ဖွင့်ပေးထားသော တံခါးမှတစ်ဆင့်အထဲသို့ ဝင်သည်။ တံခါးပိတ်ပြီးမျက်
နှာချင်းဆိုင် ပြန်လှည့်လာသော ကျွန်
တော့်ပါးကို လက်နှစ်ဖက်လုံးဖြင့် အုပ်
ကိုင်ရင်း
"အိပ်ပျော်နေတာလား ခေတ်" ဟု ငြင်
ငြင်သာသာ ကြင်ကြင်နာနာမေး၏။
အိပ်ချင်နေသေးသော မျက်လုံးတို့ကို
လက်ခုံဖြင့် ပွတ်ရင်း မေးနေသူ၏ ခါး
ကိုဖက်ကာ ပခုံးပေါ်မေးတင်မှေးလိုက်
၏။
"ညက မအိပ်ဘူးမလား ခေတ်။ ဂိမ်း
တွေ ဆော့နေပြန်ပြီမလား"
"မဆူပါနဲ့...ခဏလောက်ပဲ မှီပါရစေ"
ထိုသို့ဆိုတော့ အလိုက်တသိငြိမ်နေ
ပေးသည်။ သူမဆီ မှ ရနေသော မွှေးပျပျရနံ့။ အီကွေတာမျဉ်းအလယ်တည့်တည့်ကျနေသော နိုင်ငံတွင်ရောက်ရှိနေပေမဲ့ သူမ၏ ရေမွှေးနံ့အေးအေး
ကြောင့် အိုဟိုင်းရိုး ကို ပြန်လည်တမ်းတစေသည်။
"ကဲ မှီနေတာ ဖယ်တော့...ဘာစားပြီးပြီလဲ"
"ဟင့်အင်း...ခုမှ ဘယ်နှစ်နာရီရှိသေးလို့
လဲ"
"၁၀နာရီကျော်ပြီလေ ကိုယ်တော်ရယ်
ငါ့ ကိုဖယ်..."
မဖယ်ပေးဘဲ ပေကပ်ကာ တွယ်ကပ်နေ
သောအခါ တွန်းတွန်းထိုးထိုးနဲ့ပင် ထ
မင်းစား စားပွဲဆီသို့ ဉီးဆောင်ခေါ်သွား
ပေးသည်။ နောက် ဧည့်သည်ကပင်
ရေအေးအေးတစ်ခွက် ခပ်တိုက်သည်။
ရေသောက်လိုက်တော့မှ အိပ်ချင်စိတ်တို့ အနည်းငယ်ပြေသွား၏။ သူမကိုသေချာရှုကြည့်ဖြစ်တော့ ရယ်မောရင်း
ကျွန်တော့် နှာခေါင်းထိပ်ကို ဆွဲလိမ်
၏။
သဘာဝကျကျမိတ်ကပ်လိမ်းခြယ်မှု
တွင်ကျော့ရှင်းခြင်းကိုပါ ထပ်မံဖြည့်
စွပ်သည်။ ခွေခွေကောက်ကောက်ဆံ
နွယ်များကို ဖဲကြိုးတစ်ခုနှင့် ခပ်မြင့်
မြင့်စည်းနှောင်ထားလျက် နွေရာသီဝတ်တီရှပ်အဖြူပါးလေးနှင့် ဒူးအတိ စကပ်ဖြူဖြူကို တွဲဖက်ဝန်ဆင်ထားသောသူမ က တက်ကြွလန်ဆန်းနေပါ၏။
"ဘာစားမလဲ ။ လမ်းထိပ်ကတရုတ်ဆိုင်ကနေပဲ မှာလိုက်ကြမလား"
"သဘော"
ဖုန်းထုတ်ကာလှမ်းမှာနေသော သူမကို
ထိုင်သာ ငေးနေလိုက်သည်။ ဘယ်အချိန်ကြည့်ကြည့် ရိုးသွားတယ်ကိုမရှိ။
သူမနဲ့ပဲ တစ်သက်လုံးနေသွားချင်တဲ့စိတ်ကသာ ပိုပိုတိုးပွါးလာတာ။
"ခေတ်... ကိုကို တို့ ဒီမနက်ကမ်းခြေသွားကြပြီနော် သိပြီးပြီလား။ Aiden
လေးကို ဘယ်ပို့ထားကြလဲ"
