Reward[Him From Final Year]
By Aelennar
1.1M 90.8K 10.7K
တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... More
Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side
Chapter-11
17.1K 1.7K 97
By Aelennar
လားဟယ် ဘယ်လိုကြီးလဲ"
"ဘာဖြစ်လို့လဲ"
တဲ့ ပုံမို့လို့ပါဟယ်။ဆေးကျောင်းသားဆို
မအားမလပ်ဖြစ်နေတာ"
က လုံးဝအငြိမ်နော်။ကောင်မလေးဘာညာ
"အဲ့တာပဲလေ ငါပြောတာ"
ထားမိတာအမှန်။အခုက မိန်းကလေးဘက်
တွေဖြစ်နေပြီ။
အသည်းအသန်ကြည့်နေသည်။ရွှေတစ်
ဖြစ်သည်မို့။
"ဟန်ဇော်ဦး fbအကောက်လေ။အခုချိန်
မတွေ့သေးဘူး"
မျိုးရယ်နေသည်။
စိုးရိမ်နေတာ"
မြင်နေတော့တာ။
အများကြီး"
"ကြံကြီးစည်ရာတွေဟယ်"
ရှိသေးလား"
ရှိပါတယ်ဟဲ့"
နဲ့ ရှုပ်ဖူးလို့လား။ဆေးကျောင်းသားကို
ပါတယ်"
"ငါကတော့ စစ်ကြောင်းပဲ။နင်တို့တွဲခဲ့တာ
ငါသိတယ်"
ဆီ ပြန်သွားရမှာလဲ"
မောင်းထုတ် လိုက်သည်။
ထား fbမှာလည်uးnfriendမလုပ်ထား
အရေးမပါမှတော့။
___________________________
ဖြစ်သွားကြလေပြီ။
နေရသည်။
မယူပါနဲ့ ကိုဝဏ္ဏ"
"ဟုတ်ကဲ့ ခင်ဗျ"
တောင် မကြည့်ပါနဲ့"
"ဟုတ်ကဲ့"
နေရာကနေ မော့မလာတော့။ကျွန်တော်နဲ့
တရားတွေ လည်းရပါတယ်။ဘယ်အရာမှ
မမြဲဘူးမလား။
ကတိပေးတယ်"
ပါဘူး။
ကို လုံးဝမဖော်လာတော့။အော် ချစ်စခင်စ
သဘောတူရတော့မှာပဲ။
"စစ်ကြောင်း ဟေ့ကောင်"
လိုက်မိသည်။
ပူပန်လာသည်။
မျက်နှာလဲ မကောင်းဘူး။ဒီမှာ ညီမတို့ရှိ
နေလို့မလာတာလား"
တာ အကောင်းဆုံးပဲ။စစ်ကြောင်း အတန်း
ငါတို့ပဲသွားရအောင်"
သည်။
ဆုတောင်းနေရတာ။
မကပ်ရဲဘူး"
စွာ ယိုင်လဲချင်လာသည်။ခေါင်းထဲမှာ တစ်
ရင်တွေပါပူလာရသည်။ကိုမင်းစစ်ကြောင်း
လိုက်မိပြီထင်ပါတယ်။ဒီအတိုင်းနေနေရင်
ရတော့မှာလား။
မရောက်စေရဘူး
တော့ဘူး။
ထွက်နေတာ။ဟားဟား"
သလည်းလို့ ထင်နေတာ"
တာလား"
ကိုယ်က ရိုးသားတယ်"
"သူတောင်းစား။ငကြောင် ဘဝကနေ
ရောက်သွားတာလဲ"
___________________________
"ကိုမင်းစစ်ကြောင်း"
ဘာမှမပြော။
ခွင့်ပေးပါ"
နားထောင်ပေးပါနော်"
"မင်း ငါ့အရှေ့ကဖယ်"
ဘူးလား"
ဂရုမစိုက်နိုင်တော့။
မကြောက်မိတော့။
စဉ်းစားနေရသည်။
တောင်းပန်ပါတယ်။ကျွန်တော်ကတစ်ခုခု
လေးထူပူသွားလို့ပါ။ကျွန်တော် သေသေ
တစ်လန့်ဖြစ်ရသည်။
ကာလိုက်မိပြီး။
"ဘာပြောရမှာလဲ"
လက်ခံပေးလားဆိုတာ"
လိုက်ဟန်မတူ။
အဆမတန် တုန်ရီလာပြီ။
လိုက်တာ မဟုတ်ဘူးလား"
နည်းလေးမှဂရုမစိုက်။
ရပြီး။
ကျွန်တော်သိပါတယ်။ကျွန်တော် ဘယ်လို
ပါတယ်"
မှာလား"
နိုင်တော့ပဲ။
စဉ်းစားပေးရမှာပေါ့"
"ခင်ဗျာ"
နေမိသည်။
"ပြီးတော့"
မသိမသာနဲ့ ဆုတ်နေရင်း။
ဘယ်လိုခေါ်ရမှာလဲ"
ဘယ်လိုခေါ်လိုက်လဲ"
"ခင်ဗျာ"
မပြောချင်ဘူး"
"ကိုမင်းစစ်ကြောင်း"
မော့ကြည့်လိုက်ရသည်။
တဲ့အတိုင်း။ကိုယ်အသည်းယား မနေဘူး
ဆိုရင် လိမ်ညာရာကျမည်။
ပါ့မယ်"
စရာကောင်းနေတယ်လေ။ကိုယ်ပြောသမျှ
ပေးရမယ်လေ။
ရွယ်လေးတွေ။
ကိုယ် သိချင်မိပါရဲ့။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကလေးလေး ပုံစံလေးကလေ
ကလေးငယ်လေး TT
Unicode
"မူယာ နင့်လူက ဟုတ်ရောဟုတ်ရဲ့
လားဟယ် ဘယ်လိုကြီးလဲ"
"ဘာဖြစ်လို့လဲ"
"ကိုယ်နဲ့မိဘချင်းသဘောတူ ထားတဲ့
မိန်းကလေးကို လာမတွေ့နိုင်ရင်တောင်
ဖုန်းလေးဘာလေးဆက် စာလေးဘာလေး
တော့ပို့ပြီး စကားပြောသင့်တာပေါ့"
အကဲခတ်နေသလို နဒီပြောလိုက်တဲ့
နောက်မှာ မူယာကိုယ်တိုင် ရုတ်တရက်
