One Bite of Food Blogger Boy...

Od HeatheryYM_9395

132K 16.6K 2.5K

How to get a foodie boyfriend ?? #Yoonmin # Namjin Více

Intro
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]edited
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25]
[26]
[27]
[28]
[29]
[30] Final

[ 9 ]

4.1K 572 53
Od HeatheryYM_9395


#U

ဘာအကြောင်းမှန်းမသိ ရုတ်တရက်
စိတ်ကောက်ပြီး ထွက်သွားတဲ့ Park Jimin ကို
သွးချော့ရမည်လား ဒီအတိုင်းပဲ ထားလိုက်ရမည်လား စဥ်းစားနေရသောကြောင့်
Yoongi တို့ လွန်ခဲ့သည့်ညက အိပ်ရာဝင်နောက်ကျခဲ့သည်မို့ မနက်ခင်းမှာ နေအတော်မြင့်မှ နိုးလေသည်။

အိပ်ရာကထဖို့လုပ်တော့မှ
ရင်ခွင် ထဲက ခေါင်းလုံးလုံးကို
သူသတိထားမိသွားသည်။

Jimin လား???

ညက သူအိပ်မက် မက်သည်။

အိပ်မက်ထဲမှာ ရင်းနှီး နေကျ အငွေ့အသက် လေးက
အနားရောက်လာမို့ ရင်ခွင်ထဲဆွဲသွင်းပြီး
သိမ်းကြုံးဖက်ထားပစ်လိုက်မိတာ။

အဲ့တာ တစ်ကယ့်လူ‌ဖြစ်နေခဲ့တာလား.... ။

မနက်အစောကြီးရောက်ပြီး
Yoongiကိုလာနိုးပေမဲ့ မရလို့ သူကိုယ်တိုင်ပါ
ဝင်အိပ်နေတော့တာဖြစ်ရမယ်။

မနေ့ကပဲ စိတ်ကောက်သွားတယ်....
ဒီနေ့ကျတော့ ဘာဖြစ်ချင်လို့လဲ မသိဘူး
ကလေးဆိုးလေးက..။

**Jimin ... Jiminine. **

နဖူးပေါ်အုပ်ကျနေတဲ့ ဆံပင်လေးတွေကို
အသာ လေး ဖွဖွတို့ရင်း ခေါ်နေပေမဲ့
နည်းနည်းလေးတောင်လှုပ်မလာတဲ့Jimin က
အတော်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရသည်။

ဒီကောင်လေး ဆံပင်တွေရှည်လာတာ
ရှေ့ဆံပင်တွေက မျက်လုံးပါအုပ်နေပြီ

ဆံပင်အုပ်အုပ်လေးတွေလှန်တင်လိုက်တော့
ပေါ်လာတဲ့ နဖူးပြင်ကျယ်လေးကို
ခပ်ဖွဖွ မွှေးကြူ မိသည်။

တစ်စက်လေးတောင်လှုပ်မလာတဲ့
လူသေးသေးလေးကိုကြည့်ရင်း
ပြုံးမိရပြန်သည်။

နောက်သုံးလေးခေါက်လောက်နမ်းပြီးတာတောင်
နိုးမလာသေးပေ...
မနှိုးပဲ ဒီအတိုင်းပဲ ထပ်ထပ်ပြီးနမ်းနေလိုက်‌တော့ရင်ကောင်းမလားပဲ.... ။

Yoongiရင်ခွင်ထဲရောက်နေတဲ့မျက်နှာလေးနှင့်
တတန်းတည်းဖြစ်သွားအောင်
ကိုယ်ကိုအနည်းငယ်အောက်လျှောလိုက်သည်။

အေးအေးချမ်းချမ်းအိပ်နေတဲ့ပုံစံလေးက
တစ်ကယ်ကို ချစ်ဖို့ကောင်းသည်။

ဒီလိုအပြစ်ကင်းတဲ့ပုံစံလေးနဲ့‌ကောင်ငယ်လေးကို
ကောင်းကင်ဘုံက နတ်သားနတ်သမီးတွေတောင်
ယှဉ်နိုင်မည်မထင်..... ။

ငေးကြည့်နေလို့ပဲမဖြစ်...
နာရီကိုကြည့်တော့ ကိုးနာရီခွဲနေပြီ ...

