#For Zawgyi
ေမးမယ္လို႔ဆံုးျဖတ္ၿပီးတဲ့ေနာက္မွာ ေလးငယ္ဟာ တိုက္ဆိုင္စြာပဲ အလုပ္ကိစၥနဲ႔ခရီးထြက္သြားေလေတာ့သည္ ။ ခ်မ္းကလည္း သိခ်င္လာၿပီဆိုရင္ တကယ္ကိုပဲ မေအာင့္ႏိုင္မအည္းႏိုင္ ။ ထို႔ေၾကာင့္ ေလးငယ္ျပန္လာတဲ့အထိ မေစာင့္ႏိုင္ဘဲ ေမ့ကိုသာ ကပ္တိုးေလးေမးဖို႔ ႀကံစည္ရေတာ့သည္ ။
ေမ့ကို ေမးဖို႔ရာကလည္း ေမ နဲ႔ ဦးသာဟာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ အတူတူရွိေနတတ္ၾကတာမို႔ ခ်မ္းအတြက္ အခြင့္ကမသာ ။ ေမ မီးဖိုခန္းမွာ ခ်က္ျပဳတ္ေနလ်ွင္ ဦးသာက ေဘးကေန ကူေပးေနတတ္သည္ ။ တစ္ခါတစ္ခါလည္း ဧည့္ခန္းမွာထိုင္ကာ ဖတ္ဖူးတဲ့စာအုပ္ေတြအေၾကာင္း တေမ့တေမာ ေဆြးေႏြးေနၾကျပန္ေရာ ။
ဒါတင္မကေသး ။ ၿခံထဲမွာ ေမ ပန္းပင္စိုက္ေနပါကလည္း ဦးသာကပါ ေျမႀကီးတူးေပး ပန္းအိုးသယ္ေပး လုပ္ေနတတ္ျပန္သည္ ။ အေဖာ္ရေနတဲ့အတြက္ေၾကာင့္ပဲလားေတာ့မသိ ။ အရင္ကထက္စာရင္ ေမ့ရဲ႕အရယ္အၿပံဳးေတြက ပိုၿပီးအသက္ဝင္လာ၏ ။
ေမ့ကို ဒီလိုေလး ၿပံဳးရႊင္ေနတာေတြ႔ရေတာ့ ခ်မ္းလည္း စိတ္ခ်မ္းသာရပါသည္ ။ ပံုမွန္ဆို ေလးငယ္ကလည္း အခ်ိန္တန္ အလုပ္သြား ၊ ခ်မ္းကလည္း အိမ္မကပ္နဲ႔မို႔ ေမ့ဘဝႀကီးက အရီးကိုပဲ အေဖာ္လုပ္ကာ ေျခာက္ကပ္ကပ္ႀကီးေနခဲ့ရတာမဟုတ္လား ။ က်န္းမာေရးကလည္း အနည္းငယ္ ခ်ဴခ်ာခ်င္တာမို႔ ေဆးကုသသည့္အလုပ္အားလည္း ေလးငယ္ကပဲ အတင္းနားခိုင္းထားေတာ့ ေမ့ခမ်ာ တစ္ေန႔တစ္ေန႔ အိမ္ထဲမွာပဲ တကုပ္ကုပ္ ။
ဦးသာျပန္လာၿပီးသည့္ေနာက္ပိုင္းမွသာ ေမက ပိုၿပီးရႊင္ရႊင္လန္းလန္းေလး ျဖစ္လာတာဆိုေတာ့ ထိုအခ်င္းအရာအတြက္လည္း ဦးသာကို ေက်းဇူးတင္မိတာ အမွန္ပင္ ။
ေဟာ...အေတြးမွမဆံုးေသး ။ ဦးသာ ကားေမာင္းထြက္သြားတာကို လွမ္းျမင္လိုက္ရေလသည္ ။ အင္း...ဒါ ခ်မ္းအတြက္ အခြင့္ေကာင္းပဲ ။
" ေမ "
" ေျပာ သားေလး "
ပန္းအိုးထိုးေနရင္းမွ ထူးလာေသာေမ့ကိုၾကည့္ကာ ခ်မ္း ဘယ္လိုစကားစ,ရမွန္းမသိ ျဖစ္ေနမိသည္ ။
" ခ်မ္းေလ ဟို...ဟိုဟာ ဦးသာအေၾကာင္းသိခ်င္လို႔ "
" ဟင္ ရုတ္တရက္ႀကီး ဘာစိတ္ကူးေပါက္ၿပီး ထူးေလးအေၾကာင္း သိခ်င္လာရတာလဲ သားရဲ႕ "
" ဟိုေလ ဘာရယ္ေတာ့ မဟုတ္ပါဘူး ၊ ေမတို႔နဲ႔လည္း အရမ္းရင္းႏွီးေနတယ္ ၊ ၿပီးေတာ့ တစ္အိမ္တည္းလည္း အတူတူေနေနရတယ္ ၊ ဒါေတာင္မွ ခ်မ္းက ဦးသာအေၾကာင္း ဘာမွမသိဘူးဆိုေတာ့ေလ... "
" သားက ဘာသိခ်င္တာလဲ "
အင္း...ဘာသိခ်င္တာလဲဆိုေတာ့ ဘယ္လိုေျပာရပါ့ ။ ေရႊပုဇြန္ကားပါကင္မွာ ဆံုတဲ့လူတစ္ေယာက္နဲ႔ ေျပာေနတဲ့အေၾကာင္းအရာေတြကို သိခ်င္လို႔ပါ လို႔ ေျပာလိုက္ရင္ေတာ့ မေကာင္းဘူးထင္သည္ ။ အဲ့လိုဆို တအားႀကီးစပ္စုရာ က်သြားမွာ မဟုတ္လား ။ မျဖစ္ေသး မျဖစ္ေသး ။ ဟန္ကိုယ့္ဖို႔ေလးေတာ့ ထားမွရမည္ ။
" ဦးသာနဲ႔ေမတို႔နဲ႔ ဘယ္လိုရင္းႏွီးခဲ့ၾကတာလဲ ၊ ေနာက္ၿပီး ခ်မ္းငယ္ငယ္ကတည္းက ဦးသာက အိမ္မွာလာေနခဲ့တာလို႔ ေမတို႔ ေျပာဖူးတယ္ေလ ၊ အဲ့ဒါေရာ တကယ္လား "
" ခ်မ္းငယ္ငယ္ကတည္းက ေနတာမဟုတ္ဘူး ၊ ထူးေလးက ဆယ္ႏွစ္သားကတည္းက ေမတို႔နဲ႔အတူတူေနလာတာ "
" ဟင္ သူက ဘာလို႔ ေမတို႔နဲ႔လာေနတာလဲ ၊ သူ႔မွာ မိဘေတြမရွိလို႔လား "
" ရွိပါတယ္ ၊ ထူးေလးမွာ အေဖေရာ အေမေရာ ရွိပါတယ္ "
" ဒါဆို ဘာလို႔ မိဘေတြနဲ႔တူတူမေနရတာလဲ "
" ထူးေလး မိဘေတြက ကြာရွင္းထားၾကတာ ၊ အေမလုပ္သူက ကေနဒါကို ထြက္သြားေတာ့ ထူးေလးက အေဖနဲ႔လည္းမေနျဖစ္ေတာ့ဘဲ ေမတို႔နဲ႔အတူတူေနျဖစ္သြားတယ္ ၊ သား ေလးငယ္နဲ႔ကလည္း အရမ္းခ်စ္ၾကတဲ့သူငယ္ခ်င္းေတြဆိုေတာ့ ေလးငယ္လည္း အေဖာ္ရေအာင္ ေမတို႔နဲ႔ပဲ အတူတူေနခိုင္းလိုက္တာ "