ပြန်ပြောဖို့ရာ စကားမရှိဖြစ်နေသည်။အိမ်
လာလည်တဲ့ နှစ်ယောက်နဲ့ ဧည့်ခန်းက
ဆိုဖာ ပေါ်မှာထိုင်ပြီးစကားများနေရင်း
ဟန်ဇော်ဦး ဆီကိုရောက်သွားတာ။
"သူပုံစံက အေးအေးဆေးဆေးပဲနေတတ်
တဲ့ ပုံမို့လို့ပါဟယ်။ဆေးကျောင်းသားဆို
တော့လည်း သူ့ကျောင်းစာနဲ့သူတောင်
မအားမလပ်ဖြစ်နေတာ"
"ငါစုံစမ်းသိရသလောက်တော့ ဟန်ဇော်ဦး
က လုံးဝအငြိမ်နော်။ကောင်မလေးဘာညာ
ထားခဲ့ဖူးတာလုံးဝမရှိခဲ့ဘူး ကျောင်းမှာ
လည်း အရှုပ်အရှင်းမရှိအေးဆေးပဲတဲ့"
"အဲ့တာပဲလေ ငါပြောတာ"
"ဒါပေမဲ့လည်းဟယ် ကိုယ့်နဲ့စေ့စပ်မဲ့
ကောင်မလေးကို တစ်ရင်းတစ်နှီးရှိအောင်
နည်းနည်းပါးပါးတော့ ဂရုစိုက်သင့်တာပေါ့"
နဒီနဲ့ပြောတာတွေနားထောင်ရင်း အပြိုင်
ငြင်းရင်း ခေါင်းတွေကိုက်လာတာနဲ့လက်
နှစ်ဖက်နဲ့ ဖိနှိပ်နေရသည်။စတွေ့ထဲကသူ့
ပုံစံကို အကဲခတ်လိုက်မိသည်မို့ အေးတိ
အေးစက် ဒီလိုအခြေအနေပဲဖြစ်နေလောက်
တယ်လို့ကြိုတင်ခန့်မှန်းပြီးသား။ဒါပေမဲ့
နဒီပြောသလိုပါပဲ ဒီလောက်ထိတော့ မထင်
ထားမိတာအမှန်။အခုက မိန်းကလေးဘက်
ကမှ စမလှုပ်ရင် စေ့စပ်မဲ့နေ့ကြမှရက်တွေ
လတွေကြာမှ ထပ်တွေ့ရမဲ့ အခြေအနေ
တွေဖြစ်နေပြီ။
စိတ်ပျက်ပျက်နဲ့ တီဗီchannelတွေကို
လိုင်းတစ်ခုပြီးတစ်ခုပြောင်းရင်း ရွှေစင့်ကို
ကြည့်လိုက်တော့ အိမ်ကိုရောက်လာထဲက
ဟန်ဇော်ဦးfb accကိုမေးပြီးဖုန်းကိုပဲ
အသည်းအသန်ကြည့်နေသည်။ရွှေတစ်
ယောက်တိတ်နေတာကို အထူးအဆန်း
ဖြစ်သည်မို့။
"ရွှေ နင်ဘာတွေကြည့်နေတာလဲ"
"ဟန်ဇော်ဦး fbအကောက်လေ။အခုချိန်
ထိတော့ သံသယဝင်စရာ ဘာအချက်မှ
မတွေ့သေးဘူး"
"ဘာလဲဟ ဘာကိုသံသယဝင်စရာရှိလို့လဲ"
ဖုန်းကို သည်းကြီးမည်းကြီးကြည့်နေတဲ့
ရွှေ စကားကိုနားမလည်နိုင်တာနဲ့ နဒီကို
ကြည့်လိုက်တော့ မအောင့်နိုင်တော့သလို
မျိုးရယ်နေသည်။
"မူယာရေ ဒီဟာမ သူ့လိုမျိုးနင့်ကိုရှမှာ
စိုးရိမ်နေတာ"
နဒီ့စကားကိုကြားသည်နှင့် စိတ်ညစ်နေရာ
ကနေမူယာပါ မထိန်းနိုင်ပဲရယ်မိသည်။ရွှေ
တစ်ယောက်တော့ တစ်ကယ်ပါပဲ ဟိုတစ်ခါသူ့crushကြီးဆီက သင်ခန်းစာရသွားထဲ
က ယောကျာ်းလေးတွေကို ကိုဗညားလိုပဲ
မြင်နေတော့တာ။
"အခုခေတ်က ဘယ်သူ့ကိုမှမယုံရတော့ဘူး
မိန်းမ။ကိုယ်မျက်လုံးနဲ့ မမြင်နိုင်တာတွေက
အများကြီး"
"ကြံကြီးစည်ရာတွေဟယ်"
ဆရာမကြီးစတိုင်နဲ့ပြောနေတဲ့ ရွှေကိုမနိုင်
တော့ပဲ ရယ်မိကာပြန်ပြောလိုက်တော့
လက်ထဲကဖုန်းကို ပစ်ချပြီး။
"ဟန်ဇော်ဦးအကြောင်း နင်တစ်ခြားဘာ
တွေသိသေးလဲ မူယာ ငါ့ကိုအကုန်ပြောပြ"
"သူ့ပုံစံကအေးဆေးတယ် စကားနည်း
တယ်။လုံးဝတည်ငြိမ်ပြီး ဆေးလိပ်အရက်
နည်းနည်းလေးမှ မသောက်တတ်ဘူးဟာ"
"ဘုရားရေ ဒီခေတ်ကြီးမှာဆေးလိပ်အရက်
မသောက်တတ်တဲ့ ယောကျာ်းလေးက
ရှိသေးလား"
"အော် သူကဆေးကျောင်းသားလေ။ဆေး
ပညာ အသိသတိနဲ့ မလုပ်သင့်တာကို
နားလည်လို့မလုပ်တာပေါ့။ဒီခေတ်ကြီးမှာ
ဆေးလိပ် အရက်မသောက်တတ်တဲ့
ယောကျာ်းလေးတွေလည်း အများကြီး
ရှိပါတယ်ဟဲ့"
နားထင်ကိုပါဖိပြီး သေချာစဉ်းစားခန်းဖွင့်
နေတဲ့ရွှေက ခေါင်းတစ်ခါခါနဲ့မူယာ့ကို
ကြည့်ပြီး သက်ပြင်းတွေချသည်။
"တစ်ဖက်ကဆေးကျောင်းသား ဆိုတာနဲ့ပဲ
နင် စစ်ကြောင်းကို ထားခဲ့လိုက်ရောလား
မူယာ။စစ်ကြောင်းလောက်ဖြောင့်တာ
နောက်ထပ် တစ်ယောက် ထပ်မရှိနိုင်တော့
ဘူး။စစ်ကြောင်းကရည်းစားများခဲ့ပင်မဲ့ နင့်
အပေါ် တစ်ကယ်ကောင်းခဲ့ပါတယ်ဟယ်
နင်နဲ့တွဲနေတုန်းရော တစ်ခြားကောင်မလး
နဲ့ ရှုပ်ဖူးလို့လား။ဆေးကျောင်းသားကို
