" Behind The Sence " [ Zawgyi...

By sekaibubblechoco

402K 34.5K 2.2K

နှစ်​ဖက်​မိဘ သ​ဘောတူ လက်​ထပ်​ခြင်းဆိုတဲ့ ​ခေါင်းစ​ဉ်​​အောက်​က မင်းနဲ့ငါ.... Main Chat >> Sehun / Kai... More

-1-
-2-
-3-
- 4 -
- 5 -
-6-
- 7 -
- 8 -
- 9 -
- 10 -
- 11 -
- 12 -
- 13 -
- 14 -
- 15 -
-16-
- 17 -
- 18 -
-19-
- 20 -
- 21 -
-22-
- 23 -
-24-
- 25 -
- 26 -
- 27 -
- 28 -
- 29 -
- 30 -
Final
❤️ Extra ❤️
- 1 -
- 2 -
- 3 -
-4-
- 5 -
- 6 -
- 7 -
- 8 -
- 9 -
- 10 -
- 11 -
- 12 -
- 14 -
- 13 -
- 15 -
- 16 -
- 17 -
- 18 -
- 19 -
- 20 -
- 21 -
- 23 -
- 24 -
- 25 -
- 26 -
- 27 -
- 28 -
- 29 -
- 30 -
Final
❤️ Extra ❤️

- 22 -

924 88 0
By sekaibubblechoco


မထင်မှတ်ထားတဲ့ နာကျင်ခြင်းများက

တိုက်စားပါများသွားတဲ့ အခါ အသည်းနှလုံးက

အလုပ်မလုပ်တော့ဘူးထင်ပါရဲ့...

" Jongin ... မနက်ဖြန်ကျရင် ငါတို့ ဓာတ်ခွဲခန်းအသစ်အတွက်ဟိုနေ့က ရှာတွေ့ထားတဲ့ မြေကွက်သွားကြည့်ကြမယ်နော်.."

လက်အိတ်ကို ချွတ်ရင်း Baekhyun သတိပေးတာကို

Jongin ခေါင်းညိတ်ပြလိုက်ရင်း လက်ထဲက ပြဒါးတိုင်ကို အသာချလိုက်သည်....

ထမင်းစားချိန်မို့ ဂျူတီကုတ်ကို ချွတ်ကာ

ချိတ်ထားခဲ့ပြီး Baekhyun နဲ့ အတူူတူ

ထမင်းစားဆောင်ဘက်ကို ထွက်လာလိုက်တော့၏..

" ထမင်းစားဆောင်မှာ တွေ့ကြမယ် dr.Kim .."

ဘေးနားက လုပ်ဖော်ကိုင်ဖက် အချိူ့ က နှုတ်ဆက်သွားတော့ Jongin အသာပြုံးပြရင်း နှုတ်ဆက်လိုက်သည်...

Dr.Kim ... ဟုတ်သည်..

ခဏတာ အငှားရသလိူ SH လုပ်ငန်းစု၏ သမက်ဆိုသော

Oh Jongin ဆိုသော နာမက ကွယ်ပျောက်ခဲ့ပြီမှာ ၃လရှိပြီ..

ရက်သားလေးနဲ့ ဆူံးပါးသွားသော ကလေး၂ယောက်လူံးကိုတွေးမိတိုင်း သွေးနုသားနုနဲ့ သေမလို စိတ်ထိခိုက်နေချိန်မှာ သိခဲ့ရတဲ့ oh sehun နဲ့ မိန်းမတစ်ယောက်တို့၏ လွန်လွန်ကြုူးကြူးဇာတ်လမ်းကို ပြန်တွေးမိတိုင်း ဆတ်ဆတ်ခါအောင် နာသည့် အသည်းကြောင့် Jongin သူနဲ့ လမ်းခွဲခဲ့ပြီ...

တစ်ယောက်တည်းတော့မဟုတ်

၂ဦး၂ဖက် စိတ်နာခြင်းများနဲ့ လမ်းခွဲခြင်းဆိုလည်းမမှား..

ပိုင်ဆိုင်မှုတွေကြောင့် တရားရုံးက ဆူံးဖြတ်ချက်ကို စောင့်ဆိုင်းနေပေမယ့် ကိုယ့်အိမ်ကိုပြန်နေတာ ၃လရှိပြီ...

မီနူးထဲမှာ ပါလာသည့် ကြက်ဥလိပ်ကြောင့်

အတူစားဖူးခဲ့တဲ့ ထမင်းဝိုင်းကို သတိရမိသွားတာမို့

ဝါးလက်စ ထမင်းပင် မြိူချဖိူ့ ခက်ခဲသွား၏...

