မျှော်လင့်ချက်လေးမပျက်ချင်ပါ...

By call_me_Tylor

422K 33.2K 825

လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်တဲ့ ... မျှော်လင့်ချက်မဲ့သွားရင်ရော ... လူေတြက ေမွ်ာ္လင့္ခ်က္နဲ႔ အသက္ရ... More

ေမွ်ာ္လင့္ခ်က္ေလးမပ်က္ခ်င္ပါ(Zawgyi&Unicode)
part 1 (Zawgyi&Unicode)
Part 2 (Zawgyi&Unicode)
Part 3(Zawgyi&Unicode)
Part 4 (Zawgyi&Unicode)
Part 5 (Zawgyi&Unicode)
Part 6 (Zawgyi&Unicode)
Part 7 (Zawgyi&Unicode)
Part 8 (Zawgyi&Unicode)
Part 9(Zawgyi&Unicode)
Part 10 (Zawgyi&Unicode)
Part 11(Zawgyi&Unicode)
Part 12(Zawgyi&Unicode)
Part 13(Zawgyi&Unicode)
Part 14(Zawgyi&Unicode)
Just for knowledge (Zawgyi&Unicode)
Part 15(Zawgyi&Unicode)
Part 16(Zawgyi&Unicode)
Part 17(Zawgyi&Unicode)
Part 18(Zawgyi&Unicode)
Part 19(Zawgyi&Unicode)
Part 20(Zawgyi&Unicode)
Part 21(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Part 22(Zawgyi&Unicode)
Part 23(Zawgyi&Unicode)
Part 24(Zawgyi&Unicode)
Part 25(Zawgyi&Unicode)
Part 26(Zawgyi&Unicode)
Part 27(Zawgyi&Unicode)
Part 28(Zawgyi&Unicode)
Part 29(Zawgyi&Unicode)
Part 30(Zawgyi&Unicode)
Part 31(Zawgyi&Unicode)
Part 32(Zawgyi&Unicode)
Part 33(Zawgyi&Unicode)
Part 35(Zawgyi&Unicode)
Part 36(Zawgyi&Unicode)
Part 37(Zawgyi&Unicode)
Part 38(Zawgyi&Unicode)
Part 39(Zawgyi&Unicode)
Part 40(Zawgyi&Unicode)
Part 41(Zawgyi&Unicode)
Part 42(Zawgyi&Unicode)
Part 43(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Final(Zawgyi&Unicode)
Thank you
Extra 1(Zawgyi&Unicode)
Extra 2(Zawgyi&Unicode)
Just for knowledge(Zawgyi)
Just for knowledge(Unicode)

Part 34(Zawgyi&Unicode)

5.5K 437 15
By call_me_Tylor

[Zawgyi]

ေသြးခန္႔နဲ႔ မင္းျမတ္ရဲ႕ ၾကားက relationship ကေတာ့ သာသာယာယာပါပဲ ... ခ်စ္သူစျဖစ္ၾကတဲ့ အခ်ိန္ကေန ခုထိ Monthsary သံုးခုအထိ ျဖတ္ေက်ာ္လာခဲ့ၾကၿပီးၿပီ ... ေယာက္်ားေလးနွစ္ေယာက္ၾကားက အခ်စ္က ဘယ္အထိခိုင္မာလဲဆိုတဲ့ စကားကို ေသြးခန္႔က ေမ့ထားသလိုပါပဲ ... သူ႔အပိုင္ေႏြဦးငယ္ကို တစ္ရက္ထက္ တစ္ရက္ပိုခ်စ္တယ္ ... ပိုတိုးလို႔ ျမတ္နိုးတယ္ ... မင္းျမတ္လဲ ဒီလိုပဲ ... တစ္ခါတစ္ေလ ခ်စ္သူသဘာဝ ကေတာက္ကဆျဖစ္တယ္ ... ေသြးခန္႔ကပဲ အေလ်ာ့ေပးၿပီး ျပန္အဆင္ေျပၾကတယ္ ... ေႏြဦးငယ္က မိဘေတြကို ဖြင့္ေျပာမယ္ဆိုတဲ့ အစီအစဥ္ကို ခန္႔အလိုက် ေနာက္ဆုတ္ထားတယ္ ... ခ်စ္ရသူကေျပာတယ္ ဘာမွန္းမသိတဲ့ အေျခအေနအတြက္ အခုရသေလာက္ ပိုေပ်ာ္ပါရေစတဲ့ ... မိဘေတြ လက္ခံေအာင္ ႀကိဳးစားမယ္ဆိုတာမွန္ေပမယ့္ လက္ေတြမွာ ခန္႔က နွစ္ေယာက္ၾကားေဝးကြာျခင္းကို မခံစားနိုင္ေသးပံုပါပဲ ... ေႏြဦးငယ္က ကိုယ့္အပိုင္ ကိုယ္ကလဲ ေႏြဦးငယ္ အပိုင္လို႔သာ ေျပာတတ္တယ္ ... တစ္ခ်ိန္က်ရင္ နွစ္ေယာက္အတူတူလက္တြဲၿပီး နွစ္ပတ္လည္ေတြ ရတုအဆက္ဆက္ကိုပါ ေက်ာ္ျဖတ္မယ္ ...

Stay home ကာလၿပီးသြားခဲ့ၿပီ ... အကုန္အဆင္ေျပေျပနဲ႔ လည္ပတ္နိုင္တဲ့အခ်ိန္မွာ ဗိုင္းရပ္စ္ေၾကာင့္ စာေမးပြဲ အေျဖလႊာေတြစစ္ဖို႔ေနာက္က်တယ္ ... တကၠသိုလ္ေတြ မွာ ေအာင္စာရင္း ထုတ္ဖို႔ပါ က်န္႔ၾကာေနတာေၾကာင့္ July လသာ ေရာက္ေနေပမယ့္ ေက်ာင္းျပန္မဖြင့္ေသး ... ခန္႔နဲ႔ ေႏြဦးငယ္တို႔ ေန႔တိုင္းမဟုတ္ရက္ေတာင္ နွစ္ရက္ျခားတစ္ခါ သံုးရက္ျခားတစ္ခါ အတူေတြ႕ၾကတယ္ ... ခ်ယ္ရီလမ္းေထာင့္က တို႔ဟူးသုပ္လဲ သြားစားတယ္ ... မနက္အေစာပိုင္းနဲ႔ ႀကံဳရင္ေတာ့ ေမၿမိဳ႕ေကာ္ဖီေလးက မပါမျဖစ္ ... ခန္႔က သူ႔အပိုင္ဆိုတဲ့ ေႏြဦးႏုႏုငယ္ရဲ႕ နဖူးျပင္ေျပေျပကို နမ္းေမႊးမယ္ ... ျမတ္နိုးမႈ အစုစုတို႔ ျဖစ္တည္ရာ နွာေခါင္းလံုးလံုးေလး ၿပီးေတာ့ နႈတ္ခမ္းလႊာခ်ိဳခ်ိဳမွာ နမ္းေမႊးမႈက အဆံုးသတ္မယ္ ... ေန႔ရက္တိုင္း ေပ်ာ္႐ႊင္ရတယ္ ... တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မယ္ ... ပိုတိုးလို႔ ခ်စ္မယ္ ... ျမတ္နိုးမယ္ ... ဒါေတြအားလံုးက တစ္ေယာက္ခ်င္းစီအတြက္ ခ်စ္ရသူနဲ႔သာ စတင္တယ္ ...

