မျှော်လင့်ချက်လေးမပျက်ချင်ပါ...

By call_me_Tylor

422K 33.2K 825

လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်တဲ့ ... မျှော်လင့်ချက်မဲ့သွားရင်ရော ... လူေတြက ေမွ်ာ္လင့္ခ်က္နဲ႔ အသက္ရ... More

ေမွ်ာ္လင့္ခ်က္ေလးမပ်က္ခ်င္ပါ(Zawgyi&Unicode)
part 1 (Zawgyi&Unicode)
Part 2 (Zawgyi&Unicode)
Part 3(Zawgyi&Unicode)
Part 4 (Zawgyi&Unicode)
Part 5 (Zawgyi&Unicode)
Part 6 (Zawgyi&Unicode)
Part 7 (Zawgyi&Unicode)
Part 8 (Zawgyi&Unicode)
Part 9(Zawgyi&Unicode)
Part 10 (Zawgyi&Unicode)
Part 11(Zawgyi&Unicode)
Part 12(Zawgyi&Unicode)
Part 13(Zawgyi&Unicode)
Part 14(Zawgyi&Unicode)
Just for knowledge (Zawgyi&Unicode)
Part 15(Zawgyi&Unicode)
Part 16(Zawgyi&Unicode)
Part 17(Zawgyi&Unicode)
Part 18(Zawgyi&Unicode)
Part 19(Zawgyi&Unicode)
Part 20(Zawgyi&Unicode)
Part 21(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Part 22(Zawgyi&Unicode)
Part 23(Zawgyi&Unicode)
Part 24(Zawgyi&Unicode)
Part 25(Zawgyi&Unicode)
Part 26(Zawgyi&Unicode)
Part 27(Zawgyi&Unicode)
Part 28(Zawgyi&Unicode)
Part 29(Zawgyi&Unicode)
Part 31(Zawgyi&Unicode)
Part 32(Zawgyi&Unicode)
Part 33(Zawgyi&Unicode)
Part 34(Zawgyi&Unicode)
Part 35(Zawgyi&Unicode)
Part 36(Zawgyi&Unicode)
Part 37(Zawgyi&Unicode)
Part 38(Zawgyi&Unicode)
Part 39(Zawgyi&Unicode)
Part 40(Zawgyi&Unicode)
Part 41(Zawgyi&Unicode)
Part 42(Zawgyi&Unicode)
Part 43(Zawgyi&Unicode)
Just for knowledge(Zawgyi&Unicode)
Final(Zawgyi&Unicode)
Thank you
Extra 1(Zawgyi&Unicode)
Extra 2(Zawgyi&Unicode)
Just for knowledge(Zawgyi)
Just for knowledge(Unicode)

Part 30(Zawgyi&Unicode)

6.1K 517 9
By call_me_Tylor

[Zawgyi]

'🎼ဒီေန႔က တင္းေဂြေန႔ေလ ေဘးေဘ ေဘးေဘ ... အူးဟူးဟူး ...🎼

အာ ... မဟုတ္ေသးဘူး စေနေန႔ စေနေန႔ အဟစ္ဟစ္'

ထူးထူးျခားျခား ေသြးခန္႔တစ္ေယာက္ မနက္မိုးလင္းလို႔ အိပ္ယာထကတည္းက စိတ္ၾကည္ေနသည္။ ခ်စ္ရသူ ေႏြဦးေလးထံက မနက္တိုင္းရေနက် Good morning ဆိုတဲ့ message ေလးေၾကာင့္လား မေန႔ညက အိပ္ခါနီး ၾကားလိုက္ရတဲ့ စကားေတြ ေၾကာင့္လားေတာ့ ေသြးခန္႔ မေျပာတတ္ေပမယ့္ စိတ္ထဲ ၾကည္လင္ေနတာေတာ့ အမွန္ ...

ေသြးခန္႔ ဒီေန႔ ႏြားနို႔ၾကက္ဥေပါင္းလုပ္မယ္ ... မေန႔ညက ကိုကို႔ ကို ေစာင့္ေနတုန္း ႏြားနို႔ၾကက္ဥေပါင္း လုပ္နည္းေတြ ဖတ္ထားတယ္ ... ၾကက္ဥလဲ ရွိတယ္ ... ႏြားနို႔လဲ ရွိတယ္ ... သၾကားလဲ ရွိတယ္ အိုေကမွာစိုေျပ good ! ... ေတာင္ေတြးေျမာက္ေတြးနဲ႔ အူျမဴးေနတာ ေသြးခန္႔ ပံုစံမဟုတ္ေပမယ့္ ေသြးခန္႔ အိပ္ရာနိုးကတည္းက လန္းလန္းဆန္းဆန္းနဲ႔ ေပါ့ပါးေနသည္။

🎼You're my sunshine ... My only sunshine ... You make me happy ...When skies are grey ...🎼

မီးဖိုေခ်ာင္ထဲမွာ လက္စြမ္းျပဖို႔ ျပင္ဆင္ေနတုန္း ဖုန္း ringtone သံၾကားေတာ့ ဖုန္းေခၚဆိုသူက ဘယ္သူလဲ ဆိုတာ ေသြးခန္႔ တန္းသိသည္။ ေသခ်ာတာေပါ့ သူ႔ရဲ႕ အလင္းေလး ...

'ခန္႔ မင္းက ငါစာပို႔ထားတာကို ျပန္လဲ မပို႔ဘူး'

'ကိုကို ကလဲ ကိုယ္က ဖုန္းဆက္မလို႔ပါ'

ႏြားနို႔ၾကက္ဥေပါင္းလုပ္ဖို႔ အရင္တာဆူ ေနတာကို ေျပာမိရင္ အဆဲခံရနိုင္လား ...

'အမေလး ဟုတ္ပါၿပီ ထားပါ ဘာေတြလုပ္ေနတာလဲ ခန္႔'

'မေန႔ညကေလ ကိုကို က သူသူ႔ဆီ ဖုန္းဆက္ေနတုန္း ကိုယ္ ႏြားနို႔ၾကက္ဥေပါင္း လုပ္နည္း ဖတ္ထားတာ အဲ့တာ ကိုယ္ အခု စမ္းလုပ္ၾကည့္မလို႔'

'အယ္ ထူးထူးဆန္းဆန္း လုပ္စားမွာေပါ့'

ေသြးခန္႔က ႏြားနို႔ၾကက္ဥေပါင္း လုပ္စားမယ္ေျပာေတာ့ တစ္ဖက္က ခ်စ္ရသူရဲ႕ အသံက အံ့ၾသသြားပံုေလး ... အိမ္ကို လာခဲ့ဖို႔ ေခၚလဲ ေခၚခ်င္သည္။ မေန႔ကမွ အိမ္လာထားတာဆိုေတာ့ အသည္းအသက္ရဲ႕ အိမ္က မလႊတ္မွာကိုလဲ ေသြးခန္႔ စိုးရိမ္ပါသည္။ လႊတ္မလႊတ္မသိေပမယ့္ ေသြးခန္႔ မဝ့ံမရဲ ေမးမိသည္။

'ကိုကို လာခဲ့ မလားဟင္ ကိုယ္လုပ္ထားတဲ့ ႏြားနို႔ ၾကက္ဥေပါင္း စားရေအာင္ အဲ့ ... ဟိုေလ ကိုကို႔ အိမ္က မလႊတ္ရင္ေလ ကိုယ္ လာပို႔ေပးမွာပါ မေန႔ကလဲ အျပင္ထြက္ထားေတာ့ ကိုကို႔ အိမ္က ဒီေန႔ ထပ္ထြက္ရင္ ဆူေနမွာ စိုးလို႔'

