Unicode
ဟိုဝဲစားလေး မနက်ဖြန်ကျောင်းတက်မည်ဆိုတော့ ကြက်သားစွတ်ပြုတ်လေးပြုတ်သွားပေးရန်စဉ်းစားမိသည်။
ထို့ကြောင့် ညကတည်းက Super market သို့သွားကာ ကြက်သားသွားဝယ်ရသေးသည်။
မနက်ရောက်တော့လည်းအစောကြီးထကာ ကြက်သွန်ဖြူလေးရယ် ဂျင်းလေးရယ် ထည့်ကာကြက်သားလေးကိုပေါင်းပြီး ဘူးလေးထဲသေချာထည့်ကာ ထမင်းဖြူလေးနည်းနည်းပါထည့်လာခဲ့လိုက်သည်။
ကျောင်းရောက်တော့ထုံစံအတိုင်းပါပဲ ကျောင်းပေါက်ဝတွင်မတ်တပ်ရပ်စောင့်နေသော အစုတ်ပလုတ်လေး....
နေမကောင်းတာကိုအိပ်ရေးဝအောင်အိပ်မလာပဲ အစောကြီးကျောင်းကိုလာစောင့်နေသေးသည်။
ကြည့်မရလောက်အောင်ကိုအမြင်ကပ်နေမိသည့် ဟာလေးကို အခုမှစိတ်တွေကပူနေတော့ ကိုယ့်ကိုကိုယ်လည်းအံ့ဩရသေးသည်။
ဘာပဲဖြစ်ဖြစ်...ဒါ သူလုပ်လိုက်မိလို့ အပြစ်မကင်းသလိုခံစားရတာကြောင့် လုပ်ပေးတာ ဟုတ်တယ်....
အတင်းတွေထိုအတိုင်းပဲခံယူပစ်လိုက်သည်။
အုတ်တိုင်နားကထိုဝဲစားလေးကသွားအပြည့်နှင့်ရယ်ပြနေသေးသည်.....ထယ်ယောင်းအနားလည်းရောက်သွားတော့.....
"Bay Baby hyung....ဟတ် ဟတ်ချိုး"
"နေမကောင်းသေးပဲ ဘာလို့ကျောင်းအစောကြီးလာတာလဲ"
"မျက်နှာလေးကိုတွေ့ချင်လို့"
ထယ်ယောင်းဘာမှမပြောပဲ ကျောင်းထဲဝင်လာလိုက်တော့ အနောက်ကနေတကောက်ကောက်ပါလာလေသည်။
"အော်....နေ့လည် ထမင်းစားရင် ငါ့ဆီလာခဲ့"
"ဘာ....လို့"
ဘာလို့လဲ hyung လို့မေးမလို့လုပ်လိုက်ပေမယ့် Hyung ဘက်ကအခုလိုကမ်းလှမ်းတာမျိုးကပထမဆုံးမလို့ အမြင်ကပ်သွားမည်စိုး၍ စကားကိုအမြန်အရှိန်သပ်လိုက်ကာ....
"လာခဲ့မယ်နော် Hyung ဟီးဟီး"
"အင်းအင်း....အခုရော ဘာစားပြီးပြီလဲ"
"ဘာမှမစားရသေးဘူး ဟီး"
"ကျစ် မင်းဟာလေ....ကိုယ့်ဘာသာကိုယ်ဂရုစိုက်စမ်းပါဦး.....ရော့"
ပွစိပွစိနှင့်ရေရွတ်ပြီး လွယ်အိတ်လေးထဲမှ ပေါင်မုန့်နှင့် နွားနို့ဗူးလေးကိုထုတ်ပေးလေ၏။
"စားလိုက်.....ငါကစားလာပြီးပြီ"
ဂျောင်ဂုမှာအခုချိန်ထိဖြစ်ပျက်နေသမျှဟာ အိမ်မက်လေဟာနယ်ထဲမှာလို ခံစားနေရသည်။
Hyung ကသူ့ကိုအရမ်းဂရုစိုက်ပေးနေတာ....