သဘောကျသွားတာနဲ့ပဲ နင့်ဘက်က ဒီလို
ကြီးထားခဲ့လိုက်တာကတော့ လွန်လွန်း
ပါတယ်"
"မူယာ ငါကတော့ ဟန်ဇော်ဦးဘက်ကပဲ"
"ငါကတော့ စစ်ကြောင်းပဲ။နင်တို့တွဲခဲ့တာ
က နှစ်တွေလည်းကြာနေပြီ မူယာနင်အခု
တောင်းပန်ပြီး ပြန်သွားရင်မှီသေးတယ်နော်
စစ်ကြောင်းကနင့်ကို ခွှင့်လွှတ်မယ်ဆိုတာ
ငါသိတယ်"
"ငါကဘာလို့ အောက်ကျခံပြီး စစ်ကြောင်း
ဆီ ပြန်သွားရမှာလဲ"
မခံချင်စိတ် ဒေါသနဲ့ဘေးကနှစ်ယောက်ကို
ပြန်ပြောပြီးမှ စစ်ကြောင်းမျက်နှာကိုမြင်လာ
သည်မို့ ခေါင်းခါရင်း အတွေးတွေကိုအမြန်
မောင်းထုတ် လိုက်သည်။
"ငါသူ့ဆီပြန်သွားစရာ ဘာအကြောင်းမှမရှိ
ဘူး။ငါတို့ဇာတ်လမ်းက ဒီမှာတင်ပြီးသွားပြီ
ငါရွေးချယ်လိုက်တဲ့သူက ဟန်ဇော်ဦးပဲ"
မိန်းကလေးတွေရဲ့ စိတ်ဆိုတာကလည်း
ခန့်မှန်းရခက်တယ်မလား။ကိုယ့်ဘက်က
စပြီး လမ်းခွဲခဲ့ပြီးပေမဲ့သူဘာလုပ်နေလဲ
အဆင်ပြေနေလားဆိုတာတော့ သိချင်နေ
တုန်းပင်။စစ်ကြောင်းကို ဖုန်းလဲမဘလော့
ထား fbမှာလည်းunfriendမလုပ်ထား
ပေမဲ့ သူ့ဘက်ကအေးစက်လွန်းစွာဖုန်းတစ်
ကော စာတစ်ဆောင်တောင်မပို့လာဘူး။
စစ်ကြောင်းရယ် နင့်ရဲ့မာနလောက်မှ ငါက
အရေးမပါမှတော့။
ငါ့ရွေးချယ်မှုကို ငါအပြည့်အဝယုံကြည်
တယ်။ဟန်ဇော်ဦးကို အဘက်ဘက်ကနေ
ငါသဘောကျတာမို့လို့သူကပဲ ငါ့လူဖြစ်လာ
စေရမယ်။စစ်ကြောင်း နင်နဲ့ငါရဲ့ဇာတ်လမ်း
က ဆက်ရန်မရှိ အမှတ်တစ်ရတစ်ခုအနေ
နဲ့ပဲ အဆုံးသတ်ကြတာပေါ့။
___________________________
ကျောင်းစတက်စဉ်တုန်းက ကျွန်တော်
တစ်ခါမှ မစဉ်းခဲ့မိဖူးသောနေ့သို့ရောက်
လာလေပြီ။ကျွန်တော်တို့ သူငယ်ချင်းသုံး
ယောက် စာကြိုးစားပြီး အတူတူကျောင်း
တက်မယ်ဆိုတဲ့ရည်ရွယ်ချက်က အခုတော့။
ရည်မွန်နဲ့ကိုဝဏ္ဏတို့ ဒီနေ့မှာချစ်သူတွေ
ဖြစ်သွားကြလေပြီ။
ကျွန်တော်တို ့အခုရောက်နေတာက
geology အဆောင်အောက်မှာ ဖြစ်ပြီး
နှစ်ဖွဲ့က ဘယ်လိုပေါင်းမိသွားလည်းဆိုတာ
ကျွန်တော်မသိတော့သလိုဘာမှ ပြောချင်
စိတ်လည်း မရှိတော့ပါဘူး။ကိုဝဏ္ဏဘေးမှာ
ရည်မွန်က ရှက်နေသကဲ့သို့ခေါင်းငုံ့နေပြီး
သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့ကိုရန်နိုင်နဲ့
ကိုကျော်ထွန်းက စနေကြရာ ကိုဝဏ္ဏမျက်နှာ
ကအောင်နိုင်သူကြီးကဲ့သို့ ပြုံးဖြီးနေသည်။
ချမ်းမြေ့ကပါ ပြုံးပျော်နေပေမဲ့ မေမီနဲ့ကျွန်
တော်ကတော့ မျက်စိသူငယ် နားသူငယ်နဲ့
ကျွန်တော်တို့သူငယ်ချင်းတစ်ခြားသူနောက်
ပါသွားတာကို နှာမြောလွန်းစွာ ထိုင်ကြည့်
နေရသည်။
"ရည်မွန့်ကို စကားလေးနဲ့တောင် အနိုင်
မယူပါနဲ့ ကိုဝဏ္ဏ"
"ဟုတ်ကဲ့ ခင်ဗျ"
"ရန်ဖြစ်တဲ့အခါ စိတ်ဆိုးကြရင် လက်နဲ့
ရွယ်ဖို့နေနေသာသာ ဒေါသမျက်လုံးနဲ့
တောင် မကြည့်ပါနဲ့"
"ဟုတ်ကဲ့"
ကျွန်တော်နဲ့မေမီက ရည်မွန့်ကိုဂရုစိုက်ဖို့
ကိုဝဏ္ဏကို ပြောနေတဲ့ အချိန် ကိုဝဏ္ဏက
ကျွန်တော်တော်တို့ဘာ ပြောပြောလက်ခံမဲ့
အခြေအနေမှာရှိနေပြီး ရည်မွန်ကလည်း
ပြုံးလို့။ကိုဝဏ္ဏ ရည်မွန့် လက်ကို ဆုပ်ကိုင်
လိုက်တဲ့အချိန် သူ့သူငယ်ချင်းတွေရဲ့
အားပေးသံတွေဆူညံသွားပြီး ရည်မွန်က
အရှက်သည်းစွာ ကိုဝဏ္ဏဘေးမှာခေါင်းငုံ့
နေရာကနေ မော့မလာတော့။ကျွန်တော်နဲ့
မေမီမှာသာ ငိုချင်ရက်လက်တို့။
မနေ့တစ်နေ့ကမှ ကျွန်တော်တို့နဲ့ပျော်
နေတဲ့ရည်မွန်က ဒီနေ့ကိုဝဏ္ဏချစ်သူဖြစ်
သွားပါပြီ။မျက်စိတစ်မှိတ်အတွင်းမှာ အရာ
အားလုံးပြောင်းလဲ သွားနိုင်တယ်ဆိုတဲ့
တရားတွေ လည်းရပါတယ်။ဘယ်အရာမှ
မမြဲဘူးမလား။