'ေအာယား ခန္႔ရာ ခ်စ္လိုက္တာ ဘယ္လိုအသံေလးနဲ႔ ေျပာေနတာတုန္း ေနပါဦးကြာ ကိုကို ေမႀကီးတို႔ကို ေျပာၿပီးရင္ လာခဲ့မယ္'

ဖုန္းေခၚဆိုမႈရဲ႕ တစ္ဖက္ျခမ္းက ခ်စ္ရသူရဲ႕ အသံက မိမိကို အသည္းယားေနတဲ့ ပံုေလးျဖစ္ေနတာေၾကာင့္ ေသြးခန္႔ ၾကည္ႏူးရျပန္သည္။ ပိုခ်စ္ေအာင္ လုပ္ျပန္ၿပီ !!! အိမ္လာခဲ့မလား ေမးေတာ့လဲ ခြင့္ေတာင္းၿပီးတာနဲ႔ လာခဲ့မယ္ဆိုလို႔လဲ ေပ်ာ္ရေသးသည္။

'ကဲ ကဲ ဒါပဲေနာ္ ေမႀကီးတို႔ကို ေျပာၿပီးတာနဲ႔ လာခဲ့မယ္ လုပ္စရာ ရွိတာ ဆက္လုပ္'

'အဲ ေနဦး ေနဦး ခဏ ဟိုေကာင္ေတြကိုေရာ ေခၚမလား သူသူေရာေလ'

'သူတို႔ေရာ လာေတာ့ ေကာင္းတာေပါ့ ခန္႔ရ ေခၚလိုက္ေလ'

'တျခားေတာ့ မဟုတ္ပါဘူး သူသူနဲ႔ ေဖယံလဲ သူတို႔ ေတြ႕ၿပီး ေအးေဆး စကား ေျပာရင္ ေျပာၾကေပါ့ မဟုတ္ရင္ ဒီၾကားထဲ သူတို႔ ေတြ႕နိုင္မွာလဲ မဟုတ္ဘူး'

ဘာစိတ္ကူးေပါက္ေနမွန္းမသိတာေတာ့ တကယ္ ... သူသူနဲ႔ ကိုယ့္ သူငယ္ခ်င္း သားႀကီး ေဖယံတို႔ကို ေသြးခန္႔က စိတ္လိုလက္ရကို ျမန္ျမန္ အဆင္ေျပေစခ်င္ေနၿပီ ... သူသူ ေစာင့္ၾကည့္ေနတာနဲ႔ တင္ ဆရာသမား ေဖယံက အရိုးေဆြးေတာ့မယ္ ...

'Okok ခန္႔ ဖုန္းဆက္လိုက္ေလေနာ္ ငါ အိမ္ကို ေျပာၿပီး လာခဲ့လိုက္ေတာ့မယ္'

'ဟုတ္ပါၿပီဗ်ာ လာရင္ ဆိုင္ကယ္စီးတာ ဂရုစိုက္ေနာ္'

ေသြးခန္႔ဆီက ဖုန္းလိုင္းေလး ျပတ္ေတာက္သြားၿပီးေနာက္ မင္းျမတ္လဲ မီးဖိုေခ်ာင္ထဲမွာ ဟင္းခ်င္ေနတဲ့ ေမ့ဆီ ျမန္ျမန္ ေျပးသြားလိုက္သည္။

'ေမႀကီး သား ခန္႔တို႔အိမ္သြားမလို႔ ခန္႔က ၾကက္ဥေပါင္း လုပ္ေကြၽးမလို႔တဲ့ သူသူတို႔ေရာ လာၾကမွာ'

'သားငယ္ရယ္ မေန႔ကလဲ သြားတာ ဒီေန႔ ထပ္သြားဦးမလို႔လား ခုလို အခ်ိန္က အျပင္ ခဏခဏ သြားလို႔ ေကာင္းတဲ့ အခ်ိန္မဟုတ္ဘူးေလ မသြားပါနဲ႔လား'

'အာ ေမႀကီး ကလဲ သားက အျပင္သြာစတာ Mask လဲ တပ္သြားမွာေလ လက္ရွည္ေရာ ဝတ္သြားမွာ ၿပီးေတာ့ ခန္႔ တို႔အိမ္ ေရာက္ရင္လဲ ဘယ္မွ ထပ္မသြားဘူး အဲ့မွာပဲ ေနမွာ ... ေနာ္ သြားမယ္ေနာ္ ေမႀကီး'

'ကဲကဲ ေျပာမရလဲသြား လိုအပ္တာေတြ အကုန္ယူသြားေနာ္ သူငယ္ခ်င္း အိမ္ေရာက္တာနဲ႔ လက္ေသခ်ာေဆး'

'ဟုတ္ ေမႀကီး ဒါေၾကာင့္ ေမႀကီးကို ခ်စ္တာ မြမြ'

ေမႀကီးရဲ႕ ပါးကို ဘယ္ျပန္ညာျပန္ နမ္းၿပီး မင္းျမတ္ အခန္းထဲ ခပ္သြက္သြက္ေျပးလာတာ အက်ႌအေပၚဖပ္ အပါးေလး ထပ္ဝတ္လိုက္သည္။ တစ္ခါသံုး mask တစ္ခုကို တပ္ၿပီး အပိုေနာက္တစ္ခုကိုေတာ့ အိတ္ထဲ ထည့္ခဲ့လိုက္သည္။ အိမ္ေရွ႕မွာ ရပ္ထားတဲ့ ဆိုင္ကယ္ေလးကို မင္းျမတ္ ယူေတာ့ ကီကီေလးက သူ႔ကို ေခၚမယ္မွတ္ၿပီး ခုန္ေပါက္ေနလို႔ မနည္းေခ်ာ့ကာ ထားခဲ့ရေသးသည္။ ဆိုင္ကယ္စီးရတာ ႀကိဳက္တဲ့ ကီကီေလးအဖို႔ stay home ကာလနဲ႔တင္ ဆိုင္ကယ္မစီးရတာ ေတာ္ေတာ္ ၾကာေနၿပီ ...

>>>>>>>>>>

ေသြးခန္႔ရဲ႕ အိမ္ကို မင္းျမတ္ ေရာက္ေတာ့ ဘယ္သူမွ ေရာက္မလာေသးဘူး ထင္သည္။ အိမ္ေရွ႕မွာ ေသြးခန္႔ရဲ႕ ကားသာရွိသည္။ ၿခံတံခါး အသာဖြင့္ ဆိုင္ကယ္ရပ္ကာ ဆင္းၿပီး မင္းျမတ္ဝင္လာလိုက္ေတာ့ ခန္႔ကလဲ အိမ္ထဲက ေျပးထြက္လာသည္။

'ကိုကို လာၿပီလား ဟိုေကာင္ေတြေတာ့ မေရာက္ေသးဘူး ကိုယ္ ဖုန္းဆက္ထားတယ္'

'အင္း ရၿပီလား ႏြားနို႔ၾကက္ဥေပါင္းက ဘယ္မွာလဲ'

'မရေသးဘူး ကိုကိုရ ေပါင္းထားတုန္း ကိုယ္ ေသခ်ာ လုပ္ထားတာ သိလား ညက ဖတ္ထားတဲ့ အတိုင္းပဲ'

'ဟုတ္ပါၿပီကြာ စားရေသးတာေပါ့'

မင္းျမတ္ေရွ႕မွာ ေခါင္းေလးေမာ့ ရင္ေကာ့ကာ ေျပာေနတဲ့ ေကာင္ေလးေၾကာင့္ အသည္းယားကာ နဖူးေလးကို လက္မနဲ႔ လက္ညႇိဳးေလး သံုးကာ ေတာက္လိုက္ေတာ့သည္။ ပံုစံေလးက အခုမွ စမ္းသပ္ၿပီး လုပ္ထားတဲ့ ႏြားနို႔ၾကက္ဥေပါင္းဆိုတာရဖို႔ကို ေတာ္ေတာ္ စိတ္လႈပ္ရွားေနတဲ့ပံုေလး ...

