မျှော်လင့်ချက်လေးမပျက်ချင်ပါ...

By call_me_Tylor

422K 33.2K 825

လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်တဲ့ ... မျှော်လင့်ချက်မဲ့သွားရင်ရော ... လူတွေက မျှော်လင့်ချက်နဲ့ အသက်ရ... More

မျှော်လင့်ချက်လေးမပျက်ချင်ပါ(Zawgyi&Unicode)
part 1 (Zawgyi&Unicode)
Part 2 (Zawgyi&Unicode)
Part 3(Zawgyi&Unicode)
Part 4 (Zawgyi&Unicode)
Part 5 (Zawgyi&Unicode)
Part 6 (Zawgyi&Unicode)
Part 7 (Zawgyi&Unicode)
Part 8 (Zawgyi&Unicode)
Part 9(Zawgyi&Unicode)
Part 10 (Zawgyi&Unicode)
Part 11(Zawgyi&Unicode)
Part 12(Zawgyi&Unicode)
Part 13(Zawgyi&Unicode)
Part 14(Zawgyi&Unicode)
Just for knowledge (Zawgyi&Unicode)
Part 15(Zawgyi&Unicode)
Part 16(Zawgyi&Unicode)
Part 17(Zawgyi&Unicode)
Part 18(Zawgyi&Unicode)
Part 19(Zawgyi&Unicode)
Part 20(Zawgyi&Unicode)
Part 21(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Part 22(Zawgyi&Unicode)
Part 23(Zawgyi&Unicode)
Part 24(Zawgyi&Unicode)
Part 25(Zawgyi&Unicode)
Part 26(Zawgyi&Unicode)
Part 27(Zawgyi&Unicode)
Part 28(Zawgyi&Unicode)
Part 29(Zawgyi&Unicode)
Part 30(Zawgyi&Unicode)
Part 31(Zawgyi&Unicode)
Part 32(Zawgyi&Unicode)
Part 34(Zawgyi&Unicode)
Part 35(Zawgyi&Unicode)
Part 36(Zawgyi&Unicode)
Part 37(Zawgyi&Unicode)
Part 38(Zawgyi&Unicode)
Part 39(Zawgyi&Unicode)
Part 40(Zawgyi&Unicode)
Part 41(Zawgyi&Unicode)
Part 42(Zawgyi&Unicode)
Part 43(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Final(Zawgyi&Unicode)
Thank you
Extra 1(Zawgyi&Unicode)
Extra 2(Zawgyi&Unicode)
Just for knowledge(Zawgyi)
Just for knowledge(Unicode)

Part 33(Zawgyi&Unicode)

5.2K 484 9
By call_me_Tylor

[Zawgyi]

















'ဟဲ့ ဘာလုပ်မလို့လဲ'













'ကျေးဇူး'


>>>>>>>>>











'ကိုကို ~~~'



'ခန့်'






'အင်းးး'


'ကိုကို'






'ခန့်'

'အင်း ကိုကို'




__________


To be continue ...

25th April,2020(Sat)
WhiteAster089




[Unicode]

'ဟဲ့ သွေးခန့် နင်တို့ နှစ်ယောက် ဘာဖြစ်ရပြန်တာလဲဟာ ငါပြန်သွားတာမှ ဘာမှ မကြာသေးဘူး ဟိုတစ်ယောက်ကငါ့ကို ဖုန်းဆက်ပြီး ငိုကြီးချက်မနဲ့ ငါတို့ မှားနေပြီလားဟင် ဆိုတာပဲ ပြောနေတယ် ဘာဖြစ်တာလဲ ပြောဦး'

အိမ်ထောင့်က မိသားစုဒန်းလေးပေါ် ငူငူကြီး ထိုင်နေတဲ့ သွေးခန့်ကို သူသူ့ခမျာ ဘေးကနေ ရိုက်ရိုက်ပြီး မေးနေတာတောင် စကားပြန်က မလာ ... အိမ်ပြန်ရောက်ပြီးလို့ ရေမိုးချိုးပြီးတုန်းလေး ရှိသေး မင်းမြတ်က ငိုကာ ဖုန်းဆက်လာတာမလို့ အိမ်မှာ အေးအေးဆေးဆေးတောင် မထိုင်ရသေး သွေးခန့်အိမ်ကို ပြန်ပြေးလာရတာ ... မနက်ကမှ အကောင်းကြီးကို ဘာဖြစ်ကြတာလဲ မသိ ...

