#For Zawgyi
တကယ္တမ္း စာသင္ၾကည့္တဲ့အခါ ခ်မ္းဟာ ထူးထင္ထားသေလာက္ေတာ့ ညံ့မေနပါ ။ ဘာအင္အားစိုက္ထုတ္ျခင္းမွမရွိဘဲ ေလာကႀကီးကို အေပါ့ပါးဆံုး ျဖတ္သန္းခဲ့တာေၾကာင့္ပင္ ဒီလိုအေျခအေနေရာက္ေနရသည္ဟုပဲ ေကာက္ခ်က္ခ်ရမည္ ထင္ပါသည္ ။
ခ်မ္းကို သင္မၾကည့္ရေသးခင္အခ်ိန္ထိ ထူးကိုယ္တိုင္က ဒီကေလးကို စာသင္တဲ့ေနရာမွာ အဆင္မွေျပပါ့မလားရယ္လို႔ အနည္းငယ္ေတာ့ ပူပန္ေနခဲ့မိတာပါ ။ ကေနဒါမွာ ျမန္မာလူမ်ိဳးကေလးအခ်ိဳ႕ကို ျမန္မာစာသင္ျပေပးခဲ့တာျဖစ္လို႔ ထူးအေနနဲ႔ ဒီဘာသာရပ္အေပၚ ကၽြမ္းကၽြမ္းက်င္က်င္ရွိခဲ့ေသာ္ျငား တစ္ျခားေသာ ဘာသာရပ္ေတြႏွင့္က အေတာ္ေလး အလွမ္းေဝးေနခဲ့ၿပီမဟုတ္လား ။
ငယ္စဥ္က ဘယ္ေလာက္ပဲ ပိုင္ႏိုင္ခဲ့တဲ့စာေတြျဖစ္ေပမယ့္လည္း ျပန္လည္အသံုးမခ်ျဖစ္တဲ့ ဒီႏွစ္အပိုင္းအျခားေတြေၾကာင့္ ခ်မ္းအား သင္ဖို႔ရာအတြက္ ထိုစာေတြကို တစ္ပတ္ေလာက္အခ်ိန္ယူၿပီး ျပန္ကာ ေလ့လာလိုက္ရေသးသည္ ။
" ကၽြန္ေတာ္ တြက္လို႔ၿပီးၿပီ ဦးသာ "
" အင္း...မင္းက စာေတြေတာ္ေတာ္မ်ားမ်ားကိုေတာ့ မွတ္မိေနေသးသားပဲ ခ်မ္း "
" ၃ ႏွစ္ေတာင္ အသင္ခံထားရတာေလဗ်ာ ၊ ဒီေလာက္ေတာ့ မွတ္မိတာေပါ့ ၊ ဒါနဲ႔ ကၽြန္ေတာ္တစ္ခုေလာက္ေမးခ်င္တယ္ "
" ဘာေမးမွာလဲ "
" ကၽြန္ေတာ္ စာေတြမွတ္မိတာကို လာေျပာေနတဲ့ ဦးသာကမွ ထူးဆန္းတာ "
" ဘာထူးဆန္းလို႔လဲ "
" ဦးသာဆို ဆယ္တန္းေအာင္ထားတာ အၾကာႀကီးရွိေနၿပီေလ ၊ အဲ့ဒါနဲ႔ေတာင္ ဘာလို႔ ဒီစာေတြကို ခုထိ မွတ္မိေနေသးတာလဲ "
" ငါမမွတ္မိလို႔ဘဲ မင္းဆီက မွတ္စုေတြေတာင္းၿပီး တစ္ပတ္ေလာက္ျပန္ေလ့လာခဲ့ရတာေလ ခ်မ္းရယ္ "
" အဲ့ဒီတစ္ပတ္ေလာက္ ျပန္ေလ့လာလိုက္ရံုနဲ႔ မွတ္မိသြားတာကိုက ထူးဆန္းေနတာ ၊ ဦးသာက ေမတို႔ေျပာသလို တကယ္ ဥာဏ္အရမ္းေကာင္းတာပဲလား "
" မင္းေမးခြန္းႀကီးကလည္း ခ်မ္းရယ္ ၊ ငါက ငါ့ကိုယ္ငါ ဥာဏ္အရမ္းေကာင္းပါတယ္ဆိုၿပီး ေျဖရမွာလား ဟားဟား... "
" ကၽြန္ေတာ္ အေကာင္းေမးေနတာကို "
" ဟ ဥာဏ္ေကာင္းတယ္ဆိုတာကို ဘာနဲ႔တိုင္းတာၿပီး ေျပာရမွာလဲ ၊ ဥပမာ ဘယ္လိုသင္သင္ ဆယ္တန္းမေအာင္တဲ့ သူနဲ႔ထက္စာရင္ ငါက ဥာဏ္ေကာင္းတယ္ ေျပာရမွာေပါ့ ၊ ဒါေပမယ့္ အိုင္းစတိုင္းနဲ႔ယွဥ္ရင္ ဘယ္လိုလုပ္ ငါက ဥာဏ္ေကာင္းႏိုင္ေတာ့မလဲ "
" ဒါ ဦးသာက စကားကို ကပ္ေျပာေနတာပဲ "
" ငါေျပာတာက မဟုတ္လို႔လား "
" ဒါဆို ေမးခြန္းေျပာင္းေမးမယ္ဗ်ာ ၊ ဦးသာ ဆယ္တန္းတုန္းက ဂုဏ္ထူးဘယ္ေလာက္ပါလဲ "
" ဘာသာစံု "
ဘုရား...။ ထူးရဲ႕ တံုးတိတိအေျဖကို ၾကားခ်ိန္မွာ ခ်မ္းတစ္ေယာက္ ေအာက္ေမးျပဳတ္သြားသလို ပါးစပ္ေဟာင္းေလာင္းပြင့္သြားေလသည္ ။
ကိုယ္ေတာင္ ၃ ႏွစ္ေျဖလို႔ မေအာင္တဲ့ စာေမးပြဲကို ဒီလူႀကီးက ဘာသာစံုဂုဏ္ထူးနဲ႔ ေအာင္သတဲ့လား ။ ဒါနဲ႔မ်ား ဘာလို႔ဆရာဝန္ ျဖစ္မေနတာပါလိမ့္ ။
" ဦးသာက ဘာလို႔ ဆရာဝန္မျဖစ္တာလဲ "
ခ်မ္းရဲ႕အေမးကို ပုစၧာေတြမွန္မမွန္ အမွတ္ျခစ္ေနရာမွ မႈန္ကုပ္ကုပ္ႏွင့္ ေမာ့ၾကည့္လာၿပီး
" ေဆးေက်ာင္းမတက္လို႔ မျဖစ္တာေပါ့ "
ကၽြတ္... ဒီလူႀကီးဟာ ေျဖလိုက္ရင္ ဘုကန္႔လန္႔ခ်ည္းပဲ ။
" ေဆးေက်ာင္းကေရာ ဘာလို႔မတက္... "
ခ်မ္းရဲ႕ေမးခြန္းမွမဆံုးလိုက္ေသး ။ စူးခနဲၾကည့္လာေသာ မ်က္ဝန္းေတြေၾကာင့္ ခ်မ္းမွာ ေမးရင္းတန္းလန္းကေန ေမးခြန္းတဝက္တပ်က္နဲ႔ ရပ္သြားေတာ့သည္ ။
" မင္းကို ငါက စာသင္ရမွာလား ၊ ဒါမွမဟုတ္ မင္းေမးတာေတြကို ထိုင္ေျဖရမွာလား "
ေအးစက္စက္ေလသံေတြက ေရခဲငံုၿပီး ေျပာသလားေတာင္ ထင္မွတ္ရေလသည္ ။ အဲ့ဒီလူႀကီးဟာ ေမ နဲ႔ ေလးငယ္အေပၚဆိုရင္ ခ်ိဳသာေပ်ာ့ေျပာင္းသေလာက္ ခ်မ္းကိုဆိုလ်ွင္ တစ္စက္မွ ရယ္ရယ္ၿပံဳးၿပံဳးမဆက္ဆံ ။ တစ္ခါတစ္ရံ ရယ္စရာေတြ႔သည့္အခိုက္အတန္႔ေလာက္သာ ရွားရွားပါးပါးရယ္ေသာ္ျငား အၿမဲလိုလိုက မ်က္ႏွာေသႀကီးႏွင့္ျဖစ္သည္ ။
