Reward[Him From Final Year]
Per Aelennar
1.1M 90.7K 10.7K
တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... Més
Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side
Chapter-13
17.9K 1.7K 117
Per Aelennar
တော့မှာပေါ့"
မလား"
ထဲကထွက်သွားသည်။မေမီကတော့လေ
သွားပြောနေတယ်။
"အဲ့တာက"
ကြည့်နိုင်ပဲ။
"ဘာမှမဖြစ်ပါဘူး"
စိတ်ကိုလျော့"
"မပြောပါနဲ့တော့ဟာ"
"မေမီ"
မစိုက်သလို ရယ်လျက်သာ။
မစတော့ ပါဘူးနော်"
သာချမိရတော့သည်။နေရတာ စိတ်မ
လာလဲမသိဘူး။ကျွန်တော်တို့ကိုတစ်
"ငါမလိုက်တော့ဘူး"
နေနဲ့မြန်မြန်ထ"
နေကြသည်။
ကအတင်းထခိုင်းနေတယ်။
"ငါမလိုက်ချင်လို့ပါ"
မလိုက်လို့ရမလား။စာဆိုတာလုပ်သင့်
ကနေ အားမှမရှိတာ။စိတ်ညစ်နေတဲ့
ဘော်လီဘောပွဲက စနေပြီ။လူတွေက
အတိုင်အဖောက်ညီနေသည်။ရည်မွန်က
"သူတို့ကရော ဘယ်မှာလဲ"
မတွေ့ချင်ဘူး။
ရောပါလား"
တာမို့လို့လဲ"
လည်းပါလာမှာပဲ။ဒီအစ်ကိုကြီးကအခု
ကိုဝဏ္ဏတို့အုပ်စု။နှစ်ခါပြန်ကြည့်စရာမ
ရှက်နေတာလား"
"ဘာ ခင်ဗျား။ကျ ကျွန်တော်ကခင်ဗျား
ကို ဘာလို့ရှက်ရမှာလဲ"
ကြည့်နေပြီး။
ကြားသွားမရှုပ်နဲ့"
ကတော့အေးဆေးပဲ။
ထည့်ပေးတာ ခင်ဗျားလား"
ကိုကြည့်လာသည်။
"ဘာလဲ အဲ့တာ"
မယူချင်လို့"
"ပြန်ပေးစရာ မလိုဘူး"
လောက်တယ်။
တွေးထားတာ။ဒီအတိုင်းတော့လက်မ
"ငါက ဘာလို့"
နောက်ဆုတ်နေရင်း။
မနေနဲ့လေ"
စေချင်လို့လား"
"ဗျာ ကျ ကျွန်တော်"
တိတ်သွားရသည်။ကျွန်တော်ဘယ်လို
နဲ့သူလေ။
လား။တစ်ခဏလေးအတွင်း ဘာသံ
မှာရပ်တန့်သွားရသည်။ဟိုအစ်မကြီးနဲ့
ဆက်မပြောရဲတော့။
တဲ့။ဒီအစ်ကိုကြီးကဘာလား။ကျွန်တော်
"အခု လိုက်နေတာပဲလေ"
"ဗျာ"
နိုင်ဖြစ်နေပြီးမှ။
နေလိုက်သည်။ကျွန်တော်ကသူ့အမြင်
တာလား။
ကျနေကြတာ။
ပေါ်ပြုတ်ကျသွားသည်။
"ကျနော့် အရုပ်ပြန်ပေး"
"ယူလေ"
လိုမျိုးစနေတာ။ကျွန်တော် တော်တော်
ဆုတ်လိုက်မိသည်။ကိုဝဏ္ဏတို့ဘက်ကို
ထဲရောက်ပြီသာမှတ်"
ပုံမပေါ်။
ကိုသွားတားအုံး။အဲ့ပုံပြန်ဖျက်ပေး"
ဒီအတိုင်း မနေနေနဲ့လေ"
မိသည်။
အခုပြန်ဖျက်ပေး"
နဲရှိ ငိုဖို့ပဲ"
"ငိုတာ မဟုတ်ဘူး"
ကြည့်နေမိတော့သည်။တစ်ကယ်တတ်
လဲ တတ်နိုင်တဲ့ဟာလေး။
ကိုယ်အသည်းယားမိပြီး။
နေတာပဲ။ဒီအရွယ်လေးက ဘာတွေအဲ့
ပါးလေးနဲ့ပြုံးပြသည်။မထင်မှတ်ထားမိ
ဖြစ်လာသည်။
"အခုမြင်ဖူးပီမလား။ခင်ဗျား ကျွန်တော့်
အရုပ်ပြန်တပ်နေပြီ။ကိုယ့်မှာသာ မတည်
နေရသည်။
မဖြစ်နေဘူး။ဆုလာဘ်ဝန်း မင်းက
တစ်ကယ်ပဲ ဘာလေးလဲ။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Unicode
"အတန်းက အားကစားပွဲတွေရှိလို့
နေ့လည်စာသင်တော့ဖို့မသေချာဘူးတဲ့"
အခန်းရှေ့ကနေ Ecဆော်သြလိုက်တဲ့
အဆုံးမှာတစ်ခန်းလုံး လှုပ်လှုပ်ရှားရှား
ဖြစ်သွားပြီးဆူညံသွားသည်။တစ်ကယ်
တော့ အတန်းထဲမှာမနက်tutoဖြေပြီး
ထဲက လူသိပ်မရှိတော့ မေဂျာတီရှပ်
တွေ ဆင်တူဝတ်တဲ့သူတွေကဝတ်နဲ့
ဘော်လီဘောပွဲကို အားပေးဖို့အားကစား
ရုံကိုခြေလှမ်းနေကြပြီ။
"ကဲ ကိုယ့်မေဂျာကိုယ်သွားအားပေးရ
တော့မှာပေါ့"
"မိန်းမ ရှင်နော် မပြောချင်ဘူး။ကိုယ့်
