Reward[Him From Final Year]

By Aelennar

1.1M 90.8K 10.7K

တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... More

Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side

Chapter-12

17.8K 1.7K 111
By Aelennar

လက္ရွိျဖစ္ေနတဲ႕ အေျခအေနကိုကိုယ္
ေျဖရွင္းနိုင္စြမ္းမဲ႕စြာ ကိုယ့္အိမ္ထိေရာက္
လာျပီး ကိုယ့္မ်က္စိေရွ႕မွာထိုင္ေနတဲ႕
မိန္းကေလးကို စိတ္မလံုစြာအားနာလြန္း
ေနသည္။ကိုယ့္အိမ္ကိုယ့္ရာျဖစ္ေသာ္
လည္းအေနခက္သလို ခံစားေနရျပီးေျပာ
စရာမဲ႕စြာ အခုထိစကားတစ္ခြန္းမွမစမိေသး။

"သမီးေလး အေအးေသာက္ေနာ္။သား
ကလည္း သမီးကိုစကားေလးဘာေလး
ေျပာျပီး ဧည့္မခံထားဘူးလား"

"အားနာလိုက္တာ အန္တီ"

"ဘာမွအားနာစရာမလိုဘူး အန္တီေခၚ
လိုက္လို႕လာလည္တာပဲ ေနာက္လဲအျမဲ
လာရေတာ့မွာေလ။သမီးေလး အမေလး
ေခ်ာလိုက္တာ လွလိုက္တာကြယ္"

အေမကေတာ့ တစ္ဖက္ကမိန္းကေလး
ေဘးနားမွာဝင္ထိုင္ျပီး ျပံဳးေပ်ာ္ေနကာ
လိုတာထပ္ပိုျပီးေဖာ္ေရြျပေနေလျပီ။

နန္းမူယာဆိုတဲ႕ ေကာင္မေလးကေတာ့
ကိုယ္နဲ႕ဆန္႕က်င္ဘက္ နည္းနည္းေလးမွ
အေနခက္ေနပံုမေပၚ အေမ့ကိုအလိုက္
အထိုက္စကား ျပန္ေျပာ နိုင္သည္။

"ေဇာ္က မူယာလာတာေနရခက္ေနသလို
ပဲထင္တယ္ အိမ္လာတာမျကိဳက္လို႕လား"

"မဟုတ္ပါဘူးသမီးရယ္ သားကအဲ႕လိုပဲ။
စကားကလည္းနည္းျပီး အေနေအးေတာ့
ဘာေျပာရမွန္းမသိ ျဖစ္ေနတာ။သမီးကို
စကားေလး ဘာေလးေျပာေလသား"

ကိုယ့္ကိုျပံဳးျပီးေျပာေနတဲ႕ အေမ့ကိုျကည့္
လိုက္ေတာ့ အေမကမ်က္လံုးနဲ႕အခ်က္ျပ
ျပီးနန္းမူယာကို စကားေျပာလိုက္ဖို႕ညႊန္ျပ
ေနေလျပီ။သူ႕သား အတြက္ေခ်ြးမေကာင္း
ရဖို႕စိတ္အားထက္သန္ေနတဲ႕အေမ့ကိုလဲ
အျပစ္မျမင္ရက္။တစ္ဖက္ကမိန္းကေလး
ကလည္း အေမလိုခ်င္ေနတဲ႕ပံုစံနဲ႕အညီ
ေခ်ာေမာလွပျပီး ခပ္သြက္သြက္ေကာင္မေလး
မလား။

"ေက်ာင္းတက္ရတာ အဆင္ေျပလားခင္ဗ်"

"ေျပပါတယ္ ေက်ာင္းဖြင့္တာလဲသိပ္မ
ျကာေသးေတာ့ pressureေတာ့သိပ္
မရွိေသးဘူး။စာေမးပြဲနီးရင္ေတာ့ ျကိဳးစား
ရေတာ့မွာေပါ့ ေနာက္ဆံုးတစ္နွစ္ေလးပဲ
က်န္ေတာ့တာမလား ေဇာ္ရဲ႕"

"ေက်ာင္းျပီးရင္ ဘာလုပ္ဖို႕စဥ္းစားထား
လဲ သမီး"

အေမ့ စကားကို အရွက္သည္းသလို
ေခါင္းငံု႕သြားတဲ႕ မိန္းကေလးကိုျကည့္
ရင္း ကိုယ္ေတာ့မျဖစ္နိုင္တာကို ေလာ
ေလာဆည္ အေျခအေနမွာေအးခ်မ္းသြား
ရင္ ကိုယ္ေနာက္မွအခ်ိန္ယူဖြင့္ေျပာမယ္
ဆိုျပီးလက္ခံခဲ႕မိတာမွားျပီလား အေတြး
ေတြဝင္လာသည္။

ကိုယ္႕ရဲ႕မိဘေတြကို သတိၱမရွိ ဖြင့္မေျပာ
ရဲမႈေျကာင့္တစ္ဖက္က မိန္းကေလးကို
ထိခိုက္သြားရင္ ကိုယ္ေနာင္တရလို႕ဆံုး
မွာမဟုတ္ဘူး။

"သမီးေလးထမင္းစားေတာ့မလား ဒီေန႕
သမီး လာမယ္ဆိုေတာ့အန္တီကသမီး
အေမကို ဖုန္းဆက္ေမးျပီး သမီးျကိဳက္
တတ္တာေလးေတြ ကိုယ္တိုင္ခ်က္ထား
တာ။အားလံုးျပင္ျပီးျပီ"

"အဲ႕တာဆို အန္တီ႕လက္ရာ စားရေတာ့
မွာေပါ့"

"ဒါေပါ့ကြယ္ သား ထမင္းစားခန္းထဲသမီး
ကို အေရွ႕ကေနေခၚသြားေပးလိုက္ေလ။
အေမျခံတံခါးဖြင့္သံျကားလို႕ အိမ္အျပင္
ခဏသြားျကည့္လိုက္အံုးမယ္"

ထိုင္ေနရာကေနထျပီး ထမင္းစားခန္းထဲ
သြားျကမယ္လုပ္ရာ ျခံေရွ႕မွာအသံျကား
တယ္ဆိုျပီး အိမ္ျပင္ကိုအေမထြက္သြား
သည္။

ကိုယ္နဲ႕နွစ္ေယာက္တည္းက်န္ခဲ႕
တာနဲ႕ အေနရမခက္ေစရန္တစ္ဖက္က
မိန္းကေလးကိုဧည့္ဝတ္ေျကေအာင္
ေလးစားသမႈနဲ႕ ကိုယ္ျပံဳးျပလိုက္ျပီး။

"ဒီဘက္ကိုလာပါ နန္းမူယာ"

"မူယာလို႕ပဲေခၚပါ။မူယာလဲ ေဇာ္လို႕ပဲ
ေခၚမယ္္ေနာ္"

ကိုယ့္ကိုျပန္ျပံဳးျပသည္႕ ေကာင္မေလးက
တစ္ကယ္ကို ဒီေခတ္ေကာင္မေလးေတြ
စကားသြက္မည့္ပံု။

ထမင္းစားခန္းသြားဖို႕ လုပ္ေနရာမွအိမ္ေရွ႕
မွာ အေမစကားေျပာေနတာ ဆုလာဘ္
အသံျကားလိုက္မိသလိုပဲ။ကိုယ္ပဲနားျကား
မွားတာလား။

နန္းမူယာကိုျပံဳးျပျပီးခဏခြင့္ေတာင္းကာ
ကိုယ္အလ်င္အျမန္ပင္ အိမ္ေရွ႕ထြက္လာ
ခဲ႕ေတာ့ သူ႕ညီေလးလက္ကိုဆြဲျပီး ျခံ
အျပင္ျပန္ ထြက္သြားတာ ဆုလာဘ္မွ
ဆုလာဘ္ပါ။ကိုယ္တားမယ္လုပ္လိုက္ေပမဲ႕
အေမက ျခံတံခါးပိတ္ျပီးေနျပီးထြက္သြား
တဲ႕ ဆုလာဘ္ရဲ႕ အရိပ္အေယာင္ေတာင္
မျမင္ရေတာ့။ဒီေကာင္ေလးက အိမ္လာ
တာ ဘာလို႕ဒီအတိုင္းျပန္သြားရတာလဲ။

"အေမ ခုနကလာသြားတာ ဆုလာဘ္
မလား။ဘာလို႕အိမ္ထဲမဝင္လာပဲျပန္သြား
တာလဲ"

"အေမက သားဧည့္သည္ေရာက္ေနတယ္
လို႕ေျပာလိုက္တာနဲ႕ ဆုလာဘ္ကမဝင္
ေတာ့ဘူး ေနာက္မွပဲလာခဲ႕ေတာ့မယ္ဆို
ျပီးျပန္သြားတာ။အားနာလို႕ျဖစ္မွာေပါ့
ျပန္သြားတာလဲ ခပ္ေကာင္းေကာင္းပဲ
ဟိုကေလးပါလာရင္ငိုျပီး ဆူညံေနမွာနဲ႕
သမီးကိုအားနာစရာ"

"အေမကလည္းဗ်ာ ဆုလာဘ္ကသားဆီ
လာတာကို ဘာလို႕အိမ္ထဲေပးမဝင္ပဲ
နွင္ထုတ္ လိုက္တာလဲ"

"အမေလးေတာ္ ဒီမေအကနွင္ထုတ္တဲ႕
စကားတစ္ခြန္းမွ မေျပာလိုက္ရပါဘူးေအ"

အေမနဲ႕စကားေျပာေနတုန္း နန္းမူယာက
အိမ္ေရွ႕ကိုထြက္လာသျဖင့္ အေမေရာ
ကိုယ္ပါ မ်က္နွာျပင္ျပီး စကားစျဖတ္
လိုက္ရသည္။

"ဘာျဖစ္ျကလို႕လဲဟင္ ဘယ္သူျပန္သြား
လို႕လဲေဇာ္"

"ကိုယ့္ညီေလးပါ"

"ေဇာ့္မွာ ညီေလးရွိတယ္လို႕မျကားမိပါဘူး"

"ဒီလိုသမီးေရ အဲ႕ဒီကေလးကငယ္ငယ္
ေလးထဲက သူ႕အေမေရာဂါနဲ႕ဆံုးသြားျပီး
အေဖက ေနာက္အိမ္ေထာင္ျပဳလိုက္တယ္
ေလ။ေကာင္ေလးက အေမမရွိေတာ့ပဲ
မိေထြးနဲ႕ျကီးျပင္းလာခဲ႕ရေတာ့အရင္က
အိမ္နီးခ်င္းလည္းျဖစ္ခဲ႕တာနဲဲ႕အန္တီတို႕က
သနားျပီးလိုအပ္တာေလးေတြ ကူညီေပး
ေနတာ။လိမ္မာျပီး စကားနားေထာင္ေတာ့
သားကလည္း သူ႕ညီေလးလိုပဲသေဘာ
ထားတယ္ေလ"

အေမေျပာျပတာကို ေခါင္းတစ္ညိတ္ညိတ္
နဲ႕နားေထာင္ျပီး နန္းမူယာက
အားနာေနသလိုျပံဳးသည္။

"မူယာ ရွိေနလို႕ျပန္သြားတာလား အဲ႕ဒီ
ေကာင္ေလးက။အားနာစရာေတြေတာ့
ျဖစ္ကုန္ျပီရယ္"

"မဟုတ္တာ အဲ႕ဒီကေလးကဒီလိုပဲအိမ္
ကို ဝင္ထြက္သြားလာေနျကဘာမွမျဖစ္ဘူး
စိတ္ထဲမထားနဲ႕။အိမ္ထဲဝင္ရေအာင္သမီး
လာ"

အေမနဲ႕အတူယွဥ္တြဲျပီး ဝင္သြားသည္႕
မိန္းကေလးကိုျကည့္ျပီး ကိုယ္သက္ျပင္း
ေတြခ်ကာ စိတ္ေတြေလးလံလာသည္။
စိတ္ထဲေတာ့ဘယ္လိုမွေန၍ မေကာင္း။
ဆုလာဘ္အေျကာင္းကို အေမေျပာျပေန
တာ ကိုယ္နားမေထာင္ခ်င္သလို ကိုယ့္
ညီေလးကို သူစိမ္းတစ္ေယာက္ကသနား
စရာလိုျမင္သြားမွာကို လံုးဝမျကိဳက္ဘူး။