လူေတာ္ေတြဟာ ညံ့တဲ့သူေတြအေပၚဆိုရင္ ဒီလိုပဲ အထင္ေသးၿပီး ဆက္ဆံတတ္ၾကတာ ထင္ပါရဲ႕ ။
ၾကည့္ေနပါ လူႀကီးရာ... ။ ခင္မ်ားႀကီးေလာက္ေတာ့ မေတာ္ေပမယ့္ က်ဳပ္လည္း လူညံ့တစ္ေယာက္မဟုတ္ေၾကာင္းေတာ့ ေသခ်ာေပါက္ သက္ေသျပေပးပါ့မယ္ ။
" ခ်မ္း... ဆက္တြက္မယ္လို႔ေျပာေနတယ္ေလ ၊ အာရံုေတြက ဘယ္ေရာက္ေနျပန္တာလဲ "
ခ်မ္းတစ္ေယာက္ အေတြးထဲမွာ မာန္ဖီေနရာက လက္ေတြ႔မွာေတာ့ ' ဟုတ္ ' ဟု ေညာင္နာနာေျပာကာ ကုပ္ခ်ိခ်ိႏွင့္ ေဘာပင္ကို ေကာက္ကိုင္လိုက္ရေလသည္ ။
***********
အရင္ႏွစ္ေတြက စာထဲပဲ စိတ္ပဲမဝင္စားခဲ့လို႔လား ဒါမွမဟုတ္ ဒီလူႀကီးကပဲ စာအသင္အျပေကာင္းလြန္းတာလား မသိ ။ အရင္တုန္းက ခက္ခဲတယ္လို႔ ထင္ခဲ့မိတဲ့ စာေတြဟာလည္း အခုခ်ိန္မွာ ခ်မ္းအတြက္ အေတာ္ေလး လြယ္လင့္တကူ ျဖစ္ေနေလသည္ ။
တစ္ခ်ိဳ႕သင္ခန္းစာေတြဟာ ဦးသာမ်ား ရွင္းျပလိုက္လ်ွင္ ျပန္က်က္စရာ မလိုေတာ့သည္အထိ ဦးေႏွာက္ထဲ စြဲၿမဲသြားတတ္၏ ။ ဒါေတြေၾကာင့္ပဲ ေမ နဲ႔ ေလးငယ္က ဦးသာႏွင့္စာသင္ဖို႔ကို အသည္းအသန္လိုလားခဲ့ၾကတာျဖစ္မည္ဟု ခ်မ္း သေဘာေပါက္လာသည္ ။
အစပိုင္းေတာ့ စည္းစနစ္ႀကီးသည့္ ဒီလူႀကီးေၾကာင့္ စာသင္ရင္း ခ်မ္း စိတ္ညစ္ခဲ့ရတာေတြ အမ်ားသား ။ ခ်မ္းစိတ္ထဲမွာ စာအုပ္ႀကီးဟုပင္ နာမည္ေပးထားမိသည္အထိ ထိုလူႀကီးက တိက်ျပတ္သားမႈမွာ အတိမ္းအေစာင္းမခံတတ္သူ ။ နည္းနည္းရင္းႏွီးလာသည့္ အခုေနာက္ပိုင္းတြင္ ထင္သေလာက္မဟုတ္ေတာ့ဘဲ စာအုပ္ႀကီးဆန္မႈေတြ အနည္းငယ္ေလ်ာ့ပါးလာတာကို ေတြ႔လာရသည္ ။
ခ်မ္းအေပၚ အရင္ကေလာက္လည္း မ်က္ႏွာေၾကာမတင္းေတာ့ ။ အနည္းငယ္ေတာ့ လိုက္လိုက္ေလ်ာေလ်ာရွိလာသည္ဟု ထင္ရသည္ ။
" ကဲ ဒီေန႔ေတာ့ ဒီေလာက္ပဲ ခ်မ္း "
ခ်မ္း အလြတ္ေရးထားေသာ Definition ေတြ အကုန္မွန္လို႔ စိတ္ေက်နပ္သြားပံုႏွင့္ လူႀကီးက ေျပာလာေတာ့
" ဦးသာ... "
" အင္း "
စာအုပ္ေတြကို တဖ်တ္ဖ်တ္လွန္ရင္းက တစ္ခ်က္မွ ၾကည့္မလာဘဲ ထူးေလသည္ ။ ေခ်လိုက္တာဗ်ာ ။
Attention တစ္စက္မွ ေပးမလာေသာ လူႀကီးေၾကာင့္ အႀကံနဲ႔ပူဆာမယ္ျပင္ေနေသာ ခ်မ္းမွာ တြန္႔ခနဲ ။ သို႔ေသာ္ျငား လြယ္လြယ္လက္မေလွ်ာ့တတ္တဲ့ ခ်မ္းရဲ႕ ထံုးစံအတိုင္း အရဲစြန္႔ကာ
" ကၽြန္ေတာ္ ေရႊပုဇြန္မွာ ေကာ္ဖီေသာက္ရင္း မုန္႔သြားစားခ်င္လို႔ "
" သြားေပါ့ ၊ မင္း စာသင္ခ်ိန္လည္း ၿပီးၿပီပဲကို "
" ကၽြန္ေတာ္ ကားေမာင္းသြားခ်င္လို႔ ၊ အဲ့ဒါ တစ္ေယာက္တည္းက်ေတာ့ သိပ္မေမာင္းရဲေသးတာနဲ႔ "
" လူလူျပန္လာမွ သူနဲ႔သြား "
" ေလးငယ္က အၿမဲမိုးခ်ဳပ္မွ ျပန္လာေတာ့ ကၽြန္ေတာ္က ဘယ္အခ်ိန္သြားေမာင္းရေတာ့မွာလဲ ၊ ၿပီးေတာ့ ေလးငယ္ အလုပ္မွာ ပင္ပန္းၿပီးျပန္လာတာကိုလည္း အလိုက္မသိ မပူဆာခ်င္လို႔ပါ "
ေတာက္ေလ်ွာက္ ခ်မ္းေျပာလာသမ်ွကို တစ္ခ်က္မွ ေမာ့မၾကည့္ဘဲ တုန္႔ျပန္ေနသူက ေလးငယ္နာမည္သံုးလိုက္မွ ေမာ့ၾကည့္လာေဖာ္ရေတာ့သည္ ။ လူႀကီးရဲ႕မ်က္ႏွာအမူအရာက အေျခအေနေကာင္းသည့္ဘက္ကို ယိမ္းယိုင္လာသည္မို႔
" ၿပီးေတာ့ ေမကလည္း အဲ့ဒီေရႊပုဇြန္က Cheese cake ကို အရမ္းႀကိဳက္တာ ၊ အဲ့ဒါ ေမ့ကိုလည္း ကၽြန္ေတာ္ ဝယ္ေကၽြးခ်င္လို႔ "
ဒါက လူႀကီးအညွာကို ကိုင္ႏိုင္မယ့္ ေနာက္ထပ္ လက္နက္ႀကီးတစ္ခု ။ ေလးငယ္နာမည္ကို ၾကားစဥ္မွာ ေမာ့လာတဲ့ဦးေခါင္းက ေမ့နာမည္လည္း သံုးလိုက္ေရာ ခ်က္ခ်င္းကို ေခါင္းၿငိမ့္ၿပီးသား ျဖစ္သြားေတာ့တာဟာ ခ်မ္း တြက္ဆထားတဲ့အတိုင္း ကြက္တိပင္ ။
ဟင္း...ဟင္း ၿငိမ္းခ်မ္းေရး ႀကံရင္ ဒီလူႀကီး ဘာတတ္ႏိုင္ေသးလဲ...ကဲ !!!