>>>>>>>>

'ကိုကို မနက္ျဖန္ ကိုယ္တို႔ ေတြ႕ၾကမယ္မလား ကိုကို ဘယ္သြားခ်င္လဲ ဒါမွမဟုတ္ ဖိုးဝသြားၿပီး တစ္ခုခုထိုင္စားခ်င္လား'

'ေနပါဦး ခန္႔ရာ ကိုကို ေျပာမလို႔ ... သူသူက ေျပာတယ္ မနက္ျဖန္က်ရင္ ကိုကိုတို႔ တက္ခဲ့တဲ့ state ေက်ာင္းမွာ အာစရိယပူေဇာ္ပြဲနဲ႔ ေက်ာင္းသားေဟာင္းေတြ႕ဆံုပြဲရွိတယ္တဲ့ အဲ့တာ ဆယ္တန္းၿပီးကတည္းက ေက်ာင္းကိုလဲ မေရာက္ျဖစ္ေတာ့ သြားမလို႔'

ညစဥ္ညတိုင္းမေတြ႕ရတဲ့ ေန႔ေရာ ေတြ႕ရတဲ့ ေန႔ေတြမွာပါ ဖုန္းေျပာျခင္းနဲ႔ video call ေျပာျခင္းက နွစ္ယာက္ၾကားမွာ ပံုမွန္လို ... အၿမဲတမ္းလိုလို အခ်ိန္တိုင္းအတြက္ ေဝးကြာျခင္းဆိုတာ ဗလာနတၳိ ... အခုလဲ မနက္ျဖန္ ေတြ႕ၾကမယ္ ေျပာေနရင္းမွ ေက်ာင္းကို သြားမွာျဖစ္တဲ့ အေၾကာင္း ခန္႔ကို ေျပာျပရသည္။

'အဲ့တာဆို ကိုယ္က ကိုကိုနဲ႔ မေတြ႕ရဘူးလား'

'ကိုကိုေျပာတာ ၿပီးေအာင္နားေထာင္ပါဦး ခန္႔ရာ မနက္ျဖန္ေက်ာင္းသြားမွာ ခန္႔လိုက္ခဲ့ခ်င္လား လိုက္လို႔ရတယ္လို႔ ေျပာမလို႔ေလ အဲ့ေတာ့ ကိုကိုတို႔ ေတြ႕လို႔လဲရတယ္ေလ'

'လိုက္မွာေပါ့ ကိုကိုရ ေမးေနစရာလိုလို႔လား ကိုယ့္ေႏြဦးငယ္ကို မေတြ႕ရေအာင္ ကိုယ္က အရူးမွမဟုတ္တာ'

'ရူးေနတာပါကြာ တကယ္အရူးႀကီးေလ ခန္႔က'

'အဲ့ အရူးကိုပဲ ကိုကိုခ်စ္တယ္မလား ကိုယ္က အရူးဆိုရင္ေတာင္ ကိုကို႔ ကို ခ်စ္လို႔ေနာ္'

တကယ္ကို အတတ္ေလးလို႔သာ မင္းျမတ္ေတြးၿပီး ေခါင္းရမ္းမိသည္။ ကေတာက္ကဆျဖစ္ၾကတာထက္ တီတီတာတာမ်ိဳးေသြးခန္႔က မ်ားမ်ားေျပာၿပီး မင္းျမတ္ေပ်ာ္ေအာင္ အၿမဲလုပ္ေပးတတ္သည္။

'ဟုတ္ပါၿပီ အရူးေလးရာ အဲ့တာဆို မနက္ျဖန္လိုက္မွာေနာ္ ကိုကို႔ ကို လာေခၚမလား တူတူသြားမယ္ေလ'

'အင္း လာေခၚတာက ဟုတ္တယ္ေလ ကိုကိုရဲ႕ ကိုယ္ဘယ္အခ်ိန္လာရမလဲ ေျပာဦးေလ'

'သူသူ႔ကိုေတာ့ ကိုစိုင္းကဝင္ေခၚၿပီး လာၾကမယ္ေျပာတယ္ ၉ နာရီခြဲေလာက္သြားၾကမလား စမွာက ၁၀ နာရီဆိုေတာ့ ေက်ာင္းထဲလဲ ပတ္ၾကည့္လို႔ရေအာင္ ၿပီးေတာ့ေလ ေဖယံနဲ႔ ေဇယ်ာကိုလဲ ခန္႔ ေမးၾကည့္ပါလား လိုက္မလားလို႔'

'ကိုကို အဆင္ေျပသလိုသာလုပ္ ကိုယ္က အဆင္ေျပၿပီးသား အဲ့ ကိုစိုင္းနဲ႔ သူသူတို႔ကိုေရာ ဖုန္းဆက္လိုက္ဦးေနာ္ ကိုယ္လဲ ဟို နွစ္ေကာင္ကို ဖုန္းဆက္လိုက္မယ္ ၿပီးရင္ မနက္က်ေတာ့ ကိုယ္ ၉ နာရီေလာက္လာေခၚမယ္ေနာ္ အဆင္ေျပတယ္မလား'

ခန္႔ေျပာတာကို မင္းျမတ္လဲ လက္ခံလိုက္သည္။ ၉ နာရီေလာက္လာေခၚမယ္ဆိုေတာ့လဲ ေစာေရာက္သြားေတာ့ ေက်ာင္းထဲ ၾကာၾကာပတ္လို႔ရတာေပါ့ လိုသာေတြးထားသည္။

'Everything is Ok ခန္႔ ေစာေစာအိပ္ေတာ့ေနာ္ မနက္က်ရင္လဲျပင္ရဆင္ရဦးမွာ ဂိမ္းမေဆာ့နဲ႔ေတာ့'

'ဟြန္းး ကိုကိုကလဲ ဖုန္းခ်ေတာ့မလို႔လား အၾကာႀကီးေတာင္မေျပာရေသးတာ'

'ဘယ္လိုေလးလဲ ခန္႔ရာ ခ်စ္လိုက္တာကို ခြၽဲမေနနဲ႔ေတာ့ ကိုကိုလဲ အိပ္ေတာ့မွာ မနက္က်ရင္လဲ သြားစရာရွိတာကို မ်က္ကြင္းေတြ ညိဳၿပီး ရုပ္ဆိုးႀကီး ျဖစ္ခ်င္လို႔လား'

'ကိုကိုေနာ္ ကိုယ္က ရုပ္ဆိုးႀကီးျဖစ္ေနလဲ ဂရုမစိုက္ဘူး ကိုကိုခ်စ္ဖို႔ပဲလိုတာ ကိုယ္ရုပ္ဆိုးသြားလဲ ကိုကို ခ်စ္မယ္ဆိုတာသိၿပီးသား'

တကယ္ကို အၿပီအျပင္ခြၽဲေနတဲ့ ခန္႔ကို မင္းျမတ္ေတာ့ တကာ္မနိုင္ေတာ့ပါ ... ခ်စ္လိုက္ရတာ ျမတ္နိုးလိုက္ရတာ ... ျမတ္နိုးမႈအစုစုတို႔က ဒီလူသားဆီမွာ ...

'ကဲကဲ အခြၽဲကိုခန္႔ေရ မခြၽဲနဲ႔ေတာ့ ဒါပဲေနာ္ ကိုကို ဖုန္းခ်ေတာ့မွာ အိပ္ေတာ့'

'အြန္း အိပ္မွာ ေျပာစရာရွိတာ ျမန္ျမန္ေျပာေလ ကိုကိုေျပာမွ အိပ္မွာေပါ့ အတိတ္ေမ့သလိုလိုနဲ႔ မလုပ္နဲ႔'

ခန္႔ေျပာတာကို မင္းျမတ္သိပါသည္။ အိပ္ခါနီးမလို႔ ခ်စ္တယ္ ဆိုတဲ့စကားေျပာခိုင္းေနတာ ... ေႏြးေထြးမႈေလးက မင္းျမတ္အေပၚလဲ လိုေလေသးမရွိေအာင္ခ်စ္ေပးသလို သူ႔အေပၚကို မင္းျမတ္ကလည္း ခ်စ္ေၾကာင္းသက္ေသ အစုစုကို ထုတ္ျပရေသးသည္။

'ခ်စ္တာေပါ့ ခန္႔ရာ မင္းကို ကိုကိုက အရမ္းခ်စ္တာ အိပ္ေတာ့ ဒါပဲ Good night'

'ပိုျမတ္နိုးပါတယ္ ကိုကိုရာ Good night ေမာင့္ေႏြဦးငယ္'

ဆက္သြယ္မႈေလး ျပတ္ေတာက္သြားေတာ့မွ မင္းျမတ္လဲ ဖုန္းေလးကို ၾကည့္ကာ ၿပံဳးမိသည္။ ဒီလူသားအေပၚ ေမတၱာသက္ဝင္ရျခင္းက ေနာက္တဆိုတာ မသိနိုင္တဲ့အထိကို ခ်စ္ေပးနိုင္တဲ့ လူသား ...

