Reward[Him From Final Year]

By Aelennar

1.1M 90.7K 10.7K

တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... More

Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side

Chapter-14

18.1K 1.7K 217
By Aelennar

က်ဴရွင္ကထြက္လာလာခ်င္း လမ္း
တစ္ဖက္မွာရပ္ထားသည့္ ကားအနက္
ကိုေတြ႕သည္နွင့္ က်ြန္ေတာ္တစ္ခဏ
ဒီအတိုင္းသာ ျကည့္ေနမိျပီးဘာလုပ္
ရမည္မသိ။တစ္ကယ္ျကီးလာျကိဳတာပဲ။

ညေနကလည္းေစာင္းေနျပီ။ဒီအခ်ိန္မွ
က်ြန္ေတာ္တစ္ေယာက္တည္း ျပန္ဖို႕
ရာမလြယ္ကူေတာ့တာမို႕ ဘာလုပ္ရ
မယ္မွန္းလည္း စဥ္းစားလို႕မရေတာ့ပါ။

ဒီေန႕ကိုဝဏၰနဲ႕ရည္မြန္ကေလ်ွာက္လည္
ျကမယ္ဆိုျပီးက်ဴရွင္မွာ ရည္မြန္႕ကို
ကိုဝဏၰကလာေခၚသြားသည္။အစထဲက
က်ဴရွင္ေျပးခ်င္ေနတဲ႕ ေမမီကလည္း
ရည္မြန္႕ကိုစိတ္မခ်လို႕အေဖာ္လိုက္
သြားေပးေတာ့ က်ြန္ေတာ္တစ္ေယာက္
ထဲသာက်န္ခဲ႕ေတာ့သည္။က်ြန္ေတာ့္ကို
ေျပာေတာ့ျဖင့္ က်ဴရွင္အတူတူတက္ရ
မယ္ဆိုျပီး တစ္ကယ္တမ္းတက္ေတာ့
သူတို႕ပဲအရင္ဆံုးက်ဴရွင္ေျပးျကတယ္။
ခ်မ္းေျမ႕ကလည္း အစေတာင္ရွာလို႕
မေတြ႕ ဘယ္ဆီဘယ္ဝယ္ေရာက္ေန
မွန္းကိုမသိ။ေတာ္ေတာ္ေလး အားကိုး
ရတဲ႕သူငယ္ခ်င္းေတြပါပဲ။

ေမမီကက်ြန္ေတာ့္ကို ဒီအတိုင္းေတာ့
မထားခဲ႕ပါဘူး။က်ဴရွင္အျပန္က်ြန္ေတာ္
တစ္ေယာက္ထဲ အဆင္မေျပမွာသိလို႕
ေစတနာျကီးလြန္းစြာကိုဝဏၰကတစ္ဆင့္
ကိုမင္းစစ္ေျကာင္းကို ဖုန္းဆက္ျပီးဘာ
ေတြသြားေျပာလိုက္လဲေတာ့မသိ။နင့္ကို
ကိုမင္းစစ္ေျကာင္းလာျကိဳျပီး အိမ္ျပန္
ပို႕ေပးမယ္ေနာ္ ငါအကူအညီေတာင္း
ထားတယ္ဆိုျပီးျပံဳးစိစိမ်က္နွာနဲ႕
ဘာမွျပန္မေျပာလိုက္နိုင္ခင္မွာပဲ
က်ြန္ေတာ့္ကိုက်ဴရွင္မွာတစ္ေယာက္ထဲ
ထားခဲ႕သည္။

တစ္ကယ္မထင္ထားတာ လာျကိဳလိမ့္
မယ္လို႕။ေက်ာပိုးအိတ္ျကိဳး နွစ္ဖက္ကို
က်ြန္ေတာ္ခပ္တင္းတင္းကိုင္ရင္း
ကိုမင္းစစ္ေျကာင္းကားကို သိတဲ႕သူ
ေတြကရွိနိုင္သည္မို႕ က်ဴရွင္က ထြက္
လာတဲ႕သူေတြနည္းနည္းရွင္းသြားမွ
ရပ္ထားတဲ႕ ကားဆီေလ်ွာက္သြားလိုက္
သည္။ကားမွန္ကလည္းအနက္ေရာင္မို႕
လို႕အျပင္ကေနဘာမွမျမင္ရ က်ြန္ေတာ္
မဝင္ရဲေသးပဲ အထဲကိုျမင္ရမလားလို႕
ေသခ်ာ ေခ်ာင္းျကည့္ေနတုန္း ကားမွန္
ကတျဖည္းျဖည္းေအာက္က်လာသည္မို႕
အေနာက္ဆုတ္ျပီး လန္႕သြားရသည္။

"မတက္လာေသးပဲ ဘာလုပ္ေနတာလဲ"

က်ြန္ေတာ့္ကို ကားေမာင္းသူေနရာက
ေနျကည့္ေနတဲ႕ ကိုမင္းစစ္ေျကာင္း။
တစ္ကူးတကျကီး မျပန္ေသးပဲက်ြန္
ေတာ့္ကိုခင္လို႕လာေစာင့္ေပးေနတာ
က်ြန္ေတာ္ကမလိုက္ဘူး ေျပာလိုက္
ရင္ ကိုယ့္ထက္အျကီးကို ရိုင္းရာက်မည္။

က်ြန္ေတာ္တစ္ခဏ ဒီအတိုင္းရပ္ေန
မိျပီးမွ အိမ္ျပန္ဖို႕ကလည္း အခုခ်ိန္
တစ္ေယာက္ထဲ ဘယ္လိုမွအဆင္
မေျပသည္မို႕ ကားတံခါးဖြင့္ျပီးအထဲကို
ဝင္ထိုင္လိုက္သည္။

"ဟို လာမျကိဳပါနဲ႕ဆိုမွဗ်ာ"

"ငါလာမျကိဳရင္မင္းက ဘာနဲ႕ျပန္မွာလဲ"

"က်ြန္ေတာ့္ဘာသာ ဘာနဲ႕ပဲျပန္ျပန္
က်ြန္ေတာ္ျပန္လို႕တတ္တယ္"

က်ြန္ေတာ့္ အက်င့္အတိုင္းပိတ္ျပီးျငင္း
ေနသည္ကို သေဘာက်သလိုရယ္သည္။

"ကိုမင္းစစ္ေျကာင္း ခင္ဗ်ားဘယ္လို
ျဖစ္ေနလဲ။က်ြန္ေတာ့္ဆံပင္ေတြပြကုန္
မယ္။မ မလုပ္နဲ႕"

ကားေမာင္းသူဘက္မွာ ထိုင္ေနရာ
ကေန ေဘးကက်ြန္ေတာ့ဘက္ကို
လွည့္လာျပီး အနားတိုးလာကာက်ြန္
ေတာ့္ေခါင္းက ဆံပင္ေတြကိုဆြဲဖြသည္။

က်ြန္ေတာ္ေရွာင္ေသာ္လည္းမရ သူ႕
စိတ္တိုင္းက်ဆြဲဖြေနျပီး ေနာက္ဆံုး
ျငိမ္ေနလိုက္ေတာ့မွ က်ြန္ေတာ့္ေခါင္း
ကိုတစ္ခ်က္ပုတ္သြားသည္။က်ြန္ေတာ့္
ကိုျမင္ရင္ ဒီအစ္ကိုျကီးက မစရရင္မ
ေနနိုင္ပါဘူးဆို။ေက်းဇူးတင္မဲ႕စကား
ေတြေတာင္ မေျပာခ်င္ေတာ့ဘူး။

"ခင္ဗ်ား က်ြန္ေတာ္ က်ဴရွင္ပီးတဲ႕
အထိေစာင့္ေနတာလား မျပန္ေသးပဲနဲ႕"

ကိုမင္းစစ္ေျကာင္းကို ျကည့္လိုက္ေတာ့
က်ြန္ေတာ့္ဘက္လွည့္ေနလ်က္သာ
စိုက္ျကည့္ေနသည္။

"ဒီနားမွာ ငါ့ေဘာ္ဒါေတြေနတဲ႕
အေဆာင္ရွိတယ္။သိပ္မျကာပါဘူးေစာင့္ရတာ"

"အဲ႕တာဆိုရင္လည္း ပီးတာပဲ။ဒါနဲ႕
ခင္ဗ်ား သူငယ္ခ်င္းကိုခင္ဗ်ားျကည့္
ေျပာေနာ္။ရည္မြန္႕ အေဖသာ သူ
ရည္းစားထားေနတာသိရင္ ရည္မြန္
ေက်ာင္းဆက္တက္ ရေတာ့မွာမဟုတ္
ဘူး။က်ဴရွင္အခ်ိန္ဆိုလည္းအတိအက်
အိမ္ျပန္လာမွျကိဳက္တာ။အခုက
ဘယ္ကိုသြားျကတာလဲ"

"သူတို႕ သမီးရည္စားခ်င္းဟိုဟိုဒီဒီ
ေလ်ွာက္လည္ျကမွာေပါ့။မင္းသူငယ္ခ်င္း
မေလးလဲပါသြားတယ္မလား စိတ္မပူနဲ႕
ဝဏၰက သိျပီးသားပါ"

"က်ြန္ေတာ့္မွာ စာသင္ရတာေတာင္
ရင္တစ္ထိတ္ထိတ္နဲ႕။ရည္မြန္႕အေဖျကီး
သာသိသြားတဲ႕အခါက်ရင္ ေမမီေရာ
က်ြန္ေတာ္ပါ ရည္မြန္ရည္းစားရသြား
တာက္ု ဖံုးထားေပးတယ္ဆိုျပီးမ်က္နွာ
ပ်က္ရမွာ။ရည္မြန္႕အေဖက ေရွးလူျကီး
ေဒါသအရမ္းျကီးတယ္။က်ြန္ေတာ္လည္း
ဘယ္ကိုေျပးရမလဲေတာင္ သိမွာမဟုတ္ဘူး"

"ငါ့ဆီကိုေျပးလာခဲ႕ေလ"

က်ြန္ေတာ္ ဘာမွျပန္မေျပာနိုင္ေတာ့ပဲ
စိတ္ညစ္ေနတဲ႕ ပံုစံျဖစ္သြားေတာ့
ရယ္ျပီးက်ြန္ေတာ့္ ေခါင္းကဆံပင္ေတြ
ကို သူ႕စိတ္ျကိဳက္ဆြဲဖြလာျပန္သည္။

"စာေကာင္းေကာင္းသင္ခဲ႕လား ကေလးေပါက္စ"

ကိုမင္းစစ္ေျကာင္း က်ြန္ေတာ့္ကိုျကည့္
ျပီးေျပာေနတာက မသိရင္အခုမွေက်ာင္း
စတက္တဲ႕ကေလးကို လာျကိဳျပီး ပီတိ
ေတြနဲ႕ျကည့္ေနတဲ႕ပံုစံ။

က်ြန္ေတာ့္ရင္ထဲ တစ္မ်ိဳးေတာ့ျဖစ္သြား
ရသည္။အေမမရွိေတာ့တဲ႕ေနာက္ပိုင္း
က်ြန္ေတာ့္ကိုဒီလိုမ်ိဳးေျပာေပးတဲ႕သူမွ
မရွိေတာ့တာ။အေဖကလည္း အိမ္စရိတ္
ေလာက္ငွေအာင္ ပိုက္ဆံရွာဖို႕အတြက္ပဲ
ရုန္းကန္ေနရေတာ့။

"ဟိတ္ ဘာျဖစ္သြားတာလဲ"

"က်ြန္ေတာ့္စာက်ြန္ေတာ္ ေကာင္း
ေကာင္းသင္တယ္။ခင္ဗ်ားသာ ေနာက္
ဆံုးနွစ္ေရာက္ေနပီး အတန္းမမွန္ပဲ
ေလ်ွာက္သြားေနတာ"

က်ြန္ေတာ္ ေခါင္းငံု႕ကာေနေနမိခ်ိန္
ကိုမင္းစစ္ေျကာင္း သတိထားမိျပီးေမး
လာေတာ့ မ်က္နွာမေကာင္းျဖစ္ေနတာ
ကိုျပင္ျပီး အလ်င္အျမန္ပင္ ျပန္ေျပာ
လိုက္ရသည္။

က်ြန္ေတာ့္စကားကိုလည္း နည္းနည္း
ေလးမွစိတ္ဆိုးပံုမရ။က်ြန္ေတာ့္ဘက္ကို
သာလွည့္ထိုင္ေနျပီး မ်က္နွာအနားကို
တိုးကပ္လာသည္မွာ။

"ငါ့ကို စိတ္ပူေနတာလား"

"ဆု ဆုေတာင္းေလ ခင္ဗ်ား"

မ်က္နွာခ်င္းဆိုင္နီးကပ္ေနေသာ အေန
အထားေျကာင့္ က်ြန္ေတာ္မေနတတ္ပဲ
ကားတံခါးကို ကပ္သြားသည္အထိ
အေနာက္ဆုတ္ျပီး ျပန္ေျပာေတာ့
က်ြန္ေတာ့္ကို အေတာ္ျကာစိုက္ျကည့္
ေနျပီးမွ ဖယ္ေပးသည္။

