"ေတာင္းပန္ပါတယ္ သူေဌးေရ… က်ေနာ္ အလုပ္မလုပ္ခ်င္ေတာ့ဘူး… ေတာင္းပန္ပါတယ္ ခ်စ္ရတဲ့ အေဖနဲ႔ အေမေရ… က်ေနာ့္ပိုက္ဆံအားလံုး သံုးလိုက္ေတာ့မယ္… ေတာင္းပန္ပါတယ္ သူေဌးေရ… ငါ့ကို ဒုကၡေပးေနတာေတြ ရပ္ပါေတာ့… အို ဟိုက္ရား… နာ့ရီရာ နာႏုဝါ… အိုဟိုက္ရား…"
"ရိန္း… မင္းတိတ္တိတ္ေနစမ္း…. ရိန္း…"
အစ္ကိုငါး တိုးတိုးတိတ္တိတ္ေအာ္ေသာ္လည္း မို႔ရန္က ၾကားဟန္မတူ။ ဆိုလက္စသီခ်င္္းကို ရပ္ၿပီး ေနာက္ထပ္တစ္ပုဒ္ကို ေပ်ာ္ေပ်ာ္ႀကီး ေျပာင္းဆိုေလသည္။
"နေမာ… ေအာ္မီေတာ္ေဖာ္… ဟာေလလုယာ… ဘုရားသခင္ ေစာင့္ေရွာက္ေတာ္မူပါ… မုန္္တိုင္းေလေတြ ထန္ေနေတာင္မွ က်ေနာ္ ေအးေဆးျဖတ္ေက်ာ္ႏိုင္တယ္ေလ…. နေမာ္ ေအာ္မီေတာ္ေဖာ္… မယ္ေတာ္မာရီ… သခင္ေယရွဴတို႔က က်ေနာ့္ကို ခ်စ္ၾကတယ္… အခုခ်က္ခ်င္း ငါဆရာအမိန္႔နဲ႔ အစြမ္းေတြထုတ္ၿပီး မေကာင္းဆိုးဝါးကို ခုတ္ပိုင္းလို႔ မိစၦာေတြကို ေမာင္းထုတ္ပစ္မယ္ဟဲ့…"
"ေဟ်ာင့္…. မင္း မၾကားဘူးလား…"
ဘုံုး…
အု…
"အစ္ကိုငါး… ဘာလို႔တြန္းရတာတုန္း…"
"မင္းေပါက္ကရ ေအာ္ေနတာေတြ ရပ္ေတာ့… ငါတို႔ကို ဝိုင္းၾကည့္ေနၿပီ…"
"ေအာ္… ဟုတ္.. ဟုတ္…."
ေပ်ာ္ေနေသာစိတ္ကေလးက ေဘးပတ္ဝန္းက်င္က မ်က္လံုးမ်ားေၾကာင့္ ပ်က္ကုန္သည္။ သီခ်င္းကို ဆက္မဆိုေတာ့ေသာ္လည္း ႏႈတ္ခမ္းကညည္းသံျပဳကာ တိုးတိုးေလးျဖင့္ တစ္လမ္းလံုးဆိုသြားသည္မွာ ခံတပ္၄ရွိရာ ေခ်ာင္ျပည္ငယ္သို႔တိုင္ေအာင္ပင္။ ခံတပ္ ၄နား ခ်ည္းကပ္မိသည္ႏွင့္ အားလံုးသည္အံ့ၾသႀကီးစြာ အာေမဋိတ္ျပဳသံမ်ား တိုးထြက္လာၿပီး ခဏမွ်ၿငိမ္သက္သြားၾကသည္။ လူေသအေလာင္းမ်ားက ေနရာအႏွံ႔ ျပန္႔ႀကဲေနသည္။ မီးခိုးေငြ႔ေတြၾကား တစ္စြန္းတစျမင္ေနရသည့္ ခံတပ္၄မွာ အေဝးကေနၾကည့္ရံုမွ် အေတာ္ပင္ပ်က္စီးေနသည္ကို ေတြ႕ရသည္။ ေသြးညွီနံ႔တို႔ ေလအသင့္တြင္ ပိုုမိုလိႈင္တက္လာသည့္အတြက္ မို႔ရန္ ပ်ိဳ႕အန္ခ်င္စိတ္မျဖစ္ေအာင္ ပါးစပ္ကို လက္ျဖင့္အုပ္ကာမိသည္။ ကြင္းျပင္ရွိ မီးေလာင္ေနေသာ လွည္းတို႔ လူေသအေလာင္းတို႔ကိုျဖတ္ေက်ာ္ၿပီး ခံတပ္ထဲ ဝင္ၾကည့္ရန္ သင့္၊ မသင့္ကို တပ္မွဴးငယ္္၏ အမိန္႔ကိုသာ ေစာင့္ေနရသည္။
"အစ္ကိုငါး…."