"Hyung လက်လေးခဏပေး"
"ဘာလို့...."
ထယ်ယောင်းစကားမဆုံးသေးခင်မှာပဲ ထယ်ယောင်းရဲ့လက်လေးတစ်ဖက်ကိုဆွဲယူလိုက်ကာ ပါးကိုတစ်ဖတ်ဖတ်ရိုက်နေလေ၏။
Hyung ရဲ့ကိုယ်သင်းနံ့လေးလည်းရသလို....နူးနူးညံ့ညံ့လက်ဖဝါးအထိအတွေ့လေးလည်းရသည်မလို့ အိမ်မက်မဟုတ်ခဲ့.....
"အိမ်မက်မဟုတ်ဘူးပဲ"
"ဘာကြောင်တာလဲ"
Hyung ရဲ့အရင်လိုအငေါ်တူးသလိုအသံလေးကိုပါအဆစ်ထပ်ကြားလိုက်ရတော့ ဒါဟာ အိမ်မက်လုံးဝမဟုတ်တာ သေချာသွားပြီဖြစ်လေသည်။
"နေ့လည်လာခဲ့မယ်နော် Hyung....ချစ်တယ်နော် မွမွ"
ဂျောင်ဂု ရဲ့ Flykiss တွေကြောင့် ထယ်ယောင်းမျက်နှာလေးမှာရှက်သွေးလေးများဖြတ်ပြေးသွားရသည်။
Fly kiss တွေပေးကာအနောက်ပြန်တစ်လှမ်းချင်းထွက်သွားသော ဂျောင်ဂု မှာအနောက်မှလာသော Sam နှင့်ဝင်တိုက်လေတော့ Sam ၏မျက်စောင်းကြီးနှင့်အတူ ကြိမ်းသံကြီးကိုပါထပ်တူရရှိလေသည်။
"အယ်...Sam ဆောတီး ဆောတီး"
စပ်ဖြဲဖြဲရုပ်နှင့်ပြေးထွက်သွားအာပြီဖြစ်သော ဂျောင်ဂု......
ထယ်ယောင်း ထိုကောင်လေးကိုကြည့်ကာသက်ပျင်းသာခပ်သဲ့သဲ့ လေးသာချမိတော့သည်။
--------------------------------------
မနက်ပိုင်းတစ်ပိုင်းလုံးစာသင်နေပေမယ့် ထယ်ယောင်းမှာစာထဲစိတ်မရောက်.....
"ဟိုဝဲစားလေး အဆင်ပြေရဲ့လားမသိဘူး"
တစ်ဖက်ရှိဂျောင်ဂုမှာလည်း......
"ဟတ် ဟတ်ချိုး....."
"ဟေ့ရောင်...အဆင်ပြေရဲ့လား"
"အင်း....နှာတော့ချေနေသေးတယ်"
"အေးကွာ......မင်းမလည်း ဒုက္ခကမသေးဘူး"
"ချစ်တာကိုကွာ....မင်းလည်းအဲ့ခံစားချက်သိတာပဲကို"
ယွန်ဂီမှာသူ့ဘက်လှည့်လာတော့ ခုံပေါ်တွင်ပြန်မှောက်အိပ်သွားလေ၏။
သူ Baby Hyung ရဲ့သူငယ်ချင်း ဂျပုကိုဟိုးအရင်ကတည်းကကြိုက်နေတာ တစ်ကျောင်းလုံးနီးပါးသိသည်။ဟထိုဂျပုတစ်ယောက်တည်းသာမသိတာ....
အော် မင်ယွန်ဂီတို့များတစ်သက်လုံးချေမိုးလာသမျှ ဂျပုနဲ့တွေ့မှပဲ အကုန်ပြားပြားဝပ်ကုန်သည်အထိ။
.