'ဟဲ့ ေရွ႕က လင္မယားနွစ္ေယာက္ ကလူမေနနဲ႔ ေရွ႕ကဖယ္ ငါဝင္တိုက္မွာ'

တကယ္ကို သာသနာဖ်က္သူသူ ... ခုမွ မ်က္နွာခ်င္းဆိုင္ ခဏေလး ၾကည္ႏူးမိတာကို ေျပာမဆံုး ... အိမ္ထဲ ဆိုင္ကယ္စီးၿပီး ဝင္လာတဲ့ ပံုက ဘီလူးမ ဆိုင္းတီး ဝင္လာတဲ့ပံုနဲ႔ ဝုန္းဒိုင္းႀကဲေနတာ ... ဒီ အၾကမ္းအရမ္း ကသမ္းကရမ္းကို သည္းခံနိုင္တာ ေဖယံ တစ္ေယာက္ပဲ ရွိမယ္ထင္ ...

'သူသူရယ္ ဆိုင္ကယ္စီးလာတာကို ေျဖးေျဖးမစီးလာဘူး အႏၲရာယ္မ်ားတယ္ဟ ေျဖးေျဖးလာလဲ ခန္႔ အိမ္က ေျခေထာက္ေပါက္မေျပးဘူး'

'အမေလး ဘာမွ မျဖစ္ဘူး ငါလာရွိုးလမ္းကေန ျဖတ္လာတာ လူေတြရွင္းေနေရာ လမ္းဆံုမွာ ကန္႔လန္႔လွဲအိမ္ေတာင္ ငါ့ကို ႀကိတ္မယ့္ ကားေရာ ဆိုင္ကယ္ေရာ မရွိဘူး ဒါနဲ႔ နင္နဲ႔ ငါပဲ ေရာက္ေသးတာလား ဟိုေကာင္ေတြေရာ'

'အကုန္ေခၚထားတယ္ ေရာက္လာလိမ့္မယ္ လာအိမ္ထဲဝင္မယ္'

ေသြးခန္႔က ေျပာၿပီး ေရွ႕ကေန မင္းျမတ္လက္ကို ဆြဲကာ ထြက္သြားသည္။ ေနာက္မွာ က်န္ေနခဲ့တဲ့ သူသူကေတာ့ ေရွ႕က နွစ္ေယာက္ကို လက္သီးေထာင္ျပရင္း ေျပးလိုက္ရေတာ့သည္။

'သားႀကီးေရ ငါတို႔ ေရာက္ၿပီ'

သူသူေရာက္ၿပီးေတာ့လဲ မၾကာပါ ေဖယံတို႔ ကိုစိုင္းတို႔ ေဇယ်ာတို႔လဲ ေရာက္လာသည္။ ေသြးခန္႔ ေမေမကေတာ့ အေပၚထပ္မွာ စာအုပ္ဖတ္ေနတယ္လို႔ ေသြးခန္႔ေျပာထားေတာ့ အကုန္လံုး အရမ္းဆူဆူညံညံေတာ့ မလုပ္ၾက ...

'ေသြးခန္႔ နင္ ၾကက္ဥေပါင္းထားတာဆို ရၿပီလား'

'ေအး ငါတို႔ေရာ ဆာေနၿပီ ရၿပီလား စားလို႔က'

အကုန္လံုး တက္ညီလက္ညီ ဗိုက္ဆာေၾကာင္း ေျပာလာေတာ့ ေသြးခန္႔က ဦးေဆာင္ၿပီး မီးဖိုခန္းကို ေရာက္လာၾကသည္။ ေသြးခန္႔ကေတာ့ မင္းျမတ္ ေနမေကာင္းတုန္းက ျပဳတ္တိုက္ဖူးတဲ့ ၾကက္သားဆန္ျပဳတ္ကလြဲရင္ အခုကသူ႔ရဲ႕ ပထမဆံုး လက္စြမ္းမလို႔ စိတ္ေတာ္ေတာ္ လႈပ္ရွားေနသည္။ မီးဖိုခန္းထဲ အေရာက္ ႏြားနို႔ ၾကက္ဥေပါင္း ေပါင္းထားပံုရတဲ့ ေပါင္းအိုးေလးကို ဖြင့္ခ်လိုက္ေတာ့ အေငြ႕တို႔က လံုးခနဲ တက္လာသည္။

'ဟင္ !!!'

'What the f**k !!!'

'What whatted whatting !!!'

ေပါင္းအိုးထဲက ႏြားနို႔ ၾကက္ဥေပါင္းကို ျမင္လိုက္ရေတာ့ ဟုတ္ပါတယ္ တစ္ဖြဲ႕လံုး အာေမဋိတ္ မ်ိဳးစံုနဲ႔ ေသာက္ဗရမ္းဗတာ အာေမဋိတ္ေတြ ... ေအာ္လဲ ေအာ္ခ်င္စရာ ... ေပါင္းအိုးထဲက ႏြားႏို႔ ၾကက္ဥေပါင္း ဘဝက ဂ်ပန္နိုင္ငံ ဟီရိုရွိးမားကို ဗုန္းႀကဲခံလိုက္ရသလိုမ်ိဳး မြစာႀကဲၿပီး ပြတက္ေနတာ ... online ေပၚက လုပ္နည္းအတိုင္း ၾကက္ဥကို အေပၚကသာ ေဖာက္ထုတ္ၿပီး ႏြားနို႔နဲ႔သၾကား ေရာကာ ၾကက္ဥထဲ ေရာေမႊထားတာေတြ ျပန္ထည့္ေပါင္းထားပံုရသည္။ ခပ္ပြပြ အဝါႏုႏု ၾကက္ဥေပါင္းၾကား ၾကက္ဥခြံေလးေတြ အလံုးလိုက္ ...

'ဘယ္လို ျဖစ္သြားတာလဲကြာ ကိုယ္လဲ ေသခ်ာေလး သူေရးထားတဲ့ နည္းအတိုင္း လုပ္တာပဲ'

'ဟဲ့ ေသြးခန္႔ နင့္ ၾကက္ဥေပါင္းက ဟုတ္ေရာ ဟုတ္ရဲ႕လား ဗုံးႀကဲခံထားရရင္ေတာင္ အဲ့ထက္လွတယ္'

ေသြးခန္႔ကေတာ့ သူရဲ႕ ႀကိဳးစားမႈ fail ျဖစ္သြားတာေၾကာင့္ စိတ္ပ်က္လက္ ေရ႐ြတ္ေနတုန္း သူသူကေတာ့ ၾကားက မီးေလာင္ရာ ေလထပင့္သည္။ မင္းျမတ္နဲ႔ က်န္တဲ့ သံုးေယာက္ကေတာ့ ဘာမွမေျပာနိုင္ေပမယ့္ အၾကည့္ေတြကေတာ့ ေသြးခန္႔ ေျပာလို႔ သိေနတဲ့ ၾကက္ဥေပါင္းဆီမွာ ...