ျခံတံခါးကိုျပန္ျကည့္မိျပီး ေဒါသေတြလည္း
အနည္းငယ္ျဖစ္မိပါရဲ႕။ဒီေကာင္ေလးက
ေတာ့ အိမ္ထိေရာက္လာျပီးမွ ဘာလို႕ျပန္
သြားရတာလဲ။ဧည့္သည္ေရာက္ေနလို႕
အားနာျပီးျပန္သြားရေအာင္ သူစိမ္းေတြ
မွမဟုတ္တာ ကိုယ့္အစ္ကိုဆီကိုယ္လာ
တာပဲ ဘာေတြဂရုစိုက္ေနမွန္းမသိဘူး။
ဒီေကာင္ေလး အခုတစ္ေလာ
တစ္ေယာက္ထဲ ထူးဆန္းေနသည့္ကိစၥ
ကိုလည္း ေတြ႕ရင္ေမးမယ္လို႕ စဥ္းစား
ထားတာ အခုေတာ့မေမးျဖစ္လိုက္ရျပန္
ေတာ့ဘူး ထင္ပါတယ္။

________________________

"ေရခဲမုန္႕ ေအာက္ကိုမျပဳတ္က်ေစနဲ႕ေနာ္
အငယ္ေလး။ကိုင္ျပီးစားတတ္တယ္မလား"

"သိတယ္ ဆုလာဘ္"

မုန္႕စားရမယ္ဆိုေတာ့ အငယ္ေလးတို႕
စကားေတာင္မ်ားမ်ားမေျပာနိုင္ ေရခဲမုန္႕
ခြက္ကိုကိုင္ျပီးငံု႕စားေနသည္။က်ြန္ေတာ္
တို႕ညီအစ္ကိုနွစ္ေယာက္ ေက်ာင္းပိတ္
ရက္မွာ ကိုေဇာ္ဆီသြားလည္တာ မေတြ႕ခဲ႕
ရလို႕ အိမ္အျပန္ လမ္းထိပ္ကမုန္႕ဆိုင္မွာ
ေရခဲမုန္႕နွစ္ခြက္ဝယ္ျပီး ျပန္လာခဲ႕သည္။
ကိုေဇာ္နဲ႕သေဘာတူထားတဲ႕အစ္မျကီး
ေရာက္ေနတယ္ဆိုေတာ့ ကေလးကလည္း
ပါလာတာနဲ႕ဝင္လို႕မသင့္ အန္တီကအရမ္း
ကိုေပ်ာ္ေနတဲ႕ပံုဆိုေတာ့လည္း က်ြန္ေတာ့္
ဘက္ကသိတတ္ရမွာေပါ့။

ဟိုအစ္မျကီးက အခုအိမ္ထိေတာင္လာေန
ျပီဆိုေတာ့ ကိုေဇာ္ကိုတစ္ကယ္ပဲသေဘာ
က်ေနျပီထင္ပါတယ္။ကိုေဇာ္ ဘယ္လိုလုပ္
မွာလဲ။က်ြန္ေတာ့္အစ္ကို စိတ္ပင္ပန္းေန
မယ္ဆိုတာေတြးမိရင္း စိတ္ထဲမွာေတာ္
ေတာ္ေလးမေကာင္း က်ြန္ေတာ္လည္း
ဘာမွမကူညီေပးနိုင္ေတာ့။

"ဆုလာဘ္ မင္းမစားရင္မင့္ေရခဲမုန္႕ငါ
ငါ့ေက်ြး"

"အမယ္ စားမာေပါ့"

က်ြန္ေတာ္က လက္ထဲမွာေရခဲမုန္႕ကိုင္ျပီး
အေတြးမ်ားေနတုန္း အငယ္ေလးကက်ြန္
ေတာ့္ေရခဲမုန္႕ကိုျကည့္ျပီး စားခ်င္ေန
သည့္ပံုနွင့္မို႕ စျပီးျပန္ေျပာရင္းရယ္မိရ
သည္။သူ႕ေရခဲမုန့္လည္းမကုန္ေသးပဲ
စားလက္စ ပါးစပ္မွာေပရီေနသည္မ်ားကို
က်ြန္ေတာ္သုတ္ေပးလိုက္ခ်ိန္ က်ြန္ေတာ့္
ညီေလးကျပံဳးျပီးျကည့္ေတာ့ က်ြန္ေတာ့္
စိတ္မေကာင္းပဲသက္ျပင္းေတြခ်မိသည္။
စကားေျပာရင္ အသံမပီသလိုထစ္ကာ
တုန္ရီေနတဲ႕ က်ြန္ေတာ့္ညီေလးကို
ေက်ာင္းစတက္ရတဲ႕အခါ ကေလးသဘာဝ
သူငယ္ခ်င္းေတြမ်ား စျကေလမလား
က်ြန္ေတာ္စိုးရိမ္ေနမိတယ္။က်ြန္ေတာ္
အျမဲတမ္း စဥ္းစားထားတာ က်ြန္ေတာ္
ေက်ာင္းျပီးလို႕ အလုပ္ရတဲ႕ အခါပိုက္ဆံ
စုျပီး က်ြန္ေတာ့္ညီေလးကိုသူငယ္ခ်င္းေတြ
ျကားထဲ အားမငယ္ရေအာင္ထားဖို႕ပါပဲ။

မုန္႕စားရလို႕ျပံဳးေပ်ာ္ေနတဲ႕ အငယ္ေလး
ကိုျကည့္ရင္း က်ြန္ေတာ့္ခြက္ထဲကပါယူ
ေက်ြးလိုက္ျပီး က်န္တာပဲစားလိုက္ေတာ့
သည္။ေက်ာင္းပိတ္ရက္ေနပူပူမွာ ပ်င္းက
လည္း ပ်င္းေနတာမို႕က်ြန္ေတာ္တို႕ညီအစ္
ကိုနွစ္ေယာက္ အိမ္ေရွ႕ျကမ္းျပင္မာထိုင္
ရင္းေရခဲမုန္႕လုစားျပီး ကစားေနရတာေပ်ာ္
စရာ။မလံုးကေတာ့ ဆူညံတယ္ဆိုျပီးအိမ္
ေနာက္ေဖးဝင္သြားရာကေန ျပန္မထြက္
လာေတာ့။

"ဟဲ႕ ကေလးကို ဘာေတြေက်ြးေနတာလဲ'

ျခံဝကေနအိမ္ထဲကိုဝင္လာတဲ႕အန္တီေဆြ
ေျကာင့္ က်ြန္ေတာ္ရုတ္တရက္လန္႕သြားရ
ျပီး အငယ္ေလးကေတာ့က်ြန္ေတာ့္နားပို
တိုးလာသည္။

"ငါ့သားကို ဒီလိုအေပါစားေတြမေက်ြးနဲ႕
လို႕ ဘယ္နွစ္ခါေျပာရမလဲ။ကေလးက
ငယ္ေသးတာ လည္ေခ်ာင္းနာျပီးေခ်ာင္း
ဆိုးရင္ ဘယ္လိုလုပ္မလဲ"

က်ြန္ေတာ္ အျပိဳင္မေျပာေတာ့ခ်င္တာမို႕
အငယ္ေလး လက္ထဲကေရခဲမုန္႕ခြက္
အက်န္ကို သိမ္းလိုက္သည္။သူေက်ြးခ်င္
တဲ႕အခ်ိန္က်ရင္ေတာ့ ေဆးသျကားမ်ား
တဲ႕ေရာင္စံုေရခဲေခ်ာင္းေတြ ဝယ္ေက်ြး
တာပဲ။က်ြန္ေတာ့္ကို ေျပာခ်င္ေနတာနဲ႕
ကေလး မ်က္နွာကိုေတာင္မျကည့္။

"ဆိုစမ္းပါအံုး နင္တို႕က်ဴရွင္ကဖြင့္ေန
ျပီလား"

"ဗ်ာ"

ခံုေပၚမွာ ထိုင္လိုက္တဲ႕ အန္တီေဆြကို
က်ြန္ေတာ္မျကည့္ခ်င္တာမို႕ ျကမ္းျပင္
ေပၚမွာပဲထိုင္ေနရင္း အငယ္ေလးဘက္
လွည့္ထားေနတုန္း။

"ငါ့ကို နင့္သူငယ္ခ်င္းဟိုငစြာမေလး
အေမက နင့္ကိုက်ဴရွင္ေပးမတက္ဘူး
လား သူငယ္ခ်င္းေတြျကားထဲမ်က္နွာငယ္
မယ္ ဘာမယ္နဲ႕ေျပာသြားတာ ရစရာကို
မရွိဘူး။နင္ေက်ာင္းမွာစာမလိုက္နိုင္ဘူး
လားဆုလာဘ္ အတန္းသာမွန္မွန္တက္
ျပီး စာလိုက္ျကည့္ရင္အပိုပိုက္ဆံကုန္
ေအာင္ အဲ႕ဒီက်ဴရွင္ကတက္စရာလိုမလား"

"က်ြန္ေတာ္ လိုက္နိုင္ပါတယ္'

"ေအး ျပီးမွနင့္အေဖကိုက်ဴရွင္တက္မယ္
လို႕သြားမေျပာနဲ႕ အိမ္မွာစားဖို႕ေသာက္ဖို႕
ေတာင္နင့္အေဖကအနိုင္နိုင္ရွာေနရတာ
က်ဴရွင္စရိတ္နဲ႕သာဆို ငတ္ျကရံုပဲရွိေတာ့
တယ္။နင့္အေဖက ပိုက္ဆံသာမရွိတာ
နင္သြားေျပာရင္ က်ဴရွင္ထားေပးမွာပဲ"

"အေဖ ဟိုတစ္ေလာကက်ြန္ေတာ့္ကို
က်ဴရွင္ေတြဖြင့္ရင္ေျပာလို႕မွာထားတယ္"

"ဟဲ႕အဲ႕တာကသူကအေဖေလ ဒီေလာက္
ေတာ့ေျပာမွာပဲ နင္ကအိမ္အေျခအေနကို
မသိဘူးလား။နည္းနည္းပါးပါး အလိုက္သိ
မယ္ဆိုတာမရွိဘူး နင့္သူငယ္ခ်င္းေတြနဲ႕
အေလလိုက္ျပီး က်ဴရွင္အတူတူတက္ခ်င္
ေနတယ္ေပါ့ေလ ဟုတ္လား"

က်ြန္ေတာ္ အန္တီေဆြကိုျပန္မေျပာမိ
ေအာင္ ဘာမွဆက္မေျပာေတာ့ပဲေနေန
လိုက္ကာ ဝမ္းနည္းစိတ္ကိုထိန္းေနရ
သည္။အတိတ္နိုင္ဆံုး အိမ္မာဆူဆူညံညံ
မျဖစ္ခ်င္ေတာ့ ေရွာင္ေနပါေသာ္လည္း
က်ြန္ေတာ့္ကိုေတြ႕တာနဲ႕ တစ္ခုမဟုတ္
တစ္ခု အျပစ္တင္ျပီးေျပာလိုက္ရမွပင္။

အေဖ့က က်ြန္ေတာ္ကိုက်ဴရွင္ကိစၥနဲ႕
ပတ္သက္ျပီးေျပာျပီးသားကို အခုအေဖ့ကို
သြားမေျပာေအာင္ျကိဳတင္ျပီးနႈတ္ပိတ္
ေနတာ။

"သားငယ္ အဲ႕တာေတြမစားပါနဲ႕ဆိုတာ
အေမေျပာတာမျကားဘူးလား အခုပစ္
ထုတ္လိုက္"

က်ြန္ေတာ္တို႕ ဘာေတြေျပာေနလဲမသိပဲ
အငယ္ေလးကကေလးပီပီ က်ြန္ေတာ္
သိမ္းလိုက္တဲ႕ေရခဲမုန္႕ခြက္ကိုလက္နဲ႕
သြားဆြဲေနေတာ့ သူ႕အေမကထိုင္ခံုေပၚ
ကေန လွမ္းေအာ္ေတာ့သည္။က်ြန္ေတာ္
ေတာင္လန္႕တဲ႕ အန္တီေဆြအသံကို
ကေလးက မေျကာက္ပဲဘယ္ေနမလဲ။

"သားငယ္ ဘာလို႕ငိုတာလဲ။လာ အေမ့
ဆီလာ"

"ဆုလာဘ္"