'ငါမေးနေတယ်လေ သွေးခန့် နင်ဒီလိုကြီး လုပ်မနေနဲ့လေဟာ နင်ပြောမှ ငါသိမှာလေ ဟိုတစ်ယောက်ကလဲ ဘာမှမေးမရဘူး ငိုပြီး ငါတို့ မှားနေလားဆိုတဲ့ စကားပဲ ထပ်နေတယ်'

'ကိုကို ... ကိုကို အရမ်းငိုနေလားဟင်'

သူသူက အားပါပါနဲ့ သွေးခန့်ပုခုံးကို တစ်ချက်ထပ်ရိုက်ပြီး မင်းမြတ်ငိုနေကြောင်းပြောကာမှ စကားသံ ခပ်တိုးတိုးထွက်လာသည်။

'အေး ဘာဖြစ်ကြတာလဲ မနက်ကမှ အကောင်းကြီးလေ ရုတ်တရက်ကြီး မင်းမြတ်က ငိုကြီးချက်မနဲ့ ငါဆီဖုန်းဆက်ရအောင် ဘာပြဿနာ ဖြစ်သွားလို့လဲ'

'ငါလေ ငါ ... ကိုကိုမပြန်ခင်က ဟိုဘက်ခြံက ဆရာမကို တူတူသွားနှုတ်ဆက်ကြတာ အဲ့မှာ ဆရာမရဲ့ တူလေးကို တွေ့ပြီး ငါလဲ ဒီလိုသားလေးတစ်ယောက်လောက် လိုချင်တယ်လို့ ပြောလိုက်တာ ကိုကို အရမ်းစိတ်မကောင်းဖြစ်သွားတယ် ထင်တယ် ငါမရည်ရွယ်ပါဘူးဟာ ဒီတိုင်းပဲ ပြောလိုက်တာ ... ကိုကို သူ ... ငါလေ'

သွေးခန့်က ပြောနေရင်း စကားတို့က ရှေ့မဆက်နိုင်ပဲ နင့်နေတဲ့ အသံတွေနဲ့ စကားတို့က အစီစဉ်မကျတော့ ... တကယ်ကို ချစ်တတ်သွားရင် ကယ်လို့ကို မရတော့ပါလား ... ဖြစ်စဉ်ကို သေချာနားလည်သဘောပေါက်သွားတော့ သူသူ သက်ပြင်းချမိသည်။

'ငါ့အနေနဲ့ ဘေးလူဆိုတော့ ဘာမှတော့ မပြောချင်ဘူး ပြီးတော့ ဒီကိစ္စမှာ နင်လဲ မမှားသလို မင်းမြတ်လဲ မမှားဘူး ... ဒီတိုင်းနားလည်မှု လွဲသွားတာ သူက နင့်ကို အရမ်းချစ်တာဟ နင့်လိုတွေ ချစ်တာကို အမြဲလိုလိုထုတ်မပြရင်သာနေမယ် သူအရမ်းချစ်တာ ... ပြီးတော့ သူငိုတယ်ဆိုတာ သူနဲ့ သူငယ်ချင်းဖြစ်ကတည်းက ခုထိ ငါမကြုံဖူးသေးဘူး'

'ငါ ဘယ်လိုလုပ်ရမလဲ ပြောဦး သူသူရာ ကိုကိုနဲ့ ပတ်သတ်ရင် ငါတကယ် ကူကယ်ရာမဲ့ဟ ကိုကို မရှိရင် ကိုကို မဟုတ်ရင် ငါတကယ်မဖြစ်ဘူး ကိုကို ငါ့ကို မထားခဲ့ဘူးမလားဟင်'

'တော်စမ်း သွေးခန့်ရာ တစ်ခုခုကိုဆို သွေးပူတတ်ပြီး ပျာနေတဲ့ အကျင့်ကို ဖျောက်စမ်းဟာ ... ငါသိတယ် နင့်အကြောင်းကို ... နင် ပြူးပျာနေလို့ ခုလိုကိစ္စက ဟိုက ငိုကြီးချက်မဖြစ်တဲ့ အထိဖြစ်ကုန်တာ ... နင် အစကတည်းက သေချာရအောင် ဆွဲထားပြီး ရှင်းပြရင် ဒီလောက်ထိ နှစ်ယောက်လုံး ဖြစ်နေစရာမရှိဘူး'