'ဟန္ !!! အဲ့လိုေတာ့ မေျပာပါနဲ႔ကြာ ႏြားနို႔ေရာ ေရာထားတာ ဆိုေတာ့ အပူေပးရင္း ပြတက္ကုန္လို႔ေလ ... ၾကက္ဥနဲ႔ မဆန္႔လို႔ ဒီလိုျဖစ္ကုန္တာ ေနမွာ အရသာေတာ့ ရွိမွာပါ'

'ေအး ဟုတ္တယ္ သူသူရ အရသာေတာ့ ရွိမွာ ေမႊးေနတာပဲဲ'

ေဖယံနဲ႔ ကိုစိုင္းက ဝင္ေျပာလာေတာ့ ေသြးခန္႔ရဲ႕ မွိုင္းညိဳ႕ေနတဲ့ မ်က္လံုးေလးေတြ အေရာင္ေလး ျပန္ေတာက္လာတာ သိသိသာသာ ...

'ေဟ့ေကာင္ေတြ လာစားဟ အရသာရွိတယ္ အျမင္မလွတာပဲ ရွိတာ ဆာေနၿပီ မလား'

ေဘးက ေျပာေနတုန္း ရွိေသး ေဇယ်ာက ဇိုးဇိုးဇက္ဇက္နဲ႔ ၾကက္ဥေပါင္းကို နႈိက္စားၿပီး အရသာေတာင္ ခံေနၿပီ ... ေသာက္ေခ်းမ်ား ေဇယ်ာက စားေကာင္းတယ္ ေျပာလာေတာ့ က်န္တဲ့ သူေတြ အထြန္႔ မတက္ပဲ မီးဖိုခန္းေထာင့္က basin မွာ လက္ေဆးၿပီး ပန္းကန္စင္ေပၚကေန ဇြန္းကိုယ္စီယူကာ စားၾကေတာ့သည္။ ေသြးခန္႔ကေတာ့ mission fail သြားတဲ့ ၾကက္ဥေပါင္းေလးကို အားပါးတရစားေနၾကတဲ့ ခ်စ္ရသူနဲ႔ သူငယ္ခ်င္းေတြကို ၾကည့္ၿပီး ၾကည္ႏူးလို႔ေပါ့ ...

>>>>>>>>>

'အားးး ေဖယံ နင္လႊတ္ဦး ငါ့လက္ကို ဘာေျပာမလို႔ အိမ္ေရွ႕ထိ ေခၚလာတာလဲ ငါ့လက္နာေနၿပီ လႊတ္'

'ေျပာစရာရွိတာ ကေတာ့ မေန႔က ျပႆနာ ျဖစ္တဲ့ အေၾကာင္းပဲ'

ေသြးခန္႔ လုပ္ေကြၽးတဲ့ Legendary ၾကက္ဥေပါင္းကို အကုန္လံုး တနင့္တပိုး တဝတၿပဲစားၿပီးေတာ့ ေဖယံက ေျပာစရာရွိတယ္ ဆိုကာ သူသူ႔ကို အိမ္ေရွ႕က ဆင္ဝင္ေထာင့္ကို ဆြဲေခၚလာသည္။

'အဲ့ ျပႆနာက ဘာေျပာစရာလိုလဲ နင္စိတ္မရွည္ဘူးမလား နင္စိတ္မရွည္ရင္ လက္ေလ်ာ့လိုက္ေလ ေဖယံ ဘာေတြ အာရံုလာေနာက္ေနေသးတာလဲ'

'ဟန္ !!!!!'

'ငါ့ကို မေအာ္နဲ႔ ေဖယံ !!! ငါ့ကို ေအာ္ေျပာေနစရာမလိုဘူး'

'ကိုယ္ ေအာ္တာ မဟုတ္ဘူး ဟန္ ... ဟန္ သိတယ္ ကိုယ္ မင္းကို ခ်စ္တယ္ဆိုတာ ... အၿမဲတမ္း မင္းကိုပဲ ၾကည့္ၿပီး ခ်စ္ေနတာ မလံုေလာက္တာလား ကိုယ္ ဘယ္ေလာက္ထိ ခ်စ္ေပးရဦးမွာလဲ ... ကိုယ္က မင္းကိုပဲ ေစာင့္ေနတာပါကြာ ... ကိုယ့္ကို အခ်ိန္မဆြဲပါနဲ႔ေတာ့'

အိမ္ေရွ႕မွာ ျပႆနာ တက္ေတာ့မလို ျဖစ္ေနတဲ့ သူသူနဲ႔ ေဖယံကို က်န္တဲ့ ေလးေယာက္က အိမ္ထဲကေန အသာ ေစာင့္ၾကည့္ေနသည္။ အေျခအေနမဟန္ေတာ့ သြားတားမလို႔ လုပ္ေနတဲ့ မင္းျမတ္ကိုလဲ ေသြးခန္႔က ဆြဲထားရေသးသည္။ သူတို႔ နွစ္ေယာက္ ကိစၥ အခုခ်ိန္ တစ္ခါတည္း ေျပလည္ေအာင္ ရွင္းၾကပါေစ ...

'ေအး ငါ အခ်ိန္ ဆြဲေနတယ္ ဆိုတာ နင္ၾကာရင္ ငါ့အေပၚ ေျပာင္းလဲမွာ စိုးလို႔ ငါ အခ်ိန္ဆြဲၿပီး ေစာင့္ၾကည့္ေနတာ မွားလား ... ငါေတြးထားဖူးတဲ့ ငါ့လက္တြဲေဖာ္ဆိုတာမ်ိဳးက ခ်စ္သူေရာ လက္ထပ္ရမယ့္ သူေရာ တစ္ေယာက္တည္းပဲ ျဖစ္ခ်င္တာ ... နင္ ငါ့ကို ခ်စ္တာ ငါသိတယ္ေလ သိပ္သိတာ နင့္ထက္ေတာင္ သိေသးတာ ... ေျပာင္းလဲမွာ ေျပာင္းလဲမွာပဲ ေၾကာက္ေနတာကို နင္သိလား အဲ့တာ နင္သိလားလို႔ ေဖယံရဲ႕ !!!'

စကားေတြကို ေဒသေတြနဲ႔ ေျပာရင္း လက္ေမာင္းေတြ ရင္ဘတ္ေတြကို အတင္းရိုက္နွက္လာတဲ့ သူသူ႔ရဲ႕ လက္ေတြကို ေဖယံ ခ်ဳပ္ထားမိသည္။

'မင္း တစ္ခုပဲ ေျပာေပး ဟန္ တစ္ခုေလးပဲေျပာ ... ကိုယ့္ကို ခ်စ္တယ္ ဆိုတာ ... အဲ့စကား ေျပာၿပီးတာနဲ႔ ကိုယ့္က မင္းအတြက္ပဲ ... ဟန္လဲ ကိုယ့္ကိုယ္ကို မနွိပ္စက္ပါနဲ႔ ၿပီးေတာ့ ကိုယ့္ကိုလဲ မနွိပ္စက္ပါနဲ႔ေတာ့'

'ေအး !!!'