မေဂျာကိုယ်အားပေးမှာလား မသိရင်
ခက်မယ် ယူ့ဘဲဘဲကိုသွားအားပေးမလို့
မလား"
"ရှူး တိုးတိုး ငါ့ကိုဟိုဘက်မှာတွေ့ရင်
မသိချင်ယောင်ဆောင်ပေးကြနော် ဟီး"
ကျွန်တော်တို့ အရှေ့အတန်းကတစ်
ယောက်ကသူ့ဘဲ ဘော်လီဘောအသင်း
ထဲမှာပါပြီးမေဂျာကမတူတော့ မေမီစနေ
သည်ကို မျက်နှာချိုသွေးရယ်ပြပြီးအခန်း
ထဲကထွက်သွားသည်။မေမီကတော့လေ
အရှေ့မကြည့်နောက်မကြည့်နဲ့ သူများကို
သွားပြောနေတယ်။
တစ်ဖြည်းဖြည်းနဲ့ အခန်းထဲမှာလည်း
သူ့အုပ်စုနဲ့သူ ထွက်သွားကြတာကျွန်
တော်တို့ဘက်မှာကလွဲလို့ လူသိပ်မရှိတော့။
"ဒေါ်ကြီးရည်မွန် ရှင်ရော တို့မေဂျာနဲ့
ရှင့်ဘဲကြီးမေဂျာ ထိပ်တိုက်တွေ့ရင်
ဘယ်ဘက်ကို အားပေးမှာလဲ"
"အဲ့တာက"
"တော်ပီအေ မပြောနဲ့တော့ မောတယ်။
ဆုလာဘ် နင်ဘာဖြစ်လို့တစ်မနက်လုံး
စကားမပြောပဲ မှိုင်နေတာလဲ"
သူ့လဲဘာမှမလုပ်ပါပဲနဲ့ rsတွေကို
ကြည့်မရဘူးဆိုပြီး အတန်းထဲကသူတွေ
ကို ရန်လိုက်ရှာနေတဲ့မေမီကမောသွား
တော့ ကျွန်တော့်ဘက်လှည့်လာသည်။
စာတွက်နေရာကနေ ကျွန်တော်မမော့
ကြည့်နိုင်ပဲ။
"ဘာမှမဖြစ်ပါဘူး"
"နင့်အိမ်နဲ့ဘာဖြစ်ထားပြန်ပြီလဲ ဟို
ဘွားတော်ကြီးနင့်ကို အနိုင်ကျင့်ပြန်ပြီ
မလား။ငါနော် ငါစိတ်ရှိအတိုင်းသာ
သွားသောင်းကျန်းလိုက်ရ"
"မဟုတ်ပါဘူး ဒီလိုပဲ ငါဘာမှမဖြစ်ဘူး
စိတ်ကိုလျော့"
"ဘာကိုဒီလိုပဲလေ ငါအကုန်သိတယ်။
ငါ့အမေမနေ့က အဲ့ဘွားတော်နဲ့တွေ့
လို့နင့်ကိုကျူရှင်ထားဖို့ပြောပေးနေတာ
ငါ့အမေ့ကိုတောင် မကျေမနပ်ဖြစ်သွား
သေးတယ်။အိမ်ပြန်ရောက်တော့နင့်ကို
ဆူတော့တာပဲမလား ငါသိတာပေါ့။သူ
ကိုယ်တိုင်တော့ရပ်ကွက်ထဲမှာ ပွဲစား
ယောင်ယောင်နဲ့နင့်အဖေအလုပ်လုပ်
သမျှ ပိုက်ဆံတွေထိုင်ဖြုန်းနေတာ ဒီ
ကျူရှင်စရိတ်လေးလောက်ကတော့"
အတန်းထဲမှာ ဒေါသထွက်နေတဲ့
မေမီကို စာပင်ဆက်မရေးနိုင်တော့ပဲ
အသံမကျယ်ဖို့သတိပေးရသည်။
"မပြောပါနဲ့တော့ဟာ"
"အေး မပြောစေချင်ရင်ငါမပြောတော့ဘူး
ကျူရှင်တွေဖွင့်ရင်တော့ နင်ငါတို့နဲ့အတူ
တူ လိုက်တက်ရမှာပဲ ဒါပဲ"
ကျွန်တာ် ဘာမှပြန်မပြောနိုင်ပဲခေါင်းငုံ့
ကာ စာပြန်တွက်ရင်းနေလိုက်မိချိန် မေမီ
က စားပွဲခုံကိုလက်နှစ်ဖက်နဲ့ထုလိုက်ပြီး။
"အဲ့တာကြောင့်ငါပြောတာ နင့်အတွက်
အားကိုးလိုပါတယ်ဆို ငါတို့ဆုလာဘ်
လေး အတွက်အားကိုးလို့ရမဲ့ ကိုကို
တစ်ယောက်လောက် ဆိုရင်ရော"
"မေမီ"
"ကိုဇော်နဲ့ နင်နဲ့ကိုလည်းငါshipသာ
shipနေရတယ် သွေးမတော်ညီအစ်ကို
တွေက မဖြစ်နိုင်မှန်းသိနေတော့အားကို
မရှိပါဘူးဟယ်။ငါနင့်ကို ဘယ်သူနဲ့ပြောင်း
ပြီးshipရင် ကောင်းမလဲ"
"တော်ပါတော့ဟာ ငါဘယ်သူ့ကိုမှ
အားမကိုးဘူး ကိုယ့်ဘာသာရပ်တည်နိုင်
တဲ့အထိကြိုးစားပြီး ကိုယ့်အားပဲကိုယ်ကိုး
မှာ ငါ့ကိုအဲ့လိုထပ်မစနဲ့"
မေမီကို တောင်းတောင်းပန်ပန်နဲ့ မစဖို့
ပြောသော်လည်း မယ်မင်းကြီးမကဂရု
မစိုက်သလို ရယ်လျက်သာ။
"အေးပါသားလေးရယ် ဒီနေ့တော့
မစတော့ ပါဘူးနော်"
ဘာမှမပြောနိုင်တော့ပဲ သက်ပြင်းတွေ
သာချမိရတော့သည်။နေရတာ စိတ်မ
ပျော်လို့ စကားမပြောနိုင်ပဲမှိုင်နေပါတယ်
ဆိုမှ ကျွန်တော်မကြိုက်တာကိုပဲဘယ်