'ကိုကိုနဲ့ ကိုကိုတစ်ယောက်ထဲနဲ့ပဲ ငါဒီလိုဖြစ်နေတာပါ'

ဒီလင်မယားနဲ့တော့ !!! လို့ တစ်ခွန်းထဲသာ သူသူ စိတ်ထဲကနေ အော်ပြောမိတော့သည်။ ရည်းစားလေး ပူပူနွေးနွေးရထားလို့ ro ရမယ် မကြံသေး သောက် rs တွေကြား အရင် ပြဿနာလာရှင်းပေးနေရတယ် ... ဟန်ဝင့်သူလေး ခမျာ poor သူသူလေး လို့သာ နှလုံးသွင်းရတော့သည်။

'အဲ့တော့ အခုဘယ်လိုလုပ်မယ် စဉ်းစားထားလဲ မင်းမြတ်ကို နားလည်အောင် သေချာချော့လိုက်ဟာ ငါပြောပြမယ် သွေးခန့်က မင်းမြတ်က နင့်ကို အရမ်းချစ်တာ သူဒီလိုဖြစ်နေတာဆိုတာ နင်နဲ့မှ ပထမဆုံး ထုတ်မပြတတ်ပေမယ့် နင့်ကို သူအရမ်းချစ်တာ နင်ကပိုသည်းခံပေးဟာ ထုတ်မပြောပေမယ့် သူချစ်တယ်ဆိုတာ နင်လဲ သိမှာပါ'

'သူသူ နင်ငါ့ကို တစ်ခုကူညီ'

ပြောတာကို ငြိမ်နားထောင်နေတဲ့ သွေးခန့်က အကူအညီတောင်းလာတာမလို့ သူသူက မေးဆတ်ပြလိုက်တော့ ခဏဆိုတဲ့ ပုံစံနဲ့ လက်ကာပြကာအိမ်ထဲဝင်သွားသည်။ ပြန်ထွက်လာတော့ လက်ထဲမှာ Video camera လေး တစ်လုံးနဲ့ ဂစ်တာ တစ်လက်ပါလာသည်။

'ဟဲ့ ဘာလုပ်မလို့လဲ'

'ငါ့ နွေဦးလေးကို သီချင်းဆိုပြပြီး ပြန်ချော့ချင်လို့ ငါသွားတွေ့လဲ ကိုကို့ ကို မြင်ရင် ငါဘာပြောရမှန်းသိမှာ မဟုတ်ဘူး'

'အဲ့တာ သူ့ဆီ နင်သီချင်းဆိုပြတဲ့ video သွားပို့ပေးရမှာလား'

'အင်း အခုတော့ ငါ့ကို camera နဲ့ သေချာချိန်ရိုက်ပေး'

ပြောပြီးတော့ camera ကို သူသူ့လက်ထဲ ထည့်ပေးလာတာမလို့ camera လေးကို ဖွင့်ပြီး သွေးခန့်ရှေ့မှာ ရပ်ကာ သေချာချိန်ထားရသည်။ သွေးခန့်က ဘေးမှာ ချထားတဲ့ ဂစ်တာကို ကောက်ကိုင်ပြီး ဒန်းပေါ်မှာဟထိုင်ကာ ဂစ်တာကြိုးလေးတွေကို အသာအယာ တီးခတ်လာသည်။

🎼လေပြည်ညင်းတွေ တိုက်ခတ်မှ သာယာပါတယ် ချစ်သူအပြုံး ... အချိန်တိုင်းမှာ အနားရှိမှ ပျော်ရွှင်ပါတယ် ချစ်သူအပြုံး ...🎼

သွေးခန့်ရဲ့ ရှည်သွယ်သွယ်လက်ချောင်းလေးတွေက ဂစ်တာကြိုးလေးပေါ် ထိခတ်ရင်း သီချင်းလေးတစ်ပုဒ်ကို စတင်ပြီးဆိုလာသည်။ သူသူ ကိုင်ထားတဲ့ camera ကို ကြည့်နေတာမျိုးမဟုတ်ပဲ ဂစ်တာတီး မျက်လုံးတို့ကို အသာမှိတ်ပြီး mood အပြည့်နဲ့ ဆိုနေတာ ...