>>>>>>>>

မနက္ေရာက္ေတာ့ ေသြးခန္႔က မင္းျမတ္အိမ္ကို လာေခၚသည္။ ဆရာကန္ေတာ့ပြဲသြားမယ္ဆိုတာသိၿပီးသားမလို႔ မင္းျမတ္ကို အိမ္ကေတာ့ ဘာမွမေျပာ ... ဆရာကန္ေတာ့ပြဲျဖစ္တာေၾကာင့္မလို႔ ထင္သည္ ... ေသြးခန္႔ေရာ မင္းျမတ္ေရာ ပုဆိုးေလးေတြနွင့္ ... ေသြးခန္႔က ပုဆိုးအစိမ္းရင့္ေရာင္အကြက္က်ဲေလးကို ေ႐ႊျခည္ေငြျခည္ေလးေတြ ခပ္က်ဲက်ဲၾကားမွာယက္ထားတဲ့ ပုဆိုးကို ဝတ္ထားသည္။ မင္းျမတ္ကေတာ့ ပုဆိုးအစိမ္းႏုအကြက္က်ဲေလးရိုးရိုးသာဝတ္ထားသည္။ ပုဆိုးကို တိုင္ပင္ၿပီး ဝတ္ရင္ေတာင္ ဒီေလာက္ဆင္တူေနမယ္ မထင္ ... အႏုနဲ႔ အရင့္သာကြာၿပီး အကြက္က်ဲတာခ်င္လဲတူသည္။ အက်ႌကေတာ့ နွစ္ေယာက္လံုး လည္ကတံုးရႈပ္အျဖဴေလးေတြနွင့္ ... မတူတာကေတာ့ မင္းျမတ္က လက္ရွည္အတိုင္းဝတ္ထားၿပီး ေသြးခန္႔ကေတာ့ လက္ရွည္ကို တံေတာင္ဆစ္ထိ ေခါက္တင္ထားသည္။ အိမ္ကေန ထြက္လာၾကၿပီး ေက်ာင္းေပါက္ဝေရာက္ေတာ့ သူသူနဲ႔ ေဖယံက ေက်ာင္းေပါက္ဝမွာ ရပ္ေစာင့္ေနသည္။ ကိုစိုင္းကိုေတာ့ မေတြ႕ ... ေဇယ်ာကေတာ့ မေန႔က ဖုန္းဆက္ကတည္းက ေမၿမိဳ႕မွာကို ရွိမေနတာေၾကာင့္ ရွာစရာေတာ့မလို ...

'ကိုစိုင္းကဟာ မနက္က်မွ သူ႔အေဖက မႏၲေလးကို လႊတ္လို႔တဲ့ ေရးႀကီးသုတ္ျပာနဲ႔ သြားခဲ့လို႔ ငါ ေဖယံ့ကို လာ ေခၚခိုင္းလိုက္တာ'

အနားေရာက္တာနဲ႔ သူသူက ေဖယံ့လက္ကို ခ်ိတ္ထားရင္း ေပါက္ေပါက္ေဖာက္ေတာ့သည္။ သူသူ႔ကို သြားေခၚလာဖို႔ ေဖယံရွိေနတာကိုပဲ ေက်းဇူးတင္ရေတာ့သည္။ မဟုတ္ရင္ သတ္သတ္ျပန္ေခၚေနရရင္ ေက်ာင္းထဲ မပတ္ရေတာ့ပဲ ေနာက္က်ေနေတာ့မွာ ေသခ်ာသည္။

'ေအးပါ သူသူရယ္ လာလာ ေက်ာင္းထဲဝင္မယ္ အမ်ားႀကီး ပတ္မၾကည့္ရပဲ ေနမယ္'

'ေအးပါ ေနဦးဟဲ့ မင္းျမတ္ ... ငါ့တို႔ သတ္သတ္စီသြားမယ္ နင္တို႔လဲ ေအးေဆးပတ္ၾကည့္ၾက ငါတို႔လဲ ေအးေဆးသြားမယ္'

'ေအးေအး သေဘာသေဘာ ျပန္ဆံုမယ္ ဆိုရင္ေတာ့ ဖုန္းဆက္လိုက္ hall ေရွ႕က basket ball ကြင္းမွာ ေစာင့္ေနမယ္'

မင္းျမတ္ေျပာလိုက္ေတာ့ သူသူက ေဖယံ့လက္ကိုဆြဲကာ ေရွ႕ကေန ေကာ့ခနဲ ထြက္သြားသည္မွာ အၿမီးေတာင္ ရွာမရေတာ့ ... မင္းျမတ္လဲ ေသြးခန္႔ကို ေက်ာင္းထဲ ပတ္ျပခ်င္သည္။ ေသြးခန္႔က ထ-၃ ေက်ာင္းသားဆိုေတာ့ ထ-၁ ထဲကိုေတာ့ ေသခ်ာ ေရာက္ဖူးေသးမွာမဟုတ္ ...

🎼ေတာင္ေပၚေျမ ပန္းအလွေျမ ထင္ရွဴးရနံမ်ားသင္းတဲဲ့ေျမ ... ပဝါပါးနွင္းေငြ႔ေဝ အလွဆုံးေတြ ဖူးပြင့္ေစတဲ့ေျမ ... လူေတာ္ေတြ လူေကာင္းေတြ စာရိတၲေကာင္းေမြးထုတ္ေန ... ဂုဏ္သတင္းေမႊးပ်ံ့ေန ... ျပင္ဦးလြင္က အ.ထ. က(၁)တို႕ေက်ာင္းေလ ...🎼

ေက်ာင္းထဲဝင္လိုက္တာနဲ႔ တၿပိဳင္ထဲ ေက်ာင္းထဲမွာ ေမၿမိဳ႕ထ-၁ ရဲ႕ ကိုယ္စားျပဳ သီခ်င္းက လြင့္ပ်ံေနသည္။ မင္းျမတ္လဲ သီခ်င္းသံၾကားေနရတဲ့ ေနရာေလးမွာ ခဏရပ္ၿပီး စိတ္ထဲကေန ထာဝရ(၁) သီခ်င္းကို လိုက္ညည္းေနမိသည္။ ဒီသီခ်င္းကို မဆိုရတာ State ေက်ာင္းၿပီးကတည္းက ... ေက်ာင္းတက္တုန္းကဆို Assembly မရွိရင္ေတာင္ အတန္းထဲမွာ လက္ခုပ္ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္တီးၿပီး ဆိုခဲ့ရတာ ... ေသခ်ာျပန္ေတြးၾကည့္မိေတာ့ ေက်ာင္းသားဘဝကို လြမ္းလာတာေၾကာင့္ မင္းျမတ္ မ်က္ရည္ေတြပါ ဝဲလာရသည္။

ေသြးခန္႔က ေဘးမွာရပ္ သီခ်င္းနားေထာင္ေနရင္း မ်က္ေတာင္တို႔ ပုတ္ခပ္ပုတ္ခပ္လုပ္တဲ့ ခ်စ္ရသူကို ၿငိမ္ၿပီး ရပ္ၾကည့္ေနသည္။ ေက်ာင္းကို သတိရၿပီး ေက်ာင္းရဲ႕ အေငြ႕အသက္ခပ္ေဆြးေဆြးတို႔က လြမ္းေဆြးေစလို႔နဲ႔ တူပါသည္။

'သီခ်င္းေလးက နားေထာင္လို႔ေကာင္းတယ္ေနာ္ ကိုကို'

'အင္း ေက်ာင္းျပန္တက္ၿပီး ဒီသီခ်င္းကို သူငယ္ခ်င္းေတြနဲ႔ လက္ခုပ္တူတူတီးၿပီး ဆိုခ်င္ေသးတယ္'

မ်က္ရည္ဝိုင္းေနတဲ့ မ်က္လံုးေလးေတြနဲ႔ ေသြးခန္႔ကို ေမာ့ၾကည့္ၿပီး ေျပာလာတာေၾကာင့္ ေသြးခန္႔ရ ျမတ္နိုးရာေလးရဲ႕ ပုခံုးကို အသာကိုင္ၿပီး နွစ္သိမ့္ေပးရသည္။

'လာ ခန္႔ ေက်ာင္းထဲကို လိုက္ျပမယ္'

'အင္း သြားမယ္ေလ'

🎼(လူရည္ခြ်န္ လူေရမြန္ မ်ားထြက္ေပၚရာ ... ျပည္ျမန္မာ အနာဂတ္ ေကာင္ကင္ယံမွာ ... ၾကယ္စင္ ၾကယ္တံခြန္ မ်ားစုဆုံရာ ... အ.ထ.က(၁) တို႕ေက်ာင္းမဟာ)×2 ... ပညာအေရာင္မီးရွဴးတန္ေဆာင္ ဘဝလမ္းျပေသာအလင္းေရာင္ ... အမွန္တရား အတြက္ ပ်ိဳးေထာင္ ... ေအာင္ျမင္ျခင္းေတြ ေပးစြမ္းဖန္တီးေန ... ခ်ယ္ရီေျမေရာင္စံုပန္းေတြ အခ်ိန္တိုင္းအစဥ္ျမဲ လန္းဆန္ေန ... ထာဝရ(၁)ပဲေဟ့ ျပင္ဦးလြင္က အ.ထ.က(၁) တို႕ေက်ာင္းေလ ... (လူရည္ခြ်န္ လူရည္မြန္ မ်ားထြက္ေပၚရာ ... ျပည္ျမန္မာ အနာဂတ္ ေကာင္ကင္ယံမွာ ... ၾကယ္စင္ၾကယ္တံခြန္ မ်ားစုဆုံရာ အ.ထ.က(၁) တို႕ေက်ာင္းမဟာ)×2 ... (ခ်ယ္ရီေျမေရာင္စံုပန္းေတြ ... အခ်ိန္တိုင္းအစဥ္ျမဲ လန္းဆန္ေန ထာဝရ(၁)ပဲေဟ့ ျပင္ဦးလြင္က အ.ထ.က(၁) တို႕ေက်ာင္းေလ)×2🎼