တော့မှပြောလို့မရဘူး မယ်မင်းကြီးမက
စလိုက်ရမှ။ကျွန်တော်ကယောကျာ်းလေး
လေ ဘာလို့တစ်ခြားတစ်ယောက်ကို
အားကိုးရမှာလဲ။ကျွန်တော် ကိုယ့်အားပဲ
ကိုယ်ကိုးနိုင်အောင်ကြိုးစားမှာ။
"သွားကြမယ် ပွဲစတော့မယ်မြန်မြန်ကပ်ကြ"
ဟိုဘက်ခန်းကို အလည်သွားတာ
ကြာနေပြီဖြစ်တဲ့ချမ်းမြေ့က အတန်းထဲကို
ပြေးဝင်လာပြီး လက်ထဲမှာဘာတွေကိုင်
လာလဲမသိဘူး။ကျွန်တော်တို့ကိုတစ်
ယောက်တစ်ခုစီ ဝေပေးသည်။
"ဟဲ့ ဆုလာဘ် ပါးမှာကပ်လေ"
"ငါမလိုက်တော့ဘူး"
"ဘာ နင်မလိုက်ပဲနဲ့အတန်းထဲမှာတစ်
ယောက်ထဲ ဘာထိုင်လုပ်နေမှာလဲ မှိုင်မ
နေနဲ့မြန်မြန်ထ"
မေဂျာနမယ် ရေးထားတဲ့စာတမ်းကပ်ခွာ
ကိုပါးမှာ အပြိုင်အဆိုင်ကပ်နေကြတဲ့
သုံးယောက်က ရည်မွန်အပါအဝင်တက်ကြွ
နေကြသည်။
ကျွန်တော် အတန်းအပြင်မထွက်ချင်
မလိုက်ချင်လို့ငြင်းနေသော်လည်း မေမီ
ကအတင်းထခိုင်းနေတယ်။
"ငါမလိုက်ချင်လို့ပါ"
"မရဘူးနော် ဆုလာဘ် ငါစိတ်မတိုခင်
မြန်မြန်ထ ရည်မွန်တောင်လိုက်မှာ နင်
မလိုက်လို့ရမလား။စာဆိုတာလုပ်သင့်
တဲ့အချိန်လုပ် ပျော်သင့်တဲ့အချိန်ဆိုတာ
ပျော်ရတယ် အတန်းထဲမှာလူတောင်
မရှိတော့ဘူး ဆရာမကကိုယ့်မေဂျာ
ကိုယ် သွားအားပေးရမယ်လို့မှာထားတယ်"
ကျွန်တော် ညီးညူကာတောင်းပန်သော်
လည်း မလိုက်ရင်စိတ်ဆိုးမယ်ဆိုပြီး
ချမ်းမြေ့ကပါ ကျွန်တော့်စာအုပ်တွေကို
ပိတ်နေသည်။ကျွန်တော်လည်းကျောင်း
အားကစားပွဲတွေ သွားတာကတော့
သွားကြည့်ချင်ပေမဲ့ လူကမှိုင်တွေနေရာ
ကနေ အားမှမရှိတာ။စိတ်ညစ်နေတဲ့
အချိန် ဘယ်မှလျှောက်မသွားပဲတစ်
ယောက်ထဲငြိမ်ငြိမ်လေးပဲနေချင်သည်။
"အဲ့တာ မကပ်လို့မရဘူးလား"
"မရဘူး ကိုယ့်မေဂျာကိုယ်စားပြုကပ်ရတာ"
နောက်ဆုံးငြင်းမရတော့တဲ့အဆုံးငြိမ်
နေလိုက်တဲ့အချိန် မေမီကကျွန်တော့်
ဘယ်ဘက်ပါးမှာ မေဂျာနမယ်နဲ့
ကပ်ခွာတစ်ခုလာကပ်ပေးသည်။စိတ်
ညစ်နေရာကနေ ရယ်တော့လည်းရယ်
မိသည်။ကျွန်တော့်က စကားပြောတာ
မကျွမ်းကျင် တစ်ခါတစ်လေကိုယ့်ဘာ
သာနေတတ်ပြီး လှုမှုရေးလည်းညံ့တာ
တောင် ကျွန်တော့်ကိုအပြစ်မမြင်ပဲနား
လည်ပေးကြတဲ့ သူငယ်ချင်းတွေရှိတယ်လေ။
ကျွန်တော်တို့အားကစားရုံရောက်တော့
ဘော်လီဘောပွဲက စနေပြီ။လူတွေက
များလွန်းလို့ထိုင်မဲ့နေရာတွေမရှိတော့
ပဲမနည်းတိုးရပြီး တစ်ဖက်နဲ့တစ်ဖက်
ကိုယ့်မေဂျာကိုယ် အကြိတ်အနယ်အား
ပေးနေကြတဲ့အသံတွေကအပြိုင်အဆိုင်။
ချမ်းမြေ့နဲ့မေမီကတော့ ရှေ့ဆုံးမှာရ
အောင်တိုးကာ သံပြိုင်အော်ဟစ်နိုင်နေ
ပြီး ကျွန်တော်တို့မေဂျာဘက်ကကစား
သမားတွေကို အမာခံအားပေးနေသည်။
ဟိုတစ်ယောက်ကချောတယ် ဟိုတစ်
ယောက်ကစားနေတာကို ကြွေတယ်ဆို
ပြီး ကျောနံပါတ်ကိုအော်ပြီး အားပေးနေ
တာကတစ်မျိုးနှင့် နှစ်ယောက်သား
အတိုင်အဖောက်ညီနေသည်။ရည်မွန်က
တော့ ထုံးစံအတိုင်းဘာမှဝင်မပါ အေး
အေးဆေးဆေး အသံမထွက်ပဲကြည့်နေ
ပြီးကျွန်တော်လည်းတစ်ဖြည်းဖြည်းနဲ့
ပျော်လာတော့ မေမီတို့အနောက်မှာရပ်
ပြီး စိတ်ပါဝင်တစားနဲ့ကြည့်နေမိတယ်။
အားကစားရုံထဲက ထွက်လာတဲ့အချိန်
ခြေထောက်တွေညောင်း လူတိုးနေတဲ့
ကြားရပ်ပြီး အားပေးလိုက်ရတာမောက
