"ဟယ်...စိမ်းရယ် နင်ပိုပြီးတော့တောင်လှလာလိုက်တာ
ကြည့်စမ်းစင်ကာပူမှာနေပြီး နိုင်ငံခြားသူလေးလိုဖြစ်လို့..."
"ဟုတ်လား...နင်ပြောမှကိုယ့်ကိုတောင်သတိထား
မိတော့တယ်"
"ကမစုတ်..ပြောကာမှဘဝကမြင့်ပြန်ပြီး"
သူပခုံကို ရတုကလက်သီးဆုပ်ဖြင့်လှမ်းပုပ်၏။
"သြော်...တကယ်ပြောတာပါ ငါဘဝမှာလေ မ
မရှိကတည်းက အလှအပဆိုတာလည်း
မရှိတော့ပါဘူးရတုရာ"
အဝေးသိုငေးရီပြီးပြောရင်း..
"အမယ့်ပြောစမ်းပါဦး ဟိုမှာကောင်လေးဘယ်
နှစ်ယောက်ကရှင့်ကို လိုက်နေလည်းဆိုတာ.."
"ရတုနော်...မ သာကြားရင်နင့်ကိုစိတ်ဆိုးလိမ့်မယ်
သိလား"
"ဟီး...ခုဆိုငါသူချင်း နှစ်နစ်ပြည့်ဖို့ ရက်ပိုင်းပဲလို
တော့တာဘဲဟာ ခုဆိုဗမာပြည်တောင်ပြန်ရောက်နေပြီ
မမသုန်သာသိရင်အတော်လေးပျော်သွားမှာသိလား.."
"နင်ပြောတော့ အိမ်ပြောင်းသွားပြီးဆို..သေချာရဲ့လား"
"အင်းလေ..နင်ထွက်သွားတဲ့တစ်နစ်ကျော်အကြာက သူ
အဘိုးကြီး နလုံးရောဂါနဲ့ရုတ်တရက်ဆုံးသွားတယ်ဟာ
ပြီးတော့ သူအမေနဲ့သူညီမ မတည့်ဖြစ်ပြီး အမွေဆိုင်အိမ်
ကိုတစ်ယောက်တစ်ဝက်ခွဲတယ်လို့ကြားတယ်အဲ့တာနဲ့
သူတို့မိသားစုဘယ်ရောက်သွားမှန်း စုံးစမ်းလို့မရတော့
ဘူးဟ"
"စိတ်ညစ်လိုက်တာ ရတုရယ်...မြန်မာပြည်ကိုပြန်ရောက်
တော့လည်း ကြားကြားခြင်းသတင်းက မ တို့အိမ်ပြောင်း
သွားပြီတဲ့လား...မကိုအရမ်းတွေ့ချင်ပါတယ်ဆိုမှဟာ"
"မြန်မာပြည်ကကျဉ်းကျဉ်းလေးပါဟာ...နင်တို့ဖူးစာ
မှန်ရင်တစ်နေ့ပြန်ဆုံကြမှာပါ"
ရတုကိုလက်ဆောင်များပေးကာနှုတ်ဆက်ပြီး အဆောင်မှထွက်လာလိုက်သည်။ခုဆို သူမမြန်မာပြည်ပြန်ရောက်တာနှစ်ရက်ရှိခဲ့ပြီ။ပြည့်ပသွားနေစဉ်နှစ်နစ်အတွင်းကိုယ်ပိုင်ကုမ္မဏီတစ်ခုကိုထောင်နိုင်ပြီးceoဖြစ်လို့နေပြီ။
"ဟာ...စိမ်း နင်ကိုတွေ့တာနဲ့အတော်ပဲ"
"ဝေနွယ်ထွန်း..နင်ဒီကိုဘာလာလုပ်တာတုန်း"
"အဆောင်ပိုင်ရှင်နဲ့လာတွေတာဟ ..နင်မှာကားပါတာဘဲ
ငါကိုကူညီပါဥိး"
"အင်း..ပြောလေနွယ်"
"ငါမိန်းမဆေးရုံတင်ထားရလို့...အဲ့တာလိုက်ပို့
အမြန်လိုက်ပို့ပေးပါ ရွက်နု."