"ခင်ဗျားလေးတို့ အမွန်လေးကိုမျက်နှာ
တစ်ချက်မညှိုးစေရဘူး နော်စိတ်ချ။အစ်ကို
ကတိပေးတယ်"
ပြုံးဖြီးနေသည့် မျက်နှာနှင့် ကိုဝဏ္ဏက
ကျွန်တော်တို့ကိုဖားနေတော့ မေမီကအင်
တင်တင်တင်နဲ့ပြုံးပြလိုက်ပေမဲ့ ကျွန်တော်
က ပြန်မပြုံးချင်လို့မသိမသာ ဆူပုတ်နေမြဲ
ဒီအတိုင်းသာနေနေလိုက်သည်။ရည်မွန်က
ကျွန်တော်တို့ကိုတောင် ကြည့်မအားပဲ
ကိုဝဏ္ဏမျက်နှာကြီးကိုတစ်ကမ္ဘာထင်နေရှာ
သည်။ကြားထဲကနေ ဝင်ပါမိတဲ့ကျွန်တော်
လေး စိတ်အားငယ်စွာနဲ့လောကကြီးကို
စိတ်ကုန်လွန်းလို့ ဘာမှကိုမပြောချင်တော့
ပါဘူး။
"ကဲ ကဲလူစုံရင် ကန်တင်းသွားမယ်။ဖေ့သား
ဝဏ္ဏကျွေးမွေးဖို့ ပြင်ထား"
ရက်ပီတာကိုကျော်ထွန်းက အော်ဟစ်လိုက်
တဲ့နောက်မှာ ကန်တင်းဆိုတဲ့ အသံကြား
တော့အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွား
သည်။အားလုံးပေါင်း ခုနှစ်ယောက်ဆိုတော့
နှိပ်စက်ကျမှာနဲ့ ကိုဝဏ္ဏခမျာကျွေးမွေးရ
မည်ကိုတောင်ဘာမှမမှုပဲ မျက်နှာကြီးက
တစ်လောကလုံး အပိုင်ရထားသလိုပြုံးဖြီး
နေသည်။ရည်မွန်ကလည်း ကိုဝဏ္ဏဘေးမှာ
မျက်နှာငုံ့ထားပြီးအရှက်သည်းကာခေါင်း
ကို လုံးဝမဖော်လာတော့။အော် ချစ်စခင်စ
ကြင်နာစဆိုတော့လည်း သူ့တစ်မျက်နှာ
တစ်ကမ္ဘာထင် မခွဲနိုင်မခွာနိုင် ရူးကြရှာမည်
ပေါ့။ရှိပါစေတော့ မုန့်ဝယ်ကျွေးမယ်ဆိုတော့
လည်း မကောင်းတတ်လို့အားနာနာနဲ့
သဘောတူရတော့မှာပဲ။
"စစ်ကြောင်း ဟေ့ကောင်"
ကိုဝဏ္ဏရဲ့ အော်ခေါ်သံအဆုံးမှာ ကျွန်တော့်
ခေါင်းမတ်ကနဲဖြစ်သွားပြီး ရင်တွေအဆမ
တန်တုန်ကာ အဆောင်အပေါက်ဝကိုကြည့်
လိုက်မိသည်။
အဆောင်ထဲကနေ တစ်ယောက်ထဲထွက်
လာတဲ့ကိုမင်းစစ်ကြောင်းက သူ့သူငယ်ချင်း
တွေခေါ်နေသည့်တိုင် ကျွန်တော်တို့အုပ်စု
ဘက်ကို တစ်ချက်သာလှည့်ကြည့်လာပြီး
ကျွန်တော်ကိုတွေ့တာနဲ့ကျောင်းလမ်းဘက်
ကိုထွက်သွားသည်။ကျွန်တော်တို့ စုနေတဲ့
ဆီကိုမလာသဖြင့် ကျွန်တော် ကိုယ့်အ
ကြောင်းနဲ့ကိုယ် ထိုင်မရထမရ စိတ်တွေ
ပူပန်လာသည်။
"ကိုမင်းစစ်ကြောင်းက ဘာဖြစ်နေတာလဲ
မျက်နှာလဲ မကောင်းဘူး။ဒီမှာ ညီမတို့ရှိ
နေလို့မလာတာလား"
"ဘယ်ကသာ သူ့ကိစ္စနဲသူ ဒီကောင်ကို
အခုချိန် တစ်ယောက်ထဲ လွှတ်ထားပေး
တာ အကောင်းဆုံးပဲ။စစ်ကြောင်း အတန်း
မတက်ပဲပြန်တော့မှာ လိုက်မှာမဟုတ်ဘူး
ငါတို့ပဲသွားရအောင်"
ကျွန်တော်မေးချင်နေတာကို မေမီကမေး
ပေးလိုက်ပြီး ချမ်းမြေ့အစ်ကို ကိုရန်နိုင်က
ပြန်ဖြေပေးသည်။ကျွန်တော်ရှိနေလို့ ကျွန်
တော့်ကိုမတွေ့ချင်လို့ မလာတာပဲဖြစ်မှာပါ။
ကျွန်တော်ကို မင်းစစ်ကြောင်းထွက်သွားရာ
ကိုကြည့်ပြီး စိတ်ထဲတော်တော်လေးထင့်နေ
သည်။
ကျွန်တော်သူ့ကိုပြောလိုက်မိ တဲ့စကား
ကြောင့် ကျွန်တော့်အစ်ကိုကိုခေါင်းရိုက်ခွဲ
ရုံမက ကားနဲ့ပါတိုက်မယ်လို့ကြိမ်းထားတာ အဲ့ဒီနေ့ထဲက ညဘက်တွေကျွန်တော်အိပ်
မပျော်တာကြာပြီ။ကိုမင်းစစ်ကြောင်းကို
နောက်တစ်ခါလည်း လုံးဝသွားမတွေ့ရဲ
တော့ ဒေါသထွက်နေတုန်းဒီအတိုင်းပြော
လိုက်တာပဲဖြစ်ပြီး သူ့စိတ်ပြေသွားပါစေလို့
ညအိပ်ရာဝင်တိုင်း ရင်တထိတ်ထိတ်နဲ့
ဆုတောင်းနေရတာ။
"ကိုမင်းစစ်ကြောင်းက ဘာလို့အဲ့လိုဖြစ်
နေတာလဲ ကိုရန်နိုင်သိလား"
အလောတစ်ကြီးနဲ့ ကျွန်တော်မေးလိုက်မိ
တဲ့နောက်မှာ ရည်မွန့်ဘေးကကိုဝဏ္ဏက
အရမ်းပြောချင်နေတဲ့ပုံစံနဲ့ ကျွန်တော့်ကို
ကြည့်ကာ အရှေ့ကိုထွက်လာပြီး။
"စစ်ကြောင်းလား ဒီကောင်အခုချိန်သူ့စိတ်
က ပုံမှန်ဖြစ်နေမှာမဟုတ်ဘူး။အလိုလိုနေ