"အင္း…."
"က်ေနာ္တို႔ဒီကိုလာတာ အလြန္ဆံုးၾကာ ၅ရက္ေပါ့…. အေရွ႕တစ္ပတ္တုန္းကလည္း အကူစစ္သည္ေတြပို႔ထားတာ…. ဘယ္လုိျဖစ္တာပါလိမ့္…"
"ငါတို႔ ေထာင္ေခ်ာက္မမိဖို႔ပဲ ဆုေတာင္းရေတာ့မယ္…. ခံတပ္ထဲမွာ ဘယ္သူရွိမလဲ… ရန္သူလား ကိုယ့္လူလား ဘယ္သူမွ မသိႏိုင္ဘူး…."
"က်ေနာ္တို႔ ပိတ္မိႏိုင္လား…. အကယ္၍ အထဲက ရန္သူဆုိရင္… က်ေနာ္တို႔ကို တစ္ေနရာကေခ်ာင္းၿပီး ပိတ္ထားရင္ေရာ… အဲဒီလိုဆိုရင္ေလ…"
"မျဖစ္ႏိုင္ဘူး… သူတို႔လုပ္ႀကံခ်င္ရင္ ဒီအထိ… ငါတို႔ေရာက္လာမွာကို… ေစာင့္ေနမွာ မဟုတ္ဘူး…."
"ဒါဆို…."
"ခံတပ္ထဲကို လူလႊတ္ၿပီး ေစာင့္ၾကည့္ရဖိုိ႔ပဲ ရွိတယ္…."
"က်ေနာ္တို႔ရဲ႕ က်န္တဲ့သူေတြေရာ…"
"အစ္ကိုႀကီးဖူတို႔ အေနာက္္နားမွာ… ငါတို႔ညက်ရင္ စုေနၾကဖို႔ လုပ္ထားၿပီးၿပီ…"
"ေကာင္းလိုက္တာ…. အစ္ကိုငါး ေတာ္သြားျပန္ၿပီ…"
အားလံုးသည္ သတိဝိရိယထားၿပီး ပတ္ဝန္းက်င္ကို ေစာင့္ၾကည့္ေနၾကသည္။ တစ္နာရီ၊ ႏွစ္နာရီ၊ သံုးနာရီထိတိုင္ သံသယျဖစ္စရာ မည္သည့္လႈပ္ရွားမႈမွ မေတြ႕ရ။ ထပ္မံေစာင့္ၾကည့္္ေသာ္လည္း ညေနေစာင္းလာသည္အထိ ဘာမွမထူးျခားလာသည့္အတြက္ အားလံုးက ခံတပ္ဆီကိုသာ အာရံုေရာက္သြားၾကသည္။ စစ္သည္အနည္းငယ္ကို ခံတပ္ထဲဝင္ရန္ လႊတ္လိုက္သည့္အတြက္ မည္သို႔ေသာ သတင္းမ်ိဳး ရလာမလဲကို စစ္သည္တုိ႔ စိတ္ဝင္စားေနပံုရသည္။ ေတာစပ္ရွိ ေတာင္ကုန္းငယ္မ်ားဆီတြင္ ယာယီတပ္စခန္းခ်ထားၿပီး လႊတ္လိုက္ေသာစစ္သည္တို႔ ျပန္အလာကိုသာ ေစာင့္ေနသည္။ ညေနေမွာင္ရီတေရာအခ်ိန္ ေရာက္လာေသာ္လည္း မည္သူမွ် မီးမထြန္း။ ၾကယ္ေရာင္ႏွင့္ လေရာင္ကိုသာ အားျပဳၿပီး သတိရွိရွိျဖင့္ ေနေနၾကရသည္။
"တပ္မွဴးငယ္…. တပ္မွဴးငယ္…."