.
နေ့လည် ကန်တင်းချိန်ရောက်တော့ စာအုပ်များသိမ်းပြီး ထမင်းဘူးလေးထည့်ထားသောအိတ်ကိုကိုင်ကာကန်တင်းသွားရန်အလုပ် လက်ထဲကအိတ်ကိုမြင်လေတော့ ဂျီမင်းကတအံ့တဩကြည့်နေလေ၏။
"အမယ်...ထမင်းဘူးတွေဘာတွေထည့်လို့ပါလား"
"အော် အေး....ဒီလိုပဲ ထည့်လာဖြစ်လိုက်တယ်"
"ကန်တင်းရောက်ရင် ငါ့ကိုကျွေးဦးနော် ဟိဟိ"
ဂျီမင်းမှာ ထမင်းဘူးကိုကြည့်ကာရွှင်မြူးနေလေ၏။ သူ့အတွက်သာမဟုတ်မှန်းသိရင် မဲ့ရွဲ့နေဦးမည်ကအသေအချာ........
"ကန်တင်းသွားကြမယ်လေ ဗိုက်ဆာလာပြီ"
"အေးအေး ... သွားကြတာပေါ့"
.
.
တစ်ဖက်ရှိဂျောင်ဂုမှာ ခုံပေါ်တွင်အိပ်မောကျနေသော ယွန်ဂီကို မနည်းနိုးလေရလေသည်။
"ယွန်ဂီ....ထ...ထတော့...Baby Hyung စောင့်နေလောက်ပြီ"
တုတ်တုတ်ပင်မလှုပ်သော ကာလနဂါးမှာ စားဖို့ရန်အတွက်စိတ်မဝင်စား.....
ဒီနဂါးသိုးကိုနှိုးနိုင်မယ့်နည်းကတစ်နည်းပဲရှိတာလေ....
"အေး မလိုက်နဲ့....မင်းဂျပုနဲ့လည်းမတွေ့နဲ့...ဟိုမှာပါလာမှာကို"
ထိုအခါမှ ခုံပေါ်တွင်မှောက်အိပ်နေရာမှ ဆတ်ခနဲခေါင်းထောင်လာကာ.....
"ဗိုက်ဆာနေပြီ သွားရအောင်"
လွယ်အိတ်ကိုကောက်ဆွဲပြီး ထွက်သွားပြီဖြစ်သောယွန်ဂီ......
အော် မလိုက်တော့လည်းသူ လိုက်မယ်ဆိုတော့လည်း ချက်ချင်းကိုကောက်ထွက်သွားတော့တာပါပဲလား......
.
.
ကန်တင်းကိုရောက်တာနဲ့ ထယ်ယောင်း လည်တရှည်ရှည်နှင့် ဟိုကောင်လေးကိုမျှော်နေမိသည်။
သိပ်မကြာပါဘူး စပ်ဖြီးဖြီးရုပ်နှင့်ကန်တင်းထဲဝင်လာတဲ့ ဟာလေး.....
ထယ်ယောင်းကိုတွေ့တော့ ခပ်သွက်သွက်လျှောက်လာကာ ဘေးတွင်စွက်ခနဲဝင်ထိုင်လေသည်။
"ရောက်နေတာကြာပြီလား Baby Hyung"
"မကြာသေးပါဘူး..."
"ဘာစားမလဲ ကျွန်တော်သွားမှာပေး..."
"မမှာနဲ့...ငါထမင်းဘူးထည့်လာတယ် မင်း...မင်း အတွက်"
ရှက်လို့ထင်သည် အသံဖျားလေးကတိမ်ဝင်သွားလေ၏။
ဂျီမင်းက သူ့အတွက်ထင်ခဲ့သော ထမင်းဘူးမှာ သူ့အတွက်မဟုတ်တော့ မျက်နှာကချက်ချင်းစူပုတ်သွားလေသည်။
"ဟာ ချစ်လိုက်တာ Hyung ရာ...."