ရင်း လူသတ်ချင်လောက်အောင်ကြိတ်မနိုင်
ခဲမရ ဒေါသတွေ အကြီးအကျယ်ထွက်နေ
တာ။မျက်လုံးနဲ့ကြည့်လိုက် မိရင်တောင်
ဟောဒီလို ပြာကျသွားနိုင်တယ် ထိလိုက်မိ
လို့ကတော့ အဲ့ဒီမှာလွတ်ရာကိုပြေးတော့ပဲ။
ဒီကောင့်ဒေါသကိုသိလို့ ငါတို့တောင်အနား
မကပ်ရဲဘူး"
ကိုဝဏ္ဏ ဟန်ပါပါနဲ့ရှင်းပြနေတဲ့အဆုံးသတ်
မှာ ကျွန်တော်ခြေမခိုင်တော့ပဲအားအင်မဲ့
စွာ ယိုင်လဲချင်လာသည်။ခေါင်းထဲမှာ တစ်
ဒိတ်ဒိတ်နဲ့ အတွေးတွေပေါင်းစုံဝင်လာပြီး
ရင်တွေပါပူလာရသည်။ကိုမင်းစစ်ကြောင်း
က ဒေါသလုံးဝမပြေသေးဘူးပဲ။ကျွန်တော်
တော့ ဒီတစ်ခါပြဿနာအကြီးအကျယ်ရှာ
လိုက်မိပြီထင်ပါတယ်။ဒီအတိုင်းနေနေရင်
ဘာမှပြဿနာမဖြစ်နိုင်တဲ့ ကိစ္စကိုကျွန်
တော်ကစိုးရိမ်လွန်ပြီး ကိုမင်းစစ်ကြောင်းကို
သွားပြောမိတာ။ကျွန်တော့်ကြောင့်ကျွန်တော့်
အစ်ကို ခေါင်းရိုက်ခွဲခံထိပြီးကားနဲ့တိုက်ခံ
ရတော့မှာလား။
ကျွန်တော် ကိုယ့်အတွေးနဲ့ကိုယ်စိုးရိမ်စိတ်
နဲ့ထူပူလာပြီး တစ်ခြားသူတွေ ဘာတွေ
ပြောနေကြလည်း နားထဲကိုလုံးဝမဝင်
တော့။စကားပြောသံတွေနဲ့ဆူညံနေကြတဲ့
အဖွဲ့ထဲကနေ ခြေလှမ်းတွေတစ်ဖြည်းဖြည်း
နောက်ဆုတ်ကာ တစ်ယောက်ထဲပြေးထွက်
လာခဲ့လိုက်သည်။ကျွန်တော့် ကြောင့်နဲ့
တော့ ကျွန်တော့်အစ်ကို ဒုက္ခဘယ်တော့မှ
မရောက်စေရဘူး
ကျွန်တော့်ခြေလှမ်းတွေ ပြေးထွက်လာခဲ့
ရာက ကိုမင်းစစ်ကြောင်းထွက်သွားရာ
လမ်းဆီ။သူ့ကားရပ်ထားတဲ့ မရောက်ခင်
အမြန်ပြေးလိုက်မှဖြစ်မည်။ဒီထက်ပိုပြီး
တလွဲတွေ ကျွန်တော် ဘယ်တော့မှမလုပ်
တော့ဘူး။
"ကိုမင်းစစ်ကြောင်းကလေ ဘာလို့အဲ့
လောက်ဒေါသထွက်နေတာလဲ ကိုဝဏ္ဏ။
သူ့ကောင်မလေး တစ်ခြားသူနောက်ပါသွား
လို့ အသည်းကွဲနေတာလား"
"ဘယ်ကသာ မေမီရဲ့ ဒီကောင်လားအဲ့
လောက်ကြာကြာ အသည်းကွဲနိုင်မှာ။
စစ်ကြောင်း မနေ့ကဘောလုံးပွဲရှုံးသွား
တယ်လေ နှစ်ရှည်လများအားပေးလာတဲ့
ဒီကောင့် အသင်းကပြုတ်သွားလို့ဘူမိပြီး
ဒေါသတွေ ဟောဒီလိုအကြီးအကျယ်
ထွက်နေတာ။ဟားဟား"
"အော် မသိပါဘူး ကိုဝဏ္ဏကလည်းပြော
လိုက်ရင်ရုပ်တည်နဲ့အတည်ပေါက်ကြီး။
ကိုမင်းစစ်ကြောင်းက အဲ့လောက်တောင်
ဒေါသထွက်နေတော့ ဘာတွေများဖြစ်နေ
သလည်းလို့ ထင်နေတာ"
"ကိုဝဏ္ဏရော ဘောလုံးပွဲတွေလောင်းနေ
တာလား"
"ကိုယ်မဟုတ်ဘူးနော်အမွန် ကိုယ်မပါဘူး။
အဲ့တာ အပေါင်းအသင်း မကောင်းလို့
ကိုယ်က ရိုးသားတယ်"
"သူတောင်းစား။ငကြောင် ဘဝကနေ
ကောင်းစားသွားတော့ ဘဝမေ့သွားပြီ
ကလေးမုန့်ပေးကြိုက်တဲ့ကောင် သေစမ်း"
ထင်ထားသလိုမဟုတ်ပဲ ခင်ဖို့ကောင်းပြီး
စိတ်ရင်းကောင်းကြတဲ့ ကိုဝဏ္ဏတို့အဖွဲ့နဲ့
ရည်မွန်မျက်နှာကလည်းရှိနေတော့ အချိန်
ခဏလေးအတွင်းပင် ရင်းနှီးသွားကြသည်။
ကိုဝဏ္ဏကို ထုရိုက်နေကြတဲ့ ကိုရန်နိုင်နဲ့ကို
ကျော်ထွန်းကို မေမီတို့အတော်ကြာရယ်ပြီး
ကြည့်နေပြီးမှ တစ်ယောက်ယောက်ပျောက်
သွားသလိုခံစားမိပြီး ကြည့်လိုက်မိရာ။
"ဟင် ဆုလာဘ် ဆုလာဘ်ရော ဘယ်ကို
ရောက်သွားတာလဲ"
___________________________
"ကိုမင်းစစ်ကြောင်း"
ကျွန်တော်နဲ့ မလှမ်းမကမ်းမှာသွားနေတဲ့
သူကို တွေ့လိုက်သည်နှင့်မရပ်မနားပြေး
လာရသောကြောင့် မောနေသည့်ကြားက
နေ အကျယ်ကြီးအော်ခေါ်လိုက်မိသည်။
ခြေလှမ်းတွေရပ်သွားပေမဲ့ ကျွန်တော့်ကို
လှည့်မကြည့်တာကြောင့် ကိုမင်းစစ်ကြောင်း
ဆီအမြန်ပြေးသွားပြီး အရှေ့မှာပိတ်ရပ်
လိုက်ရသည်။သူ့အရှေ့မှာရပ်လိုက်သည့်
ကျွန်တော့်ကို ကိုမင်းစစ်ကြောင်းမျက်နှာ