သီခ်င္းသံေလးကလဲ ဆက္ၿပီး ပ်ံ့လြင့္ေနတုန္း ... Main hall ေရွ႕က လမ္းမႀကီးအတိုင္း နွစ္ေယာက္အတူတူေလွ်ာက္လာၾကၿပီး အလယ္တန္းေဆာင္ဘက္ကို ေရာက္လာၾကသည္။ အာစရိယ ပူေဇာ္ပြဲကို လာၾကတဲ့သူ ေတာ္ေတာ္မ်ားမ်ားက မင္းျမတ္တို႔ အ႐ြယ္နည္းၿပီး အသက္ႀကီးႀကီး ေက်ာင္းသားေဟာင္းေတြေလာက္ပဲ မ်ားတာမလို႔ မင္းျမတ္နဲ႔ ေသြးခန္႔တို႔ ေရာက္လာတဲ့ အလယ္တန္းေဆာင္ဘက္မွာ လူရွိမေနပဲ ရွင္းရွင္းလင္းလင္းနွင့္ တိတ္ဆိတ္ေနသည္။

'ဒီအလယ္တန္းေဆာင္ကို ကိုကို သေဘာအက်ဆံုးပဲ ... အေဆာင္ေတြတိုင္းကို အမိုးပါတဲ့ အုတ္အျမင့္လမ္းေလးနဲ႔ ဆက္ထားတာ ဘယ္အေဆာင္သြားခ်င္ခ်င္ ဒီအုတ္ေလးေလးအတိုင္းသြားရံုပဲ ... ေနလဲမပူေတာ့ဘူး ... အဲ့ မိုးတြင္းဆိုရင္ေတာ့ မိုးပက္ရင္ ေခ်ာတယ္ အဂၤလိပ္ေတြေခတ္ကတည္းက ခင္းထားတဲ့ ေႂကြျပားအနီေတြ ဆိုေတာ့'

မင္းျမတ္က ေျပာရင္းဆိုရင္းနဲ႔ ေဘးကေန ကေလးလို မ်က္လံုးလး အဝိုင္းသားနဲ႔ ေက်ာင္းေဆာင္ေတြကို လိုက္ၾကည့္ေနတဲ့ ခန္႔ကို ၿပံဳးၿပီးၾကည့္ေနမိသည္။ ၿပီးေတာ့ မင္းျမတ္ လက္ကေလးေတြကို ဆန္႔ထုတ္ၿပီး ခ်စ္ရသူ ခန္႔ရဲ႕ လက္ေခ်ာင္းေလးေတြနဲ႔ လက္ခ်င္းယွက္သြယ္ၿပီး ဆုပ္ကိုင္ထားလိုက္တယ္ ... ေႏြးေထြးမႈေလးကေတာ့ မင္းျမတ္ရဲ႕ အျပဳအမူေၾကာင့္ တအံ့တၾသေလး လွည့္ၾကည့္လာတယ္ ... ေနာက္မွ ၾကည္ၾကည္ႏူးႏူးၿပံဳးျပလာၿပီး မင္းျမတ္လက္ကို ပိုလို႔ တင္းၾကပ္ေအာင္ ဆုပ္ကိုင္လာတယ္ ... အလယ္တန္းေဆာင္ေလးရဲ႕ ေရွ႕က ခ်စ္သူနွစ္ဦး တစ္ေယာက္လက္တစ္ေယာက္ ဆုပ္ကိုင္ထားတဲ့ ျမင္ကြင္းေလးက အရမ္းလွတယ္ ...

'ခန္႔ လာခဲ့ ဒီလမ္းေလးအတိုင္းဆက္သြားၿပီး တစ္ဖက္ကို ထြက္လိုက္ရင္ ကြၽန္းပင္တန္းေလးရွိတယ္ အဲ့မွာ ထိုင္ခ်င္လား'

'သြားမယ္ေလ ကိုကိုရဲ႕ ကိုကို သြားခ်င္တဲ့ေနရာသြား ကိုယ္က လိုက္ခဲ့မယ္'

ေသြးခန္႔ရဲ႕ စကားအဆံုးမွာ မင္းျမတ္က လက္ကေလးနွစ္ဖက္ ယွက္ကာတြဲရက္ေလးအတိုင္း အုတ္ျမင့္ေလွကားေလး တစ္ေလွ်ာက္ေရွ႕ကေန ဦးေဆာင္လို႔သြားတယ္ ... ေသြးခန္႔ကေတာ့ ေရွ႕က ျမတ္နိုးမႈအလင္းေလးရဲ႕ တက္တက္ႂကြႂကြဦးေဆာင္ၿပီး သြားေနပံုေလးကို ၾကည့္ၿပီး သေဘာတက်ၿပံဳးၿပီးေတာ့သာ ေနာက္ကေန လိုက္ခဲ့ေတာ့တယ္ ... ခ်စ္ရသူ ေျပာတဲ့ ကြၽန္းပင္တန္းေလးဘက္ေရာက္ေတာ့ မင္းျမတ္ အံ့ၾသရသည္။ ကြၽန္းပင္အျမင့္ အုပ္အုပ္ဆိုင္းဆိုင္းၾကားထဲမွာ ဝါးခံုေလးေတြ စီၿပီး ရိုက္ထားတာ ...

'အလယ္တန္းတုန္းကဆို ထမင္းခ်ိဳင့္ယူၿပီး သူငယ္ခ်င္းေတြနဲ႔ ဒီမွာလာစားတယ္ တစ္ဖက္ေဘာလံုးကြင္ထဲက ေဘာလံုးကန္တာကို ထိုင္ၾကည့္ရင္း စားၾကတာ ျပန္ေတြးရင္ အကုန္လြမ္းစရာေတြၾကည့္ပဲ'

'အင္းေပါ့ ေက်ာင္းသားဘဝမွာ လြမ္းစရာေတြ အမ်ားႀကီးကိုကိုရဲ႕'

'ဒီမွာ ခဏေလာက္ထိုင္မလား ခန္႔'

'ဟုတ္ ကိုကို'

နွစ္ေယာက္တူတူ လက္တြဲရက္သားေလး ကြၽန္းပင္တန္းေလးေအာက္က ဝါးခံုတစ္ခံုမွာ ဝင္လိုက္လိုက္ၾကတယ္ ... ယွဥ္တြဲထိုင္ၿပီးမွ မင္းျမတ္က ေသြးခန္႔ရဲ႕ ပုခံုးေလးေပၚ ေခါင္းေလးမွီတင္လာတယ္ ... ထိုင္ေနတာ ျဖစ္တာမလို႔ မင္းျမတ္ပါးေလးတစ္ဖက္နဲ႔ ေသြးခန္႔ ပုခံုးက အပ္ရက္သားေလး ... ေသြးခန္႔ကလဲ တြဲထားတဲ့ လက္ေလးေပၚကို လြတ္ေနတဲ့လက္တစ္ဖက္က အုပ္ကိုင္လို႔ မွီထားတဲ့ ခ်စ္ရသူေခါင္းေလးေပၚကို ေခါင္းအသာျပန္မွီထားလိုက္တယ္ ...

'တိတ္ဆိတ္ေနတာပဲေနာ္ ခန္႔ ေအးေအးခ်မ္းခ်မ္းေလး မင္းနဲ႔ ကိုကို နွစ္ေယာက္ထဲ'

'ကိုကိုရာ ကိုယ့္ကို ရူးေအာင္လုပ္ဖို႔ ေတြးထားတာလား'

'ဘာလို႔တုန္း ခန္႔ရ'

ေသြးခန္႔ရဲ႕ မခ်ိတင္ကဲ ေရ႐ြတ္သံအဆံုး ေႏြဦးငယ္က မွီထားတဲ့ ေခါင္းေလးျပန္ခြာလို႔ ေသြးခန္႔ရဲ႕ ပုခံုးေပၚေမးေလးေထာက္ကာေမးလာတယ္ ... ခ်စ္လြန္းလို႔ ေသပါေတာ့မယ္ဗ်ာ ... မေနနိုင္ေတာ့ျခင္းရဲ႕ အဆံုး ေရွ႕က ခ်စ္ရသူရဲ႕ နဖူးျပင္ေျပေျပေလးကို ေသြးခန္႔ နွစ္ခ်က္ဆက္တိုက္ နမ္းေမႊးမိတယ္ ... ခ်စ္ရသူက ရူးပါဆိုရင္ေတာင္ သြက္သြက္ခါပစ္လိုက္ဖို႔ အသင့္ ...

