#For Zawgyi
ေနာက္ဆံုးေတာ့ မမစိတ္မေကာင္းျဖစ္မွာကို မလိုလားသည့္စိတ္ႏွင့္ မမတို႔ခရီးသြားေနစဥ္အေတာအတြင္း အိမ္မွာပဲေနဖို႔ ဆံုးျဖတ္လိုက္ရသည္ ။
သို႕ေသာ္ျငား ခ်မ္းႏွင့္ေတာ့ မ်က္ႏွာခ်င္းမဆိုင္မိေအာင္ ကိုယ့္ဘက္က အထူးသတိထားေနမိ၏ ။ ဒီကေလးႏွင့္ ကိုယ့္ၾကားမွာ ျပႆနာရယ္လို႔ ေရေရရာရာမရွိခဲ့ဖူးေပမယ့္ ကိုယ့္အေပၚ သူ အျမင္မၾကည္ဘူးဆိုတာေတာ့ ေသေသခ်ာခ်ာႀကီးကို ခံစားသိရွိေနရသည္ေလ ။
ဒါေၾကာင့္ ခ်မ္းႏွင့္သူ႕ၾကား ဘာျပႆနာမွ မျဖစ္ရေအာင္ လူလူတို႔ မနက္အေစာပိုင္း ခရီးထြက္သြားကတည္းက သူ အခန္းထဲမွာပဲ ေအာင္းေနမိသည္ ။
" ေဒါက္...ေဒါက္ ေမာင္ရင္ေလး "
အခန္းတံခါးကိုဖြင့္လိုက္ေတာ့ အိမ္ေတာ္ထိန္းဟုပဲ ေျပာရမလား ၊ မမတို႔တစ္အိမ္လံုးရဲ႕ စားေရးေသာက္ေရးနဲ႔ ဗာဟီရအလုပ္ေတြကို တာဝန္ယူလုပ္ကိုင္ေပးေနေသာ အေဒၚႀကီးက အခန္းဝမွာ ရပ္လ်က္
" ေမာင္ရင္ေလး ထမင္းစားဖို႔ အရီးက လာေခၚတာ ၊ ေန႔လည္စာစားခ်ိန္ခ်ိန္ေက်ာ္ေနၿပီမို႔လို႔ေလ ၊ ေအာက္ထပ္မွာဆင္းၿပီး မစားခ်င္ဘူးဆိုရင္ အခန္းထဲကို အရီးလာပို႔ေပးမယ္ "
" အာ ေနပါေစ အရီး ၊ ကၽြန္ေတာ္ အခုပဲ လိုက္စားပါ့မယ္ "
ထမင္းစားခန္းထဲေရာက္လို႔ ထမင္းစားတာ တစ္ဝက္က်ိဳးသည့္တိုင္ ဟိုေကာင္ေလးခ်မ္း၏ အရိပ္အေယာင္ေတာင္ မျမင္ရတာမို႔
" အရီး...ခ်မ္းေရာ ထမင္းစားၿပီးၿပီလား "
" ခပ္ေစာေစာပဲစားၿပီး ရႈိးစမိုးအျပည့္နဲ႔အျပင္ထြက္သြားၿပီ ေမာင္ရင္ေရ ၊ ဒီည ျပန္လာျဖစ္ခ်င္မွ ျပန္လာျဖစ္မွာမို႔ ညက် သူ႕ကိုေစာင့္မေနဖို႔ေတာင္ အရီးကို မွာသြားေသးတယ္ "
အင္း....ခ်မ္းဟာ ေတာ္ေတာ္ကိုဆိုးေနတာပဲ ။
ေအးေလ...မရွိတာလည္း တစ္မ်ိဳးေတာ့ေကာင္းပါတယ္ ။ ထူးအေနနဲ႔ ခ်မ္းကို တကူးတကႀကီး ေရွာင္ေနစရာမလိုေတာ့ဘူးေပါ့ ။
အေတြးနဲ႔အတူ စိတ္က ေတာ္ေတာ္ေလးကို ေပါ့ေပါ့ပါးပါးျဖစ္သြားသည္ ။
*********
" ေဒါက္...ေဒါက္ ေမာင္ရင္ေလး ေမာင္ရင္ေလး "
တံခါးေခါက္သံေၾကာင့္ ဆတ္ခနဲလန္႔ႏိုးလာၿပီး နာရီကိုလွမ္းၾကည့္မိေတာ့ အခ်ိန္က ည ၉ း ၄၅ ကို ညႊန္ျပေနသည္ ။ အခန္းျပင္မွ အရီးရဲ႕ေခၚသံကလည္း တုန္တုန္ရင္ရင္ႀကီးလိုျဖစ္ေနပံုမို႔ ထူးမွာ ကမန္းကတန္း အခန္းတံခါးကို ေျပးဖြင့္ရသည္ ။
" အရီး ဘာျဖစ္လို႔လဲ "
" အခုေလး...အခုေလးတင္ပဲ ရဲ ရဲစခန္းက ဖုန္းဆက္တယ္ ၊ ခ်မ္းေလး အဖမ္းခံထားရတယ္တဲ့ "