က်ြန္ေတာ္ အသက္ေတာင္မရႈရဲျဖစ္
ေနျပီးမွ စိတ္တိုတိုနွင့္ျကည့္လိုက္ေတာ့။

"ငါက ေအးေဆးပါ စိတ္မပူနဲ႕။
လိမ္မာတယ္ စာေကာင္းေကာင္းသင္
ေက်ာင္းမွာ စာလိုက္နိုင္ေပမဲ႕ က်ဴရွင္
မွာျပန္သင္ေတာ့စာနွစ္ခါရတာေပါ့။
လိုအပ္တာရွိရင္လည္း ငါ့ကိုေျပာဖို႕
မေမ႔နဲ႕ ျကားလား"

က်ြန္ေတာ့္ကိုမျကည့္ေတာ့ပဲ ေျပာေန
သည့္ ကိုမင္းစစ္ေျကာင္းက တစ္
ကယ္ကို အေလးအနက္ေျပာေနဟန္။
က်ြန္ေတာ္ ကိုမင္းစစ္ေျကာင္းကိုဒီအ
တိုင္းသာျကည့္ေနမိျပီး ဘာမွျပန္မ
ေျပာမိ။ေမမီကေတာ့ က်ြန္ေတာ့္အိမ္
ကိစၥ ဘာေတြေလ်ွာက္ေျပာျပလိုက္ျပန္
ျပီလဲမသိေတာ့ပါဘူး။

ဒီအစ္ကိုျကီး က်ြန္ေတာ့္ကို သနားေန
တယ္ျဖစ္မွာပါ။

က်ြန္ေတာ္ ဘာမွျပန္မေျပာမိပဲက်ြန္
ေတာ့္ေနရာမွာပဲျငိမ္ျငိမ္ေလးထိုင္ေန
လိုက္ေတာ့ ကိုမင္းစစ္ေျကာင္းက
က်ြန္ေတာ့္ကိုတစ္ခ်က္ျကည့္ျပီး ကား
ေမာင္းထြက္ေတာ့မလို႕ ျပင္ေနသည္။
က်ြန္ေတာ္လည္း ခါးပတ္ပတ္ေတာ့မလို႕
လုပ္ေနတဲ႕အခ်ိန္ လမ္းျကားထဲကေန
ေကြ႕ဝင္လာျပီး အေဆာင္အေရွ႕နားမွာ
ရပ္ေနတဲ႕ ေရခဲမုန္႕သည္ကိုေတြ႕ေတာ့
က်ြန္ေတာ့္မ်က္လံုးေတြ ခ်က္ခ်င္းအ
ေရာင္လဲ႕သြားရသည္။ဗိုက္ဆာေနတာ
ကို ထိန္းထားနိုင္တယ္ဆိုတာမ်က္စိေရွ႕
မွာကိုယ္ျကိဳက္တဲ႕မုန္႕မေတြ႕ခင္အခ်ိန္ထိပဲ။

"ေရခဲမုန္႕ စားခ်င္လို႕လား"

က်ြန္ေတာ္ေငးေနတာ ဘယ္လိုပံုစံ
ေတာင္ျဖစ္သြားသည္မသိ ေဘးကေန
ကိုမင္းစစ္ေျကာင္း ေမးမွအသိစိတ္ျပန္
ဝင္လာသည္။

"ဟုတ္ က်ြန္ေတာ္ခဏေလာက္ဆင္း
ဝယ္လို႕ရလား။ဝယ္ပီးရင္ ျမန္ျမန္ပဲစား
လိုက္မယ္ ခဏေလးပဲေလေနာ္"

"မဆင္းနဲ႕ေတာ့ ေရခဲမုန္႕စားခ်င္ရင္
အျပန္ ဘူးနဲ႕ဝင္ဝယ္ေပးမယ္"

"ေရခဲမုန္႕ပဲဟာ ဘယ္ကပဲစားရပါ
က်ြန္ေတာ္ကျကိဳက္တယ္။အခုဗိုက္ဆာ
ေနလို႕ပါ က်ြန္ေတာ့္ကိုခဏေလးပဲေစာင့္
ေပးေလေနာ္ အလြန္ဆံုးငါးမိနစ္ပဲ"

က်ြန္ေတာ္ ေတာင္းေတာင္းပန္ပန္နဲ႕
ေျပာျပီး ကားေပၚကဆင္းမည္လုပ္ေတာ့
က်ြန္ေတာ့္ လက္ေကာက္ဝတ္ကို
ကိုမင္းစစ္ေျကာင္းက လွမ္းဆြဲလိုက္သည္။

"ငါသြားဝယ္ေပးမယ္ ထိုင္ေန"

က်ြန္ေတာ္ဘာမွေတာင္ ျပန္မေျပာ
လိုက္နိုင္ပဲ တစ္အံ႕တစ္ျသနဲ႕ျဖစ္ေန
တုန္း ကိုမင္းစစ္ေျကာင္းကသူ႕ဘက္က
ေန ကားတံခါးကိုဖြင့္ျပီးဆင္းသြားသည္။

က်ြန္ေတာ္ကေတာ့ မယံုနိုင္စိတ္ေျကာင့္
စိတ္နဲ႕လူနဲ႕မကပ္ေသး။မဟုတ္ဘူးေလ
ေကာင္မေလးလည္း မဟုတ္ပါပဲနဲ႕
ကိုယ္စားဖို႕ ေရခဲမုန္႕သြားဝယ္ေပးျခင္း
ခံရတဲ႕ခံစားခ်က္က ထူးဆန္းေနသလို
မ်ိဳး ဘယ္လိုျကီးလဲ။သူကပိုက္ဆံေတြ
ေပါမ်ားေနလို႕ က်ြန္ေတာ့္ကိုအျမဲမုန္႕
ဝယ္ေက်ြးတာကထားပါေတာ့ ကိုယ္တိုင္
သြားေပးတာျကီးကေတာ့ တစ္မ်ိဳးျကီး
ျဖစ္ေနသလိုပဲ။က်ြန္ေတာ္ခုဏကဗိုက္
အရမ္းဆာေနတဲ႕ ပံုျဖစ္ေနေတာ့ ဒီ
အစ္ကိုျကီး က်ြန္ေတာ့္ကိုေတာ္ေတာ္
ေလး သနားသြားတယ္ထင္တယ္။

ေဘာင္းဘီအိတ္ကပ္ထဲကေန ပိုက္ဆံ
အိတ္ကိုထုတ္ျပီး ေရခဲမုန္႕သည္ကို
ပိုက္ဆံရွင္းေနတဲ႕ ကိုမင္းစစ္ေျကာင္း
ကိုကားထဲကေန ေငးျကည့္ရင္းက်ြန္
ေတာ္ အားနာျပီးမေနတတ္သလိုျဖစ္လာသည္။

ကိုမင္းစစ္ေျကာင္း ကားထဲျပန္ဝင္လာ
ေတာ့ က်ြန္ေတာ္ေခ်ာင္းျကည့္ေနရာ
ကေန ပံုမွန္အေနအထားနဲ႕ျငိမ္ျငိမ္ေလး
ျပန္ထိုင္ေနလိုက္သည္။က်ြန္ေတာ့္ကို
ေရခဲမုန္႕ ခြက္ကမ္းေပးလာခ်ိန္ အားနာ
နာနဲ႕ပဲယူရင္း မေနတတ္ျဖစ္ေနတာမို႕
ကိုမင္းစစ္ေျကာင္းကို ျပန္မေမာ့ျကည့္ရဲ။
က်ြန္ေတာ့္မ်က္စိေရွ႕မွာ က်ြန္ေတာ္တစ္
ခါမွမဝယ္စားဖူးသည့္ ေရခဲမုန္႕ခြက္ျကီး
နွင့္ ေပါင္မုန္႕ေရခဲမုန္႕ေျကာင့္ ေတြးေန
တာေတြေတာင္ ဘယ္ေရာက္သြားမွန္း
မသိေတာ့ပဲ ဘာမွ မ်ားမ်ားစားစား
မစဥ္းစားနိုင္ေတာ့။

အခုခ်ိန္မွာအေရးျကီးေနတာ က်ြန္ေတာ္
အရမ္းကို ဗိုက္ဆာေနတာေျကာင့္စား
ေတာ့မည္လုပ္ျပီးမွ က်ြန္ေတာ္ထိုင္ေန
တာက ကားထဲမွာဆိုတာကိုသတိရ
လိုက္သည္။ကိုမင္းစစ္ေျကာင္းကိုမရဲ
တရဲနဲ႕ျကည့္လိုက္ေတာ့ က်ြန္ေတာ့္ကို
ပဲျကည့္ေနျပီး ဘာမွေတာ့မေျပာေပမဲ႕
က်ြန္ေတာ္အားနာတာမို႕။

"ဟို က်ြန္ေတာ္ခင္ဗ်ားကားေပၚမွာ
ေရခဲမုန္႕စားလို႕ရ ရရဲ႕လား"

"ျဖည္းျဖည္းစား မင္းစားလို႕ျပီးမွသြားမယ္"

ကိုယ့္ဆီကခြင့္ျပဳခ်က္ရသည္နွင့္ ေခါင္း
မေဖာ္တမ္းကို ပါးနွစ္ဖက္ထဲေဖာင္းျပီး
ျပည့္သြားသည္အထိ ေရခဲမုန္႕ထည့္
ထားသည့္ေပါင္မုန္႕ကို ကိုက္စားေနသည္။
ဘယ္ေလာက္ေတာင္ ဗိုက္ဆာေနလို႕လဲ။

"ေန႕လည္က ဘာမွမစားထားဘူးလား"

"ေန႕လည္ပိုင္းကက်ဴတိုေတြနဲ႕ အတန္း
ခ်ိန္ေတြဆက္ေနျပီး က်ဴရွင္တစ္ခါထဲ
လာေတာ့ ဘာမွမစားလိုက္ရဘူး"

ပါးနွစ္ဖက္ကျပည့္ေနသည္မို႕ စားေန
ရင္းတန္းလန္းနဲ႕ အသံကမပီမသ။

"ခင္ဗ်ားပဲ က်ြန္ေတာ့္ကိုအျမဲမုန္႕ဝယ္
ေက်ြးေနတယ္။ေနာက္တစ္ခါဆိုရင္
က်ြန္ေတာ္ခင္ဗ်ားကို ေသခ်ာေပါက္
ျပန္ဝယ္ေက်ြးမယ္ေနာ္"

"မင္းက ငါ့ကိုဘာဝယ္ေက်ြးမွာလဲ"

"မသိဘူးေလ အရမ္းေစ်းျကီးတာမ်ိဳး
ေတာ့ က် က်ြန္ေတာ္ မတတ္နိုင္ဘူး"

ေခါင္းကိုေမာ့မလာေတာ့ပဲ စားရင္းနဲ႕
ေျဖေနတာ။ကိုယ္သတိထားမိလာတဲ႕ဒီ
ေကာင္ေလးရဲ႕အက်င့္ေလးက အစား
စားရင္ ဗိုက္အရမ္းဆာေနသလိုမ်ိဳး
ေခါင္းကို မေဖာ္လာေတာ့တာပဲ။
ဒီလိုမ်ိဳးစားေနတာေတာင္မွ လူေလး
ကေသးေသးေလး။ခႏၶာကိုယ္ေလးက
လည္း သူနဲ႕ရြယ္တူေတြနဲ႕ယွဥ္ရင္အရမ္း
ကိုေသးငယ္လြန္းေနတယ္။ဒီအရြယ္
ေလးက ခႏၶာကိုယ္ဖြံ႕ျဖိဳးဖို႕မ်ားမ်ားစား
ရမွာကို အိမ္မွာသိပ္မစားလို႕မ်ားလား။

"မင္းမနက္ဆိုရင္ ဘယ္နွစ္နာရီထလဲ"

"ဗ်ာ ဘာ ဘာျဖစ္လို႕လဲ"

"ငါ ေမးတာကိုေျဖ"

"ေက်ာင္းဖြင့္တဲ႕ေန႕ဆို ငါးနာရီကပံုမွန္ပဲ
ေက်ာင္းပိတ္ရင္ ေျခာက္နာရီ။တစ္ခါ
တစ္ေလေက်ာင္းပိတ္လည္း ေစာေစာ
နိုးေနတာပဲ က်ြန္ေတာ့္မ်က္လံုးက
အက်င့္ျဖစ္ေနျပီဗ်"

"ေက်ာင္းတက္ရတာ ပင္ပန္းလား"

ကိုယ့္ကိုေမာ့ျကည့္လာတဲ႕ မ်က္ဝန္း
ေလးေတြ။ေရခဲမုန္႕စားေနတာပါ ရပ္
သြားျပီး တစ္ခဏျကာတဲ႕အထိ
ဒီအတိုင္းသာ ကိုယ္နဲ႕မ်က္လံုးခ်င္း
ဆံုေနျပီးမွ အျကည့္လႊဲသြားသည္။

"မပင္ပန္းပါဘူး ဘာလို႕ပင္ပန္းရမွာလဲ။
က်ြန္ေတာ္ ေက်ာင္းတက္ရတာေပ်ာ္တယ္"

နႈတ္ခမ္းေလးေတြ ျပံဳးရံုသာအားတင္း
ျပံဳးနိုင္ျပီး ကိုယ့္ကိုခ်က္ခ်င္းအျကည့္လႊဲ
သြားတဲ႕ေကာင္ေလးက သူ႕ကိုသနား
မွာ နည္းနည္းေလးမွမလိုလားတဲ႕ပံု။