သူ႕အေမေခၚေနတာကိုမသြားပဲ လန္႕ျပီး
ငိုကာ က်ြန္ေတာ့္ဆီေျပးလာတဲ႕အငယ္
ေလးကို ဖက္ထားေပးလိုက္ေတာ့သူ႕
အေမကိုတစ္ကယ္ေျကာက္ေနတဲ႕ပံု။
အေနာက္ကေနအန္တီေဆြ ဘာေတြ
ေျပာေနမွန္း က်ြန္ေတာ္မသိေတာ့ပဲ
က်ြန္ေတာ့္ ညီေလးမျကားရေအာင္နား
နွစ္ဖက္ကို လက္နဲ႕ပိတ္ထားေပးရသည္။

သူဆူေနတာက က်ြန္ေတာ့္ကိုေပမဲ႕
အငယ္ေလးက က်ြန္ေတာ့္ကိုခင္တြယ္
လြန္းျပီး ဒီအရြယ္ကေလးကသူ႕အေမကို
စိတ္ထဲမွာ မလိုခ်င္မုန္းတီးသြားမွာမ်ိဳး
ေတာ့မလိုလား။အေဖမရွိတဲ႕အခ်ိန္က်ြန္
ေတာ့္ကို အေျကာင္းမရွိအေျကာင္းရွာဆူ
ေနတာကို က်ြန္ေတာ္က ဒီဘဝမွာေနသား
က်ေနခဲ႕ပါျပီ။

_______________________

"ဆုလာဘ္ေရာ ဒီေန႕အျပင္ထြက္တာ
မေတြ႕ပါလား။ထမင္းထြက္မစားဘူးလား"

"ေတာ့္သားက ညေနက စားျပီးျပီေလ ။
သူ႕ဘာသာ အျပင္မထြက္ခ်င္လို႕အခန္း
ထဲမွာေနေနတာျဖစ္မာေပါ့။ဟဲ႕မိလံုး အဲ႕မာ
ဖုန္းပဲထိုင္ေျပာမေနနဲ႕ ထမင္းနည္းနည္းပဲ
က်န္ေတာ့တယ္ မငတ္ခ်င္ရင္ျမန္ျမန္
သြားစား"

"ဆုလာဘ္ စားရေသးဘူး။ညေနက
အဝတ္ေလ်ာ္ေနတာသား သားေတြ႕တယ္"

"ေအာ္ အေမကျမင္လို႕ေျပာေနတာေလ။
သားငယ္တိတ္တိတ္ေနစမ္း ဒီကိုလာ"

အိမ္ေရွ႕ထြက္ဖို႕ ခန္းစီးလိပ္ကာကိုကိုင္
ထားသည့္ က်ြန္ေတာ့္လက္ေတြရပ္တန္႕
သြားရသည္။

အေဖနဲ႕အငယ္ေလး အနားကိုသြားခ်င္
ေပမဲ႕ေျခလွမ္းေတြဆက္မလွမ္းခ်င္ေတာ့ပဲ
က်ြန္ေတာ့္အခန္းဆီကိုပဲ ျပန္လွည့္လာခဲ႕
လိုက္ေတာ့သည္။တစ္ကယ္ေတာ့က်ြန္ေတာ္
ထမင္း မစားရေသးပါဘူး။

အခန္းထဲျပန္ေရာက္ေတာ့ တံခါးပိတ္ျပီး
ဗိုက္ဆာေနတာေရာ ဝမ္းနည္းတာေရာ
ေပါင္းကာ ျကမ္းျပင္ေပၚမွာထိုင္ခ်ရက္နဲ႕
ပင္ငိုမိျပီး မ်က္ရည္ေတြက်ဆင္းလာသည္
ကို ထိန္းမထားနိုင္ေတာ့ပါ။အသံမထြက္
ေအာင္ေခါင္းငံုျပီး ရႈိက္ငိုေနရတာေခါင္းေတြ
ပင္မူးလာျပီး မ်က္ရည္ေတြမသုတ္ပစ္နိုင္
ေတာ့။က်ြန္ေတာ့္အတြက္ ဒီလိုအေျခအေန
ေတြကရိုးေနျပီျဖစ္ေပမဲ႕ ဒီတစ္ခါေတာ့
က်ြန္ေတာ့္ရင္ထဲမွာ မခံစားနိုင္ေတာ့လို့ပါ။

အေမ့ကိုအရမ္းလြမ္းတယ္။တစ္ကယ္ေတာ့
က်ြန္ေတာ္ ပင္ပန္းေနျပီ။အေမသာ ရွိေနရင္
က်ြန္ေတာ္လည္း ကေလးတစ္ေယာက္လို
မ်ိဳး အေမ့ရင္ခြင္ထဲ ခိုဝင္ေနခ်င္တယ္။
ေျပာခ်င္တာကို စိတ္ထဲမွာရွိတဲ႕အတိုင္း
ဖြင့္ေျပာခြင့္ရခ်င္ျပီး ငိုခ်င္လာတဲ႕အခါ
အေမ့ကို အားကိုးတျကီးဖက္တြယ္ထား
ခ်င္တယ္။က်ြန္ေတာ္ အဲ႕ဒီအခြင့္အေရး
ေလးပဲ ရခ်င္တာပါ။

မီးေရာင္မွိန္ပ်ပ်အခန္းက်ဥ္းထဲမွာ ျကမ္းျပင္
ေပၚဒူးနွစ္ဖက္ေထာက္ မ်က္နွာအပ္လ်က္
ထိုင္ျပီးငိုေနမိတုန္း ေဘးနားကစာေရးစားပြဲ
ပုေလးေပၚက က်ြန္ေတာ္ရဲ႕ ဖုန္းျမည္သံကို
ျကားလိုက္ရသည္။က်ြန္ေတာ့္မွာ ဖုန္းကိုင္ဖို႕
အင္အားမရွိေန။

ဒီအတိုင္းသာ က်ြန္ေတာ္ျငိမ္ေနမိတုန္း
ဖုန္းမည္သံက အဆက္မျပတ္ကိုလာေန
သည္မို႕ ေနလို႕မရေတာ့ပဲဖုန္းကိုဆြဲယူ
လိုက္ရသည္။ဖုန္းမ်က္နွာျပင္ကို မ်က္ရည္
ေတြျကားထဲကေနဝိုးတဝါး ျကည့္လိုက္မိ
ေတာ့ က်ြန္ေတာ္မသိသည့္နံပါတ္စိမ္း
တစ္ခု။ဖုန္းမွားဆက္လာတာမ်ားလား။
စကားမေျပာခ်င္တာေရာ ကိုယ္မသိသည့္
ဖုန္းနံပါတ္ေျကာင့္ေရာ မကိုင္ခ်င္ပဲ ဖုန္းကို
က်ြန္ေတာ္႕ေဘးနားမွာပဲခ်ထားလိုက္မိသည္။
အားအင္မဲ႕စြာနဲ႕ ေခါင္းျပန္ငံု႕ျပီးငိုမည္
အလုပ္ ဖုန္းသံကေနာက္တစ္ျကိမ္ ထပ္
မည္ေနသည္မွာ မကိုင္မခ်င္းကိုေခၚေန
မည့္ပံု။ဘယ္သူဆက္ေနတာလဲ ဘာျဖစ္လို႕
က်ြန္ေတာ့္ကို ေအးေအးေဆးေဆးငိုခြင့္
ေလးေတာင္မေပးရတာလဲ။ဖုန္းသံက်ယ္က
အိမ္ေရွ႕မွာ အေဖတို႕ျကားသြားနိုင္သည္မို႕
က်ြန္ေတာ္မေနသာေတာ့ပဲမ်က္ရည္ေတြကို
လက္နွစ္ဖက္နဲ႕သုတ္ပစ္ျပီး ကိုင္လိုက္
ရသည္။

"ဘယ္သူလဲ ခင္ဗ်"

ဖုန္းကိုနားမွာကပ္ျပီး က်ြန္ေတာ္ထူးလိုက္
တာ ခဏျကာတဲ႕အခ်ိန္ထိတစ္ဖက္က
ဘာမွမေျပာ။က်ြန္ေတာ္ငိုသံမထြက္ေန
ေအာင္ ပါးျပင္ကမ်က္ရည္ေတြကိုပို၍
ခပ္ျကမ္းျကမ္း ဖိသုတ္ေနခ်ိန္။

"ဆုလာဘ္ဝန္း"

တစ္ဖက္က က်ြန္ေတာ့္နမယ္ေခၚသံေျကာင့္
မ်က္ရည္ ဖိသုတ္ေနသည့္က်ြန္ေတာ့္
လက္ေတြ ရပ္တန္႕သြားျပီး ရင္ေတြတုန္
ကာ အံ႕ျသစိတ္ေျကာင့္ အငိုပင္ရပ္သြား
ရသည္။

ဖုန္းကိုနားကေနခြာေနျပီး နံပါတ္ကိုျပန္
ျကည့္မိကာ လင္းေနတဲ႕ဖုန္းမ်က္နွာျပင္
ကိုျကည့္ရင္း တစ္ခဏေျကာင္အေနမိသည္။
က်ြန္ေတာ့္နမယ္ေခၚသံ ဒီအသံျကီးကို
က်ြန္ေတာ္ ေကာင္းေကာင္းမွတ္မိေနပါျပီ။

"ခင္ဗ်ား က်ြန္ေတာ့္ဖုန္းနံပါတ္ကို
ဘယ္ ဘယ္က ရတာလဲ"

က်ြန္ေတာ္တုန္တုန္ရီရီနဲ႕ ေမးလိုက္တဲ႕
အခ်ိန္ တစ္ဖက္ကကိုမင္းစစ္ေျကာင္းက
ဆီက ရယ္သံျကားလိုက္ရသည္။

"မင္းအသံကဘာျဖစ္ေနတာလဲ ငိုေန
တာလား"

"မ မဟုတ္ပါဘူး။ခင္ဗ်ားက်ြန္ေတာ့္ကို
ဘာေျပာစရာရွိလို႕ဆက္တာလဲ ဘာကိစၥ
ရွိလို႕လဲ ခင္ဗ်ား"

"ေျပာစရာရွိမွဆက္ရမွာလား"

က်ြန္ေတာ္ဘာျပန္ေျပာရမည္ မသိေတာ့ပဲ
ျငိမ္ေနမိျပီး စိတ္ေတြလည္းနည္းနည္းတို
လာသည္။က်ြန္ေတာ္တို႕ျကားမွာကတိေပး
ထားတဲ႕ကိစၥေျကာင့္သာ က်ြန္ေတာ္ဖုန္းမခ်
ပဲနားေထာင္ေနရတာ။အခုဆိုရင္ ရည္မြန္နဲ႕
ကိုဝဏၰတို႕အတြဲေျကာင့္ က်ြန္ေတာ္တို႕
နွစ္ဖြဲ႕ကလည္း ေတာ္ေတာ္ေလးခင္ေနျက
ျပီေလ။

ဒီရက္ပိုင္း ကိုမင္းစစ္ေျကာင္းက ေက်ာင္း
မွာက်ြန္ေတာ့္ကိုေတြ႕ရင္ အေနာက္ကေန
က်ြန္ေတာ့္ေခါင္းကို ဆံပင္ဆြဲဖြသြားတာက
တစ္မ်ိဳး ကိုဝဏၰရည္မြန္ကိုေတြ႕ဖို႕ က်ြန္
ေတာ္တို႕အေဆာင္ေအာက္မွာ လာေစာင့္
ေနတဲ႕အခါ သူပါလိုက္လာျပီး က်ြန္ေတာ္
ပုန္းေနတာကို သူ႕ကိုေျကာက္မွန္းသိလို႔
စိုက္ျကည့္ျပီး စေနတာကတစ္မ်ိဳး။က်ြန္
ေတာ့္အစ္ကိုကိစၥေျကာင့္သာ က်ြန္ေတာ္
ေတာင္းပန္တာကို သူလက္ခံထားလို႕
က်ြန္ေတာ္သည္းခံေနရတာ။

"ငါအသည္းကြဲေနတယ္"

"ခင္ဗ်ား အသည္းကြဲေနရင္ ခင္ဗ်ား
ေကာင္မေလးကို ဖုန္းဆက္ျပီးသြားေျပာ
ပါလား။ဘာလို႕က်ြန္ေတာ့္ကို လာေျပာေန
တာလဲ"

"ငါ မင္းကိုပဲေျပာခ်င္တာ"

က်ြန္ေတာ္ ျပန္ေျပာဖို႕ရာ စကားေတြဆြံ႕အ
သြားျပီး ဖုန္းခ်လိုက္ခ်င္စိတ္ကိုေတာ္ေတာ္
ေလးထိန္းထားရသည္။လူက ဗိုက္ဆာျပီး
ဝမ္းနည္းလို႕ငိုေနပါတယ္ဆိုမွ ဘာေတြလာ
ေျပာေနမွန္းမသိဘူး။