" ဗ်ာ...!!! "
ၾကားလိုက္ရတဲ့ သတင္းက သူ႔ငယ္ထိပ္အား ေႁမြေပါက္လိုက္သလိုပင္ ။
" ဘယ္လိုျဖစ္တာတဲ့လဲ အရီး "
" အဲ...အဲဒါေတာ့ အရီးလည္း ေသခ်ာမသိပါဘူးကြယ္ ၊ အုပ္ထိန္းသူ အျမန္လာပါလို႔ပဲေျပာၿပီး ဖုန္းခ်သြားတာ "
" ဒီကိစၥ မမနဲ႔လူလူ႔ကို လွမ္းေျပာလိုက္ေသးလား "
" ဟင့္အင္း မေျပာရေသးဘူး ၊ အခုသိသိခ်င္း ေမာင္ရင္ေလးကို လာေျပာျပတာ "
" ဒါဆို မေျပာနဲ႔ေတာ့ေနာ္ ၊ မမတို႔ကို အေဝးကေန စိတ္အေႏွာင့္အယွက္ မျဖစ္ေစခ်င္ဘူး ၊ ကၽြန္ေတာ္ပဲ ရဲစခန္းကို လိုက္သြားလိုက္မယ္ "
" ေကာင္းပါၿပီကြယ္ "
" အရင္ကေရာ ခ်မ္းက ဒီလိုပဲ ရဲစခန္းကို ေရာက္ေနက်လား "
" ဟင့္အင္း...ဒီလို တစ္ခါမွ မျဖစ္ဖူးပါဘူးကြယ္ ၊ ခ်မ္းေလးက ဆိုးေတာ့ဆိုးေပမယ့္ အခုလို ရဲစခန္းေရာက္ ရံုးေရာက္ ဂါတ္ေရာက္မ်ိဳးေတာ့ ဒီတစ္ခါပဲ ျဖစ္ဖူးတာပါ "
အင္း...သူတစ္ေယာက္တည္းရွိတဲ့ အခုလိုအခ်ိန္မွ ဒါမ်ိဳးေရြးၿပီးျဖစ္တာ သိပ္ေကာင္းေပါ့ ။
" ဒါနဲ႔ ဘယ္ရဲစခန္းတဲ့လဲ "
" ------ရဲစခန္း "
ေကာင္ကေလး ဘာေတြေမႊျပန္ၿပီလဲမသိ ။ ကားကို အရွိန္အနည္းငယ္ျမွင့္ၿပီးေမာင္းလာရင္း ဆိုးဆိုးဝါးဝါးျပစ္မႈမဟုတ္ပါေစနဲ႔ဘဲ ဆုေတာင္းေနမိသည္ ။
ကၽြတ္ ! ကိုယ့္ဟာနဲ႔ကိုယ္ဆိုရင္ ဆုေတာင္းတာ ဘာညာ သိပ္အယံုအၾကည္မရွိတဲ့ သူဟာလည္း ဒင္းကေလးနဲ႔ ပတ္သက္ရင္ ကူကယ္ရာမရွိျဖစ္ၿပီး ဘုရားကိုပဲ ေျပးေျပးၿပီးအားကိုးအားထားျပဳ ဆုေတာင္းရတာ ဒါနဲ႔ဆို ၃ ခါရွိၿပီ ။
ခ်မ္းရယ္...မင္းနဲ႔ငါနဲ႔ရဲ႕ ေရစက္ကလည္း ။
ရဲစခန္းေရွ႕ေရာက္ေတာ့ ကားပါကင္ကို ခပ္ေလာေလာပင္ထိုးခဲ့ကာ စခန္းထဲဝင္လာမိေတာ့ ခ်မ္းအပါအဝင္ ခ်မ္းနဲ႔ရြယ္တူ ေယာက္်ားေလး မိန္းကေလးမ်ားဟာ သူ႕အား ေမ်ွာ္လင့္တႀကီးမ်က္လံုးမ်ားႏွင့္ၾကည့္လာၿပီး ခ်က္ခ်င္းပင္ အားငယ္သလိုျဖစ္ကာ မ်က္ႏွာေတြငယ္သြားၾကျပန္ေလသည္ ။
အင္း...ကိုယ္စီ ကိုယ္စီ အုပ္ထိန္းသူမိဘေတြအလာကို ေစာင့္ေမ်ွာ္ေနၾကတယ္ထင္ပါရဲ႕ ။
သူ႕ကိုျမင္သြားသည့္ခဏမွာ ခ်မ္းမ်က္လံုးမ်ားက အေရာင္လက္သြားသည္ကိုေတာ့ သူက ျမင္ျဖစ္ေအာင္ ျမင္လိုက္မိေသးသည္ ။ သို႔ေသာ္လည္း ထိုအေၾကာတင္းငဆိုးေကာင္ဟာ ခ်က္ခ်င္းပင္ မ်က္ႏွာလႊဲသြားကာ မႈန္ကုပ္ကုပ္ရုပ္ျပန္ျဖစ္သြားေလ၏ ။
ေတာက္ !! ရိုက္ခ်င္စရာကြာ ။