" SH လုပ်ငန်းစု၏ အသက်အငယ်ဆူံး Heir oh sehun ဟာ

ဒီနှစ် အတွင်း ဝင်ငွေပေါင်းကြောင့် အသက်၃၀အောက်အသက်အငယ်ဆူံး ဘီလျံနာ အဖြစ် စာရင်းဝင်လာ...

ဘီလျံနာအဖြစ်သိူ့ရောက်ရှိသွားခြင်းက သူ့ရဲ့ ကွာရှင်းခြင်းမှာတရားရုံးအဆုံးအဖြတ်ကို သက်ရောက်မလား စောင့်ကြည့်နေကြ..."

ထမင်းစားဆောင်ခန်းမကျယ်ထဲက ဖွင့်ထားသည့် TV ကသတင်းကြောင့် ထမင်းစားနေသူအကုန်လုံးရဲ့ မျက်လုံးတွေ Jongin ဆီကိူဝေ့ဝဲလာကြသည်...

အားလူံးဟာ လွတ်တဲ့ငါးကြီးနေပြီ Kim Jongin လို့ ပြောချင်ကြပုံ သို့လောသို့လောနဲ့ ...

စိတ်ပျက်စွာနဲ့ Jongin ခုံကနေ ထရပ်လိုက်ကာ..

" ငါသွားနှင့်ပြီ Baekhyun..."

ထမင်းပန်ကန်တွေကို မပြီး

ကျောပေးထွက်သွားတဲ့ Jongin ကို လူတွေနားလည်ကြမှာမဟုတ်ပါ...

ဘီလျံနာတစ်ယောက်ကို ကွာရှင်းဖို့ ကြိူးစားနေတဲ့

Jongin ကိူ လူတွေ အံ့သြကြမည်မှာမဆန်း...

ဒါပေမဲ့ Jongin ဖူံးကွယ်ထားခဲ့တဲ့ oh sehun ရဲ့ တစ်ညတာ

အရှုပ်အကြောင်းကိုသိကြလျှင်ရော ထိူသို့တွေးကြဦးမည်လား ဒါမှမဟုတ် ခွင့်လွှတ်ပေးကာ ပြန်ပေါင်းထုတ်ကြဖို

တိုက်တွန်းကြမည်လား Baekhyun မတွေးတတ်ပါ...

လက်ရှိမှာတော့

နာကျဉ်းခြင်းများစွာနဲ့

Jongin တိူ့ ၂ယောက်ဟာ ကွာရှင်းခွင့်တောင်းခံပြီးပြီ ဖြစ်သည်...

၂ဖက်မိဘသဘောတူလို့ လက်ထပ်ခဲ့ကြတဲ့သူတို့၂ယောက်ဟာ ၂ဦးသဘောတူကွာရှင်းကြလိမ့်မည်ဟု

မည်သူကမှ မတွေးထားခဲ့ကြပေမယ့်လည်း....

----------------------

Sehun အလုပ်ခန်းထဲကို ရောက်နေသည့် ဂုဏ်ပြုပန်းစီးတွေကို ဝေ့ဝဲကြည့်လိုက်ရင်း...

" အတွင်းရေးမှူးလီ.... ဒါတွေကို အပြင်ထုတ်ထားပေးပါ...

မြင်ရတာ စိတ်ရှုပ်လို့...."

Sehun စကားကြောင့် အလုပ်ရှုပ်သွားတဲ့ အတွင်းရေးမှူးလီကတော့ ဝန်ထမ်းတွေကိူ ခေါ်ဖို့ အပြင်ထွက်သွားမှ Sehun ဆိုဖာမှာ အသာထိုင်ချရင်း စိတ်ကို လျှော့ချလိုက်သည်...

မျက်လုံးတွေကို မှိတ်ကာ အနားပေးလိုက်တော့

အာရုံထဲပေါ်လာသည့် အညိုရောင် ဝတ်ဆံငယ်မျက်ဝန်းတို့ကြောင့် Sehun မျက်လူံးတွေ ချက်ချင်းပြန်ဖွင့်ကာ မျက်နှာကျက်ကို အကြောင်းမဲ့ စိုက်ကြည့်နေမိသည်...

Sehun

ဖြစ်နိုင်လျှင်Jongin ကို သတိမရချင်တော့ပါ...

ရှေ့ဆက်လက်တွဲဖို့မဖြစ်နိုင်တော့တာကို ဦးနှောက်ကပြင်း

ပြင်းထန်ထန် သတိပေးနေပေမယ့် နှလုံးသားက တိတိကျကျမလိုက်နာသေးတဲ့အခါမှာ နာကျင်ရသူမှာ Sehun သာဖြစ်သည်....