ေရွ႕ေျပးစစ္သည္ ေျပးလာသည္ကို ေတြ႕ရသည့္အတြက္ အားလံုးသည္ သူ႔ကိုလမ္းဖယ္ေပးၾကသည္။ စစ္သည္ေလးက တပ္မွဴးငယ္ေရွ႕ေရာက္သည္ႏွင့္
"ဘာေတြျဖစ္ခဲ့လဲ…."
"ခံတပ္ကို အထဲကေန အေသပိတ္ထားတယ္…. ေခြးတစ္ေကာင္မွေတာင္ ဝင္လုိ႔မရဘူး… အထဲမွာ အသံေတြၾကားရတယ္…."
"လူေတြေရာ ေတြ႕ခဲ့လား…."
"ဟုတ္ကဲ့… ေတြ႕ခဲ့ပါတယ္…. အထဲမွာ အမ်ားစုက အမ်ိဳးသမီးနဲ႔ ကေလးေတြခ်ည္္းပဲ… ၂က်ိပ္မွ် စစ္သည္ေတြကိုလည္း ေတြ႕ခဲ့ပါတယ္…."
"အေျခအေနက အေတာ္ႀကီးကို ဆိုးဝါးေနၿပီ… ငါတို႔စစ္သူႀကီးဆီ သတင္းျမန္ျမန္ပို႔ဖို႔လိုတယ္…. ေလဟုန္ ၂ေယာက္ ျမန္ျမန္ေဆာင္ရြက္ေတာ့…"
"အမိန္႔အတိုင္းပါ…."
ေလဟုန္ဟု အမည္ေပးထားသည့္ သတင္းပို႔စစ္သည္ႏွစ္ဦး ေရႊလင္းယုန္တပ္ဆီ လ်င္ျမန္စြာပင္ ထြက္ခြာသြားသည္။ ညခင္း ၈ နာရီ… အားလံုးက ညစာစားၿပီးခ်ိန္ျဖစ္ေသာ္လည္း တက္ၾကြမႈႏွင့္ အာရံုစိုက္မႈ တစ္စက္ကေလးမွ် မေလ်ာ့သြား။ တိတ္ဆိတ္ေနသည့္အခ်ိန္ျဖစ္ေသာ္လည္း ေလဟုန္ခြင္းလာသည့္ မီးျမားက တပ္၏ အလံတိုင္တစ္ခုဆီ စိုက္ဝင္သြားၿပီး အလံက ေျမေပၚလဲက်သြားသည္။ အားလံုးရုတ္ရုတ္သဲသဲျဖစ္သြားကာ ဓါး၊ ေလးျမားတို႔ကိုယူကာ အသင့္အေနအထား ျပင္ဆင္ထားသည္။ မို႔ရန္လည္း ဓါးကိုဆဲြကာ အစ္ကိုငါးနား ေျပးကပ္သြားသည္။ အစ္ကိုငါးက ရုတ္တရက္ပင္
"ဒိုင္းေတြနဲ႔ ျမန္ျမန္ကာ…"
ဒိုင္းကိုအခ်ိန္မီ အသံုးျပဳလုိက္ေသာ္လည္း ရာခ်ီေသာျမားတို႔က အခ်ိဳ႕အခ်ိဳ႕ေသာ စစ္္သည္မ်ားဆီီ ေဖာက္ဝင္သြားသည္။ လဲက်သြားေသာ စစ္သည္တို႔ကို တြဲကူရန္ မို႔ရန္လွမ္းျပင္ေနသည္ကို အစ္ကိုငါးက ျမင္သျဖင့္ လွမ္းဆြဲထားကာ
"ရိန္း… မသြားနဲ႔… ေရာ့… မင္း ဒါယူၿပီး ကိုယ့္ကိုယ္ကို ကာထား…"
အစ္ကိုငါးေပးေသာ ဒိုင္းကုိယူကာ မို႔ရန္ ေခါင္းကို ဒိုင္းေအာက္ ပုေနေအာင္ထားထားၿပီး တစ္ဖက္ရန္သူရွိရာ ေျပးဝင္သြားသည္။ ထို႔ေနာက္ ညာသံေပးကာ သူမေရွ႕ မဲမဲျမင္သမွ် လက္ဦးေအာင္ ခုတ္ေလသည္။
"ရိန္း… ဟာ…."