'အာ ... တံုးတိႀကီး မေျပာနဲ႔ေလကြာ ခ်စ္တယ္ေတာ့ ေျပာဦးမွာေပါ့'

'ထပ္ေမးရင္ နင္နဲ႔ငါ ဘာမွ မဆိုင္ေတာ့ဘူး ခ်စ္တယ္ လဒရဲ႕ လခြမ္းလိုပဲ ငါရွက္လို႔ပါဆို'

အဲ့လိုပါပဲ မင္းျမတ္တို႔ အုပ္စုရဲ႕ အဆိုးအဆာညီမေလးနဲ႔ ေဖယံရဲ႕ အခ်စ္ဇာတ္လမ္းကေတာ့ အရမ္းကို ro ဆန္ေသာ ပါ ... ro ခ်င္တာေတာင္ ေကာင္းေကာင္း အ ro မခံဘူး ..
ေဖယံကေတာ့ ေၾကကြဲရင္ ေၾကကြဲေနမွာ ... romantic ေလးေတာ့ ဆန္ခြင့္ ေပးပါဦး !!! ခုေတာ့ ေအာင့္သက္သက္နဲ႔ ... ro ခ်င္တယ္ !!!

ေခ်ာင္းၾကည့္ေနတဲ့ ေသြးခန္႔တို႔ အတြဲနဲ႔ ကိုစိုင္း ေဇယ်ာတို႔မွာလဲ အေျခအေနေတြ ၾကည့္ၿပီး ငိုရအခက္ ရယ္ရအခက္ ... ေသြးခန္႔ကေတာ့ အိမ္ေရွ႕က အတြဲကို ၾကည့္ၿပီး ခပ္ၿပံဳးျပဳံးျဖစ္ေနတဲ့ ခ်စ္ရသူ ေႏြဦးႏုႏုေလးရဲ႕ ေဘးတိုက္ မ်က္နွာေလးကို ရႈစားလို႔ေပါ့ ... ေသြးခန္႔က ျမတ္နိုးရသူ ပုခံုးေလးေပၚ လက္ေလး တစ္ဖက္တင္လိုက္ၿပီး ရွင္းရွင္းလင္းလင္း ျမင္ေနရတဲ့ ်ရွ႕က နားသယ္စပ္ေလးကိုပဲ နႈတ္ခမ္းတို႔ နဲ႔ အသာအယာ ဖိကပ္လို႔ ... ျမတ္နိုးမႈတို႔ ႀကဲခ်ခံလိုက္ရတဲ့ ေကာင္ေလးကေတာ့ နႈတ္ခမ္းထက္မွာ ပံုမွန္ထက္ ပိုတဲ့ အၿပံဳးေတြ ...

__________

စိတ္ကူးယဥ္ ဆန္ဖို႔ထက္ ခ်စ္ေနဖို႔ပဲ လိုတာပါ ..

To be continue ...

20th April,2020(Mon)
WhiteAster089





[Unicode]

'🎼ဒီနေ့က တင်းဂွေနေ့လေ ဘေးဘေ ဘေးဘေ ... အူးဟူးဟူး ...🎼

အာ ... မဟုတ်သေးဘူး စနေနေ့ စနေနေ့ အဟစ်ဟစ်'

ထူးထူးခြားခြား သွေးခန့်တစ်ယောက် မနက်မိုးလင်းလို့ အိပ်ယာထကတည်းက စိတ်ကြည်နေသည်။ ချစ်ရသူ နွေဦးလေးထံက မနက်တိုင်းရနေကျ Good morning ဆိုတဲ့ message လေးကြောင့်လား မနေ့ညက အိပ်ခါနီး ကြားလိုက်ရတဲ့ စကားတွေ ကြောင့်လားတော့ သွေးခန့် မပြောတတ်ပေမယ့် စိတ်ထဲ ကြည်လင်နေတာတော့ အမှန် ...

သွေးခန့် ဒီနေ့ နွားနို့ကြက်ဥပေါင်းလုပ်မယ် ... မနေ့ညက ကိုကို့ ကို စောင့်နေတုန်း နွားနို့ကြက်ဥပေါင်း လုပ်နည်းတွေ ဖတ်ထားတယ် ... ကြက်ဥလဲ ရှိတယ် ... နွားနို့လဲ ရှိတယ် ... သကြားလဲ ရှိတယ် အိုကေမှာစိုပြေ good ! ... တောင်တွေးမြောက်တွေးနဲ့ အူမြူးနေတာ သွေးခန့် ပုံစံမဟုတ်ပေမယ့် သွေးခန့် အိပ်ရာနိုးကတည်းက လန်းလန်းဆန်းဆန်းနဲ့ ပေါ့ပါးနေသည်။

🎼You're my sunshine ... My only sunshine ... You make me happy ...When skies are grey ...🎼

မီးဖိုချောင်ထဲမှာ လက်စွမ်းပြဖို့ ပြင်ဆင်နေတုန်း ဖုန်း ringtone သံကြားတော့ ဖုန်းခေါ်ဆိုသူက ဘယ်သူလဲ ဆိုတာ သွေးခန့် တန်းသိသည်။ သေချာတာပေါ့ သူ့ရဲ့ အလင်းလေး ...

'ခန့် မင်းက ငါစာပို့ထားတာကို ပြန်လဲ မပို့ဘူး'

'ကိုကို ကလဲ ကိုယ်က ဖုန်းဆက်မလို့ပါ'

နွားနို့ကြက်ဥပေါင်းလုပ်ဖို့ အရင်တာဆူ နေတာကို ပြောမိရင် အဆဲခံရနိုင်လား ...

'အမလေး ဟုတ်ပါပြီ ထားပါ ဘာတွေလုပ်နေတာလဲ ခန့်'

'မနေ့ညကလေ ကိုကို က သူသူ့ဆီ ဖုန်းဆက်နေတုန်း ကိုယ် နွားနို့ကြက်ဥပေါင်း လုပ်နည်း ဖတ်ထားတာ အဲ့တာ ကိုယ် အခု စမ်းလုပ်ကြည့်မလို့'

'အယ် ထူးထူးဆန်းဆန်း လုပ်စားမှာပေါ့'

သွေးခန့်က နွားနို့ကြက်ဥပေါင်း လုပ်စားမယ်ပြောတော့ တစ်ဖက်က ချစ်ရသူရဲ့ အသံက အံ့သြသွားပုံလေး ... အိမ်ကို လာခဲ့ဖို့ ခေါ်လဲ ခေါ်ချင်သည်။ မနေ့ကမှ အိမ်လာထားတာဆိုတော့ အသည်းအသက်ရဲ့ အိမ်က မလွှတ်မှာကိုလဲ သွေးခန့် စိုးရိမ်ပါသည်။ လွှတ်မလွှတ်မသိပေမယ့် သွေးခန့် မဝံ့မရဲ မေးမိသည်။

'ကိုကို လာခဲ့ မလားဟင် ကိုယ်လုပ်ထားတဲ့ နွားနို့ ကြက်ဥပေါင်း စားရအောင် အဲ့ ... ဟိုလေ ကိုကို့ အိမ်က မလွှတ်ရင်လေ ကိုယ် လာပို့ပေးမှာပါ မနေ့ကလဲ အပြင်ထွက်ထားတော့ ကိုကို့ အိမ်က ဒီနေ့ ထပ်ထွက်ရင် ဆူနေမှာ စိုးလို့'

'အောယား ခန့်ရာ ချစ်လိုက်တာ ဘယ်လိုအသံလေးနဲ့ ပြောနေတာတုန်း နေပါဦးကွာ ကိုကို မေကြီးတို့ကို ပြောပြီးရင် လာခဲ့မယ်'

ဖုန်းခေါ်ဆိုမှုရဲ့ တစ်ဖက်ခြမ်းက ချစ်ရသူရဲ့ အသံက မိမိကို အသည်းယားနေတဲ့ ပုံလေးဖြစ်နေတာကြောင့် သွေးခန့် ကြည်နူးရပြန်သည်။ ပိုချစ်အောင် လုပ်ပြန်ပြီ !!! အိမ်လာခဲ့မလား မေးတော့လဲ ခွင့်တောင်းပြီးတာနဲ့ လာခဲ့မယ်ဆိုလို့လဲ ပျော်ရသေးသည်။