လည်းမော နှင့်ရေသန့်ဘူးထဲကရေကို
အသည်းအသန်သောက်နေကြရသည်။
ကျွန်တော်တို့မေဂျာက အုပ်စုအဆင့်
တက်သွားတော့မောပေမဲ့ အားပေးရ
ကြိုးနပ်သည်ဟုပြောရမည်။
လေးယောက်သား စကားလေးတစ်ပြော
ပြောနဲ့လမ်းလျှောက်လာရင်း ပင်မဆောင်
mainရှေ့ အပင်ကြီးတွေအောက်က
ခုံတန်းမှာထိုင်ရင်း အတန်းကိုမပြန်ဖြစ်
ကြသေး။နေ့လည်အတန်းမရှိဘူးဆိုတော့
အေးအေးဆေးဆေးပဲ ထိုင်နေကြရင်း
ရည်မွန်က သူ့ဖုန်းလာလို့ကိုင်လိုက်ပြီး
ပြုံးကာစကားပြောနေသည်။သေချာ
တယ် ကိုဝဏ္ဏပဲဖြစ်မှာပေါ့။
"ရည်မွန် ဘာတဲ့လဲ ကိုဝဏ္ဏက"
"ဘယ်နားမှာလဲမေးတာ အခုလာခဲ့မယ်တဲ့"
"သူတို့ကရော ဘယ်မှာလဲ"
ရည်မွန့်ကို မေမီမေးလိုက်တဲ့နောက်
ကျွန်တော်ရင်တွေတုန်လာကာ ရုတ်တ
ရက် ဘာလုပ်ရမည်မသိတော့။အခုလာ
ကြအုံးမယ်ဆိုရင် သူပါလာမှာသေချာ
တယ် ကျွန်တော်အဲ့ဒီအစ်ကိုကြီးကို
မတွေ့ချင်ဘူး။
"အခုလာမှာလား ကိုမင်းစစ်ကြောင်း
ရောပါလား"
"ဟင် အဲ့တာတော့ ငါလည်းမမေးလိုက်မိဘူး"
"ဆုလာဘ် နင်ဘာတွေဖြစ်နေတာလဲ
ကိုမင်းစစ်ကြောင်း ပါတော့လဲ ဘာဖြစ်
တာမို့လို့လဲ"
"ငါ ငါအတန်းပြန်နှင့်တော့မယ်"
ကျောပိုးအိတ်ကိုကောက်လွယ်ပြီးခုံတန်း
ကနေထတော့မလို့ လုပ်နေတဲ့ကျွန်တော့်
ကိုမေမီက အတင်းပြန်ဆွဲထားသည်။
ကိုဝဏ္ဏလာမှတော့ ကိုမင်းစစ်ကြောင်း
လည်းပါလာမှာပဲ။ဒီအစ်ကိုကြီးကအခု
တစ်လော အံ့သြစရာကောင်းလောက်
အောင် ကျောင်းကိုမှန်မှန်လာနေသည်။
ကျွန်တော် ကြောက်ကြောက်လန့်လန့်နဲ့
မေမီဆွဲထားတဲ့ကြားက သူတို့မလာခင်
ထသွားဖို့လုပ်နေတဲ့ အချိန်မြင်လိုက်ရ
တာက ကျွန်တော်တို့ဆီလာနေပြီတဲ့
ကိုဝဏ္ဏတို့အုပ်စု။နှစ်ခါပြန်ကြည့်စရာမ
လိုအောင် အနောက်ဆုံးမှာလျှောက်လာ
ပြီး ကျွန်တော့်ကို တည့်တည့်မတ်မတ်
ကြီးစိုက်ကြည့်နေသည်က ကိုမင်းစစ်ကြောင်း။
ကျွန်တော် ထိုင်ရမလိုထရမလိုဖြစ်နေ
တုန်း ကျွန်တော်တို့အနားကိုရောက်လာ
ကြပြီး ရည်မွန့်နဲ့ကိုဝဏ္ဏက စကားပြော
ဖို့တစ်ခုံမှာထိုင်လိုက်ကြသည်။ကျွန်တော့်
ဘေးနားကနေ ချမ်းမြေ့ကမေမီကိုအ
တင်းဆွဲသွားပြီး ကိုကျော်ထွန်းနဲ့ကိုရန်နိုင်
ကပါ ကိုဝဏ္ဏတို့အတွဲနားမှာပဲသွားထိုင်
နေသည်။ကိုဝဏ္ဏတို့အတွဲကို စဖို့သွား
ရှုပ်နေကြသည်ထင်ပါတယ် မေမီက
လည်း သူများအတွဲကြားမှာစကားများဖို့
ဆိုရင် ကျွန်တော့်ကိုတောင်မေ့သွားပြီ။
အဖြစ်အပျက်ကမြန်လွန်းလို့ကျွန်တော်
ဘာမှတောင် မပြောလိုက်နိုင်ခင်မှာပဲ
တစ်ယောက်ထဲသာ ကျန်တော့တဲ့
ကျွန်တော့်ဘေးမှာ ကိုမင်းစစ်ကြောင်း
ကဝင်ထိုင်လိုက်သည်မှာ။
"ခင်ဗျား ကျွန်တော့်ကိုလွှတ်။ကျွန်တော့်
သူငယ်ချင်းတွေ ဆီသွားမလို့"
ကိုမင်းစစ်ကြောင်း ကျွန်တော်ထိုင်နေ
သည့်ခုံတန်းမှာ ဝင်ထိုင်လိုက်သည်နှင့်
ကျွန်တော် မသိချင်ယောင်ဆောင်ပြီး
မေမီတို့ဆီ သွားမယ်လုပ်ရာကျွန်တော့်
ကျောပိုးအိတ်ကို အနောက်ကနေဆွဲထားသည်။
"ငါ့ဘေးနားမှာ မထိုင်ချင်ရအောင်
ရှက်နေတာလား"
"ဘာ ခင်ဗျား။ကျ ကျွန်တော်ကခင်ဗျား
ကို ဘာလို့ရှက်ရမှာလဲ"
ကျွန်တော်ပြောပြီး ပြန်လှည့်လိုက်တော့
ကိုမင်းစစ်ကြောင်းက ကျွန်တော့်ကိုစိုက်