" ဦးသာက ဘာလို႔ သူ႔အေဖနဲ႔မေနတာလဲဟင္ ၊ ဦးသာအေဖက ဆင္းရဲလို႔လား "
ေမဟာ ရုတ္တရက္ႀကီး စိတ္ရႈပ္လာသလို ပံုစံျဖစ္သြားကာ
" ေနပါဦး ခ်မ္းရဲ႕ ၊ သားက ဒီအေၾကာင္းအရာေတြကို ဘာလို႔ အဲ့ေလာက္စိတ္ဝင္စားေနတာလဲ "
" ေအာ္...ဟို ဟိုေလ ၊ တစ္အိမ္တည္းအတူတူေနရတာဆိုေတာ့ ခ်မ္းက သိထားသင့္တယ္ထင္လို႔ပါ "
" ဒီကိစၥေတြက ခ်မ္းမေမြးခင္ ဟိုးအရင္က ကိစၥေတြ ၊ ခ်မ္း မသိလည္း ျဖစ္တယ္ ၊ ၿပီးေတာ့ ထူးေလးနဲ႔တစ္အိမ္တည္းေနရလို႔လည္း ေမ့သား ဘာမွစိုးရိမ္ေၾကာင့္ၾကျဖစ္ေနစရာမလိုဘူး ၊ ေမတို႔ ဒီလိုပဲ အတူတူေနလာတာ ၊ ထူးေလးက ေမတို႔မိသားစုအေပၚမွာေရာ ခ်မ္းအေပၚမွာပါ ဘာမွအက်ိဳးယုတ္ေအာင္ လုပ္မယ့္သူမဟုတ္ဘူး သား ၊ ဒါကို ေမ အာမခံတယ္ ဟုတ္ၿပီလား ၊ ေမ့သားက မလိုအပ္တာေတြကို စိတ္မဝင္စားဘဲ စာကိုပဲ အာရံုစိုက္ပါကြယ္ "
ေျပာၿပီးသည္ႏွင့္ ေမက ထြက္သြားေလေတာ့ ခ်မ္းမွာ ေၾကာင္ေတာင္ေတာင္ႀကီးျဖစ္ကာ က်န္ခဲ့ေတာ့သည္ ။ ေမေျပာတာေတြက ဟုတ္သလိုလိုနဲ႔ ဘယ္လိုႀကီးမွန္းမသိ ခံစားလိုက္ရ၏ ။
ခ်မ္းေမးတာက ရိုးရိုးသားသားပါ ။ ဦးသာနဲ႔တစ္အိမ္တည္းေနရျခင္းအေပၚမွာ မယံုသကၤာျဖစ္တာ ဘာညာလည္း တကယ္ကို မရွိခဲ့ မေတြးခဲ့ပါဘူး ။ ဒီအတိုင္း ကိုယ္မသိခဲ့တဲ့ အေၾကာင္းအရာေတြကို သိခ်င္ရံုသက္သက္ ေမးလိုက္တာေလးကို ေမက ဘယ္လိုေတြ ထင္သြားတာလဲ မေတြးတတ္ေတာ့ေခ် ။
ဦးသာအေပၚ အဲ့လိုေတြ ထင္ပါတယ္လို႔လည္း ခ်မ္းႏႈတ္က မေျပာမိသလို အမူအရာအားျဖင့္လည္း မျပမိဘူးထင္ပါသည္ ။ ဦးသာဟာ မယံုသကၤာျဖစ္ရမယ့္လူမ်ိဳး မဟုတ္မွန္း ခ်မ္းသိတာေပါ့ ။ တစ္အိမ္တည္းေနရင္း စာသင္တာ တစ္လေက်ာ္ေလာက္ပဲရွိေသးတယ္ဆိုေပမယ့္ ဒီလူႀကီး ဘယ္ေလာက္ယံုၾကည္စရာေကာင္းမွန္းကို ဘာရယ္လို႔ ေရေရရာရာ အေၾကာင္းျပစရာမရွိပါဘဲ ခ်မ္းရင္ထဲက အလိုလို ခံစားလို႔ရေနခဲ့သည္ ။
ဒီလူဟာ သူ႔အက်ိဳးစီးပြားအတြက္ ဘယ္သူ႔ေနာက္ေက်ာကိုမွ ဓါးနဲ႔ထိုးမယ့္သူမ်ိဳး မဟုတ္ဘူးဆိုတာကို ဘယ္သူ႔ေရွ႕မွာမဆို ထပ္တလဲလဲ အာမခံႏိုင္ပါသည္ ။ သိကၽြမ္းတဲ့ကာလ တစ္လေက်ာ္ေလးနဲ႔ကို ဘာလို႔ ဒီေလာက္ယံုၾကည္သြားတာလဲဟု ေမးလာလ်ွင္လည္း ထိုေမးခြန္းအတြက္ ခ်မ္းတြင္အေျဖမရွိပါ ။
ဒီအတိုင္း ယံုခ်င္လို႔ကို ယံုၾကည္ေနမိတာျဖစ္ပါသည္ ။
***********
ဒီေန႔ေတာ့ ဦးသာစစ္တဲ့ သခၤ်ာ Monthly test ကို ဂုဏ္ထူးရေအာင္ ေျဖႏိုင္ခဲ့သျဖင့္ ဦးသာက ခ်မ္းအား တစ္ေနကုန္နားေနခြင့္ကို ဆုအျဖစ္ သတ္မွတ္ေပးခဲ့ေလသည္ ။ ဒီတစ္လေက်ာ္အတြင္း တစ္ေနကုန္ စာမလုပ္ဘဲ နားေနခဲ့ရတယ္ဆိုတာမ်ိဳး တစ္ရက္မွမရွိခဲ့တာေၾကာင့္ အခုခ်ိန္မွာ ခ်မ္းစိတ္ေတြက အင္မတန္ကို ေပါ့ပါးလ်က္ရွိ၏ ။
ရွားရွားပါးပါးရတဲ့ ရက္ကေလးကို အက်ိဳးရွိရွိအသံုးခ်ရန္အလို႔ငွါ မေတြ႔ရတာၾကာၿပီျဖစ္တဲ့ အေပါင္းအပါေဘာ္ဒါတစ္သိုက္ကို ဆက္သြယ္ရင္း ေတြ႕ဖို႔ခ်ိန္းရသည္ ။
အခုေတာ့ ကားကို တစ္ေယာက္တည္းလည္း အေတာ္ေလးက်င္လည္စြာေမာင္းႏိုင္ေနၿပီမို႔ လက္ညွိဳးထိပ္မွာ ကားေသာ့ေလးယမ္းကာ ယမ္းကာနဲ႔ ခ်မ္းတစ္ေယာက္ အျပတ္အသတ္ရႊိဳင္းကာ ဧည့္ခန္းေရွ႕မွအျဖတ္
" ဘယ္လဲ ခ်မ္း "
လွည့္ၾကည့္ေတာ့ ဦးသာကို စာအုပ္တစ္အုပ္ကိုင္လ်က္ အေနအထားႏွင့္ ေတြ႔လိုက္ရသည္ ။ ဒီလူႀကီးဟာ စာေတာ့ အေတာ္ဖတ္ႏိုင္တာပဲ ။ ဒါေၾကာင့္လည္း ေက်ာင္းစာနဲ႔ပတ္သက္တာ မဟုတ္ဘဲ ခ်မ္းသိခ်င္လို႔ ေမးလိုက္တဲ့အရာတိုင္းကို အလြယ္တကူ ေျဖႏိုင္ေနတာေနမွာ ။
" ကၽြန္ေတာ့္သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းထားလို႔ "
" ဂရုစိုက္သြားေနာ္ "