ဖုန္းဆက္ျပီးေတာ့ပါ စေနတဲ႕အထိ ဒီလူ
က်ြန္ေတာ့္ကို စေနာက္ရတာေတာ္ေတာ္
ေလး ေပ်ာ္ေနတယ္ထင္တယ္။

"ခင္ဗ်ား မူးေနတာလား"

က်ြန္ေတာ္စိတ္တိုတိုနဲ႕ ေျပာလိုက္မိေတာ့
ကိုမင္းစစ္ေျကာင္းက ဘာမွမေျပာေတာ့ပဲ
တခဏတိတ္ဆိတ္သြားသည္။

"မင္းကိုငါ fbမွာaddထားတာအခုထိ
ဘာလို႕ လက္မခံေသးတာလဲ"

"က် က်ြန္ေတာ္လိုင္းမတက္ရေသးလို႕"

"အခုခ်က္ခ်င္း လိုင္းတက္ျပီးလက္ခံလိုက္"

"က်ြန္ေတာ့္မွာ လိုင္းတက္ဖို႕ေဘမရွိဘူး"

"မင္းအစ္ကိုကို ေခါင္းကြဲေစခ်င္ေနျပီနဲ႕တူတယ္"

က်ြန္ေတာ္ ဝမ္းနည္းေနတာေတြေတာင္
ဘယ္ကိုေရာက္သြားမွန္း မသိေတာ့ပဲစိတ္
ေတြတိုလာသည္။တစ္ဖက္ကျခိမ္းေျခာက္
သည့္ အသံဆိုးျကီးေျကာင့္ က်ြန္ေတာ္
ထိတ္လန္႕ျပီး ေတာ္ေတာ္ေလးစိတ္တိုလာ
သည္ကိုထိန္းေနရကာ။

"လက္ခံမယ္ အခုခ်က္ခ်င္းလိုင္းတက္ျပီး
လက္ခံလိုက္မယ္ ရျပီလား ခင္ဗ်ား။ဒါပဲ
မလား ခင္ဗ်ားေျပာခ်င္တာ က်ြန္ေတာ္
ဖုန္းခ်လိုက္ျပီ"

က်ြန္ေတာ္ ခ်က္ခ်င္းပဲဖုန္းခ်လိုက္ျပီး
လိုင္းဖြင့္ဖို႕ျပင္လိုက္ရတယ္။သူေျပာတာ
ဟုတ္ေသာ္ရွိမဟုတ္ေသာ္ရွိ က်ြန္ေတာ္က
ေျကာက္ေနရတဲ႕သူမလား။လိုင္းဖြင့္ဖို႕
ေဘမရွိလို႕ လက္က်န္ေလးပါကုန္သြားမွာ
စိုးလို႕ က်ြန္ေတာ္လိုင္းမတက္ျဖစ္တာ
နွစ္ရက္ရွိေနျပီ။

တုန္တုန္ရီရီနဲ႕က်ြန္ေတာ္ လိုင္းဖြင့္လိုက္
ျခင္းပင္ ကိုမင္းစစ္ေျကာင္းတစ္ကယ္ပဲ
က်ြန္ေတာ့္ကိုfbမွာ လာအပ္ထားတာကို
ေတြ႕လိုက္ရသည္။ဒီအစ္ကိုျကီးသူ႕
ေကာင္မေလးနဲ႕ ျပတ္သြားတာေတာ္
ေတာ္ေလး အားေနတယ္ထင္တယ္။ဘာ
ရယ္မဟုတ္ သူ႕accထဲဝင္ျကည့္လိုက္မိ
ေတာ့ friend listထဲမွာ နမယ္ျကီးေန
တဲ႕ ေမာ္ဒယ္မမေတြရဲ႕accမ်ားစြာကိုအရင္
ေတြ႕လိုက္ရသည္။ဟြန္း နွာဘူးမွန္းက်ြန္
ေတာ္သိသားပဲ။

အသည္းကြဲေနတယ္သာ ေျပာတာwall
ထဲမွာလည္း သူ႕ေကာင္မေလးအေျကာင္း
feelထားတဲ႕post တစ္ခုတစ္ေလေတာင္
မေတြ႕။မေန႕တစ္ေန႕ကမွကိုရန္နိုင္တင္ထားတဲ႕postထဲမွာ သူတို႕သူငယ္ခ်င္းေတြ
အားလံုးကိုtagထားျပီး ေသအတူရွင္မကြာ
ဆိုတဲ႕captionနဲ႕ အရက္ဝိုင္းဖြဲ႕ ေသာက္
ေနျကသည့္ ပံုေတြကိုတင္ထားသည္။
အသည္းကြဲလို႕ အရက္သြားေသာက္တာ
မဟုတ္ပဲ သူတို႕သူငယ္ခ်င္းေတြ စုမိတိုင္း
အရက္ေသာက္ေနျကကို။က်ြန္ေတာ့္မွာ
ေတာ့ စိတ္မေကာင္းေတြျဖစ္ေနလိုက္ရတာ။
ဟိုအစ္မျကီး ထားသြားတာ နည္းေတာင္
နည္းေသးတယ္။

က်ြန္ေတာ္ ဆက္မျကည့္ခ်င္ေတာ့ပဲ
ကိုမင္းစစ္ေျကာင္းaccကို acceptနွိပ္
လိုက္လိုက္ခ်င္းမွာပဲ က်ြန္ေတာ့္ဆီကို
ကိုမင္းစစ္ေျကာင္းစာပို႕လာေတာ့ လန္႕
ေတာင္သြားရသည္။က်ြန္ေတာ့္ေဘက
mbဝယ္ထားတာ ကုန္ေတာ့မွာမို႕လို႕မဖြင့္
ျကည့္နိုင္ေသးပဲ လိုင္းဖြင့္ရတာနဲ႕တန္
ေအာင္ new feedျကည့္ေနလိုက္ျပီး
ေမမီတို႕ ပို႕ထားတဲ႕စာေတြျပန္ေနတုန္း
က်ြန္ေတာ့္ကို ကိုမင္းစစ္ေျကာင္းက
အဆက္မျပတ္ စာပို႕ေနသည္။

စာမျပန္ရင္ က်ြန္ေတာ့္ကိုဘာေတြထပ္ျပီး
ျခိမ္းေျခာက္အံုးမည္ ဆိုတာမသိနိုင္တာနဲဲ႕
ေဘမကုန္ခင္ က်ြန္ေတာ္ဝင္ျကည့္လိုက္
ေတာ့ chat headအေပၚကအဝိုင္းလည္
ေနသည္မို႕ က်ြန္ေတာ္တစ္အံ႕တစ္ျသပင္
ျဖစ္သြားရသည္။က်ြန္ေတာ္စာျပန္မွာကို
ေစာင့္ေနတာလား။

"ဆုလာဘ္ဝန္း"

"ဆုလာဘ္ဝန္း"

"ဆုလာဘ္ဝန္း"

က်ြန္ေတာ့္နမယ္ကိုပဲ ေခၚေနသည့္စာေတြ
ပို႕ထားေတာ့ က်ြန္ေတာ္စိတ္တိုတိုနဲ႕။

"ဘာလဲ ခင္ဗ်ား။ဘာေျပာစရာရွိလို႕လို႕လဲ"

က်ြန္ေတာ္ စာမျပန္မခ်င္းေခၚေနမွာကိုသိ
ေသာေျကာင့္ျပန္ပို႕ျပီး ေဒါသထြက္ထြက္နဲ႕
စိတ္ဆိုးေနသည့္ emojiေတြပါပို႕လိုက္
သည္။

"ဘယ္လိုျဖစ္လို႕ စိတ္ေတြဆိုးေနတာလဲ"

"ဘယ္သူကခင္ဗ်ားကို စိတ္ဆိုးေနလို႕လဲ"

"မင္းရုပ္ေလးက အခုခ်ိန္စိတ္ဆိုးလို႕
ဆူပုတ္ေနမွာ မဟုတ္ဘူးလား"

ေတြ႕လား က်ြန္ေတာ္သူ႕ကိုေျကာက္မွန္း
သိလို႕ တစ္မင္သက္သက္လိုက္စေနတာ
ပါဆို။

က်ြန္ေတာ္စိတ္ဆိုးဆိုးနဲ႕ ဆက္မေျပာခ်င္
ေတာ့ပဲchat headထဲကထြက္ဖို႕ျပင္ေန
တုန္း စာပို႕လာျပန္သည္။ဒီတစ္ခါေတာ့
photoပို႕လာတာ။က်ြန္ေတာ္ျကည့္လိုက္
ေတာ့ ခ်စ္စရာကေလးမေလးတစ္ေယာက္
နႈတ္ခမ္းဆူပုတ္ျပီး လိုခ်င္တာမရသလို
ငိုမဲ႕မဲ႕နွင့္ပံု။

"မင္းနဲ႕မတူဘူးလား"

က်ြန္ေတာ္ စိတ္တိုျပီးနႈတ္ခမ္းအနည္းငယ္
ဆူပုတ္မိမလိုလုပ္မိျပီးမွ အေယာင္ေယာင္
အမွားမွားနွင့္ ေခါင္းခါျပီးစာျပန္ရိုက္လိုက္ကာ။

"မတူပါဘူး"

"တူတယ္"

"ခင္ဗ်ား ေတာ္ေတာ္ေလးအားေနလား
စကား ေျပာစရာလူမရွိဘူးလား"

"မရွိဘူး"

"က်ြန္ေတာ္အိပ္ရေတာ့မယ္ လိုင္းပိတ္
ေတာ့မယ္ ဒါပဲဗ်"

က်ြန္ေတာ္ လိုင္းပိတ္မယ္ေျပာလိုက္ေတာ့
ကိုမင္းစစ္ေျကာင္း စာပို႕တာခဏရပ္သြား
ေပမဲ႕ chat headအေပၚကအဝိုင္းလည္
ေနဆဲပင္။သူ႕accထဲမွာ ေကာင္မေလးေတြ
ဒီေလာက္မ်ားတာ ေျပာစရာလူမရွိဘူး
ဆိုတာ ျဖစ္နိုင္လား။

"အေစာျကီး အိပ္တာလား"

"က်ြန္ေတာ့္မွာေဘမရွိေတာ့ဘူး ခနေန
ကုန္ေတာ့မွာ out pဗ်ဒါပဲ"

"good night ကေလးေပါက္စ"

က်ြန္ေတာ္ ဘာမွျပန္မေျပာေတာ့ပဲ
ေဘကုန္ေတာ့မာမို႕လို႕ အျမန္ လိုင္းပိတ္
လိုက္ရသည္။ခုနက ငိုေနတာကိုပဲဆက္ငို
ရမလား စိတ္ေတြပဲတိုရမလား ဘာလုပ္ရ
မလည္း က်ြန္ေတာ္မသိေတာ့။တစ္မင္
သက္သက္ က်ြန္ေတာ့္ကိုလာေနာက္ေနျပီး
က်ြန္ေတာ့္ရဲ႕ လက္က်န္ေဘေလးကိုပါ
ကုန္ေအာင္လုပ္သြားတယ္။

ကိုယ့္ဘာသာ ဝမ္းနည္းျပီးငိုေနတာေတာင္
ေအးေအးေဆးေဆးမငိုရဘူး။အေနွာင့္အ
ယွက္ေတြက ရွိလိုက္ေသးတယ္။ဒါေပမဲ႕
စိတ္ညစ္ေနတဲ႕ အခ်ိန္တစ္ေယာက္
ေယာက္နဲ႕ စကားေျပာလိုက္ရေတာ့
က်ြန္ေတာ္ ဝမ္းနည္းစိတ္ေတြေပ်ာက္သြား
သလို ရွိတာကိုေတာ့ ဝန္ခံရမည္။

ဒီအတိုင္းေနေနရင္း က်ြန္ေတာ္ဘာမွလုပ္
စရာမရွိတာနဲ႕ ေစာေစာအိပ္ေတာ့မို႕ျပင္ေန
တုန္းက်ြန္ေတာ့္ဖုန္းဆီမက္ေဆ့ဝင္လာသံကို
ျကားလိုက္ရျပီးက်ြန္ေတာ္ျကည့္လိုက္ေတာ့။

