မျှော်လင့်ချက်လေးမပျက်ချင်ပါ...

By call_me_Tylor

422K 33.2K 825

လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်တဲ့ ... မျှော်လင့်ချက်မဲ့သွားရင်ရော ... လူေတြက ေမွ်ာ္လင့္ခ်က္နဲ႔ အသက္ရ... More

ေမွ်ာ္လင့္ခ်က္ေလးမပ်က္ခ်င္ပါ(Zawgyi&Unicode)
part 1 (Zawgyi&Unicode)
Part 2 (Zawgyi&Unicode)
Part 3(Zawgyi&Unicode)
Part 4 (Zawgyi&Unicode)
Part 5 (Zawgyi&Unicode)
Part 6 (Zawgyi&Unicode)
Part 7 (Zawgyi&Unicode)
Part 8 (Zawgyi&Unicode)
Part 9(Zawgyi&Unicode)
Part 10 (Zawgyi&Unicode)
Part 11(Zawgyi&Unicode)
Part 12(Zawgyi&Unicode)
Part 13(Zawgyi&Unicode)
Part 14(Zawgyi&Unicode)
Just for knowledge (Zawgyi&Unicode)
Part 15(Zawgyi&Unicode)
Part 16(Zawgyi&Unicode)
Part 17(Zawgyi&Unicode)
Part 18(Zawgyi&Unicode)
Part 19(Zawgyi&Unicode)
Part 20(Zawgyi&Unicode)
Part 21(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Part 22(Zawgyi&Unicode)
Part 23(Zawgyi&Unicode)
Part 24(Zawgyi&Unicode)
Part 25(Zawgyi&Unicode)
Part 26(Zawgyi&Unicode)
Part 27(Zawgyi&Unicode)
Part 28(Zawgyi&Unicode)
Part 29(Zawgyi&Unicode)
Part 30(Zawgyi&Unicode)
Part 32(Zawgyi&Unicode)
Part 33(Zawgyi&Unicode)
Part 34(Zawgyi&Unicode)
Part 35(Zawgyi&Unicode)
Part 36(Zawgyi&Unicode)
Part 37(Zawgyi&Unicode)
Part 38(Zawgyi&Unicode)
Part 39(Zawgyi&Unicode)
Part 40(Zawgyi&Unicode)
Part 41(Zawgyi&Unicode)
Part 42(Zawgyi&Unicode)
Part 43(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Final(Zawgyi&Unicode)
Thank you
Extra 1(Zawgyi&Unicode)
Extra 2(Zawgyi&Unicode)
Just for knowledge(Zawgyi)
Just for knowledge(Unicode)

Part 31(Zawgyi&Unicode)

5.7K 515 5
By call_me_Tylor

[Zawgyi]

အၿမဲတေစ သူငယ္ခ်င္း အေပါင္းအသင္းနဲ႔ အခ်ိန္ကုန္ရျခင္းက အခ်ိန္နာရီတို႔ကို ေမ့ေစသည္။ အခုလည္း တစ္ဖြဲ႕လံုး ဘာလုပ္လို႔ လုပ္ေနၾကမွန္းလဲ မသိ ... ေသြးခန္႔ ေမေမ ခ်က္ေကြၽးတာေတြ တၿဖဲနၿဖဲ စားလိုက္ေသာက္လိုက္နဲ႔ ... စားၿပီး ေသာက္ၿပီး ၾကေတာ့လဲ အိမ္ေအာက္ထပ္တစ္ထပ္လံုး အပိုင္စီးထားသလား ေအာက္ေမ့ရသည္။ လူေလး ေျခာက္ေယာက္ထဲနဲ႔ကို ဘာလုပ္လို႔ လုပ္ေနမွန္း မသိရေအာင္ ရႈပ္ရွက္ခပ္ေနသည္။ ဒါနဲ႔တင္ ညေနငါးနာရီခြဲ အခ်ိန္ကိုပင္ ေရာက္လာၿပီျဖစ္သည္။ ေႏြရာသီ ျဖစ္ေနေသာ္လဲ ေမၿမိဳ႕ရဲ႕ ထံုးစံအတိုင္း မနက္ခင္းအေစာပိုင္းနဲ႔ ညေနခင္းပိုင္းကေတာ့ ေလေအးႏုႏုတို႔က ညႇင္းသြဲ႕သြဲ႕ တိုက္ခတ္တတ္ဆဲ ... သို႔ေသာ္ ယေန႔ရဲ႕ ညေနပိုင္းကေတာ့ ပံုမွန္ထက္ပိုကာ ေလထန္ေနသည္။ ေလအရမ္းတိုက္ေနေတာေၾကာင့္ မင္းျမတ္တို႔ ငါးေယာက္က ေသြးခန္႔အိမ္ကေန ကိုယ္စီအိမ္ကို ျပန္ဖို႔ အခက္အခဲက ရွိေနသည္။ လမ္းရွင္းေနမယ္ဆိုတာ သိေပမယ့္ တိုက္ခတ္ေနတဲ့ ေလနႈန္းနဲ႔ ေကာင္းကင္ယံက မိုးသားတလိပ္လိပ္တက္လာတဲ့ အေနအထားနဲ႔ပါဆိုရင္ မၾကာခင္ မိုး႐ြာေတာ့မည္။ ေလတိုက္နႈန္း ၿငိမ္နိုး ၿငိမ္နိုးနဲ႔ ေစာင့္ေနရင္းပင္ မိုးက သည္းထန္စြာ ႐ြာခ်လာသည္။ ေမၿမိဳ႕မိုးရဲ႕ ထံုးစံ မိုး႐ြာၿပီဆိုလွ်င္ အရွိန္ပါတတ္ၿပီး ဝန္းက်င္ တစ္ခြင္ပါ နဂိုရွိရင္းထက္ ေမွာက္မိုက္လို႔သြားသည္။

'ဟဲ့ ငါတို႔ ဘယ္လို ျပန္ၾကမလဲ မိုး႐ြာမယ္ဆိုတာလဲ မသိေတာ့ မိုးကာလဲ မပါဘူးဟ မိုးက တိတ္ေရာ တိတ္ပါ့မလား'

'ခဏေစာင့္ၾကည့္ၾကမယ္ေလ အရမ္း႐ြာေနတယ္ဆိုလဲ မတိတ္ေတာ့ရင္ ငါကားနဲ႔ အကုန္လံုးကို ျပန္လိုက္ပို႔မယ္ ဆိုင္ကယ္ေတြကေတာ့ ေနာက္မွျပန္လာယူလို႔ ရတာပဲကို'

'မိုးက အရမ္းသည္းေနတာ ကားနဲ႔ ဆိုရင္ေတာင္ အႏၲရာယ္မ်ားေလာက္တယ္ ခန္႔ရ'

မိုးသည္းထန္ၿပီး ေမွာင္ေနၿပီ မလို႔ ေသြးခန္႔ လိုက္ပို႔မယ္ဆိုရင္ေတာင္ ေသြးခန္႔ အတြက္ အျပန္လမ္းက အႏၲရာယ္မ်ားတာေၾကာင့္ မင္းျမတ္ စိတ္ပူသည္။ လမ္းမႀကီးေတြထက္ လမ္းသြယ္ေတြ ေပါတဲ့ ေမၿမိဳ႕က မိုး႐ြာေနၿပီး အံု႔မွိုင္းေနတဲ့ အခ်ိန္က သြားရလာရ အႏၲရာယ္ အမ်ားဆံုးပင္ ...

'အဲ့တာဆို ဘယ္လို လုပ္မွာလဲ ကုိကို ရယ္ ကိုကိုတို႔ ကိုယ့္ အိမ္မွာ အိပ္မလား အဲ့တာဆို'

'အိပ္တာက ဟုတ္တယ္ ခန္႔ရ ဒါေပမယ့္ သူသူက မိန္းကေလးဆိုေတာ့ အဆင္ေျပပါ့မလား ငါတို႔က ေယာက္်ားေလးေတြ ဆိုေတာ့ ဘာမွမျဖစ္ဘူး အိမ္ကို ဖုန္းဆက္ရံုပဲ'

'ဟုတ္တယ္ ငါတို႔က ျပႆနာ မရွိဘူး သူသူ႔ အတြက္က အဆင္မေျပျဖစ္ေနလိမ့္မယ္'

ေလအရမ္းတိုက္ၿပီး မိုးအလြန္သည္းေနတာေၾကာင့္ ေသြးခန္႔ ေျပာသလို ေသြးခန္႔ရဲ႕ အိမ္မွာအိပ္လိုက္ၾကဖို႔က ဟုတ္ေပမယ့္ မိန္းကေလး ျဖစ္ေနတဲ့ သူသူ႔ အတြက္က မသင့္ေလ်ာ္တာေၾကာင့္ မင္းျမတ္ ေမးမိေတာ့ ေဘးက ေဇယ်ာကလဲ ေထာက္ခံသည္။ ကိုစိုင္းတို႔ ေဖယံတို႔ကလဲ ဝင္မေျပာေပမယ့္ ေခါင္းတညိမ့္ညိမ့္ ...