ကြည့်နေပြီး။
"အဲ့တာဆိုထိုင်လေ သူများအတွဲတွေ
ကြားသွားမရှုပ်နဲ့"
ကျွန်တော့်ကိုလွှတ်ပေး လိုက်ပြီးဘာမှ
မပြောတော့ပဲ သူ့ဖုန်းကိုဖွင့်ကာအေး
အေးဆေးဆေးကြည့်နေသည်မို့ ကျွန်
တော်အထူးအဆန်းဖြစ်ရသည်။ကျွန်တော့်
ကိုတွေ့တိုင်း စနေတဲ့သူကဒီနေ့ငြိမ်နေ
ပါလား။မနေ့ကကျွန်တော့်ကိုဖုန်းဆက်
ပြီး စနေတာသူမဟုတ်တော့တဲ့အတိုင်း
ပဲ။ကျွန်တော်မရဲတရဲနဲ့ကိုမင်းစစ်ကြောင်း
ဘေးမှာထိုင်လိုက်ပြီး အခြေအနေအကဲ
ခတ်နေလိုက်ကာ ကျွန်တော်ကတစ်ေ
ယာက်ထဲ မငြိမ်မသက်ဖြစ်နေပေမဲ့ သူ
ကတော့အေးဆေးပဲ။
ကျွန်တော် ကိုမင်းစစ်ကြောင်းကိုမနေ့
က ကိစ္စအကြောင်းမေးဖို့စဉ်းစားထား
တာ ဘယ်ကနေဘယ်လိုပြောရမယ်မှန်း
မသိတာနဲ့ နောက်ဆုံးကျွန်တော့်ကျော
ပိုးအိတ်ထဲကနေ အသင့်ထည့်ထားသည့်
ပိုက်ဆံတစ်သောင်းကို ထုတ်လိုက်သည်။
"မနေ့က ကျွန်တော့်ကိုဘေတစ်သောင်း
ထည့်ပေးတာ ခင်ဗျားလား"
ကျွန်တော်မေးလိုက်တော့ သူ့ဖုန်းကိုပဲ
ကြည့်နေရာကနေ သူ့ဘေးကကျွန်တော့်
ကိုကြည့်လာသည်။
ကျွန်တော့လက်ထဲက သူ့ကိုပေးမလို့
ကိုင်ထားသည့် ပိုက်ဆံကိုမြင်သည်နှင့်။
"ဘာလဲ အဲ့တာ"
"ကျွန်တော်သူများပိုက်ဆံ အလကား
မယူချင်လို့"
"ပြန်ပေးစရာ မလိုဘူး"
အတင်းပြန်ပေးမယ်လို့ ကျွန်တော်စဉ်း
စားထားသည်က ကျွန်တော့်ကိုစိုက်
ကြည့်နေပြီး တင်းမာသွားတဲ့မျက်နှာ
ကြောင့် မဝံ့ရဲဖြစ်သွားရသည်။သူ့ကို
အခုပိုက်ဆံပြန်ပေးလိုက်လျှင် ကျွန်တော့်
ကိုဒေါသ အကြီးအကျယ်ထွက်သွား
လောက်တယ်။
"ခင်ဗျား ကျွန်တော့်ကိုသနားနေတာလား"
"ငါဘယ်သူ့ကိုမှ မသနားတတ်ဘူး"
"ခင်ဗျား အခုတစ်လောကျောင်းကို
ဘာလို့ အဲ့လောက်လာနေရတာလဲ"
ကျွန်တော့်ကိစ္စကို ခဏထားလိုက်ပြီး
သိချင်နေသည်ကို မေးလိုက်တော့ကျွန်
တော့်ကို ဒီအတိုင်းစိုက်ကြည့်နေပြီး။
"ဘယ်သိမလဲ ကျောင်းမှာ စိတ်ဝင်စား
စရာ တစ်ခုခုရှိနေလို့ဖြစ်မှာပေါ့"
ကျွန်တော့်ကိုစိုက်ကြည့်ကာ ပြောနေ
သည့် ကိုမင်းစစ်ကြောင်းနဲ့ အကြည့်
ချင်းဆုံနေရင်း နားမလည်နိုင်စွာခေါင်းရှုပ်
မိသည်။ဒီအစ်ကိုကြီး ဘာတွေပြောနေ
တာလဲ စိတ်ဝင်စားစရာကောင်မလေး
အသစ် တစ်ယောက်ထပ်တွေ့နေလို့
ကျောင်းကိုအမြဲ လာနေတာများလား။
အဲ့တာဆိုရင် ကျွန်တော့်အစ်ကိုကို
ကူညီနိုင်ဖို့ နည်းလမ်းကမရှိတော့ဘူးပဲ။
ကိုမင်းစစ်ကြောင်းသာ သူ့ကောင်မလေး
နဲ့ပြန်တွဲရင် ကိုဇော်အလိုလိုဒီအခြေအ
နေထဲကနေ လွတ်မြောက်သွားမှာပဲလို့
တွေးထားတာ။ဒီအတိုင်းတော့လက်မ
လျှော့နိုင် ကျွန်တော်တစ်ခုခုတော့ကျွန်
တော့် အစ်ကိုအတွက်ကြိုးစားပေးရမည်။
"ခင်ဗျား ဒီအတိုင်းပဲမနေနေပဲနဲ့ခင်ဗျား
ကောင်မလေးကို ခင်ဗျားဘက်ပြန်ပါလာ
အောင် အားထုတ်ပြီးကြိုးစားပါလား"
"ငါက ဘာလို့"
နှစ်ယောက်ထိုင်ခုံတန်းမှာ တစ်ဖြည်းဖြည်း
နဲ့ ကျွန်တော့်နား ကပ်လာသလိုခံစားနေ
ရပြီး ကျွန်တော့်ကိုငုံမိုးကာကြည့်နေတဲ့
သူ။ကျွန်တော်ပဲ စိတ်ထင်တာပဲလား
အနေအထားက နီးကပ်လွန်းနေသည်မို့
ကျွန်တော်မသိမသာနဲ့ ခုံတန်းအစွန်ကို
နောက်ဆုတ်နေရင်း။
"အသည်းကွဲနေတယ်ပဲပြောနေပြီး ဒီအ
တိုင်းနေနေမှတော့ ခင်ဗျားကောင်မလေး
