Little Do I Know About Li...

By Aeri-1485

115 0 0

ဒီbookလေးက titleလေးအတိုင်းပဲ ကျွန်တော် လက်လှမ်းမှီသလောက် ကြည့်ဖူးသမျှ interviewတချို့မှာ Hong Yiဖြေခဲ့ဖူးတဲ့... More

The Li brothers

114 0 0
By Aeri-1485


🐯Hong Yi မှာ အသက်ဆယ်နှစ်ကွာတဲ့ Li Ming Lin လီမင်းလင် လို့ ခေါ်တဲ့ အကိုတစ်ယောက်ရှိပါတယ်။

🐯ဟုန်ယိရဲ့ ကောကောကလည်း နာမည်ကြီးတဲ့ တေးရေးဆရာ အဆိုတော် တစ်ယောက်ပါပဲ ။

🐯ဟုန်ယိသီဆိုထားတဲ့ ဇာတ်ဝင်ခန်းသီချင်းတော်တော်များများက ဟုန်ယိကောကော က ရေးပေးထားပြီး တူတူပါဝင်သီဆိုထားပေးတာပါ။

🐯ဟုန်ယိကို အနုပညာလမ်းကြောင်းပေါ် တွန်းတင်ပေးခဲ့သူက ဟုန်ယိကောကောဆိုလည်း မမှားပါဘူး။

🐯ဟုန်ယိတို့ ညီအကိုက တစ်ခါမှကို ရန်မဖြစ်ဖူးကြပါဘူးတဲ့ 💕
( သူ့ကောကောက ဟုန်ယိကို အားကြီးချစ်တာရော :3 အလိုလိုက်လိုက်တာမှ )

🐯ဟုန်ယိငယ်ငယ်က ( အသက်ဆယ်နှစ်လောက်ဖြစ်မယ်ထင် ) အိမ်မှာ ကိစ္စလေးတွေရှိလို့ ဟုန်ယိကို ကျောင်းကနေထုတ်ပြီး တလျန် (大连) မှာရှိတဲ့ မော်တော်ကားပြင်စက်ရုံ (ကျောင်း)ကို ပို့လိုက်ပါတယ်။ ဟုန်ယိက သူ အဲ့မှာ သံကြိုးရစ်သံကြိုးခွေ ဝါယာဆင် ရတယ်လို့ ပြောဖူးပါတယ် အဲ့မှာ ဟုန်ယိက အနိုင်ကျင့်ခံရတော့ ဟုန်ယိကောကောက အဲ့ကနေ ခေါ်ထုတ်လာပြီး ပေကျင်းမှာ သူနဲ့တူတူနေစေပါတယ်။

[ ဟုန်ယိ အနိုင်ကျင့်ခံရတဲ့ ကိစ္စကို ပြောပြပါမယ် အဲ့မှာတုန်းက တစ်ယောက်ကဖုန်းပျောက်သွားတော့ ဟုန်ယိခိုးထားတာလို့ စွပ်စွဲပြီး ညသန်းခေါင်ဘက်ကြီး ဟုန်ယိကို ခေါ်ထုတ်ပြီး လေးငါးယောက်လောက် ဝိုင်းရိုက်ကြပါတယ်တဲ့😢
ယူလာတဲ့ တုတ်နဲ့ခြေထောက်ကို ရိုက်လိုက်တာ တုတ်တောင်ကျိုးတယ်တဲ့ 😢
(ဘာပဲပြောပြော ဆယ်နှစ်ကလေးလေးကို လုပ်ရက်လိုက်ကြတာ ) နောက်တော့ ဖုန်းပြန်တွေ့တော့ ဟုန်ယိကို လာတောင်းပန်တယ်တဲ့ ဟုန်ယိက သူ့ကိုတောင်းပန်စရာမလိုပါဘူး တောင်းပန်မယ့်အစား ပေါင်မုန့်သာ ဝယ်ခဲ့ပါလို့ ပြောတယ်တဲ့ ( ဘယ်လောက်တောင် စိတ်ထားပြည့်လိုက်သလဲမေး 💙 ) အဲ့မှာ ဟုန်ယိရဲ့ကောကော က သူ့ညီလေးကို အထိခိုက်မခံနိုင်လို့ ပြန်သွားခေါ်လာတာ ထင်ပါတယ် ]