ျဖစ္သလို အေပၚယံမွာတာမ်ိဳးမဟုတ္ဘဲ တကယ္ကို အေလးထားမွာၾကားသလို ဦးသာရဲ႕ပံုစံေၾကာင့္ ထင္မွတ္မထားမိစြာ ခ်မ္းစိတ္ထဲမွာ ေႏြးခနဲ ။ ခ်မ္းကိုဆိုလ်ွင္ အၿမဲတမ္း လိုအပ္တာထက္ စကားအပိုမေျပာတတ္ေသာ ဦးသာလိုလူဆီက ရတဲ့ ဒီလို ဂရုစိုက္မႈဟာ တကယ္ကိုရွားရွားပါးပါး မဟုတ္လား ။
ဒီလိုက်ေတာ့လည္း ဦးေရခဲတံုးဟာ ခ်မ္းကို နည္းနည္းေတာ့ သံေယာဇဥ္ရွိရွာတယ္နဲ႔ တူပါရဲ႕ ။
" ဟုတ္ ဦးသာ ၊ ကၽြန္ေတာ္ ဂရုစိုက္ပါ့မယ္ "
ခ်ိန္းထားတဲ့ဆိုင္ကိုေရာက္ေတာ့ ရတုတစ္ေယာက္တည္းကိုသာ ေငါင္စင္းစင္းထိုင္ေနတာေတြ႕ရသည္ ။ ဟိုလဒေတြဟာ ထံုးစံမပ်က္ ေနာက္က်ေနၾကသည္ထင္ပါရဲ႕ ။ ခ်မ္းကိုျမင္ေတာ့ ရတုုခမ်ာ ဝမ္းသာအားရ လက္လွမ္းျပရွာသည္ ။
ရတုဆိုသည္က ခ်မ္းတို႔အဖြဲ႕ရဲ႕ ကိုဝီရိယ ။ ခ်ိန္းလိုက္တိုင္း အၿမဲတမ္း သူပဲ ေစာေရာက္ေနေလ့ရွိသည္ ။ အခုလည္း ရိုးရာမပ်က္ပါေပ ။
" လာ ထိုင္ ခ်မ္း ၊ ဟိုေကာင္ေတြေတာ့ မလာေသးဘူး "
" ထံုးစံအတိုင္း ေနာက္က်ေနမွာေပါ့ကြာ "
" မင္းလည္း ေပၚမလာဇာတ္ကားရိုက္ေနတာေနာ္ သားရီး ၊ ဟိုတစ္ခါ အဖမ္းခံရၿပီးကတည္းက ေပ်ာက္သြားလိုက္တဲ့ အေပ်ာက္ ခုမွပဲ ကိုယ္ထင္ျပေတာ့တယ္ ၊ မင္းမရွိေတာ့ ငါ့မွာ ေငါင္ေတာင္ေတာင္နဲ႔ဟ "
" ငါ ဆယ္တန္းေျဖဖို႔ စာသင္ေနရတယ္လို႔ မင္းကို ဖုန္းဆက္ေျပာထားတယ္ေလ ရတုရာ "
" အဲ့ဒါ ဆန္းတာမွမဟုတ္တာကြာ ၊ မင္း အရင္ႏွစ္ေတြကလည္း ဒီလိုပဲ စာသင္ရတာပဲကို "
" မတူေတာ့ဘူး ေဟ့ေရာင္ေရ ၊ ဒီတစ္ခါ ငါ တကယ္ ေအာင္,ေအာင္ ေျဖဖို႔ သင္ေနတာဟ "
" လခြမ္း တကယ္ႀကီးလား သားရီးရ "
" တကယ္ပါဆိုကြာ ၊ ငါ့ကို ရဲစခန္းမွာ အာမခံလာထုတ္ေပးတဲ့ လူႀကီးကို မင္းေတြ႕လိုက္တယ္မဟုတ္လား ၊ သူက ငါ့ကို စာသင္ေပးေနတာေလ ၊ အသင္အျပ ေတာ္ေတာ္ေကာင္းတာကြ "
" အဲ့ဒီကိစၥ ငါ ေျပာမလို႔ ခ်မ္းရ "
" ဘာတုန္းဟ "
" အမႈျဖစ္တဲ့ေန႔က မင္းနဲ႔ မင္းကိုလာေခၚတဲ့ အဲ့အကိုႀကီး ရဲစခန္းထဲက ထြက္သြားတဲ့အခ်ိန္မွာပဲ ငါ့ကိုလည္း ငါ့အကိုနဲ႔သူ႔မိတ္ေဆြတစ္ေယာက္က လာထုတ္တာကြာ "
မင္းကို လာေခၚတဲ့ အဲ့အကိုႀကီး ဆိုပဲ ။ အကိုႀကီးမဟုတ္ဘူး ။ ငါ့ဦးေလးနဲ႔မွ ရြယ္တူဟ ဟု ေျပာလိုက္ခ်င္ေပမယ့္ ဒီေကာင့္မ်က္ႏွာေပၚက စိတ္ဝင္တစားေျပာေနတဲ့ အမူအရာေတြေၾကာင့္ ခ်မ္းလည္း ၿငိမ္ၿပီး ဆက္နားေထာင္ေနလိုက္ရသည္ ။
" အဲ့ဒါ မင္းတို႔ထြက္သြားတာကို ငါ့အကိုရဲ႕မိတ္ေဆြအကိုႀကီးက ျမင္လိုက္တယ္ကြာ "
" အင္း "
အမေလး...အဝင္အထြက္မွာ ေတြ႕လိုက္တဲ့ကိစၥကိုမ်ား အဆန္းတၾကယ္လာလုပ္ေနတယ္ ။ ဒီေကာင္ရတုကေတာ့ ။
အစတုန္းက ဒင္းမ်က္ႏွာေပၚက အမူအရာေၾကာင့္ ေျပာေနတဲ့အေၾကာင္းအရာေပၚ စိတ္ဝင္စားသလိုျဖစ္ေနတဲ့ ခ်မ္းလည္း အာရံုေလ်ာ့သြားၿပီး မေကာင္းတတ္တဲ့အေနနဲ႔ အင္းလိုက္ကာ စကားေထာက္ေပးရင္း စားပြဲေပၚမွ ဒီေကာင္မွာထားပံုရေသာ အာလူးေခ်ာင္းေၾကာ္ကိုသာ ႏႈိက္စားမိေတာ့သည္ ။
ႂကြပ္ႂကြပ္ေလးနဲ႔ ေကာင္းသားဟ ။
" အဲ့ဒီ ငါ့အကိုရဲ႕မိတ္ေဆြအကိုႀကီးက မင္းကို လာေခၚသြားတဲ့သူကို သိေနတာကြ "
" အင္း ဟမ္ ၊ ဘာ ဘယ္လို... "
" ေအး ငါ့ကိုေမးတာ ၊ သူက ထူးခၽြန္သာမဟုတ္လား တဲ့ "
ဒါက အာလူးေခ်ာင္းေၾကာ္ထက္ေတာ့ စိတ္ဝင္စားစရာ ေကာင္းသြားၿပီ ။
" ငါလည္း စခန္းမွဴးေရွ႕မွာ သူ႔ကိုယ္သူ မိတ္ဆက္လိုက္တာကို ၾကားထားေတာ့ ဟုတ္တယ္လို႔ေျပာလိုက္တာေပါ့ကြာ ၊ အဲ့ဒါနဲ႔ သူက ဆက္ေမးတာ မင္းနဲ႔ထူးခၽြန္သာနဲ႕ ဘာေတာ္လဲ တဲ့ ၊ ငါလည္း မသိဘူးလို႔ေျဖလိုက္တာေပ႔ါ ၊ ငါေတာင္ အဲ့ေန႔ကမွ ျမင္ဖူးတဲ့ဟာကို "
" အင္း အဲ့ဒီေတာ့ "
" သူေျပာတာကေတာ့ အဲ့ဒီ ထူးခၽြန္သာဆိုတာ ဦးခြန္သာရဲ႕ တစ္ဦးတည္းေသာသား တဲ့ "