သူ႕သူငယ္ခ်င္းေတြက ေအးေအးေဆး
ေဆးေက်ာင္းတက္ေနရတဲ႕အခ်ိန္မွာ
ဒီေကာင္ေလးက မနက္အိပ္ခ်ိန္ေတာင္
အိပ္ေရးဝဝမအိပ္ရပဲ ေက်ာင္းလာရ
တာပဲ။အိမ္မွာ အဆင္ေျပေျပေရာ
ေနရရဲ႕လား။ဒီေကာင္ေလးကိုေက်ာင္း
မွာျမင္လိုက္တိုင္းလည္း ေပ်ာ္ေနတဲ႕
ပံုစံကျမင္ရခဲလြန္းျပီး အရြယ္နဲ႕မလိုက္
ေအာင္ မႈိင္ေနတဲ႕ပံုစံကမ်ားသည္။

ပါးနွစ္ဖက္နဲ႕အျပည့္ ေပါင္မုန္႕ကို
ကိုက္ျပီးေခါင္းငံု႕ကာ စားေနတဲ႕
ေကာင္ေလးကိုျကည့္ရင္း ကိုယ့္ရင္ထဲ
မွာ ခံစားရမႈကအမ်ိဳးအမည္မသိ။
သနားေနတာထက္…။

"က်ြန္ေတာ့္ကို ဘာလို႕ျကည့္ေနတာ
လဲ။ခင္ဗ်ားစားခ်င္ရင္ နည္းနည္းစားေလ"

ကိုယ္ေငးျကည့္ေနတာကို သတိထား
မိသြားေတာ့ သူ႕ေရခဲမုန္႕ကို ကိုယ္ေရွ႕
တိုးေပးလာျပီး ေျပာေနတဲ႕မ်က္နွာ
ေလး။ကိုယ္ ဒီအတိုင္းသာျကည့္ေနမိ
ေတာ့သည္။

"မင္းဘာသာဝေအာင္စားပါ"

ကေလးပီပီ ကိုယ့္အေတြးေတြကိုဘာမွ
မသိပဲ သူ႕မုန္႕မခြဲေဝရလို႕ ေက်နပ္
သြားတဲ႕အျပံဳး။

ေပါင္မုန္႕ေတြ ျပည္႕ေနတဲ႕ပါးနွစ္ဖက္
နဲ႕ မုန္႕စားေနတဲ႕ပံုစံေလးက ကိုယ့္
မ်က္လံုးထဲမွာ အလြန္ပင္ခ်စ္စရာ
ေကာင္းေနသည္။စိတ္မထိန္းနိုင္ေတာ့
တဲ႕အခါက်ရင္ အဲ႕ဒီပါးနွစ္ဖက္ကို
လည္း အသည္းတယားယားနဲ႕တစ္ခါ
ေလာက္ဆြဲညွစ္ခ်င္မိပါရဲ႕။တစ္ကယ္
ကေလးေလးပါပဲ။

......

ကားကိုအရွိန္ေလ်ွာ့ေပးျပီး ကိုယ္ေမာင္း
လာတဲ႕ တစ္လမ္းလံုးကို အိပ္ျပီးပါလာ
တဲ႕ေကာင္ေလး။ကိုယ့္ကိုေတြ႕တိုင္း
အျမဲထြက္ေျပးတတ္တဲ႕ ေကာင္ေလး
က အခုေတာ့ မေျကာက္ေတာ့ဘူး
ထင္ပါတယ္။

သူ႕အိမ္လမ္းထိပ္ကို ေရာက္လို႕ကိုယ္
ကားရပ္ထားတာ ျကာေနျပီျဖစ္ေသာ္
လည္း တစ္လမ္းလံုးအိပ္ေပ်ာ္ျပီးလိုက္
လာသည့္ေကာင္ေလးကမနိုးလာေသး။
သူ႕ေက်ာပိုးအိတ္ေလးကို လက္နွစ္ဖက္
နဲ႕ပိုက္ျပီး နွစ္နွစ္ျခိဳက္ျခိဳက္ကိုအိပ္ေပ်ာ္
ေနေတာ့လည္း ကိုယ့္မွာထိုင္ျကည့္ေန
ရင္းသာ မနႈိးရက္။

ဒီေကာင္ေလး တစ္ေန႕တစ္ေန႕ဘယ္
ေလာက္ေတာင္ ပင္ပန္းေနလို႕မ်ား
ကိုယ့္ကားေပၚလိုက္စီးလာတဲ႕အခါတိုင္း
မေျကာက္မလန္႕နဲ႕ အိပ္ေပ်ာ္ျပီးပါလာ
ရတာလဲ။

ေဘးတစ္ေစာင္းျမင္ေနရတဲ႕ မ်က္နွာ
ေလးကို အျကည့္မလႊဲနိုင္ပဲ ကိုယ္စိုက္
ျကည့္ေနမိရင္း ရင္ဘတ္ထဲကခံစား
ခ်က္ေတြကိုလည္း မထိန္းခ်ဳပ္နိုင္ေတာ့
။ဒီေကာင္ေလးကိုယ့္ကို ျပံဳးျပလိုက္
တုန္းက သိပ္ခ်စ္ဖို႕ေကာင္းလြန္းလို႕
ကိုယ္ရင္ခုန္မိသြားတယ္ပဲထားပါ။အဲ႕ဒီ
ေန႕ကစျပီး ေက်ာင္းမွာဒီေကာင္ေလး
နဲ႕ေတြ႕တိုင္း ကိုယ့္ရင္ခုန္သံေတြမမွန္
ေတာ့တာပါပဲ။ေကာင္ေလးတစ္ေယာက္
ကို ကိုယ္ရင္ခုန္ေနမိတယ္ဆိုတာ
လက္ခံနိုင္ဖို႕ ကိုယ့္ကိုကိုယ္ဆန္းစစ္ေန
ရင္းနဲ႕ပဲကိုယ္ ဒီအေျခအေနကေန။

ေအးေအးခ်မ္းခ်မ္း အိပ္ေပ်ာ္ေနတဲ႕
ေကာင္ေလးကို ေဘးကေနထိုင္ျကည့္
ေနရင္း အဆမတန္လႈပ္ရွားေနတဲ႕
ကိုယ့္စိတ္ေတြ မထိန္းခ်ဳပ္နိုင္ေတာ့။

ျငိမ္သက္ေနသူ အနားကိုတိုးကပ္ျပီး
ျဖဴဥေနတဲ႕ပါးေလးတစ္ဖက္ကို ကိုယ္
္အသည္းယားလြန္းစြာ လက္လွမ္းျပီး
ထိကိုင္ျကည့္မလို႕ လုပ္ေနတုန္း
အိပ္ေပ်ာ္ေနတဲ႕ေကာင္ေလး မ်က္ခြံေတြ
လႈပ္လာတာေျကာင့္ အေနာက္ဆုတ္ျပီး
လက္ကို အျမန္ရုတ္လိုက္ရသည္။

သိပ္မျကာလိုက္ ကားထိုင္ခံုကိုမွီျပီး
အိပ္ေပ်ာ္ေနတဲ႕ေကာင္ေလး မ်က္လံုး
ေတြပြင့္ျပီးနိုးလာသည္နွင့္အတူ ကိုယ့္
မွာလည္း တစ္ခါမွမခံစားဘူးသည့္
အခုန္ျမန္ေနသည့္ ရင္ဘတ္ျကီးကို
ထိန္းေနရေတာ့သည္။ေကာင္မေလး
ေတြနဲ႕ေတာင္ တစ္ခါမွဒီေလာက္ထိ
မျဖစ္ဖူးသည့္ကိုယ္က ဒီေကာင္ေလး
အေပၚမွာ ဘာေျကာင့္မ်ား။

"က်ြန္ေတာ့္အိမ္ကိုေတာင္ ေရာက္
လာျပီလား ဘာလို႕မနႈိးတာလဲခင္ဗ်ား"

မ်က္လံုးနွစ္ဖက္ကိုပြတ္သပ္ျပီး သူ႕
ေက်ာပိုးအိတ္ကိုေကာက္လြယ္ေန
သည့္ေကာင္ေလးက အိပ္ေရးဝသြားလို႕
ပကတိေအးခ်မ္းေနေပမဲ႕ ကိုယ့္မွာေတာ့။

"က်ြန္ေတာ္ သြားေတာ့မယ္ေနာ္
အိမ္ထိလိုက္ပို႕ေပးတာ ေက်းဇူးတင္ပါတယ္"

"ဆုလာဘ္ဝန္း"

ကားတံခါးဖြင့္ကာ ထြက္သြားေတာ့မဲ႕
ေကာင္ေလးရဲ႕ လက္ေကာက္ဝတ္ကို
အလ်င္အျမန္ဆြဲလိုက္မိေတာ့ ကိုယ့္ကို
ျပန္လွည့္ျကည့္လာတဲ႕ မ်က္ဝန္းေတြ။

"ခင္ဗ်ား ဘာေျပာစရာရွိလို႕လဲ"

ကိုယ့္ကိုေငးျကည့္ေနတဲ႕ ေကာင္ေလး
နဲ႕မ်က္လံုးခ်င္းဆံုရင္း ခံစားေနရတဲ႕
ရင္ခုန္နႈန္းေတြက အတိုင္းအဆမဲ႕။

ဘာမွမေျပာမိပဲ မ်က္နွာေလးကို
ဒီအတိုင္း ကိုယ္ေငးေနမိတာဘယ္
ေလာက္ျကာသြားသည္ မသိေတာ့ပါ။
အတင္းအျကပ္ ကိုယ္ဆုပ္ကိုင္ထားတဲ႕
သူ႕လက္ေကာက္ဝတ္ကို မေနတတ္
သလိုရုန္းဖယ္လာေတာ့မွ လႊတ္ေပးလိုက္ရသည္။

"ခင္ဗ်ား ဘာေျပာခ်င္လို႕လဲဆို"

"ဘာမွမဟုတ္ေတာ့ဘူး ေကာင္းေကာင္းသြား"

ကိုယ့္ကို နားမလည္သလိုစူးစမ္းျကည့္
ေနေပမဲ႕ ကေလးပီပီ ဘာကိုမွမ်ားမ်ား
စားစားမေတြးသည့္ပံု။

"ဟုတ္ကဲ႕ပါ။ခင္ဗ်ားလည္း ကားကို
ေျဖးေျဖးေမာင္းေနာ္ လိုက္ပို႕ေပးတာ
ေက်းဇူး အမ်ားျကီးတင္ပါတယ္"

ပိတ္သြားတဲ႕ကားတံခါး။ေက်ာခိုင္းကာ
ထြက္သြားတဲ႕ ေကာင္ေလးရဲ႕ပံုရိပ္ကို
ျကည့္ရင္း ကိုယ္သက္ျပင္းေတြခ်မိကာ
ကားေမာင္း ထြက္လာခဲ႕လိုက္သည္။

စိတ္ေတြရႈပ္ေထြးစြာ ကားလမ္းမေပၚ
အရွိန္တင္ေမာင္းေနရင္းမွ ကားကို
ေျဖးေျဖးေမာင္းေနာ္ ဆိုတဲ႕သတိေပး
သံေလးက နားထဲဝင္လာေတာ့
ေယာင္ယမ္းျပီး အရွိန္ေလ်ွာ့မိတဲ႕အျဖစ္။

ကိုယ္တစ္ကယ္ မရေတာ့ဘူးပဲ။
ေကာင္ေလး တစ္ေယာက္ကို ရင္ခုန္
ေနမိတဲ႕ကိုယ့္ကိုကိုယ္လည္း။
.......................................................................................................................................................................................