"အင်း Ava အမေဘက်အမျိုးတစ်ယောက် အိမ်ပို့ထားလိုက်တယ်။ ကိုကို
ကခေါ်သွားချင်နေတာ ကိုကိုက မခေါ်ချင် အားယား ကိုကိုတွေရောနေပြီ
ငါ့အစ်ကို အငယ်ကို ပါကိုကိုလေး ပြောင်းခေါ်ရတော့မယ်ပုံပဲ"
ကျွန်တော် အစ်ကိုတွေ ယောက်ဖတွေရဲ့
အခေါ်အဝေါ်နဲ့ပတ်သတ်ပြီး တိုင်ပတ်နေပုံကို သဘောတကျနဲ့ ခိုးခိုးခစ်ခစ်
ရယ်သည်။
"နင်က ယောက်ဖကိုပါ ကိုကိုခေါ်နေတာ
ကိုး ခေတ်ရဲ့။ ဘာဖြစ်လဲ ကိုဝေဟင်ဆို
ကိုဝေဟင် ဒါမှမဟုတ် ယောက်ဖပေါ့
ခွိခွိ"
"အေးပါ ရယ်နေ... မနေ့ညက ဖုန်းဆက်တယ်။ ကိုဝေဟင် က Aidenကိုခေါ်
သွားချင်ပေမဲ့ ငါ့အစ်ကိုက သိတဲ့အတိုင်းပဲ"
"အေးပေါ့ဟာ...သူလည်း ခွဲနေရတဲ့ နှစ်
က နည်းမှမနည်းတာ ။ ပြန်တွေ့ချိန်
တောင် ဘာမှန်းညာမှန်းမသိဘဲနေခဲ့
ရတော့..."
နှစ်ယောက်သား စကားစအလိုလိုပြတ်
သွားသည်။ မကြာသေးခင်ကဖြစ်ပွါးခဲ့သော မိသားစုတော်လှန်ဖြုတ်ချရေးအရေးအခင်းမှ အရေးတော်ပုံတစ်စိတ်တစ်ပိုင်းမို့ အလိုလိုရပ်တန့်မိလိုက်ကြတာပင်။
"အေးလေ ငါ့ အစ်ကို အလုပ်က ခွင့်ရတုန်းနေကြပါစေပေါ့...ပြီးရင် သူက
ရန်ကုန်ပြန် ကိုကိုလှလှလေးက ဒီမှါ
တစ်ပင်တိုင်စံရင်း ဘွဲ့လွန်စာတမ်းပြန်
ရေး ၊ အလုပ်လည်းလုပ်ပေါ့"
အခြေအနေကို ပြန်လည်ဆယ်ယူတော့
လည်း ထပ်ချပ်မကွာ နောက်ကပြန်ပါ
လာသည်။
"နင်ရော ခေတ် ။ ကျောင်းက ဆက်
တက်ဖို့..."
ကျွန်တော် အဖြေမပေးမိ။ ဟုတ်ပါတယ်။ ကျွန်တော်အခုထိ တက္ကသိုလ်
ဆိုသည်ကို သေချာမတက်ရသေး။
၁၆နှစ်လောက်တည်းက ကျွန်တော့်
ပညာရေး ၊ ကျွန်တော့်အသက်မွေးဝမ်း
ကျောင်းအတွက် ဘာမှ အစီအစဉ်မရှိ
ခဲ့တာ။ မိသားစုအတွက် ချစ်ရသူအတွက် ကျွန်တော့် ဉီးနှောက်ကိုအ
ပြည့် အဝအသုံးချခဲ့တာ။
"ကိုကို နဲ့ အတူတူတက်ခဲ့တဲ့ ကောလိပ်
ပဲဆက်တက်မှာလား"
ကျွန်တော်သည် စီးပွါးရေးကို ဘယ်သောအခါမျှစိတ်မဝင်စားသည့်ကောင်လေးတစ်ယောက်အဖြစ် သိထား၍ သူမထိုသို့ထုတ်မေးခြင်းဖြစ်သည်။ ကျွန်တော်တို့ ရဲ့ ပညာရေးအတွက် အသေအချာတိုင်ပင်သင့်နေပြီ။
"နင်...တကယ်ဝါသနာပါတဲ့ မေဂျာကို
သေချာလေ့လာသင့်နေပြီခေတ်။ နင့်