"ဟာ ..ထက်ကဘာဖြစ်ပြန်တုန်း"
"ငါ့မိန်းမလေ...ကားအက်ဆီးဒန့်ဖြစ်လို့ဆေးရုံတင်ထားတာ
နစ်ရက်ရှိပြီ ဒီနေဆင်းရမယ်ဆိုလို့ နင်ကားပါတာနဲ့အတော်ဘဲပြောတာ"
"အင်..တက်လေသွားကြတာပေါ့နွယ်"
ဆေးရုံရောက်တော့အာအင်းဖျော့တော့စွာခုတင်ပေါ်မှာလဲနေသောထက်ထက်အောင်ကသူတို့နစ်ဦးကိုကြည့်ပြီးအပြုံဖြင့်နှုတ်ဆက်ရင်း...
"စိမ်း ဘယ်တုန်းကပြန်ရောက်တာတုန်း
ငါသူငယ်ချင်းပိုတောင်လှလာတယ်ကြည့်စမ်း.."
"သိပ်မကြာသေးဘူးထက်ထက်ရ..နင်ဒီနေ့ဆေးရုံဆင်းမယ်
ဆိုလို့နွယ်နဲ့တွေ့ပြီး တစ်ခါတည်းလိုက်လာလိုက်တာ"
"အင်း..အချေမ ..ဒါနဲ့နွယ်ကော"
"သူ ဆရာဝန်ဆီ ဆင်းစာ သွားယူနေတာ ထက်ထက်
ငါ နင်ကို တွဲပြီး ကားပေါ်တင်ပေးမယ်..လာ"
"အင်း..ကျေးဇူးပါဟာ"
"ထလို့ရလား နွယ်"
ွထက်ထက်အောင်ကျောကိုဖေးမပြီးခုတင်အောက်သို့ဖြေးငြင်းစွာဆင်းခိုင်းသည်။ခုတင်းအောက်ရောက်တော့ သူခါးကိုကိုင်ရင်ထိန်းပေးပြီးဖိနပ်စီးခိုင်းသည်။ခြေထောက်ကဒဏ်ရာကြောင့်လမ်းကောင်းကောင်းမလျှောက်နိုင်သော ထက်ထက်အောင်ကို သူမတွဲထူပေးရင်း ကားရှိရာဆီလျှောက်သည်။
***
"ဒေါက်တာက တစ်နေ့တစ်နေ့ ပြက္ခဒိန်ပဲကြည့်ကြည့်ပြိး ပြုံး
ပြုံးနေတယ်မဟုတ်မှလွဲရောဒေါက်တာချစ်ရသူပြန်လာမှာ
မလို့လား တစ်ခုခုပဲနော်.."
နာစ့်စမလေးနစ်ယောက်က လူနာတစ်ယောက်အခန်းပြင်ပြန်အထွက်မှာသုန်ကိုစသည်။
"ရှင်တို့ကြိုက်သလိုသာထင်တော့ကွာ ယွန်း မပြောတက်
တော့ဘူး"
သတက်လေးတွေပေါ်အောင်ရယ်ပြောရင်း ထိုင်ခုံကိုနောက်ဆုတ်ကာထိုင်ရာမှထပြီးဂျူတီကုပ်ဘေးအိတ်နှစ်ဖက်ထဲလက်ထည့်ရင်း ဝရန်တာဆီလျောက်သည်။တဖြူးဖြူးတိုက်ခက်လာတဲ့လေကိုအားရပါးရရှုးသွင်းလိုက်ပြီး အပေါ်စီးမှမြင်နေရသော ကားအဖြူရောင်လေးဆီအကြည့်ရောက်သည်။ကားတခါးကိုဖွင့်၍ဆေးရုံမှဆင်းကာစကောင်မလေးကိုဘေးကကောင်မလေးကကြင်ကြင်နာနာယုယုယ ယဟန်ဖြင့်ခါးကိုကိုင်ပြီးကားအတွင်းသို့ဝင်ထိုင်စေသည်။