'ကဲ ကဲ ဒါပဲနော် မေကြီးတို့ကို ပြောပြီးတာနဲ့ လာခဲ့မယ် လုပ်စရာ ရှိတာ ဆက်လုပ်'

'အဲ နေဦး နေဦး ခဏ ဟိုကောင်တွေကိုရော ခေါ်မလား သူသူရောလေ'

'သူတို့ရော လာတော့ ကောင်းတာပေါ့ ခန့်ရ ခေါ်လိုက်လေ'

'တခြားတော့ မဟုတ်ပါဘူး သူသူနဲ့ ဖေယံလဲ သူတို့ တွေ့ပြီး အေးဆေး စကား ပြောရင် ပြောကြပေါ့ မဟုတ်ရင် ဒီကြားထဲ သူတို့ တွေ့နိုင်မှာလဲ မဟုတ်ဘူး'

ဘာစိတ်ကူးပေါက်နေမှန်းမသိတာတော့ တကယ် ... သူသူနဲ့ ကိုယ့် သူငယ်ချင်း သားကြီး ဖေယံတို့ကို သွေးခန့်က စိတ်လိုလက်ရကို မြန်မြန် အဆင်ပြေစေချင်နေပြီ ... သူသူ စောင့်ကြည့်နေတာနဲ့ တင် ဆရာသမား ဖေယံက အရိုးဆွေးတော့မယ် ...

'Okok ခန့် ဖုန်းဆက်လိုက်လေနော် ငါ အိမ်ကို ပြောပြီး လာခဲ့လိုက်တော့မယ်'

'ဟုတ်ပါပြီဗျာ လာရင် ဆိုင်ကယ်စီးတာ ဂရုစိုက်နော်'

သွေးခန့်ဆီက ဖုန်းလိုင်းလေး ပြတ်တောက်သွားပြီးနောက် မင်းမြတ်လဲ မီးဖိုချောင်ထဲမှာ ဟင်းချင်နေတဲ့ မေ့ဆီ မြန်မြန် ပြေးသွားလိုက်သည်။

'မေကြီး သား ခန့်တို့အိမ်သွားမလို့ ခန့်က ကြက်ဥပေါင်း လုပ်ကျွေးမလို့တဲ့ သူသူတို့ရော လာကြမှာ'

'သားငယ်ရယ် မနေ့ကလဲ သွားတာ ဒီနေ့ ထပ်သွားဦးမလို့လား ခုလို အချိန်က အပြင် ခဏခဏ သွားလို့ ကောင်းတဲ့ အချိန်မဟုတ်ဘူးလေ မသွားပါနဲ့လား'

'အာ မေကြီး ကလဲ သားက အပြင်သွာစတာ Mask လဲ တပ်သွားမှာလေ လက်ရှည်ရော ဝတ်သွားမှာ ပြီးတော့ ခန့် တို့အိမ် ရောက်ရင်လဲ ဘယ်မှ ထပ်မသွားဘူး အဲ့မှာပဲ နေမှာ ... နော် သွားမယ်နော် မေကြီး'

'ကဲကဲ ပြောမရလဲသွား လိုအပ်တာတွေ အကုန်ယူသွားနော် သူငယ်ချင်း အိမ်ရောက်တာနဲ့ လက်သေချာဆေး'

'ဟုတ် မေကြီး ဒါကြောင့် မေကြီးကို ချစ်တာ မွမွ'

မေကြီးရဲ့ ပါးကို ဘယ်ပြန်ညာပြန် နမ်းပြီး မင်းမြတ် အခန်းထဲ ခပ်သွက်သွက်ပြေးလာတာ အင်္ကျီအပေါ်ဖပ် အပါးလေး ထပ်ဝတ်လိုက်သည်။ တစ်ခါသုံး mask တစ်ခုကို တပ်ပြီး အပိုနောက်တစ်ခုကိုတော့ အိတ်ထဲ ထည့်ခဲ့လိုက်သည်။ အိမ်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်လေးကို မင်းမြတ် ယူတော့ ကီကီလေးက သူ့ကို ခေါ်မယ်မှတ်ပြီး ခုန်ပေါက်နေလို့ မနည်းချော့ကာ ထားခဲ့ရသေးသည်။ ဆိုင်ကယ်စီးရတာ ကြိုက်တဲ့ ကီကီလေးအဖို့ stay home ကာလနဲ့တင် ဆိုင်ကယ်မစီးရတာ တော်တော် ကြာနေပြီ ...

>>>>>>>>>>

သွေးခန့်ရဲ့ အိမ်ကို မင်းမြတ် ရောက်တော့ ဘယ်သူမှ ရောက်မလာသေးဘူး ထင်သည်။ အိမ်ရှေ့မှာ သွေးခန့်ရဲ့ ကားသာရှိသည်။ ခြံတံခါး အသာဖွင့် ဆိုင်ကယ်ရပ်ကာ ဆင်းပြီး မင်းမြတ်ဝင်လာလိုက်တော့ ခန့်ကလဲ အိမ်ထဲက ပြေးထွက်လာသည်။

'ကိုကို လာပြီလား ဟိုကောင်တွေတော့ မရောက်သေးဘူး ကိုယ် ဖုန်းဆက်ထားတယ်'

'အင်း ရပြီလား နွားနို့ကြက်ဥပေါင်းက ဘယ်မှာလဲ'

'မရသေးဘူး ကိုကိုရ ပေါင်းထားတုန်း ကိုယ် သေချာ လုပ်ထားတာ သိလား ညက ဖတ်ထားတဲ့ အတိုင်းပဲ'

'ဟုတ်ပါပြီကွာ စားရသေးတာပေါ့'

မင်းမြတ်ရှေ့မှာ ခေါင်းလေးမော့ ရင်ကော့ကာ ပြောနေတဲ့ ကောင်လေးကြောင့် အသည်းယားကာ နဖူးလေးကို လက်မနဲ့ လက်ညှိုးလေး သုံးကာ တောက်လိုက်တော့သည်။ ပုံစံလေးက အခုမှ စမ်းသပ်ပြီး လုပ်ထားတဲ့ နွားနို့ကြက်ဥပေါင်းဆိုတာရဖို့ကို တော်တော် စိတ်လှုပ်ရှားနေတဲ့ပုံလေး ...

'ဟဲ့ ရှေ့က လင်မယားနှစ်ယောက် ကလူမနေနဲ့ ရှေ့ကဖယ် ငါဝင်တိုက်မှာ'

တကယ်ကို သာသနာဖျက်သူသူ ... ခုမှ မျက်နှာချင်းဆိုင် ခဏလေး ကြည်နူးမိတာကို ပြောမဆုံး ... အိမ်ထဲ ဆိုင်ကယ်စီးပြီး ဝင်လာတဲ့ ပုံက ဘီလူးမ ဆိုင်းတီး ဝင်လာတဲ့ပုံနဲ့ ဝုန်းဒိုင်းကြဲနေတာ ... ဒီ အကြမ်းအရမ်း ကသမ်းကရမ်းကို သည်းခံနိုင်တာ ဖေယံ တစ်ယောက်ပဲ ရှိမယ်ထင် ...