"ဆုလာဘ္"

"ကို ကိုေဇာ္"

ကားေပၚကဆင္းျပီး လမ္းထဲေလ်ွာက္
လာလာခ်င္း အိမ္နားမေရာက္ခင္နွစ္အိမ္
အလိုက ျခံတံတိုင္းေရွ႕မွာမ်က္နွာတည္
နွင့္ ရပ္ျကည့္ေနသည့္ ကိုေဇာ္ကိုျမင္
ေတာ့ဘာမွမဟုတ္တာမလုပ္ထားေသာ္
လည္း အလြန္ပင္လန္႕သြားရသည္။

က်ြန္ေတာ္တို႕အိမ္က လမ္းထိပ္နဲ႕
ေလးအိမ္ေျမာက္ေလာက္ ကြာေဝးျပီး
က်ြန္ေတာ့္အိမ္ေရွ႕မွာ ကိုေဇာ္ကား
ရပ္ထားသည္ကိုလွမ္းျမင္ေနရသည္။
က်ြန္ေတာ့္ကို လာေတြ႕တဲ႕ပံုပဲ။

"မင္းကို ကားနဲ႕လာပို႕ေပးတာ
ဘယ္သူလဲ။ကိုယ္ျကည့္ေနတာျကာျပီ "

"ဟို ဟို"

ဘာမွမဟုတ္တာမလုပ္ထားေသာ္လည္း
ရုတ္တရက္ ဘယ္လိုျပန္ေျဖရမည္မသိ။
ကိုေဇာ္ ဒီအထိေလ်ွာက္လာျပီးျကည့္ေန
တာ ဘယ္အခ်ိန္ထဲကလဲ။ကားမွန္က
အနက္ေရာင္ဆိုေတာ့ အျပင္ကေန
ဘာမွ မျမင္ေလာက္ပါဘူးေနာ္။

သူနဲ႕ သေဘာတူထားတဲ႕ေကာင္မေလး
ရဲ႕အရင္ရည္းစားနဲ႕က်ြန္ေတာ္ခင္ေနတာ
သာသိသြားရင္ ကိုေဇာ္ ေနရခက္သြား
မွာပဲ။ျပီးေတာ့ က်ြန္ေတာ္တစ္လြဲေတြ
လုပ္ထားျပီး ကိုမင္းစစ္ေျကာင္းနဲ႕
သေဘာတူထားတာကိုသာသိသြားရင္။

"ကိုယ္ေမးေနတယ္ေလ"

"က် က်ြန္ေတာ္တို႕ေက်ာင္းကက်ြန္ေတာ္
နဲ႕ခင္ေနတဲ႕ ေနာက္ဆံုးနွစ္ကအစ္ကိုပါ။
က်ဴရွင္ကအျပန္ ဒီအတိုင္းလမ္းျကံဳလို႕
အိမ္လိုက္ပို႕ေပးတာ"

"က်ဴရွင္သြားတာ ေမမီတို႕ေရာမပါဘူးလား"

"ေမမီက ဟို ရည္မြန္ေန ေနမေကာင္း
လို႕က်ဴရွင္ကေန ေစာေစာျပန္သြား
တယ္။က်ြန္ေတာ္တစ္ေယာက္ထဲက်န္
ခဲ႕လို႕ အဲ႕တာ လမ္းျကံဳလို႕အဲ႕ဒီအစ္ကို
ကအိမ္ထိျပန္ပို႕ေပးတာ က်ြန္ေတာ္ေျပာ
တာတစ္ တစ္ကယ္ပါ"

ကိုယ့္ကိုရဲရဲမျကည့္ရဲပဲ စကားေတြ တရ
စပ္ေျပာေနတာ ဒီေကာင္ေလးတစ္ခုခု
မူမမွန္ေနတာေတာ့ေသခ်ာေနပါျပီ။
မလိမ္တတ္ပဲနဲ႕ လိမ္ေနတယ္ ကိုယ္က
သူ႕အေျကာင္းမသိဘူးဆိုေတာ့။

"က်ဴရွင္ကိစၥက ထားပါေတာ့။ကိုယ္ေမး
ခ်င္တာ ဘယ္လိုျဖစ္လို႕ ေနာက္ဆံုးနွစ္
ကသူနဲ႕ မင္းကခင္သြားရတာလဲ။ျပီး
ေတာ့ လမ္းထိပ္မွာ ကားရပ္ထား
တာျကာျပီ ခ်က္ခ်င္းမဆင္းလာေသးပဲ
နဲ႕ ကားေပၚမွာအျကာျကီးဘာလို႕ေနေန
တာလဲ။အဲ႕ဒီကားကို ကိုယ္ျကည့္ေန
တာျကာျပီ"

"က် က်ြန္ေတာ္တို႕ စကားေျပာေနတာ"

"စကားေျပာတာ ဘာေတြမ်ားေျပာစရာ
ေတြမ်ားေနလို႕ အဲ႕ဒီေလာက္ျကာရ
တာလဲ။ဘယ္လိုပဲတစ္ေက်ာင္းထဲျဖစ္
ျဖစ္ ကိုယ္နဲ႕ခင္တာမျကာေသးတဲ႕
သူစိမ္းတစ္ေယာက္ကို အရမ္းမယံုနဲ႕။
အရမ္းမခင္ေသးရင္ ေနာက္ဆိုတတ္
နိုင္သေလာက္ ကင္းကင္းရွင္းရွင္းပဲေန။
ေက်ာင္းကျပန္ဖို႕ အဆင္မေျပရင္ကိုယ့္
ကိုဖုန္းဆက္ သူမ်ားကားလိုက္မစီးနဲ႕။
ျကားလား ဆုလာဘ္"

"ဟုတ္ ေနာက္ဆိုရင္လိုက္မစီးေတာ့
ပါဘူး။အခုကက်ဴရွင္က အျပန္က်ြန္
ေတာ္ တစ္ေယာက္ထဲျဖစ္ေနလို႕
လမ္း လမ္းျကံဳ"

"ထားလိုက္ေတာ့။အိမ္ျပန္မယ္ လာ"

မ်က္နွာကိုငံု႕ထားျပီး ကိုယ့္ေဘးနား
ကပ္ေလ်ွာက္လာသည္။ေက်ာင္းက
ျပန္လာတာ ပင္ပန္းေနပံုရျပီးသူ႕ကို
ဆူလိုက္လို႕ မ်က္နွာကခ်က္ခ်င္းငယ္
သြားေပမဲ႕ဂရုမစိုက္နိုင္။အစ္ကိုတစ္
ေယာက္အေနနဲ႕ဆံုးမသင့္တာဆံုးမရမည္။

အခုေခတ္က လြယ္တာမဟုတ္ဘူး။
ဆုလာဘ္က ဘာမွမသိေသးတဲ႕
ကေလး။လာပို႕ေပးတဲ႕ကားပံုစံကိုျကည့္
ရတာ လူကလည္းေတာ္ရံုအဆင့္အတန္း
မဟုတ္နိုင္ ခ်မ္းသာမဲ႕ပံုပဲ။ဆုလာဘ္ကို
ကိုယ္က ကိုယ့္ညီေလးဆိုတဲ႕စိတ္ပဲ
ငယ္ငယ္ထဲကထားခဲ႕လို႕ကိုယ္တို႕
ျကားမွာ ဘာမွမရွိတာ။ဒီေလာက္
ခ်စ္စရာေကာင္းတဲ႕ကိုယ့္ညီေလးကို
အနည္းနဲ႕အမ်ားေတာ့ ေယာက်ာ္းေလး
ခ်င္းေတာင္ေျပာလို႕မရ ေျကြနိုင္သည္။
ရိုးရိုးသားသားခင္တာပဲျဖစ္ပါေစေလ
ေရွ႕ေလ်ွာက္ဆုလာဘ္ကို ကိုယ္ေသခ်ာ
ျကည့္မွရေတာ့မည္။မေျပာေကာင္း
မဆိုေကာင္း မဟုတ္တဲ႕ေကာင္ေတြနဲ႕
မ်ားေတြ႕သြားရင္ ကိုယ့္မွာဒီညီေလးပဲ
ရွိတာ။ရင္ေတြက်ိဳးရခ်ည္ရဲ႕။

"ဟိုေန႕ကအိမ္လာျပီး ဘာလို႕ျပန္
သြားတာလဲ။အငယ္ေကာင္လည္းပါလာ
တာကို အိမ္ထဲမဝင္လာပဲနဲ႕ေနပူျကီးထဲ
ဒီအတိုင္းျပန္သြားတယ္"

"အဲ႕တာထပ္ဆူအံုးမလို႕လား အခုလဲဆူပီးပီကို"

"ဟုတ္တယ္ ဆူမလို႕"

မ်က္နွာေလးဆူပုတ္သြားတဲ႕ေကာင္ေလး
က ကိုယ့္ကို ဘာမွေတာ့ျပန္မေျပာရဲ။

"ကိုေဇာ္ ဟိုအစ္မနဲ႕အေျခအေနဘယ္လို
ရွိလဲဟင္။ေရွ႕ေလ်ွာက္ ဘယ္လိုဆက္
လုပ္မယ္လို႕ စဥ္းစားထားလဲ"

"အဲ႕ဒီကိစၥအေျကာင္း စိတ္ထဲမထားနဲ႕
ေတာ့။ကိုယ့္ဘာသာေျဖရွင္းလိုက္မယ္"

သူ႕အိမ္နားေရာက္ခါနီး ေျခလွမ္းေတြ
ရပ္သြားျပီး တစ္အံ႕တစ္ျသနဲ႕ေမာ့ျကည့္
လာတဲ႕မ်က္နွာေလးကို ကိုယ္ရယ္ျပရင္း
ေခါင္းေလးကိုလက္နဲ႕ အုပ္ထားလိုက္သည္။

"မင္းအစ္ကိုပါ ကိုယ့္ကိုယံု"

ကိုယ့္ကို တစ္ခဏျကာသည္အထိ
ျကည့္ေနရင္းနဲ႕ပဲ ျပံဳးကာေခါင္းကို
ထပ္ခါညိတ္ျပသည္။ဆုလာဘ္ဆိုတာ
ဒီလိုမ်ိဳးေကာင္ေလး။လိမ္မာျပတာ
ထက္ ကိုယ့္ကိုဆိုသူ႕စိတ္ထဲမွာအစ္ကို
အရင္းတစ္ေယာက္လိုမ်ိဳး ယံုျကည္
ေလးစားတာ။ကိုယ္တို႕ညီအစ္ကိုနွစ္
ေယာက္ တစ္ေယာက္ကိုတစ္ေယာက္
အားေပးရင္း ေနလာခဲ႕တဲ႕ နွစ္ေတြက
လည္းမနည္းဘူးေလ။

ကိုယ္ထပ္ျပီး မေတြေဝခ်င္ေတာ့။
ကိုယ့္ရဲ႕ခံယူခ်က္ကို မိဘေတြကိုဖြင့္
ေျပာစရာရွိတာဖြင့္ေျပာျပီး ျဖစ္လာ
သမ်ွကို ခံနိုင္ရည္ရွိရမည္။ဒီေကာင္ေလး
ကိုယ့္ကို အားကိုးေနသလိုမ်ိဳးကိုယ္ကို
တိုင္လည္း ေလးစားထိုက္တဲ႕အစ္ကို
တစ္ေယာက္ျဖစ္ေအာင္ ေနရမည္။

________________________

ညအိမ္ခါနီး ကုတင္ေပၚမွာေခါင္းအံုးကို
မွီျပီးထိုင္ရင္း မူယာဖုန္းသုံုးဖို႕fbဖြင့္
လိုက္လိုက္ခ်င္းပင္ ျမင္လိုက္ရတာက
ထိပ္ဆံုးက စစ္ေျကာင္းရဲ႕ my day။
ေတာ္ရံုmy day သိပ္မတင္သည့္
သူမို႕ စိတ္ထဲဝင္ျကည့္ဖို႕ေဝခြဲမရျဖစ္
ေနေပမဲ႕ ျမင္ေနရသည္႕ပံုကထူးဆန္းေနသည္။

နွစ္ေယာက္လံုး ျပတ္သားျပီးျဖစ္တဲ႕
ပတ္သက္မႈအရ ဝင္ျကည့္ဖို႕အေတာ္
ျကာေတြေဝေနရင္းနဲ႕ပဲ စိတ္ထဲကသိ
ကေအာက္နဲ႕ေနလို႕မရေတာ့။ဆံုးျဖတ္
ခ်က္ခ်ျပီး စစ္ေျကာင္းတင္ထားသည့္
my dayထဲကို ဝင္လိုက္လိုက္ျခင္းပင္
ျမင္လိုက္ရတာက အျပာနုေရာင္ေက်ာပိုး
အိတ္တစ္လံုး အေရွ႕ဇစ္မွာကအရုပ္ခ်ိတ္
ထားသည္။

ဒါ ဒါစစ္ေျကာင္းရဲ႕ကားထဲမွာဆိုတာ
ေသခ်ာတယ္။lover seatမွာထိုင္ေန
တဲ႕ ေက်ာပိုးအိတ္ကိုပိုက္ထားတဲ႕သူ
မ်က္နွာကိုမပါေအာင္ ေသခ်ာရိုက္ထား
ျပီးတင္ထားသည္။ဘာ သေဘာလဲ။

ဘယ္သူလဲ။ဘယ္သူမို႕လို႕ မ်က္နွာကို
ေတာင္မျပပဲ ေက်ာပိုးအိတ္အစုတ္
တစ္လံုးကို အေရးတစ္ယူနဲ႕နင့္my
dayထိတင္ေနရတာလဲ။ဘယ္သူမို႕လို႕
နင့္ကားေပၚမွာ ေပးထိုင္ထားရတာလဲ။

စိတ္ထဲ မသကၤာသလိုခံစားခ်က္ေတြ
ျဖစ္လာတာနွင့္ ဝင္မျကည့္တာျကာေန
ျပီျဖစ္သည့္ စစ္ေျကာင္းacc ထဲကို
ဝင္ျကည့္လိုက္သည္။စိတ္ထဲမွာလည္း
ေဒါသထြက္ေနလို႕ပဲလား ခံစားခ်က္
ေတြလံုးဝမေကာင္း။ကားအေျကာင္းေတြ
ေဘာလံုးပြဲအေျကာင္းေတြသာshare
တတ္သည့္သူက pageတစ္ခုက
တင္ထားသည့္ ခ်စ္စရာကေလးမေလး
ပံုေတြ videoေတြကိုshareထား
သည္မို႕တစ္အံ႕တျသျဖစ္မိရင္း ေသခ်ာ
ျကည့္ေနမိသည္။ကေလးမခ်စ္တတ္တဲ႕
ေကာင္က ရုတ္တရက္ဘာလို႕မ်ား။