က်ြန္ေနာ့္ အျမင္အာရံုေတြမ်ား တစ္ခုခု
ခ်ိဳ႕ယြင္းသြားတာလား။မ်က္လံုးနွစ္ဖက္ကို
ျပန္ပြတ္ကာ အထပ္ထပ္အခါခါေသခ်ာ
ေအာင္ ျကည့္လိုက္ေပမဲ႕ တစ္ကယ္ပဲ
က်ြန္ေတာ့္ဖုန္းထဲကို ေဘတစ္ေသာင္းဝင္
လာသည့္ မက္ေဆ့ပို႕လာတာအမွန္ပင္။
တစ္အံ႕တစ္ျသျဖစ္မိျပီး လက္ေတြတုန္ရီ
လာတဲ႕အထိ အရင္ဆံုးအေပ်ာ္လြန္ကာ
စိတ္လႈပ္ရွားေနမိျပီးမွ ေနရင္းထိုင္ရင္း
က်ြန္ေတာ့္ဖုန္းထဲကို ေဘတစ္ေသာင္း
ဘယ္လို ဝင္လာတာလဲဆိုတာစဥ္းစား
မိသည္။ဘယ္သူက်ြန္ေတာ့္ကို ေဘထည့္
ေပးလိုက္တာလဲ။က်ြန္ေတာ့္ကိုမုန္႕ဖိုးပဲ
အျမဲေပးတတ္တဲ႕ ကိုေဇာ္ကေတာ့ဒါမ်ိဳး
ထည့္ေပးမွာမဟုတ္ဘူး။ဘယ္ ဘယ္သူလဲ။

က်ြန္ေတာ့္အေတြးေတြကို ေခါင္းခါရမ္းျပီး
မျဖစ္နိုင္ပါဘူးဆိုျပီး ရင္ေတြတုန္ကာ
စဥ္းစားေနပါေသာ္လည္း က်ြန္ေတာ့္ကို
ေဘထည့္ေပးမဲ႕သူက ဘယ္သူမွရွိတာ
မဟုတ္ဘူး။ခုနကသူ႕ကို ေဘကုန္ေတာ့
မယ္လို႕ေျပာလိုက္မိတယ္။တစ္ကယ္ပဲ
ကိုမင္းစစ္ေျကာင္း။

ဒီအစ္ကိုျကီး က်ြန္ေတာ့္ကိုေနာက္ေနတာ
မ်ားလား။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Unicode

လက်ရှိဖြစ်နေတဲ့ အခြေအနေကိုကိုယ်
ဖြေရှင်းနိုင်စွမ်းမဲ့စွာ ကိုယ့်အိမ်ထိရောက်
လာပြီး ကိုယ့်မျက်စိရှေ့မှာထိုင်နေတဲ့
မိန်းကလေးကို စိတ်မလုံစွာအားနာလွန်း
နေသည်။ကိုယ့်အိမ်ကိုယ့်ရာဖြစ်သော်
လည်းအနေခက်သလို ခံစားနေရပြီးပြော
စရာမဲ့စွာ အခုထိစကားတစ်ခွန်းမှမစမိသေး။

"သမီးလေး အအေးသောက်နော်။သား
ကလည်း သမီးကိုစကားလေးဘာလေး
ပြောပြီး ဧည့်မခံထားဘူးလား"

"အားနာလိုက်တာ အန်တီ"

"ဘာမှအားနာစရာမလိုဘူး အန်တီခေါ်
လိုက်လို့လာလည်တာပဲ နောက်လဲအမြဲ
လာရတော့မှာလေ။သမီးလေး အမလေး
ချောလိုက်တာ လှလိုက်တာကွယ်"

အမေကတော့ တစ်ဖက်ကမိန်းကလေး
ဘေးနားမှာဝင်ထိုင်ပြီး ပြုံးပျော်နေကာ
လိုတာထပ်ပိုပြီးဖော်ရွေပြနေလေပြီ။

နန်းမူယာဆိုတဲ့ ကောင်မလေးကတော့
ကိုယ်နဲ့ဆန့်ကျင်ဘက် နည်းနည်းလေးမှ
အနေခက်နေပုံမပေါ် အမေ့ကိုအလိုက်
အထိုက်စကား ပြန်ပြော နိုင်သည်။

"ဇော်က မူယာလာတာနေရခက်နေသလို
ပဲထင်တယ် အိမ်လာတာမကြိုက်လို့လား"

"မဟုတ်ပါဘူးသမီးရယ် သားကအဲ့လိုပဲ။
စကားကလည်းနည်းပြီး အနေအေးတော့
ဘာပြောရမှန်းမသိ ဖြစ်နေတာ။သမီးကို
စကားလေး ဘာလေးပြောလေသား"

ကိုယ့်ကိုပြုံးပြီးပြောနေတဲ့ အမေ့ကိုကြည့်
လိုက်တော့ အမေကမျက်လုံးနဲ့အချက်ပြ
ပြီးနန်းမူယာကို စကားပြောလိုက်ဖို့ညွှန်ပြ
နေလေပြီ။သူ့သား အတွက်ချွေးမကောင်း
ရဖို့စိတ်အားထက်သန်နေတဲ့အမေ့ကိုလဲ
အပြစ်မမြင်ရက်။တစ်ဖက်ကမိန်းကလေး
ကလည်း အမေလိုချင်နေတဲ့ပုံစံနဲ့အညီ
ချောမောလှပပြီး ခပ်သွက်သွက်ကောင်မလေး
မလား။

"ကျောင်းတက်ရတာ အဆင်ပြေလားခင်ဗျ"

"ပြေပါတယ် ကျောင်းဖွင့်တာလဲသိပ်မ
ကြာသေးတော့ pressureတော့သိပ်
မရှိသေးဘူး။စာမေးပွဲနီးရင်တော့ ကြိုးစား
ရတော့မှာပေါ့ နောက်ဆုံးတစ်နှစ်လေးပဲ
ကျန်တော့တာမလား ဇော်ရဲ့"

"ကျောင်းပြီးရင် ဘာလုပ်ဖို့စဉ်းစားထား
လဲ သမီး"

အမေ့ စကားကို အရှက်သည်းသလို
ခေါင်းငုံ့သွားတဲ့ မိန်းကလေးကိုကြည့်
ရင်း ကိုယ်တော့မဖြစ်နိုင်တာကို လော
လောဆည် အခြေအနေမှာအေးချမ်းသွား
ရင် ကိုယ်နောက်မှအချိန်ယူဖွင့်ပြောမယ်
ဆိုပြီးလက်ခံခဲ့မိတာမှားပြီလား အတွေး
တွေဝင်လာသည်။

ကိုယ့်ရဲ့မိဘတွေကို သတ္တိမရှိ ဖွင့်မပြော
ရဲမှုကြောင့်တစ်ဖက်က မိန်းကလေးကို
ထိခိုက်သွားရင် ကိုယ်နောင်တရလို့ဆုံး
မှာမဟုတ်ဘူး။

"သမီးလေးထမင်းစားတော့မလား ဒီနေ့
သမီး လာမယ်ဆိုတော့အန်တီကသမီး
အမေကို ဖုန်းဆက်မေးပြီး သမီးကြိုက်
တတ်တာလေးတွေ ကိုယ်တိုင်ချက်ထား
တာ။အားလုံးပြင်ပြီးပြီ"

"အဲ့တာဆို အန်တီ့လက်ရာ စားရတော့
မှာပေါ့"

"ဒါပေါ့ကွယ် သား ထမင်းစားခန်းထဲသမီး
ကို အရှေ့ကနေခေါ်သွားပေးလိုက်လေ။
အမေခြံတံခါးဖွင့်သံကြားလို့ အိမ်အပြင်
ခဏသွားကြည့်လိုက်အုံးမယ်"

ထိုင်နေရာကနေထပြီး ထမင်းစားခန်းထဲ
သွားကြမယ်လုပ်ရာ ခြံရှေ့မှာအသံကြား
တယ်ဆိုပြီး အိမ်ပြင်ကိုအမေထွက်သွား
သည်။

ကိုယ်နဲ့နှစ်ယောက်တည်းကျန်ခဲ့
တာနဲ့ အနေရမခက်စေရန်တစ်ဖက်က
မိန်းကလေးကိုဧည့်ဝတ်ကြေအောင်
လေးစားသမှုနဲ့ ကိုယ်ပြုံးပြလိုက်ပြီး။

"ဒီဘက်ကိုလာပါ နန်းမူယာ"

"မူယာလို့ပဲခေါ်ပါ။မူယာလဲ ဇော်လို့ပဲ
ခေါ်မယ်နော်"

ကိုယ့်ကိုပြန်ပြုံးပြသည့် ကောင်မလေးက
တစ်ကယ်ကို ဒီခေတ်ကောင်မလေးတွေ
စကားသွက်မည့်ပုံ။

ထမင်းစားခန်းသွားဖို့ လုပ်နေရာမှအိမ်ရှေ့
မှာ အမေစကားပြောနေတာ ဆုလာဘ်
အသံကြားလိုက်မိသလိုပဲ။ကိုယ်ပဲနားကြား
မှားတာလား။

နန်းမူယာကိုပြုံးပြပြီးခဏခွင့်တောင်းကာ
ကိုယ်အလျင်အမြန်ပင် အိမ်ရှေ့ထွက်လာ
ခဲ့တော့ သူ့ညီလေးလက်ကိုဆွဲပြီး ခြံ
အပြင်ပြန် ထွက်သွားတာ ဆုလာဘ်မှ
ဆုလာဘ်ပါ။ကိုယ်တားမယ်လုပ်လိုက်ပေမဲ့
အမေက ခြံတံခါးပိတ်ပြီးနေပြီးထွက်သွား
တဲ့ ဆုလာဘ်ရဲ့ အရိပ်အယောင်တောင်
မမြင်ရတော့။ဒီကောင်လေးက အိမ်လာ
တာ ဘာလို့ဒီအတိုင်းပြန်သွားရတာလဲ။

"အမေ ခုနကလာသွားတာ ဆုလာဘ်
မလား။ဘာလို့အိမ်ထဲမဝင်လာပဲပြန်သွား
တာလဲ"

"အမေက သားဧည့်သည်ရောက်နေတယ်
လို့ပြောလိုက်တာနဲ့ ဆုလာဘ်ကမဝင်
တော့ဘူး နောက်မှပဲလာခဲ့တော့မယ်ဆို
ပြီးပြန်သွားတာ။အားနာလို့ဖြစ်မှာပေါ့
ပြန်သွားတာလဲ ခပ်ကောင်းကောင်းပဲ
ဟိုကလေးပါလာရင်ငိုပြီး ဆူညံနေမှာနဲ့
သမီးကိုအားနာစရာ"

"အမေကလည်းဗျာ ဆုလာဘ်ကသားဆီ
လာတာကို ဘာလို့အိမ်ထဲပေးမဝင်ပဲ
နှင်ထုတ် လိုက်တာလဲ"

"အမလေးတော် ဒီမအေကနှင်ထုတ်တဲ့
စကားတစ်ခွန်းမှ မပြောလိုက်ရပါဘူးအေ"

အမေနဲ့စကားပြောနေတုန်း နန်းမူယာက
အိမ်ရှေ့ကိုထွက်လာသဖြင့် အမေရော
ကိုယ်ပါ မျက်နှာပြင်ပြီး စကားစဖြတ်
လိုက်ရသည်။

"ဘာဖြစ်ကြလို့လဲဟင် ဘယ်သူပြန်သွား
လို့လဲဇော်"

"ကိုယ့်ညီလေးပါ"

"ဇော့်မှာ ညီလေးရှိတယ်လို့မကြားမိပါဘူး"

"ဒီလိုသမီးရေ အဲ့ဒီကလေးကငယ်ငယ်
လေးထဲက သူ့အမေရောဂါနဲ့ဆုံးသွားပြီး
အဖေက နောက်အိမ်ထောင်ပြုလိုက်တယ်
လေ။ကောင်လေးက အမေမရှိတော့ပဲ
မိထွေးနဲ့ကြီးပြင်းလာခဲ့ရတော့အရင်က
အိမ်နီးချင်းလည်းဖြစ်ခဲ့တာနဲ့အန်တီတို့က
သနားပြီးလိုအပ်တာလေးတွေ ကူညီပေး
နေတာ။လိမ်မာပြီး စကားနားထောင်တော့
သားကလည်း သူ့ညီလေးလိုပဲသဘော
ထားတယ်လေ"