က ခင်ဗျားဆီဘယ်လိုပြန်လာမှာလဲ။နှစ်
ယောက်ကြားမှာ အဆင်မပြေတာရှိကြ
ရင်လည်း မာနတွေကိုခဏဘေးဖယ်
ထားပြီးညှိုနှိုင်းတာတွေ ဘာတွေလုပ်မှ
အစ်မကြီးက စိတ်ပြန်လည်လာပြီးပြန်တွဲ
လို့ရမှာပေါ့။ခင်ဗျားက ဒီအတိုင်းထိုင်
မနေနဲ့လေ"
"မင်းကဘာလို့ ငါ့ကိုမူယာနဲ့ပြန်ညှိုနှိုင်း
စေချင်နေတာလဲ။မင်းအစ်ကိုကို မိန်းမမယူ
စေချင်လို့လား"
"ဗျာ ကျ ကျွန်တော်"
ကျွန်တော် ခဏတွေဝေသွားပြီးအသံ
တိတ်သွားရသည်။ကျွန်တော်ဘယ်လို
ပြောပြရမလဲ ကိုဇော်က သူ့အကြောင်း
နဲ့သူလေ။
"ကျွန်တော်ပြောချင်တာ အဲ့ဒီအစ်မ
နဲ့ခင်ဗျားက နှစ်တွေကြာတွဲခဲ့တယ်မ
လား။တစ်ခဏလေးအတွင်း ဘာသံ
ယောဇဉ်မှ မရှိတော့ပဲပြတ်သွားရအောင်
ခင်ဗျားတို့က မလွယ်လွန်းဘူးလား။ဖြစ်
နိုင်ရင်လေ ပြန်စဉ်းစားကြည့်ဖို့"
"ပြတ်သွားတဲ့ကောင်မလေးနဲ့ပြန်တွဲ
တယ်ဆိုတာ ငါ့ရာဇဝင်မှာမရှိဘူး"
အားတက်သရောပြောနေသည့် ကျွန်
တော် ထပ်ပြောမည့် စကားတွေလေထဲ
မှာရပ်တန့်သွားရသည်။ဟိုအစ်မကြီးနဲ့
အကြောင်းမပြောချင်တော့သလို ကိုမင်း
စစ်ကြောင်းက ကျွန်တော့်ဘက်လှည့်
နေရာကနေ အကြည့်လွှဲသွားသည်မို့
ကျွန်တော် အားပြတ်သလိုဖြစ်သွားကာ
ဆက်မပြောရဲတော့။
သူပြန်လိုက်ရင် ရလောက်တာပဲကို
သူ့ကောင်မလေးနဲ့ပြန်တွဲဖ်ု့ပြောတော့
နည်းနည်းလေးမှ စိတ်မဝင်စားတဲ့ပုံပဲ။
ပြောတော့လည်း အသည်းကွဲနေတယ်
တဲ့။ဒီအစ်ကိုကြီးကဘာလား။ကျွန်တော်
ခေါင်းတွေရှုပ်တွေလာပြီး ဆက်မတွေး
တတ်တော့တာနှင့် ကိုမင်းစစ်ကြောင်း
ကိုအားအင်မဲ့စွာကြည့်လိုက်ပြီး။
"အဲ့တာဆိုရင်လည်း ခင်ဗျားဒီအတိုင်း
မနေနေပဲနဲ့ နောက်ထပ်ကောင်မလေး
တစ်ယောက်ကိုပဲ လိုက်လိုက်ပါတော့"
"အခု လိုက်နေတာပဲလေ"
"ဗျာ"
ကျွန်တော့်ကိုကြည့်နေသည့် သူနှင့်
မျက်လုံးချင်းချင်းဆုံနေရင်း သူပြောလိုက်
တာကို ကျွန်တော်ရုတ်တရက်နားမလည်
နိုင်ဖြစ်နေပြီးမှ။
တစ်ဖြည်းဖြည်းနဲ့ကျွန်တော် သဘော
ပေါက်သွားပြီး စိတ်တွေတိုလာသည့်
ကျွန်တော့်ပုံစံ ကိုကြည့်ပြီးရယ်သည်။
ဒီအစ်ကိုကြီး ကျွန်တော့်ကိုစနောက်ရ
တာ တော်တော်ပျော်နေပါတယ်ဆို။
ကျွန်တော်စိတ်တိုတိုနဲ့ ပြန်ပြောမလို့
လုပ်နေတုန်း ကိုမင်းစစ်ကြောင်းက
ကျွန်တော့်မျက်နှာနားကို ရုတ်တရက်
တိုးကပ်လာတာနှင့် ခေါင်းကိုအနောက်
ဆုတ်ပြီး လန့်နေမိတုန်း။
"ဘယ်လိုလုပ်မလဲ လောလောဆည်
ကောင်မလေးတစ်ယောက်ကို ထပ်ပြီး
လိုက်ရမှာထက် မင်းကိုစိတ်ဆိုးအောင်
စရတာ ငါပိုပြီးသဘောကျနေတယ်"
"ခင်ဗျားကြီး တော်တော်များနေပြီနော်"
ကျွန်တော့်ကို စပြီးရယ်နေတဲ့သူကို
တော်တော်လေး စိတ်တိုလာပေမဲ့ဘာမှ
ပြန်မပြောတတ်တော့တာနှင့် ကျွန်တော်
ခုံတန်း တစ်ဖက်အစွန်းမှာပဲခပ်ခွာခွာနေ
နေလိုက်သည်။ကျွန်တော်ကသူ့အမြင်
မှာ တော်တော်လေးရယ်စရာကောင်းနေ
တာလား။
ဟိုအုပ်စုကလည်း ကိုဝဏ္ဏတို့အတွဲကို
ဘာတွေဝိုင်းစနေကြလဲမသိဘူး အဖွဲ့
ကျနေကြတာ။
ကျွန်တော် စိတ်တိုတိုနှင့်ဘယ်သူနဲ့မှ
စကားမပြောချင်တော့ပဲ ထိုင်နေပြီး
ကျွန်တော့်ကျောပိုးအိတ်ကိုပိုက်ထား
ရင်း စိတ်တိုတိုနဲ့ကျောပိုးအိတ်အရှေ့ဇစ်