အရွယ်က တက္ကသိုလ်ကို အပူအပင်
ကင်းကင်းနဲ့ တက်နေရမယ့် အရွယ်လေ
နင့်ကို တကယ့်လူငယ်ပီပီဟာ သိလား ဟန်ဆောင်နေတာမဟုတ်ဘဲနဲ့ဟာ...တကယ်ပေါ့ပေါ့ပါးပါးနဲ့ ပျော်စေချင်နေပြီ"
ပြောရင်း ဆံပင်တွေကြား သူမ၏ လက်
ချောင်းလေးများရောက်လာသည်။
ဉီးရေပြားကို ဖွဖွဖိနှိပ်ပေးတော့ ငြိမ်
နေရင်းမှ သူမ ကိုငေးနေမိပြန်သည်။
တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်
နေကြရင်းမှ တံခါးဘဲလ်မြည်သံကြောင့်
သူမ ကအပြေးလေးသွားဖွင့်ပေးသည်။
မျက်စိရှေ့အကုန်အဆင်သင့်ဖြစ်အောင်
ပြင်ဆင်ပေးနေသော သူမကြောင့်
ချက်ချင်းမစားနိုင်သေး။ လက်ထဲတူ
ရောက်လာမှ သာ စားဖို့သောက်ဖို့သတိ
ရသည်။
"ဟင် ခေတ်...နင် ကောလိပ်ဝင်ခွင့်တွေ
အတွက် စဉ်းစား သင့်နေပြီ"
"နင်ရော"
ကျွန်တော့်အတွက်သာ စိုးရိမ်နေပေမဲ့
သူမ အတွက်ကရော...သူမ ဘာအစီအစဉ်တွေရှိလဲ ကျွန်တော်သိချင်သည်။
"နင်ရော...ဘာဆက်လုပ်ချင်လဲ။ မနေ့
က အဘွားဖုန်းဆက်တယ်။ အိုဟိုင်းရိုး
ကို ပြန်လာချင်ရင် လာပါလားတဲ့
နင်လည်းလိုက်ချင်ရင်ခေါ်လာခဲ့ပေါ့
တဲ့"
"တခေတ်...ငါ..."
"အင်း...ပြောလေ။ ရတယ် ခြူး ငါနဲ့
လိုက်ရမယ်လို့ မဆိုလိုပါဘူး။ နင်
မြန်မာပြည်တော့ မပြန်ချင်ဘူးမလား"
ချက်ချင်းမဖြေ။ ဟင်းပွဲများကိုသာ
လက်ထဲမှ တူဖြင့် ဟိုထိုးဒီဆွလုပ်နေ
သည်။ အခန်းသည် ချက်ချင်းတိတ်
ဆိတ်သွားတော့၏။ သူမကို မကြည့်
ဖြစ်တော့ဘဲ မှန်ပြတင်းပေါက်အပြင်
ဘက်မှ တိုက်တာအဆောက်အအုံများ
ဖြင့် ပြည့်နေသော မြို့တွင်းကိုသာ
ငေးမိတော့သည်။
"Sorry ခေတ်"
"ရတယ် ခြူး...အခုက အတူနေဖို့
ဆိုတာ စောသေးမှန်းငါသိပါတယ်။
စိတ်မညစ်နဲ့နော်။ ငါက အဘွားပြောတာကို ပြန်ပြောပြတာ။နင် လုပ်ချင်တာဖြစ်ချင်တာတွေကိုသာ လုပ် ၊ ရတယ်"
နှစ်သိမ့်မှုလိုအပ်နေသော အချိန်အခါ
မို့ ထုံးစံအတိုင်း သူမခေါင်းကိုဖွဖွပုတ်
တော့ ခပ်တိုးတိုးရယ်သည်။
"အမှန်တော့လေ...ငါ ဘာလုပ်ရမှန်း
မသိသေးတာ။ ငါ အစက အန်လ်အေက ပွဲတွေမှာလျှောက်ချင်တယ်။
ဟိုးနှစ်တွေက မြန်မာပြည်ပြန်တော့ ...