'ငါ့အိမ္ကို ဖုန္းဆက္လိုက္ပါ့မယ္ မင္းျမတ္ေျပာသလို အႏၲရာယ္မ်ားတယ္ဟ နင္လိုက္ပို႔ဖို႔က ၿပီးေတာ့ အန္တီလဲ ရွိေနတာပဲကို'

'ေအး ဆက္လိုက္ေလ သူသူ ငါလဲ အဲ့အေတြးနဲ႔ ေျပာတာပါ နင္အိမ္မျပန္ရင္ေတာင္ ငါ့ ေမေမ နဲ႔ အတူ အိပ္လို႔ရပါတယ္'

ဒီလိုနဲ႔ သူသူကလဲ သူ႔အိမ္ကို ဖုန္းဆက္ေတာ့ သူသူ႔အိမ္က ေယာက္်ားေလးေတြ မ်ားတာမလို႔ စိတ္ပူေနၾကေပမယ့္ သူငယ္ခ်င္းေယာက္်ားေလးေတြရဲ႕ စိတ္ဓာတ္ကို သိေနၾကတာက တစ္ေၾကာင္း ေနမယ့္အိမ္မွာ လူႀကီးျဖစ္တဲ့ ေသြးခန္႔ ေမေမ ရွိေနတာကတစ္ေၾကာင္း မိုး႐ြာေနလို႔ အႏၲရာယ္ မ်ားေနတာက တေၾကာင္းေၾကာင့္ ခြင့္ျပဳေပးၾကေတာ့ အကုန္လံုး စိတ္ေအးရသည္။ သူသူလဲ အဆင္ေျပသြားၾကၿပီဆိုေတာ့ က်န္တဲ့ မင္းျမတ္တို႔လဲ ကိုယ္စီ ကိုယ္စီ အိမ္ေတြကို မိုးေတြ ေလေတြတိုက္ေနတာေၾကာင့္ ျပန္မလာျဖစ္ေၾကာင္း ဖုန္းဆက္ေျပာရေတာ့သည္။ မင္းျမတ္ရဲ႕ အိမ္ကလဲ အႏၲရာယ္မ်ားလို႔ ျဖစ္နိုင္ရင္ အိမ္ျပန္မလာေသးဖို႔ ဖုန္းဆက္မလို႔ ရွိေသး မင္းျမတ္ ဖုန္းဆက္လိုက္တာေၾကာင့္ အေတာ္ျဖစ္သြားသည္ ေျပာရမည္။

'အကုန္ အဆင္ေျပသြားၿပီဆိုေတာ့ ငါ့အိမ္မွာ ေအးေဆးပဲ ေနၾက အားနာမေနနဲ႔ သူသူက ညက်ရင္ ေမနဲ႔ အိပ္လို႔ရတယ္ ၿပီးေတာ့ က်န္တဲ့ သူေတြ အတြက္ကလဲ အခန္းပိုရွိတယ္'

'ေအးပါ အန္တီ့ကို ေျပာလိုက္ဦးေနာ္ ငါ အားနာလို႔'

'ရပါတယ္ သမီးရယ္ အားမနာနဲ႔ ညအိပ္ခါနီးရင္ အန္တီနဲ႔ လာအိပ္ သားေတြက ေယာက္်ားေလးေတြဆိုေတာ့ သူတို႔ အဆင္ေျပသလို အိပ္ၾကလိမ့္မယ္'

ေသြးခန္႔နဲ႔ သူသူတို႔ ေျပာေနၾကရင္း ေသြးခန္႔ ေမေမက ေလွကားေပၚက ဆင္းလာရင္း လွမ္းေျပာလိုက္တာေၾကာင့္ အကုန္အဆင္ေျပသြားေတာ့သည္။

'ဘာလိုလိုနဲ႔ ေျခာက္နာရီေတာင္ ခြဲေနၿပီ ထမင္းစားၾကေတာ့ မလား အန္တီက ကေလးေတြကို ထမင္းေကြၽးၿပီးမွ ျပန္လႊတ္မယ္ဆိုၿပီး ထမင္းဟင္းေတြ အပိုခ်က္ထားလိုက္တာ အေတာ္ျဖစ္သြားၿပီ'

'ဟုတ္ စားေတာ့မယ္ !!!'

ေသြးခန္႔ေမေမရဲ႕ စကားအဆံုးမွာ တညီတည္းထြက္လာတဲ့ ေျခာက္ေယာက္ေလးရဲ႕ အသံက ဗိုက္ဆာေနတုန္း ထမင္းစားရေတာ့မယ့္ ကေလးေတြလို ... ေသြးခန္႔ေမေမကလဲ ၿပံဳးရင္း မီးဖိုေခ်ာင္ထဲ ဝင္သြားတာေၾကာင့္ တစ္ဖြဲ႕လံုး ေနာက္ကေန လိုက္ဝင္ၾကသည္။ ေယာက္်ားေလး ငါးေယာက္က ထမင္းစားစားပြဲမွာ အပီအျပင္ေနရာယူၿပီးေပမယ့္ သူသူကေတာ့ ေသြးခန္႔ေမေမကို ကူၿပီး ထမင္းပန္းကန္ေတြဇြန္းေတြနဲ႔ ဟင္းေတြ ကူသယ္ခ်ေပးသည္။ သူသူက အကုန္လံုးေရွ႕ကို ပန္းကန္ ကိုယ္စီခ်ေပးၿပီးေတာ့ ထမင္းလိုက္ထည့္ေပးသည္။ ဟင္းေတြကေတာ့ ခပ္ၿပီးသားမလို႔ ထည့္ေပးစရာမလိုေတာ့ ... ဆိတ္သားနွပ္နဲ႔ သီးစံုပဲကုလားဟင္းနံ႔က ထမင္းစားပြဲတစ္ခုလံုးမွာ ေမႊးပ်ံ့ေနသည္။ သီးစံုပဲကုလားဟင္းထဲကို ပ်ဥ္းေတာ္သိမ္း႐ြက္ပါ ထည့္ထားတာမလို႔ အနံက သင္းသင္းေလးနဲ႔ စူးစူးေလး ... မိုးေအးေအးနဲ႔ ပဲဟင္း ပူပူေလးနဲ႔ ကေတာ့ ဟုတ္ေနပါၿပီ ...

'အမေလး ထည့္စားၾကပါ ကေလးေတြရယ္ ေမ့ ပန္းကန္ထဲ ထမင္းေတာင္ မျမင္ရေတာ့ဘူး အားမနာနဲ႔ စားၾက သားသူငယ္ခ်င္းေတြကလဲ ေမ့ကေလးေတြပဲ ၾကားလား စားၾက ဆာေနေရာေပါ့'

'ဟုတ္ ေမ'

တိုင္ပင္စရာေတာင္ မလိုေအာင္ ေျခာက္ေယာက္လံုးဆီက တ္သံတည္း ထြက္လာသည္။ ေမကေတာ့ ပီတိၿပံဳးေတြနဲ႔ ေရွ႕က ေခါင္းမေဖာ္တမ္း စားေနၾကတဲ့ ကေလးေတြကို ၾကည့္လို႔ေပါ့ ... ေသြးသားေတာ္စပ္မွ မိသားစုျဖစ္တာမ်ိဳးမွ မဟုတ္တာေလ ... စစ္မွန္တဲ့ ခ်စ္ျခင္းေမတၱာေတြနဲ႔ ထံုလႊမ္းေနတဲ့ ေႏြးေထြးမႈေတြကလဲ မိသားစုပါပဲ ...