'ကိုယ့္ကို ဒီလို အျပဳအမူနဲ႔ပဲ သတ္ေန ကိုကို သိလား ဒီေကာင္ရူးသြားရင္ ကိုကို အရူးကို လင္ေတာ္ေနရမယ္'

'ေပါက္ကရေတြ ခန္႔ရာ'

လက္တစ္ဖက္က ေသြးခန္႔လက္ေမာင္းကို လာရိုက္ရင္း ရွက္သြားပံုရတဲ့ ေႏြဦးအလင္းအိမ္ေလးကို ေသြးခန္႔မွာ ျမတ္နိုးလို႔မဆံုး ... ခ်စ္လိုက္ရတာ ေႏြဦးငယ္ေရ ... နွစ္ေယာက္သား ဘာအတြက္ ဒီကို ေရာက္လာလဲ သတိမရေတာ့ ... ေလတျဖဴးျဖဴးနဲ႔ ကြၽန္းပင္တန္းေလးေအာက္က ဝါးထိုင္ခံုေလးမွာ ထိုင္လို႔ရယ္ ... ထိုင္ေနရင္း အူယားလာရင္ ခန္႔က ခ်စ္ရသူရဲ႕ ဆံႏြယ္ေမႊးေမႊးေလးေတြကို ငံုၿပီး နမ္းေမႊးမယ္ ... ဘာလိုေသးလဲေလ ...

မင္းတို႔သိရဲ႕လား ... ကြၽန္းပင္တန္းေလးေအာက္က ဝါးထိုင္ခံုေလးမွာ တူတူထိုင္ေနၾကတဲ့ ခ်စ္ရသူနွစ္ဦးရဲ႕ ပံုရိပ္က ဘယ္ေလာက္ျမတ္နိုးစရာေကာင္းလဲလို႔ ... ခ်စ္ေနဖို႔ပဲ လိုတာ ... အကုန္လံုးက အရမ္းလွတယ္ ...

__________

မင္းနဲ႔ပဲ သက္ဆံုးတိုင္ ...

To be continue ...

25th April,2020(Sat)
WhiteAster089




[Unicode]

သွေးခန့်နဲ့ မင်းမြတ်ရဲ့ ကြားက relationship ကတော့ သာသာယာယာပါပဲ ... ချစ်သူစဖြစ်ကြတဲ့ အချိန်ကနေ ခုထိ Monthsary သုံးခုအထိ ဖြတ်ကျော်လာခဲ့ကြပြီးပြီ ... ယောက်ျားလေးနှစ်ယောက်ကြားက အချစ်က ဘယ်အထိခိုင်မာလဲဆိုတဲ့ စကားကို သွေးခန့်က မေ့ထားသလိုပါပဲ ... သူ့အပိုင်နွေဦးငယ်ကို တစ်ရက်ထက် တစ်ရက်ပိုချစ်တယ် ... ပိုတိုးလို့ မြတ်နိုးတယ် ... မင်းမြတ်လဲ ဒီလိုပဲ ... တစ်ခါတစ်လေ ချစ်သူသဘာဝ ကတောက်ကဆဖြစ်တယ် ... သွေးခန့်ကပဲ အလျော့ပေးပြီး ပြန်အဆင်ပြေကြတယ် ... နွေဦးငယ်က မိဘတွေကို ဖွင့်ပြောမယ်ဆိုတဲ့ အစီအစဉ်ကို ခန့်အလိုကျ နောက်ဆုတ်ထားတယ် ... ချစ်ရသူကပြောတယ် ဘာမှန်းမသိတဲ့ အခြေအနေအတွက် အခုရသလောက် ပိုပျော်ပါရစေတဲ့ ... မိဘတွေ လက်ခံအောင် ကြိုးစားမယ်ဆိုတာမှန်ပေမယ့် လက်တွေမှာ ခန့်က နှစ်ယောက်ကြားဝေးကွာခြင်းကို မခံစားနိုင်သေးပုံပါပဲ ... နွေဦးငယ်က ကိုယ့်အပိုင် ကိုယ်ကလဲ နွေဦးငယ် အပိုင်လို့သာ ပြောတတ်တယ် ... တစ်ချိန်ကျရင် နှစ်ယောက်အတူတူလက်တွဲပြီး နှစ်ပတ်လည်တွေ ရတုအဆက်ဆက်ကိုပါ ကျော်ဖြတ်မယ် ...

Stay home ကာလပြီးသွားခဲ့ပြီ ... အကုန်အဆင်ပြေပြေနဲ့ လည်ပတ်နိုင်တဲ့အချိန်မှာ ဗိုင်းရပ်စ်ကြောင့် စာမေးပွဲ အဖြေလွှာတွေစစ်ဖို့နောက်ကျတယ် ... တက္ကသိုလ်တွေ မှာ အောင်စာရင်း ထုတ်ဖို့ပါ ကျန့်ကြာနေတာကြောင့် July လသာ ရောက်နေပေမယ့် ကျောင်းပြန်မဖွင့်သေး ... ခန့်နဲ့ နွေဦးငယ်တို့ နေ့တိုင်းမဟုတ်ရက်တောင် နှစ်ရက်ခြားတစ်ခါ သုံးရက်ခြားတစ်ခါ အတူတွေ့ကြတယ် ... ချယ်ရီလမ်းထောင့်က တို့ဟူးသုပ်လဲ သွားစားတယ် ... မနက်အစောပိုင်းနဲ့ ကြုံရင်တော့ မေမြို့ကော်ဖီလေးက မပါမဖြစ် ... ခန့်က သူ့အပိုင်ဆိုတဲ့ နွေဦးနုနုငယ်ရဲ့ နဖူးပြင်ပြေပြေကို နမ်းမွှေးမယ် ... မြတ်နိုးမှု အစုစုတို့ ဖြစ်တည်ရာ နှာခေါင်းလုံးလုံးလေး ပြီးတော့ နှုတ်ခမ်းလွှာချိုချိုမှာ နမ်းမွှေးမှုက အဆုံးသတ်မယ် ... နေ့ရက်တိုင်း ပျော်ရွှင်ရတယ် ... တစ်ယောက်နဲ့ တစ်ယောက် နားလည်မယ် ... ပိုတိုးလို့ ချစ်မယ် ... မြတ်နိုးမယ် ... ဒါတွေအားလုံးက တစ်ယောက်ချင်းစီအတွက် ချစ်ရသူနဲ့သာ စတင်တယ် ...

>>>>>>>>

'ကိုကို မနက်ဖြန် ကိုယ်တို့ တွေ့ကြမယ်မလား ကိုကို ဘယ်သွားချင်လဲ ဒါမှမဟုတ် ဖိုးဝသွားပြီး တစ်ခုခုထိုင်စားချင်လား'

'နေပါဦး ခန့်ရာ ကိုကို ပြောမလို့ ... သူသူက ပြောတယ် မနက်ဖြန်ကျရင် ကိုကိုတို့ တက်ခဲ့တဲ့ state ကျောင်းမှာ အာစရိယပူဇော်ပွဲနဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ်တဲ့ အဲ့တာ ဆယ်တန်းပြီးကတည်းက ကျောင်းကိုလဲ မရောက်ဖြစ်တော့ သွားမလို့'

ညစဉ်ညတိုင်းမတွေ့ရတဲ့ နေ့ရော တွေ့ရတဲ့ နေ့တွေမှာပါ ဖုန်းပြောခြင်းနဲ့ video call ပြောခြင်းက နှစ်ယာက်ကြားမှာ ပုံမှန်လို ... အမြဲတမ်းလိုလို အချိန်တိုင်းအတွက် ဝေးကွာခြင်းဆိုတာ ဗလာနတ္ထိ ... အခုလဲ မနက်ဖြန် တွေ့ကြမယ် ပြောနေရင်းမှ ကျောင်းကို သွားမှာဖြစ်တဲ့ အကြောင်း ခန့်ကို ပြောပြရသည်။