အစ္ကိုငါးလည္း မေနသာေတာ့ဘဲ မုိ႔ရန္ေနာက္လိုက္ၿပီး ဝင္ကူသည္။ တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္သည္လည္း ဓါးသံ ေအာ္သံတို႔ေၾကာင့္ ပိုမိုအသက္ဝင္သြားသည္။ အင္အားမတူေသာ္လည္း တစ္ဖက္က နယ္ေျမပိုမိုကၽြမ္းက်င္ၿပီး ေလ့က်င့္သားပိုေကာင္းသည့္အတြက္ မို႔ရန္တို႔ႏွင့္ လက္ရည္တူျဖစ္ေနသည္။ တိုက္ပြဲသည္ တစ္နာရီေတာင္ မၾကာေခ်။ အျဖဴအမည္း သဲကြဲစြာ အေျဖထြက္လာေတာ့သည္။ ရန္သူတို႔မွာ သတ္မကုန္သည့္အျပင္ ေတာနက္ထဲကေန ပိုၿပီးသာ တဖြဲဖြဲထြက္ေပၚလာသည္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် မုိ႔ရန္၏ ဓါးတြင္လည္း ေသြးတို႔အလိမ္းလိမ္းစီးကပ္လာေလသည္။ သူမကိုယ္ေပၚတြင္လည္း ရန္သူတပ္ဘက္မွ ေသြးတို႔ စြန္းထင္းေနသည္။ သူမေရွ႕တြင္ရွိေသာ ရန္သူကို ဓါးျဖင့္ ခုတ္ပိုင္းအဆံုးသတ္ၿပီးခ်ိန္တြင္ ခရာမႈတ္သံတို႔ ဆူညံလာသည္။
"ငါတို႔ ႏုိင္ၿပီ…. ငါတို႔တိုက္ႏုိင္ၿပီ…."
"ဆုတ္… ဆုတ္ၾက…"
"ျမန္ျမန္… လူစုခြဲ…."
"ဆုတ္ၾကေဟ့…."
"ျမန္ျမန္လိုက္… တစ္ေယာက္မွ မက်န္္ေစနဲ႔…
လိုက္ၾကစမ္း…. အားလံုးေသတာပဲ လိုခ်င္တယ္….."
အေရးမလွသည့္အျပင္ နယ္ေျမကၽြမ္းက်င္မႈနည္းသည္က တစ္ပန္းရံႈးေစသည္။ လ်င္ျမန္စြာ ဆုတ္ခြာၾကေသာ္လည္း အေနာက္က သဲႀကီးမဲႀကီးလိုက္ေနသည့္ ရန္သူေၾကာင့့္ တစ္ဦးကိုတစ္ဦး မၾကည့္အား။ မို႔ရန္ႏွင့္အတူေျပးလာေသာ စစ္သည္တစ္ဦးက ေျမေပၚသို႔ ရုတ္တရက္လဲက်သြားသည္။ သူမ လွမ္းထူရန္ လက္ကမ္းေပးရင္း
"မင္း… ဘာျဖစ္သြား…."
