မွေ့ကေသာ / မွေ့ကေသာ [ Uni/Zaw...

By JuneRose15

7.4K 320 16

သာမန် ကျေးတောသူ ပန်းသည်မလေး ဘဝမှသည် မရည်ရွယ်ပါဘဲ စစ်သူကြီး လဂွန်းအိမ်၏ ကတော်မယား အဖြစ် ရောက်ခဲ့ရသော မွေ့ကေသာ... More

😁
အခန်း ၁ ( က )
အခန်း ၁ ( က ) Zawgyi
about my writing 😊
အခန်း ၁ ( ခ )
အခန်း ၁ ( ခ ) Zawgyi
Characters
Announcement!
အခန်း ( ၂ )
အခန်း ( ၂ ) Zawgyi
June's Note
အခန်း ( ၃ )
အခန်း ( ၃ ) Zawgyi
အခန်း ( ၄ )
အခန်း ( ၄ ) Zawgyi
အခန်း ( ၅ )
အခန်း ( ၅ ) Zawgyi
အခန်း ( ၆ )
အခန်း ( ၆ ) Zawgyi
အခန်း ( ၇ )
အခန်း ( ၇ ) Zawgyi
HELLO!!!!
အခန်း ( ၈ )
အခန်း ( ၈ ) Zawgyi
Advertisement!! 😁
June's Note
အခန်း ( ၉ )
အခန်း ( ၉ ) Zawgyi
အခန်း ( ၁၀ )
အခန်း ( ၁၀ ) Zawgyi

Characters [Zawgyi]

157 5 0
By JuneRose15

ဇာတ်ဆောင်များ အကြောင်း

၁။ မွေ့ကေသာ

~အမည် - မွေ့ကေသာ

~ဘွဲ့နာမည် - မေနှင်းကေသရာ [တိုက်ကလား မြို့စား ကတော်]

💙ချစ်ဦးသူ - စောသံမုံ

♥ကြင်ရာဖက် - လဂွန်းအိမ် [တိုက်ကလား မြို့စား ဝါ သုသျှင်၏ စစ်သူကြီး]

{မော်ဓောစေတီရင်ပြင်ထက် ပန်းရောင်း
သော ကျေးတောသူ ပန်းသယ်မလေး ဘဝမှသည် အမောင် စောသံမုံကြောင့် ရှုပ်ထွေးလှသည့် ဟံသာဝတီ နန်းတွင်းထဲ ရောက်ရှိလာသူ။}
=======================

၂။ မတ်သံလုံ

~အမည် - မတ်သံလုံ

~ဘွဲ့အမည် - လဂွန်းအိမ် [တိုက်ကလား မြို့စား/ သုသျှင် အားကိုးရသည့် စစ်သူကြီး]

💙ချစ်ဦးသူ - နှင်းပန်းခိုင် [ တရည်းမြို့စား တပ်မင်းကြီး သမိန်သံဗြက်၏ သမီးတော်]

♥ကြင်ရာဖက် - မေနှင်းကေသရာ

{ တရည်းမြို့စောင့် တပ်မှူးတစ်ယောက် အဖြစ်မှသည် တရည်းမြို့ တိုက်ပွဲတွင် နာမည် ကျော်ကြားလာပြီး သုသျှင်က မျက်စိကျကာ ချီးမြှောက်ခံရသော သူရဲကောင်း စစ်သူကြီး}
=======================

၃။ စောသံမုံ

~အမည် - စောသံမုံ

~ဘွဲ့အမည် - .............

💙ချစ်ဦးသူ - မွေ့ကေသာ

{အရှင့်သား ဗညားနွဲ့ နန်းမတက်မီကပင် အားကိုးရသည့် သွေးသောက် တပ်သား အဖွဲ့ထဲမှ တစ်ယောက်}
=======================

၎။ နှင်းပန်းခိုင်

~အမည် - နှင်းပန်းခိုင်

~ဘွဲ့အမည် - .............

💙ချစ်ဦးသူ - မတ်သံလုံ

{တရည်းမြို့စား အမတ်ကြီး သမိန်သံဗြက် ၏ သမီးတော်၊ ဓားခုတ်၊ မြှားပစ် စသည့် စစ်ရေး ကျွမ်းကျင်သူ}
========================

၅။ ဟံသာဝတီပြည့်ရှင် သုသျှင်ရာဇာဓိရာဇ်

~အမည် - ဗညားနွဲ့ (မင်းသားဘွဲ့ အမည်)

~ဘွဲ့တော်- ရာဇာဓိရာဇ် ( လက်အောက် ငယ်သား တို့က 'သုသျှင်'ဟု ခေါ်ကြသည်။)