မှာကျွန်တော်ချိတ်ထားသည့် သော့ချိတ်
အရုပ်ကို ဟိုလှည့်ဒီလှည့်နဲ့ကျွန်တော်
ဆော့နေတုန်း ပြုတ်ထွက်သွားပြီးမြေကြီး
ပေါ်ပြုတ်ကျသွားသည်။
မြေကြီးပေါ်မှာ ကျွန်တော့်အရုပ်လေး
ပေသွားမှာစိုးလို့ လန့်ပြီးအမြန်ကုန်း
ကောက်မလို့လုပ်လိုက်ပေမဲ့ ကျွန်တော့်
ဘေးကသူကဦးစွာ ကောက်လိုက်လေပြီ။
"ကျနော့် အရုပ်ပြန်ပေး"
"ယူလေ"
လက်ဖြန့်ပြီး ကျွန်တော်ပြန်တောင်း
လိုက်သည်ကို ကျွန်တော့်ကိုသာစိုက်
ကြည့်နေပြီး ပြန်ပေးမလိုလုပ်ပြီးမှ အရုပ်
ကိုသူ့လက်ထဲပြန်ဖွက်လိုက်သည်။
"ကိုမင်းစစ်ကြောင်း ခင်ဗျားဘယ်လို
ဖြစ်နေလဲ ကျွန်တော့်ကိုပြန်ပေး''
ကျွန်တော့်ကို ပြန်ပေးမလိုလုပ်လိုက်
သူ့လက်ထဲပြန်ဖွက်လိုက်နှင့် ရယ်စရာ
လိုမျိုးစနေတာ။ကျွန်တော် တော်တော်
လေးစိတ်တိုလာသည်ကို သည်းခံနေရပြီး
ကျွန်တော့်အရုပ်ကို ကိုမင်းစစ်ကြောင်း
လက်ထဲကနေ ပြန်လုနေတဲ့အချိန် ကျွန်
တော်သတိထားမိလိုက်တော့ ကိုဝဏ္ဏက
ကျွန်တော်တို့ကို ဓာတ်ပုံလှမ်းရိုက်နေ
သည်။အရုပ်ပြန်ရချင်တာနဲ့ ကျွန်တော်
ဘာမှမသိတော့ပဲ လုနေတာအခုအနေ
အထားက ကျွန်တော့်ကိုငုံ့မိုးထားတဲ့
ကိုမင်းစစ်ကြောင်းရင်ခွင်နဲ့ နီးကပ်လွန်း
နေသည်မို့ အလျင်အမြန်ပင်အနောက်
ဆုတ်လိုက်မိသည်။ကိုဝဏ္ဏတို့ဘက်ကို
ပြန်ကြည့်လိုက်တော့ တစ်အုပ်စုလုံး
ကျွန်တော်တို့ကိုကြည့်နေပြီး မေမီကပါ
သတိထားမိပြီး စူးစမ်းနေပြီ။
"ညကျရင်ကျောင်းကmeme group
ထဲရောက်ပြီသာမှတ်"
ကျွန်တော်တော့သွားပါပြီ။အဖွဲ့ထဲမှာ
အစနောက်အသန်ဆုံး ကိုဝဏ္ဏကစပ်ဖြဲဖြဲ
နှင့်ပြောနေပြီး ခုဏကကျွန်တော်တို့ကို
ဓာတ်ပုံရိုက်လိုက်သည့် ပုံကိုတင်မယ်တဲ့။
ကျွန်တော် ရင်တွေတုန်လာပြီးအဲ့အပုံ
ဖျက်ခိုင်းမို့ မေမီတို့ဆီသွားမို့ပြင်နေတုန်း
ကိုမင်းစစ်ကြောင်းက ကျွန်တော့် ကိုပေး
မသွားပဲအနောက်ကနေဆွဲထားပြန်သည်။
သူ့ကိုကြည့်လိုက်တော့ အေးအေးဆေး
ဆေးနှင့် နည်းနည်းလေးမှ စိုးရိမ်နေသည့်
ပုံမပေါ်။
"ကျွန်တော့်ကိုလွှတ် ခင်ဗျား သူငယ်ချင်း
ကိုသွားတားအုံး။အဲ့ပုံပြန်ဖျက်ပေး"
"ငါက ဘယ်လိုတားလို့ရမှာလဲ"
"ခင်ဗျားအပိုမပြောနဲ့ ခင်ဗျားသူငယ်ချင်း
ကိုခင်ဗျားပြောရင်ရတယ်။ကိုဝဏ္ဏဖုန်းကို
ယူပြီး အဲ့ပုံပြန်ဖျက်ပေး အခုဖျက်ပေး
ကျွန်တော်ပြောနေတာကြားလား ခင်ဗျား
ဒီအတိုင်း မနေနေနဲ့လေ"
ကိုယ်က နားပူတာကိုလုံးဝမခံနိုင်ပေမဲ့
ဘေးကနေတစ်ကျီကျီနဲ့ပူဆာနေသည့်
ကောင်လေးကိုတော့ ချစ်စရာလို့မြင်နေ
မိသည်။
ဒီကောင်လေးကို မြင်လိုက်တိုင်းစချင်
နေမိတာ ကိုယ့်ကိုစိတ်ဆိုးသွားတဲ့အခါ
တိုင်း အရမ်းချစ်စရာကောင်းနေလို့ဆိုတာ
အကောင်ပေါက်လေး သိပါရဲ့လား။
"မင်းကိုခင်လို့စနေကြတာလေ ဘာလို့
အဲ့လောက်ထိဖြစ်နေတာလဲ"
"စချင်ရင်လည်း တစ်ခြားဟာကိုစပါလား။
ခင်ဗျားကနမယ်ကြီးလေ အဲ့ပုံကြီး
ကျောင်းကgroupကို ရောက်သွားလို့
ကျွန်တော်တို့ နှစ်ယောက်ကိုတစ်မျိုး
ထင်သွားကြရင်ဘယ်လိုလုပ်မလဲ။မရဘူး
အခုပြန်ဖျက်ပေး"
ဒီအတိုင်းပဲနေလိုက်ဖို့ ကြံရွယ်နေပေမဲ့
တစ်ခုခုဆို အဆုံးစွန်ထိတွေးပြီးစိုးရိမ်