>>>>>>>

'ကေလးေတြ ေအးေဆး ေအာက္မွာ ေနၾကေနာ္ ေမအေပၚမွာဘုရားရိွခိုး ပုတီးစိပ္ လိုက္ဦးမယ္'

ေအးေအးခ်မ္းခ်မ္းရွိလွတဲ့ အၿပံဳးေတြနဲ႔ ေျပာၿပီး အေပၚထပ္ကို တက္သြားတဲ့ ေမ့ကို အကုန္လံုး မ်က္စိတဆံုး ၾကည့္ေနမိသည္။ ထမင္းစားၿပီးၾကသည့္တိုင္ မိုးက အျပင္မွာ သည္းေကာင္းေနၿပီး ေလထန္ေနတုန္း ... မီးမပ်က္ေသးလို႔ ေတာ္ေသးတယ္ ေျပာရမည္။

'ဘာမွ လုပ္စရာလဲ မရွိဘူးေရာ္ TV ဖြင့္ေလ ခန္႔ ရုပ္ရွင္ တူတူၾကည့္ၾကမယ္'

ရုပ္ရွင္ၾကည့္ဖို႔ မင္းျမတ္က ေျပာလာတာေၾကာင့္ ေသြးခန္႔လည္း အိမ္ေရွ႕ ခန္းထဲက TV ဖြင့္လိုက္သည္။ ဆက္တီေပၚ မထိုင္မိၾကပဲ အကုန္လံုး ေအာက္မွာ ခင္းထားတဲ့ ေကာ္ေဇာေပၚကိုသာ တင္ပ်င္ေခြ ထိုင္ခ်ေတာ့သည္။

ေသြးခန္႔ ဖြင့္လိုက္တဲ့ TV လိုင္းကလဲ ျဖစ္ခ်င္ေတာ့ Into the forest ဆိုတဲ့ ဂ်ပန္ anime ကားေလးလာေနတာ အစပဲ ရွိေသးတာမလို႔ လိုင္းမေျပာင္းပဲ ၿငိမ္ၿငိမ္ေလးသာ ထိုင္ၾကည့္ၾကေတာ့သည္။ 45 မိနစ္ေလာက္သာ ၾကာသည့္ကားေလးက anime မႀကိဳက္သူကိုေတာင္ ၾကည့္ၿပီးရင္ တသသျဖစ္က်န္ေနေစမယ့္ ဇာတ္လမ္းမ်ိဳးေလး ... တေစၧပြဲေတာ္မွာ Gin နဲ႔ Hotaru ေလးတို႔ လည္ေနၾကတုန္း မွာပင္ မိုးအရမ္းၿခိမ္းလာတာေၾကာင့္ထင္သည္ မီးပ်က္သြားေတာ့ အကုန္လံုး ဟင္ခနဲ ဟာခနဲ ...

'ေကာင္းေရာ မိုးၿခိမ္းေတာ့ မီးပ်က္သြားၿပီ ေနခဲ့ဦး အေပၚထပ္မွာ ေမဘုရားရွိခိုးေနေတာ့ ဖေယာင္းတိုင္နဲ႔ မီးအိမ္ေလး သြားထြန္းေပးလိုက္ဦးမယ္'

ေမၿမိဳ႕ဆိုသည္မွာ မိုးအရမ္းသည္းတုန္း မိုးၿခိမ္းသည့္အခ်ိန္ေလာက္ကလြဲလို႔ က်န္တဲ့ အခ်ိန္မွာ မီးပ်က္တာ ရွားတာေၾကာင့္ ေမၿမိဳ႕မွာ မီးပ်က္ခ်ိန္ မီးစက္နွိုးတယ္ဆိုတာ ခပ္ရွားရွား ... ေတာ္ရံုလဲ မီးစက္မဝယ္ပဲ မီးအိမ္ေလးေတြသာ သံုးၾကသည္။ ေသြးခန္႔လဲ အေပၚထပ္တက္ ေျခသံဖြဖြနင္းကာ ဘုရားခန္းထဲက ဘုရားစင္မွာ မီးပူေဇာ္ၿပီး ဘုရားရွိခိုးေနတဲ့ ေမ့နားမွာလဲ မီးအိမ္ေလးတစ္ခုကို မီးထြန္းၿပီး ခ်ထားေပးခဲ့လိုက္သည္။ ေအာက္ထပ္ျပန္မဆင္းခင္မွာလဲ ေသြးခန္႔က သူ႔အခန္းထဲက စာၾကည့္မီးအိမ္ေလးကို ယူလာခဲ့လိုက္ေသးသည္။ ေသြးခန္႔ ေအာက္ထပ္ျပန္ေရာက္ေတာ့ က်န္ခဲ့တဲ့ ငါးေယာက္ကလဲ သူအေပၚတက္သြားတုန္းကတည္းက အတိုင္းေလးသာ စုထိုင္ေနသည္။

'ဖုန္းမသံုးနဲ႔ေနာ္ မိုးေတြၿခိမ္းၿပီး လွ်ပ္စီးေတြလက္ေနတာ စကားထိုင္ေျပာၾကမယ္'

ေသြးခန္႔က ေျပာေျပာဆိုဆိုနဲ႔ စုၿပီး ထိုင္ေနတဲ့ နားေလး ဝင္ထိုင္လိုက္ေတာ့ အကုန္လံုး ဝိုင္းထိုင္ေနၾကတဲ့ ပံုစံေလး ျဖစ္သြားသည္။

'ဘာအေၾကာင္းလဲ ခန္႔ရ'

'ေက်ာင္းတုန္းက အေၾကာင္းေတြ ျပန္ေျပာရေအာင္ဟာ ဘယ္လိုဆိုးခဲ့တာေတြ ဟဲဟဲ'

ေသြးခန္႔ကို မင္းျမတ္က ေမးေနတုန္း သူသူက ေက်ာင္းတုန္းက အေၾကာင္းေတြ ေျပာမယ္ဆိုေတာ့ အားလံုးရဲ႕ အၾကည့္ေတြက သူသူ႔ဆီ ေရာက္ကုန္ၾကသည္။

'ငါတို႔ စေတြ႕ခဲ့တဲ့ အခ်ိန္ကို ေျပာၾကမယ္ ငါရယ္ မင္းျမတ္ရယ္ ကိုစိုင္းရယ္က ငယ္သူငယ္ခ်င္းေတြ မဟုတ္ဘူး ကိုးတန္းေရာက္မွ ေတြ႕ၾကတာ ငါနဲ႔ ကိုစိုင္းနဲ႔က အေဆာင္ေနတယ္ မင္းျမတ္က အတန္းေခါင္းေဆာင္ ... တစ္ခါတစ္ေလက်ရင္ ငါတို႔ အေဆာင္က Tuto ေတြ pilot ေတြ ေျဖရေတာ့ ေက်ာင္းတက္ရင္ စာမက်က္ျဖစ္လို႔ေလ ေက်ာင္းေျပးဖို႔ မင္းျမတ္က ခြင့္စာေတြ ဒိုင္ခံေရးေပးၿပီး အုပ္ထိန္းသူ လက္မွတ္ အတုထိုးေပးေနၾက ဟီးးး ျပန္စဥ္းစားၾကည့္ရင္ေနာ္ ငါတို႔ ေတာ္ေတာ္ဆိုးခဲ့ၾကတာ အတန္းမွဴးကလဲ မင္းျမတ္ကို ခ်စ္ေတာ့ မင္းျမတ္အားကိုးနဲ႔ ငါတို႔က မိုက္ေနတာ'

'သူသူေျပာတာ ဟုတ္တယ္ ငါနဲ႔ သူသူရဲ႕ report card ဆိုရင္လဲ မင္းျမတ္ပဲ လက္မွတ္ထိုးေပးေနၾက'

'ငါပဲဆိုးတာ မဟုတ္ဘူးေလ နင္တို႔ သတ္သတ္ ေက်ာင္းေျပးခ်င္ေတာ့ ေက်ာင္းပ်က္ရင္ အရိုက္ခံရမွာစိုးလို႔ ငါက ေစတနာနဲ႔ ေရးေပးတာေလ ႏြားနွစ္ေကာင္ရဲ႕'

ခ်စ္ရသူေလးရဲ႕ ဆိုးသြမ္းေၾကာင္းေလးေတြကို သူသူနဲ႔ ကိုစိုင္းက ေဖာက္သည္ခ်ေတာ့ ေသြးခန္႔မွာ ရယ္ရျပန္သည္။ တကယ္ကို အသည္းငယ္က ဒီလိုေတြ ဆိုးခဲ့မယ္လို႔ မထင္ရဘူးပဲ ... သူ႔အေၾကာင္းေျပာေတာ့ ခပ္စြာစြာေလး ျပန္ေျပာေနပံုက အသည္းယားစရာ ...

'အသည္းငယ္က ဆိုးလိုက္တာကြာ'

'...'