" ဟမ္ ဘာရယ္ ဘာရယ္ "
" ေအး ဦးခြန္သာရဲ႕သားပါဆိုကြာ "
" ဦးခြန္သာ !!! ဦးခြန္သာဆိုတာ ဘယ္ဦးခြန္သာလဲ "
အံ့ၾသလြန္းသျဖင့္ မ်က္လံုးျပဴး မ်က္ဆန္ျပဴး ေမးလာေသာခ်မ္းအနားကို ရတုက ေခါင္းငံု႔ကာ ကပ္လာရင္း ေလသံတိုးတိုးႏွင့္
" ဘယ္ဦးခြန္သာရမလဲ ဟေကာင္ရဲ႕ ၊ UKT အဖြဲ႕ေခါင္းေဆာင္ ဘိန္းဘုရင္ဦးခြန္သာႀကီးေပါ့ဟ "
" ဘာ !!! "
ခ်မ္းရဲ႕အလန္႔တၾကားေအာ္သံေၾကာင့္ ရတုက ခ်မ္းပါးစပ္ကို အသဲအသန္လွမ္းပိတ္ကာ
" ျဖည္းျဖည္းသက္သာ ေအာ္စမ္းပါဟ ခ်မ္းရ ၊ ေဘးလူေတြၾကားလို႔ ေသာက္ျပႆနာေတြ တက္ကုန္ေတာ့မယ္ "
ခ်မ္းပါးစပ္ကို လာအုပ္ထားတဲ့ ရတုလက္ေတြကို ဆြဲဖယ္ခ်ရင္း
" မင္း မင္းဟာက ေသခ်ာလို႔လား ဟင္ ရတု "
" ဒါေတာ့ ငါလည္း ဘယ္သိမလဲဟ ၊ ဟိုအကိုႀကီးေျပာတဲ့အတိုင္း ျပန္ေျပာျပတာကို "
" သူက ဘယ္လိုလုပ္သိတာတဲ့လဲ "
" သူက ငယ္ငယ္က ေတာင္ႀကီးမွာေနခဲ့တာ ၊ အဲ့ဒီထူးခၽြန္သာနဲ႔ တစ္ေက်ာင္းတည္း တဲ့ ၊ မူလတန္းကေလးဘဝကဆို သူေက်ာင္းလာရင္ ကားအမဲႀကီးနဲ႔ ေဘာ္ဒီဂတ္လို လူေတြနဲ႔လာတာ တဲ့ ၊ ေနာက္ေတာ့ ထူးခၽြန္သာက သူ႔အေဖနဲ႔မေနေတာ့ဘဲ တစ္ျခားမိသားစုတစ္ခုက ေမြးစားလိုက္တယ္ဆိုလားကြာ ၊ ေျပာတာေတြမ်ားေတာ့ ငါလည္း ေသခ်ာမမွတ္မိေတာ့ဘူး "
နားထဲကို ရတုစကားသံေတြက စီကာစဥ္ကာ ဝင္လာေနသည္ ။
" အဲ့ဒါ ငါ့အသိအကိုႀကီးကေတာင္ ေျပာေနေသးတယ္ ၊ ငါတို႔အကုန္လံုး အာမခံ,မရဘဲ မင္းတစ္ေယာက္တည္း အာမခံ ရသြားတာက ထူးခၽြန္သာကို ဦးခြန္သာသားမွန္းသိသြားလို႔ ေပးလိုက္တာေနမွာ တဲ့ "
ဘယ္လိုမွထင္မွတ္မထားမိေသာ အေၾကာင္းအရာေတြမို႔ ၾကားလိုက္ရသည့္ခဏမွာ လူက ထံုတံုတံုႀကီးေတာင္ ျဖစ္သြားမိသည္ ။
" ေဟ့ေကာင္ ခ်မ္း "
" ဟင္...အင္း ဘာလဲ "
" ငါေမးေနတာေလ ၊ မင္းက ဒီအေၾကာင္းေတြကို မသိဘူးလား လို႔ "
ရတုရဲ႕အေမးကို အံႀကိတ္ကာ
" ေအး မသိဘူး ၊ ငါ ဒီလူႀကီးရဲ႕ေနာက္ေၾကာင္းကို သိခ်င္လို႔ ေမ့ကို ေမးေသးတယ္ ၊ မေျဖဘဲ လွည့္ပတ္ေျပာသြားတာ ၊ လတ္စသတ္ေတာ့ ဒါေၾကာင့္ကိုး "
" မင္းကလည္း ကိုယ့္ကို စာသင္ေပးေနတဲ့လူအေၾကာင္းေတာ့ သိထားသင့္ပါတယ္ကြာ "
ရတုရဲ႕စကားေၾကာင့္ နဂိုဆုပ္ထားမိတဲ့ လက္သီးဆုပ္ေတြဟာ ပိုလို႔တင္းၾကပ္သြားရသည္ ။
စာသင္ေပးရံုတင္မဟုတ္ဘဲ တစ္အိမ္တည္းမွာပါ အတူေနေနရသည့္အျဖစ္ကိုေတာ့ ရတုအား မေျပာျပျဖစ္ေတာ့ပါ ။ ဒီေလာက္အနီးကပ္ေနရင္းနဲ႔ေတာင္ ထိုလူႀကီးနဲ႔ပတ္သက္တဲ့ ေနာက္ေၾကာင္းကို သူမ်ားေျပာမွ သိရသည္မွာ ရွက္စရာေကာင္းလွသည္ မဟုတ္ပါလား ။
" ငါ ျပန္ေတာ့မယ္ကြာ "
" ဟာ ခ်က္ခ်င္းႀကီး ဘယ္လိုျဖစ္တာလဲ ခ်မ္းရ ၊ ဟိုေကာင္ေတြလည္း လာေတာ့မွာကို "
" ငါ လုပ္စရာေလးေပၚလာလို႔ ေတာင္းပန္တယ္ ရတုရာ ေနာ္ ၊ ေနာက္မွ ထပ္ခ်ိန္းလိုက္မယ္ ၊ ဟိုေကာင္ေတြကိုလည္း မင္း ၾကည့္ေျပာေပးပါဦး ၊ please... "
" ေအးကြာ သြား သြား "
ထို႔ေနာက္မွာေတာ့ ခ်မ္းရဲ႕ကားေလးဟာ ေလးညွိဳ႕ကလႊတ္လိုက္တဲ့ ျမားပမာ အရွိန္ျပင္းျပင္းနဲ႔ လမ္းမထက္မွာ ေျပးလႊားေနေတာ့သည္ ။
______________________________
** ဒီအပိုင္းေတြမွာ ကိုယ္မကၽြမ္းက်င္တဲ့ အခန္းက႑အနည္းငယ္ကို ဇာတ္လမ္းသေဘာအရ ကိုယ့္စိတ္ကူးစိတ္သန္းအတိုင္း ထည့္သြင္းေရးသားထားတာမို႔ အျပင္ေလာကနဲ႔ ကြဲလြဲတာမ်ိဳးရွိခဲ့လ်ွင္ပဲျဖစ္ျဖစ္ ၊ Reality မဆန္သလို ျဖစ္သြားလ်ွင္ပဲျဖစ္ျဖစ္ ၊ အမွားအယြင္း တစ္စံုတစ္ရာရွိခဲ့လ်ွင္ပဲျဖစ္ျဖစ္ စာဖတ္သူတို႔ဘက္မွ ကိုယ့္ညံ့ဖ်င္းမႈအေပၚ ျဖည့္စြက္နားလည္ေပးပါလို႔ ေမတၱာရပ္ခံပါရေစ ။ **
_______________________________
#For Unicode