နိုးမှဖြစ်မယ်တွေးရင်းကြည့်လိုက်တော့လည်း
တစ်ကယ့်ကို ချစ်စရာကောင်းအောင်
အိပ်ပျော်နေသည်မို့
နောက်ထပ်ငါးမိနစ်လောက် ထပ်ပြီး အိပ်ပါစေ..
နောက်ထပ် .. ဆယ်မိနစ်လောက်မှပဲ ...
နောက်နာရီဝက်လောက်မှပဲ နှိုးလိုက်ပါတော့မယ်... ။

လက်တစ်ဘက်ကိုခေါင်းအုံးရင်း
တခြားတစ်ဘက်ကတော့
မထိန်းချုပ်နိုင်စွာ Park Jiminine ရဲ့
မျက်နှာ နုနုလေးရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီကို ဖွဖွ ထိတွေ့မိသည်။

မျက်ခွံမို့မို့လေး..
မျက်တောင်နက်နက်လေးတွေ..
နှာခေါင်းသေးသေးလေး..
နှုတ်ခမ်းလေးကလည်း ထူထူအိအိလေး..
ပါးဖောင်းဖောင်းလေး..
အရာအားလုံးက သေးပြီး နူးညံ့ပြီး
အသည်းယားဖို့ကောင်းတယ်...... ။

ဒီလို ချစ်စရာကောင်းနေတာလေးတွေအကုန်
သူတစ်ယောက်ပဲ တွေ့ချင်ပြီး
ဒီချစ်စရာလူသားလေးကိုလည်း
သူတစ်ယောက်တည်းပဲ အပိုင်ရ ရမှာ ... ။

ဘယ်သူ့လက်ထဲကိုမှ ထည့်ပေးစရာအကြောင်းမရှိ။

ရင်ခွင်ထဲတောင်လူတစ်ကိုယ်လုံးရောက်နေပြီပဲ
နှလုံးသားကိုပါ အပိုင်သိမ်းဖို့ သိပ်မလိုတော့ပါဘူး..။

**Jimin ထတော့ .... ဆယ့်တစ်တောင်ထိုးနေပြီ .... Jimin . နိုးပြီလား**

လက်မောင်းကိုလှုပ်ရင်း နှိုးတော့
တအင်းအင်း အသံထွက်ရင်း နိုးလာမလိုလိုနှင့်
ပြန်ငြိမ်ကျသွားပြန်သည်။

သူကခဏနေ အပြင်သွားစရာရှိသေးသည်မို့
အခု ထပြီးပြင်ဆင်မှရတော့မှာဖြစ်သည်။

ကဲ မြန်မြန်ဆန်ဆန် နိုးအောင်လုပ်တဲ့နည်းသုံးလိုက်မယ်။

Yoongi... ပက်လက်လေးလှန်ပြီး
မျက်မှောင်ကြီးကြုံ့နေတဲ့ကောင်လေး
မျက်နှာနား တိုးသွားရင်း
ဆံပင်ကိုလှန်ကာ နဖူးကို ဖြောင်းခနဲ နေအောင်ရိုက်ချလိုက်သည်

**ah!!! Min Yoongi!!! နာတယ်ဟ **

**နာအောင်ရိုက်တာပဲ..... ထတော့ နေ့ခင်းတောင်ရောက်နေပြီ အိပ်ပုတ်လေး**

**သူကပဲပြော ရသေးတယ်နော် ... လာနိုးတာကို လုံးဝမနိုးတာဘယ်သူလဲ**

**ဘယ်သူလဲ??**

**Yoongiလေ**

**ကဲပါ မျက်စောင်းကြီးကထိုးပြီး နှုတ်ခမ်းက ဘဲနှုတ်သီးအတိုင်းဆူမနေနဲ့တော့ ထတော့ မနက်စာစားပြီးပြီလား**

**ဘာ ဘဲနှုတ်သီးလဲလို့ **

အလွန်တရာချစ်စရာပုံလေးနှင့်
ပြန်ငြင်းနေသော Park Jiminine ကို
Yoongi တစ်ယောက်တော်တော်
အသည်းယားနေပြီ။

**အေးပါ မစတော့ဘူး **

ကြက်နှုတ်သီးလေးလောက်ပဲရှိတာပါ ဟားဟား
သူ့စိတ်ထဲက ဆက်ပြောတာကိုများကြားလိုက်ရင်တော့ ဒေါသအိုးလေးက လက်သီးသေးသေးလေးတွေနဲ့ လာထိုးဦးလိမ့်မည်။

Yoongiမျက်နှာသစ်ပြီးပြန်ထွက်လာတော့
Jiminက အိပ်ရာပေါ်တွင်ထိုင်နေဆဲ..

**သြော် ဟုတ်သား..Jiminnah ဘာကိစ္စရှိလို့လဲ မနက်ကလာနိုးတာ**

**ဘာမှမရှိပါဘူး ... ဘာဖြစ်လဲ မလာရဘူးလား**

**လာရပါတယ် လာရပါတယ် .. ဗိုက်ဆာပြီလား နေ့လည်စာ စားတော့မလား**

အစားအသောက်ဘက်ကို
မြန်မြန်လမ်းလွှဲလိုက်ရသည်။
မဟုတ်လျှင်
မင်းရည်းစားထက် ငါ့ကောင်လေးကပိုရစ်တယ်
ဆိုတာမျိုး ဖြစ်ကုန်လိမ့်မယ်။

တော်ကြာနေစိတ်ကောက်ပြီး Seokjin Hyungနဲ့ပဲ
လက်ဖဝါးရိုက်တိုင်း ကစားနေဦးမည်။

** စားတော့မယ် Yoongiရော**

**company သွားစရာရှိလို့ခဏနေကျ **

**company ?? လိုက်ချင်တယ် **

**ဘာလုပ်ဖို့လဲ **

** ခဏလေးစောင့် အဝတ်အစား သွားလဲလိုက်မယ်**

Jiminမြန် မြန်ပဲ ပြေးထွက်လာခဲ့ပြီး
အဝတ်လဲဖို့လုပ်လိုက်သည်။

ယုံစရာလား company ဆိုတာ
ကောင်မလေးနဲ့သွားတွေ့ဖို့လည်း ဖြစ်နိုင်တာပဲ....

Park Jimin ကို ဒီလို လှည့်လို့မရဘူး
ပြန်လှည့် ပစ်လိုက်မယ်ကွ
စောင့်ကြည့်နေ တစ်နေ့လုံးနောက်ကနေ
လိုက်ကပ်နေမှာ ...
မနက်က အစောကြီးရောက်လာရတာလည်းအာ့ကြောင့်ပဲလေ... ။
ဒါပေမဲ့ အဲ့ဒါကို ပြောပြစရာလား... ။

Jimin မြန်မြန်အဝတ်လဲပြီးထွက်လာတော့
Seokjinကလည်း အပြင်သွားမည့်ပုံနှင့်ထွက်လာသည်။
ဒီHyungလည်းခုတလော အပြင်တော်တော်ထွက်နေတယ် ။
Namjoon Hyung လိုက်ကျွေးတာ ပဲ
တစ်ချိန်လုံး အလကားလိုက်စားနေပုံရတယ်။

**Jimin ဘယ်လဲ **

**Yoongi နဲ့ အပြင်သွားမလို့ **

**အေး အေး Hyungလည်း Namjoonနဲ့ .... အဲ... ဆိုင်ကအလုပ်ရှိလို့ သွားလိုက်ဦးမယ်နော် ............. နေ့လည်စာအပြင်မှာပဲ စားလိုက်တော့မယ်**

**ဟုတ် ဟုတ်**

Jimin ပြန်ရောက်လာတော့
Yoongiလည်း ရေမိုးချိုး အဝတ်အစား လဲပြီးနေပြီဖြစ်သည်။

တီရှပ်အနက်ကို ဂျင်းအနက်နှင့်တွဲဝတ်ကာ
အပေါ်က ရှပ်အင်္ကျီ အကွက် အစိမ်းရောင်ထပ်ဝတ်ထားသည်။
ချောမောနေရော...
တော်တော်ပဲများနေတဲ့ Yoongi...

သူ့မှာတော့ ထားသွားမှာစိုးလို့
တီရှပ်အဖြူလေးပဲဝတ်လာခဲ့ရတာ....

**Jimin.. အေးလိမ့်မယ် အပေါ်ထပ်သွားဝတ်ဦး**

**အာ့ဆို ခဏစောင့်**

Jimin သူ့အခန်းထဲ ပြန်ပြေးလာပြန်သည်။
သူ့တို့နေတဲ့အထပ်မှာလည်း နှစ်အိမ်ပဲရှိလို့သာ
ကျန်တဲ့နေတဲ့သူတွေရှိရင်
ဟိုဘက်ခန်းနှင့်ဒီဘက် ခန်းကူးသန်းနေတဲ့Jiminကို
တော်တော်မျက်စိနောက်ကြမည်။

အဝတ်ဗီရို အမြန်ဖွင့်လိုက်တော့
ထောင့်မှာတင်ထားတဲ့ အင်္ကျီ အသစ်လေးကိုတွေ့သွားသည်။
Yoongiဝတ်ထားတဲ့ ရှပ်အင်္ကျီ နှင့်ဆင်တူ design ဖြစ်ကာ Yoongi လက်ဆောင်ပေးထားပြီးထဲက သူတခါမှထုတ်မဝတ်ရသေး ။
ဒီဟာပဲဝတ်လိုက်တော့မည်။



တစ်ယောက်ယောက်ကိုတွေ့ရင်
ကြွားပစ်လိုက်ဦးမယ်
ဒီမှာ မိန်းကလေး .. မိန်းကလေးမှာရော
Yoongiနဲ့ဆင်တူအင်္ကျီ ရှိသလား လို့
ကြွားပစ်လိုက်ဦးမယ်။

အင်္ကျီ ဝတ်ပြီးပြန်လာတဲ့ Jimin ကိုမြင်တော့
Yoongi ဘာမှမပြော ပြုံး၍သာနေသည်။

**ဟင် Yoongi ကားနဲ့မသွားဘူးလား**

Bus stop ကိုဦးတည်နေတဲ့ Yoongi ကြောင့်
Jimin ကမေးလိုက်ခြင်းဖြစ်သည်။
ဒီYoongi ကတော့ ကားမောင်းဖို့ပျင်းပြန်ပြီ။

**Bus နဲ့သွားမှာ **

Min Yoongi ၏ အတွေး ကတော့ ဤသို့ဖြစ်သည်...

အင်္ကျီ ဆင်တူ ရှားရှားပါး ပါး ဝတ်ရတာပဲ
လူများများမြင်အောင် ကြွားလုံးထုတ်ရမှာပေါ့
Bus ပေါ်က FAတွေ အားကျကြစမ်း.... ။

####

ညကျ တစ်ပိုင်းထပ်တင်မယ်နော် ❤️






#Z


ဘာအေၾကာင္းမွန္းမသိ ႐ုတ္တရက္
စိတ္ေကာက္ၿပီး ထြက္သြားတဲ့ Park Jimin ကို
သြးေခ်ာ့ရမည္လား ဒီအတိုင္းပဲ ထားလိုက္ရမည္လား စဥ္းစားေနရေသာေၾကာင့္
Yoongi တို႔ လြန္ခဲ့သည့္ညက အိပ္ရာဝင္ေနာက္က်ခဲ့သည္မို႔ မနက္ခင္းမွာ ေနအေတာ္ျမင့္မွ နိုးေလသည္။

အိပ္ရာကထဖို႔လုပ္ေတာ့မွ
ရင္ခြင္ ထဲက ေခါင္းလုံးလုံးကို
သူသတိထားမိသြားသည္။

Jimin လား???

ညက သူအိပ္မက္ မက္သည္။

အိပ္မက္ထဲမွာ ရင္းႏွီး ေနက် အေငြ႕အသက္ ေလးက
အနားေရာက္လာမို႔ ရင္ခြင္ထဲဆြဲသြင္းၿပီး
သိမ္းႀကဳံးဖက္ထားပစ္လိုက္မိတာ။

အဲ့တာ တစ္ကယ့္လူ‌ျဖစ္ေနခဲ့တာလား.... ။

မနက္အေစာႀကီးေရာက္ၿပီး
Yoongiကိုလာနိုးေပမဲ့ မရလို႔ သူကိုယ္တိုင္ပါ
ဝင္အိပ္ေနေတာ့တာျဖစ္ရမယ္။

မေန႕ကပဲ စိတ္ေကာက္သြားတယ္....
ဒီေန႕က်ေတာ့ ဘာျဖစ္ခ်င္လို႔လဲ မသိဘူး
ကေလးဆိုးေလးက..။

**Jimin ... Jiminine. **

နဖူးေပၚအုပ္က်ေနတဲ့ ဆံပင္ေလးေတြကို
အသာ ေလး ဖြဖြတို႔ရင္း ေခၚေနေပမဲ့
နည္းနည္းေလးေတာင္လႈပ္မလာတဲ့Jimin က
အေတာ္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနပုံရသည္။

ဒီေကာင္ေလး ဆံပင္ေတြရွည္လာတာ
ေရွ႕ဆံပင္ေတြက မ်က္လုံးပါအုပ္ေနၿပီ

ဆံပင္အုပ္အုပ္ေလးေတြလွန္တင္လိုက္ေတာ့
ေပၚလာတဲ့ နဖူးျပင္က်ယ္ေလးကို
ခပ္ဖြဖြ ေမႊးၾကဴ မိသည္။

တစ္စက္ေလးေတာင္လႈပ္မလာတဲ့
လူေသးေသးေလးကိုၾကည့္ရင္း
ၿပဳံးမိရျပန္သည္။

ေနာက္သုံးေလးေခါက္ေလာက္နမ္းၿပီးတာေတာင္
နိုးမလာေသးေပ...
မႏွိုးပဲ ဒီအတိုင္းပဲ ထပ္ထပ္ၿပီးနမ္းေနလိုက္‌ေတာ့ရင္ေကာင္းမလားပဲ.... ။

Yoongiရင္ခြင္ထဲေရာက္ေနတဲ့မ်က္ႏွာေလးႏွင့္
တတန္းတည္းျဖစ္သြားေအာင္
ကိုယ္ကိုအနည္းငယ္ေအာက္ေလွ်ာလိုက္သည္။

ေအးေအးခ်မ္းခ်မ္းအိပ္ေနတဲ့ပုံစံေလးက
တစ္ကယ္ကို ခ်စ္ဖို႔ေကာင္းသည္။

ဒီလိုအျပစ္ကင္းတဲ့ပုံစံေလးနဲ႕‌ေကာင္ငယ္ေလးကို
ေကာင္းကင္ဘုံက နတ္သားနတ္သမီးေတြေတာင္
ယွဥ္နိုင္မည္မထင္..... ။

ေငးၾကည့္ေနလို႔ပဲမျဖစ္...
နာရီကိုၾကည့္ေတာ့ ကိုးနာရီခြဲေနၿပီ ...

နိုးမွျဖစ္မယ္ေတြးရင္းၾကည့္လိုက္ေတာ့လည္း
တစ္ကယ့္ကို ခ်စ္စရာေကာင္းေအာင္
အိပ္ေပ်ာ္ေနသည္မို႔
ေနာက္ထပ္ငါးမိနစ္ေလာက္ ထပ္ၿပီး အိပ္ပါေစ..
ေနာက္ထပ္ .. ဆယ္မိနစ္ေလာက္မွပဲ ...
ေနာက္နာရီဝက္ေလာက္မွပဲ ႏွိုးလိုက္ပါေတာ့မယ္... ။

လက္တစ္ဘက္ကိုေခါင္းအုံးရင္း
တျခားတစ္ဘက္ကေတာ့
မထိန္းခ်ဳပ္နိုင္စြာ Park Jiminine ရဲ႕
မ်က္ႏွာ ႏုႏုေလးရဲ႕ အစိတ္အပိုင္း တစ္ခုခ်င္းစီကို ဖြဖြ ထိေတြ႕မိသည္။

မ်က္ခြံမို႔မို႔ေလး..
မ်က္ေတာင္နက္နက္ေလးေတြ..
ႏွာေခါင္းေသးေသးေလး..
ႏႈတ္ခမ္းေလးကလည္း ထူထူအိအိေလး..
ပါးေဖာင္းေဖာင္းေလး..
အရာအားလုံးက ေသးၿပီး ႏူးညံ့ၿပီး
အသည္းယားဖို႔ေကာင္းတယ္...... ။

ဒီလို ခ်စ္စရာေကာင္းေနတာေလးေတြအကုန္
သူတစ္ေယာက္ပဲ ေတြ႕ခ်င္ၿပီး
ဒီခ်စ္စရာလူသားေလးကိုလည္း
သူတစ္ေယာက္တည္းပဲ အပိုင္ရ ရမွာ ... ။

ဘယ္သူ႕လက္ထဲကိုမွ ထည့္ေပးစရာအေၾကာင္းမရွိ။

ရင္ခြင္ထဲေတာင္လူတစ္ကိုယ္လုံးေရာက္ေနၿပီပဲ
ႏွလုံးသားကိုပါ အပိုင္သိမ္းဖို႔ သိပ္မလိုေတာ့ပါဘူး..။

**Jimin ထေတာ့ .... ဆယ့္တစ္ေတာင္ထိုးေနၿပီ .... Jimin . နိုးၿပီလား**

လက္ေမာင္းကိုလႈပ္ရင္း ႏွိုးေတာ့
တအင္းအင္း အသံထြက္ရင္း နိုးလာမလိုလိုႏွင့္
ျပန္ၿငိမ္က်သြားျပန္သည္။

သူကခဏေန အျပင္သြားစရာရွိေသးသည္မို႔
အခု ထၿပီးျပင္ဆင္မွရေတာ့မွာျဖစ္သည္။

ကဲ ျမန္ျမန္ဆန္ဆန္ နိုးေအာင္လုပ္တဲ့နည္းသုံးလိုက္မယ္။

Yoongi... ပက္လက္ေလးလွန္ၿပီး
မ်က္ေမွာင္ႀကီးႀကဳံ႕ေနတဲ့ေကာင္ေလး
မ်က္ႏွာနား တိုးသြားရင္း
ဆံပင္ကိုလွန္ကာ နဖူးကို ေျဖာင္းခနဲ ေနေအာင္ရိုက္ခ်လိဳက္သည္

**ah!!! Min Yoongi!!! နာတယ္ဟ **

**နာေအာင္ရိုက္တာပဲ..... ထေတာ့ ေန႕ခင္းေတာင္ေရာက္ေနၿပီ အိပ္ပုတ္ေလး**

**သူကပဲေျပာ ရေသးတယ္ေနာ္ ... လာနိုးတာကို လုံးဝမနိုးတာဘယ္သူလဲ**

**ဘယ္သူလဲ??**

**Yoongiေလ**

**ကဲပါ မ်က္ေစာင္းႀကီးကထိုးၿပီး ႏႈတ္ခမ္းက ဘဲႏႈတ္သီးအတိုင္းဆူမေနနဲ႕ေတာ့ ထေတာ့ မနက္စာစားၿပီးၿပီလား**

**ဘာ ဘဲႏႈတ္သီးလဲလို႔ **

အလြန္တရာခ်စ္စရာပုံေလးႏွင့္
ျပန္ျငင္းေနေသာ Park Jiminine ကို
Yoongi တစ္ေယာက္ေတာ္ေတာ္
အသည္းယားေနၿပီ။

**ေအးပါ မစေတာ့ဘူး **

ၾကက္ႏႈတ္သီးေလးေလာက္ပဲရွိတာပါ ဟားဟား
သူ႕စိတ္ထဲက ဆက္ေျပာတာကိုမ်ားၾကားလိုက္ရင္ေတာ့ ေဒါသအိုးေလးက လက္သီးေသးေသးေလးေတြနဲ႕ လာထိုးဦးလိမ့္မည္။

Yoongiမ်က္ႏွာသစ္ၿပီးျပန္ထြက္လာေတာ့
Jiminက အိပ္ရာေပၚတြင္ထိုင္ေနဆဲ..

**ေၾသာ္ ဟုတ္သား..Jiminnah ဘာကိစၥရွိလို႔လဲ မနက္ကလာနိုးတာ**

**ဘာမွမရွိပါဘူး ... ဘာျဖစ္လဲ မလာရဘူးလား**

**လာရပါတယ္ လာရပါတယ္ .. ဗိုက္ဆာၿပီလား ေန႕လည္စာ စားေတာ့မလား**

အစားအေသာက္ဘက္ကို
ျမန္ျမန္လမ္းလႊဲလိုက္ရသည္။
မဟုတ္လွ်င္
မင္းရည္းစားထက္ ငါ့ေကာင္ေလးကပိုရစ္တယ္
ဆိုတာမ်ိဳး ျဖစ္ကုန္လိမ့္မယ္။

ေတာ္ၾကာေနစိတ္ေကာက္ၿပီး Seokjin Hyungနဲ႕ပဲ
လက္ဖဝါးရိုက္တိုင္း ကစားေနဦးမည္။

** စားေတာ့မယ္ Yoongiေရာ**

**company သြားစရာရွိလို႔ခဏေနက် **

**company ?? လိုက္ခ်င္တယ္ **

**ဘာလုပ္ဖို႔လဲ **

** ခဏေလးေစာင့္ အဝတ္အစား သြားလဲလိုက္မယ္**

Jiminျမန္ ျမန္ပဲ ေျပးထြက္လာခဲ့ၿပီး
အဝတ္လဲဖို႔လုပ္လိုက္သည္။

ယုံစရာလား company ဆိုတာ
ေကာင္မေလးနဲ႕သြားေတြ႕ဖို႔လည္း ျဖစ္နိုင္တာပဲ....

Park Jimin ကို ဒီလို လွည့္လို႔မရဘူး
ျပန္လွည့္ ပစ္လိုက္မယ္ကြ
ေစာင့္ၾကည့္ေန တစ္ေန႕လုံးေနာက္ကေန
လိုက္ကပ္ေနမွာ ...
မနက္က အေစာႀကီးေရာက္လာရတာလည္းအာ့ေၾကာင့္ပဲေလ... ။
ဒါေပမဲ့ အဲ့ဒါကို ေျပာျပစရာလား... ။

Jimin ျမန္ျမန္အဝတ္လဲၿပီးထြက္လာေတာ့
Seokjinကလည္း အျပင္သြားမည့္ပုံႏွင့္ထြက္လာသည္။
ဒီHyungလည္းခုတေလာ အျပင္ေတာ္ေတာ္ထြက္ေနတယ္ ။
Namjoon Hyung လိုက္ေကြၽးတာ ပဲ
တစ္ခ်ိန္လုံး အလကားလိုက္စားေနပုံရတယ္။

**Jimin ဘယ္လဲ **

**Yoongi နဲ႕ အျပင္သြားမလို႔ **

**ေအး ေအး Hyungလည္း Namjoonနဲ႕ .... အဲ... ဆိုင္ကအလုပ္ရွိလို႔ သြားလိုက္ဦးမယ္ေနာ္ ............. ေန႕လည္စာအျပင္မွာပဲ စားလိုက္ေတာ့မယ္**

**ဟုတ္ ဟုတ္**

Jimin ျပန္ေရာက္လာေတာ့
Yoongiလည္း ေရမိုးခ်ိဳး အဝတ္အစား လဲၿပီးေနၿပီျဖစ္သည္။

တီရွပ္အနက္ကို ဂ်င္းအနက္ႏွင့္တြဲဝတ္ကာ
အေပၚက ရွပ္အကၤ်ီ အကြက္ အစိမ္းေရာင္ထပ္ဝတ္ထားသည္။
ေခ်ာေမာေနေရာ...
ေတာ္ေတာ္ပဲမ်ားေနတဲ့ Yoongi...

သူ႕မွာေတာ့ ထားသြားမွာစိုးလို႔
တီရွပ္အျဖဴေလးပဲဝတ္လာခဲ့ရတာ....

**Jimin.. ေအးလိမ့္မယ္ အေပၚထပ္သြားဝတ္ဦး**

**အာ့ဆို ခဏေစာင့္**

Jimin သူ႕အခန္းထဲ ျပန္ေျပးလာျပန္သည္။
သူ႕တို႔ေနတဲ့အထပ္မွာလည္း ႏွစ္အိမ္ပဲရွိလို႔သာ
က်န္တဲ့ေနတဲ့သူေတြရွိရင္
ဟိုဘက္ခန္းႏွင့္ဒီဘက္ ခန္းကူးသန္းေနတဲ့Jiminကို
ေတာ္ေတာ္မ်က္စိေနာက္ၾကမည္။

အဝတ္ဗီရို အျမန္ဖြင့္လိုက္ေတာ့
ေထာင့္မွာတင္ထားတဲ့ အကၤ်ီ အသစ္ေလးကိုေတြ႕သြားသည္။
Yoongiဝတ္ထားတဲ့ ရွပ္အကၤ်ီ ႏွင့္ဆင္တူ design ျဖစ္ကာ Yoongi လက္ေဆာင္ေပးထားၿပီးထဲက သူတခါမွထုတ္မဝတ္ရေသး ။
ဒီဟာပဲဝတ္လိုက္ေတာ့မည္။



တစ္ေယာက္ေယာက္ကိုေတြ႕ရင္
ႂကြားပစ္လိုက္ဦးမယ္
ဒီမွာ မိန္းကေလး .. မိန္းကေလးမွာေရာ
Yoongiနဲ႕ဆင္တူအကၤ်ီ ရွိသလား လို႔
ႂကြားပစ္လိုက္ဦးမယ္။

အကၤ်ီ ဝတ္ၿပီးျပန္လာတဲ့ Jimin ကိုျမင္ေတာ့
Yoongi ဘာမွမေျပာ ၿပဳံး၍သာေနသည္။

**ဟင္ Yoongi ကားနဲ႕မသြားဘူးလား**

Bus stop ကိုဦးတည္ေနတဲ့ Yoongi ေၾကာင့္
Jimin ကေမးလိုက္ျခင္းျဖစ္သည္။
ဒီYoongi ကေတာ့ ကားေမာင္းဖို႔ပ်င္းျပန္ၿပီ။

**Bus နဲ႕သြားမွာ **

Min Yoongi ၏ အေတြး ကေတာ့ ဤသို႔ျဖစ္သည္...

အကၤ်ီ ဆင္တူ ရွားရွားပါး ပါး ဝတ္ရတာပဲ
လူမ်ားမ်ားျမင္ေအာင္ ႂကြားလုံးထုတ္ရမွာေပါ့
Bus ေပၚက FAေတြ အားက်ၾကစမ္း.... ။

####

ညက် တစ္ပိုင္းထပ္တင္မယ္ေနာ္ ❤️



Pokračovat ve čtení

Mohlo by se ti líbit

134K 5K 27
بعد موتِ والديّه عام 1917، يجِد جيـون جونغكوك نفسه يقبل وظيفة كبير الخدَم للوريثِ الثريّ لأحد أغنى البنوك في البلاد، بـارك جيمين. >> ڤيمينكوك، جيكوك،...
18.8K 1K 21
A troublemaker befriends her classmate who is suffering from a disease. Inspired by animes I watched before. TW: Self-harm
568K 8.7K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
3.2K 264 9
ကျွန်တော်ကHyungရဲ့လိုသုံးပါHyungကျွန်တော်ကိုဘယ်တော့မှလှည့်မကြည့်ပါနဲ့