ဘာလဲစစ္ေျကာင္း နင္အခုျကိဳက္ေန
တဲ႕ေကာင္မေလးကေယာက်ာ္းေလး
ေတြအျကိဳက္ ပတ္ခ်ြဲနွပ္ခ်ြဲေျပာတတ္တဲ႕
ခ်စ္စရာကေလးဆန္ဆန္ေကာင္မေလး
လား။နင့္အျကိဳက္ ဘယ္တုန္းကေျပာင္း
သြားတာလဲ။

မိန္းကေလးတို႕senseအရအလိုလို
သိလိုက္တာ သူ႕ထက္အသက္ငယ္တဲ႕
ေကာင္မေလး တစ္ေယာက္ကို
စစ္ေျကာင္းျကိဳက္ေနတာ ေသခ်ာေန
ပါျပီ။စစ္ေျကာင္း နင္ေတာင္ဒီလိုမ်ိဳး
ေတြခံစားတတ္ေနျပီလား။နင့္အျကိဳက္
ကဒီလိုမ်ိဳးမဟုတ္ဘူးေလ။ငါ့ကိုရႊဲ႕ျပီး
ေကာင္မေလး တစ္ေယာက္ကိုထပ္
ထားျပမယ္ဆိုရင္ေတာင္ နင္အေပ်ာ္
တြဲတယ္ဆိုတာသိလို႕ ဒီေလာက္ထိ
စိတ္ထင့္ေနမွာမဟုတ္ဘူး။အခု အခုက
နင္ဘာလို႕ဒီတစ္ေယာက္ကိုစိတ္ဝင္စား
တဲ႕ပံုစံေတြလုပ္ျပေနရတာလဲ။နင္ငါ့ကို
ရႊဲ႕ေနတာမလား။

စစ္ေျကာင္းတင္ထားတဲ႕ my day
ကိုအထပ္ထပ္အခါခါျကည့္ရင္း စိတ္ထဲ
ခံျပင္းေနျပီး အေက်ာခံရလိုက္သလို
ခံစားလာရတာေျကာင့္ ေအာက္နႈတ္ခမ္း
ကိုဖိကိုက္ေနမိသည္။

နင့္ရဲ႕ my dayအထိကိုဝင္ျပီး
ေနရာ ယူေနတဲ႕ေကာင္မေလးက
ဘယ္သူလဲ။နင္ကငါထားသြားလည္း
ေအးေဆးပဲ ငါ့ကိုနည္းနည္းေလးမွ
ဂရုမစိုက္ဘူးဆိုတဲ႕ အထာလား။

စစ္ေျကာင္း နင္ဘာေတြလုပ္ေနတာလဲ။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Unicode

ကျူရှင်ကထွက်လာလာချင်း လမ်း
တစ်ဖက်မှာရပ်ထားသည့် ကားအနက်
ကိုတွေ့သည်နှင့် ကျွန်တော်တစ်ခဏ
ဒီအတိုင်းသာ ကြည့်နေမိပြီးဘာလုပ်
ရမည်မသိ။တစ်ကယ်ကြီးလာကြိုတာပဲ။

ညနေကလည်းစောင်းနေပြီ။ဒီအချိန်မှ
ကျွန်တော်တစ်ယောက်တည်း ပြန်ဖို့
ရာမလွယ်ကူတော့တာမို့ ဘာလုပ်ရ
မယ်မှန်းလည်း စဉ်းစားလို့မရတော့ပါ။

ဒီနေ့ကိုဝဏ္ဏနဲ့ရည်မွန်ကလျှောက်လည်
ကြမယ်ဆိုပြီးကျူရှင်မှာ ရည်မွန့်ကို
ကိုဝဏ္ဏကလာခေါ်သွားသည်။အစထဲက
ကျူရှင်ပြေးချင်နေတဲ့ မေမီကလည်း
ရည်မွန့်ကိုစိတ်မချလို့အဖော်လိုက်
သွားပေးတော့ ကျွန်တော်တစ်ယောက်
ထဲသာကျန်ခဲ့တော့သည်။ကျွန်တော့်ကို
ပြောတော့ဖြင့် ကျူရှင်အတူတူတက်ရ
မယ်ဆိုပြီး တစ်ကယ်တမ်းတက်တော့
သူတို့ပဲအရင်ဆုံးကျူရှင်ပြေးကြတယ်။
ချမ်းမြေ့ကလည်း အစတောင်ရှာလို့
မတွေ့ ဘယ်ဆီဘယ်ဝယ်ရောက်နေ
မှန်းကိုမသိ။တော်တော်လေး အားကိုး
ရတဲ့သူငယ်ချင်းတွေပါပဲ။

မေမီကကျွန်တော့်ကို ဒီအတိုင်းတော့
မထားခဲ့ပါဘူး။ကျူရှင်အပြန်ကျွန်တော်
တစ်ယောက်ထဲ အဆင်မပြေမှာသိလို့
စေတနာကြီးလွန်းစွာကိုဝဏ္ဏကတစ်ဆင့်
ကိုမင်းစစ်ကြောင်းကို ဖုန်းဆက်ပြီးဘာ
တွေသွားပြောလိုက်လဲတော့မသိ။နင့်ကို
ကိုမင်းစစ်ကြောင်းလာကြိုပြီး အိမ်ပြန်
ပို့ပေးမယ်နော် ငါအကူအညီတောင်း
ထားတယ်ဆိုပြီးပြုံးစိစိမျက်နှာနဲ့
ဘာမှပြန်မပြောလိုက်နိုင်ခင်မှာပဲ
ကျွန်တော့်ကိုကျူရှင်မှာတစ်ယောက်ထဲ
ထားခဲ့သည်။

တစ်ကယ်မထင်ထားတာ လာကြိုလိမ့်
မယ်လို့။ကျောပိုးအိတ်ကြိုး နှစ်ဖက်ကို
ကျွန်တော်ခပ်တင်းတင်းကိုင်ရင်း
ကိုမင်းစစ်ကြောင်းကားကို သိတဲ့သူ
တွေကရှိနိုင်သည်မို့ ကျူရှင်က ထွက်
လာတဲ့သူတွေနည်းနည်းရှင်းသွားမှ
ရပ်ထားတဲ့ ကားဆီလျှောက်သွားလိုက်
သည်။ကားမှန်ကလည်းအနက်ရောင်မို့
လို့အပြင်ကနေဘာမှမမြင်ရ ကျွန်တော်
မဝင်ရဲသေးပဲ အထဲကိုမြင်ရမလားလို့
သေချာ ချောင်းကြည့်နေတုန်း ကားမှန်
ကတဖြည်းဖြည်းအောက်ကျလာသည်မို့
အနောက်ဆုတ်ပြီး လန့်သွားရသည်။

"မတက်လာသေးပဲ ဘာလုပ်နေတာလဲ"

ကျွန်တော့်ကို ကားမောင်းသူနေရာက
နေကြည့်နေတဲ့ ကိုမင်းစစ်ကြောင်း။
တစ်ကူးတကကြီး မပြန်သေးပဲကျွန်
တော့်ကိုခင်လို့လာစောင့်ပေးနေတာ
ကျွန်တော်ကမလိုက်ဘူး ပြောလိုက်
ရင် ကိုယ့်ထက်အကြီးကို ရိုင်းရာကျမည်။

ကျွန်တော်တစ်ခဏ ဒီအတိုင်းရပ်နေ
မိပြီးမှ အိမ်ပြန်ဖို့ကလည်း အခုချိန်
တစ်ယောက်ထဲ ဘယ်လိုမှအဆင်
မပြေသည်မို့ ကားတံခါးဖွင့်ပြီးအထဲကို
ဝင်ထိုင်လိုက်သည်။

"ဟို လာမကြိုပါနဲ့ဆိုမှဗျာ"

"ငါလာမကြိုရင်မင်းက ဘာနဲ့ပြန်မှာလဲ"

"ကျွန်တော့်ဘာသာ ဘာနဲ့ပဲပြန်ပြန်
ကျွန်တော်ပြန်လို့တတ်တယ်"

ကျွန်တော့် အကျင့်အတိုင်းပိတ်ပြီးငြင်း
နေသည်ကို သဘောကျသလိုရယ်သည်။

"ကိုမင်းစစ်ကြောင်း ခင်ဗျားဘယ်လို
ဖြစ်နေလဲ။ကျွန်တော့်ဆံပင်တွေပွကုန်
မယ်။မ မလုပ်နဲ့"

ကားမောင်းသူဘက်မှာ ထိုင်နေရာ
ကနေ ဘေးကကျွန်တော့ဘက်ကို
လှည့်လာပြီး အနားတိုးလာကာကျွန်
တော့်ခေါင်းက ဆံပင်တွေကိုဆွဲဖွသည်။

ကျွန်တော်ရှောင်သော်လည်းမရ သူ့
စိတ်တိုင်းကျဆွဲဖွနေပြီး နောက်ဆုံး
ငြိမ်နေလိုက်တော့မှ ကျွန်တော့်ခေါင်း
ကိုတစ်ချက်ပုတ်သွားသည်။ကျွန်တော့်
ကိုမြင်ရင် ဒီအစ်ကိုကြီးက မစရရင်မ
နေနိုင်ပါဘူးဆို။ကျေးဇူးတင်မဲ့စကား
တွေတောင် မပြောချင်တော့ဘူး။

"ခင်ဗျား ကျွန်တော် ကျူရှင်ပီးတဲ့
အထိစောင့်နေတာလား မပြန်သေးပဲနဲ့"

ကိုမင်းစစ်ကြောင်းကို ကြည့်လိုက်တော့
ကျွန်တော့်ဘက်လှည့်နေလျက်သာ
စိုက်ကြည့်နေသည်။

"ဒီနားမှာ ငါ့ဘော်ဒါတွေနေတဲ့
အဆောင်ရှိတယ်။သိပ်မကြာပါဘူးစောင့်ရတာ"

"အဲ့တာဆိုရင်လည်း ပီးတာပဲ။ဒါနဲ့
ခင်ဗျား သူငယ်ချင်းကိုခင်ဗျားကြည့်
ပြောနော်။ရည်မွန့် အဖေသာ သူ
ရည်းစားထားနေတာသိရင် ရည်မွန်
ကျောင်းဆက်တက် ရတော့မှာမဟုတ်
ဘူး။ကျူရှင်အချိန်ဆိုလည်းအတိအကျ
အိမ်ပြန်လာမှကြိုက်တာ။အခုက
ဘယ်ကိုသွားကြတာလဲ"

"သူတို့ သမီးရည်စားချင်းဟိုဟိုဒီဒီ
လျှောက်လည်ကြမှာပေါ့။မင်းသူငယ်ချင်း
မလေးလဲပါသွားတယ်မလား စိတ်မပူနဲ့
ဝဏ္ဏက သိပြီးသားပါ"

"ကျွန်တော့်မှာ စာသင်ရတာတောင်
ရင်တစ်ထိတ်ထိတ်နဲ့။ရည်မွန့်အဖေကြီး
သာသိသွားတဲ့အခါကျရင် မေမီရော
ကျွန်တော်ပါ ရည်မွန်ရည်းစားရသွား
တာက်ု ဖုံးထားပေးတယ်ဆိုပြီးမျက်နှာ
ပျက်ရမှာ။ရည်မွန့်အဖေက ရှေးလူကြီး
ဒေါသအရမ်းကြီးတယ်။ကျွန်တော်လည်း
ဘယ်ကိုပြေးရမလဲတောင် သိမှာမဟုတ်ဘူး"

"ငါ့ဆီကိုပြေးလာခဲ့လေ"

ကျွန်တော် ဘာမှပြန်မပြောနိုင်တော့ပဲ
စိတ်ညစ်နေတဲ့ ပုံစံဖြစ်သွားတော့
ရယ်ပြီးကျွန်တော့် ခေါင်းကဆံပင်တွေ
ကို သူ့စိတ်ကြိုက်ဆွဲဖွလာပြန်သည်။

"စာကောင်းကောင်းသင်ခဲ့လား ကလေးပေါက်စ"

ကိုမင်းစစ်ကြောင်း ကျွန်တော့်ကိုကြည့်
ပြီးပြောနေတာက မသိရင်အခုမှကျောင်း
စတက်တဲ့ကလေးကို လာကြိုပြီး ပီတိ
တွေနဲ့ကြည့်နေတဲ့ပုံစံ။

ကျွန်တော့်ရင်ထဲ တစ်မျိုးတော့ဖြစ်သွား
ရသည်။အမေမရှိတော့တဲ့နောက်ပိုင်း
ကျွန်တော့်ကိုဒီလိုမျိုးပြောပေးတဲ့သူမှ
မရှိတော့တာ။အဖေကလည်း အိမ်စရိတ်
လောက်ငှအောင် ပိုက်ဆံရှာဖို့အတွက်ပဲ
ရုန်းကန်နေရတော့။

"ဟိတ် ဘာဖြစ်သွားတာလဲ"

"ကျွန်တော့်စာကျွန်တော် ကောင်း
ကောင်းသင်တယ်။ခင်ဗျားသာ နောက်
ဆုံးနှစ်ရောက်နေပီး အတန်းမမှန်ပဲ
လျှောက်သွားနေတာ"

ကျွန်တော် ခေါင်းငုံ့ကာနေနေမိချိန်
ကိုမင်းစစ်ကြောင်း သတိထားမိပြီးမေး
လာတော့ မျက်နှာမကောင်းဖြစ်နေတာ
ကိုပြင်ပြီး အလျင်အမြန်ပင် ပြန်ပြော
လိုက်ရသည်။