🎼အိမ်မက်ထဲက ထုတ်လို့မရ ကြင်နာသူရေ မင်းမျက်ဝန်း ... ဘယ်လိုမှကို မေ့လို့မရ ကြင်နာသူရေ မင်းမျက်ဝန်း ... တစ်ယောက်ထဲသာ မင်းတစ်ယောက်ထဲကို ချစ်တာ ... တစ်ယောက်ထဲသာ မင်းတစ်ယောက်ထဲ မြတ်နိုးတာ ... မင်းတစ်ယောက်သာ ငါ့ဘဝမှာ အလိုချင်ဆုံး ... အို ... မင်းတစ်ယောက်သာ ငါ့ဘဝရဲ့ အလိုအပ်ဆုံး ...🎼

'ကိုကို ... ကိုယ် မနက်က ပြောလိုက်တဲ့ စကားကြောင့် ကိုကို စိတ်မကောင်းဖြစ်သွားတာ သိပါတယ် ... ကိုယ် တမင်ရည်ရွယ်တာ မဟုတ်ဘူးဆိုတာတော့ ကိုကို ယုံပေးပါနော် ... ကိုကို့ ကို ကိုယ် သိပ်ချစ်တာ သိတယ်မလားဟင် ... အခု ကိုယ်ဆိုပြတဲ့ သီချင်းထဲကလိုပဲ ကိုယ်က ကိုကို့ ကိုပဲလိုအပ်တာ ... ကိုယ့်ရဲ့ အလင်းလေးဖြစ်တဲ့ နွေဦးငယ်လေးကိုပဲ လိုအပ်တာပါဗျာ ... ကိုယ့်ကို ခွင့်လွှတ်ပေးပါနော် ကိုကို ... သူသူက ပြောတယ် သိလား မနက်ကတည်းက ကိုယ်သာ ပျာယာခပ်မနေပဲ သေချာပြောပြရင် ကိုကို ငိုရမှာ မဟုတ်ဘူးတဲ့ ... ဘယ်လိုလုပ်မလဲ ကိုကို ... ဒီကကောင်က ကိုကို မျက်နှာပျက်ရင်ကို ကမ္ဘာပျက်နေတာ ... မနက်က စကားအတွက် ကိုယ်နောင်တ အရမ်းရနေပြီမလို့ မငိုပါနဲ့ ကိုကိုရယ်နော် မငိုပါနဲ့ဗျာ ... ကိုကို့ မျက်ရည်တွေက တန်ဖိုးရှိတယ် ဆိုတာ ကိုကို မသိတာလား ... တကယ်လို့ ကိုကို ဒီ video ကို ကြည့်ပြီးရင် ကိုယ့်ကို ဖုန်းဆက်ပေးနော် ... ကိုယ်မျှော်နေမှာ ... ကိုကို့ ကို လာတွေ့ချင်ပေမယ့် ကိုကို့ မျက်ရည်တွေဖြစ်ဖြစ် ကိုကိုငိုထားတဲ့ ပုံစံဖြစ်ဖြစ် ကိုယ်မကြည့်နိုင်သေးလို့ပါ ... ကိုကို ဖုန်းမဆက်မချင်း ကိုယ် စောင့်နေမှာ'

ဂစ်တာတီး သီချင်းဆိုရင်း သီချင်းအဆုံးထိ ဆိုတာမျိုးမဟုတ်ပဲ တစ်ဝက်တစ်ပျက်သာဆိုပြီးတော့ သွေးခန့်က ရှည်လျားလှတဲ့ စကားတို့ကို ပြောပြီးမှ Video က အဆုံးသတ်တယ် ... သူသူလဲ ရှေ့က ခံစားနေရတဲ့ သွေးခန့်နဲ့ ကျန်ခဲ့တဲ့ အချိန်အနည်းငယ်လောက်က ဖုန်းဆက်ပြီး ငိုနေခဲ့တဲ့ သူငယ်ချင်းဖြစ်သူကို ကြည့်ပြီး ခုလိုကျတော့လဲ စိတ်မကောင်း ... ဘေးက ကြည့်ရင် ပြဿနာက ကြီးကြီးမားမား မဟုတ်ပေမယ့် ဒီလို relationship နဲ့ ယောက်ျားနှစ်ယောက်အတွက်ကတော့ ကြီးမားသည်လေ ...