ေသြးခန္႔လဲ ေရွ႕က ေႏြဦးေလးကို အသည္းယားလာတာေၾကာင့္ ေခါင္းက ဆံပင္ေလးေတြကို ဆြဲဖြမိေတာ့ အသည္းဦးေလးက ၿငိမ္ခံေနသည္။ အသံေတြ ၿငိမ္သြားတာေၾကာင့္ ေဘးက ေလးေယာက္ကို ၾကည့္လိုက္ေတာ့ တတ္လဲ တတ္နိုင္တယ္ဆိုတဲပ မ်က္နွာေပးေတြနဲ႔ ၾကည့္ေနၾကသည္။

'ေအးဆိုးတာမွေလ ငါတို႔ A ခန္းက အဆိုးဆံုးပဲ တကယ္ကို ၃၁ ဘံုမဟုတ္ဘူး ၆၂ ဘံုရွိရင္ေတာင္ ငါတို႔က ထိပ္ဆံုး အတန္းျဖစ္ၿပီး ဆိုးတာက နာမည္ႀကီးေအာင္ ဆိုးတာ ေနာက္ဆံုး ဘိတ္ေခ်း H တန္း က ေကာင္ေတြေတာင္ အဲ့ေလာက္မဆိုးဘူး အၿမဲတမ္းအမွတ္ရစရာ ကေတာ့ အဲ့ ကိုးတန္းပဲ'

'ဆိုးတာမွ မွန္ရင္ ဆရာမေတာင္ ဂရုမစိုက္တဲ့ အထိကို တာေတလန္ေနတာ'

ေသြးခန္႔ကေတာ့ မထင္မွတ္ထားတဲ့ ျမတ္နိုးမႈေလးရဲ႕ အေၾကာင္းေလးေတြကိုပါ ထပ္မံသိေနရသည္။ ေတာ္ေတာ္ ဆိုးခဲ့တာ ... ဒီလိုနဲ႔ပဲ တစ္ေယာက္ခ်င္းစီ ေရာက္ရာေပါက္ရာ ေျပာေနၾကရင္း ညက ေတာ္ေတာ္နက္လာသည့္တိုင္ေအာင္ မိုးက မတိတ္ေသး ... မီးကလဲ ျပန္မလာေသး ... ေဘးမွာ ထိုင္ေနတဲ့ ေႏြဦးႏုႏုက ေသြးခန္႔ရဲ႕ ပုခံုးေပၚ ေခါင္းတင္ၿပီး အိပ္ေနတာမ်ိဳးေတာ့ မဟုတ္ေပမယ့္ ငိုက္ေနၿပီ ... စကားဝိုင္းေလး တညံညံကလဲ ၿငိမ္သက္စ ျပဳေနၿပီျဖစ္ေပမယ့္ ဝိုင္းထိုင္ေနၾကတုန္း ...

'ကေလးေတြ အိပ္ၾကေတာ့ေလ မီးက ျပန္မလာေသးဘူး ေစာေစာ အိပ္ၾကေတာ့'

'ဟုတ္ အိပ္မွာ ေမ့ သမီးလာၿပီ'

ေမနဲ႔ တူတူအိပ္မွာ ျဖစ္တဲ့ သူသူကေတာ့ ေသြးခန္႔ေမေမ အေပၚထပ္ကေန ဆင္းလာတာျမင္ေတာ့ ထိုင္ေနရာမွ ထကာ လႊားခနဲ႔ ေမ့နားေတာင္ ေရာက္ေနၿပီ ... သူသူ႔ရဲ႕ သြက္လက္ပံုကို ၾကည့္ၿပီး ေမ့မွာ သေဘာတက် ...

'သားေရ သူငယ္ခ်င္းေတြကို အိပ္ဖို႔ အခန္းျပလိုက္ဦး ေမ အကုန္ရွင္းၿပီး ေခါင္းအုံးေတြ ေစာင္ေတြ အခန္းထဲ ထားထားခဲ့ၿပီးသား'

'ဟုတ္ ေမ ... လာလာ သြားအိပ္မယ္ ကိုကိုလဲ အိပ္ခ်င္ေနၿပီ'

မီးပ်က္ေမွာင္မဲေနတဲ့ ၾကားထဲကေန မီးအိမ္ေလးကိုင္ကာ ေသြးခန္႔က အေရွ႕ကေန အေပၚထပ္ကို ဦးေဆာင္တက္သြားသည္။ ေမနဲ႔ သူသူကလဲ ေမ အခန္းထဲ ဝင္သြားၾကၿပီ ... အိမ္မွာက အခန္းပို တစ္ခန္းပဲ ရွိေပမယ့္ အခန္းပိုထဲမွာ နွစ္ေယာက္အိပ္ကုတင္ထည့္ထားသည္။ သံုးေယာက္အိပ္လို႔ အဆင္ေျပတာေၾကာင့္ ေဖယံက သူရယ္ ေဇယ်ာရယ္ ကိုစိုင္းရယ္က တစ္ခန္းအိပ္မယ္လို႔ ေျပာလာေတာ့ ေသြးခန္႔မွာ သေဘာတက် ...

အကုန္လံုး အခန္းထဲ ဝင္သြားၿပီးေနာက္ေတာ့ ေသြးခန္႔လဲ အသည္းငယ္ကို သူ႔အခန္းထဲသာ ေခၚလာခဲ့လိုက္ေတာ့သည္။ နဂိုကတည္းက ငိုက္ေနသူျဖစ္တာေၾကာင့္ ေနဦးငယ္က အခန္းထဲ ေရာက္တာနဲ႔ ကုတင္ေပၚတက္ၿပီး ထိုးအိပ္ေနၿပီ ... ေသြးခန္႔ကေတာ့ သေဘာတက်ၿပံဳးကာ ေႏြဦးငယ္ရဲ႕ ေဘးမွာ ဝင္လွဲရင္း အသည္းအသက္ရဲ႕ မ်က္နွာကို စိုက္ၾကည့္ေနလိုက္သည္။

'အိပ္ေတာ့ေလ ခန္႔ရာ မအိပ္ေသးဘူးလား ငါ့ကို ၾကည့္မေနနဲ႔ေတာ့'

'ဟားဟား ခ်စ္သူျဖစ္ကတည္းက ခုလို အေျခအေနေလးက ပထမဆံုးေလဗ်ာ ကိုယ္နဲ႔ တစ္ကုတင္တည္း တူတူအိပ္ဖူးေပမယ့္ အဲ့တုန္းက ကိုယ္နဲ႔ ကိုကိုနဲ႔က ခ်စ္သူမွ မျဖစ္ေသးတာဗ်ာ'

ေျပာေျပာဆိုဆိုနဲ႔ ေသြးခန္႔က အိပ္ေနတဲ့ ေႏြဦးငယ္ကို သူ႔ဘက္ကို ဆြဲယူလိုက္ရင္း ေခါင္းေအာက္ကို လက္လွ်ိဳသြင္းကာ ေခါင္းလံုးလံုးေလးကို ပုခံုးေပၚ တင္ေစလိုက္သည္။ က်န္တဲ့ လက္တစ္ဖက္ကလဲ ေႏြဦးငယ္ရဲ႕ ကိုယ္ေပၚကို သိုင္းဖက္လို႔ ...