အမေပြောပြတာကို ခေါင်းတစ်ညိတ်ညိတ်
နဲ့နားထောင်ပြီး နန်းမူယာက
အားနာနေသလိုပြုံးသည်။

"မူယာ ရှိနေလို့ပြန်သွားတာလား အဲ့ဒီ
ကောင်လေးက။အားနာစရာတွေတော့
ဖြစ်ကုန်ပြီရယ်"

"မဟုတ်တာ အဲ့ဒီကလေးကဒီလိုပဲအိမ်
ကို ဝင်ထွက်သွားလာနေကြဘာမှမဖြစ်ဘူး
စိတ်ထဲမထားနဲ့။အိမ်ထဲဝင်ရအောင်သမီး
လာ"

အမေနဲ့အတူယှဉ်တွဲပြီး ဝင်သွားသည့်
မိန်းကလေးကိုကြည့်ပြီး ကိုယ်သက်ပြင်း
တွေချကာ စိတ်တွေလေးလံလာသည်။
စိတ်ထဲတော့ဘယ်လိုမှနေ၍ မကောင်း။
ဆုလာဘ်အကြောင်းကို အမေပြောပြနေ
တာ ကိုယ်နားမထောင်ချင်သလို ကိုယ့်
ညီလေးကို သူစိမ်းတစ်ယောက်ကသနား
စရာလိုမြင်သွားမှာကို လုံးဝမကြိုက်ဘူး။

ခြံတံခါးကိုပြန်ကြည့်မိပြီး ဒေါသတွေလည်း
အနည်းငယ်ဖြစ်မိပါရဲ့။ဒီကောင်လေးက
တော့ အိမ်ထိရောက်လာပြီးမှ ဘာလို့ပြန်
သွားရတာလဲ။ဧည့်သည်ရောက်နေလို့
အားနာပြီးပြန်သွားရအောင် သူစိမ်းတွေ
မှမဟုတ်တာ ကိုယ့်အစ်ကိုဆီကိုယ်လာ
တာပဲ ဘာတွေဂရုစိုက်နေမှန်းမသိဘူး။
ဒီကောင်လေး အခုတစ်လော
တစ်ယောက်ထဲ ထူးဆန်းနေသည့်ကိစ္စ
ကိုလည်း တွေ့ရင်မေးမယ်လို့ စဉ်းစား
ထားတာ အခုတော့မမေးဖြစ်လိုက်ရပြန်
တော့ဘူး ထင်ပါတယ်။

________________________

"ရေခဲမုန့် အောက်ကိုမပြုတ်ကျစေနဲ့နော်
အငယ်လေး။ကိုင်ပြီးစားတတ်တယ်မလား"

"သိတယ် ဆုလာဘ်"

မုန့်စားရမယ်ဆိုတော့ အငယ်လေးတို့
စကားတောင်များများမပြောနိုင် ရေခဲမုန့်
ခွက်ကိုကိုင်ပြီးငုံ့စားနေသည်။ကျွန်တော်
တို့ညီအစ်ကိုနှစ်ယောက် ကျောင်းပိတ်
ရက်မှာ ကိုဇော်ဆီသွားလည်တာ မတွေ့ခဲ့
ရလို့ အိမ်အပြန် လမ်းထိပ်ကမုန့်ဆိုင်မှာ
ရေခဲမုန့်နှစ်ခွက်ဝယ်ပြီး ပြန်လာခဲ့သည်။
ကိုဇော်နဲ့သဘောတူထားတဲ့အစ်မကြီး
ရောက်နေတယ်ဆိုတော့ ကလေးကလည်း
ပါလာတာနဲ့ဝင်လို့မသင့် အန်တီကအရမ်း
ကိုပျော်နေတဲ့ပုံဆိုတော့လည်း ကျွန်တော့်
ဘက်ကသိတတ်ရမှာပေါ့။

ဟိုအစ်မကြီးက အခုအိမ်ထိတောင်လာနေ
ပြီဆိုတော့ ကိုဇော်ကိုတစ်ကယ်ပဲသဘော
ကျနေပြီထင်ပါတယ်။ကိုဇော် ဘယ်လိုလုပ်
မှာလဲ။ကျွန်တော့်အစ်ကို စိတ်ပင်ပန်းနေ
မယ်ဆိုတာတွေးမိရင်း စိတ်ထဲမှာတော်
တော်လေးမကောင်း ကျွန်တော်လည်း
ဘာမှမကူညီပေးနိုင်တော့။

"ဆုလာဘ် မင်းမစားရင်မင့်ရေခဲမုန့်ငါ
ငါ့ကျွေး"

"အမယ် စားမာပေါ့"

ကျွန်တော်က လက်ထဲမှာရေခဲမုန့်ကိုင်ပြီး
အတွေးများနေတုန်း အငယ်လေးကကျွန်
တော့်ရေခဲမုန့်ကိုကြည့်ပြီး စားချင်နေ
သည့်ပုံနှင့်မို့ စပြီးပြန်ပြောရင်းရယ်မိရ
သည်။သူ့ရေခဲမုန့်လည်းမကုန်သေးပဲ
စားလက်စ ပါးစပ်မှာပေရီနေသည်များကို
ကျွန်တော်သုတ်ပေးလိုက်ချိန် ကျွန်တော့်
ညီလေးကပြုံးပြီးကြည့်တော့ ကျွန်တော့်
စိတ်မကောင်းပဲသက်ပြင်းတွေချမိသည်။
စကားပြောရင် အသံမပီသလိုထစ်ကာ
တုန်ရီနေတဲ့ ကျွန်တော့်ညီလေးကို
ကျောင်းစတက်ရတဲ့အခါ ကလေးသဘာဝ
သူငယ်ချင်းတွေများ စကြလေမလား
ကျွန်တော်စိုးရိမ်နေမိတယ်။ကျွန်တော်
အမြဲတမ်း စဉ်းစားထားတာ ကျွန်တော်
ကျောင်းပြီးလို့ အလုပ်ရတဲ့ အခါပိုက်ဆံ
စုပြီး ကျွန်တော့်ညီလေးကိုသူငယ်ချင်းတွေ
ကြားထဲ အားမငယ်ရအောင်ထားဖို့ပါပဲ။

မုန့်စားရလို့ပြုံးပျော်နေတဲ့ အငယ်လေး
ကိုကြည့်ရင်း ကျွန်တော့်ခွက်ထဲကပါယူ
ကျွေးလိုက်ပြီး ကျန်တာပဲစားလိုက်တော့
သည်။ကျောင်းပိတ်ရက်နေပူပူမှာ ပျင်းက
လည်း ပျင်းနေတာမို့ကျွန်တော်တို့ညီအစ်
ကိုနှစ်ယောက် အိမ်ရှေ့ကြမ်းပြင်မာထိုင်
ရင်းရေခဲမုန့်လုစားပြီး ကစားနေရတာပျော်
စရာ။မလုံးကတော့ ဆူညံတယ်ဆိုပြီးအိမ်
နောက်ဖေးဝင်သွားရာကနေ ပြန်မထွက်
လာတော့။

"ဟဲ့ ကလေးကို ဘာတွေကျွေးနေတာလဲ'

ခြံဝကနေအိမ်ထဲကိုဝင်လာတဲ့အန်တီဆွေ
ကြောင့် ကျွန်တော်ရုတ်တရက်လန့်သွားရ
ပြီး အငယ်လေးကတော့ကျွန်တော့်နားပို
တိုးလာသည်။

"ငါ့သားကို ဒီလိုအပေါစားတွေမကျွေးနဲ့
လို့ ဘယ်နှစ်ခါပြောရမလဲ။ကလေးက
ငယ်သေးတာ လည်ချောင်းနာပြီးချောင်း
ဆိုးရင် ဘယ်လိုလုပ်မလဲ"

ကျွန်တော် အပြိုင်မပြောတော့ချင်တာမို့
အငယ်လေး လက်ထဲကရေခဲမုန့်ခွက်
အကျန်ကို သိမ်းလိုက်သည်။သူကျွေးချင်
တဲ့အချိန်ကျရင်တော့ ဆေးသကြားများ
တဲ့ရောင်စုံရေခဲချောင်းတွေ ဝယ်ကျွေး
တာပဲ။ကျွန်တော့်ကို ပြောချင်နေတာနဲ့
ကလေး မျက်နှာကိုတောင်မကြည့်။

"ဆိုစမ်းပါအုံး နင်တို့ကျူရှင်ကဖွင့်နေ
ပြီလား"

"ဗျာ"

ခုံပေါ်မှာ ထိုင်လိုက်တဲ့ အန်တီဆွေကို
ကျွန်တော်မကြည့်ချင်တာမို့ ကြမ်းပြင်
ပေါ်မှာပဲထိုင်နေရင်း အငယ်လေးဘက်
လှည့်ထားနေတုန်း။

"ငါ့ကို နင့်သူငယ်ချင်းဟိုငစွာမလေး
အမေက နင့်ကိုကျူရှင်ပေးမတက်ဘူး
လား သူငယ်ချင်းတွေကြားထဲမျက်နှာငယ်
မယ် ဘာမယ်နဲ့ပြောသွားတာ ရစရာကို
မရှိဘူး။နင်ကျောင်းမှာစာမလိုက်နိုင်ဘူး
လားဆုလာဘ် အတန်းသာမှန်မှန်တက်
ပြီး စာလိုက်ကြည့်ရင်အပိုပိုက်ဆံကုန်
အောင် အဲ့ဒီကျူရှင်ကတက်စရာလိုမလား"

"ကျွန်တော် လိုက်နိုင်ပါတယ်'

"အေး ပြီးမှနင့်အဖေကိုကျူရှင်တက်မယ်
လို့သွားမပြောနဲ့ အိမ်မှာစားဖို့သောက်ဖို့
တောင်နင့်အဖေကအနိုင်နိုင်ရှာနေရတာ
ကျူရှင်စရိတ်နဲ့သာဆို ငတ်ကြရုံပဲရှိတော့
တယ်။နင့်အဖေက ပိုက်ဆံသာမရှိတာ
နင်သွားပြောရင် ကျူရှင်ထားပေးမှာပဲ"

"အဖေ ဟိုတစ်လောကကျွန်တော့်ကို
ကျူရှင်တွေဖွင့်ရင်ပြောလို့မှာထားတယ်"

"ဟဲ့အဲ့တာကသူကအဖေလေ ဒီလောက်
တော့ပြောမှာပဲ နင်ကအိမ်အခြေအနေကို
မသိဘူးလား။နည်းနည်းပါးပါး အလိုက်သိ
မယ်ဆိုတာမရှိဘူး နင့်သူငယ်ချင်းတွေနဲ့
အလေလိုက်ပြီး ကျူရှင်အတူတူတက်ချင်
နေတယ်ပေါ့လေ ဟုတ်လား"

ကျွန်တော် အန်တီဆွေကိုပြန်မပြောမိ
အောင် ဘာမှဆက်မပြောတော့ပဲနေနေ
လိုက်ကာ ဝမ်းနည်းစိတ်ကိုထိန်းနေရ
သည်။အတိတ်နိုင်ဆုံး အိမ်မာဆူဆူညံညံ
မဖြစ်ချင်တော့ ရှောင်နေပါသော်လည်း
ကျွန်တော့်ကိုတွေ့တာနဲ့ တစ်ခုမဟုတ်
တစ်ခု အပြစ်တင်ပြီးပြောလိုက်ရမှပင်။

အဖေ့က ကျွန်တော်ကိုကျူရှင်ကိစ္စနဲ့
ပတ်သက်ပြီးပြောပြီးသားကို အခုအဖေ့ကို
သွားမပြောအောင်ကြိုတင်ပြီးနှုတ်ပိတ်
နေတာ။

"သားငယ် အဲ့တာတွေမစားပါနဲ့ဆိုတာ
အမေပြောတာမကြားဘူးလား အခုပစ်
ထုတ်လိုက်"

ကျွန်တော်တို့ ဘာတွေပြောနေလဲမသိပဲ
အငယ်လေးကကလေးပီပီ ကျွန်တော်
သိမ်းလိုက်တဲ့ရေခဲမုန့်ခွက်ကိုလက်နဲ့
သွားဆွဲနေတော့ သူ့အမေကထိုင်ခုံပေါ်
ကနေ လှမ်းအော်တော့သည်။ကျွန်တော်
တောင်လန့်တဲ့ အန်တီဆွေအသံကို
ကလေးက မကြောက်ပဲဘယ်နေမလဲ။

"သားငယ် ဘာလို့ငိုတာလဲ။လာ အမေ့
ဆီလာ"

"ဆုလာဘ်"