ထိုထဲကတစ်ယောက်ကကလေးနှင့်တူလိုက်တာဟု ထင်မိကာသေချာကြည့်တော့သူမက ကားတံခါးကိုသေချာပိတ်ပေးပြီးယဉ်မောင်းနေရာကိုကားတံခါးဖွင့်ပြီးဝင်ထိုင်သည်။
ကလေးမှကလေးအစစ်။
မယုံနိုင်လောက်အောင်အံအားသင့်ပြီး မိုက်ခနဲ့ဖြစ်သွားသောခေါင်းကိုလက်တစ်ဖက်ဖြင့်အုတ်တံတိုင်းမှာမှီရင်း မျက်လုံးကိုဖြည့်ငြင်းစွာဖွင့်သည်။ခေါင်းနဲ့အုတ်နံရံကြားမှာခံထားသော လက်မောင်းပေါ်သို မျက်ရည်ပေါက်လေးများ တစ်ပွင့်စီတစ်ပွင့်စီကြွေကျလို့လာသည်။ရက်စက်လိုက်တာလို့ပြောမထွက်အောင်ကလေရက်စက်တက်နေပြီနော်။ဘယ်သောအခါမှရက်စက်ယုတ်မာလိမ့်မယ်လို့ မထင်မိခဲ့။သူအပေါ်အထင်ကြီးခဲ့သော စိတ်တို့သည်ဒေါသဖြစ်၍မဆုံး။သူများတွေပြောရင်တော့ မနာလိုလို့ပြောတာယုံဖြစ်မည်ခုများတော့
ကိုယ်တိုင်မျက်စိနဲ့တက်အပ်မြင်ခဲ့ပြီ။အော်...ရောက်မှတ်ရောက်တော့ သူလည်းနောက်တစ်ယောက်ရှာပြီးပျော်ချင်ရှာမှာပေါ့။
ပျော်နိုင်ပါစေ ကလေးရေ....
ကလေးကိုအစကတည်းက အရိပ်လေးတစ်ရိပ်ပမာကြည့်ပြီး ကလေးပျော်ရွင်ရင်မပိုလို့ပျော်ရပါတယ်။
ဘယ်တော့ပဲဖြစ်ဖြစ်ပါ
ကလေးအပေါ် အရှုံးနဲ့ချစ်လာရပြီးမှ.......
ဒီထက်ရှုံးတဲ့အရှုံတွေဘယ်လာရှိနိူင်တော့မှာလည်း
ဝဠ်ကြွေးရှိခဲ့ရင်ဒိဘဝဒိမျှသာ ကုန်ပါစေတော့ကလေး။
"ဒေါက်တာကလဲ ဒိလောက်ဝေးလံတဲ့နေရာကြီးကို
ဒေါက်တာမို့ သွားချင်တယ်"
ပြောင်းစာတင်သည့်နေ့က ပြက္ခဒိန်ကိုကြည့်လှချည်လား
ဟုပြောခဲ့သော်နစ်မနှစ်ယောက်က သုန်ဘဝကို ခရေစေ့
တွင်းကျသိခဲ့ရင်ခုလို့ပြောင်းခွင့်အမိန့်ကိုတာမြစ်ရဲမှာမ
ဟုတ်ပါဘူး။ ခုတော့လည်း...
မ ဘဝမှာဘာများမျော်လင့်ပျော်ရွင်ကြည့်နူးစရာရှိတော်မှာလဲ။ကလေးမရှိရင်မ ဘဝဟာသေ သည်နှင့်မခြားပါပဲ.......