"တိတ်....စေတနာပျက်အောင်မလုပ်နဲ့"
ပွစိပွစိနှင့်ရေရွတ်ပြီး ဘူးလေးတွေကိုသေချာဖွင့်ကာ ပြင်ပေးနေလေ၏။
ထမင်းဘူးလေးကိုဖွင့်လိုက်သည်နှင့် မွှေးတက်လာသော ကြက်သားစွတ်ပြုတ်အနံ့.....
ထယ်ယောင်း အပူခံအိတ်လေးနဲ့ထည့်လာတာမလို့ ခပ်နွေးနွေးလေးကျန်နေသေးသည်။
"ရော့...စား...နေမကောင်းလို့လုပ်လာပေးတာ"
Hyung အခုလိုသူ့ကိုအရေးတယူပြုကာဂရုစိုက်တာဆိုတာရှိကိုမရှိခဲ့တာ....နေမကောင်းဖြစ်တာကိုပဲကျေးဇူးတင်ရမည်။
ဖြစ်နိုင်ရင်ထပ်ပြီးတော့တောင် နေမကောင်းဖြစ်ချင်သေး.....
ကိုယ့်ဘာသာတော်တော်သာယာနေသည်မလို့ မျက်နှာကလည်း ဖုံးဖိလို့မရအောင် ပြုံးရွှင်နေလေ၏။
"မစားဘူးလား"
"စားမှာပေါ့ စားမှာ စားမှာ"
ထမင်းဘူးကိုဆွဲယူသွားပြီး စားရန်ပြင်နေတုန်းမှာပဲ ဘာထဖြစ်သေးသည်မသိ.....
"Hyung....ခွံ့ကျွေး"
ဒါပဲ အရောဝင်အပင်ပေါက်တယ်ဆိုတာမျိုးက ဒင်းလေးလိုမျိုး......
"မင်းဘာသာစားလေ....နေမကောင်းတာ လက်ပါကျိုးသွားလို့လား"
"ကျိုးတော့မကျိုးပါဘူး Baby Hyung ရယ်....နာကျင်ကိုက်ခဲနေရုံလေးပါ"
သနားစရာမျက်ခွပ်လေးနှင့် ဇွန်းကိုကောက်ကိုင်လေသည်။ ကိုင်သည်ဆိုသည်မှာလည်းအကောင်းမဟုတ်....တဆတ်ဆတ်တုန်ယင်နေသလိုပုံစံမျိုးနှင့်....
ပါးစပ်ထဲမနည်းရောက်အောင်သွင်းနေရသည့်ပုံစံမျိုးနှင့်......
"ပေး ပေး မြင်နေရတာ စိတ်မချမ်းသာဘူး"
တမင်လုပ်နေမှန်းသိသော်လည်း သူမှခွံ့မကျွေးရင် တခြားဘာပုံစံတွေထပ်လုပ်ဦးမည်မသိတာကြောင့် ဇွန်းကိုယူလိုက်ကာ ခွံ့ကျွေးရန်ပြင်လိုက်သည်။
"ရော့....စား"
သူခွံ့ကျွေးသမျှ တမြုံ့မြုံ့နှင့်စားနေသော ဝဲစားလေး....မျက်ခွပ်ကြီးကလည်း ဖြီးလို့....