'ငါ Camera ယူသွားပြီး မင်းမြတ်ကို ပြရမှာလား'

'အင်း ယူသွားလေ ငါသတ်သတ် ကူးမပေးတော့ဘူး save ပြီးပြီလား'

'အင်း ပြီးပြီ အဲ့တာဆို ငါသွားတော့မယ် မင်းမြတ်အိမ် ဝင်ရမှာဆိုတော့'

'ကျေးဇူး'

မျက်နှာငယ်လေးနဲ့ ကျေးဇူးတင်စကားပြောလာတော့ သူသူလဲ အဆင်ပြေကြောင်း ပုခုံးကိုသာ ပုတ်ပြီး နှစ်သိမ့်ရတယ် ... ချစ်ရဲ့သားနဲ့ နားလည်မှု လွဲနေကြတာကြောင့် အကျိုးတော်ဆောင်လေး ဟန်ဝင့်သူခမျာ ရည်းစားလေးနဲ့တောင် မ ro နိုင်ရှာသေးပဲ မင်းမြတ်နေအိမ်ကို ကြွလှမ်းရပါဦးမယ် ...

>>>>>>>>>

'မင်းမြတ် ထစမ်း အမလေး ဘယ်လိုဖြစ်လို့ အိပ်ယာထဲခွေခေါက်နေတာတုန်း လင်ပူမိနေတာ နင်မှအစစ် ထစမ်းဟယ်'

'ဟဲ့ သူသူ မိန်းကလးဖြစ်ပြီး ဘယ်လိုဖြစ်လို့ ငါ့အခန်းထဲ ဝင်လာတာလဲ ထွက် အပြင်မှာ စကားပြောလို့ရတယ်'

'သေချင်းဆိုးရယ် တယ်လေ ငါဆဲထည့်လိုက်ရ ဟိုမှာ နင့်အခန်းတံခါးကြီး ပြူးပြဲနေအောင် ဖွင့်ထားတယ် အပြင်မှာ အန်တီတို့လဲရှိတယ် ငါပြောပြီးမှ ဝင်လာတာ နင့်အခန်း တံခါးလဲခေါက်တယ် နင်မှဖွင့်မပေးတာ အဲ့တော့ ငါဝင်လာတာလေ ... ပြောရတာ မောတာဟာ ရော့ ယူစမ်း'

တရှည်တလျားစကားတွေ ပြောပြီး မောသွားတဲ့ ပုံစံလုပ်ပြီး ပါလာတဲ့ အိတ်ထဲက camera ကိုလုပ်ကာ လက်ထဲထည့်ပေးလာတဲ့ သူသူ့ကို ကြောင်ကြည့်မိသည်။

'ကြည့်မနေနဲ့ နင့်လင်ပေးလိုက်တာ ဖွင့်ကြည့်လိုက်'

'သူသူရာ နင့်လင် နင့်လင်နဲ့ ကြားရတာ နားထဲလန့်လန့်ကြီးဟာ မိန်းကလေးဖြစ်ပြီး ယဉ်ယဉ်ကျေးကျေးပြောစမ်းပါ ပြီးတော့ တိုးတိုးပြော မေမေတို့ ကြားသွားမယ်'

'အန်တီနဲ့ ဦးလေးက ခြံထဲမှာ လမ်းလျှောက်နေတယ်'

မင်းမြတ်လဲ လက်ထဲက Video camera လေးကို ဖွင့်ကြည့်လိုက်တော့ သွေးခန့်ရဲ့ video လေးကို တွေ့ရသည်။ အစပိုင်းမှာ သီချင်းဆိုထားပြီး နောက်ပိုင်းမှာ ရှည်ရှည်လျားလျား စကားပြောထားတာကို နားထောင်ရင်း မျက်ရည်ဝဲလာရသည်။ ခန့်ကို စိတ်ဆိုးတာမျိုးမဟုတ်ပဲ မင်းမြတ်က ခန့် လိုချင်တဲ့ သားလေးကို မဖန်တီးပေးနိုင်တဲ့ သူဖြစ်နေတာကြောင့် စိတ်မကောင်းဖြစ်သွားရုံ ... မနက်ကလဲ ရုတ်တရက်ဆိုတော့ ဘာမှ ဆက်မပြောနိုင်တော့တာကြောင့် မြန်မြန်ထွက်လာခဲ့ခြင်း ... အိမ်ပြန်ရောက်ကာမှ သူသူ့ဆီ ဖုန်းဆက်ကာ တင်းခံထားသမျှတွေ လွှတ်ချလိုက်မိတာ ...