စစ္သည္၏ ေက်ာျပင္ေပၚရွိ ျမားက အေျဖကို တိတ္ဆိတ္စြာ ေပးေလသည္။ မုိ႔ရန္မ်က္လံုးေထာင့္စြန္းနားတြင္ ဓါးေရာင္လက္သြားသည္ကို ရုတ္တရက္ျမင္လိုက္ေသာ္လည္း ေရွာင္ရန္မမွီလိုက္ေခ်။ လက္ေမာင္းကို ခုတ္မိသြားၿပီး လူက လဲက်သြားသည္။ ဓါးက သူမကိုယ္ေပၚစီးမိုးၿပီး အရွိန္ျဖင့္ ထိုးစိုက္လာခ်ိန္ အျခားေသာ ဓါးတစ္လက္က ထိုဓါး၏ဦးတည္ရာ ေျပာင္းသြားေအာင္ လႊဲခုတ္ေလသည္။
"သံုးကေလး…"
"ျမန္ျမန္ေျပး…."
==============================
အပိုင်း (၆၂)
"တောင်းပန်ပါတယ် သူဌေးရေ… ကျနော် အလုပ်မလုပ်ချင်တော့ဘူး… တောင်းပန်ပါတယ် ချစ်ရတဲ့ အဖေနဲ့ အမေရေ… ကျနော့်ပိုက်ဆံအားလုံး သုံးလိုက်တော့မယ်… တောင်းပန်ပါတယ် သူဌေးရေ… ငါ့ကို ဒုက္ခပေးနေတာတွေ ရပ်ပါတော့… အို ဟိုက်ရား… နာ့ရီရာ နာနုဝါ… အိုဟိုက်ရား…"
"ရိန်း… မင်းတိတ်တိတ်နေစမ်း…. ရိန်း…"
အစ်ကိုငါး တိုးတိုးတိတ်တိတ်အော်သော်လည်း မို့ရန်က ကြားဟန်မတူ။ ဆိုလက်စသီချင်းကို ရပ်ပြီး နောက်ထပ်တစ်ပုဒ်ကို ပျော်ပျော်ကြီး ပြောင်းဆိုလေသည်။
"နမော… အော်မီတော်ဖော်… ဟာလေလုယာ… ဘုရားသခင် စောင့်ရှောက်တော်မူပါ… မုန်တိုင်းလေတွေ ထန်နေတောင်မှ ကျနော် အေးဆေးဖြတ်ကျော်နိုင်တယ်လေ…. နမော် အော်မီတော်ဖော်… မယ်တော်မာရီ… သခင်ယေရှူတို့က ကျနော့်ကို ချစ်ကြတယ်… အခုချက်ချင်း ငါဆရာအမိန့်နဲ့ အစွမ်းတွေထုတ်ပြီး မကောင်းဆိုးဝါးကို ခုတ်ပိုင်းလို့ မိစ္ဆာတွေကို မောင်းထုတ်ပစ်မယ်ဟဲ့…"
"ဟျောင့်…. မင်း မကြားဘူးလား…"
ဘုံး…
အု…
"အစ်ကိုငါး… ဘာလို့တွန်းရတာတုန်း…"
"မင်းပေါက်ကရ အော်နေတာတွေ ရပ်တော့… ငါတို့ကို ဝိုင်းကြည့်နေပြီ…"
"အော်… ဟုတ်.. ဟုတ်…."