စခန္းမွဴးေရွ႕မွာ ဝင္ထိုင္ကာ
" ကၽြန္ေတာ္က ဟိုမွာထိုင္ေနတဲ့ကေလးေတြထဲက ၿငိမ္းခ်မ္းေရးရဲ႕အုပ္ထိန္းသူပါ "
သူေျပာလိုက္ေတာ့ စခန္းမွဴးေဘးမွာ မတ္တပ္ရပ္ရင္း ဖိုင္တြဲတစ္ခုကို ငံု႔ဖတ္ေနတဲ့ ဒုရဲအုပ္ရာထူးနဲ႔တစ္ေယာက္က ေမာ့ၾကည့္လာကာ ထူးကိုျမင္သည္ႏွင့္ ဝမ္းသာအားရပံုႀကီးျဖစ္သြားၿပီးေနာက္
" ဟာ မင္း...မင္း ထူးခၽြန္သာမဟုတ္လား "
" ဟင္ ဟုတ္ပါတယ္ ထူးခၽြန္သာပါ "
" ငါ့ကို မမွတ္မိဘူးလား ၊ ငါ ေအာင္စိုးထိုက္ေလ "
" ဟာ ေအာင္စိုးထိုက္ ၊ မင္းကကြာ ဝ,လာလိုက္တာ ၊ လူႀကီးပံုႀကီးကိုေပါက္လို႔ "
ေက်ာင္းတုန္းက သူငယ္ခ်င္းရုပ္ကို မနည္းျပန္ၿပီး ပံုေဖာ္ေနရသည္ ။
" ေအးကြာ ၊ မင္းကေတာ့ သိပ္ၿပီးဘာမွမေျပာင္းလဲဘူး ထူးခၽြန္ရာ ၊ ဒါနဲ႔ ဟိုေကာင္ေလးက မင္းရဲ႕သား လား "
" မဟုတ္ပါဘူး ၊ ငါ့.... အင္း ငါ့တူေလးပါ "
" ေအး ေျပာရမွာေတာ့ အားနာတယ္ကြာ ၊ မင္းတူတို႔အဖြဲ႔ထဲက ေကာင္ေလးတစ္ေယာက္ကို ေဆးမႈနဲ႔ပတ္သက္ၿပီး သတင္းရလို႔သြားဖမ္းတာ ၊ ပစၥည္းေတြနဲ႔တစ္ပါတည္း မိေတာ့တာပဲ ၊ မင္းတူေလးအပါအဝင္ တစ္ျခားကေလးေတြကလည္း အဲ့ဒီအိမ္က ပါတီပြဲမွာ အတူတူရွိေနတာဆိုေတာ့ တာဝန္အရ ဖမ္းေခၚလာခဲ့ရတာေပါ့ "
" အဲ့ဒီေတာ့ ငါ့တူေလးကပါ ေဆးသံုးထားတယ္ဆိုတဲ့အေနအထားလား "
" အဲ့လိုေတာ့ အတိအက်ေျပာလို႔မရေသးဘူး ၊ တရားခံေကာင္ေလးတစ္ေယာက္ကလြဲလို႔ က်န္တဲ့သူေတြဆီမွာေတာ့ ပစၥည္းသက္ေသရွာမေတြ႕ပါဘူး ၊ ဒါေပမယ့္ လိုအပ္တဲ့စစ္ေဆးမႈေတြနဲ႔ ေဆးစစ္တာေတြ လုပ္ရဦးမယ္ ၊ ဒါမွ သူတို႔ေတြ ေဆးသံုးစြဲမႈရွိမရွိကို ေဖာ္ထုတ္ႏိုင္မွာ ၊ စစ္ၿပီးလို႔ ေဆးေအာင္ရင္ေတာ့ ျပန္ခြင့္ရမွာပါ ၊ အဲ ေဆးက်ခဲ့ရင္ေတာ့ မူးယစ္ေဆးသံုးစြဲမႈနဲ႔ ျပစ္ဒဏ္က်ခံရမွာေပါ့ "
သူ႕ေခါင္းထဲ ခ်က္ခ်င္းပင္ ပူထူလာေတာ့သည္ ။ တကယ္လို႔မ်ား...တကယ္လို႔မ်ား ခ်မ္းဟာ မူးယစ္ေဆးသံုးစြဲခဲ့တယ္ဆိုရင္..............။ သူ ဆက္မေတြးခ်င္ပါ ။ ေတြးလည္းမေတြးႏိုင္ေတာ့ ။
ခ်မ္းရာ...!!! ရဲစခန္းေရာက္သည့္တိုင္ေအာင္ေတာင္ ဒီအမႈနဲ႔မွ ေရာက္ရသလား ။ မသကာ ရန္ျဖစ္တာတို႔ဘာတို႔ လို႔ပဲ သူက ေမ်ွာ္လင့္ထားတာေလ ။ ခုေတာ့ သူအမုန္းဆံုး မၾကားခ်င္ဆံုး မူးယစ္ေဆးဆိုတဲ့ ျပစ္မႈနဲ႔မွတဲ့လား ။
ေယာက္ယက္ခတ္ေနတဲ့ သူ႕စိတ္ေတြကို အတတ္ႏိုင္ဆံုး ေလ်ွာ့ခ်ပစ္ရင္း