ဒီလိုႏွင့္ပင္ ထိုလူႀကီးခမ်ာ ခ်မ္းေမာင္းသည့္ကားေပၚ ပါလာရရွာေတာ့သည္ ။ ဒါေပမယ့္လည္း လူတစ္ေယာက္ေခၚလာရသည္ႏွင့္ မတူ ။ အရုပ္ႀကီးတစ္ရုပ္အား ကားေပၚတင္ေခၚလာရသကဲ့သို႔ရွိကာ ခ်မ္းအား စကားတစ္ခြန္းမွ်ေျပာေဖာ္မရဘဲ ႏႈတ္ပိတ္ႀကီးႏွင့္သာ ေနေလသည္ ။ ဘယ္သူနဲ႔မဆို ေပါက္ေပါက္ေဖာက္တတ္ေသာ ခ်မ္းလည္း ဒီလူႀကီးႏွင့္က်ေတာ့ စကားစ,ဖို႔ မဝံ႔ရဲသလိုလိုျဖစ္ကာ မတိတ္စဖူး အသံတိတ္လ်က္ရွိ၏ ။
ေတာ္ေတာ္ၾကာမွ
" ေဟ့ မင္း အခု ဘယ္ကို ေမာင္းေနတာလဲ "
" ေရႊပုဇြန္ကိုေလ "
" လမ္းမေတာ္ကို ေက်ာ္လာခဲ့ၿပီေလ "
" ကၽြန္ေတာ္သြားေနတာ လမ္းမေတာ္ ေရႊပုဇြန္ မဟုတ္ဘူး ၊ သာေကတ ေရႊပုဇြန္ "
" ဟ ဒီေလာက္အေဝးႀကီးထိ ဘာသြားစားစရာလိုလဲ ၊ လမ္းမေတာ္မွာတင္ စားလည္း ရေနတာကို "
ဒီလူႀကီး ဒီလိုေျပာလာမယ္ဆိုတာကို သိေနတယ္ေလ ။ ဒါေၾကာင့္လည္း ျပန္ေခ်ပရမယ့္ ဆင္ေျခကို စဥ္းစားထားၿပီးသား ။
" လမ္းမေတာ္ဆိုင္က က်ဥ္းတယ္ ၊ ထိုင္လို႔မေကာင္းဘူး ၊ သာေကတဆိုင္ကမွ ေအးေအးေဆးေဆး ထိုင္လို႔ေကာင္းတာ ၊ စားမယ့္စားေတာ့ ေအးေအးလူလူပဲ ထိုင္စားခ်င္လို႔ပါ ၊ ဒီရက္ထဲ စာက်က္ပါမ်ားေတာ့ ၿငီးစီစီႀကီးလည္း ျဖစ္ေနလို႔ "
ထင္သည့္အတိုင္းပဲ ဒီလူႀကီး ဘာမွဆက္မေျပာမလာေတာ့ေပ ။ ဟဲဟဲ...ၿငိမ္းခ်မ္းေရးပါ ။ မပိုင္ရင္ ျခင္႐ိုက္ဖို႔မေျပာနဲ႔ ။ ကိုယ့္မ်က္စိေရွ႕ တြန္႔ဆုတ္ဆုတ္ သြားေနတဲ့ ပုရြက္ဆိတ္ကိုေတာင္ ဖိမသတ္ဘူး...အဟင္းးးး ။
လုပ္ခ်င္တာလုပ္ရလို႔ စိတ္ထဲေက်နပ္ေနေသာ္လည္း လူႀကီးမရိပ္မိေအာင္ေတာ့ မ်က္ႏွာပိုးကို သတ္ထားရသည္ ။
သာေကတအထိ လိုက္ရမယ့္ ထူးခၽြန္သာမွာေတာ့ စိတ္ပ်က္လက္ပ်က္ ။
ကၽြတ္...ဒီဟာေလးနဲ႔ လိုက္လာမိတာကိုက မွားတာကြာ ။ ခုမွေတာ့ ဘာမွမတတ္ႏိုင္ ။ ဒင္းေလး သြားေလရာသာ လိုက္ေပေတာ့ေပါ့ ။
သူမၾကည္မွန္းသိလို႔လားေတာ့ မေျပာတတ္ ။ ခ်မ္းဟာ ဆိုင္ထဲေရာက္လို႔ မုန္႔မွာစားသည္အထိ မ်က္ႏွာခပ္ငယ္ငယ္ႏွင့္ အသံတိတ္ေနေလသည္ ။ ဒီလိုက်ေတာ့လည္း ထူးမွာ မေနတတ္ျပန္ ။
" ခ်မ္း "
" ဗ်ာ "
မုန္႔စားေနရာမွ အလန္႔တၾကားေမာ့ကာ ထူးလာတဲ့ ပံုစံေလးေၾကာင့္ ထူးစိတ္ထဲ သနားသလိုပင္ ျဖစ္သြားမိရသည္ ။
ေနစမ္းပါဦး ။ ဒီဟာေလးက သနားစရာ ဘာတစ္ကြက္ရွိလို႔ ငါက သနားသလိုျဖစ္ေနရတာတုန္း ။
" မင္း အခုတေလာ အျပင္မထြက္ပါလား ၊ မွတ္မွတ္ရရ ရဲစခန္းက ကိစၥၿပီးကတည္းကလားလို႔ "
အဲ့ဒီတုန္းကလည္း အမႈက ရွင္းရွင္းလင္းလင္းျဖစ္သြား၍ ေတာ္ေသးသည္ ။ ခ်မ္းမ်ား ထိုေဆးမႈမွာ မလြတ္မကင္းျဖစ္ေနမလားဆိုတဲ့အေတြးနဲ႔ ထူးမွာ ရင္တထိတ္ထိတ္ ။ ေဆးေအာင္ၿပီး ကင္းရွင္းေၾကာင္း စစ္ခ်က္မ်ားထြက္လာမွသာ ထူးမွာ သက္မခ်ႏိုင္ခဲ့တာျဖစ္သည္ ။
" အဲ့ကိစၥေတြ ၿပီးကတည္းက ကၽြန္ေတာ္လည္း ဦးသာနဲ႔ စာသင္ရေတာ့တာေလ ၊ ဘယ္အခ်ိန္ အျပင္သြားထြက္ရမွာလဲ "
ဒီလိုက်ျပန္ေတာ့ ဆူပုတ္ပုတ္ႏွင့္ ေျပာလာေသာ ေကာင္ေလးဟာ ခ်စ္စရာ ။
" တစ္ခါတစ္ေလေတာ့ သြားလို႔ရပါတယ္ ခ်မ္းရာ ၊ မင္းက စာေတြလည္း လိုက္ႏိုင္ေနသားပဲ "
" ဦးသာ တကယ္ေျပာတာေနာ္ "
" ေအး တကယ္ ၊ ဒါနဲ႕ အဲ့ဒီေဆးမႈျဖစ္တုန္းက မင္းသူငယ္ခ်င္းေတြေရာ အမႈနဲ႔ အကုန္လြတ္ကင္းတယ္ မဟုတ္လား "