ချင်းဆိုင်ငုံ့မိုးလျက် ပြန်ကြည့်လာပေမဲ့
ဘာမှမပြော။
"ကျွန်တော့်ကို စကားခဏလောက်ပြော
ခွင့်ပေးပါ"
"ငါမင်းနဲ့ ဘာမှပြောစရာမရှိဘူး"
"ကျွန်တော်ပြောစရာရှိလို့ ခဏလေးပါပဲ။
ကျွန်တော်ပြောတာကို ခဏလောက်
နားထောင်ပေးပါနော်"
ကျွန်တော် မောနေသောကြောင့် အသက်
ကို မနဲရှုနေရာကနေသူ့ကိုတောင်းတောင်း
ပန်ပန်နဲ့ပြောနေတော့ ကျွန်တော့်ကိုမျက်နှာ
တည်နှင့် စိုက်ကြည့်လာသည်။
"မင်း ငါ့အရှေ့ကဖယ်"
"မဖယ်ဘူး။ခင်ဗျားကျွန်တော်ပြောတာကို
နားထောင်ပေး မယ်ဆိုမှဖယ်ပေးမယ်"
"တစ်ခြားသူတွေကြည့်နေကြပြီ မင်းမရှက်
ဘူးလား"
"မရှက်ဘူး ကျွန်တော်ပြောတာကိုခင်ဗျား
ခဏလောက်ပဲ နားထောင်ပေးပါ"
ဖြတ်သွားဖြတ်လာ တစ်ခြားသူတွေက
ကြည့်သွားကြတာတွေ့ပေမဲ့ကျွန်တော်
ဂရုမစိုက်နိုင်တော့။
သူ့အရှေ့ကနေမဖယ်ပေးပဲရပ်နေသည်ကို
ကိုမင်းစစ်ကြောင်း စိတ်မရှည်ပဲ ကျွန်တော့်
ကို တစ်ချက်လေးသာ တွန်းတိုက်ရုံနဲ့သွား
လို့ရနိုင်မှန်းသိပေမဲ့ အခုချိန်မှာဘာကိုမှ
မကြောက်မိတော့။
"ဘာပြောမှာလဲ မြန်မြန်ပြော"
ကျွန်တော့်ကို စိုက်ကြည့်ပြီး မျက်နှာတည်
နဲ့ပြောနေတာ။ကျွန်တော်ပြောတာကိုအချိန်
ပေးပြီး နားထောင်ပေးမည်ဆိုသောကြောင့်
စိတ်တွေလှုပ်ရှားကာ ကိုမင်းစစ်ကြောင်းကို
ကြည့်ပြီး ပြောစရာစကားတွေကိုသေချာ
စဉ်းစားနေရသည်။
"ဟို ဟိုတစ်နေ့က ခင်ဗျားကိုပြောလိုက်
မိတာ ကျွန်တော် စိတ်ရင်းနဲ့တစ်ကယ်
တောင်းပန်ပါတယ်။ကျွန်တော်ကတစ်ခုခု
ဆို အဲ့ဒီလိုပဲ စိုးရိမ်တတ်လွန်းတော့ခင်ဗျား
ကောင်မလေးနဲ့ သဘောတူထားတဲ့သူက
ကျွန်တော့်အစ်ကိုမှန်းသိသိချင်း တော်တော်
လေးထူပူသွားလို့ပါ။ကျွန်တော် သေသေ
ချာချာမစဉ်းစားမိပဲ ခင်ဗျားကိုသံသယစိတ်
နဲ့စွပ်စွဲလိုက်သလိုဖြစ်သွားတယ်။ခင်ဗျား
ကျွန်တော့် အစ်ကိုကိုမကျေမနပ်မဖြစ်ဘူး
ဆိုတာသိလိုက်ရတော့ ကျွန်တော်ခင်ဗျား
ကို တစ်ကယ်အနူးအညွှတ်တောင်းပန်
ပါတယ် အားလုံးကကျွန်တော့်အပြစ်တွေပါ"
"ဒါပဲမလား မင်းပြောချင်တာ"
ကျွန်တော်က အလေးအနက်ထားကာ
စကားတွေ အများကြီးပြောပြီးတောင်းပန်
လိုက်သော်လည်း ကျွန်တော့်ကို ဂရုမစိုက်
သလို သွားတော့ဖို့ပြင်နေသည်မို့ အထိတ်
တစ်လန့်ဖြစ်ရသည်။
ကျွန်တော်အလျင်အမြန်ပင် ကိုမင်းစစ်
ကြောင်း အရှေ့ကနေ လက်နှစ်ဖက်နဲ့
ကာလိုက်မိပြီး။
"ခင်ဗျား ခင်ဗျားကျွန်တော့်ကိုတစ်ခုခုတော့
ပြန်ပြောပေးခဲ့အုံးလေ"
"ဘာပြောရမှာလဲ"
"ခင်ဗျား ကျွန်တော်တောင်းပန်တာကို
လက်ခံပေးလားဆိုတာ"
"မင်းပြောတာကိုငါနားထောင်ပေးပြီးပြီလေ
ကျန်တာငါ့အပိုင်း။ဒါနဲ့ မင်းအစ်ကိုကိုငါက
မကျေမနပ်မဖြစ်နေဘူးလို့ ဘယ်သူပြောလဲ"
ကျွန်တော့် မျက်လုံးတွေအဆမတန်ပြူး
ကျယ်လာပြီး ထိတ်လန့်စွာနဲ့ကိုမင်းစစ်
ကြောင်းကို ကြည့်လိုက်တော့ သူကကျွန်
တော့်ကိုစိုက်ကြည့်နေပြီး ဒီအတိုင်းပြော
လိုက်ဟန်မတူ။
ကျွန်တော့်ဘာကိုမှမစဉ်းစားနိုင်တော့ပဲ
စိုးရိမ်စိတ်နဲ့ထိန်းမရအောင် ရင်တွေ
အဆမတန် တုန်ရီလာပြီ။
"ခင်ဗျား ဟိုတစ်နေ့ကပဲကျွန်တော့်ကို"
"ငါဒီအတိုင်းထားလိုက်မယ်လို့ ဘယ်သူ
ပြောလဲ ငါ့ကောင်မလေးကိုဖြတ်လုသွား
တဲ့ အဲ့ဒီကောင်ကိုခေါင်းရိုက်ခွဲပြီးကားနဲ့
တိုက်မယ်လို့ပြောပြီးပြီလေ။ငါဒီအတိုင်း
ပြောလိုက်တယ်လို့ မင်းထင်နေတာလား"
"ခင်ဗျား အဲ့လိုအကျင့်မယုတ်နဲ့။ခင်ဗျား
ကျွန်တော့်ကို ဒေါသထွက်နေတုန်းပြော
လိုက်တာ မဟုတ်ဘူးလား"
ကျွန်တော့် မျက်နှာထိန်းမရအောင်ပျက်ပြီး