" ငါ ငါ့တူနဲ႔ ခဏေလာက္ စကားေျပာလို႔ရမလား "
" ရတယ္ေလ ထူးခၽြန္ ၊ အျပင္သာ ေခၚထုတ္မသြားနဲ႔ "
ထူးေရွ႕မွာ မ်က္လႊာခ်ၿပီးရပ္ေနေသာ ေကာင္ေလးဟာ ဘယ္လိုပဲ တည္ၿငိမ္ဟန္ ဖမ္းထား ဖမ္းထား တင္းတင္းေစ့ထားတဲ့ ႏႈတ္ခမ္းသားေလးေတြ မသိမသာတုန္ေနပံုက ဒီေကာင္ေလးရဲ႕ ေျခာက္ျခားမႈသက္ေသေတြပင္ ။
" ခ်မ္း အခု ငါေမးတာကို မင္း အမွန္အတိုင္းေျဖမွရမယ္ ၊ ေအး ဒီလိုေနရာေရာက္မွေတာ့ လိမ္ညာၿပီးေျဖလို႔လည္း ဘာမွအက်ိဳးရွိလာမွာမဟုတ္ဆိုတာ မင္းလည္းသိမွာပါ "
ခ်မ္းက သူ႔ထက္အရပ္အေတာ္ေလးပိုျမင့္ေသာထူးအား ေမာ့ၾကည့္လာေတာ့ ဒီေကာင္ေလးမ်က္လံုးထဲမွ ေနာင္တတရားနဲ႔ တုန္လႈပ္မႈကို ထင္ထင္ရွားရွားပင္ ေတြ႕ျမင္ေနရသည္ ။ ဒီလိုျမင္ရျပန္ေတာ့လည္း ထူးမွာ စိတ္မေကာင္းျပန္ ။
" မင္း မူးယစ္ေဆး သံုးသလား ခ်မ္း "
" မသံုးဘူး "
" မင္း ဒီစကားကို ငါ ယံုၾကည္လို႔ရမလား "
" လံုးဝ မသံုးဘူး "
" ေကာင္းၿပီ ခ်မ္း ၊ ငါ မင္းစကားကို ယံုၾကည္ေပးလိုက္မယ္ "
သူ စခန္းမွဴးဆီသို႔ ျပန္သြားကာ
" ကၽြန္ေတာ့္တူေလးကို အာမခံနဲ႔ျပန္ေခၚသြားလို႔ရမလား "
" ေဆးစစ္ခ်က္အေျဖကို ေစာင့္ၾကည့္အတည္ျပဳၿပီးမွ ေခၚသြားလို႔ရပါမယ္ "
ထိုအခ်ိန္မွာပဲ ေအာင္စိုးထိုက္က စခန္းမွဴးနားကို တစ္စံုတစ္ခု ကပ္ေျပာလိုက္တဲ့အခါ စခန္းမွဴးက မ်က္ခံုးေတြပင့္သြားၿပီးေနာက္ ထူးအား ၾကည့္လာကာ ေအာ ဟု မသိမသာအသံထြက္ေရရြတ္ေလသည္ ။ ထို႔ေနာက္
" အဟမ္း...အာမခံနဲ႔ေခၚသြားခ်င္ရင္ ခြင့္ျပဳေပးလိုက္မယ္ ၊ ဒါေပမယ့္ ေဆးစစ္ခ်က္ထြက္လာလို႔ ျပစ္မႈထင္ရွားရင္ေတာ့ တာဝန္အရ ဆက္လက္ေဆာင္ရြက္ရပါလိမ့္မယ္ "
စခန္းမွဴးက ဘာေၾကာင့္ ခ်က္ခ်င္း အာမခံေပးလိုက္သလဲဆိုတာကို ေအာင္စိုးထိုက္ရဲ႕အမူအရာေၾကာင့္ သူ ေကာင္းေကာင္းႀကီး ရိပ္မိလိုက္ပါသည္ ။ ဒီလို အေနအထားနဲ႔အေျခအေနမ်ိဳးကို လက္မခံခ်င္ေသာ္ျငား မသိခ်င္ေယာင္ေဆာင္ေနလိုက္ရသည္က ခ်မ္း အတြက္ပင္ ။ အင္း...ခ်မ္းအတြက္ဆိုတာထက္ ခ်မ္း အခ်ဳပ္ထဲမွာေနရတယ္ဆိုတဲ့ အျဖစ္ဆိုးတစ္ခုေၾကာင့္ မမကို မနာက်င္ေစခ်င္တာမ်ိဳးပင္ ။
မမကိုေတာ့ ဘယ္နည္းနဲ႔မ်ွ စိတ္မညစ္ေစလိုပါ ။
_____________________________
#For Unicode