" ဟုတ္ အကုန္ လြတ္ပါတယ္ ၊ အဲ့ေန႔ ဦးသာ ကၽြန္ေတာ့္ကို ျပန္ေခၚလာၿပီးကတည္းက ကၽြန္ေတာ္လည္း သူတို႔နဲ႔ မေတြ႔ျဖစ္ေတာ့တာ ခုထိပဲ ၊ ဖုန္းဆက္ၿပီးပဲ သတင္းေမးေနရတာ "
" အကုန္လြတ္ကင္းတယ္ဆိုရင္ ၿပီးတာပါပဲ "
" ဒါေပမယ့္ေလ ဦးသာ ၊ သူတို႔က ကၽြန္ေတာ့္လို အာမခံမရၾကဘူး သိလား ၊ စခန္းမွာ တစ္ညအိပ္လိုက္ရတယ္ "
" ေအာ...အဟမ္း ဟုတ္လား "
" ကၽြန္ေတာ္ ကံေကာင္းတယ္ေနာ္ ၊ အဲဒီစခန္းက ရဲႀကီးက ဦးသာသူငယ္ခ်င္းမို႔ ကၽြန္ေတာ့္ကို အာမခံေပးလိုက္တာနဲ႔တူတယ္ "
" အမ္... အင္း ဟုတ္မွာေပါ့ "
" ဦးသာကလည္း ဘာဟုတ္မွာေပါ့လဲ ၊ ဦးသာပဲ အဲ့ေန႔က ႏႈတ္ဆက္ေနၿပီးေတာ့ "
" ေအး ဟုတ္တယ္ ဟုတ္တယ္ "
ဒီကေလး စားလက္စမုန္႔ကို ျပန္ငံု႔စားေနေတာ့မွသာ ထူးမွာ အသက္ရွဴေခ်ာင္သြားေတာ့သည္ ။
စားေသာက္ၿပီးလို႔ ကားပါကင္ဆီျပန္ထြက္လာေတာ့
" ဒီမွာ ဒီမွာ "
ေနာက္နားက ေခၚသံေၾကာင့္ ထူးေရာ ခ်မ္းပါ လွည့္ၾကည့္မိသည္ ။
" မင္း ထူးခၽြန္မဟုတ္လားဟင္ "
" ဟာ ေကာင္းဆက္ "
ႏွစ္ေယာက္သား ဝမ္းသာအားရပင္ ေျပးဖက္မိေလသည္ ။ ေကာင္းဆက္ဆိုတာ ထူးႏွင့္သာမက လူလူႏွင့္ပါ အရမ္းရင္းႏွီးတဲ့ ထူးတို႔ငယ္သူငယ္ခ်င္း ။
" မင္း အၿပီးျပန္လာတာလား ထူးခၽြန္ "
" မေျပာတတ္ေသးပါဘူးကြာ "
" အခု ဘယ္မွာေနလဲ ႏိုင္ဘုန္းလူတို႔အိမ္မွာပဲလား "
" ေအး...ဟုတ္တယ္ "
" မင္းကြာ ေနႏိုင္လိုက္တာမ်ား တစ္ေခါက္မွေတာင္ ျပန္မလာဘူး "
" မင္း သိတဲ့အတိုင္းပဲေလကြာ "
" ငါက လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္တုန္းက မင္းျပန္လာမယ္ ထင္လိုက္မိေသးတာ ၊ ငါေျပာတဲ့အခ်ိန္ကို မင္းသိတယ္မဟုတ္လား "
" အင္း သိတယ္ ၊ ငါ ျပန္မလာခ်င္လို႔ကို မလာဘဲေနခဲ့တာ "
" အခု ျပန္လာတာကေရာ "
" ကေနဒါမွာ လြန္ခဲ့တဲ့ႏွစ္ကပဲ ငါ့အေမဆံုးသြားတယ္ေလ ၊ အဲ့ေနာက္ပိုင္း လူလူတို႔က ငါ့ကို အတင္းျပန္ေခၚေနတာရယ္...ေနာက္တစ္ခုက ေနာက္တစ္ခုက "
ေျပာရခက္သလို ျဖစ္ေနေသာ ထူးအား ေကာင္းဆက္က နားလည္ပံုျဖင့္
" ငါ သတင္းၾကားမိတဲ့ က်န္းမာေရးကိစၥတစ္ခုေၾကာင့္မ်ားလား ထူးခၽြန္ "
" အင္း အဲ့...အဲ့ဒါေၾကာင့္ေရာ "
" မင္း ေရာက္ခဲ့ၿပီးၿပီေပါ့ "
" အင္း "
မ်က္ႏွာညွိဳးလ်က္ ေခါင္းငိုက္စိုက္ခ်ေနေသာ ထူးရဲ႕အသြင္သ႑ာန္ေၾကာင့္ ေကာင္းဆက္က ပုခံုးႏွစ္ဖက္ကို အသာဖြဖြပုတ္လာကာ
" မင္း လုပ္သင့္လုပ္ထိုက္တာကို လုပ္လိုက္ႏိုင္တာေလ ထူးခၽြန္ ၊ မင္း မွန္တယ္ေလကြာ ေနာ္ "
" ေအးပါ "
" ဒါျဖင့္ ႏိုင္ဘုန္းလူနဲ႔ပါ ေအးေအးေဆးေဆး တစ္ရက္ဆံုၾကမယ္ကြာ ေနာ္ ၊ အခုေတာ့ ငါ အလုပ္ျပန္ဝင္ရဦးမွာမို႔ "
" ေအး ေအး ေကာင္းဆက္ ၊ See U ကြာ "
ကားေမာင္းထြက္လာသည္အထိ လူႀကီးမ်က္ႏွာဟာ မႈန္မႈိင္းလ်က္ ။ ခ်မ္းမွာလည္း ေဘးကေနနားေထာင္ရင္း လူႀကီးနဲ႔သူ႔သူငယ္ခ်င္း ေျပာသမ်ွစကားေတြကို အကုန္ၾကားပါလ်က္က တစ္ခုမွနားမလည္ ။
လူႀကီး ဘာေတြျဖစ္ခဲ့သလဲ ၊ ျဖစ္ေနသလဲ ၊ ခ်မ္း သိခ်င္လာသည္ ။ လူႀကီးအား ေမးလ်ွင္လည္း ခ်မ္းအား အဖက္လုပ္ၿပီး ေျဖမွာမဟုတ္မွန္း သိေနတာေၾကာင့္ ေမးဖို႔ရာလည္း မႀကိဳးစားမိေတာ့ ။
သိခ်င္စိတ္ကလည္း အႀကီးအက်ယ္ ျဖစ္ေနသည္မို႔.....