မေးမယ်လို့ဆုံးဖြတ်ပြီးတဲ့နောက်မှာ လေးငယ်ဟာ တိုက်ဆိုင်စွာပဲ အလုပ်ကိစ္စနဲ့ခရီးထွက်သွားလေတော့သည် ။ ချမ်းကလည်း သိချင်လာပြီဆိုရင် တကယ်ကိုပဲ မအောင့်နိုင်မအည်းနိုင် ။ ထို့ကြောင့် လေးငယ်ပြန်လာတဲ့အထိ မစောင့်နိုင်ဘဲ မေ့ကိုသာ ကပ်တိုးလေးမေးဖို့ ကြံစည်ရတော့သည် ။
မေ့ကို မေးဖို့ရာကလည်း မေ နဲ့ ဦးသာဟာ အချိန်တော်တော်များများမှာ အတူတူရှိနေတတ်ကြတာမို့ ချမ်းအတွက် အခွင့်ကမသာ ။ မေ မီးဖိုခန်းမှာ ချက်ပြုတ်နေလျှင် ဦးသာက ဘေးကနေ ကူပေးနေတတ်သည် ။ တစ်ခါတစ်ခါလည်း ဧည့်ခန်းမှာထိုင်ကာ ဖတ်ဖူးတဲ့စာအုပ်တွေအကြောင်း တမေ့တမော ဆွေးနွေးနေကြပြန်ရော ။
ဒါတင်မကသေး ။ ခြံထဲမှာ မေ ပန်းပင်စိုက်နေပါကလည်း ဦးသာကပါ မြေကြီးတူးပေး ပန်းအိုးသယ်ပေး လုပ်နေတတ်ပြန်သည် ။ အဖော်ရနေတဲ့အတွက်ကြောင့်ပဲလားတော့မသိ ။ အရင်ကထက်စာရင် မေ့ရဲ့အရယ်အပြုံးတွေက ပိုပြီးအသက်ဝင်လာ၏ ။
မေ့ကို ဒီလိုလေး ပြုံးရွှင်နေတာတွေ့ရတော့ ချမ်းလည်း စိတ်ချမ်းသာရပါသည် ။ ပုံမှန်ဆို လေးငယ်ကလည်း အချိန်တန် အလုပ်သွား ၊ ချမ်းကလည်း အိမ်မကပ်နဲ့မို့ မေ့ဘဝကြီးက အရီးကိုပဲ အဖော်လုပ်ကာ ခြောက်ကပ်ကပ်ကြီးနေခဲ့ရတာမဟုတ်လား ။ ကျန်းမာရေးကလည်း အနည်းငယ် ချူချာချင်တာမို့ ဆေးကုသသည့်အလုပ်အားလည်း လေးငယ်ကပဲ အတင်းနားခိုင်းထားတော့ မေ့ခမျာ တစ်နေ့တစ်နေ့ အိမ်ထဲမှာပဲ တကုပ်ကုပ် ။
ဦးသာပြန်လာပြီးသည့်နောက်ပိုင်းမှသာ မေက ပိုပြီးရွှင်ရွှင်လန်းလန်းလေး ဖြစ်လာတာဆိုတော့ ထိုအချင်းအရာအတွက်လည်း ဦးသာကို ကျေးဇူးတင်မိတာ အမှန်ပင် ။
ဟော...အတွေးမှမဆုံးသေး ။ ဦးသာ ကားမောင်းထွက်သွားတာကို လှမ်းမြင်လိုက်ရလေသည် ။ အင်း...ဒါ ချမ်းအတွက် အခွင့်ကောင်းပဲ ။
" မေ "
" ပြော သားလေး "
ပန်းအိုးထိုးနေရင်းမှ ထူးလာသောမေ့ကိုကြည့်ကာ ချမ်း ဘယ်လိုစကားစ,ရမှန်းမသိ ဖြစ်နေမိသည် ။
" ချမ်းလေ ဟို...ဟိုဟာ ဦးသာအကြောင်းသိချင်လို့ "
" ဟင် ရုတ်တရက်ကြီး ဘာစိတ်ကူးပေါက်ပြီး ထူးလေးအကြောင်း သိချင်လာရတာလဲ သားရဲ့ "
" ဟိုလေ ဘာရယ်တော့ မဟုတ်ပါဘူး ၊ မေတို့နဲ့လည်း အရမ်းရင်းနှီးနေတယ် ၊ ပြီးတော့ တစ်အိမ်တည်းလည်း အတူတူနေနေရတယ် ၊ ဒါတောင်မှ ချမ်းက ဦးသာအကြောင်း ဘာမှမသိဘူးဆိုတော့လေ... "
" သားက ဘာသိချင်တာလဲ "
အင်း...ဘာသိချင်တာလဲဆိုတော့ ဘယ်လိုပြောရပါ့ ။ ရွှေပုဇွန်ကားပါကင်မှာ ဆုံတဲ့လူတစ်ယောက်နဲ့ ပြောနေတဲ့အကြောင်းအရာတွေကို သိချင်လို့ပါ လို့ ပြောလိုက်ရင်တော့ မကောင်းဘူးထင်သည် ။ အဲ့လိုဆို တအားကြီးစပ်စုရာ ကျသွားမှာ မဟုတ်လား ။ မဖြစ်သေး မဖြစ်သေး ။ ဟန်ကိုယ့်ဖို့လေးတော့ ထားမှရမည် ။
" ဦးသာနဲ့မေတို့နဲ့ ဘယ်လိုရင်းနှီးခဲ့ကြတာလဲ ၊ နောက်ပြီး ချမ်းငယ်ငယ်ကတည်းက ဦးသာက အိမ်မှာလာနေခဲ့တာလို့ မေတို့ ပြောဖူးတယ်လေ ၊ အဲ့ဒါရော တကယ်လား "
" ချမ်းငယ်ငယ်ကတည်းက နေတာမဟုတ်ဘူး ၊ ထူးလေးက ဆယ်နှစ်သားကတည်းက မေတို့နဲ့အတူတူနေလာတာ "
" ဟင် သူက ဘာလို့ မေတို့နဲ့လာနေတာလဲ ၊ သူ့မှာ မိဘတွေမရှိလို့လား "
" ရှိပါတယ် ၊ ထူးလေးမှာ အဖေရော အမေရော ရှိပါတယ် "
" ဒါဆို ဘာလို့ မိဘတွေနဲ့တူတူမနေရတာလဲ "
" ထူးလေး မိဘတွေက ကွာရှင်းထားကြတာ ၊ အမေလုပ်သူက ကနေဒါကို ထွက်သွားတော့ ထူးလေးက အဖေနဲ့လည်းမနေဖြစ်တော့ဘဲ မေတို့နဲ့အတူတူနေဖြစ်သွားတယ် ၊ သား လေးငယ်နဲ့ကလည်း အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဆိုတော့ လေးငယ်လည်း အဖော်ရအောင် မေတို့နဲ့ပဲ အတူတူနေခိုင်းလိုက်တာ "