နောက်ဆုံးတော့ မမစိတ်မကောင်းဖြစ်မှာကို မလိုလားသည့်စိတ်နှင့် မမတို့ခရီးသွားနေစဉ်အတောအတွင်း အိမ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်ရသည် ။
သို့သော်ငြား ချမ်းနှင့်တော့ မျက်နှာချင်းမဆိုင်မိအောင် ကိုယ့်ဘက်က အထူးသတိထားနေမိ၏ ။ ဒီကလေးနှင့် ကိုယ့်ကြားမှာ ပြဿနာရယ်လို့ ရေရေရာရာမရှိခဲ့ဖူးပေမယ့် ကိုယ့်အပေါ် သူ အမြင်မကြည်ဘူးဆိုတာတော့ သေသေချာချာကြီးကို ခံစားသိရှိနေရသည်လေ ။
ဒါကြောင့် ချမ်းနှင့်သူ့ကြား ဘာပြဿနာမှ မဖြစ်ရအောင် လူလူတို့ မနက်အစောပိုင်း ခရီးထွက်သွားကတည်းက သူ အခန်းထဲမှာပဲ အောင်းနေမိသည် ။
" ဒေါက်...ဒေါက် မောင်ရင်လေး "
အခန်းတံခါးကိုဖွင့်လိုက်တော့ အိမ်တော်ထိန်းဟုပဲ ပြောရမလား ၊ မမတို့တစ်အိမ်လုံးရဲ့ စားရေးသောက်ရေးနဲ့ ဗာဟီရအလုပ်တွေကို တာဝန်ယူလုပ်ကိုင်ပေးနေသော အဒေါ်ကြီးက အခန်းဝမှာ ရပ်လျက်
" မောင်ရင်လေး ထမင်းစားဖို့ အရီးက လာခေါ်တာ ၊ နေ့လည်စာစားချိန်ချိန်ကျော်နေပြီမို့လို့လေ ၊ အောက်ထပ်မှာဆင်းပြီး မစားချင်ဘူးဆိုရင် အခန်းထဲကို အရီးလာပို့ပေးမယ် "
" အာ နေပါစေ အရီး ၊ ကျွန်တော် အခုပဲ လိုက်စားပါ့မယ် "
ထမင်းစားခန်းထဲရောက်လို့ ထမင်းစားတာ တစ်ဝက်ကျိုးသည့်တိုင် ဟိုကောင်လေးချမ်း၏ အရိပ်အယောင်တောင် မမြင်ရတာမို့
" အရီး...ချမ်းရော ထမင်းစားပြီးပြီလား "
" ခပ်စောစောပဲစားပြီး ရှိုးစမိုးအပြည့်နဲ့အပြင်ထွက်သွားပြီ မောင်ရင်ရေ ၊ ဒီည ပြန်လာဖြစ်ချင်မှ ပြန်လာဖြစ်မှာမို့ ညကျ သူ့ကိုစောင့်မနေဖို့တောင် အရီးကို မှာသွားသေးတယ် "
အင်း....ချမ်းဟာ တော်တော်ကိုဆိုးနေတာပဲ ။
အေးလေ...မရှိတာလည်း တစ်မျိုးတော့ကောင်းပါတယ် ။ ထူးအနေနဲ့ ချမ်းကို တကူးတကကြီး ရှောင်နေစရာမလိုတော့ဘူးပေါ့ ။
အတွေးနဲ့အတူ စိတ်က တော်တော်လေးကို ပေါ့ပေါ့ပါးပါးဖြစ်သွားသည် ။
*********
" ဒေါက်...ဒေါက် မောင်ရင်လေး မောင်ရင်လေး "
တံခါးခေါက်သံကြောင့် ဆတ်ခနဲလန့်နိုးလာပြီး နာရီကိုလှမ်းကြည့်မိတော့ အချိန်က ည ၉ း ၄၅ ကို ညွှန်ပြနေသည် ။ အခန်းပြင်မှ အရီးရဲ့ခေါ်သံကလည်း တုန်တုန်ရင်ရင်ကြီးလိုဖြစ်နေပုံမို့ ထူးမှာ ကမန်းကတန်း အခန်းတံခါးကို ပြေးဖွင့်ရသည် ။
" အရီး ဘာဖြစ်လို့လဲ "
" အခုလေး...အခုလေးတင်ပဲ ရဲ ရဲစခန်းက ဖုန်းဆက်တယ် ၊ ချမ်းလေး အဖမ်းခံထားရတယ်တဲ့ "