သူ့ကိုတုန်လှုပ်စွာနဲ့ပြောနေသည်ကို နည်း
နည်းလေးမှဂရုမစိုက်။
"ကျွန်တော် တစ်ကယ်တောင်းပန်ပါတယ်
အားလုံးက ကျွန်တော့်အပြစ်တွေမို့လို့
ခင်ဗျားဒေါသထွက်မယ်ဆိုရင် ကျွန်တော့်
ကိုပဲထွက်ပါ။ခင်ဗျား ဒေါသမပြေနိုင်ဘူး
ဆိုရင် ရိုက်ချင်တယ်ဆိုရင်လည်း ကျွန်
တော့်ကိုပဲ ရိုက်ပါ ကားနဲ့တိုက်မယ်ဆိုရင်
လည်း ကျွန်တော်လုံးဝထွက်မပြေးပါဘူး။
ကျွန်တော့်အစ်ကို အစားကျွန်တော့်ကိုပဲ
ရိုက်လိုက်ပါ။ဆေးကျောင်းသားမို့လို့ပြော
တာမဟုတ်ပါဘူး ကျွန်တော့်အစ်ကိုမို့လို့ပါ"
ကျွန်တော် ကြောက်ရွှံ့ဝမ်းနည်းစိတ်နဲ့
ငိုချင်လာပြီး အသံတုန်ရီနေသည်ကိုထိန်း
ကာ သူ့ကိုအားတင်းကြည့်ပြီးတောင်းပန်
စကားပြောလိုက်တော့ မျက်နှာလွှဲနေရာ
ကနေ ကျွန်တော့်ကိုပြန်ကြည့်လာသည်။
ကျွန်တော် တော်တော်လေးငိုချင်လာသည်
ကို မျက်ရည်တွေမကျလာအောင်ထိန်းနေ
ရပြီး။
"ခင်ဗျား စိတ်မကျေနပ်နိုင်ဘူးဆိုတာ
ကျွန်တော်သိပါတယ်။ကျွန်တော် ဘယ်လို
တောင်းပန်မှ ခင်ဗျားကျေနပ်နိုင်မှာလဲ"
ကိုမင်းစစ်ကြောင်းက ကျွန်တော့်ကိုဘာမှ
ပြန်မပြောပဲ ဒီအတိုင်းသာကြည့်နေတော့
ကျွန်တော် သူ့အရှေ့ပိုတိုးလိုက်မိပြီး
တုန်လှုပ်ခြောက်ခြားစွာနဲ့။
"ကျွန်တော်တစ်ကယ် ခင်ဗျားကိုတောင်းပန်
ပါတယ်"
"ငါ စိတ်ကျေနပ်တဲ့အထိမင်းတောင်းပန်
မှာလား"
အတော်ကြာ ကျွန်တော်မျက်နှာငယ်ကာ
တုန်ရီစွာနဲ့ပြောပြီးမှ သူ စကားပြန်ပြော
တော့ အားတက်စွာနှင့်ဘာကိုမှမစဉ်းစား
နိုင်တော့ပဲ။
"တောင်းပန်မယ် ခင်ဗျားစိတ်ကျေနပ်တဲ့
အထိ။ကျွန်တော့်ကို ဘယ်လိုပုံစံမျိုးနဲ့ပဲ
ဖြစ်ဖြစ် ခင်ဗျားတောင်းပန်ခိုင်းပါစေ
ကျွန်တော် တောင်းပန်ပါ့မယ်"
"ကောင်းပြီလေ အဲ့တာဆိုရင်လည်း ငါက
စဉ်းစားပေးရမှာပေါ့"
"ခင်ဗျား တစ်ကယ်ပြောနေတာလား"
ကျွန်တော် ဝမ်းသာလွန်းစွာနဲ့သတိလက်
လွတ်ဖြစ်ပြီး အနားကပ်ကာသူ့လက်မောင်း
တစ်ဖက်ကို ဆွဲလိုက်မိပြီးမှ သူငုံ့ကြည့်လာ
တော့ ခပ်မြန်မြန်ပြန်လွှတ်လိုက်မိသည်။
ကိုမင်းစစ်ကြောင်းက ကျွန်တော့်ကိုမျက်နှာ
တည်နဲ့ မပြောင်းမလဲကြည့်နေလျက်သာ။
"ငါဘယ်လိုပဲ တောင်းပန်ခိုင်းပါစေ မင်းငါ
ကျေနပ်တဲ့အချိန်အထိ ငါ့အနားမှာနေပြီး
တောင်းပန်ရမှာ။စိတ်ကူးပြောင်းချင်သေးရင်
အချိန် မှီနိုင်သေးတယ်"
"ခင်ဗျာ"
ကျွန်တော် ကိုမင်းစစ်ကြောင်းကိုပြန်မော့
ကြည့်လိုက်တဲ့ အချိန် ကျွန်တော့်ကိုဘာ
ပြောချင်လဲ ပုံစံနဲ့ကြည့်နေတော့ ရင်တွေ
တော်တော်လေး တုန်ရီပြီး အသံတိတ်နေ
နေမိသည်။
ကိုမင်းစစ်ကြောင်းက ကျွန်တော့်ကိုစဉ်းစား
ချိန်တောင်မပေးပဲ လှည့်ထွက်တော့ဖို့လုပ်
နေတော့ ကျွန်တော်အလျင်အမြန်တား
လိုက်ပြီး ဘာကိုမှမစဉ်းစားနိုင်တော့ပဲ
ခေါင်းကို ညိတ်လိုက်ရသည်။
ကျွန်တော့်ကို တစ်ကယ်ပဲဘယ်သူမှ
လာမကယ်နိုင်တော့ဘူးလား။
"ပြီးတော့"
ကျွန်တော်ဘာမှမပြောနိုင်တော့ပဲ အားအင်
မဲ့နဲ့စွာရပ်နေမိတုန်း ကိုမင်းစစ်ကြောင်းက
ကျွန်တာ့် အနားကိုတော်တော်လေးတိုးကပ်
လာသည်မို့ ခြေလှမ်းတွေအနောက်ကို
မသိမသာနဲ့ ဆုတ်နေရင်း။
"ကိုယ့်ထက်အကြီးကို ခင်ဗျား ခင်ဗျားနဲ့
ကြားနေရတာ နားထဲမှာအဆင်မပြေဘူး"
"အဲ့တာဆိုရင် ကျ ကျွန်တော်ကခင်ဗျားကို
ဘယ်လိုခေါ်ရမှာလဲ"
"မင်းငါ့ဆီကို ခုနကပြေးလိုက်လာတုန်းက
ဘယ်လိုခေါ်လိုက်လဲ"
"ခင်ဗျာ"
"မကြားဘူးလား မင်းကိုခေါ်ခိုင်းနေတာ။
ကိုယ့်ထက်နှစ်ကြီးတဲ့သူကို ရိုသေရမယ်
ဆိုတာမင်းမသိဘူးလား ငါစကားကိုနှစ်ခါ
မပြောချင်ဘူး"