ကျွန်တော့်စကားကိုလည်း နည်းနည်း
လေးမှစိတ်ဆိုးပုံမရ။ကျွန်တော့်ဘက်ကို
သာလှည့်ထိုင်နေပြီး မျက်နှာအနားကို
တိုးကပ်လာသည်မှာ။

"ငါ့ကို စိတ်ပူနေတာလား"

"ဆု ဆုတောင်းလေ ခင်ဗျား"

မျက်နှာချင်းဆိုင်နီးကပ်နေသော အနေ
အထားကြောင့် ကျွန်တော်မနေတတ်ပဲ
ကားတံခါးကို ကပ်သွားသည်အထိ
အနောက်ဆုတ်ပြီး ပြန်ပြောတော့
ကျွန်တော့်ကို အတော်ကြာစိုက်ကြည့်
နေပြီးမှ ဖယ်ပေးသည်။

ကျွန်တော် အသက်တောင်မရှုရဲဖြစ်
နေပြီးမှ စိတ်တိုတိုနှင့်ကြည့်လိုက်တော့။

"ငါက အေးဆေးပါ စိတ်မပူနဲ့။
လိမ်မာတယ် စာကောင်းကောင်းသင်
ကျောင်းမှာ စာလိုက်နိုင်ပေမဲ့ ကျူရှင်
မှာပြန်သင်တော့စာနှစ်ခါရတာပေါ့။
လိုအပ်တာရှိရင်လည်း ငါ့ကိုပြောဖို့
မမေ့နဲ့ ကြားလား"

ကျွန်တော့်ကိုမကြည့်တော့ပဲ ပြောနေ
သည့် ကိုမင်းစစ်ကြောင်းက တစ်
ကယ်ကို အလေးအနက်ပြောနေဟန်။
ကျွန်တော် ကိုမင်းစစ်ကြောင်းကိုဒီအ
တိုင်းသာကြည့်နေမိပြီး ဘာမှပြန်မ
ပြောမိ။မေမီကတော့ ကျွန်တော့်အိမ်
ကိစ္စ ဘာတွေလျှောက်ပြောပြလိုက်ပြန်
ပြီလဲမသိတော့ပါဘူး။

ဒီအစ်ကိုကြီး ကျွန်တော့်ကို သနားနေ
တယ်ဖြစ်မှာပါ။

ကျွန်တော် ဘာမှပြန်မပြောမိပဲကျွန်
တော့်နေရာမှာပဲငြိမ်ငြိမ်လေးထိုင်နေ
လိုက်တော့ ကိုမင်းစစ်ကြောင်းက
ကျွန်တော့်ကိုတစ်ချက်ကြည့်ပြီး ကား
မောင်းထွက်တော့မလို့ ပြင်နေသည်။
ကျွန်တော်လည်း ခါးပတ်ပတ်တော့မလို့
လုပ်နေတဲ့အချိန် လမ်းကြားထဲကနေ
ကွေ့ဝင်လာပြီး အဆောင်အရှေ့နားမှာ
ရပ်နေတဲ့ ရေခဲမုန့်သည်ကိုတွေ့တော့
ကျွန်တော့်မျက်လုံးတွေ ချက်ချင်းအ
ရောင်လဲ့သွားရသည်။ဗိုက်ဆာနေတာ
ကို ထိန်းထားနိုင်တယ်ဆိုတာမျက်စိရှေ့
မှာကိုယ်ကြိုက်တဲ့မုန့်မတွေ့ခင်အချိန်ထိပဲ။

"ရေခဲမုန့် စားချင်လို့လား"

ကျွန်တော်ငေးနေတာ ဘယ်လိုပုံစံ
တောင်ဖြစ်သွားသည်မသိ ဘေးကနေ
ကိုမင်းစစ်ကြောင်း မေးမှအသိစိတ်ပြန်
ဝင်လာသည်။

"ဟုတ် ကျွန်တော်ခဏလောက်ဆင်း
ဝယ်လို့ရလား။ဝယ်ပီးရင် မြန်မြန်ပဲစား
လိုက်မယ် ခဏလေးပဲလေနော်"

"မဆင်းနဲ့တော့ ရေခဲမုန့်စားချင်ရင်
အပြန် ဘူးနဲ့ဝင်ဝယ်ပေးမယ်"

"ရေခဲမုန့်ပဲဟာ ဘယ်ကပဲစားရပါ
ကျွန်တော်ကကြိုက်တယ်။အခုဗိုက်ဆာ
နေလို့ပါ ကျွန်တော့်ကိုခဏလေးပဲစောင့်
ပေးလေနော် အလွန်ဆုံးငါးမိနစ်ပဲ"

ကျွန်တော် တောင်းတောင်းပန်ပန်နဲ့
ပြောပြီး ကားပေါ်ကဆင်းမည်လုပ်တော့
ကျွန်တော့် လက်ကောက်ဝတ်ကို
ကိုမင်းစစ်ကြောင်းက လှမ်းဆွဲလိုက်သည်။

"ငါသွားဝယ်ပေးမယ် ထိုင်နေ"

ကျွန်တော်ဘာမှတောင် ပြန်မပြော
လိုက်နိုင်ပဲ တစ်အံ့တစ်သြနဲ့ဖြစ်နေ
တုန်း ကိုမင်းစစ်ကြောင်းကသူ့ဘက်က
နေ ကားတံခါးကိုဖွင့်ပြီးဆင်းသွားသည်။

ကျွန်တော်ကတော့ မယုံနိုင်စိတ်ကြောင့်
စိတ်နဲ့လူနဲ့မကပ်သေး။မဟုတ်ဘူးလေ
ကောင်မလေးလည်း မဟုတ်ပါပဲနဲ့
ကိုယ်စားဖို့ ရေခဲမုန့်သွားဝယ်ပေးခြင်း
ခံရတဲ့ခံစားချက်က ထူးဆန်းနေသလို
မျိုး ဘယ်လိုကြီးလဲ။သူကပိုက်ဆံတွေ
ပေါများနေလို့ ကျွန်တော့်ကိုအမြဲမုန့်
ဝယ်ကျွေးတာကထားပါတော့ ကိုယ်တိုင်
သွားပေးတာကြီးကတော့ တစ်မျိုးကြီး
ဖြစ်နေသလိုပဲ။ကျွန်တော်ခုဏကဗိုက်
အရမ်းဆာနေတဲ့ ပုံဖြစ်နေတော့ ဒီ
အစ်ကိုကြီး ကျွန်တော့်ကိုတော်တော်
လေး သနားသွားတယ်ထင်တယ်။

ဘောင်းဘီအိတ်ကပ်ထဲကနေ ပိုက်ဆံ
အိတ်ကိုထုတ်ပြီး ရေခဲမုန့်သည်ကို
ပိုက်ဆံရှင်းနေတဲ့ ကိုမင်းစစ်ကြောင်း
ကိုကားထဲကနေ ငေးကြည့်ရင်းကျွန်
တော် အားနာပြီးမနေတတ်သလိုဖြစ်လာသည်။

ကိုမင်းစစ်ကြောင်း ကားထဲပြန်ဝင်လာ
တော့ ကျွန်တော်ချောင်းကြည့်နေရာ
ကနေ ပုံမှန်အနေအထားနဲ့ငြိမ်ငြိမ်လေး
ပြန်ထိုင်နေလိုက်သည်။ကျွန်တော့်ကို
ရေခဲမုန့် ခွက်ကမ်းပေးလာချိန် အားနာ
နာနဲ့ပဲယူရင်း မနေတတ်ဖြစ်နေတာမို့
ကိုမင်းစစ်ကြောင်းကို ပြန်မမော့ကြည့်ရဲ။
ကျွန်တော့်မျက်စိရှေ့မှာ ကျွန်တော်တစ်
ခါမှမဝယ်စားဖူးသည့် ရေခဲမုန့်ခွက်ကြီး
နှင့် ပေါင်မုန့်ရေခဲမုန့်ကြောင့် တွေးနေ
တာတွေတောင် ဘယ်ရောက်သွားမှန်း
မသိတော့ပဲ ဘာမှ များများစားစား
မစဉ်းစားနိုင်တော့။

အခုချိန်မှာအရေးကြီးနေတာ ကျွန်တော်
အရမ်းကို ဗိုက်ဆာနေတာကြောင့်စား
တော့မည်လုပ်ပြီးမှ ကျွန်တော်ထိုင်နေ
တာက ကားထဲမှာဆိုတာကိုသတိရ
လိုက်သည်။ကိုမင်းစစ်ကြောင်းကိုမရဲ
တရဲနဲ့ကြည့်လိုက်တော့ ကျွန်တော့်ကို
ပဲကြည့်နေပြီး ဘာမှတော့မပြောပေမဲ့
ကျွန်တော်အားနာတာမို့။

"ဟို ကျွန်တော်ခင်ဗျားကားပေါ်မှာ
ရေခဲမုန့်စားလို့ရ ရရဲ့လား"

"ဖြည်းဖြည်းစား မင်းစားလို့ပြီးမှသွားမယ်"

ကိုယ့်ဆီကခွင့်ပြုချက်ရသည်နှင့် ခေါင်း
မဖော်တမ်းကို ပါးနှစ်ဖက်ထဲဖောင်းပြီး
ပြည့်သွားသည်အထိ ရေခဲမုန့်ထည့်
ထားသည့်ပေါင်မုန့်ကို ကိုက်စားနေသည်။
ဘယ်လောက်တောင် ဗိုက်ဆာနေလို့လဲ။

"နေ့လည်က ဘာမှမစားထားဘူးလား"

"နေ့လည်ပိုင်းကကျူတိုတွေနဲ့ အတန်း
ချိန်တွေဆက်နေပြီး ကျူရှင်တစ်ခါထဲ
လာတော့ ဘာမှမစားလိုက်ရဘူး"

ပါးနှစ်ဖက်ကပြည့်နေသည်မို့ စားနေ
ရင်းတန်းလန်းနဲ့ အသံကမပီမသ။

"ခင်ဗျားပဲ ကျွန်တော့်ကိုအမြဲမုန့်ဝယ်
ကျွေးနေတယ်။နောက်တစ်ခါဆိုရင်
ကျွန်တော်ခင်ဗျားကို သေချာပေါက်
ပြန်ဝယ်ကျွေးမယ်နော်"

"မင်းက ငါ့ကိုဘာဝယ်ကျွေးမှာလဲ"

"မသိဘူးလေ အရမ်းဈေးကြီးတာမျိုး
တော့ ကျ ကျွန်တော် မတတ်နိုင်ဘူး"

ခေါင်းကိုမော့မလာတော့ပဲ စားရင်းနဲ့
ဖြေနေတာ။ကိုယ်သတိထားမိလာတဲ့ဒီ
ကောင်လေးရဲ့အကျင့်လေးက အစား
စားရင် ဗိုက်အရမ်းဆာနေသလိုမျိုး
ခေါင်းကို မဖော်လာတော့တာပဲ။
ဒီလိုမျိုးစားနေတာတောင်မှ လူလေး
ကသေးသေးလေး။ခန္ဓာကိုယ်လေးက
လည်း သူနဲ့ရွယ်တူတွေနဲ့ယှဉ်ရင်အရမ်း
ကိုသေးငယ်လွန်းနေတယ်။ဒီအရွယ်
လေးက ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့များများစား
ရမှာကို အိမ်မှာသိပ်မစားလို့များလား။

"မင်းမနက်ဆိုရင် ဘယ်နှစ်နာရီထလဲ"

"ဗျာ ဘာ ဘာဖြစ်လို့လဲ"

"ငါ မေးတာကိုဖြေ"

"ကျောင်းဖွင့်တဲ့နေ့ဆို ငါးနာရီကပုံမှန်ပဲ
ကျောင်းပိတ်ရင် ခြောက်နာရီ။တစ်ခါ
တစ်လေကျောင်းပိတ်လည်း စောစော
နိုးနေတာပဲ ကျွန်တော့်မျက်လုံးက
အကျင့်ဖြစ်နေပြီဗျ"

"ကျောင်းတက်ရတာ ပင်ပန်းလား"

ကိုယ့်ကိုမော့ကြည့်လာတဲ့ မျက်ဝန်း
လေးတွေ။ရေခဲမုန့်စားနေတာပါ ရပ်
သွားပြီး တစ်ခဏကြာတဲ့အထိ
ဒီအတိုင်းသာ ကိုယ်နဲ့မျက်လုံးချင်း
ဆုံနေပြီးမှ အကြည့်လွှဲသွားသည်။

"မပင်ပန်းပါဘူး ဘာလို့ပင်ပန်းရမှာလဲ။
ကျွန်တော် ကျောင်းတက်ရတာပျော်တယ်"

နှုတ်ခမ်းလေးတွေ ပြုံးရုံသာအားတင်း
ပြုံးနိုင်ပြီး ကိုယ့်ကိုချက်ချင်းအကြည့်လွှဲ
သွားတဲ့ကောင်လေးက သူ့ကိုသနား
မှာ နည်းနည်းလေးမှမလိုလားတဲ့ပုံ။