'အဲ့တာဆို ကိုယ်က ကိုကိုနဲ့ မတွေ့ရဘူးလား'

'ကိုကိုပြောတာ ပြီးအောင်နားထောင်ပါဦး ခန့်ရာ မနက်ဖြန်ကျောင်းသွားမှာ ခန့်လိုက်ခဲ့ချင်လား လိုက်လို့ရတယ်လို့ ပြောမလို့လေ အဲ့တော့ ကိုကိုတို့ တွေ့လို့လဲရတယ်လေ'

'လိုက်မှာပေါ့ ကိုကိုရ မေးနေစရာလိုလို့လား ကိုယ့်နွေဦးငယ်ကို မတွေ့ရအောင် ကိုယ်က အရူးမှမဟုတ်တာ'

'ရူးနေတာပါကွာ တကယ်အရူးကြီးလေ ခန့်က'

'အဲ့ အရူးကိုပဲ ကိုကိုချစ်တယ်မလား ကိုယ်က အရူးဆိုရင်တောင် ကိုကို့ ကို ချစ်လို့နော်'

တကယ်ကို အတတ်လေးလို့သာ မင်းမြတ်တွေးပြီး ခေါင်းရမ်းမိသည်။ ကတောက်ကဆဖြစ်ကြတာထက် တီတီတာတာမျိုးသွေးခန့်က များများပြောပြီး မင်းမြတ်ပျော်အောင် အမြဲလုပ်ပေးတတ်သည်။

'ဟုတ်ပါပြီ အရူးလေးရာ အဲ့တာဆို မနက်ဖြန်လိုက်မှာနော် ကိုကို့ ကို လာခေါ်မလား တူတူသွားမယ်လေ'

'အင်း လာခေါ်တာက ဟုတ်တယ်လေ ကိုကိုရဲ့ ကိုယ်ဘယ်အချိန်လာရမလဲ ပြောဦးလေ'

'သူသူ့ကိုတော့ ကိုစိုင်းကဝင်ခေါ်ပြီး လာကြမယ်ပြောတယ် ၉ နာရီခွဲလောက်သွားကြမလား စမှာက ၁၀ နာရီဆိုတော့ ကျောင်းထဲလဲ ပတ်ကြည့်လို့ရအောင် ပြီးတော့လေ ဖေယံနဲ့ ဇေယျာကိုလဲ ခန့် မေးကြည့်ပါလား လိုက်မလားလို့'

'ကိုကို အဆင်ပြေသလိုသာလုပ် ကိုယ်က အဆင်ပြေပြီးသား အဲ့ ကိုစိုင်းနဲ့ သူသူတို့ကိုရော ဖုန်းဆက်လိုက်ဦးနော် ကိုယ်လဲ ဟို နှစ်ကောင်ကို ဖုန်းဆက်လိုက်မယ် ပြီးရင် မနက်ကျတော့ ကိုယ် ၉ နာရီလောက်လာခေါ်မယ်နော် အဆင်ပြေတယ်မလား'

ခန့်ပြောတာကို မင်းမြတ်လဲ လက်ခံလိုက်သည်။ ၉ နာရီလောက်လာခေါ်မယ်ဆိုတော့လဲ စောရောက်သွားတော့ ကျောင်းထဲ ကြာကြာပတ်လို့ရတာပေါ့ လိုသာတွေးထားသည်။

'Everything is Ok ခန့် စောစောအိပ်တော့နော် မနက်ကျရင်လဲပြင်ရဆင်ရဦးမှာ ဂိမ်းမဆော့နဲ့တော့'

'ဟွန်းး ကိုကိုကလဲ ဖုန်းချတော့မလို့လား အကြာကြီးတောင်မပြောရသေးတာ'

'ဘယ်လိုလေးလဲ ခန့်ရာ ချစ်လိုက်တာကို ချွဲမနေနဲ့တော့ ကိုကိုလဲ အိပ်တော့မှာ မနက်ကျရင်လဲ သွားစရာရှိတာကို မျက်ကွင်းတွေ ညိုပြီး ရုပ်ဆိုးကြီး ဖြစ်ချင်လို့လား'

'ကိုကိုနော် ကိုယ်က ရုပ်ဆိုးကြီးဖြစ်နေလဲ ဂရုမစိုက်ဘူး ကိုကိုချစ်ဖို့ပဲလိုတာ ကိုယ်ရုပ်ဆိုးသွားလဲ ကိုကို ချစ်မယ်ဆိုတာသိပြီးသား'

တကယ်ကို အပြီအပြင်ချွဲနေတဲ့ ခန့်ကို မင်းမြတ်တော့ တက်ာမနိုင်တော့ပါ ... ချစ်လိုက်ရတာ မြတ်နိုးလိုက်ရတာ ... မြတ်နိုးမှုအစုစုတို့က ဒီလူသားဆီမှာ ...

'ကဲကဲ အချွဲကိုခန့်ရေ မချွဲနဲ့တော့ ဒါပဲနော် ကိုကို ဖုန်းချတော့မှာ အိပ်တော့'

'အွန်း အိပ်မှာ ပြောစရာရှိတာ မြန်မြန်ပြောလေ ကိုကိုပြောမှ အိပ်မှာပေါ့ အတိတ်မေ့သလိုလိုနဲ့ မလုပ်နဲ့'

ခန့်ပြောတာကို မင်းမြတ်သိပါသည်။ အိပ်ခါနီးမလို့ ချစ်တယ် ဆိုတဲ့စကားပြောခိုင်းနေတာ ... နွေးထွေးမှုလေးက မင်းမြတ်အပေါ်လဲ လိုလေသေးမရှိအောင်ချစ်ပေးသလို သူ့အပေါ်ကို မင်းမြတ်ကလည်း ချစ်ကြောင်းသက်သေ အစုစုကို ထုတ်ပြရသေးသည်။

'ချစ်တာပေါ့ ခန့်ရာ မင်းကို ကိုကိုက အရမ်းချစ်တာ အိပ်တော့ ဒါပဲ Good night'

'ပိုမြတ်နိုးပါတယ် ကိုကိုရာ Good night မောင့်နွေဦးငယ်'

ဆက်သွယ်မှုလေး ပြတ်တောက်သွားတော့မှ မင်းမြတ်လဲ ဖုန်းလေးကို ကြည့်ကာ ပြုံးမိသည်။ ဒီလူသားအပေါ် မေတ္တာသက်ဝင်ရခြင်းက နောက်တဆိုတာ မသိနိုင်တဲ့အထိကို ချစ်ပေးနိုင်တဲ့ လူသား ...

>>>>>>>>

မနက်ရောက်တော့ သွေးခန့်က မင်းမြတ်အိမ်ကို လာခေါ်သည်။ ဆရာကန်တော့ပွဲသွားမယ်ဆိုတာသိပြီးသားမလို့ မင်းမြတ်ကို အိမ်ကတော့ ဘာမှမပြော ... ဆရာကန်တော့ပွဲဖြစ်တာကြောင့်မလို့ ထင်သည် ... သွေးခန့်ရော မင်းမြတ်ရော ပုဆိုးလေးတွေနှင့် ... သွေးခန့်က ပုဆိုးအစိမ်းရင့်ရောင်အကွက်ကျဲလေးကို ရွှေခြည်ငွေခြည်လေးတွေ ခပ်ကျဲကျဲကြားမှာယက်ထားတဲ့ ပုဆိုးကို ဝတ်ထားသည်။ မင်းမြတ်ကတော့ ပုဆိုးအစိမ်းနုအကွက်ကျဲလေးရိုးရိုးသာဝတ်ထားသည်။ ပုဆိုးကို တိုင်ပင်ပြီး ဝတ်ရင်တောင် ဒီလောက်ဆင်တူနေမယ် မထင် ... အနုနဲ့ အရင့်သာကွာပြီး အကွက်ကျဲတာချင်လဲတူသည်။ အင်္ကျီကတော့ နှစ်ယောက်လုံး လည်ကတုံးရှုပ်အဖြူလေးတွေနှင့် ... မတူတာကတော့ မင်းမြတ်က လက်ရှည်အတိုင်းဝတ်ထားပြီး သွေးခန့်ကတော့ လက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်ထားသည်။ အိမ်ကနေ ထွက်လာကြပြီး ကျောင်းပေါက်ဝရောက်တော့ သူသူနဲ့ ဖေယံက ကျောင်းပေါက်ဝမှာ ရပ်စောင့်နေသည်။ ကိုစိုင်းကိုတော့ မတွေ့ ... ဇေယျာကတော့ မနေ့က ဖုန်းဆက်ကတည်းက မေမြို့မှာကို ရှိမနေတာကြောင့် ရှာစရာတော့မလို ...