" ဦးသာက ဘာလို့ သူ့အဖေနဲ့မနေတာလဲဟင် ၊ ဦးသာအဖေက ဆင်းရဲလို့လား "
မေဟာ ရုတ်တရက်ကြီး စိတ်ရှုပ်လာသလို ပုံစံဖြစ်သွားကာ
" နေပါဦး ချမ်းရဲ့ ၊ သားက ဒီအကြောင်းအရာတွေကို ဘာလို့ အဲ့လောက်စိတ်ဝင်စားနေတာလဲ "
" အော်...ဟို ဟိုလေ ၊ တစ်အိမ်တည်းအတူတူနေရတာဆိုတော့ ချမ်းက သိထားသင့်တယ်ထင်လို့ပါ "
" ဒီကိစ္စတွေက ချမ်းမမွေးခင် ဟိုးအရင်က ကိစ္စတွေ ၊ ချမ်း မသိလည်း ဖြစ်တယ် ၊ ပြီးတော့ ထူးလေးနဲ့တစ်အိမ်တည်းနေရလို့လည်း မေ့သား ဘာမှစိုးရိမ်ကြောင့်ကြဖြစ်နေစရာမလိုဘူး ၊ မေတို့ ဒီလိုပဲ အတူတူနေလာတာ ၊ ထူးလေးက မေတို့မိသားစုအပေါ်မှာရော ချမ်းအပေါ်မှာပါ ဘာမှအကျိုးယုတ်အောင် လုပ်မယ့်သူမဟုတ်ဘူး သား ၊ ဒါကို မေ အာမခံတယ် ဟုတ်ပြီလား ၊ မေ့သားက မလိုအပ်တာတွေကို စိတ်မဝင်စားဘဲ စာကိုပဲ အာရုံစိုက်ပါကွယ် "
ပြောပြီးသည်နှင့် မေက ထွက်သွားလေတော့ ချမ်းမှာ ကြောင်တောင်တောင်ကြီးဖြစ်ကာ ကျန်ခဲ့တော့သည် ။ မေပြောတာတွေက ဟုတ်သလိုလိုနဲ့ ဘယ်လိုကြီးမှန်းမသိ ခံစားလိုက်ရ၏ ။
ချမ်းမေးတာက ရိုးရိုးသားသားပါ ။ ဦးသာနဲ့တစ်အိမ်တည်းနေရခြင်းအပေါ်မှာ မယုံသင်္ကာဖြစ်တာ ဘာညာလည်း တကယ်ကို မရှိခဲ့ မတွေးခဲ့ပါဘူး ။ ဒီအတိုင်း ကိုယ်မသိခဲ့တဲ့ အကြောင်းအရာတွေကို သိချင်ရုံသက်သက် မေးလိုက်တာလေးကို မေက ဘယ်လိုတွေ ထင်သွားတာလဲ မတွေးတတ်တော့ချေ ။
ဦးသာအပေါ် အဲ့လိုတွေ ထင်ပါတယ်လို့လည်း ချမ်းနှုတ်က မပြောမိသလို အမူအရာအားဖြင့်လည်း မပြမိဘူးထင်ပါသည် ။ ဦးသာဟာ မယုံသင်္ကာဖြစ်ရမယ့်လူမျိုး မဟုတ်မှန်း ချမ်းသိတာပေါ့ ။ တစ်အိမ်တည်းနေရင်း စာသင်တာ တစ်လကျော်လောက်ပဲရှိသေးတယ်ဆိုပေမယ့် ဒီလူကြီး ဘယ်လောက်ယုံကြည်စရာကောင်းမှန်းကို ဘာရယ်လို့ ရေရေရာရာ အကြောင်းပြစရာမရှိပါဘဲ ချမ်းရင်ထဲက အလိုလို ခံစားလို့ရနေခဲ့သည် ။
ဒီလူဟာ သူ့အကျိုးစီးပွားအတွက် ဘယ်သူ့နောက်ကျောကိုမှ ဓါးနဲ့ထိုးမယ့်သူမျိုး မဟုတ်ဘူးဆိုတာကို ဘယ်သူ့ရှေ့မှာမဆို ထပ်တလဲလဲ အာမခံနိုင်ပါသည် ။ သိကျွမ်းတဲ့ကာလ တစ်လကျော်လေးနဲ့ကို ဘာလို့ ဒီလောက်ယုံကြည်သွားတာလဲဟု မေးလာလျှင်လည်း ထိုမေးခွန်းအတွက် ချမ်းတွင်အဖြေမရှိပါ ။
ဒီအတိုင်း ယုံချင်လို့ကို ယုံကြည်နေမိတာဖြစ်ပါသည် ။
***********
ဒီနေ့တော့ ဦးသာစစ်တဲ့ သင်္ချာ Monthly test ကို ဂုဏ်ထူးရအောင် ဖြေနိုင်ခဲ့သဖြင့် ဦးသာက ချမ်းအား တစ်နေကုန်နားနေခွင့်ကို ဆုအဖြစ် သတ်မှတ်ပေးခဲ့လေသည် ။ ဒီတစ်လကျော်အတွင်း တစ်နေကုန် စာမလုပ်ဘဲ နားနေခဲ့ရတယ်ဆိုတာမျိုး တစ်ရက်မှမရှိခဲ့တာကြောင့် အခုချိန်မှာ ချမ်းစိတ်တွေက အင်မတန်ကို ပေါ့ပါးလျက်ရှိ၏ ။
ရှားရှားပါးပါးရတဲ့ ရက်ကလေးကို အကျိုးရှိရှိအသုံးချရန်အလို့ငှါ မတွေ့ရတာကြာပြီဖြစ်တဲ့ အပေါင်းအပါဘော်ဒါတစ်သိုက်ကို ဆက်သွယ်ရင်း တွေ့ဖို့ချိန်းရသည် ။
အခုတော့ ကားကို တစ်ယောက်တည်းလည်း အတော်လေးကျင်လည်စွာမောင်းနိုင်နေပြီမို့ လက်ညှိုးထိပ်မှာ ကားသော့လေးယမ်းကာ ယမ်းကာနဲ့ ချမ်းတစ်ယောက် အပြတ်အသတ်ရွှိုင်းကာ ဧည့်ခန်းရှေ့မှအဖြတ်
" ဘယ်လဲ ချမ်း "
လှည့်ကြည့်တော့ ဦးသာကို စာအုပ်တစ်အုပ်ကိုင်လျက် အနေအထားနှင့် တွေ့လိုက်ရသည် ။ ဒီလူကြီးဟာ စာတော့ အတော်ဖတ်နိုင်တာပဲ ။ ဒါကြောင့်လည်း ကျောင်းစာနဲ့ပတ်သက်တာ မဟုတ်ဘဲ ချမ်းသိချင်လို့ မေးလိုက်တဲ့အရာတိုင်းကို အလွယ်တကူ ဖြေနိုင်နေတာနေမှာ ။
" ကျွန်တော့်သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ "
" ဂရုစိုက်သွားနော် "
