲ့ကျောက်စိမ်း...
"ဘွားဘွားတို့...ဒီအချိန်ကြီးဘယ်လိုလုပ်"
"နင်တို့ဘယ်သွားနေကြတာလဲ၊
သျှောင်ကရော"
"သျှောင်အိမ်မှာပဲရှိနေတာပါ"
"ဟင့်အင်း...မရှိပါဘူး"
ကျောက်စိမ်းကရှိတယ်ပြောလို့...
ရဲရဲကအတင်းပြန်ငြင်းနေတာ...
ဒေါ်ယုယကလုံးဝမသင်္ကာတော့ဘူး။
"နင်တို့ဘာမဟုတ်တာတွေလုပ်ထားလဲ...ဖယ်စမ်း...ငါအထဲဝင်ကြည့်မှဖြစ်မှာ"
မီးတွေဖွင့်ပြီးအိမ်ထဲရောက်တဲ့အခါ...
ဆေးမိပြီးတော့ဖြစ်ချင်သလိုဖရိုဖရဲဖြစ်နေတဲ့ဦးသျှောင်ကဆိုဖာပေါ်မှာ...
"အမလေး...ဘယ်လိုတောင်ပေါက်လွှတ်ပဲစားတွေဖြစ်နေကြတာလဲ"
ဆေးအရှိန်တွေတက်နေတဲ့ဦးသျှောင်က...အဝတ်တွေလဲမရှိဘဲ...အောက်ခံဘောင်းဘီလေးနဲ့...
နိုးကြည့်တော့ပြူးပြူးပြဲပြဲ...သတိအတင်းကပ်ခိုင်းပေမယ့်ပုံမှန်မဟုတ်။
ငိုထားပုံရတဲ့ရဲရဲရဲ့မျက်ရည်စတွေနဲ့...ဆက်စပ်ကြည့်ကာထင်ချင်ရာထင်သွားတဲ့လူကြီးတွေရဲ့စိတ်မှာ။
အို...အယ်...ဟင်...
မိုးကြိုးတော့ပစ်ကုန်ပါပြီဟဲ့။
ဒါဘယ်လိုမောင်နှမတွေမျိုးလဲ...
အရပ်တကာကအမျိုးတွေလာစုနေတဲ့အချိန်ခါကောင်းမှာ...
လူသိခံမကောင်းတဲ့ကိစ္စတွေဖြစ်လာတာဒေါ်ယုယရဲ့မျက်နှာလေးကဇီးစေ့လေးလောက်ပဲကျန်တော့၏။
ပြေးစပ်မှအမျိုးတော်တဲ့မောင်နှမတွေမို့လ်ို့...
မဖြစ်သင့်ဘဲဖြစ်ရပေမယ့်...
ခြေလှမ်းကကျွံနေပြီမို့...
"နင်တို့ကိုပေးစားမှဖြစ်မယ်"
"မဟုတ်ပါဘူး၊ မေမေရယ်၊ ရဲရဲပြောတာနားထောင်ပါဦး၊ ရဲရဲနဲ့ကိုကိုကြီးဘာမှမဖြစ်ခဲ့ပါဘူး၊
ကိုကိုကြီးငြင်းဦးလေ"
သျှောင်ကဘာမှမပြောတတ်တော့ဘူး၊ သူဘာမှမမှတ်မိဘဲကိုး...
နောက်ဆုံးဆုံးသွားတဲ့အသိတရားကကျောက်စိမ်းအိမ်ထဲကိုဝင်လာတာလို့ပဲယုံနေတာ။
ဘာမှမဖြစ်ဘူးဆိုတာလဲသူ့အတွက်မသေချာ။
ဘာမှမဖြစ်ဘူးသာပြောတာ၊ ရှိသမျှလူကြီးသူမတွေအကုန်လုံးကသူမကိုအငိုမျက်နှာနဲ့ထိတ်ထိတ်လန့်လန့်တွေ့လိုက်ရတာမို့...
"သမီးမိန်းကလေးဘက်ကိုငဲ့ညှာပြီးလုပ်သင့်တာတော့လုပ်ရမှာပဲ၊ မောင်နှမလို့ပြောလည်း...
စပ်ကြည့်ရင်အကွာကြီးပဲကို"
ဘယ်လူကြီးကမှရဲရဲတို့ရှင်းပြတာကိုလက်မခံ။
အချိန်တစ်နာရီလောက်ကွာခြားပြီးအိမ်ပြန်ရောက်လာတဲ့ကျောက်စိမ်းကလည်းမရှင်းပြတတ်တော့ဘူး။
"ရဲရဲတို့ဘာမှမဖြစ်ခဲ့ဘူး၊ တကယ်...ယုံပါမေမေရယ်...ဟင့်...အီး..."
တကယ်လည်းဘာမှမဖြစ်ခဲ့ကြပါဘူး။
ဒါပေမယ့်...မပြေးသော်လည်း...ကန်ရာကရှိနေတာမို့...
နှစ်ဝမ်းပဲကွဲကွဲ...တစ်ဝမ်းပဲကွဲကွဲ၊
ငြင်းဆန်ပိုင်ခွင့်မရှိဘူး။
ဒါ...ဆုံးဖြတ်ချက်ပဲ၊ နင်တို့လက်ထပ်ရမယ်။
(တကယ့်အဖြစ်ကဒီလို...
ရဲရဲကအိမ်ထဲခိုးဝင်လာတာကိုဆေးရှိန်တက်နေတဲ့ဦးသျှောင်ကကျောက်စိမ်းလို့ထင်သွားတာ၊
အနားရောက်လာတော့မူးမူးရူးရူးနဲ့...
ကျောက်စိမ်းကိုလုပ်နေကြအတိုင်းအတင်းဖက်ပြီး...ကပ်စီးကပ်စီးလုပ်ပါလေရော၊
မိန်းကလေးနဲ့ယောကျာ်းလေးအားချင်းကလည်းကွာတော့...
မူဒနေတဲ့လူရဲ့ဖမ်းချုပ်ခံထားရတဲ့ရဲရဲက...
နောက်ဆုံးငိုယိုပြီးထွက်ပြေးရတော့တာပဲ။
ဒါက်ိုမှအချိန်ကိုက်လူကြီးတွေရောက်ချလာတာ...ဂွမ်းကုန်ကြရောပေါ့...
နောက်တခန်းဆိုမင်္ဂလာဆောင်ရင်းဘယ်လိုလွဲကြဦးမလဲစောင့်နေပါ)
Continue Reading
You'll Also Like
8.9K 590 9
Lang Wang Gyi ♥ Wei Wu Xian ခံစားမှုအပိုင်းအစများကို ရေးဖွဲ့သည်
270K 19.6K 50
8.7K 435 16
YiZhan fan fic လေးပါနော် စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပြီး AOB world ပုံစံလေးပါရှင့်
96K 7.4K 17
Daddy ကလေ papa ရဲ့ အချစ်တွေအားလုံးကို တစ်ယောက်တည်းလိုချင်နေတာသိလား သားသားကို papaက မွ မွ ပေးရင်တောင် မနာလိုနေတာ အဲ့တော့ သားသားကလည်း daddyကို ပါးပ...