ငါ Missဖြစ်ချင်စိတ်ဖြစ်လာတယ်ဟာ
Miss က ရုပ်ရှင်လိုင်းကူးသွားတဲ့ Miss
မဟုတ်ဘဲဟာ...သိလား နိုင်ငံတကာက
Missတွေလို နိုင်ငံ့ ကိုယ်စားပြု လုပ်စရာရှိတာတွေ လုပ်ချင်တာမျိုး...
ဒါပေမဲ့ ငါအခုပြန်ရင် နင့်အစ်ကိုလို
ငါ့ကို ဂရုတစိုက်နဲ့ လမ်းပြပေးမယ့်လူ
လည်းမရှိဘူး။ အဲ့မှာက မန်နေဂျာဆိုတာကို ပရော်ဖက်ရှင်လုပ်တာမရှိ
သလောက်ပဲလေ။ အဲ့ဒါတွေးပြီးငါ
တွန့်နေပြန်ရော...
အဲ့နှစ်ခုမှာ ငါ ဘာအရင်လုပ်သင့်လဲမဆုံးဖြတ်ရသေးဘူး။ အဲ့ထဲမှာမှ ဟိုလ
တွေတုန်းက ငါတို့နည်းပြဆရာမက
ဖုန်းဆက်တယ်။ ငါ့အတွက် စကော်လာ
ပြန်လျှောက်ဖို့ သူထောက်ခံပေးလို့ရ
တယ်တဲ့။ ဒီတေါ့ ငါ ပြဇာတ်ပဲ ပြကရ
မလား။ ငါတကယ် ဘာရွေးရမှန်းမသိ
ဘူး တခေတ်ရယ်..."
"ငါ့ပဲ ရွေးလိုက်တော့ ဟဲဟဲ"
"ကောင်စုတ်လေး ငါအတည်ပြောနေတာ"
လက်မောင်းတစ်ဖက်ကို ဖြတ်ခနဲလှမ်း
ရိုက်ရင်းပြောလိုက်သောစကားစုကို
ရှက်ပြုံးလေးဖြင့်အနားသတ်ထားသေး
၏။ မေးထောက်ကာ အပီအပြင်ငေး
ပြလိုက်တော့လည်း တည်တည်ငြိမ်
ငြိမ်လေး ပြန်ကြည့်သည်။
"ဟင်...ခေတ်။ နင့် ကလေးကို နင်ဘယ်
လိုကြွားချင်လဲ။ သားတို့သမီးတို့ အမေ
က မြန်မာပြည်က Miss...ဒါမှမဟုတ်
နာမည်ကြီးBrandတွေရဲ့ ကိုယ်စား
လှယ် ဒါမှမဟုတ် ဘရော့ဒ်ဝေးပြဇာတ်
မင်းသမီး"
"နင်ပဲလိုတယ် ခြူး။ ငါ့ကလေးတွေရဲ့
အမေ ဟာ နင် ဆိုတာနဲ့တင်အဆင်ပြေ
တယ်။ Ok "
"တကယ်လား။ ခြွေနေတာမလား"
"ရော် တကယ်ပါဆို..ဟ"
ပြောရင်းခွံကျွေးလိုက်သော အသား
ဖတ်ကို ဝါးရင်း မယုံသလိုမျက်လုံး
စောင်းကာ ကြည့်သည်။
"နင်က ငါဘယ်လိုရအောင်ယူထား
ရတဲ့ လူလဲ။ နင် ကြိုက်တာလုပ် ခြူး
တကယ်ပြောတာ နင် ပျံချင်တဲ့ ဆီသာ
ပျံ။ နားချင်ရင် ငါ့နားပြန်လာ"
"ကျေးဇူး"
"အာ...ဟင်းစော်တွေ နံ့မှာပေါ့"
ရွှတ်ခနဲနေအောင် အနမ်းခံလိုက်ရသော်
လည်း မရိုနိုင်အား။ တကယ်ကြီးဟင်း
နံ့တွေ ရသွားသော ပါးတစ်ဖက်ကိုပွတ်ချေနေသော ကျွန်တော့်ကို ကြည့်ပြီး
သူမက တဟားဟားရယ်သည်။
"အကဲပါမနေနဲ့ စားစမ်းပါ" ဟုဆိုကာ