'ကိုစိုင်းကဟာ မနက်ကျမှ သူ့အဖေက မန္တလေးကို လွှတ်လို့တဲ့ ရေးကြီးသုတ်ပြာနဲ့ သွားခဲ့လို့ ငါ ဖေယံ့ကို လာ ခေါ်ခိုင်းလိုက်တာ'

အနားရောက်တာနဲ့ သူသူက ဖေယံ့လက်ကို ချိတ်ထားရင်း ပေါက်ပေါက်ဖောက်တော့သည်။ သူသူ့ကို သွားခေါ်လာဖို့ ဖေယံရှိနေတာကိုပဲ ကျေးဇူးတင်ရတော့သည်။ မဟုတ်ရင် သတ်သတ်ပြန်ခေါ်နေရရင် ကျောင်းထဲ မပတ်ရတော့ပဲ နောက်ကျနေတော့မှာ သေချာသည်။

'အေးပါ သူသူရယ် လာလာ ကျောင်းထဲဝင်မယ် အများကြီး ပတ်မကြည့်ရပဲ နေမယ်'

'အေးပါ နေဦးဟဲ့ မင်းမြတ် ... ငါ့တို့ သတ်သတ်စီသွားမယ် နင်တို့လဲ အေးဆေးပတ်ကြည့်ကြ ငါတို့လဲ အေးဆေးသွားမယ်'

'အေးအေး သဘောသဘော ပြန်ဆုံမယ် ဆိုရင်တော့ ဖုန်းဆက်လိုက် hall ရှေ့က basket ball ကွင်းမှာ စောင့်နေမယ်'

မင်းမြတ်ပြောလိုက်တော့ သူသူက ဖေယံ့လက်ကိုဆွဲကာ ရှေ့ကနေ ကော့ခနဲ ထွက်သွားသည်မှာ အမြီးတောင် ရှာမရတော့ ... မင်းမြတ်လဲ သွေးခန့်ကို ကျောင်းထဲ ပတ်ပြချင်သည်။ သွေးခန့်က ထ-၃ ကျောင်းသားဆိုတော့ ထ-၁ ထဲကိုတော့ သေချာ ရောက်ဖူးသေးမှာမဟုတ် ...

🎼တောင်ပေါ်မြေ ပန်းအလှမြေ ထင်ရှူးရနံများသင်းတဲ့မြေ ... ပဝါပါးနှင်းငွေ့ဝေ အလှဆုံးတွေ ဖူးပွင့်စေတဲ့မြေ ... လူတော်တွေ လူကောင်းတွေ စာရိတ္တကောင်းမွေးထုတ်နေ ... ဂုဏ်သတင်းမွှေးပျံ့နေ ... ပြင်ဦးလွင်က အ.ထ. က(၁)တို့ကျောင်းလေ ...🎼

ကျောင်းထဲဝင်လိုက်တာနဲ့ တပြိုင်ထဲ ကျောင်းထဲမှာ မေမြို့ထ-၁ ရဲ့ ကိုယ်စားပြု သီချင်းက လွင့်ပျံနေသည်။ မင်းမြတ်လဲ သီချင်းသံကြားနေရတဲ့ နေရာလေးမှာ ခဏရပ်ပြီး စိတ်ထဲကနေ ထာဝရ(၁) သီချင်းကို လိုက်ညည်းနေမိသည်။ ဒီသီချင်းကို မဆိုရတာ State ကျောင်းပြီးကတည်းက ... ကျောင်းတက်တုန်းကဆို Assembly မရှိရင်တောင် အတန်းထဲမှာ လက်ခုပ်မြိုင်မြိုင်ဆိုင်ဆိုင်တီးပြီး ဆိုခဲ့ရတာ ... သေချာပြန်တွေးကြည့်မိတော့ ကျောင်းသားဘဝကို လွမ်းလာတာကြောင့် မင်းမြတ် မျက်ရည်တွေပါ ဝဲလာရသည်။

သွေးခန့်က ဘေးမှာရပ် သီချင်းနားထောင်နေရင်း မျက်တောင်တို့ ပုတ်ခပ်ပုတ်ခပ်လုပ်တဲ့ ချစ်ရသူကို ငြိမ်ပြီး ရပ်ကြည့်နေသည်။ ကျောင်းကို သတိရပြီး ကျောင်းရဲ့ အငွေ့အသက်ခပ်ဆွေးဆွေးတို့က လွမ်းဆွေးစေလို့နဲ့ တူပါသည်။

'သီချင်းလေးက နားထောင်လို့ကောင်းတယ်နော် ကိုကို'

'အင်း ကျောင်းပြန်တက်ပြီး ဒီသီချင်းကို သူငယ်ချင်းတွေနဲ့ လက်ခုပ်တူတူတီးပြီး ဆိုချင်သေးတယ်'

မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးလေးတွေနဲ့ သွေးခန့်ကို မော့ကြည့်ပြီး ပြောလာတာကြောင့် သွေးခန့်ရ မြတ်နိုးရာလေးရဲ့ ပုခုံးကို အသာကိုင်ပြီး နှစ်သိမ့်ပေးရသည်။

'လာ ခန့် ကျောင်းထဲကို လိုက်ပြမယ်'

'အင်း သွားမယ်လေ'

🎼(လူရည်ချွန် လူရေမွန် များထွက်ပေါ်ရာ ... ပြည်မြန်မာ အနာဂတ် ကောင်ကင်ယံမှာ ... ကြယ်စင် ကြယ်တံခွန် များစုဆုံရာ ... အ.ထ.က(၁) တို့ကျောင်းမဟာ)×2 ... ပညာအရောင်မီးရှူးတန်ဆောင် ဘဝလမ်းပြသောအလင်းရောင် ... အမှန်တရား အတွက် ပျိုးထောင် ... အောင်မြင်ခြင်းတွေ ပေးစွမ်းဖန်တီးနေ ... ချယ်ရီမြေရောင်စုံပန်းတွေ အချိန်တိုင်းအစဉ်မြဲ လန်းဆန်နေ ... ထာဝရ(၁)ပဲဟေ့ ပြင်ဦးလွင်က အ.ထ.က(၁) တို့ကျောင်းလေ ... (လူရည်ချွန် လူရည်မွန် များထွက်ပေါ်ရာ ... ပြည်မြန်မာ အနာဂတ် ကောင်ကင်ယံမှာ ... ကြယ်စင်ကြယ်တံခွန် များစုဆုံရာ အ.ထ.က(၁) တို့ကျောင်းမဟာ)×2 ... (ချယ်ရီမြေရောင်စုံပန်းတွေ ... အချိန်တိုင်းအစဉ်မြဲ လန်းဆန်နေ ထာဝရ(၁)ပဲဟေ့ ပြင်ဦးလွင်က အ.ထ.က(၁) တို့ကျောင်းလေ)×2🎼

သီချင်းသံလေးကလဲ ဆက်ပြီး ပျံ့လွင့်နေတုန်း ... Main hall ရှေ့က လမ်းမကြီးအတိုင်း နှစ်ယောက်အတူတူလျှောက်လာကြပြီး အလယ်တန်းဆောင်ဘက်ကို ရောက်လာကြသည်။ အာစရိယ ပူဇော်ပွဲကို လာကြတဲ့သူ တော်တော်များများက မင်းမြတ်တို့ အရွယ်နည်းပြီး အသက်ကြီးကြီး ကျောင်းသားဟောင်းတွေလောက်ပဲ များတာမလို့ မင်းမြတ်နဲ့ သွေးခန့်တို့ ရောက်လာတဲ့ အလယ်တန်းဆောင်ဘက်မှာ လူရှိမနေပဲ ရှင်းရှင်းလင်းလင်းနှင့် တိတ်ဆိတ်နေသည်။

'ဒီအလယ်တန်းဆောင်ကို ကိုကို သဘောအကျဆုံးပဲ ... အဆောင်တွေတိုင်းကို အမိုးပါတဲ့ အုတ်အမြင့်လမ်းလေးနဲ့ ဆက်ထားတာ ဘယ်အဆောင်သွားချင်ချင် ဒီအုတ်လေးလေးအတိုင်းသွားရုံပဲ ... နေလဲမပူတော့ဘူး ... အဲ့ မိုးတွင်းဆိုရင်တော့ မိုးပက်ရင် ချောတယ် အင်္ဂလိပ်တွေခေတ်ကတည်းက ခင်းထားတဲ့ ကြွေပြားအနီတွေ ဆိုတော့'