ပျော်နေသောစိတ်ကလေးက ဘေးပတ်ဝန်းကျင်က မျက်လုံးများကြောင့် ပျက်ကုန်သည်။ သီချင်းကို ဆက်မဆိုတော့သော်လည်း နှုတ်ခမ်းကညည်းသံပြုကာ တိုးတိုးလေးဖြင့် တစ်လမ်းလုံးဆိုသွားသည်မှာ ခံတပ်၄ရှိရာ ချောင်ပြည်ငယ်သို့တိုင်အောင်ပင်။ ခံတပ် ၄နား ချည်းကပ်မိသည်နှင့် အားလုံးသည်အံ့သြကြီးစွာ အာမေဋိတ်ပြုသံများ တိုးထွက်လာပြီး ခဏမျှငြိမ်သက်သွားကြသည်။ လူသေအလောင်းများက နေရာအနှံ့ ပြန့်ကြဲနေသည်။ မီးခိုးငွေ့တွေကြား တစ်စွန်းတစမြင်နေရသည့် ခံတပ်၄မှာ အဝေးကနေကြည့်ရုံမျှ အတော်ပင်ပျက်စီးနေသည်ကို တွေ့ရသည်။ သွေးညှီနံ့တို့ လေအသင့်တွင် ပိုမိုလှိုင်တက်လာသည့်အတွက် မို့ရန် ပျို့အန်ချင်စိတ်မဖြစ်အောင် ပါးစပ်ကို လက်ဖြင့်အုပ်ကာမိသည်။ ကွင်းပြင်ရှိ မီးလောင်နေသော လှည်းတို့ လူသေအလောင်းတို့ကိုဖြတ်ကျော်ပြီး ခံတပ်ထဲ ဝင်ကြည့်ရန် သင့်၊ မသင့်ကို တပ်မှူးငယ်၏ အမိန့်ကိုသာ စောင့်နေရသည်။
"အစ်ကိုငါး…."
"အင်း…."
"ကျနော်တို့ဒီကိုလာတာ အလွန်ဆုံးကြာ ၅ရက်ပေါ့…. အရှေ့တစ်ပတ်တုန်းကလည်း အကူစစ်သည်တွေပို့ထားတာ…. ဘယ်လိုဖြစ်တာပါလိမ့်…"
"ငါတို့ ထောင်ချောက်မမိဖို့ပဲ ဆုတောင်းရတော့မယ်…. ခံတပ်ထဲမှာ ဘယ်သူရှိမလဲ… ရန်သူလား ကိုယ့်လူလား ဘယ်သူမှ မသိနိုင်ဘူး…."
"ကျနော်တို့ ပိတ်မိနိုင်လား…. အကယ်၍ အထဲက ရန်သူဆိုရင်… ကျနော်တို့ကို တစ်နေရာကချောင်းပြီး ပိတ်ထားရင်ရော… အဲဒီလိုဆိုရင်လေ…"
"မဖြစ်နိုင်ဘူး… သူတို့လုပ်ကြံချင်ရင် ဒီအထိ… ငါတို့ရောက်လာမှာကို… စောင့်နေမှာ မဟုတ်ဘူး…."
"ဒါဆို…."
"ခံတပ်ထဲကို လူလွှတ်ပြီး စောင့်ကြည့်ရဖို့ပဲ ရှိတယ်…."
"ကျနော်တို့ရဲ့ ကျန်တဲ့သူတွေရော…"
"အစ်ကိုကြီးဖူတို့ အနောက်နားမှာ… ငါတို့ညကျရင် စုနေကြဖို့ လုပ်ထားပြီးပြီ…"
"ကောင်းလိုက်တာ…. အစ်ကိုငါး တော်သွားပြန်ပြီ…"
အားလုံးသည် သတိဝိရိယထားပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။ တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီထိတိုင် သံသယဖြစ်စရာ မည်သည့်လှုပ်ရှားမှုမှ မတွေ့ရ။ ထပ်မံစောင့်ကြည့်သော်လည်း ညနေစောင်းလာသည်အထိ ဘာမှမထူးခြားလာသည့်အတွက် အားလုံးက ခံတပ်ဆီကိုသာ အာရုံရောက်သွားကြသည်။ စစ်သည်အနည်းငယ်ကို ခံတပ်ထဲဝင်ရန် လွှတ်လိုက်သည့်အတွက် မည်သို့သော သတင်းမျိုး ရလာမလဲကို စစ်သည်တို့ စိတ်ဝင်စားနေပုံရသည်။ တောစပ်ရှိ တောင်ကုန်းငယ်များဆီတွင် ယာယီတပ်စခန်းချထားပြီး လွှတ်လိုက်သောစစ်သည်တို့ ပြန်အလာကိုသာ စောင့်နေသည်။ ညနေမှောင်ရီတရောအချိန် ရောက်လာသော်လည်း မည်သူမျှ မီးမထွန်း။ ကြယ်ရောင်နှင့် လရောင်ကိုသာ အားပြုပြီး သတိရှိရှိဖြင့် နေနေကြရသည်။
"တပ်မှူးငယ်…. တပ်မှူးငယ်…."