သူ့သူငယ်ချင်းတွေက အေးအေးဆေး
ဆေးကျောင်းတက်နေရတဲ့အချိန်မှာ
ဒီကောင်လေးက မနက်အိပ်ချိန်တောင်
အိပ်ရေးဝဝမအိပ်ရပဲ ကျောင်းလာရ
တာပဲ။အိမ်မှာ အဆင်ပြေပြေရော
နေရရဲ့လား။ဒီကောင်လေးကိုကျောင်း
မှာမြင်လိုက်တိုင်းလည်း ပျော်နေတဲ့
ပုံစံကမြင်ရခဲလွန်းပြီး အရွယ်နဲ့မလိုက်
အောင် မှိုင်နေတဲ့ပုံစံကများသည်။

ပါးနှစ်ဖက်နဲ့အပြည့် ပေါင်မုန့်ကို
ကိုက်ပြီးခေါင်းငုံ့ကာ စားနေတဲ့
ကောင်လေးကိုကြည့်ရင်း ကိုယ့်ရင်ထဲ
မှာ ခံစားရမှုကအမျိုးအမည်မသိ။
သနားနေတာထက်…။

"ကျွန်တော့်ကို ဘာလို့ကြည့်နေတာ
လဲ။ခင်ဗျားစားချင်ရင် နည်းနည်းစားလေ"

ကိုယ်ငေးကြည့်နေတာကို သတိထား
မိသွားတော့ သူ့ရေခဲမုန့်ကို ကိုယ်ရှေ့
တိုးပေးလာပြီး ပြောနေတဲ့မျက်နှာ
လေး။ကိုယ် ဒီအတိုင်းသာကြည့်နေမိ
တော့သည်။

"မင်းဘာသာဝအောင်စားပါ"

ကလေးပီပီ ကိုယ့်အတွေးတွေကိုဘာမှ
မသိပဲ သူ့မုန့်မခွဲဝေရလို့ ကျေနပ်
သွားတဲ့အပြုံး။

ပေါင်မုန့်တွေ ပြည့်နေတဲ့ပါးနှစ်ဖက်
နဲ့ မုန့်စားနေတဲ့ပုံစံလေးက ကိုယ့်
မျက်လုံးထဲမှာ အလွန်ပင်ချစ်စရာ
ကောင်းနေသည်။စိတ်မထိန်းနိုင်တော့
တဲ့အခါကျရင် အဲ့ဒီပါးနှစ်ဖက်ကို
လည်း အသည်းတယားယားနဲ့တစ်ခါ
လောက်ဆွဲညှစ်ချင်မိပါရဲ့။တစ်ကယ်
ကလေးလေးပါပဲ။

......

ကားကိုအရှိန်လျှော့ပေးပြီး ကိုယ်မောင်း
လာတဲ့ တစ်လမ်းလုံးကို အိပ်ပြီးပါလာ
တဲ့ကောင်လေး။ကိုယ့်ကိုတွေ့တိုင်း
အမြဲထွက်ပြေးတတ်တဲ့ ကောင်လေး
က အခုတော့ မကြောက်တော့ဘူး
ထင်ပါတယ်။

သူ့အိမ်လမ်းထိပ်ကို ရောက်လို့ကိုယ်
ကားရပ်ထားတာ ကြာနေပြီဖြစ်သော်
လည်း တစ်လမ်းလုံးအိပ်ပျော်ပြီးလိုက်
လာသည့်ကောင်လေးကမနိုးလာသေး။
သူ့ကျောပိုးအိတ်လေးကို လက်နှစ်ဖက်
နဲ့ပိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်
နေတော့လည်း ကိုယ့်မှာထိုင်ကြည့်နေ
ရင်းသာ မနှိုးရက်။

ဒီကောင်လေး တစ်နေ့တစ်နေ့ဘယ်
လောက်တောင် ပင်ပန်းနေလို့များ
ကိုယ့်ကားပေါ်လိုက်စီးလာတဲ့အခါတိုင်း
မကြောက်မလန့်နဲ့ အိပ်ပျော်ပြီးပါလာ
ရတာလဲ။

ဘေးတစ်စောင်းမြင်နေရတဲ့ မျက်နှာ
လေးကို အကြည့်မလွှဲနိုင်ပဲ ကိုယ်စိုက်
ကြည့်နေမိရင်း ရင်ဘတ်ထဲကခံစား
ချက်တွေကိုလည်း မထိန်းချုပ်နိုင်တော့
။ဒီကောင်လေးကိုယ့်ကို ပြုံးပြလိုက်
တုန်းက သိပ်ချစ်ဖို့ကောင်းလွန်းလို့
ကိုယ်ရင်ခုန်မိသွားတယ်ပဲထားပါ။အဲ့ဒီ
နေ့ကစပြီး ကျောင်းမှာဒီကောင်လေး
နဲ့တွေ့တိုင်း ကိုယ့်ရင်ခုန်သံတွေမမှန်
တော့တာပါပဲ။ကောင်လေးတစ်ယောက်
ကို ကိုယ်ရင်ခုန်နေမိတယ်ဆိုတာ
လက်ခံနိုင်ဖို့ ကိုယ့်ကိုကိုယ်ဆန်းစစ်နေ
ရင်းနဲ့ပဲကိုယ် ဒီအခြေအနေကနေ။

အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့
ကောင်လေးကို ဘေးကနေထိုင်ကြည့်
နေရင်း အဆမတန်လှုပ်ရှားနေတဲ့
ကိုယ့်စိတ်တွေ မထိန်းချုပ်နိုင်တော့။

ငြိမ်သက်နေသူ အနားကိုတိုးကပ်ပြီး
ဖြူဥနေတဲ့ပါးလေးတစ်ဖက်ကို ကိုယ်
်အသည်းယားလွန်းစွာ လက်လှမ်းပြီး
ထိကိုင်ကြည့်မလို့ လုပ်နေတုန်း
အိပ်ပျော်နေတဲ့ကောင်လေး မျက်ခွံတွေ
လှုပ်လာတာကြောင့် အနောက်ဆုတ်ပြီး
လက်ကို အမြန်ရုတ်လိုက်ရသည်။

သိပ်မကြာလိုက် ကားထိုင်ခုံကိုမှီပြီး
အိပ်ပျော်နေတဲ့ကောင်လေး မျက်လုံး
တွေပွင့်ပြီးနိုးလာသည်နှင့်အတူ ကိုယ့်
မှာလည်း တစ်ခါမှမခံစားဘူးသည့်
အခုန်မြန်နေသည့် ရင်ဘတ်ကြီးကို
ထိန်းနေရတော့သည်။ကောင်မလေး
တွေနဲ့တောင် တစ်ခါမှဒီလောက်ထိ
မဖြစ်ဖူးသည့်ကိုယ်က ဒီကောင်လေး
အပေါ်မှာ ဘာကြောင့်များ။

"ကျွန်တော့်အိမ်ကိုတောင် ရောက်
လာပြီလား ဘာလို့မနှိုးတာလဲခင်ဗျား"

မျက်လုံးနှစ်ဖက်ကိုပွတ်သပ်ပြီး သူ့
ကျောပိုးအိတ်ကိုကောက်လွယ်နေ
သည့်ကောင်လေးက အိပ်ရေးဝသွားလို့
ပကတိအေးချမ်းနေပေမဲ့ ကိုယ့်မှာတော့။

"ကျွန်တော် သွားတော့မယ်နော်
အိမ်ထိလိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်"

"ဆုလာဘ်ဝန်း"

ကားတံခါးဖွင့်ကာ ထွက်သွားတော့မဲ့
ကောင်လေးရဲ့ လက်ကောက်ဝတ်ကို
အလျင်အမြန်ဆွဲလိုက်မိတော့ ကိုယ့်ကို
ပြန်လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေ။

"ခင်ဗျား ဘာပြောစရာရှိလို့လဲ"

ကိုယ့်ကိုငေးကြည့်နေတဲ့ ကောင်လေး
နဲ့မျက်လုံးချင်းဆုံရင်း ခံစားနေရတဲ့
ရင်ခုန်နှုန်းတွေက အတိုင်းအဆမဲ့။

ဘာမှမပြောမိပဲ မျက်နှာလေးကို
ဒီအတိုင်း ကိုယ်ငေးနေမိတာဘယ်
လောက်ကြာသွားသည် မသိတော့ပါ။
အတင်းအကြပ် ကိုယ်ဆုပ်ကိုင်ထားတဲ့
သူ့လက်ကောက်ဝတ်ကို မနေတတ်
သလိုရုန်းဖယ်လာတော့မှ လွှတ်ပေးလိုက်ရသည်။

"ခင်ဗျား ဘာပြောချင်လို့လဲဆို"

"ဘာမှမဟုတ်တော့ဘူး ကောင်းကောင်းသွား"

ကိုယ့်ကို နားမလည်သလိုစူးစမ်းကြည့်
နေပေမဲ့ ကလေးပီပီ ဘာကိုမှများများ
စားစားမတွေးသည့်ပုံ။

"ဟုတ်ကဲ့ပါ။ခင်ဗျားလည်း ကားကို
ဖြေးဖြေးမောင်းနော် လိုက်ပို့ပေးတာ
ကျေးဇူး အများကြီးတင်ပါတယ်"

ပိတ်သွားတဲ့ကားတံခါး။ကျောခိုင်းကာ
ထွက်သွားတဲ့ ကောင်လေးရဲ့ပုံရိပ်ကို
ကြည့်ရင်း ကိုယ်သက်ပြင်းတွေချမိကာ
ကားမောင်း ထွက်လာခဲ့လိုက်သည်။

စိတ်တွေရှုပ်ထွေးစွာ ကားလမ်းမပေါ်
အရှိန်တင်မောင်းနေရင်းမှ ကားကို
ဖြေးဖြေးမောင်းနော် ဆိုတဲ့သတိပေး
သံလေးက နားထဲဝင်လာတော့
ယောင်ယမ်းပြီး အရှိန်လျှော့မိတဲ့အဖြစ်။

ကိုယ်တစ်ကယ် မရတော့ဘူးပဲ။
ကောင်လေး တစ်ယောက်ကို ရင်ခုန်
နေမိတဲ့ကိုယ့်ကိုကိုယ်လည်း။
.......................................................................................................................................................................................

"ဆုလာဘ်"

"ကို ကိုဇော်"

ကားပေါ်ကဆင်းပြီး လမ်းထဲလျှောက်
လာလာချင်း အိမ်နားမရောက်ခင်နှစ်အိမ်
အလိုက ခြံတံတိုင်းရှေ့မှာမျက်နှာတည်
နှင့် ရပ်ကြည့်နေသည့် ကိုဇော်ကိုမြင်
တော့ဘာမှမဟုတ်တာမလုပ်ထားသော်
လည်း အလွန်ပင်လန့်သွားရသည်။

ကျွန်တော်တို့အိမ်က လမ်းထိပ်နဲ့
လေးအိမ်မြောက်လောက် ကွာဝေးပြီး
ကျွန်တော့်အိမ်ရှေ့မှာ ကိုဇော်ကား
ရပ်ထားသည်ကိုလှမ်းမြင်နေရသည်။
ကျွန်တော့်ကို လာတွေ့တဲ့ပုံပဲ။

"မင်းကို ကားနဲ့လာပို့ပေးတာ
ဘယ်သူလဲ။ကိုယ်ကြည့်နေတာကြာပြီ "

"ဟို ဟို"

ဘာမှမဟုတ်တာမလုပ်ထားသော်လည်း
ရုတ်တရက် ဘယ်လိုပြန်ဖြေရမည်မသိ။
ကိုဇော် ဒီအထိလျှောက်လာပြီးကြည့်နေ
တာ ဘယ်အချိန်ထဲကလဲ။ကားမှန်က
အနက်ရောင်ဆိုတော့ အပြင်ကနေ
ဘာမှ မမြင်လောက်ပါဘူးနော်။

သူနဲ့ သဘောတူထားတဲ့ကောင်မလေး
ရဲ့အရင်ရည်းစားနဲ့ကျွန်တော်ခင်နေတာ
သာသိသွားရင် ကိုဇော် နေရခက်သွား
မှာပဲ။ပြီးတော့ ကျွန်တော်တစ်လွဲတွေ
လုပ်ထားပြီး ကိုမင်းစစ်ကြောင်းနဲ့
သဘောတူထားတာကိုသာသိသွားရင်။

"ကိုယ်မေးနေတယ်လေ"

"ကျ ကျွန်တော်တို့ကျောင်းကကျွန်တော်
နဲ့ခင်နေတဲ့ နောက်ဆုံးနှစ်ကအစ်ကိုပါ။
ကျူရှင်ကအပြန် ဒီအတိုင်းလမ်းကြုံလို့
အိမ်လိုက်ပို့ပေးတာ"

"ကျူရှင်သွားတာ မေမီတို့ရောမပါဘူးလား"

"မေမီက ဟို ရည်မွန်နေ နေမကောင်း
လို့ကျူရှင်ကနေ စောစောပြန်သွား
တယ်။ကျွန်တော်တစ်ယောက်ထဲကျန်
ခဲ့လို့ အဲ့တာ လမ်းကြုံလို့အဲ့ဒီအစ်ကို
ကအိမ်ထိပြန်ပို့ပေးတာ ကျွန်တော်ပြော
တာတစ် တစ်ကယ်ပါ"