သူတို့နှင့်အတူ ထမင်းစားနေသောယွန်ဂီမှာ ကြက်သားစွတ်ပြုတ်အားလှမ်းအနှိုက် ဖတ်ခနဲပုတ်ချလိုက်သောကြောင့် တူနှင့်ညှပ်ထားသော ကြက်သားတုန်းလေးမှာ ဘူးလေးထဲ ဘတ်ခနဲပြန်ပြုတ်ကျလေ၏။
"ဘာလာနှိုက်တာလဲ"
"စားမလို့လေ"
"ကျွေးစရာလား"
"ဟ....တပတ်လုံးကျောင်းတက်ပေးထားတာကိုမျက်နှာထောက်ဦးလေကွာ"
"No...no...sorry ပဲ...မကျွေးနိုင်ဘူး...ဒီမှာ ရှင်းပြမယ့် Baby Hyung လေးတစ်ယောက်လုံးရှိတယ်...မင်းကိုမလိုတော့ဘူး"
ခပ်မိန့်မိန့်အပြုံးကြီးနှင့် မော်မော်ကြွားကြွားပြောနေလေ၏။
ဂျီမင်းမှာလည်း သူနှိုက်လျှင်ထိုအတိုင်းပဲဖြစ်မည်မလို့ မနှိုက်ရဲပေ....
Hyung နှိုက်တာတောင် ပုတ်ချသည်ဆိုတော့ သူသာဆိုလျှင်ကိုင်ပင်ပေါက်လောက်မည်။
ယွန်ဂီကိုမကျွေးနိုင်ဘူးပြောပြသည်နှင့် ကြက်သားစွတ်ပြုတ်ထည့်ထားသောဘူးကို သူ့နားသို့ဆွဲယူလိုက်ကာ လက်ဖြင့်ပိုက်ထားလေသော ဂျောင်ဂု......
"ကျွေးလိုက်လေ ဂျောင်ဂု"
"အို ကျွေးစရာလား....ကျွန်တော်ပဲအကုန်စားမှာ"
သောက်ရမ်းတွေဖြစ်နေသောဂျောင်ဂုကိုကြည့်ကာ ယွန်ဂီမှာမျက်မုန်းကျိုးလာလေသည်။
အစကတည်းက ဘုတောတောတတ်သူမလို့.....
"အေး အဲ့မှာ အရိုးတွေပါစားနေလိုက်"
"စားမှာ စားမှာ"
ထယ်ယောင်းခွံ့ကျွေးထားသောထမင်းပလုတ်ပလောင်းနှင့် ပြန်ရန်တွေ့နေလေ၏။
ထိုနှစ်ယောက်ကိုကြည့်ကာ ဂျီမင်းမှာတခွိခွိနှင့်ခိုးရယ်နေလေ၏။
ထယ်ယောင်းမှာတော့ ကျားကိုးစီးစားမကုန်သောခန္ဓာကိုယ်နှင့်ဟာကြီးကို လူမြင်မကောင်းစွာ ထမင်းခွံ့ကျွေးနေရလျက်.........။
TBC.....❤
ပျင်းနေကြမှာစိုးလို့ 😁💜
Zawgyi
"ဘာ....လို့"
"ဘာမှမစားရသေးဘူး ဟီး"
"Hyung လက်လေးခဏပေး"
"ဘာလို့...."
"အိမ်မက်မဟုတ်ဘူးပဲ"
"ဘာကြောင်တာလဲ"
"အယ်...Sam ဆောတီး ဆောတီး"
သပ်ဖြဲဖြဲရုပ်နှင့်ပြေးထွက်သွားအာပြီဖြစ်သော ဂျောင်ဂု......
--------------------------------------
"ဟတ် ဟတ်ချိုး....."
.
.
"အေးအေး ... သွားကြတာပေါ့"
.
.
.
.
"မကြာသေးပါဘူး..."
"မစားဘူးလား"
"Hyung....ခွံ့ကျွေး"
"ရော့....စား"
"ဘာလာနှိုက်တာလဲ"
"စားမလို့လေ"
"ကျွေးစရာလား"
"No...no...sorry ပဲ...မကျွေးနိုင်ဘူး...ဒီမှာ ရှင်းပြမယ့် Baby Hyung လေးတစ်ယောက်လုံးရှိတယ်...မင်းလိုမလိုတော့ဘူး"
"စားမှာ စားမှာ"
TBC.....❤