တတ်လွန်းသည့် ကောင်လေးက ငိုမဲ့မဲ့
ဖြစ်လာလေပြီ။မကြာခင်မျက်ရည်မိုးတွေ
ပြိုတော့မှာကိုသိနေတော့ ကိုယ်သက်ပြင်း
တွေချမိပြီး မျက်နှာငယ်ကိုငေးကြည့်လိုက်သည်။
"ပြန်ဖျက်ပေးဖို့ပြောလိုက်မယ် ဘယ်ကို
မှလည်းမရောက်စေရဘူးရပြီလား ထစ်ခ
နဲရှိ ငိုဖို့ပဲ"
"ငိုတာ မဟုတ်ဘူး"
ကိုယ်ဘာမှပြန်မပြောမိတော့ပဲ မျက်ရည်
တွဝဲပြီး ကျလုဆဲဖြစ်နေသည်ကိုအတင်း
ဖိသုတ်နေသည့် ကောင်လေးကိုသာ
ကြည့်နေမိတော့သည်။တစ်ကယ်တတ်
လဲ တတ်နိုင်တဲ့ဟာလေး။
ပြုတ်သွားသည့် သူ့သော့ချိတ်အရုပ်ကို
ကိုယ်ပြန်ပေးလိုက်တော့လည်း ဆက်ကနဲ
ဆွဲယူပြီးအတင်းမရမကပြန်တပ်နေသည်။
ငုံ့ထားတဲ့မျက်နှာလေးက နှုတ်ခမ်းပါး
တွေ အနည်းငယ်ဆူပုတ်နေသယောင်မို့
ကိုယ်အသည်းယားမိပြီး။
"မင်းဟာလေ ငါနဲ့တွေ့တိုင်းမင်းမျက်နှာ
လေးက ကြောက်ပြီးငိုရင်ငို မငိုရင်ဆူပုတ်
နေတာပဲ။ဒီအရွယ်လေးက ဘာတွေအဲ့
လောက်တောင် စိုးရိမ်စိတ်တွေများနေ
တာလဲ။မင်းပြုံးရောပြုံးတတ်ရဲ့လား"
"ကျွန်တော်က ဘာလို့မပြုံးတတ်ရမှာလဲ"
"မင်းပြုံးတာ ငါတစ်ခါမှမမြင်ဖူးဘူး"
ကိုယ့်စကားကို အလိုမကျသလိုမျက်နှာ
လေးဆူပုတ်သွားပြီး မော့ကြည့်နေရင်းမှ
ပါးမို့မို့လေး ဖြစ်သွားသည်အထိနှုတ်ခမ်း
ပါးလေးနဲ့ပြုံးပြသည်။မထင်မှတ်ထားမိ
သည်မို့ ကိုယ့်ကိုမော့ကြည့်ပြီးပြုံးပြနေ
တဲ့ မျက်လုံးရွယ်လေးတွေကို ကိုယ်
ရုတ်တရက် ရင်ခုန်သံတွေအဆမတန်
မြန်လာပြီး အကြည့်မလွှဲနိုင်။
သူ့အလိုလိုနေရင်းတောင်ချစ်စရာ
ကောင်းနေပါတယ်ဆိုမှ အသည်းယား
စရာကောင်းအောင် ပြုံးပြနေတော့
ကိုယ် တစ်ခြားသူတွေကိုမမြင်စေချင်
တဲ့ အထိဖွက်ထားချင်တဲ့စိတ်တွေ
ဖြစ်လာသည်။
"အခုမြင်ဖူးပီမလား။ခင်ဗျား ကျွန်တော့်
ကိုဘာလို့ အဲ့လိုကြည့်နေတာလဲ"
သတိလွတ်သွားတဲ့သူလိုမျိုးအတော်ကြာ
ကြည့်နေမိတာ မျက်မှောင်လေးတွေကျုံ့
သွားပီး ခေါင်းငုံ့သွားတဲ့ကောင်လေးက
တော့ ဘာမှမသိပဲ သူ့ကျောပိုးအိတ်ကို
အရုပ်ပြန်တပ်နေပြီ။ကိုယ့်မှာသာ မတည်
မငြိမ်ဖြစ်နေသည့် နှလုံးခုန်သံတွေနှင့်
ကောင်လေးတစ်ယောက်ကို ကိုယ်ရင်ခုန်
မိသွားတယ်ဆိုတာ လက်ခံနိုင်ဖို့ကြိုးစား
နေရသည်။
ကိုယ်တွဲခဲ့ဖူးတဲ့ကောင်မလေးတွေက
ချောလှပြီး ဆွဲဆောင်မှုရှိတာတွေကြီးပဲ။
ချစ်စရာလေးတွေကို ကိုယ်ဘယ်တုန်းက
မှ စိတ်မဝင်စားတတ်ခဲ့သလို ရင်မခုန်
ဖူးခဲ့။ကိုယ့်ကိုပြဿနာရှာတဲ့နေရာမှာ
ဆိုရင် အရင်က ကိုယ်တွဲခဲ့ဖူးတဲ့
ကောင်မလေးတွေထက်ကိုအဆတစ်ရာ
သာတဲ့ ကောင်လေးတစ်ယောက်ကို ကိုယ်အခု။
ယောကျာ်းလေးတစ်ယောက် ပြီးတော့
ကလေးသာသာပထမနှစ်အရွယ်လေးကို
ကိုယ်ကအခု ရင်ခုန်သွားတယ်ဆိုတာ
ချက်ချင်းတော့လက်ခံဖို့ အဆင်သင့်
မဖြစ်နေဘူး။ဆုလာဘ်ဝန်း မင်းက
တစ်ကယ်ပဲ ဘာလေးလဲ။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Continua llegint
You'll Also Like
249K 6.2K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
444K 23.2K 51
1.2M 90.9K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.5M 68.8K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...