💙ချစ်ဦးသူ - တလမေဒေါ ( ဗညားနွဲ့ အရှင့်သား နှင့် ဖအေတူ၊ မအေကွဲ မောင်နှမ )

♥ကြင်ရာဖက် - တလမေဒေါ၊ ဒလသုဒ္ဓမာယာ၊ ပီယရာဇာဒေဝီ။
==========================

၆။ မင်းကန်စီ

~အမည် - မင်းကန်စီ

~ဘွဲ့အမည် - ရာဇမနု

{ ဗညားနွဲ့အရှင့်သားက မင်းကန်စီ၏ ကိုယ်ရည်ကိုယ်သွေးကို သဘောကျလွန်းသဖြင့် ကိုယ်ရင်ဝတ် ဘဝမှ အတင်း လူထွက်ခိုင်းကာ နံဘေးမှာထားပြီး အကြံပေးစေသူ.... သုသျှင် နှင့် သူငယ်ချင်း ရင်းချာပမာ အလွန်ရင်းနှီးသူ }
=======================

၇။ အဒေါကုန်း

အမည် - အဒေါကုန်း

{ ဗညားနွဲ့ အရှင့်သားအား ငယ်စဉ်ကပင် ထိန်းကျောင်းခဲ့သော လူယုံတော်ကြီး }
=======================

၈။ တလမေဒေါ

အမည် - မင်းသမီး တလမေဒေါ

♥ကြင်ရာဖက် - မင်းသား ဗညားနွဲ့

{ "ဗောလောကျန်းဒေါ" အမည်ရှိ သားတော်တစ်ပါး မွေးဖွားသည်။ }
===========================

၉။ အရီးတော် မဟာဒေဝီ

အမည် - မဟာဒေဝီ (ငယ်မည် 'မွေ့န')

{ ဆင်ဖြူရှင် ဗညားဦး၏ အစ်မတော်၊ ဒဂုံ မြို့စား ဖြစ်သည်။ }
==========================

၁၀။ ဆင်ဖြူရှင် ဗညားဦး

အမည် - ဗညားဦး

{ အဋ္ဌမမြောက် မုတ္တမ မင်း၊ မုတ္တမ မှ ဒုန်ဝန်းသို့ ၆နှစ်မျှ ခွာ၍ နေရပြီးနောက်.... ပဲခူးတွင် မင်း ဖြစ်လာသည်။ မင်းသား ဗညားနွဲ့၊ မင်းသမီး တလမေဒေါ တို့၏ ခမည်းတော်.. }
===========================

၁၁။ တလမေသီရိ

အမည် - မင်းသမီး တလမေသီရိ

{ ဆင်ဖြူရှင် ဗညားဦး + မိဖုရား မွေ့ကော (နှင်းအံဒေါင်း) တို့၏ သမီးတော် }
============================

၁၂။ သမိန် မရူး

အမည် - သမိန် မရူး ( ဘုရင့်သမက်တော်)

♥ကြင်ရာဖက် - တလမေသီရိ မင်းသမီး
============================


လောလောဆယ် ပါလာမယ့် ဇာတ်ဆောင်တွေအကြောင်းလေး အကျဉ်းချုပ်ရေးထားပါတယ်။ နောက်ထပ် ပါလာမယ့် ဇာတ်ဆောင်တွေကိုလည်း ဒီအထဲမှာပဲ ထပ်ဖြည့်သွားပါမယ်။ ဟံသာဝတီ - အင်းဝ ခေတ်နောက်ခံ historical based fiction ဖြစ်တာမို့ နာမည်တွေ ဘွဲ့တွေက အခုခေတ်နဲ့ဆိုရင် အနည်းငယ် စိမ်းသက်နေမယ် ထင်ပါတယ်။ June's ficထဲက လူပုဂ္ဂိုလ်တွေက သမိုင်းမှာ တကယ်ရှိခဲ့တာမို့ သူတို့ရဲ့ နဂို cahracter၊ နဂို ဇာတ်ကြောင်းနဲ့ မသွေဖီအောင် တတ်နိုင်သမျှ ကြိုးစားရေးပါမယ်။ ကိုယ်က သမိုင်းသုတေသီ မဟုတ်တာမို့ အမှားတွေရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြပါ......လို့။

အခန်း ၂ နဲ့အတူ နောက် ၃ရက်နေရင် ပြန်လာခဲ့ပါမယ်... 😇💙!

Whatever... wash ur hands pr naw readers.. 😊🙌👐👏

Thank u all for reading & adding to your reading lists.. 😇💙!

By #JuneRose 🥀

4/4/20 Fri. 2:55 a.m

Continue Reading

You'll Also Like

1.7M 69.3K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...