သူ့အမေခေါ်နေတာကိုမသွားပဲ လန့်ပြီး
ငိုကာ ကျွန်တော့်ဆီပြေးလာတဲ့အငယ်
လေးကို ဖက်ထားပေးလိုက်တော့သူ့
အမေကိုတစ်ကယ်ကြောက်နေတဲ့ပုံ။
အနောက်ကနေအန်တီဆွေ ဘာတွေ
ပြောနေမှန်း ကျွန်တော်မသိတော့ပဲ
ကျွန်တော့် ညီလေးမကြားရအောင်နား
နှစ်ဖက်ကို လက်နဲ့ပိတ်ထားပေးရသည်။

သူဆူနေတာက ကျွန်တော့်ကိုပေမဲ့
အငယ်လေးက ကျွန်တော့်ကိုခင်တွယ်
လွန်းပြီး ဒီအရွယ်ကလေးကသူ့အမေကို
စိတ်ထဲမှာ မလိုချင်မုန်းတီးသွားမှာမျိုး
တော့မလိုလား။အဖေမရှိတဲ့အချိန်ကျွန်
တော့်ကို အကြောင်းမရှိအကြောင်းရှာဆူ
နေတာကို ကျွန်တော်က ဒီဘဝမှာနေသား
ကျနေခဲ့ပါပြီ။

_______________________

"ဆုလာဘ်ရော ဒီနေ့အပြင်ထွက်တာ
မတွေ့ပါလား။ထမင်းထွက်မစားဘူးလား"

"တော့်သားက ညနေက စားပြီးပြီလေ ။
သူ့ဘာသာ အပြင်မထွက်ချင်လို့အခန်း
ထဲမှာနေနေတာဖြစ်မာပေါ့။ဟဲ့မိလုံး အဲ့မာ
ဖုန်းပဲထိုင်ပြောမနေနဲ့ ထမင်းနည်းနည်းပဲ
ကျန်တော့တယ် မငတ်ချင်ရင်မြန်မြန်
သွားစား"

"ဆုလာဘ် စားရသေးဘူး။ညနေက
အဝတ်လျော်နေတာသား သားတွေ့တယ်"

"အော် အမေကမြင်လို့ပြောနေတာလေ။
သားငယ်တိတ်တိတ်နေစမ်း ဒီကိုလာ"

အိမ်ရှေ့ထွက်ဖို့ ခန်းစီးလိပ်ကာကိုကိုင်
ထားသည့် ကျွန်တော့်လက်တွေရပ်တန့်
သွားရသည်။

အဖေနဲ့အငယ်လေး အနားကိုသွားချင်
ပေမဲ့ခြေလှမ်းတွေဆက်မလှမ်းချင်တော့ပဲ
ကျွန်တော့်အခန်းဆီကိုပဲ ပြန်လှည့်လာခဲ့
လိုက်တော့သည်။တစ်ကယ်တော့ကျွန်တော်
ထမင်း မစားရသေးပါဘူး။

အခန်းထဲပြန်ရောက်တော့ တံခါးပိတ်ပြီး
ဗိုက်ဆာနေတာရော ဝမ်းနည်းတာရော
ပေါင်းကာ ကြမ်းပြင်ပေါ်မှာထိုင်ချရက်နဲ့
ပင်ငိုမိပြီး မျက်ရည်တွေကျဆင်းလာသည်
ကို ထိန်းမထားနိုင်တော့ပါ။အသံမထွက်
အောင်ခေါင်းငုံပြီး ရှိုက်ငိုနေရတာခေါင်းတွေ
ပင်မူးလာပြီး မျက်ရည်တွေမသုတ်ပစ်နိုင်
တော့။ကျွန်တော့်အတွက် ဒီလိုအခြေအနေ
တွေကရိုးနေပြီဖြစ်ပေမဲ့ ဒီတစ်ခါတော့
ကျွန်တော့်ရင်ထဲမှာ မခံစားနိုင်တော့လို့ပါ။

အမေ့ကိုအရမ်းလွမ်းတယ်။တစ်ကယ်တော့
ကျွန်တော် ပင်ပန်းနေပြီ။အမေသာ ရှိနေရင်
ကျွန်တော်လည်း ကလေးတစ်ယောက်လို
မျိုး အမေ့ရင်ခွင်ထဲ ခိုဝင်နေချင်တယ်။
ပြောချင်တာကို စိတ်ထဲမှာရှိတဲ့အတိုင်း
ဖွင့်ပြောခွင့်ရချင်ပြီး ငိုချင်လာတဲ့အခါ
အမေ့ကို အားကိုးတကြီးဖက်တွယ်ထား
ချင်တယ်။ကျွန်တော် အဲ့ဒီအခွင့်အရေး
လေးပဲ ရချင်တာပါ။

မီးရောင်မှိန်ပျပျအခန်းကျဉ်းထဲမှာ ကြမ်းပြင်
ပေါ်ဒူးနှစ်ဖက်ထောက် မျက်နှာအပ်လျက်
ထိုင်ပြီးငိုနေမိတုန်း ဘေးနားကစာရေးစားပွဲ
ပုလေးပေါ်က ကျွန်တော်ရဲ့ ဖုန်းမြည်သံကို
ကြားလိုက်ရသည်။ကျွန်တော့်မှာ ဖုန်းကိုင်ဖို့
အင်အားမရှိနေ။

ဒီအတိုင်းသာ ကျွန်တော်ငြိမ်နေမိတုန်း
ဖုန်းမည်သံက အဆက်မပြတ်ကိုလာနေ
သည်မို့ နေလို့မရတော့ပဲဖုန်းကိုဆွဲယူ
လိုက်ရသည်။ဖုန်းမျက်နှာပြင်ကို မျက်ရည်
တွေကြားထဲကနေဝိုးတဝါး ကြည့်လိုက်မိ
တော့ ကျွန်တော်မသိသည့်နံပါတ်စိမ်း
တစ်ခု။ဖုန်းမှားဆက်လာတာများလား။
စကားမပြောချင်တာရော ကိုယ်မသိသည့်
ဖုန်းနံပါတ်ကြောင့်ရော မကိုင်ချင်ပဲ ဖုန်းကို
ကျွန်တော့်ဘေးနားမှာပဲချထားလိုက်မိသည်။
အားအင်မဲ့စွာနဲ့ ခေါင်းပြန်ငုံ့ပြီးငိုမည်
အလုပ် ဖုန်းသံကနောက်တစ်ကြိမ် ထပ်
မည်နေသည်မှာ မကိုင်မချင်းကိုခေါ်နေ
မည့်ပုံ။ဘယ်သူဆက်နေတာလဲ ဘာဖြစ်လို့
ကျွန်တော့်ကို အေးအေးဆေးဆေးငိုခွင့်
လေးတောင်မပေးရတာလဲ။ဖုန်းသံကျယ်က
အိမ်ရှေ့မှာ အဖေတို့ကြားသွားနိုင်သည်မို့
ကျွန်တော်မနေသာတော့ပဲမျက်ရည်တွေကို
လက်နှစ်ဖက်နဲ့သုတ်ပစ်ပြီး ကိုင်လိုက်
ရသည်။

"ဘယ်သူလဲ ခင်ဗျ"

ဖုန်းကိုနားမှာကပ်ပြီး ကျွန်တော်ထူးလိုက်
တာ ခဏကြာတဲ့အချိန်ထိတစ်ဖက်က
ဘာမှမပြော။ကျွန်တော်ငိုသံမထွက်နေ
အောင် ပါးပြင်ကမျက်ရည်တွေကိုပို၍
ခပ်ကြမ်းကြမ်း ဖိသုတ်နေချိန်။

"ဆုလာဘ်ဝန်း"

တစ်ဖက်က ကျွန်တော့်နမယ်ခေါ်သံကြောင့်
မျက်ရည် ဖိသုတ်နေသည့်ကျွန်တော့်
လက်တွေ ရပ်တန့်သွားပြီး ရင်တွေတုန်
ကာ အံ့သြစိတ်ကြောင့် အငိုပင်ရပ်သွား
ရသည်။

ဖုန်းကိုနားကနေခွာနေပြီး နံပါတ်ကိုပြန်
ကြည့်မိကာ လင်းနေတဲ့ဖုန်းမျက်နှာပြင်
ကိုကြည့်ရင်း တစ်ခဏကြောင်အနေမိသည်။
ကျွန်တော့်နမယ်ခေါ်သံ ဒီအသံကြီးကို
ကျွန်တော် ကောင်းကောင်းမှတ်မိနေပါပြီ။

"ခင်ဗျား ကျွန်တော့်ဖုန်းနံပါတ်ကို
ဘယ် ဘယ်က ရတာလဲ"

ကျွန်တော်တုန်တုန်ရီရီနဲ့ မေးလိုက်တဲ့
အချိန် တစ်ဖက်ကကိုမင်းစစ်ကြောင်းက
ဆီက ရယ်သံကြားလိုက်ရသည်။

"မင်းအသံကဘာဖြစ်နေတာလဲ ငိုနေ
တာလား"

"မ မဟုတ်ပါဘူး။ခင်ဗျားကျွန်တော့်ကို
ဘာပြောစရာရှိလို့ဆက်တာလဲ ဘာကိစ္စ
ရှိလို့လဲ ခင်ဗျား"

"ပြောစရာရှိမှဆက်ရမှာလား"

ကျွန်တော်ဘာပြန်ပြောရမည် မသိတော့ပဲ
ငြိမ်နေမိပြီး စိတ်တွေလည်းနည်းနည်းတို
လာသည်။ကျွန်တော်တို့ကြားမှာကတိပေး
ထားတဲ့ကိစ္စကြောင့်သာ ကျွန်တော်ဖုန်းမချ
ပဲနားထောင်နေရတာ။အခုဆိုရင် ရည်မွန်နဲ့
ကိုဝဏ္ဏတို့အတွဲကြောင့် ကျွန်တော်တို့
နှစ်ဖွဲ့ကလည်း တော်တော်လေးခင်နေကြ
ပြီလေ။

ဒီရက်ပိုင်း ကိုမင်းစစ်ကြောင်းက ကျောင်း
မှာကျွန်တော့်ကိုတွေ့ရင် အနောက်ကနေ
ကျွန်တော့်ခေါင်းကို ဆံပင်ဆွဲဖွသွားတာက
တစ်မျိုး ကိုဝဏ္ဏရည်မွန်ကိုတွေ့ဖို့ ကျွန်
တော်တို့အဆောင်အောက်မှာ လာစောင့်
နေတဲ့အခါ သူပါလိုက်လာပြီး ကျွန်တော်
ပုန်းနေတာကို သူ့ကိုကြောက်မှန်းသိလို့
စိုက်ကြည့်ပြီး စနေတာကတစ်မျိုး။ကျွန်
တော့်အစ်ကိုကိစ္စကြောင့်သာ ကျွန်တော်
တောင်းပန်တာကို သူလက်ခံထားလို့
ကျွန်တော်သည်းခံနေရတာ။

"ငါအသည်းကွဲနေတယ်"

"ခင်ဗျား အသည်းကွဲနေရင် ခင်ဗျား
ကောင်မလေးကို ဖုန်းဆက်ပြီးသွားပြော
ပါလား။ဘာလို့ကျွန်တော့်ကို လာပြောနေ
တာလဲ"

"ငါ မင်းကိုပဲပြောချင်တာ"

ကျွန်တော် ပြန်ပြောဖို့ရာ စကားတွေဆွံ့အ
သွားပြီး ဖုန်းချလိုက်ချင်စိတ်ကိုတော်တော်
လေးထိန်းထားရသည်။လူက ဗိုက်ဆာပြီး
ဝမ်းနည်းလို့ငိုနေပါတယ်ဆိုမှ ဘာတွေလာ
ပြောနေမှန်းမသိဘူး။

ဖုန်းဆက်ပြီးတော့ပါ စနေတဲ့အထိ ဒီလူ
ကျွန်တော့်ကို စနောက်ရတာတော်တော်
လေး ပျော်နေတယ်ထင်တယ်။

"ခင်ဗျား မူးနေတာလား"

ကျွန်တော်စိတ်တိုတိုနဲ့ ပြောလိုက်မိတော့
ကိုမင်းစစ်ကြောင်းက ဘာမှမပြောတော့ပဲ
တခဏတိတ်ဆိတ်သွားသည်။

"မင်းကိုငါ fbမှာaddထားတာအခုထိ
ဘာလို့ လက်မခံသေးတာလဲ"