" ဗျာ...!!! "
ကြားလိုက်ရတဲ့ သတင်းက သူ့ငယ်ထိပ်အား မြွေပေါက်လိုက်သလိုပင် ။
" ဘယ်လိုဖြစ်တာတဲ့လဲ အရီး "
" အဲ...အဲဒါတော့ အရီးလည်း သေချာမသိပါဘူးကွယ် ၊ အုပ်ထိန်းသူ အမြန်လာပါလို့ပဲပြောပြီး ဖုန်းချသွားတာ "
" ဒီကိစ္စ မမနဲ့လူလူ့ကို လှမ်းပြောလိုက်သေးလား "
" ဟင့်အင်း မပြောရသေးဘူး ၊ အခုသိသိချင်း မောင်ရင်လေးကို လာပြောပြတာ "
" ဒါဆို မပြောနဲ့တော့နော် ၊ မမတို့ကို အဝေးကနေ စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး ၊ ကျွန်တော်ပဲ ရဲစခန်းကို လိုက်သွားလိုက်မယ် "
" ကောင်းပါပြီကွယ် "
" အရင်ကရော ချမ်းက ဒီလိုပဲ ရဲစခန်းကို ရောက်နေကျလား "
" ဟင့်အင်း...ဒီလို တစ်ခါမှ မဖြစ်ဖူးပါဘူးကွယ် ၊ ချမ်းလေးက ဆိုးတော့ဆိုးပေမယ့် အခုလို ရဲစခန်းရောက် ရုံးရောက် ဂါတ်ရောက်မျိုးတော့ ဒီတစ်ခါပဲ ဖြစ်ဖူးတာပါ "
အင်း...သူတစ်ယောက်တည်းရှိတဲ့ အခုလိုအချိန်မှ ဒါမျိုးရွေးပြီးဖြစ်တာ သိပ်ကောင်းပေါ့ ။
" ဒါနဲ့ ဘယ်ရဲစခန်းတဲ့လဲ "
" ------ရဲစခန်း "
ကောင်ကလေး ဘာတွေမွှေပြန်ပြီလဲမသိ ။ ကားကို အရှိန်အနည်းငယ်မြှင့်ပြီးမောင်းလာရင်း ဆိုးဆိုးဝါးဝါးပြစ်မှုမဟုတ်ပါစေနဲ့ဘဲ ဆုတောင်းနေမိသည် ။
ကျွတ် ! ကိုယ့်ဟာနဲ့ကိုယ်ဆိုရင် ဆုတောင်းတာ ဘာညာ သိပ်အယုံအကြည်မရှိတဲ့ သူဟာလည်း ဒင်းကလေးနဲ့ ပတ်သက်ရင် ကူကယ်ရာမရှိဖြစ်ပြီး ဘုရားကိုပဲ ပြေးပြေးပြီးအားကိုးအားထားပြု ဆုတောင်းရတာ ဒါနဲ့ဆို ၃ ခါရှိပြီ ။
ချမ်းရယ်...မင်းနဲ့ငါနဲ့ရဲ့ ရေစက်ကလည်း ။
ရဲစခန်းရှေ့ရောက်တော့ ကားပါကင်ကို ခပ်လောလောပင်ထိုးခဲ့ကာ စခန်းထဲဝင်လာမိတော့ ချမ်းအပါအဝင် ချမ်းနဲ့ရွယ်တူ ယောက်ျားလေး မိန်းကလေးများဟာ သူ့အား မျှော်လင့်တကြီးမျက်လုံးများနှင့်ကြည့်လာပြီး ချက်ချင်းပင် အားငယ်သလိုဖြစ်ကာ မျက်နှာတွေငယ်သွားကြပြန်လေသည် ။
အင်း...ကိုယ်စီ ကိုယ်စီ အုပ်ထိန်းသူမိဘတွေအလာကို စောင့်မျှော်နေကြတယ်ထင်ပါရဲ့ ။
သူ့ကိုမြင်သွားသည့်ခဏမှာ ချမ်းမျက်လုံးများက အရောင်လက်သွားသည်ကိုတော့ သူက မြင်ဖြစ်အောင် မြင်လိုက်မိသေးသည် ။ သို့သော်လည်း ထိုအကြောတင်းငဆိုးကောင်ဟာ ချက်ချင်းပင် မျက်နှာလွှဲသွားကာ မှုန်ကုပ်ကုပ်ရုပ်ပြန်ဖြစ်သွားလေ၏ ။
တောက် !! ရိုက်ချင်စရာကွာ ။