'ကိုယ္ေလ သိလား ကိုကို႔ကို ခိုးနမ္းခဲ့ဖူးတယ္'

'ဟမ္ ဘယ္တုန္းကလဲ'

'ကိုကို မႏၲေလးလိုက္လာၿပီး ကိုယ္နဲ႔ ငါးခ်ဥ္စပ္သြားစားၾကတုန္းကေလ ကိုကို ထန္းရည္ မူးေတာ့ အိမ္ေခၚလာတဲ့ အခ်ိန္ အဲ့တာ မူးၿပီး အိပ္ေနတာေလး အသည္းယားလို႔ နႈတ္ခမ္းကို ဒီလို နမ္းပစ္တာ'

ေျပာေျပာဆိုဆိုနဲ႔ ေသြးခန္႔က အသည္းငယ္ကို ဖက္ထားရင္းပင္ နႈတ္ခမ္းတို႔ကို ဖိနမ္းလိုက္သည္။ ျမတ္နိုးရတဲ့ အသည္းသက္ကေတာ့ မ်က္လံုးတို႔ မွိတ္ၿပီး ခံယူလို႔ ... ေသြးခန္႔ကေတာ့ နႈတ္ခမ္းကို နမ္းရတာနဲ႔တင္ အားမရပဲ မ်က္နွာ အနွံကိုပါ တရွံု႔ရွံု႔လိုက္နမ္းေတာ့သည္။

'မင္း နွာဗူးေကာင္ ငါ့ကို အဲ့တုန္းက ခိုးနမ္းခဲ့တာေပါ့'

'ကိုကိုကလဲ ခ်စ္လို႔ေလဗ်ာ ခ်စ္လို႔ အရမ္းခ်စ္လို႔'

'အာ ေတာ္ၿပီ ေတာ္ၿပီ ငါ အိပ္ခ်င္ေနၿပီ အိပ္ေတာ့'

အိပ္မယ္ ဆိုကာ အတင္းေတြ မ်က္စိမွိတ္ကာ အိပ္သြားတဲ့ ခ်စ္ရသူကို ေသြးခန္႔မွာ ျမတ္နိုးမဝ ... ေျခရင္းက ေစာင္အပါးေလးကို ဆြဲယူၿခံဳေပးရင္း ဖက္ထားရက္နဲ႔ပင္ လက္တစ္ဖက္က ေႏြဦးငယ္ရဲ႕ ဆံပင္တို႔ကိုလဲ ပြတ္သပ္ေပးေနသည္။ မ်က္နွာကိုလဲ ခ်စ္မဝေလးရဲ႕ ဆံပင္ေလးေတြေပၚ အပ္ရင္း ...

'Good night ေမာင့္ေႏြဦးငယ္'

ေသြးခန္႔ရဲ႕ စကားအဆံုးမွာ ရင္ခြင္ထဲက ေကာင္ေလးလဲ နႈတ္ခမ္းတို႔က တြန္႔ေကြးသြားေတာ့သည္။

'Good night ခန္႔ ခ်စ္တယ္'

'ပိုခ်စ္တာပါဗ်ာ'

မိုးသည္းသည္းညေလးကေတာ့ ေႏြးေႏြးေထြးေထြးပါပဲ ...

_________

စြဲလမ္းျခင္း ရူးသြပ္ျခင္း ခ်စ္ျမတ္နိုးျခင္းေတြက မင္းနဲ႔ပဲ စတင္ပါတယ္ ...

To be continue ...

21st April,2020(Tue)
WhiteAster089




[Unicode]

အမြဲတစေ သူငယ်ချင်း အပေါင်းအသင်းနဲ့ အချိန်ကုန်ရခြင်းက အချိန်နာရီတို့ကို မေ့စေသည်။ အခုလည်း တစ်ဖွဲ့လုံး ဘာလုပ်လို့ လုပ်နေကြမှန်းလဲ မသိ ... သွေးခန့် မေမေ ချက်ကျွေးတာတွေ တဖြဲနဖြဲ စားလိုက်သောက်လိုက်နဲ့ ... စားပြီး သောက်ပြီး ကြတော့လဲ အိမ်အောက်ထပ်တစ်ထပ်လုံး အပိုင်စီးထားသလား အောက်မေ့ရသည်။ လူလေး ခြောက်ယောက်ထဲနဲ့ကို ဘာလုပ်လို့ လုပ်နေမှန်း မသိရအောင် ရှုပ်ရှက်ခပ်နေသည်။ ဒါနဲ့တင် ညနေငါးနာရီခွဲ အချိန်ကိုပင် ရောက်လာပြီဖြစ်သည်။ နွေရာသီ ဖြစ်နေသော်လဲ မေမြို့ရဲ့ ထုံးစံအတိုင်း မနက်ခင်းအစောပိုင်းနဲ့ ညနေခင်းပိုင်းကတော့ လေအေးနုနုတို့က ညှင်းသွဲ့သွဲ့ တိုက်ခတ်တတ်ဆဲ ... သို့သော် ယနေ့ရဲ့ ညနေပိုင်းကတော့ ပုံမှန်ထက်ပိုကာ လေထန်နေသည်။ လေအရမ်းတိုက်နေတောကြောင့် မင်းမြတ်တို့ ငါးယောက်က သွေးခန့်အိမ်ကနေ ကိုယ်စီအိမ်ကို ပြန်ဖို့ အခက်အခဲက ရှိနေသည်။ လမ်းရှင်းနေမယ်ဆိုတာ သိပေမယ့် တိုက်ခတ်နေတဲ့ လေနှုန်းနဲ့ ကောင်းကင်ယံက မိုးသားတလိပ်လိပ်တက်လာတဲ့ အနေအထားနဲ့ပါဆိုရင် မကြာခင် မိုးရွာတော့မည်။ လေတိုက်နှုန်း ငြိမ်နိုး ငြိမ်နိုးနဲ့ စောင့်နေရင်းပင် မိုးက သည်းထန်စွာ ရွာချလာသည်။ မေမြို့မိုးရဲ့ ထုံးစံ မိုးရွာပြီဆိုလျှင် အရှိန်ပါတတ်ပြီး ဝန်းကျင် တစ်ခွင်ပါ နဂိုရှိရင်းထက် မှောက်မိုက်လို့သွားသည်။

'ဟဲ့ ငါတို့ ဘယ်လို ပြန်ကြမလဲ မိုးရွာမယ်ဆိုတာလဲ မသိတော့ မိုးကာလဲ မပါဘူးဟ မိုးက တိတ်ရော တိတ်ပါ့မလား'

'ခဏစောင့်ကြည့်ကြမယ်လေ အရမ်းရွာနေတယ်ဆိုလဲ မတိတ်တော့ရင် ငါကားနဲ့ အကုန်လုံးကို ပြန်လိုက်ပို့မယ် ဆိုင်ကယ်တွေကတော့ နောက်မှပြန်လာယူလို့ ရတာပဲကို'

'မိုးက အရမ်းသည်းနေတာ ကားနဲ့ ဆိုရင်တောင် အန္တရာယ်များလောက်တယ် ခန့်ရ'

မိုးသည်းထန်ပြီး မှောင်နေပြီ မလို့ သွေးခန့် လိုက်ပို့မယ်ဆိုရင်တောင် သွေးခန့် အတွက် အပြန်လမ်းက အန္တရာယ်များတာကြောင့် မင်းမြတ် စိတ်ပူသည်။ လမ်းမကြီးတွေထက် လမ်းသွယ်တွေ ပေါတဲ့ မေမြို့က မိုးရွာနေပြီး အုံ့မှိုင်းနေတဲ့ အချိန်က သွားရလာရ အန္တရာယ် အများဆုံးပင် ...

'အဲ့တာဆို ဘယ်လို လုပ်မှာလဲ ကိုကို ရယ် ကိုကိုတို့ ကိုယ့် အိမ်မှာ အိပ်မလား အဲ့တာဆို'

'အိပ်တာက ဟုတ်တယ် ခန့်ရ ဒါပေမယ့် သူသူက မိန်းကလေးဆိုတော့ အဆင်ပြေပါ့မလား ငါတို့က ယောက်ျားလေးတွေ ဆိုတော့ ဘာမှမဖြစ်ဘူး အိမ်ကို ဖုန်းဆက်ရုံပဲ'

'ဟုတ်တယ် ငါတို့က ပြဿနာ မရှိဘူး သူသူ့ အတွက်က အဆင်မပြေဖြစ်နေလိမ့်မယ်'

လေအရမ်းတိုက်ပြီး မိုးအလွန်သည်းနေတာကြောင့် သွေးခန့် ပြောသလို သွေးခန့်ရဲ့ အိမ်မှာအိပ်လိုက်ကြဖို့က ဟုတ်ပေမယ့် မိန်းကလေး ဖြစ်နေတဲ့ သူသူ့ အတွက်က မသင့်လျော်တာကြောင့် မင်းမြတ် မေးမိတော့ ဘေးက ဇေယျာကလဲ ထောက်ခံသည်။ ကိုစိုင်းတို့ ဖေယံတို့ကလဲ ဝင်မပြောပေမယ့် ခေါင်းတညိမ့်ညိမ့် ...