မင်းမြတ်က ပြောရင်းဆိုရင်းနဲ့ ဘေးကနေ ကလေးလို မျက်လုံးလး အဝိုင်းသားနဲ့ ကျောင်းဆောင်တွေကို လိုက်ကြည့်နေတဲ့ ခန့်ကို ပြုံးပြီးကြည့်နေမိသည်။ ပြီးတော့ မင်းမြတ် လက်ကလေးတွေကို ဆန့်ထုတ်ပြီး ချစ်ရသူ ခန့်ရဲ့ လက်ချောင်းလေးတွေနဲ့ လက်ချင်းယှက်သွယ်ပြီး ဆုပ်ကိုင်ထားလိုက်တယ် ... နွေးထွေးမှုလေးကတော့ မင်းမြတ်ရဲ့ အပြုအမူကြောင့် တအံ့တသြလေး လှည့်ကြည့်လာတယ် ... နောက်မှ ကြည်ကြည်နူးနူးပြုံးပြလာပြီး မင်းမြတ်လက်ကို ပိုလို့ တင်းကြပ်အောင် ဆုပ်ကိုင်လာတယ် ... အလယ်တန်းဆောင်လေးရဲ့ ရှေ့က ချစ်သူနှစ်ဦး တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ထားတဲ့ မြင်ကွင်းလေးက အရမ်းလှတယ် ...

'ခန့် လာခဲ့ ဒီလမ်းလေးအတိုင်းဆက်သွားပြီး တစ်ဖက်ကို ထွက်လိုက်ရင် ကျွန်းပင်တန်းလေးရှိတယ် အဲ့မှာ ထိုင်ချင်လား'

'သွားမယ်လေ ကိုကိုရဲ့ ကိုကို သွားချင်တဲ့နေရာသွား ကိုယ်က လိုက်ခဲ့မယ်'

သွေးခန့်ရဲ့ စကားအဆုံးမှာ မင်းမြတ်က လက်ကလေးနှစ်ဖက် ယှက်ကာတွဲရက်လေးအတိုင်း အုတ်မြင့်လှေကားလေး တစ်လျှောက်ရှေ့ကနေ ဦးဆောင်လို့သွားတယ် ... သွေးခန့်ကတော့ ရှေ့က မြတ်နိုးမှုအလင်းလေးရဲ့ တက်တက်ကြွကြွဦးဆောင်ပြီး သွားနေပုံလေးကို ကြည့်ပြီး သဘောတကျပြုံးပြီးတော့သာ နောက်ကနေ လိုက်ခဲ့တော့တယ် ... ချစ်ရသူ ပြောတဲ့ ကျွန်းပင်တန်းလေးဘက်ရောက်တော့ မင်းမြတ် အံ့သြရသည်။ ကျွန်းပင်အမြင့် အုပ်အုပ်ဆိုင်းဆိုင်းကြားထဲမှာ ဝါးခုံလေးတွေ စီပြီး ရိုက်ထားတာ ...

'အလယ်တန်းတုန်းကဆို ထမင်းချိုင့်ယူပြီး သူငယ်ချင်းတွေနဲ့ ဒီမှာလာစားတယ် တစ်ဖက်ဘောလုံးကွင်ထဲက ဘောလုံးကန်တာကို ထိုင်ကြည့်ရင်း စားကြတာ ပြန်တွေးရင် အကုန်လွမ်းစရာတွေကြည့်ပဲ'

'အင်းပေါ့ ကျောင်းသားဘဝမှာ လွမ်းစရာတွေ အများကြီးကိုကိုရဲ့'

'ဒီမှာ ခဏလောက်ထိုင်မလား ခန့်'

'ဟုတ် ကိုကို'

နှစ်ယောက်တူတူ လက်တွဲရက်သားလေး ကျွန်းပင်တန်းလေးအောက်က ဝါးခုံတစ်ခုံမှာ ဝင်လိုက်လိုက်ကြတယ် ... ယှဉ်တွဲထိုင်ပြီးမှ မင်းမြတ်က သွေးခန့်ရဲ့ ပုခုံးလေးပေါ် ခေါင်းလေးမှီတင်လာတယ် ... ထိုင်နေတာ ဖြစ်တာမလို့ မင်းမြတ်ပါးလေးတစ်ဖက်နဲ့ သွေးခန့် ပုခုံးက အပ်ရက်သားလေး ... သွေးခန့်ကလဲ တွဲထားတဲ့ လက်လေးပေါ်ကို လွတ်နေတဲ့လက်တစ်ဖက်က အုပ်ကိုင်လို့ မှီထားတဲ့ ချစ်ရသူခေါင်းလေးပေါ်ကို ခေါင်းအသာပြန်မှီထားလိုက်တယ် ...

'တိတ်ဆိတ်နေတာပဲနော် ခန့် အေးအေးချမ်းချမ်းလေး မင်းနဲ့ ကိုကို နှစ်ယောက်ထဲ'

'ကိုကိုရာ ကိုယ့်ကို ရူးအောင်လုပ်ဖို့ တွေးထားတာလား'

'ဘာလို့တုန်း ခန့်ရ'

သွေးခန့်ရဲ့ မချိတင်ကဲ ရေရွတ်သံအဆုံး နွေဦးငယ်က မှီထားတဲ့ ခေါင်းလေးပြန်ခွာလို့ သွေးခန့်ရဲ့ ပုခုံးပေါ်မေးလေးထောက်ကာမေးလာတယ် ... ချစ်လွန်းလို့ သေပါတော့မယ်ဗျာ ... မနေနိုင်တော့ခြင်းရဲ့ အဆုံး ရှေ့က ချစ်ရသူရဲ့ နဖူးပြင်ပြေပြေလေးကို သွေးခန့် နှစ်ချက်ဆက်တိုက် နမ်းမွှေးမိတယ် ... ချစ်ရသူက ရူးပါဆိုရင်တောင် သွက်သွက်ခါပစ်လိုက်ဖို့ အသင့် ...

'ကိုယ့်ကို ဒီလို အပြုအမူနဲ့ပဲ သတ်နေ ကိုကို သိလား ဒီကောင်ရူးသွားရင် ကိုကို အရူးကို လင်တော်နေရမယ်'

'ပေါက်ကရတွေ ခန့်ရာ'

လက်တစ်ဖက်က သွေးခန့်လက်မောင်းကို လာရိုက်ရင်း ရှက်သွားပုံရတဲ့ နွေဦးအလင်းအိမ်လေးကို သွေးခန့်မှာ မြတ်နိုးလို့မဆုံး ... ချစ်လိုက်ရတာ နွေဦးငယ်ရေ ... နှစ်ယောက်သား ဘာအတွက် ဒီကို ရောက်လာလဲ သတိမရတော့ ... လေတဖြူးဖြူးနဲ့ ကျွန်းပင်တန်းလေးအောက်က ဝါးထိုင်ခုံလေးမှာ ထိုင်လို့ရယ် ... ထိုင်နေရင်း အူယားလာရင် ခန့်က ချစ်ရသူရဲ့ ဆံနွယ်မွှေးမွှေးလေးတွေကို ငုံပြီး နမ်းမွှေးမယ် ... ဘာလိုသေးလဲလေ ...

မင်းတို့သိရဲ့လား ... ကျွန်းပင်တန်းလေးအောက်က ဝါးထိုင်ခုံလေးမှာ တူတူထိုင်နေကြတဲ့ ချစ်ရသူနှစ်ဦးရဲ့ ပုံရိပ်က ဘယ်လောက်မြတ်နိုးစရာကောင်းလဲလို့ ... ချစ်နေဖို့ပဲ လိုတာ ... အကုန်လုံးက အရမ်းလှတယ် ...

__________

မင်းနဲ့ပဲ သက်ဆုံးတိုင် ...

To be continue ...

25th April,2020(Sat)
WhiteAster089

Continue Reading

You'll Also Like

143K 4K 16
guys this serial starts after 6months track on our favourite and lovely couple Swara and Sanskar. I'm trying to show how would Swara suffered in thos...
39K 1.1K 12
"ကိုယ်မင်းကိုချစ်လို့ ဂုဏ် ကျမယ် ဆင်းရဲမယ် အနှိမ်ခံရမယ် ဆိုရင်တောင်ဂရုစိုက်နေမယ်ထင်လား ကိုယ် မင်းကိုချစ်မိတာဟာအမှား ဆိုရင်တောင် ကိုယ်ဆက်မြတ်နိုးမိမှ...
191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
600K 2.3K 63
lesbian oneshots !! includes smut and fluff, chapters near the beginning are AWFUL. enjoy!