စခန်းမှူးရှေ့မှာ ဝင်ထိုင်ကာ
" ကျွန်တော်က ဟိုမှာထိုင်နေတဲ့ကလေးတွေထဲက ငြိမ်းချမ်းရေးရဲ့အုပ်ထိန်းသူပါ "
သူပြောလိုက်တော့ စခန်းမှူးဘေးမှာ မတ်တပ်ရပ်ရင်း ဖိုင်တွဲတစ်ခုကို ငုံ့ဖတ်နေတဲ့ ဒုရဲအုပ်ရာထူးနဲ့တစ်ယောက်က မော့ကြည့်လာကာ ထူးကိုမြင်သည်နှင့် ဝမ်းသာအားရပုံကြီးဖြစ်သွားပြီးနောက်
" ဟာ မင်း...မင်း ထူးချွန်သာမဟုတ်လား "
" ဟင် ဟုတ်ပါတယ် ထူးချွန်သာပါ "
" ငါ့ကို မမှတ်မိဘူးလား ၊ ငါ အောင်စိုးထိုက်လေ "
" ဟာ အောင်စိုးထိုက် ၊ မင်းကကွာ ဝ,လာလိုက်တာ ၊ လူကြီးပုံကြီးကိုပေါက်လို့ "
ကျောင်းတုန်းက သူငယ်ချင်းရုပ်ကို မနည်းပြန်ပြီး ပုံဖော်နေရသည် ။
" အေးကွာ ၊ မင်းကတော့ သိပ်ပြီးဘာမှမပြောင်းလဲဘူး ထူးချွန်ရာ ၊ ဒါနဲ့ ဟိုကောင်လေးက မင်းရဲ့သား လား "
" မဟုတ်ပါဘူး ၊ ငါ့.... အင်း ငါ့တူလေးပါ "
" အေး ပြောရမှာတော့ အားနာတယ်ကွာ ၊ မင်းတူတို့အဖွဲ့ထဲက ကောင်လေးတစ်ယောက်ကို ဆေးမှုနဲ့ပတ်သက်ပြီး သတင်းရလို့သွားဖမ်းတာ ၊ ပစ္စည်းတွေနဲ့တစ်ပါတည်း မိတော့တာပဲ ၊ မင်းတူလေးအပါအဝင် တစ်ခြားကလေးတွေကလည်း အဲ့ဒီအိမ်က ပါတီပွဲမှာ အတူတူရှိနေတာဆိုတော့ တာဝန်အရ ဖမ်းခေါ်လာခဲ့ရတာပေါ့ "
" အဲ့ဒီတော့ ငါ့တူလေးကပါ ဆေးသုံးထားတယ်ဆိုတဲ့အနေအထားလား "
" အဲ့လိုတော့ အတိအကျပြောလို့မရသေးဘူး ၊ တရားခံကောင်လေးတစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေဆီမှာတော့ ပစ္စည်းသက်သေရှာမတွေ့ပါဘူး ၊ ဒါပေမယ့် လိုအပ်တဲ့စစ်ဆေးမှုတွေနဲ့ ဆေးစစ်တာတွေ လုပ်ရဦးမယ် ၊ ဒါမှ သူတို့တွေ ဆေးသုံးစွဲမှုရှိမရှိကို ဖော်ထုတ်နိုင်မှာ ၊ စစ်ပြီးလို့ ဆေးအောင်ရင်တော့ ပြန်ခွင့်ရမှာပါ ၊ အဲ ဆေးကျခဲ့ရင်တော့ မူးယစ်ဆေးသုံးစွဲမှုနဲ့ ပြစ်ဒဏ်ကျခံရမှာပေါ့ "
သူ့ခေါင်းထဲ ချက်ချင်းပင် ပူထူလာတော့သည် ။ တကယ်လို့များ...တကယ်လို့များ ချမ်းဟာ မူးယစ်ဆေးသုံးစွဲခဲ့တယ်ဆိုရင်..............။ သူ ဆက်မတွေးချင်ပါ ။ တွေးလည်းမတွေးနိုင်တော့ ။
ချမ်းရာ...!!! ရဲစခန်းရောက်သည့်တိုင်အောင်တောင် ဒီအမှုနဲ့မှ ရောက်ရသလား ။ မသကာ ရန်ဖြစ်တာတို့ဘာတို့ လို့ပဲ သူက မျှော်လင့်ထားတာလေ ။ ခုတော့ သူအမုန်းဆုံး မကြားချင်ဆုံး မူးယစ်ဆေးဆိုတဲ့ ပြစ်မှုနဲ့မှတဲ့လား ။