အသားဖက်တွေ အတင်းခွံ့ကျွေးပါ
သေးသည်။
"ကိုယ့်လမ်းကိုယ်လျှောက်ပေမဲ့လို့ပေါ့
ဟာ...ခေတ် နင်သိလား။ ငါ နင်နဲ့နီး
နီးမှာပဲနေချင်မယ်။ ငါ နင့်ကိုလွမ်းရင်
ချက်ချင်းပြေးလို့ရမယ့် အကွာအဝေး
မှာပဲနေမယ်။ နင် အရှေ့တိုင်းမှာနေရင်
ငါ အရှေ့တိုင်းမှာနေမယ်။ နင် အနောက်ကို သွားရင် ငါအနောက်ကို
လိုက်ခဲ့မယ်"
ဒီတစ်ခါတော့ ငြိမ်သက်သွားရတာ
ကျွန်တော်။
"ငါ...အမြန်ဆုံးစဉ်းစားပါ့မယ်။ကျောင်း
တက်ဖို့ကိုပေါ့"
"အွန်း...အခုတော့ အေးအေးဆေးဆေး
နားပြီးစဉ်းစား"
"ကျေးဇူး...ငါလည်း ဒီရက်ပိုင်းအတွင်း
ဘာမှ လုပ်စရာမရှိသလိုခံစားနေရတာ
နင် ပြောမှ အဆင်ပြေသွားတာ"
"အင်း...ငါသိတယ်လေ။ စားပြီးရင် ရေချိုး။ ပြီးရင် ဂိမ်းဆော့ရအောင်"
"နင် အားလို့လား"
"တစ်နေကုန်အားပါတယ်ရှင်"
"ဝိုး...ဒါဆို ညမြှပန်။ ငါတို့ date လုပ်
ရအောင်"
"အိုကေ ပါရှင် အိုကေပါ။ ဒါပေမဲ့ ညနေ
မှ သွားရအောင်...အခုက ပူနေတယ်"
"Airconတွေရှိတာပဲ"
"ဟင့်အင်း လေထုက ပူနေတာကြီး။
ခဏအိပ်မယ်လေ နေ့လည်ခင်း"
"ဘာရယ်"
မနိုင်ပါ ။ တကယ်ကို နှစ်ယောက်သား
ဂိမ်းကစားကြသည်။ Battle ဆိုင်ရင်း
သေသွားပါက ကျွန်တော့ကိုထုရိုက်ပါ၏။ နောက်တော့ Noobs နေသော
သူမကြောင့် ရှုံးပွဲများ၏ ဒဏ်ကိုမခံနိုင်
တော့၍ နှစ်ယောက်သား လက်လျှော့
မိကြသည်။ ခုတင်ပေါ်တွင် ကျောလျား
ဆန့်ကြရင်း နင့်ကြောင့် ၊ ငါ့ကြောင့်နှင့်တွန်းထိုးမိနေရင်းမှ အကြည့်ချင်းဆုံ
ရပြန်၏။
တိတ်ဆိတ်သော ဇန်နဝါရီ ကုန်စ နေ့
လယ်ခင်းတွင် အနမ်းတွေက နွေးနွေး
ထွေးထွေးရှိလှ၏။ ဆယ်ကျော်သက်
အရွယ်တည်းက တွဲခဲ့ကြသူတွေအတွက် အနမ်းများက အပေးအယူ
တည့်လှသည်။ ယခင်ကလို ပန်းခြံထဲ
မှာမဟုတ်သလို lab ခန်းထောင့်စွန်းလေးမှာ မဟုတ်ဘဲ ကျွန်တော့်ခုတင်
ပေါ်မှာ ဖြစ်နေ၍...
တီရှပ်ပါးလေးအောက်မှ ဗိုက်သားချပ်
ချပ်လျပ်လျပ်တို့မှ နေ၍ ဖုံးကွယ်အပ်
ပါသော သူမ၏ ကိုယ်ပိုင်နေရာများသို့
တိထွေ့မိပါတော့မှ...