အင္း....ေအးေအးေဆးေဆးမွ ေလးငယ္ကို ေမးၾကည့္ရမည္ ။
_______________________________
#For Unicode
တကယ်တမ်း စာသင်ကြည့်တဲ့အခါ ချမ်းဟာ ထူးထင်ထားသလောက်တော့ ညံ့မနေပါ ။ ဘာအင်အားစိုက်ထုတ်ခြင်းမှမရှိဘဲ လောကကြီးကို အပေါ့ပါးဆုံး ဖြတ်သန်းခဲ့တာကြောင့်ပင် ဒီလိုအခြေအနေရောက်နေရသည်ဟုပဲ ကောက်ချက်ချရမည် ထင်ပါသည် ။
ချမ်းကို သင်မကြည့်ရသေးခင်အချိန်ထိ ထူးကိုယ်တိုင်က ဒီကလေးကို စာသင်တဲ့နေရာမှာ အဆင်မှပြေပါ့မလားရယ်လို့ အနည်းငယ်တော့ ပူပန်နေခဲ့မိတာပါ ။ ကနေဒါမှာ မြန်မာလူမျိုးကလေးအချို့ကို မြန်မာစာသင်ပြပေးခဲ့တာဖြစ်လို့ ထူးအနေနဲ့ ဒီဘာသာရပ်အပေါ် ကျွမ်းကျွမ်းကျင်ကျင်ရှိခဲ့သော်ငြား တစ်ခြားသော ဘာသာရပ်တွေနှင့်က အတော်လေး အလှမ်းဝေးနေခဲ့ပြီမဟုတ်လား ။
ငယ်စဉ်က ဘယ်လောက်ပဲ ပိုင်နိုင်ခဲ့တဲ့စာတွေဖြစ်ပေမယ့်လည်း ပြန်လည်အသုံးမချဖြစ်တဲ့ ဒီနှစ်အပိုင်းအခြားတွေကြောင့် ချမ်းအား သင်ဖို့ရာအတွက် ထိုစာတွေကို တစ်ပတ်လောက်အချိန်ယူပြီး ပြန်ကာ လေ့လာလိုက်ရသေးသည် ။
" ကျွန်တော် တွက်လို့ပြီးပြီ ဦးသာ "
" အင်း...မင်းက စာတွေတော်တော်များများကိုတော့ မှတ်မိနေသေးသားပဲ ချမ်း "
" ၃ နှစ်တောင် အသင်ခံထားရတာလေဗျာ ၊ ဒီလောက်တော့ မှတ်မိတာပေါ့ ၊ ဒါနဲ့ ကျွန်တော်တစ်ခုလောက်မေးချင်တယ် "
" ဘာမေးမှာလဲ "
" ကျွန်တော် စာတွေမှတ်မိတာကို လာပြောနေတဲ့ ဦးသာကမှ ထူးဆန်းတာ "
" ဘာထူးဆန်းလို့လဲ "
" ဦးသာဆို ဆယ်တန်းအောင်ထားတာ အကြာကြီးရှိနေပြီလေ ၊ အဲ့ဒါနဲ့တောင် ဘာလို့ ဒီစာတွေကို ခုထိ မှတ်မိနေသေးတာလဲ "
" ငါမမှတ်မိလို့ဘဲ မင်းဆီက မှတ်စုတွေတောင်းပြီး တစ်ပတ်လောက်ပြန်လေ့လာခဲ့ရတာလေ ချမ်းရယ် "
" အဲ့ဒီတစ်ပတ်လောက် ပြန်လေ့လာလိုက်ရုံနဲ့ မှတ်မိသွားတာကိုက ထူးဆန်းနေတာ ၊ ဦးသာက မေတို့ပြောသလို တကယ် ဉာဏ်အရမ်းကောင်းတာပဲလား "
" မင်းမေးခွန်းကြီးကလည်း ချမ်းရယ် ၊ ငါက ငါ့ကိုယ်ငါ ဉာဏ်အရမ်းကောင်းပါတယ်ဆိုပြီး ဖြေရမှာလား ဟားဟား... "
" ကျွန်တော် အကောင်းမေးနေတာကို "
" ဟ ဉာဏ်ကောင်းတယ်ဆိုတာကို ဘာနဲ့တိုင်းတာပြီး ပြောရမှာလဲ ၊ ဥပမာ ဘယ်လိုသင်သင် ဆယ်တန်းမအောင်တဲ့ သူနဲ့ထက်စာရင် ငါက ဉာဏ်ကောင်းတယ် ပြောရမှာပေါ့ ၊ ဒါပေမယ့် အိုင်းစတိုင်းနဲ့ယှဉ်ရင် ဘယ်လိုလုပ် ငါက ဉာဏ်ကောင်းနိုင်တော့မလဲ "
" ဒါ ဦးသာက စကားကို ကပ်ပြောနေတာပဲ "
" ငါပြောတာက မဟုတ်လို့လား "
" ဒါဆို မေးခွန်းပြောင်းမေးမယ်ဗျာ ၊ ဦးသာ ဆယ်တန်းတုန်းက ဂုဏ်ထူးဘယ်လောက်ပါလဲ "
" ဘာသာစုံ "
ဘုရား...။ ထူးရဲ့ တုံးတိတိအဖြေကို ကြားချိန်မှာ ချမ်းတစ်ယောက် အောက်မေးပြုတ်သွားသလို ပါးစပ်ဟောင်းလောင်းပွင့်သွားလေသည် ။
ကိုယ်တောင် ၃ နှစ်ဖြေလို့ မအောင်တဲ့ စာမေးပွဲကို ဒီလူကြီးက ဘာသာစုံဂုဏ်ထူးနဲ့ အောင်သတဲ့လား ။ ဒါနဲ့များ ဘာလို့ဆရာဝန် ဖြစ်မနေတာပါလိမ့် ။
" ဦးသာက ဘာလို့ ဆရာဝန်မဖြစ်တာလဲ "
ချမ်းရဲ့အမေးကို ပုစ္ဆာတွေမှန်မမှန် အမှတ်ခြစ်နေရာမှ မှုန်ကုပ်ကုပ်နှင့် မော့ကြည့်လာပြီး
" ဆေးကျောင်းမတက်လို့ မဖြစ်တာပေါ့ "
ကျွတ်... ဒီလူကြီးဟာ ဖြေလိုက်ရင် ဘုကန့်လန့်ချည်းပဲ ။
" ဆေးကျောင်းကရော ဘာလို့မတက်... "
ချမ်းရဲ့မေးခွန်းမှမဆုံးလိုက်သေး ။ စူးခနဲကြည့်လာသော မျက်ဝန်းတွေကြောင့် ချမ်းမှာ မေးရင်းတန်းလန်းကနေ မေးခွန်းတဝက်တပျက်နဲ့ ရပ်သွားတော့သည် ။
" မင်းကို ငါက စာသင်ရမှာလား ၊ ဒါမှမဟုတ် မင်းမေးတာတွေကို ထိုင်ဖြေရမှာလား "