ယောက်ယက်ခတ်နေတဲ့ သူ့စိတ်တွေကို အတတ်နိုင်ဆုံး လျှော့ချပစ်ရင်း
" ငါ ငါ့တူနဲ့ ခဏလောက် စကားပြောလို့ရမလား "
" ရတယ်လေ ထူးချွန် ၊ အပြင်သာ ခေါ်ထုတ်မသွားနဲ့ "
ထူးရှေ့မှာ မျက်လွှာချပြီးရပ်နေသော ကောင်လေးဟာ ဘယ်လိုပဲ တည်ငြိမ်ဟန် ဖမ်းထား ဖမ်းထား တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းသားလေးတွေ မသိမသာတုန်နေပုံက ဒီကောင်လေးရဲ့ ခြောက်ခြားမှုသက်သေတွေပင် ။
" ချမ်း အခု ငါမေးတာကို မင်း အမှန်အတိုင်းဖြေမှရမယ် ၊ အေး ဒီလိုနေရာရောက်မှတော့ လိမ်ညာပြီးဖြေလို့လည်း ဘာမှအကျိုးရှိလာမှာမဟုတ်ဆိုတာ မင်းလည်းသိမှာပါ "
ချမ်းက သူ့ထက်အရပ်အတော်လေးပိုမြင့်သောထူးအား မော့ကြည့်လာတော့ ဒီကောင်လေးမျက်လုံးထဲမှ နောင်တတရားနဲ့ တုန်လှုပ်မှုကို ထင်ထင်ရှားရှားပင် တွေ့မြင်နေရသည် ။ ဒီလိုမြင်ရပြန်တော့လည်း ထူးမှာ စိတ်မကောင်းပြန် ။
" မင်း မူးယစ်ဆေး သုံးသလား ချမ်း "
" မသုံးဘူး "
" မင်း ဒီစကားကို ငါ ယုံကြည်လို့ရမလား "
" လုံးဝ မသုံးဘူး "
" ကောင်းပြီ ချမ်း ၊ ငါ မင်းစကားကို ယုံကြည်ပေးလိုက်မယ် "
သူ စခန်းမှူးဆီသို့ ပြန်သွားကာ
" ကျွန်တော့်တူလေးကို အာမခံနဲ့ပြန်ခေါ်သွားလို့ရမလား "
" ဆေးစစ်ချက်အဖြေကို စောင့်ကြည့်အတည်ပြုပြီးမှ ခေါ်သွားလို့ရပါမယ် "
ထိုအချိန်မှာပဲ အောင်စိုးထိုက်က စခန်းမှူးနားကို တစ်စုံတစ်ခု ကပ်ပြောလိုက်တဲ့အခါ စခန်းမှူးက မျက်ခုံးတွေပင့်သွားပြီးနောက် ထူးအား ကြည့်လာကာ အော ဟု မသိမသာအသံထွက်ရေရွတ်လေသည် ။ ထို့နောက်
" အဟမ်း...အာမခံနဲ့ခေါ်သွားချင်ရင် ခွင့်ပြုပေးလိုက်မယ် ၊ ဒါပေမယ့် ဆေးစစ်ချက်ထွက်လာလို့ ပြစ်မှုထင်ရှားရင်တော့ တာဝန်အရ ဆက်လက်ဆောင်ရွက်ရပါလိမ့်မယ် "
စခန်းမှူးက ဘာကြောင့် ချက်ချင်း အာမခံပေးလိုက်သလဲဆိုတာကို အောင်စိုးထိုက်ရဲ့အမူအရာကြောင့် သူ ကောင်းကောင်းကြီး ရိပ်မိလိုက်ပါသည် ။ ဒီလို အနေအထားနဲ့အခြေအနေမျိုးကို လက်မခံချင်သော်ငြား မသိချင်ယောင်ဆောင်နေလိုက်ရသည်က ချမ်း အတွက်ပင် ။ အင်း...ချမ်းအတွက်ဆိုတာထက် ချမ်း အချုပ်ထဲမှာနေရတယ်ဆိုတဲ့ အဖြစ်ဆိုးတစ်ခုကြောင့် မမကို မနာကျင်စေချင်တာမျိုးပင် ။
မမကိုတော့ ဘယ်နည်းနဲ့မျှ စိတ်မညစ်စေလိုပါ ။
______________________________