'သူသူရယ် ဆိုင်ကယ်စီးလာတာကို ဖြေးဖြေးမစီးလာဘူး အန္တရာယ်များတယ်ဟ ဖြေးဖြေးလာလဲ ခန့် အိမ်က ခြေထောက်ပေါက်မပြေးဘူး'

'အမလေး ဘာမှ မဖြစ်ဘူး ငါလာရှိုးလမ်းကနေ ဖြတ်လာတာ လူတွေရှင်းနေရော လမ်းဆုံမှာ ကန့်လန့်လှဲအိမ်တောင် ငါ့ကို ကြိတ်မယ့် ကားရော ဆိုင်ကယ်ရော မရှိဘူး ဒါနဲ့ နင်နဲ့ ငါပဲ ရောက်သေးတာလား ဟိုကောင်တွေရော'

'အကုန်ခေါ်ထားတယ် ရောက်လာလိမ့်မယ် လာအိမ်ထဲဝင်မယ်'

သွေးခန့်က ပြောပြီး ရှေ့ကနေ မင်းမြတ်လက်ကို ဆွဲကာ ထွက်သွားသည်။ နောက်မှာ ကျန်နေခဲ့တဲ့ သူသူကတော့ ရှေ့က နှစ်ယောက်ကို လက်သီးထောင်ပြရင်း ပြေးလိုက်ရတော့သည်။

'သားကြီးရေ ငါတို့ ရောက်ပြီ'

သူသူရောက်ပြီးတော့လဲ မကြာပါ ဖေယံတို့ ကိုစိုင်းတို့ ဇေယျာတို့လဲ ရောက်လာသည်။ သွေးခန့် မေမေကတော့ အပေါ်ထပ်မှာ စာအုပ်ဖတ်နေတယ်လို့ သွေးခန့်ပြောထားတော့ အကုန်လုံး အရမ်းဆူဆူညံညံတော့ မလုပ်ကြ ...

'သွေးခန့် နင် ကြက်ဥပေါင်းထားတာဆို ရပြီလား'

'အေး ငါတို့ရော ဆာနေပြီ ရပြီလား စားလို့က'

အကုန်လုံး တက်ညီလက်ညီ ဗိုက်ဆာကြောင်း ပြောလာတော့ သွေးခန့်က ဦးဆောင်ပြီး မီးဖိုခန်းကို ရောက်လာကြသည်။ သွေးခန့်ကတော့ မင်းမြတ် နေမကောင်းတုန်းက ပြုတ်တိုက်ဖူးတဲ့ ကြက်သားဆန်ပြုတ်ကလွဲရင် အခုကသူ့ရဲ့ ပထမဆုံး လက်စွမ်းမလို့ စိတ်တော်တော် လှုပ်ရှားနေသည်။ မီးဖိုခန်းထဲ အရောက် နွားနို့ ကြက်ဥပေါင်း ပေါင်းထားပုံရတဲ့ ပေါင်းအိုးလေးကို ဖွင့်ချလိုက်တော့ အငွေ့တို့က လုံးခနဲ တက်လာသည်။

'ဟင် !!!'

'What the f**k !!!'

'What whatted whatting !!!'

ပေါင်းအိုးထဲက နွားနို့ ကြက်ဥပေါင်းကို မြင်လိုက်ရတော့ ဟုတ်ပါတယ် တစ်ဖွဲ့လုံး အာမေဋိတ် မျိုးစုံနဲ့ သောက်ဗရမ်းဗတာ အာမေဋိတ်တွေ ... အော်လဲ အော်ချင်စရာ ... ပေါင်းအိုးထဲက နွားနို့ ကြက်ဥပေါင်း ဘဝက ဂျပန်နိုင်ငံ ဟီရိုရှိးမားကို ဗုန်းကြဲခံလိုက်ရသလိုမျိုး မွစာကြဲပြီး ပွတက်နေတာ ... online ပေါ်က လုပ်နည်းအတိုင်း ကြက်ဥကို အပေါ်ကသာ ဖောက်ထုတ်ပြီး နွားနို့နဲ့သကြား ရောကာ ကြက်ဥထဲ ရောမွှေထားတာတွေ ပြန်ထည့်ပေါင်းထားပုံရသည်။ ခပ်ပွပွ အဝါနုနု ကြက်ဥပေါင်းကြား ကြက်ဥခွံလေးတွေ အလုံးလိုက် ...

'ဘယ်လို ဖြစ်သွားတာလဲကွာ ကိုယ်လဲ သေချာလေး သူရေးထားတဲ့ နည်းအတိုင်း လုပ်တာပဲ'

'ဟဲ့ သွေးခန့် နင့် ကြက်ဥပေါင်းက ဟုတ်ရော ဟုတ်ရဲ့လား ဗုံးကြဲခံထားရရင်တောင် အဲ့ထက်လှတယ်'

သွေးခန့်ကတော့ သူရဲ့ ကြိုးစားမှု fail ဖြစ်သွားတာကြောင့် စိတ်ပျက်လက် ရေရွတ်နေတုန်း သူသူကတော့ ကြားက မီးလောင်ရာ လေထပင့်သည်။ မင်းမြတ်နဲ့ ကျန်တဲ့ သုံးယောက်ကတော့ ဘာမှမပြောနိုင်ပေမယ့် အကြည့်တွေကတော့ သွေးခန့် ပြောလို့ သိနေတဲ့ ကြက်ဥပေါင်းဆီမှာ ...

'ဟန် !!! အဲ့လိုတော့ မပြောပါနဲ့ကွာ နွားနို့ရော ရောထားတာ ဆိုတော့ အပူပေးရင်း ပွတက်ကုန်လို့လေ ... ကြက်ဥနဲ့ မဆန့်လို့ ဒီလိုဖြစ်ကုန်တာ နေမှာ အရသာတော့ ရှိမှာပါ'

'အေး ဟုတ်တယ် သူသူရ အရသာတော့ ရှိမှာ မွှေးနေတာပဲ'

ဖေယံနဲ့ ကိုစိုင်းက ဝင်ပြောလာတော့ သွေးခန့်ရဲ့ မှိုင်းညို့နေတဲ့ မျက်လုံးလေးတွေ အရောင်လေး ပြန်တောက်လာတာ သိသိသာသာ ...

'ဟေ့ကောင်တွေ လာစားဟ အရသာရှိတယ် အမြင်မလှတာပဲ ရှိတာ ဆာနေပြီ မလား'

ဘေးက ပြောနေတုန်း ရှိသေး ဇေယျာက ဇိုးဇိုးဇက်ဇက်နဲ့ ကြက်ဥပေါင်းကို နှိုက်စားပြီး အရသာတောင် ခံနေပြီ ... သောက်ချေးများ ဇေယျာက စားကောင်းတယ် ပြောလာတော့ ကျန်တဲ့ သူတွေ အထွန့် မတက်ပဲ မီးဖိုခန်းထောင့်က basin မှာ လက်ဆေးပြီး ပန်းကန်စင်ပေါ်ကနေ ဇွန်းကိုယ်စီယူကာ စားကြတော့သည်။ သွေးခန့်ကတော့ mission fail သွားတဲ့ ကြက်ဥပေါင်းလေးကို အားပါးတရစားနေကြတဲ့ ချစ်ရသူနဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး ကြည်နူးလို့ပေါ့ ...