အေးစက်စက်လေသံတွေက ရေခဲငုံပြီး ပြောသလားတောင် ထင်မှတ်ရလေသည် ။ အဲ့ဒီလူကြီးဟာ မေ နဲ့ လေးငယ်အပေါ်ဆိုရင် ချိုသာပျော့ပြောင်းသလောက် ချမ်းကိုဆိုလျှင် တစ်စက်မှ ရယ်ရယ်ပြုံးပြုံးမဆက်ဆံ ။ တစ်ခါတစ်ရံ ရယ်စရာတွေ့သည့်အခိုက်အတန့်လောက်သာ ရှားရှားပါးပါးရယ်သော်ငြား အမြဲလိုလိုက မျက်နှာသေကြီးနှင့်ဖြစ်သည် ။
လူတော်တွေဟာ ညံ့တဲ့သူတွေအပေါ်ဆိုရင် ဒီလိုပဲ အထင်သေးပြီး ဆက်ဆံတတ်ကြတာ ထင်ပါရဲ့ ။
ကြည့်နေပါ လူကြီးရာ... ။ ခင်များကြီးလောက်တော့ မတော်ပေမယ့် ကျုပ်လည်း လူညံ့တစ်ယောက်မဟုတ်ကြောင်းတော့ သေချာပေါက် သက်သေပြပေးပါ့မယ် ။
" ချမ်း... ဆက်တွက်မယ်လို့ပြောနေတယ်လေ ၊ အာရုံတွေက ဘယ်ရောက်နေပြန်တာလဲ "
ချမ်းတစ်ယောက် အတွေးထဲမှာ မာန်ဖီနေရာက လက်တွေ့မှာတော့ ' ဟုတ် ' ဟု ညောင်နာနာပြောကာ ကုပ်ချိချိနှင့် ဘောပင်ကို ကောက်ကိုင်လိုက်ရလေသည် ။
***********
အရင်နှစ်တွေက စာထဲပဲ စိတ်ပဲမဝင်စားခဲ့လို့လား ဒါမှမဟုတ် ဒီလူကြီးကပဲ စာအသင်အပြကောင်းလွန်းတာလား မသိ ။ အရင်တုန်းက ခက်ခဲတယ်လို့ ထင်ခဲ့မိတဲ့ စာတွေဟာလည်း အခုချိန်မှာ ချမ်းအတွက် အတော်လေး လွယ်လင့်တကူ ဖြစ်နေလေသည် ။
တစ်ချို့သင်ခန်းစာတွေဟာ ဦးသာများ ရှင်းပြလိုက်လျှင် ပြန်ကျက်စရာ မလိုတော့သည်အထိ ဦးနှောက်ထဲ စွဲမြဲသွားတတ်၏ ။ ဒါတွေကြောင့်ပဲ မေ နဲ့ လေးငယ်က ဦးသာနှင့်စာသင်ဖို့ကို အသည်းအသန်လိုလားခဲ့ကြတာဖြစ်မည်ဟု ချမ်း သဘောပေါက်လာသည် ။
အစပိုင်းတော့ စည်းစနစ်ကြီးသည့် ဒီလူကြီးကြောင့် စာသင်ရင်း ချမ်း စိတ်ညစ်ခဲ့ရတာတွေ အများသား ။ ချမ်းစိတ်ထဲမှာ စာအုပ်ကြီးဟုပင် နာမည်ပေးထားမိသည်အထိ ထိုလူကြီးက တိကျပြတ်သားမှုမှာ အတိမ်းအစောင်းမခံတတ်သူ ။ နည်းနည်းရင်းနှီးလာသည့် အခုနောက်ပိုင်းတွင် ထင်သလောက်မဟုတ်တော့ဘဲ စာအုပ်ကြီးဆန်မှုတွေ အနည်းငယ်လျော့ပါးလာတာကို တွေ့လာရသည် ။
ချမ်းအပေါ် အရင်ကလောက်လည်း မျက်နှာကြောမတင်းတော့ ။ အနည်းငယ်တော့ လိုက်လိုက်လျောလျောရှိလာသည်ဟု ထင်ရသည် ။
" ကဲ ဒီနေ့တော့ ဒီလောက်ပဲ ချမ်း "
ချမ်း အလွတ်ရေးထားသော Definition တွေ အကုန်မှန်လို့ စိတ်ကျေနပ်သွားပုံနှင့် လူကြီးက ပြောလာတော့
" ဦးသာ... "
" အင်း "
စာအုပ်တွေကို တဖျတ်ဖျတ်လှန်ရင်းက တစ်ချက်မှ ကြည့်မလာဘဲ ထူးလေသည် ။ ချေလိုက်တာဗျာ ။
Attention တစ်စက်မှ ပေးမလာသော လူကြီးကြောင့် အကြံနဲ့ပူဆာမယ်ပြင်နေသော ချမ်းမှာ တွန့်ခနဲ ။ သို့သော်ငြား လွယ်လွယ်လက်မလျှော့တတ်တဲ့ ချမ်းရဲ့ ထုံးစံအတိုင်း အရဲစွန့်ကာ
" ကျွန်တော် ရွှေပုဇွန်မှာ ကော်ဖီသောက်ရင်း မုန့်သွားစားချင်လို့ "
" သွားပေါ့ ၊ မင်း စာသင်ချိန်လည်း ပြီးပြီပဲကို "
" ကျွန်တော် ကားမောင်းသွားချင်လို့ ၊ အဲ့ဒါ တစ်ယောက်တည်းကျတော့ သိပ်မမောင်းရဲသေးတာနဲ့ "
" လူလူပြန်လာမှ သူနဲ့သွား "
" လေးငယ်က အမြဲမိုးချုပ်မှ ပြန်လာတော့ ကျွန်တော်က ဘယ်အချိန်သွားမောင်းရတော့မှာလဲ ၊ ပြီးတော့ လေးငယ် အလုပ်မှာ ပင်ပန်းပြီးပြန်လာတာကိုလည်း အလိုက်မသိ မပူဆာချင်လို့ပါ "
တောက်လျှောက် ချမ်းပြောလာသမျှကို တစ်ချက်မှ မော့မကြည့်ဘဲ တုန့်ပြန်နေသူက လေးငယ်နာမည်သုံးလိုက်မှ မော့ကြည့်လာဖော်ရတော့သည် ။ လူကြီးရဲ့မျက်နှာအမူအရာက အခြေအနေကောင်းသည့်ဘက်ကို ယိမ်းယိုင်လာသည်မို့
" ပြီးတော့ မေကလည်း အဲ့ဒီရွှေပုဇွန်က Cheese cake ကို အရမ်းကြိုက်တာ ၊ အဲ့ဒါ မေ့ကိုလည်း ကျွန်တော် ဝယ်ကျွေးချင်လို့ "
ဒါက လူကြီးအညှာကို ကိုင်နိုင်မယ့် နောက်ထပ် လက်နက်ကြီးတစ်ခု ။ လေးငယ်နာမည်ကို ကြားစဉ်မှာ မော့လာတဲ့ဦးခေါင်းက မေ့နာမည်လည်း သုံးလိုက်ရော ချက်ချင်းကို ခေါင်းငြိမ့်ပြီးသား ဖြစ်သွားတော့တာဟာ ချမ်း တွက်ဆထားတဲ့အတိုင်း ကွက်တိပင် ။
ဟင်း...ဟင်း ငြိမ်းချမ်းရေး ကြံရင် ဒီလူကြီး ဘာတတ်နိုင်သေးလဲ...ကဲ !!!