'ဖုန်းဆက်ခိုင်းထားတယ်မလား မင်းမြတ် ငါပြန်တော့မယ် သွေးခန့်က နင့်ကို အရမ်းချစ်တယ်ဆိုတာ ဘေးလူဖြစ်တဲ့ ငါတို့ထက် နင်ပိုသိတယ်မလား ခုလည်း သူတမင်ပြောတာမဟုတ်ဘူးဆိုတာ နင်သိပါတယ် အေးဆေးသူနဲ့ စကားပြောလိုက်ဦး'

ပြောစရာရှိတာပြောပြီး အခန်းထဲက ထွက်သွားတဲ့ သူသူ့ကိုသာ မင်းမြတ် မျက်စိတဆုံးသာ လိုက်ကြည့်သည်။ မျက်စိထဲက ပျောက်သွားမှာ လက်ထဲမှာရှိတဲ့ Camera ထဲက video လေးကို နောက်တစ်ခေါက်ပြန်ကြည့်မိသည်။ မျက်ရည်တွေ ရစ်ဝိုင်းပြီး ကြေကြေကွဲကွဲပြောနေသူကို မြင်ရတာ မင်းမြတ်လဲ တကယ် နာကျင်ရသည်။ ကိုယ့်မျက်ရည်တွေက ခန့်အတွက် တန်ဖိုးရှိတယ်ဆိုရင် ချစ်ရသူရဲ့ မှိုင်းညို့ညို့မျက်ဝန်းတို့ကလဲ မင်းမြတ်အတွက် အဆုံးစွန်ထိ တန်ဖိုးထားစရာ ... မင်းမြတ်လဲ ချစ်ရသူကို ထပ်ပြီး အချိန်ကြာကြာ မနာကျင်စေချင်တာကြောင့် အိပ်ယာဘေးမှာ ချထားတဲ့ ဖုန်းကို မြန်ြမန်ကောက်ကိုင်လိုက်သည်။

'ကိုကို ~~~'

မင်းမြတ်က ဖုန်းခေါ်ပြီး အသံတစ်ချက်ပဲ မြည်တုန်းရှိသေး တစ်ဖက်က ခန့်က ချက်ချင်းဖုန်းကိုင်ကာ ကိုကို ဆိုပြီး နင့်နင့်နဲနဲ ခေါ်သံကြောင့် မင်းမြတ် လျှာသပ်လိုက်မိတယ် ... ကြည့်ရတာ သူခေါ်မယ့် ဖုန်းကို စောင့်နေပုံပေါ်ပါသည်။ ဘယ်လိုတောင်ခံစားနေရလို့ ဒီလို အသံဖြစ်ရတဲ့ အထိလဲ ခန့်ရာ လို့သာ တွေးမိတော့သည်။

'ကိုကို ကိုယ့်ကို စိတ်ဆိုးပြေပြီလားဟင်'

'ခန့်'

'ဟင် ဟင် ကိုကို ကိုယ်နားထောင်နေတယ် ကိုကို ကိုယ့်ကို စိတ်မဆိုးတော့လို့ ဖုန်းဆက်တာမလားဟင် ... ကိုယ့်ကို မထားခဲ့ရဘူးနော် ကိုယ်လေ ကိုယ် သေမှာသိလား'

'ခန့် ကိုကိုပြောတာ နားထောင်ပါဦးခန့်ရာ မဟုတ်တာတွေ မတွေးရဘူးလေနော် ကိုကို စိတ်မဆိုးဘူး ကိုကိုက ရုတ်တရက်ဆိုတော့ ပြီးတော့ ခန့်လိုချင်တာကို ကိုကို မဖန်တီးပေးနိုင်တော့ ...'

ပြောနေရင်း မင်းမြတ် ငိုချင်လာသည်။ ဒါပေမယ့်ငိုလို့က မဖြစ် ... တစ်ဖက်က ခန့်ကို ပိုနာကျင်သွားစေမှာမလိုလား ... မင်းမြတ် ပြောနေတာကိုလဲ ခန့်က ဘာမှမပြောပဲ လေလှိုင်းတစ်ဖက်ကနေ ငြိမ်ပြီး နားထောင်နေသည်။

'ကိုကို့ ကိုပဲ လိုတာလို့ ... ယုံပေးမယ်မလား ကိုကို ... အရမ်းချစ်တာမသိဘူးလားဗျာ ... ကိုကို့ ကိုပဲ လိုအပ်တယ်ဆိုတာသိအောင် ကိုယ် ပိုချစ်ပေးရမလားဟင် ဘယ်လောက်ထိချစ်ပေးရမလဲ'