🐯ပေကျင်းမှာ သူ့ကောကောနဲ့ တူတူလိုက်နေတော့ ဟုန်ယိအသက်က ဆယ့်တစ်နှစ် သူ့ကောကောက အသက်နှစ်ဆယ့်တစ်နှစ် တက္ကသိုလ်ကျောင်းသားဘဝမှာပဲ ရှိပါသေးတယ်။အခန်းဖော်နှစ်ယောက်နဲ့တူတူနေရတဲ့ အဆောင်မှာ ဟုန်ယိနဲ့ တစ်ဝမ်းကွဲညီမလေးကိုပါ ခေါ်ထားရတဲ့အတွက် ကုတင်ကို မိန်းကလေးကိုဦးစားပေးပြီး ကောကောက ဆိုဖာမှာ အိပ်ပြီး ဟုန်ယိကို ကြမ်းပေါ်မှာသိပ်ပါတယ်တဲ့ 😆
ကောကော က ပြောပါတယ် ဆိုဖာက သေးလည်းသေး ကျဉ်းလည်းကျဉ်းလို့ ဟုန်ယိအိပ်ရအဆင်မပြေတာတို့ ပြုတ်ကျမှာတို့စိုးလို့ ပေးမအိပ်ပဲ ကြမ်းပေါ်သိပ်တာပါတဲ့
ဟုန်ယိကလည်း ထပြောပါတယ် သူက ဆိုဖာပေါ်မှာ အိပ်ချင်ခဲ့တာပါတဲ့ 😂

🐯အဲ့ချိန်က ဟုန်ယိကောကောက သီချင်းတွေအများကြီးရေးခဲ့ပေမယ့် ပိုက်ဆံလိုတဲ့အတွက် ဈေးပေါပေါနဲ့ရောင်းခဲ့ရပါတယ်တဲ့ နောက်ပိုင်း သူ့သီချင်းတွေ နာမည်ကြီးလာပေမယ့် သူ့နာမည်နဲ့ မဟုတ်ခဲ့တာကို ထိုင်ကြည့်နေခဲ့ရပါတယ်တဲ့ 😢
( ခုတော့ ဟုန်ယိကိုရေးပေးပြီး တူတူဆိုလို့ရပြီ )

🐯ဟုန်ယိအသက် 15နှစ် ( 2013 ) မှာ ကိုရီးယားက SM Entertainment က ပေကျင်းမှာ audition ( လူရွေးပွဲ ) လာလုပ်ပါတယ်။ ငယ်ငယ်လေးတည်းက K Idol တွေကို သဘောကျပြီး Idolဖြစ်ချင်ခဲ့တဲ့ ဟုန်ယိကို သူ့ကောကောက လူရွေးပွဲဝင်ပြိုင်စေခဲ့ပါတယ် ။ လူရွေးပွဲမှာ ဟုန်ယိက ပထမရပြီး ကိုရီးယားကို ပါသွားခဲ့ပါတယ်။ ဒါပေမယ့် apprenticeဘဝနဲ့ ခက်ခဲပင်ပန်းလှတဲ့ practiceကာလ သုံးလကြာခဲ့ပေမယ့် debut ခံရဖို့ အရိပ်အယောင်တောင် မရှိတော့ ဟုန်ယိက တရုတ်ကို ပြန်လာခဲ့ပါတယ်။

🐯တရုတ်ကို ပြန်လာပြီးနောက်ပိုင်း depressionဝင်ပြီး အခန်းထဲပဲ အောင်းနေတဲ့ ဟုန်ယိကို ဟုန်ယိကောကောက Deformation Meter 《变形计 》ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ဖို့တိုက်တွန်းခဲ့ပါတယ်။ အဲ့ဒီ အစီအစဉ်မှာ ပါဝင်ပြီးနောက်ပိုင်း ဟုန်ယိက လူသိများလာသလို ပိုရင့်ကျက် ပိုလိမ္မာပြီး ပိုသန်မာလာပါတယ်။ ဒီအစီအစဉ်က သူ့ဘဝတစ်ခုလုံးအတွက် အရေးပါတဲ့ အနုပညာလမ်းခရီးရဲ့အစဖြစ်ခဲ့ပါတယ်။
အစီအစဉ် စလွှင့်တဲ့ရက်မှာပဲ ဟုန်ယိရဲ့ weiboမှာ followerတွေ အများအပြားရှိလာခဲ့ပြီး အစီအစဉ်ပြီးဆုံးတဲ့ရက်မှာ followerငါးသိန်းထိ တိုးလာခဲ့တယ်လို့ ပြောပါတယ် ။ Impactကတော့ အနုပညာလောကထဲ ဝင်လာကာစ နာမည်နဲနဲရလာတဲ့ ဟုန်ယိလေးကို အတိတ်က ဆိုးခဲ့တာတွေ ထောက်ပြထိုးဆွပြီး emotional abuseလုပ်ခံရတာပါပဲ။ အဲ့caseကြောင့်ူဟုန်ယိလေးတော်တော် ခံစားခဲ့ရပါတယ်။
( ဆယ့်ခုနစ်နစ်အရွယ်လေးမှာ ပတ်ဝန်းကျင်ကလူတွေရဲ့ ကဲ့ရဲ့အပြစ်တင်တာကို မနဲမနောခံရတာ တော်ရုံဆို တကယ် မခံနိုင်ဘူး တကယ်ကို သူ့မိသားစုနဲ့ အသိုင်းအဝိုင်းက ဝိုင်းဝန်းဖေးမ ပေးကြလို့သာ စိတ်ဒဏ်ရာကြီးပွေ့ပိုက်ပြီး အရှုံးမပေးလိုက်တာပါ )