ရှေ့ပြေးစစ်သည် ပြေးလာသည်ကို တွေ့ရသည့်အတွက် အားလုံးသည် သူ့ကိုလမ်းဖယ်ပေးကြသည်။ စစ်သည်လေးက တပ်မှူးငယ်ရှေ့ရောက်သည်နှင့်
"ဘာတွေဖြစ်ခဲ့လဲ…."
"ခံတပ်ကို အထဲကနေ အသေပိတ်ထားတယ်…. ခွေးတစ်ကောင်မှတောင် ဝင်လို့မရဘူး… အထဲမှာ အသံတွေကြားရတယ်…."
"လူတွေရော တွေ့ခဲ့လား…."
"ဟုတ်ကဲ့… တွေ့ခဲ့ပါတယ်…. အထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးတွေချည်းပဲ… ၂ကျိပ်မျှ စစ်သည်တွေကိုလည်း တွေ့ခဲ့ပါတယ်…."
"အခြေအနေက အတော်ကြီးကို ဆိုးဝါးနေပြီ… ငါတို့စစ်သူကြီးဆီ သတင်းမြန်မြန်ပို့ဖို့လိုတယ်…. လေဟုန် ၂ယောက် မြန်မြန်ဆောင်ရွက်တော့…"
"အမိန့်အတိုင်းပါ…."
လေဟုန်ဟု အမည်ပေးထားသည့် သတင်းပို့စစ်သည်နှစ်ဦး ရွှေလင်းယုန်တပ်ဆီ လျင်မြန်စွာပင် ထွက်ခွာသွားသည်။ ညခင်း ၈ နာရီ… အားလုံးက ညစာစားပြီးချိန်ဖြစ်သော်လည်း တက်ကြွမှုနှင့် အာရုံစိုက်မှု တစ်စက်ကလေးမျှ မလျော့သွား။ တိတ်ဆိတ်နေသည့်အချိန်ဖြစ်သော်လည်း လေဟုန်ခွင်းလာသည့် မီးမြားက တပ်၏ အလံတိုင်တစ်ခုဆီ စိုက်ဝင်သွားပြီး အလံက မြေပေါ်လဲကျသွားသည်။ အားလုံးရုတ်ရုတ်သဲသဲဖြစ်သွားကာ ဓါး၊ လေးမြားတို့ကိုယူကာ အသင့်အနေအထား ပြင်ဆင်ထားသည်။ မို့ရန်လည်း ဓါးကိုဆွဲကာ အစ်ကိုငါးနား ပြေးကပ်သွားသည်။ အစ်ကိုငါးက ရုတ်တရက်ပင်
"ဒိုင်းတွေနဲ့ မြန်မြန်ကာ…"
ဒိုင်းကိုအချိန်မီ အသုံးပြုလိုက်သော်လည်း ရာချီသောမြားတို့က အချို့အချို့သော စစ်သည်များဆီ ဖောက်ဝင်သွားသည်။ လဲကျသွားသော စစ်သည်တို့ကို တွဲကူရန် မို့ရန်လှမ်းပြင်နေသည်ကို အစ်ကိုငါးက မြင်သဖြင့် လှမ်းဆွဲထားကာ
"ရိန်း… မသွားနဲ့… ရော့… မင်း ဒါယူပြီး ကိုယ့်ကိုယ်ကို ကာထား…"
အစ်ကိုငါးပေးသော ဒိုင်းကိုယူကာ မို့ရန် ခေါင်းကို ဒိုင်းအောက် ပုနေအောင်ထားထားပြီး တစ်ဖက်ရန်သူရှိရာ ပြေးဝင်သွားသည်။ ထို့နောက် ညာသံပေးကာ သူမရှေ့ မဲမဲမြင်သမျှ လက်ဦးအောင် ခုတ်လေသည်။
"ရိန်း… ဟာ…."