ဒီလိုနှင့်ပင် ထိုလူကြီးခမျာ ချမ်းမောင်းသည့်ကားပေါ် ပါလာရရှာတော့သည် ။ ဒါပေမယ့်လည်း လူတစ်ယောက်ခေါ်လာရသည်နှင့် မတူ ။ အရုပ်ကြီးတစ်ရုပ်အား ကားပေါ်တင်ခေါ်လာရသကဲ့သို့ရှိကာ ချမ်းအား စကားတစ်ခွန်းမျှပြောဖော်မရဘဲ နှုတ်ပိတ်ကြီးနှင့်သာ နေလေသည် ။ ဘယ်သူနဲ့မဆို ပေါက်ပေါက်ဖောက်တတ်သော ချမ်းလည်း ဒီလူကြီးနှင့်ကျတော့ စကားစ,ဖို့ မဝံ့ရဲသလိုလိုဖြစ်ကာ မတိတ်စဖူး အသံတိတ်လျက်ရှိ၏ ။
တော်တော်ကြာမှ
" ဟေ့ မင်း အခု ဘယ်ကို မောင်းနေတာလဲ "
" ရွှေပုဇွန်ကိုလေ "
" လမ်းမတော်ကို ကျော်လာခဲ့ပြီလေ "
" ကျွန်တော်သွားနေတာ လမ်းမတော် ရွှေပုဇွန် မဟုတ်ဘူး ၊ သာကေတ ရွှေပုဇွန် "
" ဟ ဒီလောက်အဝေးကြီးထိ ဘာသွားစားစရာလိုလဲ ၊ လမ်းမတော်မှာတင် စားလည်း ရနေတာကို "
ဒီလူကြီး ဒီလိုပြောလာမယ်ဆိုတာကို သိနေတယ်လေ ။ ဒါကြောင့်လည်း ပြန်ချေပရမယ့် ဆင်ခြေကို စဉ်းစားထားပြီးသား ။
" လမ်းမတော်ဆိုင်က ကျဉ်းတယ် ၊ ထိုင်လို့မကောင်းဘူး ၊ သာကေတဆိုင်ကမှ အေးအေးဆေးဆေး ထိုင်လို့ကောင်းတာ ၊ စားမယ့်စားတော့ အေးအေးလူလူပဲ ထိုင်စားချင်လို့ပါ ၊ ဒီရက်ထဲ စာကျက်ပါများတော့ ငြီးစီစီကြီးလည်း ဖြစ်နေလို့ "
ထင်သည့်အတိုင်းပဲ ဒီလူကြီး ဘာမှဆက်မပြောမလာတော့ပေ ။ ဟဲဟဲ...ငြိမ်းချမ်းရေးပါ ။ မပိုင်ရင် ခြင်ရိုက်ဖို့မပြောနဲ့ ။ ကိုယ့်မျက်စိရှေ့ တွန့်ဆုတ်ဆုတ် သွားနေတဲ့ ပုရွက်ဆိတ်ကိုတောင် ဖိမသတ်ဘူး...အဟင်းးးး ။
လုပ်ချင်တာလုပ်ရလို့ စိတ်ထဲကျေနပ်နေသော်လည်း လူကြီးမရိပ်မိအောင်တော့ မျက်နှာပိုးကို သတ်ထားရသည် ။
သာကေတအထိ လိုက်ရမယ့် ထူးချွန်သာမှာတော့ စိတ်ပျက်လက်ပျက် ။
ကျွတ်...ဒီဟာလေးနဲ့ လိုက်လာမိတာကိုက မှားတာကွာ ။ ခုမှတော့ ဘာမှမတတ်နိုင် ။ ဒင်းလေး သွားလေရာသာ လိုက်ပေတော့ပေါ့ ။
သူမကြည်မှန်းသိလို့လားတော့ မပြောတတ် ။ ချမ်းဟာ ဆိုင်ထဲရောက်လို့ မုန့်မှာစားသည်အထိ မျက်နှာခပ်ငယ်ငယ်နှင့် အသံတိတ်နေလေသည် ။ ဒီလိုကျတော့လည်း ထူးမှာ မနေတတ်ပြန် ။
" ချမ်း "
" ဗျာ "
မုန့်စားနေရာမှ အလန့်တကြားမော့ကာ ထူးလာတဲ့ ပုံစံလေးကြောင့် ထူးစိတ်ထဲ သနားသလိုပင် ဖြစ်သွားမိရသည် ။
နေစမ်းပါဦး ။ ဒီဟာလေးက သနားစရာ ဘာတစ်ကွက်ရှိလို့ ငါက သနားသလိုဖြစ်နေရတာတုန်း ။
" မင်း အခုတလော အပြင်မထွက်ပါလား ၊ မှတ်မှတ်ရရ ရဲစခန်းက ကိစ္စပြီးကတည်းကလားလို့ "
အဲ့ဒီတုန်းကလည်း အမှုက ရှင်းရှင်းလင်းလင်းဖြစ်သွား၍ တော်သေးသည် ။ ချမ်းများ ထိုဆေးမှုမှာ မလွတ်မကင်းဖြစ်နေမလားဆိုတဲ့အတွေးနဲ့ ထူးမှာ ရင်တထိတ်ထိတ် ။ ဆေးအောင်ပြီး ကင်းရှင်းကြောင်း စစ်ချက်များထွက်လာမှသာ ထူးမှာ သက်မချနိုင်ခဲ့တာဖြစ်သည် ။
" အဲ့ကိစ္စတွေ ပြီးကတည်းက ကျွန်တော်လည်း ဦးသာနဲ့ စာသင်ရတော့တာလေ ၊ ဘယ်အချိန် အပြင်သွားထွက်ရမှာလဲ "
ဒီလိုကျပြန်တော့ ဆူပုတ်ပုတ်နှင့် ပြောလာသော ကောင်လေးဟာ ချစ်စရာ ။
" တစ်ခါတစ်လေတော့ သွားလို့ရပါတယ် ချမ်းရာ ၊ မင်းက စာတွေလည်း လိုက်နိုင်နေသားပဲ "
" ဦးသာ တကယ်ပြောတာနော် "
" အေး တကယ် ၊ ဒါနဲ့ အဲ့ဒီဆေးမှုဖြစ်တုန်းက မင်းသူငယ်ချင်းတွေရော အမှုနဲ့ အကုန်လွတ်ကင်းတယ် မဟုတ်လား "