"ကျ ကျွန်တော်လိုင်းမတက်ရသေးလို့"

"အခုချက်ချင်း လိုင်းတက်ပြီးလက်ခံလိုက်"

"ကျွန်တော့်မှာ လိုင်းတက်ဖို့ဘေမရှိဘူး"

"မင်းအစ်ကိုကို ခေါင်းကွဲစေချင်နေပြီနဲ့တူတယ်"

ကျွန်တော် ဝမ်းနည်းနေတာတွေတောင်
ဘယ်ကိုရောက်သွားမှန်း မသိတော့ပဲစိတ်
တွေတိုလာသည်။တစ်ဖက်ကခြိမ်းခြောက်
သည့် အသံဆိုးကြီးကြောင့် ကျွန်တော်
ထိတ်လန့်ပြီး တော်တော်လေးစိတ်တိုလာ
သည်ကိုထိန်းနေရကာ။

"လက်ခံမယ် အခုချက်ချင်းလိုင်းတက်ပြီး
လက်ခံလိုက်မယ် ရပြီလား ခင်ဗျား။ဒါပဲ
မလား ခင်ဗျားပြောချင်တာ ကျွန်တော်
ဖုန်းချလိုက်ပြီ"

ကျွန်တော် ချက်ချင်းပဲဖုန်းချလိုက်ပြီး
လိုင်းဖွင့်ဖို့ပြင်လိုက်ရတယ်။သူပြောတာ
ဟုတ်သော်ရှိမဟုတ်သော်ရှိ ကျွန်တော်က
ကြောက်နေရတဲ့သူမလား။လိုင်းဖွင့်ဖို့
ဘေမရှိလို့ လက်ကျန်လေးပါကုန်သွားမှာ
စိုးလို့ ကျွန်တော်လိုင်းမတက်ဖြစ်တာ
နှစ်ရက်ရှိနေပြီ။

တုန်တုန်ရီရီနဲ့ကျွန်တော် လိုင်းဖွင့်လိုက်
ခြင်းပင် ကိုမင်းစစ်ကြောင်းတစ်ကယ်ပဲ
ကျွန်တော့်ကိုfbမှာ လာအပ်ထားတာကို
တွေ့လိုက်ရသည်။ဒီအစ်ကိုကြီးသူ့
ကောင်မလေးနဲ့ ပြတ်သွားတာတော်
တော်လေး အားနေတယ်ထင်တယ်။ဘာ
ရယ်မဟုတ် သူ့accထဲဝင်ကြည့်လိုက်မိ
တော့ friend listထဲမှာ နမယ်ကြီးနေ
တဲ့ မော်ဒယ်မမတွေရဲ့accများစွာကိုအရင်
တွေ့လိုက်ရသည်။ဟွန်း နှာဘူးမှန်းကျွန်
တော်သိသားပဲ။

အသည်းကွဲနေတယ်သာ ပြောတာwall
ထဲမှာလည်း သူ့ကောင်မလေးအကြောင်း
feelထားတဲ့post တစ်ခုတစ်လေတောင်
မတွေ့။မနေ့တစ်နေ့ကမှကိုရန်နိုင်တင်ထားတဲ့postထဲမှာ သူတို့သူငယ်ချင်းတွေ
အားလုံးကိုtagထားပြီး သေအတူရှင်မကွာ
ဆိုတဲ့captionနဲ့ အရက်ဝိုင်းဖွဲ့ သောက်
နေကြသည့် ပုံတွေကိုတင်ထားသည်။
အသည်းကွဲလို့ အရက်သွားသောက်တာ
မဟုတ်ပဲ သူတို့သူငယ်ချင်းတွေ စုမိတိုင်း
အရက်သောက်နေကြကို။ကျွန်တော့်မှာ
တော့ စိတ်မကောင်းတွေဖြစ်နေလိုက်ရတာ။
ဟိုအစ်မကြီး ထားသွားတာ နည်းတောင်
နည်းသေးတယ်။

ကျွန်တော် ဆက်မကြည့်ချင်တော့ပဲ
ကိုမင်းစစ်ကြောင်းaccကို acceptနှိပ်
လိုက်လိုက်ချင်းမှာပဲ ကျွန်တော့်ဆီကို
ကိုမင်းစစ်ကြောင်းစာပို့လာတော့ လန့်
တောင်သွားရသည်။ကျွန်တော့်ဘေက
mbဝယ်ထားတာ ကုန်တော့မှာမို့လို့မဖွင့်
ကြည့်နိုင်သေးပဲ လိုင်းဖွင့်ရတာနဲ့တန်
အောင် new feedကြည့်နေလိုက်ပြီး
မေမီတို့ ပို့ထားတဲ့စာတွေပြန်နေတုန်း
ကျွန်တော့်ကို ကိုမင်းစစ်ကြောင်းက
အဆက်မပြတ် စာပို့နေသည်။

စာမပြန်ရင် ကျွန်တော့်ကိုဘာတွေထပ်ပြီး
ခြိမ်းခြောက်အုံးမည် ဆိုတာမသိနိုင်တာနဲ့
ဘေမကုန်ခင် ကျွန်တော်ဝင်ကြည့်လိုက်
တော့ chat headအပေါ်ကအဝိုင်းလည်
နေသည်မို့ ကျွန်တော်တစ်အံ့တစ်သြပင်
ဖြစ်သွားရသည်။ကျွန်တော်စာပြန်မှာကို
စောင့်နေတာလား။

"ဆုလာဘ်ဝန်း"

"ဆုလာဘ်ဝန်း"

"ဆုလာဘ်ဝန်း"

ကျွန်တော့်နမယ်ကိုပဲ ခေါ်နေသည့်စာတွေ
ပို့ထားတော့ ကျွန်တော်စိတ်တိုတိုနဲ့။

"ဘာလဲ ခင်ဗျား။ဘာပြောစရာရှိလို့လို့လဲ"

ကျွန်တော် စာမပြန်မချင်းခေါ်နေမှာကိုသိ
သောကြောင့်ပြန်ပို့ပြီး ဒေါသထွက်ထွက်နဲ့
စိတ်ဆိုးနေသည့် emojiတွေပါပို့လိုက်
သည်။

"ဘယ်လိုဖြစ်လို့ စိတ်တွေဆိုးနေတာလဲ"

"ဘယ်သူကခင်ဗျားကို စိတ်ဆိုးနေလို့လဲ"

"မင်းရုပ်လေးက အခုချိန်စိတ်ဆိုးလို့
ဆူပုတ်နေမှာ မဟုတ်ဘူးလား"

တွေ့လား ကျွန်တော်သူ့ကိုကြောက်မှန်း
သိလို့ တစ်မင်သက်သက်လိုက်စနေတာ
ပါဆို။

ကျွန်တော်စိတ်ဆိုးဆိုးနဲ့ ဆက်မပြောချင်
တော့ပဲchat headထဲကထွက်ဖို့ပြင်နေ
တုန်း စာပို့လာပြန်သည်။ဒီတစ်ခါတော့
photoပို့လာတာ။ကျွန်တော်ကြည့်လိုက်
တော့ ချစ်စရာကလေးမလေးတစ်ယောက်
နှုတ်ခမ်းဆူပုတ်ပြီး လိုချင်တာမရသလို
ငိုမဲ့မဲ့နှင့်ပုံ။

"မင်းနဲ့မတူဘူးလား"

ကျွန်တော် စိတ်တိုပြီးနှုတ်ခမ်းအနည်းငယ်
ဆူပုတ်မိမလိုလုပ်မိပြီးမှ အယောင်ယောင်
အမှားမှားနှင့် ခေါင်းခါပြီးစာပြန်ရိုက်လိုက်ကာ။

"မတူပါဘူး"

"တူတယ်"

"ခင်ဗျား တော်တော်လေးအားနေလား
စကား ပြောစရာလူမရှိဘူးလား"

"မရှိဘူး"

"ကျွန်တော်အိပ်ရတော့မယ် လိုင်းပိတ်
တော့မယ် ဒါပဲဗျ"

ကျွန်တော် လိုင်းပိတ်မယ်ပြောလိုက်တော့
ကိုမင်းစစ်ကြောင်း စာပို့တာခဏရပ်သွား
ပေမဲ့ chat headအပေါ်ကအဝိုင်းလည်
နေဆဲပင်။သူ့accထဲမှာ ကောင်မလေးတွေ
ဒီလောက်များတာ ပြောစရာလူမရှိဘူး
ဆိုတာ ဖြစ်နိုင်လား။

"အစောကြီး အိပ်တာလား"

"ကျွန်တော့်မှာဘေမရှိတော့ဘူး ခနနေ
ကုန်တော့မှာ out pဗျဒါပဲ"

"good night ကလေးပေါက်စ"

ကျွန်တော် ဘာမှပြန်မပြောတော့ပဲ
ဘေကုန်တော့မာမို့လို့ အမြန် လိုင်းပိတ်
လိုက်ရသည်။ခုနက ငိုနေတာကိုပဲဆက်ငို
ရမလား စိတ်တွေပဲတိုရမလား ဘာလုပ်ရ
မလည်း ကျွန်တော်မသိတော့။တစ်မင်
သက်သက် ကျွန်တော့်ကိုလာနောက်နေပြီး
ကျွန်တော့်ရဲ့ လက်ကျန်ဘေလေးကိုပါ
ကုန်အောင်လုပ်သွားတယ်။

ကိုယ့်ဘာသာ ဝမ်းနည်းပြီးငိုနေတာတောင်
အေးအေးဆေးဆေးမငိုရဘူး။အနှောင့်အ
ယှက်တွေက ရှိလိုက်သေးတယ်။ဒါပေမဲ့
စိတ်ညစ်နေတဲ့ အချိန်တစ်ယောက်
ယောက်နဲ့ စကားပြောလိုက်ရတော့
ကျွန်တော် ဝမ်းနည်းစိတ်တွေပျောက်သွား
သလို ရှိတာကိုတော့ ဝန်ခံရမည်။

ဒီအတိုင်းနေနေရင်း ကျွန်တော်ဘာမှလုပ်
စရာမရှိတာနဲ့ စောစောအိပ်တော့မို့ပြင်နေ
တုန်းကျွန်တော့်ဖုန်းဆီမက်ဆေ့ဝင်လာသံကို
ကြားလိုက်ရပြီးကျွန်တော်ကြည့်လိုက်တော့။

ကျွန်နော့် အမြင်အာရုံတွေများ တစ်ခုခု
ချို့ယွင်းသွားတာလား။မျက်လုံးနှစ်ဖက်ကို
ပြန်ပွတ်ကာ အထပ်ထပ်အခါခါသေချာ
အောင် ကြည့်လိုက်ပေမဲ့ တစ်ကယ်ပဲ
ကျွန်တော့်ဖုန်းထဲကို ဘေတစ်သောင်းဝင်
လာသည့် မက်ဆေ့ပို့လာတာအမှန်ပင်။
တစ်အံ့တစ်သြဖြစ်မိပြီး  အရင်ဆုံးအပျော်
လွန်ကာစိတ်လှုပ်ရှားနေမိပြီးမှ နေရင်းထိုင်
ရင်း ကျွန်တော့်ဖုန်းထဲကိုဘေတစ်သောင်း
ဘယ်လို ဝင်လာတာလဲဆိုတာစဉ်းစား
မိသည်။ဘယ်သူကျွန်တော့်ကို ဘေထည့်
ပေးလိုက်တာလဲ။ကျွန်တော့်ကိုမုန့်ဖိုးပဲ
အမြဲပေးတတ်တဲ့ ကိုဇော်ကတော့ဒါမျိုး
ထည့်ပေးမှာမဟုတ်ဘူး။ဘယ် ဘယ်သူလဲ။

ကျွန်တော့်အတွေးတွေကို ခေါင်းခါရမ်းပြီး
မဖြစ်နိုင်ပါဘူးဆိုပြီး ရင်တွေတုန်ကာ
စဉ်းစားနေပါသော်လည်း ကျွန်တော့်ကို
ဘေထည့်ပေးမဲ့သူက ဘယ်သူမှရှိတာ
မဟုတ်ဘူး။ခုနကသူ့ကို ဘေကုန်တော့
မယ်လို့ပြောလိုက်မိတယ်။တစ်ကယ်ပဲ
ကိုမင်းစစ်ကြောင်း။

ဒီအစ်ကိုကြီး ကျွန်တော့်ကိုနောက်နေတာ
များလား။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

627K 60.1K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
784K 25.1K 31
" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘ...
1.5M 63.1K 74
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.3M 46K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd