[Zawgyi]
'ကိုျမတ္ ကိုယ့္ကို ေျပာစရာရွိလို႔ဆို ဘာေျပာမလို႔လဲ ေျပာေလ'
ေသြးခန္႔ လက္ထဲမွာ ကိုင္ထားတဲ့ ေကာ္ဖီခြက္ကို တစ္ခ်က္ေမာ့ေသာက္ၿပီး ေရာက္ကတည္းက ခုထိ စကားမေျပာေသးပဲ ၿငိမ္သက္ေနတဲ့ သူ႔ေရွ႕က မင္းျမတ္ကို စိုက္ၾကည့္ၿပီး ေမးမိသည္။ ေသြးခန္႔ အသံၾကားေတာ့မွ ငံု႔ေနတဲ့ မင္းျမတ္ ေခါင္းက ေထာင္လာၿပီး ေသြးခန္႔ မ်က္ဝန္းေတြကို စိုက္ၾကည့္လာသည္။ ျမင္တာ မမွားဘူးဆိုရင္ ေသြးခန္႔ရဲ႕ က်ဆံုးရာ အဲ့ မ်က္ဝန္းေလးေတြက အရည္ၾကည္ေလးေတြ ရစ္သိုင္းေနသလားလို႔ ...
'ပိန္သြားလိုက္တာ ကိုခန္႔ရာ ဒီၾကားထဲ ေတာ္ေတာ္ေနမေကာင္းျဖစ္ေနတာလား ဂရုစိုက္ဦးမွေပါ့'
ေမးတဲ့ေမးခြန္းနဲ႔ ဆန္႔က်င္စြာ ထြက္လာတဲ့ အေျဖက သူ႔လို အေမးတစ္ခုသာ ... လြန္ခဲ့တဲ့ ရက္ပိုင္းေလာက္က ခါးသက္သက္ စကားေတြကို ဆိုခဲ့ၿပီး ခုက်မွ သူမဟုတ္ သလို ဂရုစိုက္ေနျပန္လုိက္တာ ...
'အဟြန္းးး စိတ္ေထာင္းလို႔ ကိုယ္ေၾကတယ္ဆိုတာမ်ိဳး ၾကားဖူးလား ကိုျမတ္'
'ငါေလ ငါ ...'
မင္းျမတ္က ေမးလာေတာ့ ေျပာခ်င္ေနတဲ့ စကားကို မင္းျမတ္ရဲ႕ မ်က္ဝန္းေတြကို စိုက္ၾကည့္ၿပီး ေသြးခန္႔ ေျဖမိသည္။ ေသြးခန္႔ရဲ႕ အေျဖအဆံုး နာက်င္သြားတာလား ... ဘာလဲ အဲ့ မ်က္ဝန္းေတြက ... ရက္ရက္စက္စက္ေျပာထားခံရတာက ေသြးခန္႔ေလ ... နာက်င္ရမွာက ကိုယ္ကိုယ္တိုင္ ျဖစ္ေနရင္နဲ႔ ေသြးခန္႔ရဲ႕ က်ဆံုးရာ အဲ့မ်က္ဝန္းၾကည္ၾကည္ေလးေတြေၾကာင့္ သူနာက်င္မွာ ပိုေတာင္ ေၾကာက္မိသည္။ ေစာက္မွတ္မရွိျပန္ပါေရာ ေသြးခန္႔ေရ ...
'ငါ ေတာင္းပန္ပါတယ္ ကိုခန္႔ အဲ့ ... အဲ့ေန႔ကေလ ငါအဲ့ေလာက္ မေျပာခဲ့သင့္ဘူး ေအးေအးေဆးေဆးေျပာလဲ ဒီစကားေတြပဲကို ငါလြန္သြားတယ္ ငါ တကယ္ေတာင္းပန္ပါတယ္'
'ေအးေဆးေျပာလဲ ဒီစကားပဲဆိုေပမယ့္ ကိုျမတ္ ကိုယ့္ကို ျငင္းခဲ့တာကေတာ့ ေျပာင္းလဲသြားလို႔လား'
ေသြးခန္႔ရဲ႕ တံုျပန္ စကားတို႔ ေအာက္မွာ မင္းျမတ္ အေျဖမဲ့ခဲ့ရျပန္ပါသည္။ ဒါေပမယ့္လဲ ဘာမွ ျပန္မေျဖျဖစ္ေသး ... တကယ္ မွားခဲ့တာကလဲ ကိုယ္ျဖစ္ေနတာေၾကာင့္ ... ကိုယ့္ရဲ႕ ရက္ရက္စက္စက္ စကားေတြေၾကာင့္ ေသြးခန္႔က စ္ိတ္ထိခိုက္ၿပီး ေနမေကာင္းမက်န္းမာ ျဖစ္ရေလာက္တဲ့ အထိလား ...
'ကိုျမတ္ကို ကိုယ္အဲ့ေန႔က ေျပာခဲ့ ၿပီးသား စခ်စ္ကတည္းက ေစာက္ရူးထေနလို႔ မဟုတ္ဘူးဆိုတာ ကိုျမတ္က အခု ကိုယ္နဲ႔ စကားေျပာခ်င္တယ္ဆိုတာ အရင္လို ဆက္ဆံေရး ျပန္ရေအာင္ ကိုယ့္ကို နားခ်မလို႔လား ကိုယ္ အဆံုးစြန္ထိ ေျပာခဲ့ၿပီးသားေနာ္ ကိုျမတ္ေရာ ကိုယ္ေရာ အဲ့အေျခအေနျပန္သြားၾကမယ္ဆိုရင္ေတာင္ ဘာမွမျဖစ္ခဲ့သလို ျပန္ေနနိုင္မယ္ဆိုတာ ေသခ်ာလား'
'.....'
'ခင္ဗ်ားကေလ တစ္ကိုယ္ေကာင္းသိပ္ဆန္တယ္ သိလား ေျပာခဲ့ၿပီးေပမယ့္ ထပ္ေျပာခ်င္တာက ခင္ဗ်ားက တစ္ကိုယ္ေကာင္း သိပ္ဆန္တယ္ဆိုတာပဲ အခု ကိုယ္ေျပာေနသလိုမ်ိဳး အရင္အေျခအေနအတိုင္း ျပန္ေရာက္တဲ့ အခါ အရင္လို စိတ္ရွင္းနိုင္မယ္လို႔ ခင္ဗ်ားက ထင္ေနေသးတာလား ၿပီးေတာ့ အခုေရာ အခုခ်ိန္မွာ ခင္ဗ်ားေရွ႕မွာ လာထိုင္ေနတာ ေစာက္ရမ္းအဆင္ေျပေနတယ္ ထင္ေနလား ဘာမွ မျဖစ္သလို ဟန္ေဆာင္ေနရတာ သိပ္လြယ္တယ္ ထင္လား ခင္ဗ်ားေရွ႕မွာကိုယ္ ၿပိဳလဲေနတာကို ျပရတာ တစ္ႀကိမ္နဲ႔ မလံုေလာက္ဘူးလား ထပ္ၿပိဳလဲ ျပေနရဦးမွာလား'
ေသြးခန္႔ရဲ႕ နာနာက်င္က်င္စကားတို႔ကို မင္းျမတ္ ဆက္နားေထာင္နိုင္စြမ္းမရွိေတာ့ ... ခုလိုျဖစ္ေနရေလာက္ေအာင္ထိ တန္လို႔လား ေသြးခန္႔ရယ္လို႔ မင္းျမတ္ ေတြးမိသည္။ အခုမ်က္နွာခ်င္းဆိုင္ ေသြးခန္႔နဲ႔ ျပန္ေတြ႕ရခ်ိန္မွာ မင္းျမတ္ သိရတာက ကိုယ္ဘက္က အတားအဆီးေတြက ယိုင္နဲ႔နဲ႔ ျဖစ္ေနတယ္ဆိုတာ ... ေသေလာက္တယ္ဆိုတဲ့ နာက်င္စရာ စကားေတြကို ေျပာထားခဲ့တာလဲကိုယ္ ... ခုက်မွ ေသြးခန္႔ နာက်င္ေနတာကို မၾကည့္ရက္ျပန္တာလဲ ကိုယ္ ... ေနာက္ဆံုးေတြ႕ခဲ့တဲ့ ေန႔တုန္းကလဲ မိမိစကားေတြေၾကာင့္ ေသြးခန္႔ နာက်င္ခဲ့ရတာလည္း သိေပမယ့္ မင္းျမတ္လဲ ေသြးပူေနေတာ့ ဘာမွ မေတြးနိုင္ခဲ့ ...
'ငါက အဲ့ေလာက္ထိ ထိုက္တန္ေနလို႔လား'
မေမးဘူးဆိုၿပီး စိတ္ထဲထားထားတဲ့ စကားတစ္ခြန္းကို မင္းျမတ္ ထုတ္ေမးမိသည္။ မင္းျမတ္ အေမးစကားအဆံုးမွာ မင္းျမတ္ကို ေသြးခန္႔က ခနဲ႔ၿပံဳး ၿပံဳးၿပီး ၾကည့္လာသည္။
'ထိုက္တန္တယ္ မတန္ဘူးလို႔ ကိုယ္ေျပာခဲ့လား ကိုယ့္ဘက္က ဘယ္လို သတ္မွတ္ထားတယ္ေရာ သိခဲ့လို႔လား ဒါေတြေတာင္ ဘာမွ မသိခင္ ကိုယ့္ကို တူးခါးေနေအာင္ ျငင္းခဲ့တာ ခင္ဗ်ား မဟုတ္ဘူးလားဗ်ာ'
'ငါေျပာခ်င္တာကေလ ... '
မင္းျမတ္ ဆက္ေျပာမလို႔ လုပ္ၿပီးကာမွ ေသြးခန္႔က လက္ကာျပလာတာမလို႔ ေျပာမယ့္ စကားေတြ ရပ္တန္႔ရသည္။
'အခု ကိုျမတ္ ျဖစ္ေနတာ ကိုယ္သိတယ္ သိစိတ္နဲ႔ မသိစိတ္ လြန္ဆြဲေနတာ ကိုျမတ္ မသိစိတ္က ကိုယ့္ကို လက္ခံခ်င္ရင္ေတာင္ သိစိတ္မွာ ကိုယ္က ေယာက္်ားတစ္ေယာက္ျဖစ္ေနတာေၾကာင့္ လက္မခံနိုင္ဘူးမလား ... အခုခ်ိန္ဆက္ၿပီး စကားေျပာေနရင္လဲ ဒီစကားေတြလဲပဲ လံုးလည္ခ်ာလည္လိုက္ေနမွာ ကိုျမတ္ စိတ္ကို ေသခ်ာနားလည္ၿပီဆို ကိုယ့္တို႔ ထပ္ေတြ႕ၾကတာေပါ့ ကိုယ့္ ေဖေဖက ေနမေကာင္း ျဖစ္ေနလို႔ အျပင္အၾကာႀကီး ထြက္ေနလို႔ အဆင္မေျပဘူး ကိုယ္တို႔ ့ျပန္ရေအာင္'
'ေအာ္ အင္းအင္း ဦးကို ေသခ်ာဂရုစိုက္ ကိုခန္႔'
ျပန္ေျဖစရာ စကားမဲ့ေလာက္တဲ့ အထိ ေသြးခန္႔ရဲ႕ အဆံုးအျဖတ္ အေျပာတို႔ ၾကားမွ မင္းျမတ္ တကယ္ကို နႈတ္ဆိတ္ေနရပါသည္။
မင္းျမတ္အိမ္ကို ေသြးခန္႔လိုက္ပို႔ၿပီးေတာ့လဲ နႈတ္ဆက္စကားေတာင္ တစ္ခြန္းမဆိုပဲ ခ်က္ခ်င္း ျပန္ထြက္သြားသည္။
မင္းျမတ္ရင္ထဲမွာ ေသြးခန္႔အတြက္ ေနရာရွိမရွိ မင္းျမတ္ ေသခ်ာမစဥ္းစားဖူးေသး ... စဥ္းစားဖူးရင္ေတာင္ ေသြးခန္႔ေျပာသလိုပါပဲ ေယာက္်ားနွစ္ေယာက္ျဖစ္ေနတာေၾကာင့္ ဒီလို ကိစၥက ခက္ခဲသည္။
_________
မ်ိဳးတူ ေယာက္်ားနွစ္ေယာက္ရဲ႕ ခ်စ္ျခင္းက တည္ၿမဲမွာတဲ့လား ...
To be continue ...
8th April,2020(Wed)
WhiteAster089
[Unicode]
'ကိုမြတ် ကိုယ့်ကို ပြောစရာရှိလို့ဆို ဘာပြောမလို့လဲ ပြောလေ'
သွေးခန့် လက်ထဲမှာ ကိုင်ထားတဲ့ ကော်ဖီခွက်ကို တစ်ချက်မော့သောက်ပြီး ရောက်ကတည်းက ခုထိ စကားမပြောသေးပဲ ငြိမ်သက်နေတဲ့ သူ့ရှေ့က မင်းမြတ်ကို စိုက်ကြည့်ပြီး မေးမိသည်။ သွေးခန့် အသံကြားတော့မှ ငုံ့နေတဲ့ မင်းမြတ် ခေါင်းက ထောင်လာပြီး သွေးခန့် မျက်ဝန်းတွေကို စိုက်ကြည့်လာသည်။ မြင်တာ မမှားဘူးဆိုရင် သွေးခန့်ရဲ့ ကျဆုံးရာ အဲ့ မျက်ဝန်းလေးတွေက အရည်ကြည်လေးတွေ ရစ်သိုင်းနေသလားလို့ ...
'ပိန်သွားလိုက်တာ ကိုခန့်ရာ ဒီကြားထဲ တော်တော်နေမကောင်းဖြစ်နေတာလား ဂရုစိုက်ဦးမှပေါ့'
မေးတဲ့မေးခွန်းနဲ့ ဆန့်ကျင်စွာ ထွက်လာတဲ့ အဖြေက သူ့လို အမေးတစ်ခုသာ ... လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ခါးသက်သက် စကားတွေကို ဆိုခဲ့ပြီး ခုကျမှ သူမဟုတ် သလို ဂရုစိုက်နေပြန်လိုက်တာ ...
'အဟွန်းးး စိတ်ထောင်းလို့ ကိုယ်ကြေတယ်ဆိုတာမျိုး ကြားဖူးလား ကိုမြတ်'
'ငါလေ ငါ ...'
မင်းမြတ်က မေးလာတော့ ပြောချင်နေတဲ့ စကားကို မင်းမြတ်ရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ပြီး သွေးခန့် ဖြေမိသည်။ သွေးခန့်ရဲ့ အဖြေအဆုံး နာကျင်သွားတာလား ... ဘာလဲ အဲ့ မျက်ဝန်းတွေက ... ရက်ရက်စက်စက်ပြောထားခံရတာက သွေးခန့်လေ ... နာကျင်ရမှာက ကိုယ်ကိုယ်တိုင် ဖြစ်နေရင်နဲ့ သွေးခန့်ရဲ့ ကျဆုံးရာ အဲ့မျက်ဝန်းကြည်ကြည်လေးတွေကြောင့် သူနာကျင်မှာ ပိုတောင် ကြောက်မိသည်။ စောက်မှတ်မရှိပြန်ပါရော သွေးခန့်ရေ ...
'ငါ တောင်းပန်ပါတယ် ကိုခန့် အဲ့ ... အဲ့နေ့ကလေ ငါအဲ့လောက် မပြောခဲ့သင့်ဘူး အေးအေးဆေးဆေးပြောလဲ ဒီစကားတွေပဲကို ငါလွန်သွားတယ် ငါ တကယ်တောင်းပန်ပါတယ်'
'အေးဆေးပြောလဲ ဒီစကားပဲဆိုပေမယ့် ကိုမြတ် ကိုယ့်ကို ငြင်းခဲ့တာကတော့ ပြောင်းလဲသွားလို့လား'
သွေးခန့်ရဲ့ တုံပြန် စကားတို့ အောက်မှာ မင်းမြတ် အဖြေမဲ့ခဲ့ရပြန်ပါသည်။ ဒါပေမယ့်လဲ ဘာမှ ပြန်မဖြေဖြစ်သေး ... တကယ် မှားခဲ့တာကလဲ ကိုယ်ဖြစ်နေတာကြောင့် ... ကိုယ့်ရဲ့ ရက်ရက်စက်စက် စကားတွေကြောင့် သွေးခန့်က စ်ိတ်ထိခိုက်ပြီး နေမကောင်းမကျန်းမာ ဖြစ်ရလောက်တဲ့ အထိလား ...
'ကိုမြတ်ကို ကိုယ်အဲ့နေ့က ပြောခဲ့ ပြီးသား စချစ်ကတည်းက စောက်ရူးထနေလို့ မဟုတ်ဘူးဆိုတာ ကိုမြတ်က အခု ကိုယ်နဲ့ စကားပြောချင်တယ်ဆိုတာ အရင်လို ဆက်ဆံရေး ပြန်ရအောင် ကိုယ့်ကို နားချမလို့လား ကိုယ် အဆုံးစွန်ထိ ပြောခဲ့ပြီးသားနော် ကိုမြတ်ရော ကိုယ်ရော အဲ့အခြေအနေပြန်သွားကြမယ်ဆိုရင်တောင် ဘာမှမဖြစ်ခဲ့သလို ပြန်နေနိုင်မယ်ဆိုတာ သေချာလား'
'.....'
'ခင်ဗျားကလေ တစ်ကိုယ်ကောင်းသိပ်ဆန်တယ် သိလား ပြောခဲ့ပြီးပေမယ့် ထပ်ပြောချင်တာက ခင်ဗျားက တစ်ကိုယ်ကောင်း သိပ်ဆန်တယ်ဆိုတာပဲ အခု ကိုယ်ပြောနေသလိုမျိုး အရင်အခြေအနေအတိုင်း ပြန်ရောက်တဲ့ အခါ အရင်လို စိတ်ရှင်းနိုင်မယ်လို့ ခင်ဗျားက ထင်နေသေးတာလား ပြီးတော့ အခုရော အခုချိန်မှာ ခင်ဗျားရှေ့မှာ လာထိုင်နေတာ စောက်ရမ်းအဆင်ပြေနေတယ် ထင်နေလား ဘာမှ မဖြစ်သလို ဟန်ဆောင်နေရတာ သိပ်လွယ်တယ် ထင်လား ခင်ဗျားရှေ့မှာကိုယ် ပြိုလဲနေတာကို ပြရတာ တစ်ကြိမ်နဲ့ မလုံလောက်ဘူးလား ထပ်ပြိုလဲ ပြနေရဦးမှာလား'
သွေးခန့်ရဲ့ နာနာကျင်ကျင်စကားတို့ကို မင်းမြတ် ဆက်နားထောင်နိုင်စွမ်းမရှိတော့ ... ခုလိုဖြစ်နေရလောက်အောင်ထိ တန်လို့လား သွေးခန့်ရယ်လို့ မင်းမြတ် တွေးမိသည်။ အခုမျက်နှာချင်းဆိုင် သွေးခန့်နဲ့ ပြန်တွေ့ရချိန်မှာ မင်းမြတ် သိရတာက ကိုယ်ဘက်က အတားအဆီးတွေက ယိုင်နဲ့နဲ့ ဖြစ်နေတယ်ဆိုတာ ... သေလောက်တယ်ဆိုတဲ့ နာကျင်စရာ စကားတွေကို ပြောထားခဲ့တာလဲကိုယ် ... ခုကျမှ သွေးခန့် နာကျင်နေတာကို မကြည့်ရက်ပြန်တာလဲ ကိုယ် ... နောက်ဆုံးတွေ့ခဲ့တဲ့ နေ့တုန်းကလဲ မိမိစကားတွေကြောင့် သွေးခန့် နာကျင်ခဲ့ရတာလည်း သိပေမယ့် မင်းမြတ်လဲ သွေးပူနေတော့ ဘာမှ မတွေးနိုင်ခဲ့ ...
'ငါက အဲ့လောက်ထိ ထိုက်တန်နေလို့လား'
မမေးဘူးဆိုပြီး စိတ်ထဲထားထားတဲ့ စကားတစ်ခွန်းကို မင်းမြတ် ထုတ်မေးမိသည်။ မင်းမြတ် အမေးစကားအဆုံးမှာ မင်းမြတ်ကို သွေးခန့်က ခနဲ့ပြုံး ပြုံးပြီး ကြည့်လာသည်။
'ထိုက်တန်တယ် မတန်ဘူးလို့ ကိုယ်ပြောခဲ့လား ကိုယ့်ဘက်က ဘယ်လို သတ်မှတ်ထားတယ်ရော သိခဲ့လို့လား ဒါတွေတောင် ဘာမှ မသိခင် ကိုယ့်ကို တူးခါးနေအောင် ငြင်းခဲ့တာ ခင်ဗျား မဟုတ်ဘူးလားဗျာ'
'ငါပြောချင်တာကလေ ... '
မင်းမြတ် ဆက်ပြောမလို့ လုပ်ပြီးကာမှ သွေးခန့်က လက်ကာပြလာတာမလို့ ပြောမယ့် စကားတွေ ရပ်တန့်ရသည်။
'အခု ကိုမြတ် ဖြစ်နေတာ ကိုယ်သိတယ် သိစိတ်နဲ့ မသိစိတ် လွန်ဆွဲနေတာ ကိုမြတ် မသိစိတ်က ကိုယ့်ကို လက်ခံချင်ရင်တောင် သိစိတ်မှာ ကိုယ်က ယောက်ျားတစ်ယောက်ဖြစ်နေတာကြောင့် လက်မခံနိုင်ဘူးမလား ... အခုချိန်ဆက်ပြီး စကားပြောနေရင်လဲ ဒီစကားတွေလဲပဲ လုံးလည်ချာလည်လိုက်နေမှာ ကိုမြတ် စိတ်ကို သေချာနားလည်ပြီဆို ကိုယ့်တို့ ထပ်တွေ့ကြတာပေါ့ ကိုယ့် ဖေဖေက နေမကောင်း ဖြစ်နေလို့ အပြင်အကြာကြီး ထွက်နေလို့ အဆင်မပြေဘူး ကိုယ်တို့ ပြန်ရအောင်'
'အော် အင်းအင်း ဦးကို သေချာဂရုစိုက် ကိုခန့်'
ပြန်ဖြေစရာ စကားမဲ့လောက်တဲ့ အထိ သွေးခန့်ရဲ့ အဆုံးအဖြတ် အပြောတို့ ကြားမှ မင်းမြတ် တကယ်ကို နှုတ်ဆိတ်နေရပါသည်။ မင်းမြတ်အိမ်ကို သွေးခန့်လိုက်ပို့ပြီးတော့လဲ နှုတ်ဆက်စကားတောင် တစ်ခွန်းမဆိုပဲ ချက်ချင်း ပြန်ထွက်သွားသည်။ မင်းမြတ်ရင်ထဲမှာ သွေးခန့်အတွက် နေရာရှိမရှိ မင်းမြတ် သေချာမစဉ်းစားဖူးသေး ... စဉ်းစားဖူးရင်တောင် သွေးခန့်ပြောသလိုပါပဲ ယောက်ျားနှစ်ယောက်ဖြစ်နေတာကြောင့် ဒီလို ကိစ္စက ခက်ခဲသည်။
_________
မျိုးတူ ယောက်ျားနှစ်ယောက်ရဲ့ ချစ်ခြင်းက တည်မြဲမှာတဲ့လား ...
To be continue ...
8th April,2020(Wed)
WhiteAster089