****
တောရွာလေး၏အငွေ့အသက်တမာရိပ်နှင့်ဆီချုံ ထနောင်းပင်တို့ကသက်သေပြုနေသည်၊
မနေ့ကဒီမြို့လေးကိုရောက်သည်။
ဒိမြို့ကိုရောက်ရတာ သုန်ပျော်သည်။ဒိမြို့မှာပကာသန ဂုဏ်တူဂုဏ်ပြိုင်မရှိ။
အလုပ်သမားမြို့ဟုခေါ်ရလောက်အောင်မြင်မြင်သမျှ လူအားလုံးသည်အချိန်တန်ရင်ကိုယ်လုပ်ငန်းကိုယ်ဝင်ကာနေဝင်မှမိုးချုပ်သို့ အလုပ်နဲ့ပြက်သည်လို့မရှိကြပါ။ဒိဆေးရုံမှာဆရာ
ဝန်အဖြစ်သီသန့်မပို့တာခြောက်လကျော်ခဲ့ပြီဟုသိရသည်။ဆေးရုံမှာလည်း စုစုပေါင်းခုတင်ဆယ်လုံးသာရှိသည်ပဲ။
မြို့နဲ့ဆေးရုံရှိတဲ့နေရာကအတော်လေးအလှမ်းဝေးတာမို့
တစ်ပတ်မှတ်တစ်ခါလောက်သာ မြို့ကိုတက်ဖြစ်ပြီး ဝယ်စရာရှိတာဝယ်ရသည်။
"ဒေါက်တာလေး မြို့တက်မယ်ဆိုတော်ကြာ ကားကြုံ
လာတော့မယ်"
အတုနေသည့်နာစ်စမမစောအသံကြောင့်မိုးနှင်းမှုန်များနေ၍ အနွေးထည်ကုပ်ကို အပေါ်တစ်ထပ်ဝတ်လိုက်သည့်သုန်မှာ အပြုံနှင့်တုံပြုန်ရင်း..
"ကျေးဇူးပဲ .. မမစောကောဈေးကြုံမလိုက်တော့ဘူးလား"
"မလိုက်တော့ဘူးဒေါက်တာမလေးရယ်..မမစောက ပြီးခဲ့တဲ့တစ်ပတ်ကမှ သွားထားသေးတာ"
ပြောနေစဉ်ကားဟွန်သံကြား၍....
"ကားလာပြီဒေါက်တာမလေး ..မမစော ကားစောင့်ခိုင်း
ထားလိုက်မယ်."
"ဟုတ်ကဲ့မမစော ယွန်း ခုလာတော့မှာပါ ခနလေးလို့"
အနည်းငယ်ဖွာနေသောဆံပင်ကို ဘီးဖြင့်ခပ်မြန်မြန်သပ်တင်လိုက်ပြီးမှန်တင်ခုံမှ အိတ်ကိုယူကာထွက်လာလိုက်သည်။ဆေးရုံ့ရှေ့မှာရပ်ထားသည့်ကားဆီအမြန်လျောက်သည်။
"မမယွန်း...."
ကားတံကားကိုဖွင့်မည်ပြုသော ယွန်း လက်သည်တရီးတနီးခေါ်သံကြောင့်တွန်ဆုတ်သွားပြီး ကားတွင်းသို့လှမ်းကြည့်လိုက်သည်။
"ညီမလေး ရတုမေ"
နှစ်ဥိးသားခနတာငေးကြည့်ပြီးမှ....
"မြန်မာပြည်က ကျဉ်ကျဉ်းလေးဘဲနော်..မမသုန်"
ဟု လက်ကမ်းပေကာ ကားပေါ်ကိုတက်စေသည်။
"အမ ဒိပြောင်းလာတာ ရတုလုံးဝမသိဘူး တက်ပါ.."
ယွန်းအထဲကိုဝင်ပြီး ကားတခါးကိုဖြည့်ညင်းစွာဆွဲပိတ်လိုက်သည်။
"ညီမလေးရတု ကဒိကိုဘယ်လိုရောက်နေတုန်း"
"ဟုတ်မယွန်း...ရှေ့ကကားမောင်းနေတဲ့သူက ညီမယောကျာ်းလေသူနဲ့ အိမ်ထောင်ပြုပြီးဒိကိုလိုက်လာတာပေါ့.."
"ဟုလား ...ညီမလေးတောင်အိမ်ထောင်ကြနေပြီဘဲ
ကြားရတာ ဝမ်းသာပါတယ်နော်.."
"ကျေးဇူးပါ မယွန်း..."