ဖြစ်သလို အပေါ်ယံမှာတာမျိုးမဟုတ်ဘဲ တကယ်ကို အလေးထားမှာကြားသလို ဦးသာရဲ့ပုံစံကြောင့် ထင်မှတ်မထားမိစွာ ချမ်းစိတ်ထဲမှာ နွေးခနဲ ။ ချမ်းကိုဆိုလျှင် အမြဲတမ်း လိုအပ်တာထက် စကားအပိုမပြောတတ်သော ဦးသာလိုလူဆီက ရတဲ့ ဒီလို ဂရုစိုက်မှုဟာ တကယ်ကိုရှားရှားပါးပါး မဟုတ်လား ။
ဒီလိုကျတော့လည်း ဦးရေခဲတုံးဟာ ချမ်းကို နည်းနည်းတော့ သံယောဇဉ်ရှိရှာတယ်နဲ့ တူပါရဲ့ ။
" ဟုတ် ဦးသာ ၊ ကျွန်တော် ဂရုစိုက်ပါ့မယ် "
ချိန်းထားတဲ့ဆိုင်ကိုရောက်တော့ ရတုတစ်ယောက်တည်းကိုသာ ငေါင်စင်းစင်းထိုင်နေတာတွေ့ရသည် ။ ဟိုလဒတွေဟာ ထုံးစံမပျက် နောက်ကျနေကြသည်ထင်ပါရဲ့ ။ ချမ်းကိုမြင်တော့ ရတုခမျာ ဝမ်းသာအားရ လက်လှမ်းပြရှာသည် ။
ရတုဆိုသည်က ချမ်းတို့အဖွဲ့ရဲ့ ကိုဝီရိယ ။ ချိန်းလိုက်တိုင်း အမြဲတမ်း သူပဲ စောရောက်နေလေ့ရှိသည် ။ အခုလည်း ရိုးရာမပျက်ပါပေ ။
" လာ ထိုင် ချမ်း ၊ ဟိုကောင်တွေတော့ မလာသေးဘူး "
" ထုံးစံအတိုင်း နောက်ကျနေမှာပေါ့ကွာ "
" မင်းလည်း ပေါ်မလာဇာတ်ကားရိုက်နေတာနော် သားရီး ၊ ဟိုတစ်ခါ အဖမ်းခံရပြီးကတည်းက ပျောက်သွားလိုက်တဲ့ အပျောက် ခုမှပဲ ကိုယ်ထင်ပြတော့တယ် ၊ မင်းမရှိတော့ ငါ့မှာ ငေါင်တောင်တောင်နဲ့ဟ "
" ငါ ဆယ်တန်းဖြေဖို့ စာသင်နေရတယ်လို့ မင်းကို ဖုန်းဆက်ပြောထားတယ်လေ ရတုရာ "
" အဲ့ဒါ ဆန်းတာမှမဟုတ်တာကွာ ၊ မင်း အရင်နှစ်တွေကလည်း ဒီလိုပဲ စာသင်ရတာပဲကို "
" မတူတော့ဘူး ဟေ့ရောင်ရေ ၊ ဒီတစ်ခါ ငါ တကယ် အောင်,အောင် ဖြေဖို့ သင်နေတာဟ "
" လခွမ်း တကယ်ကြီးလား သားရီးရ "
" တကယ်ပါဆိုကွာ ၊ ငါ့ကို ရဲစခန်းမှာ အာမခံလာထုတ်ပေးတဲ့ လူကြီးကို မင်းတွေ့လိုက်တယ်မဟုတ်လား ၊ သူက ငါ့ကို စာသင်ပေးနေတာလေ ၊ အသင်အပြ တော်တော်ကောင်းတာကွ "
" အဲ့ဒီကိစ္စ ငါ ပြောမလို့ ချမ်းရ "
" ဘာတုန်းဟ "
" အမှုဖြစ်တဲ့နေ့က မင်းနဲ့ မင်းကိုလာခေါ်တဲ့ အဲ့အကိုကြီး ရဲစခန်းထဲက ထွက်သွားတဲ့အချိန်မှာပဲ ငါ့ကိုလည်း ငါ့အကိုနဲ့သူ့မိတ်ဆွေတစ်ယောက်က လာထုတ်တာကွာ "
မင်းကို လာခေါ်တဲ့ အဲ့အကိုကြီး ဆိုပဲ ။ အကိုကြီးမဟုတ်ဘူး ။ ငါ့ဦးလေးနဲ့မှ ရွယ်တူဟ ဟု ပြောလိုက်ချင်ပေမယ့် ဒီကောင့်မျက်နှာပေါ်က စိတ်ဝင်တစားပြောနေတဲ့ အမူအရာတွေကြောင့် ချမ်းလည်း ငြိမ်ပြီး ဆက်နားထောင်နေလိုက်ရသည် ။
" အဲ့ဒါ မင်းတို့ထွက်သွားတာကို ငါ့အကိုရဲ့မိတ်ဆွေအကိုကြီးက မြင်လိုက်တယ်ကွာ "
" အင်း "
အမလေး...အဝင်အထွက်မှာ တွေ့လိုက်တဲ့ကိစ္စကိုများ အဆန်းတကြယ်လာလုပ်နေတယ် ။ ဒီကောင်ရတုကတော့ ။
အစတုန်းက ဒင်းမျက်နှာပေါ်က အမူအရာကြောင့် ပြောနေတဲ့အကြောင်းအရာပေါ် စိတ်ဝင်စားသလိုဖြစ်နေတဲ့ ချမ်းလည်း အာရုံလျော့သွားပြီး မကောင်းတတ်တဲ့အနေနဲ့ အင်းလိုက်ကာ စကားထောက်ပေးရင်း စားပွဲပေါ်မှ ဒီကောင်မှာထားပုံရသော အာလူးချောင်းကြော်ကိုသာ နှိုက်စားမိတော့သည် ။
ကြွပ်ကြွပ်လေးနဲ့ ကောင်းသားဟ ။
" အဲ့ဒီ ငါ့အကိုရဲ့မိတ်ဆွေအကိုကြီးက မင်းကို လာခေါ်သွားတဲ့သူကို သိနေတာကွ "
" အင်း ဟမ် ၊ ဘာ ဘယ်လို... "
" အေး ငါ့ကိုမေးတာ ၊ သူက ထူးချွန်သာမဟုတ်လား တဲ့ "
ဒါက အာလူးချောင်းကြော်ထက်တော့ စိတ်ဝင်စားစရာ ကောင်းသွားပြီ ။
" ငါလည်း စခန်းမှူးရှေ့မှာ သူ့ကိုယ်သူ မိတ်ဆက်လိုက်တာကို ကြားထားတော့ ဟုတ်တယ်လို့ပြောလိုက်တာပေါ့ကွာ ၊ အဲ့ဒါနဲ့ သူက ဆက်မေးတာ မင်းနဲ့ထူးချွန်သာနဲ့ ဘာတော်လဲ တဲ့ ၊ ငါလည်း မသိဘူးလို့ဖြေလိုက်တာပေ့ါ ၊ ငါတောင် အဲ့နေ့ကမှ မြင်ဖူးတဲ့ဟာကို "
" အင်း အဲ့ဒီတော့ "
" သူပြောတာကတော့ အဲ့ဒီ ထူးချွန်သာဆိုတာ ဦးခွန်သာရဲ့ တစ်ဦးတည်းသောသား တဲ့ "