'ငါ့အိမ်ကို ဖုန်းဆက်လိုက်ပါ့မယ် မင်းမြတ်ပြောသလို အန္တရာယ်များတယ်ဟ နင်လိုက်ပို့ဖို့က ပြီးတော့ အန်တီလဲ ရှိနေတာပဲကို'

'အေး ဆက်လိုက်လေ သူသူ ငါလဲ အဲ့အတွေးနဲ့ ပြောတာပါ နင်အိမ်မပြန်ရင်တောင် ငါ့ မေမေ နဲ့ အတူ အိပ်လို့ရပါတယ်'

ဒီလိုနဲ့ သူသူကလဲ သူ့အိမ်ကို ဖုန်းဆက်တော့ သူသူ့အိမ်က ယောက်ျားလေးတွေ များတာမလို့ စိတ်ပူနေကြပေမယ့် သူငယ်ချင်းယောက်ျားလေးတွေရဲ့ စိတ်ဓာတ်ကို သိနေကြတာက တစ်ကြောင်း နေမယ့်အိမ်မှာ လူကြီးဖြစ်တဲ့ သွေးခန့် မေမေ ရှိနေတာကတစ်ကြောင်း မိုးရွာနေလို့ အန္တရာယ် များနေတာက တကြောင်းကြောင့် ခွင့်ပြုပေးကြတော့ အကုန်လုံး စိတ်အေးရသည်။ သူသူလဲ အဆင်ပြေသွားကြပြီဆိုတော့ ကျန်တဲ့ မင်းမြတ်တို့လဲ ကိုယ်စီ ကိုယ်စီ အိမ်တွေကို မိုးတွေ လေတွေတိုက်နေတာကြောင့် ပြန်မလာဖြစ်ကြောင်း ဖုန်းဆက်ပြောရတော့သည်။ မင်းမြတ်ရဲ့ အိမ်ကလဲ အန္တရာယ်များလို့ ဖြစ်နိုင်ရင် အိမ်ပြန်မလာသေးဖို့ ဖုန်းဆက်မလို့ ရှိသေး မင်းမြတ် ဖုန်းဆက်လိုက်တာကြောင့် အတော်ဖြစ်သွားသည် ပြောရမည်။

'အကုန် အဆင်ပြေသွားပြီဆိုတော့ ငါ့အိမ်မှာ အေးဆေးပဲ နေကြ အားနာမနေနဲ့ သူသူက ညကျရင် မေနဲ့ အိပ်လို့ရတယ် ပြီးတော့ ကျန်တဲ့ သူတွေ အတွက်ကလဲ အခန်းပိုရှိတယ်'

'အေးပါ အန်တီ့ကို ပြောလိုက်ဦးနော် ငါ အားနာလို့'

'ရပါတယ် သမီးရယ် အားမနာနဲ့ ညအိပ်ခါနီးရင် အန်တီနဲ့ လာအိပ် သားတွေက ယောက်ျားလေးတွေဆိုတော့ သူတို့ အဆင်ပြေသလို အိပ်ကြလိမ့်မယ်'

သွေးခန့်နဲ့ သူသူတို့ ပြောနေကြရင်း သွေးခန့် မေမေက လှေကားပေါ်က ဆင်းလာရင်း လှမ်းပြောလိုက်တာကြောင့် အကုန်အဆင်ပြေသွားတော့သည်။

'ဘာလိုလိုနဲ့ ခြောက်နာရီတောင် ခွဲနေပြီ ထမင်းစားကြတော့ မလား အန်တီက ကလေးတွေကို ထမင်းကျွေးပြီးမှ ပြန်လွှတ်မယ်ဆိုပြီး ထမင်းဟင်းတွေ အပိုချက်ထားလိုက်တာ အတော်ဖြစ်သွားပြီ'

'ဟုတ် စားတော့မယ် !!!'

သွေးခန့်မေမေရဲ့ စကားအဆုံးမှာ တညီတည်းထွက်လာတဲ့ ခြောက်ယောက်လေးရဲ့ အသံက ဗိုက်ဆာနေတုန်း ထမင်းစားရတော့မယ့် ကလေးတွေလို ... သွေးခန့်မေမေကလဲ ပြုံးရင်း မီးဖိုချောင်ထဲ ဝင်သွားတာကြောင့် တစ်ဖွဲ့လုံး နောက်ကနေ လိုက်ဝင်ကြသည်။ ယောက်ျားလေး ငါးယောက်က ထမင်းစားစားပွဲမှာ အပီအပြင်နေရာယူပြီးပေမယ့် သူသူကတော့ သွေးခန့်မေမေကို ကူပြီး ထမင်းပန်းကန်တွေဇွန်းတွေနဲ့ ဟင်းတွေ ကူသယ်ချပေးသည်။ သူသူက အကုန်လုံးရှေ့ကို ပန်းကန် ကိုယ်စီချပေးပြီးတော့ ထမင်းလိုက်ထည့်ပေးသည်။ ဟင်းတွေကတော့ ခပ်ပြီးသားမလို့ ထည့်ပေးစရာမလိုတော့ ... ဆိတ်သားနှပ်နဲ့ သီးစုံပဲကုလားဟင်းနံ့က ထမင်းစားပွဲတစ်ခုလုံးမှာ မွှေးပျံ့နေသည်။ သီးစုံပဲကုလားဟင်းထဲကို ပျဉ်းတော်သိမ်းရွက်ပါ ထည့်ထားတာမလို့ အနံက သင်းသင်းလေးနဲ့ စူးစူးလေး ... မိုးအေးအေးနဲ့ ပဲဟင်း ပူပူလေးနဲ့ ကတော့ ဟုတ်နေပါပြီ ...

'အမလေး ထည့်စားကြပါ ကလေးတွေရယ် မေ့ ပန်းကန်ထဲ ထမင်းတောင် မမြင်ရတော့ဘူး အားမနာနဲ့ စားကြ သားသူငယ်ချင်းတွေကလဲ မေ့ကလေးတွေပဲ ကြားလား စားကြ ဆာနေရောပေါ့'

'ဟုတ် မေ'

တိုင်ပင်စရာတောင် မလိုအောင် ခြောက်ယောက်လုံးဆီက တ်သံတည်း ထွက်လာသည်။ မေကတော့ ပီတိပြုံးတွေနဲ့ ရှေ့က ခေါင်းမဖော်တမ်း စားနေကြတဲ့ ကလေးတွေကို ကြည့်လို့ပေါ့ ... သွေးသားတော်စပ်မှ မိသားစုဖြစ်တာမျိုးမှ မဟုတ်တာလေ ... စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ထုံလွှမ်းနေတဲ့ နွေးထွေးမှုတွေကလဲ မိသားစုပါပဲ ...

>>>>>>>

'ကလေးတွေ အေးဆေး အောက်မှာ နေကြနော် မေအပေါ်မှာ ဘုရားရှိခိုး ပုတီးစိပ် လိုက်ဦးမယ်'

အေးအေးချမ်းချမ်းရှိလှတဲ့ အပြုံးတွေနဲ့ ပြောပြီး အပေါ်ထပ်ကို တက်သွားတဲ့ မေ့ကို အကုန်လုံး မျက်စိတဆုံး ကြည့်နေမိသည်။ ထမင်းစားပြီးကြသည့်တိုင် မိုးက အပြင်မှာ သည်းကောင်းနေပြီး လေထန်နေတုန်း ... မီးမပျက်သေးလို့ တော်သေးတယ် ပြောရမည်။

'ဘာမှ လုပ်စရာလဲ မရှိဘူးရော် TV ဖွင့်လေ ခန့် ရုပ်ရှင် တူတူကြည့်ကြမယ်'

ရုပ်ရှင်ကြည့်ဖို့ မင်းမြတ်က ပြောလာတာကြောင့် သွေးခန့်လည်း အိမ်ရှေ့ ခန်းထဲက TV ဖွင့်လိုက်သည်။ ဆက်တီပေါ် မထိုင်မိကြပဲ အကုန်လုံး အောက်မှာ ခင်းထားတဲ့ ကော်ဇောပေါ်ကိုသာ တင်ပျင်ခွေ ထိုင်ချတော့သည်။

သွေးခန့် ဖွင့်လိုက်တဲ့ TV လိုင်းကလဲ ဖြစ်ချင်တော့ Into the forest ဆိုတဲ့ ဂျပန် anime ကားလေးလာနေတာ အစပဲ ရှိသေးတာမလို့ လိုင်းမပြောင်းပဲ ငြိမ်ငြိမ်လေးသာ ထိုင်ကြည့်ကြတော့သည်။ 45 မိနစ်လောက်သာ ကြာသည့်ကားလေးက anime မကြိုက်သူကိုတောင် ကြည့်ပြီးရင် တသသဖြစ်ကျန်နေစေမယ့် ဇာတ်လမ်းမျိုးလေး ... တစ္ဆေပွဲတော်မှာ Gin နဲ့ Hotaru လေးတို့ လည်နေကြတုန်း မှာပင် မိုးအရမ်းခြိမ်းလာတာကြောင့်ထင်သည် မီးပျက်သွားတော့ အကုန်လုံး ဟင်ခနဲ ဟာခနဲ ...

'ကောင်းရော မိုးခြိမ်းတော့ မီးပျက်သွားပြီ နေခဲ့ဦး အပေါ်ထပ်မှာ မေဘုရားရှိခိုးနေတော့ ဖယောင်းတိုင်နဲ့ မီးအိမ်လေး သွားထွန်းပေးလိုက်ဦးမယ်'

မေမြို့ဆိုသည်မှာ မိုးအရမ်းသည်းတုန်း မိုးခြိမ်းသည့်အချိန်လောက်ကလွဲလို့ ကျန်တဲ့ အချိန်မှာ မီးပျက်တာ ရှားတာကြောင့် မေမြို့မှာ မီးပျက်ချိန် မီးစက်နှိုးတယ်ဆိုတာ ခပ်ရှားရှား ... တော်ရုံလဲ မီးစက်မဝယ်ပဲ မီးအိမ်လေးတွေသာ သုံးကြသည်။ သွေးခန့်လဲ အပေါ်ထပ်တက် ခြေသံဖွဖွနင်းကာ ဘုရားခန်းထဲက ဘုရားစင်မှာ မီးပူဇော်ပြီး ဘုရားရှိခိုးနေတဲ့ မေ့နားမှာလဲ မီးအိမ်လေးတစ်ခုကို မီးထွန်းပြီး ချထားပေးခဲ့လိုက်သည်။ အောက်ထပ်ပြန်မဆင်းခင်မှာလဲ သွေးခန့်က သူ့အခန်းထဲက စာကြည့်မီးအိမ်လေးကို ယူလာခဲ့လိုက်သေးသည်။ သွေးခန့် အောက်ထပ်ပြန်ရောက်တော့ ကျန်ခဲ့တဲ့ ငါးယောက်ကလဲ သူအပေါ်တက်သွားတုန်းကတည်းက အတိုင်းလေးသာ စုထိုင်နေသည်။

'ဖုန်းမသုံးနဲ့နော် မိုးတွေခြိမ်းပြီး လျှပ်စီးတွေလက်နေတာ စကားထိုင်ပြောကြမယ်'

သွေးခန့်က ပြောပြောဆိုဆိုနဲ့ စုပြီး ထိုင်နေတဲ့ နားလေး ဝင်ထိုင်လိုက်တော့ အကုန်လုံး ဝိုင်းထိုင်နေကြတဲ့ ပုံစံလေး ဖြစ်သွားသည်။

'ဘာအကြောင်းလဲ ခန့်ရ'

'ကျောင်းတုန်းက အကြောင်းတွေ ပြန်ပြောရအောင်ဟာ ဘယ်လိုဆိုးခဲ့တာတွေ ဟဲဟဲ'

သွေးခန့်ကို မင်းမြတ်က မေးနေတုန်း သူသူက ကျောင်းတုန်းက အကြောင်းတွေ ပြောမယ်ဆိုတော့ အားလုံးရဲ့ အကြည့်တွေက သူသူ့ဆီ ရောက်ကုန်ကြသည်။

'ငါတို့ စတွေ့ခဲ့တဲ့ အချိန်ကို ပြောကြမယ် ငါရယ် မင်းမြတ်ရယ် ကိုစိုင်းရယ်က ငယ်သူငယ်ချင်းတွေ မဟုတ်ဘူး ကိုးတန်းရောက်မှ တွေ့ကြတာ ငါနဲ့ ကိုစိုင်းနဲ့က အဆောင်နေတယ် မင်းမြတ်က အတန်းခေါင်းဆောင် ... တစ်ခါတစ်လေကျရင် ငါတို့ အဆောင်က Tuto တွေ pilot တွေ ဖြေရတော့ ကျောင်းတက်ရင် စာမကျက်ဖြစ်လို့လေ ကျောင်းပြေးဖို့ မင်းမြတ်က ခွင့်စာတွေ ဒိုင်ခံရေးပေးပြီး အုပ်ထိန်းသူ လက်မှတ် အတုထိုးပေးနေကြ ဟီးးး ပြန်စဉ်းစားကြည့်ရင်နော် ငါတို့ တော်တော်ဆိုးခဲ့ကြတာ အတန်းမှူးကလဲ မင်းမြတ်ကို ချစ်တော့ မင်းမြတ်အားကိုးနဲ့ ငါတို့က မိုက်နေတာ'

'သူသူပြောတာ ဟုတ်တယ် ငါနဲ့ သူသူရဲ့ report card ဆိုရင်လဲ မင်းမြတ်ပဲ လက်မှတ်ထိုးပေးနေကြ'

'ငါပဲဆိုးတာ မဟုတ်ဘူးလေ နင်တို့ သတ်သတ် ကျောင်းပြေးချင်တော့ ကျောင်းပျက်ရင် အရိုက်ခံရမှာစိုးလို့ ငါက စေတနာနဲ့ ရေးပေးတာလေ နွားနှစ်ကောင်ရဲ့'

ချစ်ရသူလေးရဲ့ ဆိုးသွမ်းကြောင်းလေးတွေကို သူသူနဲ့ ကိုစိုင်းက ဖောက်သည်ချတော့ သွေးခန့်မှာ ရယ်ရပြန်သည်။ တကယ်ကို အသည်းငယ်က ဒီလိုတွေ ဆိုးခဲ့မယ်လို့ မထင်ရဘူးပဲ ... သူ့အကြောင်းပြောတော့ ခပ်စွာစွာလေး ပြန်ပြောနေပုံက အသည်းယားစရာ ...

'အသည်းငယ်က ဆိုးလိုက်တာကွာ'

'...'

သွေးခန့်လဲ ရှေ့က နွေဦးလေးကို အသည်းယားလာတာကြောင့် ခေါင်းက ဆံပင်လေးတွေကို ဆွဲဖွမိတော့ အသည်းဦးလေးက ငြိမ်ခံနေသည်။ အသံတွေ ငြိမ်သွားတာကြောင့် ဘေးက လေးယောက်ကို ကြည့်လိုက်တော့ တတ်လဲ တတ်နိုင်တယ်ဆိုတဲပ မျက်နှာပေးတွေနဲ့ ကြည့်နေကြသည်။

'အေးဆိုးတာမှလေ ငါတို့ A ခန်းက အဆိုးဆုံးပဲ တကယ်ကို ၃၁ ဘုံမဟုတ်ဘူး ၆၂ ဘုံရှိရင်တောင် ငါတို့က ထိပ်ဆုံး အတန်းဖြစ်ပြီး ဆိုးတာက နာမည်ကြီးအောင် ဆိုးတာ နောက်ဆုံး ဘိတ်ချေး H တန်း က ကောင်တွေတောင် အဲ့လောက်မဆိုးဘူး အမြဲတမ်းအမှတ်ရစရာ ကတော့ အဲ့ ကိုးတန်းပဲ'

'ဆိုးတာမှ မှန်ရင် ဆရာမတောင် ဂရုမစိုက်တဲ့ အထိကို တာတေလန်နေတာ'

သွေးခန့်ကတော့ မထင်မှတ်ထားတဲ့ မြတ်နိုးမှုလေးရဲ့ အကြောင်းလေးတွေကိုပါ ထပ်မံသိနေရသည်။ တော်တော် ဆိုးခဲ့တာ ... ဒီလိုနဲ့ပဲ တစ်ယောက်ချင်းစီ ရောက်ရာပေါက်ရာ ပြောနေကြရင်း ညက တော်တော်နက်လာသည့်တိုင်အောင် မိုးက မတိတ်သေး ... မီးကလဲ ပြန်မလာသေး ... ဘေးမှာ ထိုင်နေတဲ့ နွေဦးနုနုက သွေးခန့်ရဲ့ ပုခုံးပေါ် ခေါင်းတင်ပြီး အိပ်နေတာမျိုးတော့ မဟုတ်ပေမယ့် ငိုက်နေပြီ ... စကားဝိုင်းလေး တညံညံကလဲ ငြိမ်သက်စ ပြုနေပြီဖြစ်ပေမယ့် ဝိုင်းထိုင်နေကြတုန်း ...