"Sorry...ခြူး။ ငါ ငါ တကယ်"
လူချင်း အမြန်ခွါ၍ ခေါင်းငုံ့လျက်တောင်းပန်စကားဆိုသော ကျွန်တော့်
ကို တွေတွေလေးကြည့်ရင်း တိုးဖွဖွရယ်
သည်။
"ခွေးပေါက်လေး...သွား ရေချိုးတော့"
ဟူ၍ ပေါ့ပေါ့ပါးပါး အခြေအနေတစ်ခု
ကိုပြန်လည်ဖန်တီးသည်။
"ငါ တကယ် မရည်ရွယ်ဘဲ"
"ရော်...ငါက နင့် ဘာပြောနေလို့လဲ။ ဖြစ်တတ်တာပဲ။ သွား သွား ရေသာ
သွားချိုး"
ကလေးတစ်ယောက်ကိုချော့မော့သလို
တင်ပါးကို နှစ်ချက်သုံးချက်လောက်
ရိုက်ကာ ရေချိုးဖို့ဆော်သြလေ၏။
တကယ်ဆို ဒီကောင်မလေးအပေါ် သြ
ဇာသြောင်းပြီး ကျွန်တော်ကပဲ ကာကွယ်စောင့်ရှောက်ခဲ့တာမဟုတ်
ဒီကောင်မလေးသည်လည်း ကျွန်တော့်
အတွက် အစ်မတစ်ယောက်လို နားလည်သိတတ်ပေးတာတွေလည်း
ရှိ၏။
သူမပြောတာ မှန်၏။ ဘာပဲပြောပြော
ခဏလောက် ရှောင်လိုက်တော့ စိတ်ထဲ
နည်းနည်းပေါ့ပါးသွားသည်။ ရေချိုး
ခန်းထဲမှ ပြန်ထွက်လာတော့ အခန်းက ထူးထူးဆန်းဆန်းတိတ်ဆိတ်နေ၍ ပြန်
များသွားပြီလားဆိုပြီး လန့်သွားရသေး။
သို့သော် ခုတင်ခြေရင်းတွင်ထိုင်ကာ
စာအုပ်တစ်အုပ်ကိုသေချာစိတ်ဝင်တစားဖတ်နေသည်ကို တွေ့လိုက်ရသည်။
အရင်ကဆို ထိုစာအုပ်ကို တစ်စုံတစ်
ယောက်တွေ့ပါက ခြူး သာဖြစ်နေပါစေ
ဒေါသထွက်လောက်ပေမဲ့ အခုကတော့
ကျွန်တော် အဆင်ပြေသွားပြီလေ။
"ခြူး"
ကျွန်တော့်ခေါ်သံကြားတော့ လှည့်
ကြည့်လာသည်။
မေးခွန်းများဖြစ်လာမည့် သူမနှုတ်ခမ်း
ပါးများကို တစ်ချက်နမ်းမွှေးပြီး
"စပ်စုတယ်နော် အမိ" ဟု စနောက်မိ
သည်။ ဒါကို အတည်ထင်သွားသောသူမက
"ခေတ်...ငါ ငါက လေ အံဆွဲထဲမှာ"
"အင်း ငါ့ဂျာနယ်လေ။ ဘာမှမဖြစ်ပါဘူး ခြူးရ"
"ဒါ ဘယ်သူတွေလဲဟင်။ ရန်ကုန်ကအဘွားငယ်ငယ်တုန်းက ထင်တယ်"
ဓာတ်ပုံများကို ကြည့်ရင်းသူမနားတွင်
ကပ်ထိုင်မိသည်။
တိုက်တိုက်ဆိုင်ဆိုင် သူမလှန်ထားသည်
နှစ်ဖက် အမျိုးဇယား။
ကျွန်တော်ပြုံးမိပြီးမှ...
"ငါ နင့်ကို လက်မလွှတ်ချင်လို့ လုပ်ခဲ့
တာတွေ ပေါ့ ခြူးရယ်..." ဟုဆိုတော့
"အခု ငါနားလည်အောင်ပြောပြလို့ရပြီ
လား" ဟူ၍ မေးလာ၏။
"အင်း...ဒါပေါ့"
နားထောင်ရန်အသင့်ဖြစ်နေသောကောင်မလေးကို ပြုံးပြဖြစ်သည်။ ဘာ
ပဲပြောပြောလေ အနာဂတ် အစီအစဉ်
တွေ ကိုတောင် မခြွင်းမချန်ပြောပြပြီး
ပြီပဲ သူမနဲ့ ဝေးနေစဉ်ကာလအတွင်းက
အဖြစ်အပျက်တို့ကို ဘာလို့မပြောပြနိုင်
ရမည်လဲလေ...
Thank You All