အစ်ကိုငါးလည်း မနေသာတော့ဘဲ မို့ရန်နောက်လိုက်ပြီး ဝင်ကူသည်။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည်လည်း ဓါးသံ အော်သံတို့ကြောင့် ပိုမိုအသက်ဝင်သွားသည်။ အင်အားမတူသော်လည်း တစ်ဖက်က နယ်မြေပိုမိုကျွမ်းကျင်ပြီး လေ့ကျင့်သားပိုကောင်းသည့်အတွက် မို့ရန်တို့နှင့် လက်ရည်တူဖြစ်နေသည်။ တိုက်ပွဲသည် တစ်နာရီတောင် မကြာချေ။ အဖြူအမည်း သဲကွဲစွာ အဖြေထွက်လာတော့သည်။ ရန်သူတို့မှာ သတ်မကုန်သည့်အပြင် တောနက်ထဲကနေ ပိုပြီးသာ တဖွဲဖွဲထွက်ပေါ်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ မို့ရန်၏ ဓါးတွင်လည်း သွေးတို့အလိမ်းလိမ်းစီးကပ်လာလေသည်။ သူမကိုယ်ပေါ်တွင်လည်း ရန်သူတပ်ဘက်မှ သွေးတို့ စွန်းထင်းနေသည်။ သူမရှေ့တွင်ရှိသော ရန်သူကို ဓါးဖြင့် ခုတ်ပိုင်းအဆုံးသတ်ပြီးချိန်တွင် ခရာမှုတ်သံတို့ ဆူညံလာသည်။
"ငါတို့ နိုင်ပြီ…. ငါတို့တိုက်နိုင်ပြီ…."
"ဆုတ်… ဆုတ်ကြ…"
"မြန်မြန်… လူစုခွဲ…."
"ဆုတ်ကြဟေ့…."
"မြန်မြန်လိုက်… တစ်ယောက်မှ မကျန်စေနဲ့…
လိုက်ကြစမ်း…. အားလုံးသေတာပဲ လိုချင်တယ်….."
အရေးမလှသည့်အပြင် နယ်မြေကျွမ်းကျင်မှုနည်းသည်က တစ်ပန်းရှုံးစေသည်။ လျင်မြန်စွာ ဆုတ်ခွာကြသော်လည်း အနောက်က သဲကြီးမဲကြီးလိုက်နေသည့် ရန်သူကြောင့် တစ်ဦးကိုတစ်ဦး မကြည့်အား။ မို့ရန်နှင့်အတူပြေးလာသော စစ်သည်တစ်ဦးက မြေပေါ်သို့ ရုတ်တရက်လဲကျသွားသည်။ သူမ လှမ်းထူရန် လက်ကမ်းပေးရင်း
"မင်း… ဘာဖြစ်သွား…."
စစ်သည်၏ ကျောပြင်ပေါ်ရှိ မြားက အဖြေကို တိတ်ဆိတ်စွာ ပေးလေသည်။ မို့ရန်မျက်လုံးထောင့်စွန်းနားတွင် ဓါးရောင်လက်သွားသည်ကို ရုတ်တရက်မြင်လိုက်သော်လည်း ရှောင်ရန်မမှီလိုက်ချေ။ လက်မောင်းကို ခုတ်မိသွားပြီး လူက လဲကျသွားသည်။ ဓါးက သူမကိုယ်ပေါ်စီးမိုးပြီး အရှိန်ဖြင့် ထိုးစိုက်လာချိန် အခြားသော ဓါးတစ်လက်က ထိုဓါး၏ဦးတည်ရာ ပြောင်းသွားအောင် လွှဲခုတ်လေသည်။
"သုံးကလေး…"
"မြန်မြန်ပြေး…."