ကောင်မလေးတွေဖတ်ဖို့

By Ren_Viha

288K 25.7K 1.6K

ေကာင္မေလးေတြဖတ္ဖို႕ဆိုေပမယ့္ ေကာင္ေလးေတြလဲ ဖတ္ခ်င္ဖတ္လို႕ရပါတယ္။ Wattpad မွာက ေကာင္မေလးေတြမ်ားေတာ့ ေကာင္္မေလး... More

မ်က္နွာေျပာင္တတ္ပါေစ
Prove Them U r Strong
စစ္မွန္ေသာ
Confidence
(အားနည်းချက်)အားနည္းခ်က္
အားနာျခင္း
Social Skill
Game
Exercise and Depression
Love yourself
ေမ်ွာ္လင့္ခ်က္
True Education
Choice
The hand with flower
အမွန္တူအမွား
ေကာင္မေလးေတြသိရမယ့္အခ်က္
Copyကိစၥ
အသည္းကြဲတာလား
လူငယ္မ်ားသို႕
All's Thoughts
မင္းနဲ႕အိပ္မက္
စိတ္ဓာတ္ျကံ႕ခိုင္ေအာင္
အဆက္အသြယ္ျဖတ္ျကည့္ျခင္း
Choosing A Mountain
ေဆးရံုေစာင့္ျခင္းတစ္ညတာ
(ဒါလဲပဲ ပြီးသွားမှာပါ)ဒါလဲပဲ ျပီးသြားမွာပါ
Fake Depression
For Exam Motivation
ကိုယ့္ကို အနိုင္က်င့္ရင္
Exam motivation 2
ရုပ္ရည္နဲ႕ပတ္သတ္ျပီး
စာအုပ္အညႊန္း
စာဘယ္လိုဖတ္မလဲ
မွန္နွင့္မွန္မဟုတ္ေသာာ
ဘဝမွာေနေပ်ာ္ဖို႕
Merry Christmas လက္ေဆာင္
နွစ္ကုန္လက္ေဆာင္( Bye bye 2018)
ေမာနင္း ညီမေလး
Challenge With Ren
Be the first
Say 'Thanks' to them
ခင္ဗ်ားေလးတို႕အတြက္ ကိုယ့္အခ်စ္
မနက္ျဖန္မွစိတ္ညစ္ပါ
အပြစ်မတင်နဲ့တဲ့။အျပစ္မတင္ပါနဲ႕
လူတောမတိုးရဲလို့
motivation or not
ဘဝဆိုတာ စာအုပ်လား
အကြိုက်ချင်းမတူနိုင်ပါဘူး။ (အၾကိဳက္ခ်င္းမတူနိုင္ပါဘူး။)
ထားခဲ့ခံရရင် (ထားခဲ့ခံရရင္)
စိတ်ပြသာနာများ(စိတ္ျပသာနာမ်ား)
If We're Honest
အသိအမှတ်ပြုခြင်းကို လိုလားခြင်းနှင့် စိတ်ဝေဒနာတစ်မျိုး

ချစ်ကြည့်ပါ

2.8K 244 24
By Ren_Viha

Unicode

ဒီနေ့ Ren စာအုပ်လေးတစ်အုပ်ဖတ်မိတယ်။
Covid ဖြစ်နေတော့ အိမ်ထဲမှာပဲအောင်းနေရင်း မဖတ်ဖြစ်တဲ့ စာအုပ်ဟောင်းလေးတစ်အုပ်ကို ဖတ်လိုက်ရင်းနဲ့ အဲ့စာအုပ်က ပေးလိုက်တဲ့ အရာတစ်ခုကို အချိန်ယူပြီးစဥ်းစားမိလိုက်တယ်။

အဲ့တာက ဘာလဲဆိုတော့..
မျှော်လင့်ချက်မထားပဲ ချစ် ကြည့်ဖို့ တဲ့။

အချိန်တော်တော်များများ ကိုယ့်ကို ကိုယ် ပြန်ကြည့်မိတော့....

လူတစ်ယောက်ကို ဂရုစိုက်ပေးလိုက်တယ်။
လူတစ်ယောက်ကို ချစ်ပေးလိုက်တယ်။
ဒါပေမယ့် အဲ့နောက်မှာ ပြန်လိုချင်တဲ့ တစ်စုံတစ်ခုတော့ အမြဲပါနေတယ်။ မျှော်လင့်ချက်လေးပေါ့။

နားလည်အောင်ပြောရရင်..
Ren တို့ တွေ သမီး လိမ္မာလေး  သား လိမ္မာလေး လေးတွေဖြစ်အောင် လုပ်တယ်။
ဘာလို့လဲဆိုတော့ မိဘက ပိုပိုချစ်အောင်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့။

Ren တို့ သူငယ်ချင်းတွေကို ဂရုတစိုက်ရှိပေးတယ်။ သူတို့နဲ့ လိုက်လျောညီထွေဖြစ်အောင်နေပေးတယ်။ သူတို့အကြိုက်ကို လိုက်ပြီး အလျော့ပေးကြတယ်။ ဘာလို့လဲဆိုတော့ သူငယ်ချင်းတွေက ကိုယ့်ကို ပိုခင်မယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့။

Ren တို့တွေ ကိုယ့်ချစ်သူကို နားလည်ပေးကြတယ်။ ဂရုစိုက်ပေးကြတယ်။ လိုအပ်တာမှန်သမျှကို ရအောင်လုပ်ပေးတတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူ့ကိုချစ်သလို ကိုယ့်ကို ပြန်ချစ်အောင်လို့ ပိုချစ်အောင်လို့ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့။

ဒါပေမယ့် Ren တို့ ကြိုတင်မစဥ်းစားမိတာတစ်ခုရှိတယ်။ အဲ့ဒါက Ren တို့ မျှော်လင့်သလို တစ်ဖက်က မပြုမူရင်ရော။

ဥပမာ....မိဘဆီက ချီးကျူးစကားလိုချင်လို့ ကြိုးစားပေမယ့် မိဘက မချီးကျူးတာမျိုး။

သူငယ်ချင်းဆီက အရေးပေးမှုကို မျှော်လင့်ပေမယ့် ကိုယ့်ထက် သူများကို သူက ပိုခင်နေတာမျိုး။

ကိုယ့်ချစ်သူက ကိုယ် ဂရိုစိုက်ပေးနေလျက်နဲ့ သွေးအေးစိမ်းကားနေတာမျိုး...

အဲ့လိုမျိူး ကိုယ်မျှော်လင့်ထားတာက တစ်ခု..ရရှိလာတာတစ်ခု ဖြစ်လာရင်...

အရင်ဆုံး Ren တို့ ပူလောင်ရပြီ။
ဝမ်းနည်းရပြီ။
အခန့်မသင့်ရင် စိတ်ဆိုးဒေါသထွက် ရပြီ။
တဖြည်းဖြည်းနဲ့ လူတွေကို စိတ်ကုန်လာတာမျိူးတွေ ဖြစ်လာရပြီ။

ခဏလေး စာဖတ်တာကိုရပ်ပြီး တစ်ချက်တွေးကြည့်လိုက်ပါ။ ဘယ်လောက်တောင် ပူလောင်ရလဲဆိုတာ။

အစကတည်းက သာ....
သူ့ဆီက ဘာမျှော်လင့်ချက်မှ မယူပဲ အ
ပေးသက်သက်နဲ့သာ ချစ်ကြည့်ပါ။ ဂရုစိုက်ကြည့်ပါ။ အဲ့တာဆို တကယ်လို့များ သူတို့ဘက်က ကိုယ့်ကို စိမ်းကားရင်တောင် ကိုယ်က ပူလောင်ရမှာမဟုတ်ပါဘူး။

တစ်လက်စတည်း...ကိုယ့်ကို ကိုယ်အမြဲ သတိပေးတဲ့ စကားလေးတစ်ခုကိုပါ မျှဝေပေးလိုက်တယ်။

တစ်စုံတစ်ယောက်ကို မင်း သံယောဇဥ် ဖြစ်မိတာနဲ့ နာကျင်မှုဟာ ဝင်ရောက်လာတာပဲတဲ့။

ချစ်ကြည့်ပါ။
ဒါပေမယ့် အရမ်းမတွယ်ကပ်ပါနဲ့။
မျှော်လင့်ချက် သိပ်မထားပါနဲ့။

With Love
Ren
4/4/2020

Zawgyi
ဒီေန႔ Ren စာအုပ္ေလးတစ္အုပ္ဖတ္မိတယ္။
Covid ျဖစ္ေနေတာ့ အိမ္ထဲမွာပဲေအာင္းေနရင္း မဖတ္ျဖစ္တဲ့ စာအုပ္ေဟာင္းေလးတစ္အုပ္ကို ဖတ္လိုက္ရင္းနဲ႔ အဲ့စာအုပ္က ေပးလိုက္တဲ့ အရာတစ္ခုကို အခ်ိန္ယူၿပီးစဥ္းစားမိလိုက္တယ္။

အဲ့တာက ဘာလဲဆိုေတာ့..
ေမွ်ာ္လင့္ခ်က္မထားပဲ ခ်စ္ ၾကည့္ဖို႔ တဲ့။

အခ်ိန္ေတာ္ေတာ္မ်ားမ်ား ကိုယ့္ကို ကိုယ္ ျပန္ၾကည့္မိေတာ့....

လူတစ္ေယာက္ကို ဂ႐ုစိုက္ေပးလိုက္တယ္။
လူတစ္ေယာက္ကို ခ်စ္ေပးလိုက္တယ္။
ဒါေပမယ့္ အဲ့ေနာက္မွာ ျပန္လိုခ်င္တဲ့ တစ္စုံတစ္ခုေတာ့ အၿမဲပါေနတယ္။ ေမွ်ာ္လင့္ခ်က္ေလးေပါ့။

နားလည္ေအာင္ေျပာရရင္..
Ren တို႔ ေတြ သမီး လိမၼာေလး  သား လိမၼာေလး ေလးေတြျဖစ္ေအာင္ လုပ္တယ္။
ဘာလို႔လဲဆိုေတာ့ မိဘက ပိုပိုခ်စ္ေအာင္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္တစ္ခုနဲ႔။

Ren တို႔ သူငယ္ခ်င္းေတြကို ဂ႐ုတစိုက္ရွိေပးတယ္။ သူတို႔နဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနေပးတယ္။ သူတို႔အႀကိဳက္ကို လိုက္ၿပီး အေလ်ာ့ေပးၾကတယ္။ ဘာလို႔လဲဆိုေတာ့ သူငယ္ခ်င္းေတြက ကိုယ့္ကို ပိုခင္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္တစ္ခုနဲ႔။

Ren တို႔ေတြ ကိုယ့္ခ်စ္သူကို နားလည္ေပးၾကတယ္။ ဂ႐ုစိုက္ေပးၾကတယ္။ လိုအပ္တာမွန္သမွ်ကို ရေအာင္လုပ္ေပးတတ္ၾကတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ကိုခ်စ္သလို ကိုယ့္ကို ျပန္ခ်စ္ေအာင္လို႔ ပိုခ်စ္ေအာင္လို႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္တစ္ခုနဲ႔။

ဒါေပမယ့္ Ren တို႔ ႀကိဳတင္မစဥ္းစားမိတာတစ္ခုရွိတယ္။ အဲ့ဒါက Ren တို႔ ေမွ်ာ္လင့္သလို တစ္ဖက္က မျပဳမူရင္ေရာ။

ဥပမာ....မိဘဆီက ခ်ီးက်ဴးစကားလိုခ်င္လို႔ ႀကိဳးစားေပမယ့္ မိဘက မခ်ီးက်ဴးတာမ်ိဳး။

သူငယ္ခ်င္းဆီက အေရးေပးမႈကို ေမွ်ာ္လင့္ေပမယ့္ ကိုယ့္ထက္ သူမ်ားကို သူက ပိုခင္ေနတာမ်ိဳး။

ကိုယ့္ခ်စ္သူက ကိုယ္ ဂ႐ိုစိုက္ေပးေနလ်က္နဲ႔ ေသြးေအးစိမ္းကားေနတာမ်ိဳး...

အဲ့လိုမ်ိဴး ကိုယ္ေမွ်ာ္လင့္ထားတာက တစ္ခု..ရရွိလာတာတစ္ခု ျဖစ္လာရင္...

အရင္ဆုံး Ren တို႔ ပူေလာင္ရၿပီ။
ဝမ္းနည္းရၿပီ။
အခန္႔မသင့္ရင္ စိတ္ဆိုးေဒါသထြက္ ရၿပီ။
တျဖည္းျဖည္းနဲ႔ လူေတြကို စိတ္ကုန္လာတာမ်ိဴးေတြ ျဖစ္လာရၿပီ။

ခဏေလး စာဖတ္တာကိုရပ္ၿပီး တစ္ခ်က္ေတြးၾကည့္လိုက္ပါ။ ဘယ္ေလာက္ေတာင္ ပူေလာင္ရလဲဆိုတာ။

အစကတည္းက သာ....
သူ႔ဆီက ဘာေမွ်ာ္လင့္ခ်က္မွ မယူပဲ အ
ေပးသက္သက္နဲ႔သာ ခ်စ္ၾကည့္ပါ။ ဂ႐ုစိုက္ၾကည့္ပါ။ အဲ့တာဆို တကယ္လို႔မ်ား သူတို႔ဘက္က ကိုယ့္ကို စိမ္းကားရင္ေတာင္ ကိုယ္က ပူေလာင္ရမွာမဟုတ္ပါဘူး။

တစ္လက္စတည္း...ကိုယ့္ကို ကိုယ္အၿမဲ သတိေပးတဲ့ စကားေလးတစ္ခုကိုပါ မွ်ေဝေပးလိုက္တယ္။

တစ္စုံတစ္ေယာက္ကို မင္း သံေယာဇဥ္ ျဖစ္မိတာနဲ႔ နာက်င္မႈဟာ ဝင္ေရာက္လာတာပဲတဲ့။

ခ်စ္ၾကည့္ပါ။
ဒါေပမယ့္ အရမ္းမတြယ္ကပ္ပါနဲ႔။
ေမွ်ာ္လင့္ခ်က္ သိပ္မထားပါနဲ႔။

With Love
Ren
4/4/2020

Continue Reading

You'll Also Like

1.1K 188 16
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio
351K 10.6K 36
Matt and Tina belong to political arch rival families. In front of their constituents, they are two young leaders who have powerful brilliant minds w...
1.3M 27.9K 63
They don't play to win. They play to hurt. Sterling Academy's irresistible reputation all came crashing down last year when a list of the 'top thirty...