>>>>>>>>>

'အားးး ဖေယံ နင်လွှတ်ဦး ငါ့လက်ကို ဘာပြောမလို့ အိမ်ရှေ့ထိ ခေါ်လာတာလဲ ငါ့လက်နာနေပြီ လွှတ်'

'ပြောစရာရှိတာ ကတော့ မနေ့က ပြဿနာ ဖြစ်တဲ့ အကြောင်းပဲ'

သွေးခန့် လုပ်ကျွေးတဲ့ Legendary ကြက်ဥပေါင်းကို အကုန်လုံး တနင့်တပိုး တဝတပြဲစားပြီးတော့ ဖေယံက ပြောစရာရှိတယ် ဆိုကာ သူသူ့ကို အိမ်ရှေ့က ဆင်ဝင်ထောင့်ကို ဆွဲခေါ်လာသည်။

'အဲ့ ပြဿနာက ဘာပြောစရာလိုလဲ နင်စိတ်မရှည်ဘူးမလား နင်စိတ်မရှည်ရင် လက်လျော့လိုက်လေ ဖေယံ ဘာတွေ အာရုံလာနောက်နေသေးတာလဲ'

'ဟန် !!!!!'

'ငါ့ကို မအော်နဲ့ ဖေယံ !!! ငါ့ကို အော်ပြောနေစရာမလိုဘူး'

'ကိုယ် အော်တာ မဟုတ်ဘူး ဟန် ... ဟန် သိတယ် ကိုယ် မင်းကို ချစ်တယ်ဆိုတာ ... အမြဲတမ်း မင်းကိုပဲ ကြည့်ပြီး ချစ်နေတာ မလုံလောက်တာလား ကိုယ် ဘယ်လောက်ထိ ချစ်ပေးရဦးမှာလဲ ... ကိုယ်က မင်းကိုပဲ စောင့်နေတာပါကွာ ... ကိုယ့်ကို အချိန်မဆွဲပါနဲ့တော့'

အိမ်ရှေ့မှာ ပြဿနာ တက်တော့မလို ဖြစ်နေတဲ့ သူသူနဲ့ ဖေယံကို ကျန်တဲ့ လေးယောက်က အိမ်ထဲကနေ အသာ စောင့်ကြည့်နေသည်။ အခြေအနေမဟန်တော့ သွားတားမလို့ လုပ်နေတဲ့ မင်းမြတ်ကိုလဲ သွေးခန့်က ဆွဲထားရသေးသည်။ သူတို့ နှစ်ယောက် ကိစ္စ အခုချိန် တစ်ခါတည်း ပြေလည်အောင် ရှင်းကြပါစေ ...

'အေး ငါ အချိန် ဆွဲနေတယ် ဆိုတာ နင်ကြာရင် ငါ့အပေါ် ပြောင်းလဲမှာ စိုးလို့ ငါ အချိန်ဆွဲပြီး စောင့်ကြည့်နေတာ မှားလား ... ငါတွေးထားဖူးတဲ့ ငါ့လက်တွဲဖော်ဆိုတာမျိုးက ချစ်သူရော လက်ထပ်ရမယ့် သူရော တစ်ယောက်တည်းပဲ ဖြစ်ချင်တာ ... နင် ငါ့ကို ချစ်တာ ငါသိတယ်လေ သိပ်သိတာ နင့်ထက်တောင် သိသေးတာ ... ပြောင်းလဲမှာ ပြောင်းလဲမှာပဲ ကြောက်နေတာကို နင်သိလား အဲ့တာ နင်သိလားလို့ ဖေယံရဲ့ !!!'

စကားတွေကို ဒေသတွေနဲ့ ပြောရင်း လက်မောင်းတွေ ရင်ဘတ်တွေကို အတင်းရိုက်နှက်လာတဲ့ သူသူ့ရဲ့ လက်တွေကို ဖေယံ ချုပ်ထားမိသည်။

'မင်း တစ်ခုပဲ ပြောပေး ဟန် တစ်ခုလေးပဲပြော ... ကိုယ့်ကို ချစ်တယ် ဆိုတာ ... အဲ့စကား ပြောပြီးတာနဲ့ ကိုယ့်က မင်းအတွက်ပဲ ... ဟန်လဲ ကိုယ့်ကိုယ်ကို မနှိပ်စက်ပါနဲ့ ပြီးတော့ ကိုယ့်ကိုလဲ မနှိပ်စက်ပါနဲ့တော့'

'အေး !!!'

'အာ ... တုံးတိကြီး မပြောနဲ့လေကွာ ချစ်တယ်တော့ ပြောဦးမှာပေါ့'

'ထပ်မေးရင် နင်နဲ့ငါ ဘာမှ မဆိုင်တော့ဘူး ချစ်တယ် လဒရဲ့ လခွမ်းလိုပဲ ငါရှက်လို့ပါဆို'

အဲ့လိုပါပဲ မင်းမြတ်တို့ အုပ်စုရဲ့ အဆိုးအဆာညီမလေးနဲ့ ဖေယံရဲ့ အချစ်ဇာတ်လမ်းကတော့ အရမ်းကို ro ဆန်သော ပါ ... ro ချင်တာတောင် ကောင်းကောင်း အ ro မခံဘူး ..
ဖေယံကတော့ ကြေကွဲရင် ကြေကွဲနေမှာ ... romantic လေးတော့ ဆန်ခွင့် ပေးပါဦး !!! ခုတော့ အောင့်သက်သက်နဲ့ ... ro ချင်တယ် !!!

ချောင်းကြည့်နေတဲ့ သွေးခန့်တို့ အတွဲနဲ့ ကိုစိုင်း ဇေယျာတို့မှာလဲ အခြေအနေတွေ ကြည့်ပြီး ငိုရအခက် ရယ်ရအခက် ... သွေးခန့်ကတော့ အိမ်ရှေ့က အတွဲကို ကြည့်ပြီး ခပ်ပြုံးပြုံးဖြစ်နေတဲ့ ချစ်ရသူ နွေဦးနုနုလေးရဲ့ ဘေးတိုက် မျက်နှာလေးကို ရှုစားလို့ပေါ့ ... သွေးခန့်က မြတ်နိုးရသူ ပုခုံးလေးပေါ် လက်လေး တစ်ဖက်တင်လိုက်ပြီး ရှင်းရှင်းလင်းလင်း မြင်နေရတျဲ့ရှ့က နားသယ်စပ်လေးကိုပဲ နှုတ်ခမ်းတို့ နဲ့ အသာအယာ ဖိကပ်လို့ ... မြတ်နိုးမှုတို့ ကြဲချခံလိုက်ရတဲ့ ကောင်လေးကတော့ နှုတ်ခမ်းထက်မှာ ပုံမှန်ထက် ပိုတဲ့ အပြုံးတွေ ...

__________

စိတ်ကူးယဉ် ဆန်ဖို့ထက် ချစ်နေဖို့ပဲ လိုတာပါ ..

To be continue ...

20th April,2020(Mon)
WhiteAster089

Continue Reading

You'll Also Like

301K 7.5K 108
In which Delphi Reynolds, daughter of Ryan Reynolds, decides to start acting again. ACHEIVEMENTS: #2- Walker (1000+ stories) #1- Scobell (53 stories)...
107K 4.3K 191
This story follows the early life of James also known by his street name Headshot or Shooter. James had an extremely rough childhood, one that turned...
4M 86.7K 62
•[COMPLETED]• Book-1 of Costello series. Valentina is a free spirited bubbly girl who can sometimes be very annoyingly kind and sometimes just.. anno...
2.1K 164 21
အချစ်ဆိုတဲ့အရာက ကံကြမ္မာလား၊ ဖူးစာလား ဒါမှမဟုတ်တစ်စုံတစ်ယောက်အတွက် ငါကအစားထိုးခံလား။ ဂုဏ်ရောင်ထိန်ညီး မင်းသခင် Sart.23.4.2024