"မယွန်း စီမ်း အကြောင်းမမေးတော့ဘူးလားဟင်"
"ဟင်အင်း..မမေးချင်တော့ပါဘူးကွယ်...ရတုပြောသလို
ဘဲမြန်မာပြည်ကကျဉ်ကျဉ်းလေးမို့ သစ္စာမရှိတဲ့သူ
တွေကိုလဲ အလွယ်တကူပြန်တွေ့ရတယ်လေ..ဒါကြောင့်
မို့ပါ"
"ဟင်...အမပြောတာနားမလည်ဘူး..မယွန်းကိုဘယ်သူ
ကသစ္စာဖောက်လို့ ဘယ်သူကိုခုနကစကားပြောရတာလဲ"
ချိုင့်ခွက်များကိုရှောင်တိမ်းရင်းသွားနေသောကားကြောင့်
ဘေးခုံးလေးကိုလက်ဖြင့်ကိုင်တွယ်ထားရင်း
"ဘယ်သူရှိရမှာလဲ...ရတုသူငယ်ချင်း သစ္စာမရှိတဲ့ဟာ
လေးပေါ့"
ကားကငါမိနစ်ကြာမောင်လိုက်သည့်ကြောင့်ကွင်းစပ်ဖျားသို
ရောက်လာသည်မလို့ ရထုက ကားကိုလမ်းဘေးသို့ရပ်ရန်
သူခင်ပွန်းကိုသတိပေးလိုက်သည်။
"မယွန်း အရေးမကြီးရင်အောက်ခဏဆင်းကြရအောင်
စကားပြောချင်လို့"
ရတုအပြောကြောင့်ကားတံခါးကိုဖွင့်ကာအောက်သို့ဆင်းလိုက်ပြီးပြန်ဆောင့်ပိတ်လိုက်သည်။
"အမ..ခုနကဘာပြောတာလည်း"
"ရတုလဲ သူငယ်ချင်းကောင်းနဲ့ပေါင်းလို့ လိမ်ညာတက်နေပြီနော်"
အတန်ကြာမှ...
"သူကိုဆေးရုံအပေါ်ထက်ကနေကောင်မလေး
တစ်ယောက်ခါးကို ဖက်ထားတာမြင်ခဲ့တယ်..
တကယ်ကိုယုယုယယနဲ့ပေါ့"
"ဟင်...အော်...အမ အမှားကြီး မှားနေပြန်ပြီ
အဲ့တာသူနဲ့ပတ်သတ်တဲ့ကောင်မလေးမဟုတ်ဘူး
အမ တို့လို လိင်တူတွဲနေတဲ့ ရတုတို့သူငယ်ချင်းရဲ့
ကောင်မလေးပါ အဲ့နေ့က သူတို့ဆေးရုံဆင်းတာကို စီမ်း
ကူညီပေးရုံသက်သက်ဘဲလေ....သူပြန်ရောက်ကတည်းက
မမသုန်ကိုနေ့တိုင်းလိုက်ရှာနေတာပါ...အခုသူမန္တလေးရောက်နေတယ်အမ ..အဲ့တာကြောင့်မယွန်းအမှန်မြင်ရင်
အမှားပြင်ဖို့နောက်မကြသေးပါဘူး..
"တကယ်...တကယ်ပြောတာနော်ရတု.."
ယွန်း နှုတ်ခမ်းနှစ်လွှာသည်တဆတ်ဆတ်ဖြင့်တုန်ယင်လို့နေသည်။စိုစွတ်သွားသောနှုတ်ခမ်းသားများကို ခပ်ဟဟဖွင့်လိုက်ပြီး.....
"ဒါဆို...ကလေးရှိအမြန်ပြန်ချင်တယ်ရတုကူညီပေးပါ
သူဖုန်းနံပါတ်တို့ ကိုပေးပါ.."
"တစ်လျှောက်လုံးကူညီလာပြီးမှာ အခုချိန်မှမကူညီရင်
ရတုသူငယ်ချင်းပေါ် မကောင်းရာကျမှာပေါ့ မယွန်းရယ်
ကူညီရမှာပေါ့.."
ယွန်းကိုစေ့စေ့ကြည့်ကာ ရတုသည်စိမ်းကိုယ်စား ဝမ်း
မြောက်ဝမ်းသာဖြစ်ရတော့သည်။
× × × ×