" ဟမ် ဘာရယ် ဘာရယ် "
" အေး ဦးခွန်သာရဲ့သားပါဆိုကွာ "
" ဦးခွန်သာ !!! ဦးခွန်သာဆိုတာ ဘယ်ဦးခွန်သာလဲ "
အံ့သြလွန်းသဖြင့် မျက်လုံးပြူး မျက်ဆန်ပြူး မေးလာသောချမ်းအနားကို ရတုက ခေါင်းငုံ့ကာ ကပ်လာရင်း လေသံတိုးတိုးနှင့်
" ဘယ်ဦးခွန်သာရမလဲ ဟကောင်ရဲ့ ၊ UKT အဖွဲ့ခေါင်းဆောင် ဘိန်းဘုရင်ဦးခွန်သာကြီးပေါ့ဟ "
" ဘာ !!! "
ချမ်းရဲ့အလန့်တကြားအော်သံကြောင့် ရတုက ချမ်းပါးစပ်ကို အသဲအသန်လှမ်းပိတ်ကာ
" ဖြည်းဖြည်းသက်သာ အော်စမ်းပါဟ ချမ်းရ ၊ ဘေးလူတွေကြားလို့ သောက်ပြဿနာတွေ တက်ကုန်တော့မယ် "
ချမ်းပါးစပ်ကို လာအုပ်ထားတဲ့ ရတုလက်တွေကို ဆွဲဖယ်ချရင်း
" မင်း မင်းဟာက သေချာလို့လား ဟင် ရတု "
" ဒါတော့ ငါလည်း ဘယ်သိမလဲဟ ၊ ဟိုအကိုကြီးပြောတဲ့အတိုင်း ပြန်ပြောပြတာကို "
" သူက ဘယ်လိုလုပ်သိတာတဲ့လဲ "
" သူက ငယ်ငယ်က တောင်ကြီးမှာနေခဲ့တာ ၊ အဲ့ဒီထူးချွန်သာနဲ့ တစ်ကျောင်းတည်း တဲ့ ၊ မူလတန်းကလေးဘဝကဆို သူကျောင်းလာရင် ကားအမဲကြီးနဲ့ ဘော်ဒီဂတ်လို လူတွေနဲ့လာတာ တဲ့ ၊ နောက်တော့ ထူးချွန်သာက သူ့အဖေနဲ့မနေတော့ဘဲ တစ်ခြားမိသားစုတစ်ခုက မွေးစားလိုက်တယ်ဆိုလားကွာ ၊ ပြောတာတွေများတော့ ငါလည်း သေချာမမှတ်မိတော့ဘူး "
နားထဲကို ရတုစကားသံတွေက စီကာစဉ်ကာ ဝင်လာနေသည် ။
" အဲ့ဒါ ငါ့အသိအကိုကြီးကတောင် ပြောနေသေးတယ် ၊ ငါတို့အကုန်လုံး အာမခံ,မရဘဲ မင်းတစ်ယောက်တည်း အာမခံ ရသွားတာက ထူးချွန်သာကို ဦးခွန်သာသားမှန်းသိသွားလို့ ပေးလိုက်တာနေမှာ တဲ့ "
ဘယ်လိုမှထင်မှတ်မထားမိသော အကြောင်းအရာတွေမို့ ကြားလိုက်ရသည့်ခဏမှာ လူက ထုံတုံတုံကြီးတောင် ဖြစ်သွားမိသည် ။
" ဟေ့ကောင် ချမ်း "
" ဟင်...အင်း ဘာလဲ "
" ငါမေးနေတာလေ ၊ မင်းက ဒီအကြောင်းတွေကို မသိဘူးလား လို့ "
ရတုရဲ့အမေးကို အံကြိတ်ကာ
" အေး မသိဘူး ၊ ငါ ဒီလူကြီးရဲ့နောက်ကြောင်းကို သိချင်လို့ မေ့ကို မေးသေးတယ် ၊ မဖြေဘဲ လှည့်ပတ်ပြောသွားတာ ၊ လတ်စသတ်တော့ ဒါကြောင့်ကိုး "
" မင်းကလည်း ကိုယ့်ကို စာသင်ပေးနေတဲ့လူအကြောင်းတော့ သိထားသင့်ပါတယ်ကွာ "
ရတုရဲ့စကားကြောင့် နဂိုဆုပ်ထားမိတဲ့ လက်သီးဆုပ်တွေဟာ ပိုလို့တင်းကြပ်သွားရသည် ။
စာသင်ပေးရုံတင်မဟုတ်ဘဲ တစ်အိမ်တည်းမှာပါ အတူနေနေရသည့်အဖြစ်ကိုတော့ ရတုအား မပြောပြဖြစ်တော့ပါ ။ ဒီလောက်အနီးကပ်နေရင်းနဲ့တောင် ထိုလူကြီးနဲ့ပတ်သက်တဲ့ နောက်ကြောင်းကို သူများပြောမှ သိရသည်မှာ ရှက်စရာကောင်းလှသည် မဟုတ်ပါလား ။
" ငါ ပြန်တော့မယ်ကွာ "
" ဟာ ချက်ချင်းကြီး ဘယ်လိုဖြစ်တာလဲ ချမ်းရ ၊ ဟိုကောင်တွေလည်း လာတော့မှာကို "
" ငါ လုပ်စရာလေးပေါ်လာလို့ တောင်းပန်တယ် ရတုရာ နော် ၊ နောက်မှ ထပ်ချိန်းလိုက်မယ် ၊ ဟိုကောင်တွေကိုလည်း မင်း ကြည့်ပြောပေးပါဦး ၊ please... "
" အေးကွာ သွား သွား "
ထို့နောက်မှာတော့ ချမ်းရဲ့ကားလေးဟာ လေးညှို့ကလွှတ်လိုက်တဲ့ မြားပမာ အရှိန်ပြင်းပြင်းနဲ့ လမ်းမထက်မှာ ပြေးလွှားနေတော့သည် ။
______________________________
** ဒီအပိုင်းတွေမှာ ကိုယ်မကျွမ်းကျင်တဲ့ အခန်းကဏ္ဍအနည်းငယ်ကို ဇာတ်လမ်းသဘောအရ ကိုယ့်စိတ်ကူးစိတ်သန်းအတိုင်း ထည့်သွင်းရေးသားထားတာမို့ အပြင်လောကနဲ့ ကွဲလွဲတာမျိုးရှိခဲ့လျှင်ပဲဖြစ်ဖြစ် ၊ Reality မဆန်သလို ဖြစ်သွားလျှင်ပဲဖြစ်ဖြစ် ၊ အမှားအယွင်း တစ်စုံတစ်ရာရှိခဲ့လျှင်ပဲဖြစ်ဖြစ် စာဖတ်သူတို့ဘက်မှ ကိုယ့်ညံ့ဖျင်းမှုအပေါ် ဖြည့်စွက်နားလည်ပေးပါလို့ မေတ္တာရပ်ခံပါရစေ ။ **
______________________________