ကျွန်တော်ဘယ်လိုခေါ်ခဲ့လဲဆိုတာ ပြန်
စဉ်းစားမိပြီး ရုတ်တရက်ခုနကလို မခေါ်ရဲ
တော့ပဲ ဒီအတိုင်းကြောင်အနေမိသည်ကို
ကိုမင်းစစ်ကြောင်းက စိတ်မရှည်သလို
ကျွန်တော့်ကို ကြည့်လာသည်။
အလောတကြီးနဲ့မို့ ခုနကဘာကိုမှမစဉ်း
စားမိတော့ပဲခေါ်လိုက်မိတာ။ကျွန်တော်
ကိုယ့်ထက်အသက်ကြီးတဲ့ သူတွေကို
ဒီလိုပဲ ရိုရိုသေသေခေါ်နေကြပေမဲ့
ဒီအစ်ကိုကြီးနဲ့ကျ ဘာဖြစ်လို့ရယ်
မသိ မခေါ်ရဲဘူးဖြစ်နေတယ်။
"ကိုမင်းစစ်ကြောင်း"
နောက်ဆုံး မတတ်သာတော့ပဲ ကျွန်တော်
ခေါ်လိုက်ရပြီး ကိုမင်းစစ်ကြောင်းကိုမကြည့်
ရဲတော့ပဲ ခေါင်းငုံ့လိုက်မိသည်။
ကိုမင်းစစ်ကြောင်းက ကျွန်တော့်အရှေ့မှာ
တစ်ခဏအကြာရပ်ကာ ကြည့်နေပြီးမှ
ကျွန်တော့်ခေါင်းကိုပုတ်ကာ ဘာမှမပြောပဲ
နေနေတော့ ကျွန်တော်မနေတတ်တော့ပဲ
မော့ကြည့်လိုက်ရသည်။
ကိုမင်းစစ်ကြောင်းမျက်နှာက ကျွန်တော်
တောင်းပန်နေတုန်းကလို တည်မနေတော့ပဲ
ဒေါသ အရိပ်အယောင်တွေမတွေ့တော့တာ
မို့လို့ ကျွန်တော်အလျင်အမြန်ပင်။
"ခင်ဗျား အဲ ကိုမင်းစစ်ကြောင်း။ကျွန်တော်
တောင်းပန်တာကိုလက်ခံရင် ကျွန်တော့်
အစ်ကိုကို ဘာမှမလုပ်တော့ဘူးမလားဟင်"
"အဲ့တာကတော့ မင်းအပေါ်မှာပဲမူတည်
တယ်။မင်းငါ့စကားနားထောင်ပြီးလိမ်မာရင်
မင်းအစ်ကိုဆေးကျောင်းသား ဘာမှမဖြစ်
စေရဘူး။...မင်းမလိမ်မာလို့ကတော့"
ကိုယ် သူ့ရှေ့ခြေတစ်လှမ်းတိုးလိုက်တာနဲ့
ထိတ်လန့်သွားသလို မျက်နှာလေးက တစ်
ကယ်ကို ကလေးငယ်လေးတွေ လန့်သွား
တဲ့အတိုင်း။ကိုယ်အသည်းယား မနေဘူး
ဆိုရင် လိမ်ညာရာကျမည်။
"ကျ ကျွန်တော် ကိုမင်းစစ်ကြောင်း
ဘာပြောပြော ခေါင်းညိတ်ပြီး နားထောင်
ပါ့မယ်"
စိတ်ဆုံးဖြတ်ထားသလိုနဲ့ ကိုယ့်ကိုမော့
ကြည့်ပြီးပြောနေတာက အိုင်ထွန်းနေ
တဲ့မျက်ရည်ကြည်တွေဝဲလို့။အစကတော့
ဒီအတိုင်းထားလိုက်ဖို့ပါပဲ ကိုယ့်ဆီကိုပြေး
လာပြီး ငိုမဲ့မဲ့နဲ့မျက်ရည်ဝဲပြီးတောင်းပန်နေ
တဲ့ပုံစံလေးက ကိုယ်ခြိမ်းခြောက်ချင်စရာ
ကောင်းနေလောက်အောင် အသည်းယား
စရာကောင်းနေတယ်လေ။ကိုယ်ပြောသမျှ
ကိုလည်း ခေါင်းညိတ်ပြီးယုံတာပဲ။သနားမိ
သွားပေမဲ့ ကလေးတွေကိုနောက်လေ့မရှိ
ပေမဲ့ ကိုယ့်ကို ဒီကောင်လေးပြဿနာရှာ
ပြီးစိတ်ဒုက္ခလိုက်ပေးထားတာကနည်းလား။
အပျင်းပြေ နည်းနည်းတော့ သင်ခန်းစာပြန်
ပေးရမယ်လေ။
ကလေးဆိုတာမျိုးက သူတို့စိတ်ကူးလေး
အတိုင်း လုပ်ချင်ရာတွေလုပ်ပြီးရင် နောက်
ဆုံး မတတ်နိုင်တော့တဲ့အခါ ငိုကြတော့
တာပဲ။ငိုမဲ့မဲ့နဲ့ ကိုယ့်ကိုကြည့်နေတဲ့
မျက်လုံးရွယ်လေးတွေက မှိတ်ချလိုက်ရင်
မျက်ရည်ကြည်တွေ ထွက်လာလောက်
တယ်။မျက်နှာလေးကလုံးဝ ကလေးရုပ်
မပျောက်သေး ကလေးပေါက်စလေးတွေ
ပါးနှစ်ဖက်ကရဲပြီး ဖောင်းနေသလိုမျိုး
နှုတ်ခမ်းပါးပါးနဲ့ ဝိုင်းစက်နေတဲ့ မျက်ဝန်း
ရွယ်လေးတွေ။
အဲ့ဒီမျက်ဝန်းငယ်တွေထဲ မြင်သူတိုင်းသနား
စဖွယ်ဖြစ်နေလောက်အောင် ကြယ်တာရာ
လေးတွေများ ထည့်သိမ်းထားလေသလား
ကိုယ် သိချင်မိပါရဲ့။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကလေးလေး ပုံစံလေးကလေ
အစ်ကိုကြီး ပြောပြသလိုပါပဲ။ချစ်စရာ
ကလေးငယ်လေး TT
Continue Reading
You'll Also Like
858K 53.9K 26
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...
337K 13.5K 41
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1M 54.5K 46
400K 52K 133
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...