ကိုယ့်ကိုရဲရဲမကြည့်ရဲပဲ စကားတွေ တရ
စပ်ပြောနေတာ ဒီကောင်လေးတစ်ခုခု
မူမမှန်နေတာတော့သေချာနေပါပြီ။
မလိမ်တတ်ပဲနဲ့ လိမ်နေတယ် ကိုယ်က
သူ့အကြောင်းမသိဘူးဆိုတော့။

"ကျူရှင်ကိစ္စက ထားပါတော့။ကိုယ်မေး
ချင်တာ ဘယ်လိုဖြစ်လို့ နောက်ဆုံးနှစ်
ကသူနဲ့ မင်းကခင်သွားရတာလဲ။ပြီး
တော့ လမ်းထိပ်မှာ ကားရပ်ထား
တာကြာပြီ ချက်ချင်းမဆင်းလာသေးပဲ
နဲ့ ကားပေါ်မှာအကြာကြီးဘာလို့နေနေ
တာလဲ။အဲ့ဒီကားကို ကိုယ်ကြည့်နေ
တာကြာပြီ"

"ကျ ကျွန်တော်တို့ စကားပြောနေတာ"

"စကားပြောတာ ဘာတွေများပြောစရာ
တွေများနေလို့ အဲ့ဒီလောက်ကြာရ
တာလဲ။ဘယ်လိုပဲတစ်ကျောင်းထဲဖြစ်
ဖြစ် ကိုယ်နဲ့ခင်တာမကြာသေးတဲ့
သူစိမ်းတစ်ယောက်ကို အရမ်းမယုံနဲ့။
အရမ်းမခင်သေးရင် နောက်ဆိုတတ်
နိုင်သလောက် ကင်းကင်းရှင်းရှင်းပဲနေ။
ကျောင်းကပြန်ဖို့ အဆင်မပြေရင်ကိုယ့်
ကိုဖုန်းဆက် သူများကားလိုက်မစီးနဲ့။
ကြားလား ဆုလာဘ်"

"ဟုတ် နောက်ဆိုရင်လိုက်မစီးတော့
ပါဘူး။အခုကကျူရှင်က အပြန်ကျွန်
တော် တစ်ယောက်ထဲဖြစ်နေလို့
လမ်း လမ်းကြုံ"

"ထားလိုက်တော့။အိမ်ပြန်မယ် လာ"

မျက်နှာကိုငုံ့ထားပြီး ကိုယ့်ဘေးနား
ကပ်လျှောက်လာသည်။ကျောင်းက
ပြန်လာတာ ပင်ပန်းနေပုံရပြီးသူ့ကို
ဆူလိုက်လို့ မျက်နှာကချက်ချင်းငယ်
သွားပေမဲ့ဂရုမစိုက်နိုင်။အစ်ကိုတစ်
ယောက်အနေနဲ့ဆုံးမသင့်တာဆုံးမရမည်။

အခုခေတ်က လွယ်တာမဟုတ်ဘူး။
ဆုလာဘ်က ဘာမှမသိသေးတဲ့
ကလေး။လာပို့ပေးတဲ့ကားပုံစံကိုကြည့်
ရတာ လူကလည်းတော်ရုံအဆင့်အတန်း
မဟုတ်နိုင် ချမ်းသာမဲ့ပုံပဲ။ဆုလာဘ်ကို
ကိုယ်က ကိုယ့်ညီလေးဆိုတဲ့စိတ်ပဲ
ငယ်ငယ်ထဲကထားခဲ့လို့ကိုယ်တို့
ကြားမှာ ဘာမှမရှိတာ။ဒီလောက်
ချစ်စရာကောင်းတဲ့ကိုယ့်ညီလေးကို
အနည်းနဲ့အများတော့ ယောကျာ်းလေး
ချင်းတောင်ပြောလို့မရ ကြွေနိုင်သည်။
ရိုးရိုးသားသားခင်တာပဲဖြစ်ပါစေလေ
ရှေ့လျှောက်ဆုလာဘ်ကို ကိုယ်သေချာ
ကြည့်မှရတော့မည်။မပြောကောင်း
မဆိုကောင်း မဟုတ်တဲ့ကောင်တွေနဲ့
များတွေ့သွားရင် ကိုယ့်မှာဒီညီလေးပဲ
ရှိတာ။ရင်တွေကျိုးရချည်ရဲ့။

"ဟိုနေ့ကအိမ်လာပြီး ဘာလို့ပြန်
သွားတာလဲ။အငယ်ကောင်လည်းပါလာ
တာကို အိမ်ထဲမဝင်လာပဲနဲ့နေပူကြီးထဲ
ဒီအတိုင်းပြန်သွားတယ်"

"အဲ့တာထပ်ဆူအုံးမလို့လား အခုလဲဆူပီးပီကို"

"ဟုတ်တယ် ဆူမလို့"

မျက်နှာလေးဆူပုတ်သွားတဲ့ကောင်လေး
က ကိုယ့်ကို ဘာမှတော့ပြန်မပြောရဲ။

"ကိုဇော် ဟိုအစ်မနဲ့အခြေအနေဘယ်လို
ရှိလဲဟင်။ရှေ့လျှောက် ဘယ်လိုဆက်
လုပ်မယ်လို့ စဉ်းစားထားလဲ"

"အဲ့ဒီကိစ္စအကြောင်း စိတ်ထဲမထားနဲ့
တော့။ကိုယ့်ဘာသာဖြေရှင်းလိုက်မယ်"

သူ့အိမ်နားရောက်ခါနီး ခြေလှမ်းတွေ
ရပ်သွားပြီး တစ်အံ့တစ်သြနဲ့မော့ကြည့်
လာတဲ့မျက်နှာလေးကို ကိုယ်ရယ်ပြရင်း
ခေါင်းလေးကိုလက်နဲ့ အုပ်ထားလိုက်သည်။

"မင်းအစ်ကိုပါ ကိုယ့်ကိုယုံ"

ကိုယ့်ကို တစ်ခဏကြာသည်အထိ
ကြည့်နေရင်းနဲ့ပဲ ပြုံးကာခေါင်းကို
ထပ်ခါညိတ်ပြသည်။ဆုလာဘ်ဆိုတာ
ဒီလိုမျိုးကောင်လေး။လိမ်မာပြတာ
ထက် ကိုယ့်ကိုဆိုသူ့စိတ်ထဲမှာအစ်ကို
အရင်းတစ်ယောက်လိုမျိုး ယုံကြည်
လေးစားတာ။ကိုယ်တို့ညီအစ်ကိုနှစ်
ယောက် တစ်ယောက်ကိုတစ်ယောက်
အားပေးရင်း နေလာခဲ့တဲ့ နှစ်တွေက
လည်းမနည်းဘူးလေ။

ကိုယ်ထပ်ပြီး မတွေဝေချင်တော့။
ကိုယ့်ရဲ့ခံယူချက်ကို မိဘတွေကိုဖွင့်
ပြောစရာရှိတာဖွင့်ပြောပြီး ဖြစ်လာ
သမျှကို ခံနိုင်ရည်ရှိရမည်။ဒီကောင်လေး
ကိုယ့်ကို အားကိုးနေသလိုမျိုးကိုယ်ကို
တိုင်လည်း လေးစားထိုက်တဲ့အစ်ကို
တစ်ယောက်ဖြစ်အောင် နေရမည်။

________________________

ညအိမ်ခါနီး ကုတင်ပေါ်မှာခေါင်းအုံးကို
မှီပြီးထိုင်ရင်း မူယာဖုန်းသုံးဖို့fbဖွင့်
လိုက်လိုက်ချင်းပင် မြင်လိုက်ရတာက
ထိပ်ဆုံးက စစ်ကြောင်းရဲ့ my day။
တော်ရုံmy day သိပ်မတင်သည့်
သူမို့ စိတ်ထဲဝင်ကြည့်ဖို့ဝေခွဲမရဖြစ်
နေပေမဲ့ မြင်နေရသည့်ပုံကထူးဆန်းနေသည်။

နှစ်ယောက်လုံး ပြတ်သားပြီးဖြစ်တဲ့
ပတ်သက်မှုအရ ဝင်ကြည့်ဖို့အတော်
ကြာတွေဝေနေရင်းနဲ့ပဲ စိတ်ထဲကသိ
ကအောက်နဲ့နေလို့မရတော့။ဆုံးဖြတ်
ချက်ချပြီး စစ်ကြောင်းတင်ထားသည့်
my dayထဲကို ဝင်လိုက်လိုက်ခြင်းပင်
မြင်လိုက်ရတာက အပြာနုရောင်ကျောပိုး
အိတ်တစ်လုံး အရှေ့ဇစ်မှာကအရုပ်ချိတ်
ထားသည်။

ဒါ ဒါစစ်ကြောင်းရဲ့ကားထဲမှာဆိုတာ
သေချာတယ်။lover seatမှာထိုင်နေ
တဲ့ ကျောပိုးအိတ်ကိုပိုက်ထားတဲ့သူ
မျက်နှာကိုမပါအောင် သေချာရိုက်ထား
ပြီးတင်ထားသည်။ဘာ သဘောလဲ။

ဘယ်သူလဲ။ဘယ်သူမို့လို့ မျက်နှာကို
တောင်မပြပဲ ကျောပိုးအိတ်အစုတ်
တစ်လုံးကို အရေးတစ်ယူနဲ့နင့်my
dayထိတင်နေရတာလဲ။ဘယ်သူမို့လို့
နင့်ကားပေါ်မှာ ပေးထိုင်ထားရတာလဲ။

စိတ်ထဲ မသင်္ကာသလိုခံစားချက်တွေ
ဖြစ်လာတာနှင့် ဝင်မကြည့်တာကြာနေ
ပြီဖြစ်သည့် စစ်ကြောင်းacc ထဲကို
ဝင်ကြည့်လိုက်သည်။စိတ်ထဲမှာလည်း
ဒေါသထွက်နေလို့ပဲလား ခံစားချက်
တွေလုံးဝမကောင်း။ကားအကြောင်းတွေ
ဘောလုံးပွဲအကြောင်းတွေသာshare
တတ်သည့်သူက pageတစ်ခုက
တင်ထားသည့် ချစ်စရာကလေးမလေး
ပုံတွေ videoတွေကိုshareထား
သည်မို့တစ်အံ့တသြဖြစ်မိရင်း သေချာ
ကြည့်နေမိသည်။ကလေးမချစ်တတ်တဲ့
ကောင်က ရုတ်တရက်ဘာလို့များ။

ဘာလဲစစ်ကြောင်း နင်အခုကြိုက်နေ
တဲ့ကောင်မလေးကယောကျာ်းလေး
တွေအကြိုက် ပတ်ချွဲနှပ်ချွဲပြောတတ်တဲ့
ချစ်စရာကလေးဆန်ဆန်ကောင်မလေး
လား။နင့်အကြိုက် ဘယ်တုန်းကပြောင်း
သွားတာလဲ။

မိန်းကလေးတို့senseအရအလိုလို
သိလိုက်တာ သူ့ထက်အသက်ငယ်တဲ့
ကောင်မလေး တစ်ယောက်ကို
စစ်ကြောင်းကြိုက်နေတာ သေချာနေ
ပါပြီ။စစ်ကြောင်း နင်တောင်ဒီလိုမျိုး
တွေခံစားတတ်နေပြီလား။နင့်အကြိုက်
ကဒီလိုမျိုးမဟုတ်ဘူးလေ။ငါ့ကိုရွှဲ့ပြီး
ကောင်မလေး တစ်ယောက်ကိုထပ်
ထားပြမယ်ဆိုရင်တောင် နင်အပျော်
တွဲတယ်ဆိုတာသိလို့ ဒီလောက်ထိ
စိတ်ထင့်နေမှာမဟုတ်ဘူး။အခု အခုက
နင်ဘာလို့ဒီတစ်ယောက်ကိုစိတ်ဝင်စား
တဲ့ပုံစံတွေလုပ်ပြနေရတာလဲ။နင်ငါ့ကို
ရွှဲ့နေတာမလား။

စစ်ကြောင်းတင်ထားတဲ့ my day
ကိုအထပ်ထပ်အခါခါကြည့်ရင်း စိတ်ထဲ
ခံပြင်းနေပြီး အကျောခံရလိုက်သလို
ခံစားလာရတာကြောင့် အောက်နှုတ်ခမ်း
ကိုဖိကိုက်နေမိသည်။

နင့်ရဲ့ my dayအထိကိုဝင်ပြီး
နေရာ ယူနေတဲ့ကောင်မလေးက
ဘယ်သူလဲ။နင်ကငါထားသွားလည်း
အေးဆေးပဲ ငါ့ကိုနည်းနည်းလေးမှ
ဂရုမစိုက်ဘူးဆိုတဲ့ အထာလား။

စစ်ကြောင်း နင်ဘာတွေလုပ်နေတာလဲ။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

1.2M 91.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
5.3M 344K 54
Myanmar BL. Two Romantic love stories (Bitter sweet + Pure sweet) Uni Life OWN CREATION TEEN ROMANCE UNICODE/ZAWGYI Start Date : FEB 26 2022 End...
105K 2.6K 31
" ကိုကြီးကိုချစ်မိတာဝဋ်ကြွေးတစ်ခုဆိုရင် အဲ့ဒီဝဋ်ကြွေးကိုပျော်ပျော်ကြီးဆပ်မယ်ဆိုတာ ကိုကြီးသိပါစေ။ "