'ကလေးတွေ အိပ်ကြတော့လေ မီးက ပြန်မလာသေးဘူး စောစော အိပ်ကြတော့'

'ဟုတ် အိပ်မှာ မေ့ သမီးလာပြီ'

မေနဲ့ တူတူအိပ်မှာ ဖြစ်တဲ့ သူသူကတော့ သွေးခန့်မေမေ အပေါ်ထပ်ကနေ ဆင်းလာတာမြင်တော့ ထိုင်နေရာမှ ထကာ လွှားခနဲ့ မေ့နားတောင် ရောက်နေပြီ ... သူသူ့ရဲ့ သွက်လက်ပုံကို ကြည့်ပြီး မေ့မှာ သဘောတကျ ...

'သားရေ သူငယ်ချင်းတွေကို အိပ်ဖို့ အခန်းပြလိုက်ဦး မေ အကုန်ရှင်းပြီး ခေါင်းအုံးတွေ စောင်တွေ အခန်းထဲ ထားထားခဲ့ပြီးသား'

'ဟုတ် မေ ... လာလာ သွားအိပ်မယ် ကိုကိုလဲ အိပ်ချင်နေပြီ'

မီးပျက်မှောင်မဲနေတဲ့ ကြားထဲကနေ မီးအိမ်လေးကိုင်ကာ သွေးခန့်က အရှေ့ကနေ အပေါ်ထပ်ကို ဦးဆောင်တက်သွားသည်။ မေနဲ့ သူသူကလဲ မေ အခန်းထဲ ဝင်သွားကြပြီ ... အိမ်မှာက အခန်းပို တစ်ခန်းပဲ ရှိပေမယ့် အခန်းပိုထဲမှာ နှစ်ယောက်အိပ်ကုတင်ထည့်ထားသည်။ သုံးယောက်အိပ်လို့ အဆင်ပြေတာကြောင့် ဖေယံက သူရယ် ဇေယျာရယ် ကိုစိုင်းရယ်က တစ်ခန်းအိပ်မယ်လို့ ပြောလာတော့ သွေးခန့်မှာ သဘောတကျ ...

အကုန်လုံး အခန်းထဲ ဝင်သွားပြီးနောက်တော့ သွေးခန့်လဲ အသည်းငယ်ကို သူ့အခန်းထဲသာ ခေါ်လာခဲ့လိုက်တော့သည်။ နဂိုကတည်းက ငိုက်နေသူဖြစ်တာကြောင့် နေဦးငယ်က အခန်းထဲ ရောက်တာနဲ့ ကုတင်ပေါ်တက်ပြီး ထိုးအိပ်နေပြီ ... သွေးခန့်ကတော့ သဘောတကျပြုံးကာ နွေဦးငယ်ရဲ့ ဘေးမှာ ဝင်လှဲရင်း အသည်းအသက်ရဲ့ မျက်နှာကို စိုက်ကြည့်နေလိုက်သည်။

'အိပ်တော့လေ ခန့်ရာ မအိပ်သေးဘူးလား ငါ့ကို ကြည့်မနေနဲ့တော့'

'ဟားဟား ချစ်သူဖြစ်ကတည်းက ခုလို အခြေအနေလေးက ပထမဆုံးလေဗျာ ကိုယ်နဲ့ တစ်ကုတင်တည်း တူတူအိပ်ဖူးပေမယ့် အဲ့တုန်းက ကိုယ်နဲ့ ကိုကိုနဲ့က ချစ်သူမှ မဖြစ်သေးတာဗျာ'

ပြောပြောဆိုဆိုနဲ့ သွေးခန့်က အိပ်နေတဲ့ နွေဦးငယ်ကို သူ့ဘက်ကို ဆွဲယူလိုက်ရင်း ခေါင်းအောက်ကို လက်လျှိုသွင်းကာ ခေါင်းလုံးလုံးလေးကို ပုခုံးပေါ် တင်စေလိုက်သည်။ ကျန်တဲ့ လက်တစ်ဖက်ကလဲ နွေဦးငယ်ရဲ့ ကိုယ်ပေါ်ကို သိုင်းဖက်လို့ ...

'ကိုယ်လေ သိလား ကိုကို့ကို ခိုးနမ်းခဲ့ဖူးတယ်'

'ဟမ် ဘယ်တုန်းကလဲ'

'ကိုကို မန္တလေးလိုက်လာပြီး ကိုယ်နဲ့ ငါးချဉ်စပ်သွားစားကြတုန်းကလေ ကိုကို ထန်းရည် မူးတော့ အိမ်ခေါ်လာတဲ့ အချိန် အဲ့တာ မူးပြီး အိပ်နေတာလေး အသည်းယားလို့ နှုတ်ခမ်းကို ဒီလို နမ်းပစ်တာ'

ပြောပြောဆိုဆိုနဲ့ သွေးခန့်က အသည်းငယ်ကို ဖက်ထားရင်းပင် နှုတ်ခမ်းတို့ကို ဖိနမ်းလိုက်သည်။ မြတ်နိုးရတဲ့ အသည်းသက်ကတော့ မျက်လုံးတို့ မှိတ်ပြီး ခံယူလို့ ... သွေးခန့်ကတော့ နှုတ်ခမ်းကို နမ်းရတာနဲ့တင် အားမရပဲ မျက်နှာ အနှံကိုပါ တရှုံ့ရှုံ့လိုက်နမ်းတော့သည်။

'မင်း နှာဗူးကောင် ငါ့ကို အဲ့တုန်းက ခိုးနမ်းခဲ့တာပေါ့'

'ကိုကိုကလဲ ချစ်လို့လေဗျာ ချစ်လို့ အရမ်းချစ်လို့'

'အာ တော်ပြီ တော်ပြီ ငါ အိပ်ချင်နေပြီ အိပ်တော့'

အိပ်မယ် ဆိုကာ အတင်းတွေ မျက်စိမှိတ်ကာ အိပ်သွားတဲ့ ချစ်ရသူကို သွေးခန့်မှာ မြတ်နိုးမဝ ... ခြေရင်းက စောင်အပါးလေးကို ဆွဲယူခြုံပေးရင်း ဖက်ထားရက်နဲ့ပင် လက်တစ်ဖက်က နွေဦးငယ်ရဲ့ ဆံပင်တို့ကိုလဲ ပွတ်သပ်ပေးနေသည်။ မျက်နှာကိုလဲ ချစ်မဝလေးရဲ့ ဆံပင်လေးတွေပေါ် အပ်ရင်း ...

'Good night မောင့်နွေဦးငယ်'

သွေးခန့်ရဲ့ စကားအဆုံးမှာ ရင်ခွင်ထဲက ကောင်လေးလဲ နှုတ်ခမ်းတို့က တွန့်ကွေးသွားတော့သည်။

'Good night ခန့် ချစ်တယ်'

'ပိုချစ်တာပါဗျာ'

မိုးသည်းသည်းညလေးကတော့ နွေးနွေးထွေးထွေးပါပဲ ...

_________

စွဲလမ်းခြင်း ရူးသွပ်ခြင်း ချစ်မြတ်နိုးခြင်းတွေက မင်းနဲ့ပဲ စတင်ပါတယ် ...

To be continue ...

21st April,2020(Tue)
WhiteAster089

Continue Reading

You'll Also Like

91.7K 4.7K 16
+ ဆန်တဲ့ အသုံးအနှုန်းတွေ ရိုင်းစိုင်းသောအသုံးနှုန်းတွေပါလို့ရီဒါတို့အဆင်ပြေမှသာဖတ်ပေးကြပါရန် ။
129K 5.6K 55
ငယ်ငယ်ကတည်းကတစ်ယောက်နှင့်တစ်ယောက်မတည့်တဲ့ကောင်လေးနှစ်ယောက်ကအလှလေးတစ်ယောက်ကိုအပြိုင်အဆိုင်လိုက်ကြရာက မိဘတွေရဲ့အတင်းအကြပ်စီစဉ်ပေးမှုကြောင့်တစ်ယောက်အပေါ...
16.8M 648K 64
Bitmiş nefesi, biraz kırılgan sesi, Mavilikleri buz tutmuş, Elleri nasırlı, Gözleri gözlerime kenetli; "İyi ki girdin hayatıma." Diyor. Ellerim eller...
61.8K 2.6K 37
ᴅɪᴠᴇʀɢᴇɴᴛ; ᴛᴇɴᴅɪɴɢ ᴛᴏ ʙᴇ ᴅɪꜰꜰᴇʀᴇɴᴛ ᴏʀ ᴅᴇᴠᴇʟᴏᴘ ɪɴ ᴅɪꜰꜰᴇʀᴇɴᴛ ᴅɪʀᴇᴄᴛɪᴏɴꜱ.