အသက်မဲ့စွာ မွေးဖွားလာတဲ့သမီးလေးနဲ့

နှလုံးတစ်ခြမ်းအလုပ်မလုပ်လို့ ရက်သားလေးသာ

အသက်ရှင်ပြီး Sehun တိူ့လက်ထဲမှာဘဲ ဆုံူးပါးသွားတဲ့

သားငယ်ကို ပြန်တွေးမိတိုင်း Sehun ရင်တွေ အဆမတန်နာကျင်ဆဲ....

အထင်မှားစေနိုင်တဲ့ ပုံရိပ်မျိူးတွေ ဖြစ်ခဲ့တဲ့ ယူမီနဲ့ Sehun တို့ရဲ့ ပုံတွေ Jongin လက်ထဲကို မည်သူကထည့်ပေးလိုက်

မှန်းမသိတဲ့နောက်မှာ Sehun တို့ အိမ်ထောင်ရေးဟာ

အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့တာဖြစ်သည်...

Sehun အတန်တန်တောင်းပန်ပြီး အခန်းထဲမှာ

ဘာမှမဖြစ်ခဲ့တာကို အကြိမ်ကြိမ်ရှင်းပြပေမယ့်

Jongin ဟာSehun သိက္ခာကို မငဲ့တဲ့ စကားတွေရက်ရက်စက်စက် ပြောကာ လမ်းခွဲခဲ့သည်...

ကိုယ့်ကို မယုံကြည်တဲ့သူတစ်ယောက်နဲ့

ရှေ့ဆက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တာမို့ Sehun သူ့ကို

နာကျဉ်းစွာနဲ့ လက်လွှတ်ပေးခဲ့ပါတယ်...

ဝမ်းနည်းစရာဆိုပေမယ့်

တကယ်ဆို Jongin က သူလုပ်ချင်တာကို ဆက်လုပ်ခွင့်ရဖို့အတွက် Sehun ကို လက်ထပ်ခဲ့တာဘဲလေ..

သိသိရက်နဲ့ ချစ်ခဲ့မိတာက ကိူယ်ညံ့လို့ဟု တွေးကာ

Sehun ဖြေသည်...

လွမ်းစရာရှိရင် နာစရာနဲ့ဖြေမယ် Jongin...

ကွာရှင်းခွင့်လျှောက်ထားပြီးတဲ့ ၃လအတွင်းမှာ

Sehun က အဖေ့လက်အောက်က လုပ်ငန်းစုတစ်ခုကို

ကိုယ့်နာမည်နဲ့ လွှဲယူလိုက်တာက ဘီလျံနာအဖြစ်ကို

ရောက်သွားစေခြင်းထဲက အကြောင်းအရင်းတစ်ရပ်ဆိုလည်းမမှား....

Jongin ကတော့ သူတို့ရဲ့ သုတေသနကို တက်တက်ကြွကြွနဲ့ အကျယ်ချဲ့လုပ်ဆောင်နေတာ Sehun မစူံစမ်းဘဲ ကြားပါသည်...

အတူရှိခဲ့ချိန်တုန်းက Jongin ရဲ့ သံယောဇဉ်တွေက အတုအယောင်တွေဘဲလား Sehun မတွေးချင်တော့ပါ...

မင်း ငါ့ကို မလွမ်းဘူးဘဲ Jongin....

အိတ်ကပ်ထဲကထုတ်လိုက်တဲ့ လက်ထပ်လက်စွပ်လေးကို

Sehun ထုတ်ကြည့်လိုက်ရင်း မျက်ဝန်းထောင့်က မျက်ရည်တစ်စက်စီးကျသွားသည်....

" ငါ မင်းကို မေ့ပစ်ချင်တယ် Jongin..."

--//--

ကဲ.... divorce လုပ်ပြီးရင် ဇာတ်သိမ်းပါပြီ <'3

Continue Reading

You'll Also Like

306K 6.9K 28
1300 years ago, the marvelous and former glory of Narnia was tarnished. The castle of Cair Paravel, sieged by Telmarines, stood in flames as the army...
204K 4.7K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
20.1K 986 12
Where Changbin is the CEO for a big Gaming company and Hyunjin is his secretary. CEO Changjin AU
80.3K 2.1K 22
"𝐘𝐎𝐔 𝐌𝐀𝐊𝐄 𝐌𝐄 𝐖𝐀𝐍𝐓 𝐓𝐎 𝐋𝐎𝐕𝐄 𝐀𝐆𝐀𝐈𝐍." ✰ AMERICAN ASSASSIN mitch rapp x female oc cover by @plutoqissed