" ဟုတ် အကုန် လွတ်ပါတယ် ၊ အဲ့နေ့ ဦးသာ ကျွန်တော့်ကို ပြန်ခေါ်လာပြီးကတည်းက ကျွန်တော်လည်း သူတို့နဲ့ မတွေ့ဖြစ်တော့တာ ခုထိပဲ ၊ ဖုန်းဆက်ပြီးပဲ သတင်းမေးနေရတာ "
" အကုန်လွတ်ကင်းတယ်ဆိုရင် ပြီးတာပါပဲ "
" ဒါပေမယ့်လေ ဦးသာ ၊ သူတို့က ကျွန်တော့်လို အာမခံမရကြဘူး သိလား ၊ စခန်းမှာ တစ်ညအိပ်လိုက်ရတယ် "
" အော...အဟမ်း ဟုတ်လား "
" ကျွန်တော် ကံကောင်းတယ်နော် ၊ အဲဒီစခန်းက ရဲကြီးက ဦးသာသူငယ်ချင်းမို့ ကျွန်တော့်ကို အာမခံပေးလိုက်တာနဲ့တူတယ် "
" အမ်... အင်း ဟုတ်မှာပေါ့ "
" ဦးသာကလည်း ဘာဟုတ်မှာပေါ့လဲ ၊ ဦးသာပဲ အဲ့နေ့က နှုတ်ဆက်နေပြီးတော့ "
" အေး ဟုတ်တယ် ဟုတ်တယ် "
ဒီကလေး စားလက်စမုန့်ကို ပြန်ငုံ့စားနေတော့မှသာ ထူးမှာ အသက်ရှူချောင်သွားတော့သည် ။
စားသောက်ပြီးလို့ ကားပါကင်ဆီပြန်ထွက်လာတော့
" ဒီမှာ ဒီမှာ "
နောက်နားက ခေါ်သံကြောင့် ထူးရော ချမ်းပါ လှည့်ကြည့်မိသည် ။
" မင်း ထူးချွန်မဟုတ်လားဟင် "
" ဟာ ကောင်းဆက် "
နှစ်ယောက်သား ဝမ်းသာအားရပင် ပြေးဖက်မိလေသည် ။ ကောင်းဆက်ဆိုတာ ထူးနှင့်သာမက လူလူနှင့်ပါ အရမ်းရင်းနှီးတဲ့ ထူးတို့ငယ်သူငယ်ချင်း ။
" မင်း အပြီးပြန်လာတာလား ထူးချွန် "
" မပြောတတ်သေးပါဘူးကွာ "
" အခု ဘယ်မှာနေလဲ နိုင်ဘုန်းလူတို့အိမ်မှာပဲလား "
" အေး...ဟုတ်တယ် "
" မင်းကွာ နေနိုင်လိုက်တာများ တစ်ခေါက်မှတောင် ပြန်မလာဘူး "
" မင်း သိတဲ့အတိုင်းပဲလေကွာ "
" ငါက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက မင်းပြန်လာမယ် ထင်လိုက်မိသေးတာ ၊ ငါပြောတဲ့အချိန်ကို မင်းသိတယ်မဟုတ်လား "
" အင်း သိတယ် ၊ ငါ ပြန်မလာချင်လို့ကို မလာဘဲနေခဲ့တာ "
" အခု ပြန်လာတာကရော "
" ကနေဒါမှာ လွန်ခဲ့တဲ့နှစ်ကပဲ ငါ့အမေဆုံးသွားတယ်လေ ၊ အဲ့နောက်ပိုင်း လူလူတို့က ငါ့ကို အတင်းပြန်ခေါ်နေတာရယ်...နောက်တစ်ခုက နောက်တစ်ခုက "
ပြောရခက်သလို ဖြစ်နေသော ထူးအား ကောင်းဆက်က နားလည်ပုံဖြင့်
" ငါ သတင်းကြားမိတဲ့ ကျန်းမာရေးကိစ္စတစ်ခုကြောင့်များလား ထူးချွန် "
" အင်း အဲ့...အဲ့ဒါကြောင့်ရော "
" မင်း ရောက်ခဲ့ပြီးပြီပေါ့ "
" အင်း "
မျက်နှာညှိုးလျက် ခေါင်းငိုက်စိုက်ချနေသော ထူးရဲ့အသွင်သဏ္ဍာန်ကြောင့် ကောင်းဆက်က ပုခုံးနှစ်ဖက်ကို အသာဖွဖွပုတ်လာကာ
" မင်း လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်နိုင်တာလေ ထူးချွန် ၊ မင်း မှန်တယ်လေကွာ နော် "
" အေးပါ "
" ဒါဖြင့် နိုင်ဘုန်းလူနဲ့ပါ အေးအေးဆေးဆေး တစ်ရက်ဆုံကြမယ်ကွာ နော် ၊ အခုတော့ ငါ အလုပ်ပြန်ဝင်ရဦးမှာမို့ "
" အေး အေး ကောင်းဆက် ၊ See U ကွာ "
ကားမောင်းထွက်လာသည်အထိ လူကြီးမျက်နှာဟာ မှုန်မှိုင်းလျက် ။ ချမ်းမှာလည်း ဘေးကနေနားထောင်ရင်း လူကြီးနဲ့သူ့သူငယ်ချင်း ပြောသမျှစကားတွေကို အကုန်ကြားပါလျက်က တစ်ခုမှနားမလည် ။
လူကြီး ဘာတွေဖြစ်ခဲ့သလဲ ၊ ဖြစ်နေသလဲ ၊ ချမ်း သိချင်လာသည် ။ လူကြီးအား မေးလျှင်လည်း ချမ်းအား အဖက်လုပ်ပြီး ဖြေမှာမဟုတ်မှန်း သိနေတာကြောင့် မေးဖို့ရာလည်း မကြိုးစားမိတော့ ။
သိချင်စိတ်ကလည်း အကြီးအကျယ် ဖြစ်နေသည်မို့.....
အင်း....အေးအေးဆေးဆေးမှ လေးငယ်ကို မေးကြည့်ရမည် ။
______________________________