🐯ဟုန်ယိကောကောအနေနဲ့ ဟုန်ယိကို သဘောမကျတဲ့အချက်က အိမ်မှာပဲ အခန်းထဲအောင်းနေတာကို သိပ်မကြိုက်ပါဘူးတဲ့ ။ ဟုန်ယိကောကောက extrovert ဆိုပေမယ့် ဟုန်ယိက introvertပါ အခန်းထဲမှာ ဂူအောင်းသိုင်းကျင့်ရတာ
( ဂိမ်းဆော့တာ ရုပ်ရှင်ကြည့်နေရတာ ) ပဲ ကြိုက်ပါတယ်တဲ့။

🐯ဟုန်ယိရှေ့မှာ ဟုန်ယိကောကောက ပိုချောတယ်တို့ အသံပိုကောင်းတယ်တို့ ချီးမွမ်းမိရင် ဟုန်ယိက " မရီး " လို့ ထခေါ်ပါတယ် 😆

🐯ဟုန်ယိနဲ့ သူ့ကောကောက ဝါသနာတွေ တူကြပါတယ်တဲ့

🐯ဟုန်ယိငယ်ငယ်က သီချင်းဆိုတာက ဝါသနာဖြစ်ပေမယ့် အိမ်မှာ သူ့ကောကောက အချိန်မရွေး သီချင်းထိုင်ဆိုနေလို့ သူက သီချင်းမဆိုဖြစ်ပါဘူးတဲ့ 😆

🐯ဟုန်ယိကပြောပါတယ် သူနဲ့သူ့ကောကောနဲ့အတူတူ ရုပ်ရှင်တွဲရိုက်ဖို့ဆိုတာ လုံးဝလုံးဝမဖြစ်နိုင်ပါဘူးတဲ့ ဘာလို့လဲဆိုတော့ သူ့အကိုနဲ့မျက်နှာချင်းဆိုင်လိုက်ရင်ကိုက ရီချင်လာပြီးတော့ မနားတမ်းရီနေမိတာ မထိန်းနိုင်လို့ ရုပ်ရှင်က ရိုက်လိုက်ရမှာတောင် မဟုတ်ပါဘူးတဲ့ :3

🐯ဟုန်ယိကောကောက ပြောပါတယ် ဟုန်ယိ ငယ်ငယ်လေးတည်းက ဇာတ်ကားကောင်း(ဟောင်း)တွေကြည့်ရတာ အရမ်းကြိုက်ပြီး အပြင်မှာလည်း ရုပ်ရှင်ထဲကလို လိုက်သရုပ်ဆောင်နေတတ်ပါတယ်တဲ့ အဲ့တာကြောင့် အကျင့်ဖြစ်ပြီး သူ့သရုပ်ဆောင်စွမ်းရည်က တော်တော်လေးကောင်းတယ်လို့ ချီးကျူးပေးဖူးပါတယ်

🐯ဟုန်ယိက အချေရုပ်ကြီးနဲ့ ဆိုပေမယ့် တကယ်ကို စိတ်ထားနွေးထွေးတဲ့သူပါတဲ့ သူနဲ့ခင်သွားပြီဆိုရင် တကယ်ငပေါအလုပ်တွေထထလုပ်ပြီး ပျော်အောင်ထားပေးတဲ့သူမျိုးပါတဲ့

🐯
🐯
🐯
🐯
🐯
🐯







Continue Reading

You'll Also Like

36.2K 812 5
Hiroki has recently discovered that the four women he once knew and loved, his girlfriend (Nao), sister (Kanoko), best friend (Ayumu), and mom (Kaede...
16.9K 2.4K 20
දන්නවද ආර්ය්‍ය..❟ පෙති තලලා මල කැඩුව පමණටම බඹරෙක්ට මලක් අයිති වුන්නැහැ..! සේමිය- උබ කියන මගුලක් මට තේරෙන්නෑ ඕයි හැබැයි මෙච්චරයි බඹරෙක් නෙවෙයි මොකෙක්...
10.9K 1.8K 17
ආදරේ කියන්නෙ හුත්තක්. එච්චරයි __සිතුම් ආකාෂ් ෆ්‍රනෑන්ඩෝ
184K 19.9K 56
"කේතු දන්නවද මම කේතුට කොච්චරක් ආදරෙයි කියල ?" "හැමතිස්සෙම වචනෙන් නොකිව්වත් සර්ගෙ ඇස් මගේ ඇස් එක්ක පැටලෙනකොට ඒ දිලිසෙන ඇස්වලින් මට පේනවා සර් මට කොච්...