'ခန့်ရာ ကိုကိုသိပါတယ် ခန့် မရည်ရွယ်ပဲ ပြောတယ်ဆိုတာကိုလဲ ကိုကိုသိတယ်နော်'

'အင်းးး'

ချစ်ရသူ အသံ လေးလေးပင်ပင် နင့်နေတဲ့ အသံက မင်းမြတ်ရဲ့ ရင်ထဲကို ကျင်တက်စေပါတယ် ... နောက်မှ အေးဆေး ကျေနပ်အောင် ထပ်ချော့မယ်လို့ပဲ တွေးထားလိုက်တော့သည်။

'ကိုကို'

'ပြောလေ ခန့် ကိုကိုရှိတယ်'

နှစ်ယောက်လုံး ဆက်သွယ်မှုရဲ့ တစ်ဖက်စီမှာ ဘာမှဆက်မပြောပဲ ငြိမ်နေတုန်း ခန့်က မင်းမြတ်ကို ခေါ်လာတာ မလို့ ထူးမိသည်။

'နွေဦးငယ်က ကိုယ့်အပိုင်နော် ကိုယ့်ကို ထားသွားလို့မရဘူး'

'ကိုကို့ ကို ခန့်ပိုင်သလို ခန့်ကိုလဲ ကိုကို ပိုင်တာ'

မင်းမြတ်ရဲ့ ဖြေသံအဆုံးမှာ ချစ်ရသူက သဘောတကျဖြစ်သွားပုံပါပဲ ... ရယ်သံသဲ့သဲ့ရဲ့ တိုးရှရှအသံကို ကြားရတာကပါ မင်းမြတ်ကို ရင်ခုန်စေပါတယ် ... ခုလိုကျတော့လဲ လွန်ခဲ့တဲ့အချိန်တွေက နှစ်ယောက်လုံး နာကျင်ခဲ့ရတာ ဘာမှ မဟုတ်တော့သလို ...

'ခန့်'

'အင်း ကိုကို'

'ခုနကလေ ဘယ်လောက်ထိ ချစ်ပေးရမလဲလို့ ကိုကို့ ကိုမေးတယ်မလား ကိုကိုပြောချင်တာက ခန့်ချစ်နိုင်တာထက် ပိုပြီး ကိုကို့ ကိုပဲ အမြဲချစ်ပေး'

'ဒီကကောင်က ကိုကို မပြောလဲ ချစ်ပြီးသား ကိုကို အဲ့တာတော့ ကိုကို အကြွင်းမဲ့ယုံပေး'

ဒီလိုပါပဲ ချစ်သူနှစ်ယောက်ကြားမှာ နားလည်မှုလွဲတယ်ဆိုရင်တောင် ခဏတာပါပဲ ... ချစ်တတ်ကြရင် အရာရာ နားလည်ပေးနိုင်သူချည်း ...

__________

နေ့ရက်တွေတိုင်းမှာ ပိုတိုးလို့ မြတ်နိုးလေပါပဲ ...

To be continue ...

25th April,2020(Sat)
WhiteAster089

Continue Reading

You'll Also Like

112K 5.3K 42
ငယ်ငယ်ကတည်းက ရင့်ကျက်ပြီး အတန်းခေါင်းဆောင်အမြဲလုပ်ရတဲ့ ကောင်လေး ကျော်နေမင်း ခြူခြာလွန်းလို့ ကျော်နေမင်းက ပိုးဟပ်ဖြူလို့ နာမည်ပေးခံရတဲ့ ကောင်မလေး နေခြ...
601K 2.3K 63
lesbian oneshots !! includes smut and fluff, chapters near the beginning are AWFUL. enjoy!
7.4M 205K 22
It's not everyday that you get asked by a multi-billionaire man to marry his son. One day when Abrielle Caldwell was having the worst day of her life...
39K 1.1K 12
"ကိုယ်မင်းကိုချစ်လို့ ဂုဏ် ကျမယ် ဆင်းရဲမယ် အနှိမ်ခံရမယ် ဆိုရင်တောင်ဂရုစိုက်နေမယ်ထင်လား ကိုယ် မင်းကိုချစ်မိတာဟာအမှား ဆိုရင်တောင် ကိုယ်ဆက်မြတ်နိုးမိမှ...