Zawgyi
သူနာျပဳဆရာမေလးမွာခ်က္ခ်င္းပဲမ်က္ႏွာျဖဴေဖ်ာ့ကာလူနာေဆာင္ထဲမွျမန္ျမန္ထြက္ေျပးသြားေလသည္။
သူမတံခါးေပါက္မွာခလုတ္ပင္တိုက္မိကာသိသိသာသာေၾကာက္ေနခဲ့၏။
ရီဟန္ တံခါးကိုၾကည့္ကာအားရဝမ္းသာစြာႏွင့္ခပ္တိုးတိုးေလးေျပာသည္။
"မင္းတို႔ငါ့ကိုမေပ်ာ္ေအာင္လုပ္ရဲမွေတာ့မင္းတို႔ကိုေသေအာင္ေျခာက္လွန့္ျပစ္မယ္"
ခ်ီ႐ြယ္ ရယ္ကာ ၊
"ခင္ဗ်ားပဲဒါမ်ိဳးစဥ္းစားတတ္တယ္ ...
စိတ္ပညာဆိုင္ရာဌာနထပ္သြားရမွာမေၾကာက္ဘူးလား?"
ရီဟန္ တစ္ေယာက္မွိုင္က်သြားၿပီး ၊
"........ဒါမ်ိဳးမျဖစ္ေတာ့ပါဘူး ဟုတ္တယ္ဟုတ္?"
ခ်ီ႐ြယ္ စဥ္းစားမိတာက ဒီလူဟာ အနည္းငယ္ေလာက္တုံးသည္ဟု။
"ခင္ဗ်ား ဘာလို႔လြတ္လာတာလဲ?"
ရီဟန္ ဝမ္းနည္းစြာပဲအကူအညီေတာင္းသည္။
"ငါတို႔ ဒါကိုထပ္မေျပာလို႔မရဘူးလား?"
ခ်ီ႐ြယ္ ၿခိမ္းေျခာက္ဟန္ျဖင့္ ၊
"ကြၽန္ေတာ္သူနာျပဳဆရာမေလးကိုခင္ဗ်ားထပ္ေနမေကာင္းျပန္ဘူးလို႔အခ်ိန္မေ႐ြးေျပာနိုင္တယ္ေနာ္"
"......"
ရီဟန္ ငိုသံပါျဖင့္ ၊
"မင္းကေတာ္ေတာ္ရက္စက္တာပဲကြ"
သူတစ္ေယာက္ေဆြးေဆြးေျမ့ေျမ့ျပန္ျဖင့္ျဖစ္ေၾကာင္းကုန္စင္ေျပာျပသည္။
"ငါလည္းတည္ၿငိမ္သြားေရာစိတ္ေရာဂါကုအေဆာင္ထဲကိုေရာက္ေနၿပီ ....
ငါလည္း႐ုန္းရင္းဆန္ခတ္လုပ္ေရာ ....
ဆရာဝန္နဲ႕သူနာျပဳေတြထပ္ဝင္လာၾကတယ္ေလ...
အဲ့မွာငါ့မိသားစုဝင္ထဲမွာေနာက္တစ္ေယာက္ထပ္ေရာက္လာတယ္ကြာ ..
သူကတစ္ခ်က္တည္းၾကည့္႐ုံနဲ႕ လူကုံထန္အသိုင္းအဝိုင္ထဲကေအာင္ျမင္ေနတဲ့သူမွန္းသိသာတယ္ကြ ..
ပြင့္ပြင့္လင္းလင္းေျပာရရင္ သူက ကိုျပည့္စုံ¹ လို႔ေျပာရမယ္ – ခ်မ္းသာတယ္ အရပ္ရွည္တယ္ ႐ုပ္သန့္တယ္....
သူက ေဆးပညာဆိုင္ရာသေဘာတရားႀကီးကိုကိုင္ၿပီးတည္တည္ၿငိမ္ၿငိမ္ပဲဆရာဝန္ေတြ သူနာျပဳေတြကိုေျပညေနတာ ...
ငါကေခါင္းကိုထိသြားနဲ႕အျပင္ေကာင္းေကာင္းလဲသတိမရေသးဘူးတဲ့ ေခါင္းကိုထပ္ရိုက္လိုက္ရင္ေတာ့သတိရေကာင္းရနိုင္တယ္ဆိုပဲကြာ ...."
ခ်ီ႐ြယ္ကိုယ့္ဟာကိုယ္ေခါင္းညိတ္ေထာက္ခံလိုက္သည္။
သူခန့္မွန္းမိသေလာက္ရီဟန္ က ကိုျပည့္စုံ ကိုေၾကာက္ၿပီးသူ႕ကံၾကမၼာကိုလက္ခံလိုက္ဟန္တူသည္။
ရီဟန္ အားငယ္စြာနဲ႕နာနာက်င္က်င္စကားေျပာသံကိုၾကားေတာ့ခ်ီ႐ြယ္ စကားေျပာမလို႔လုပ္ေနတုန္းပင္။
"ၿပီးေတာ့သူကငါ့ကို ထုေတာင္ထုလိုက္ေသးတယ္ ...
ငါ-ိုး နာလိုက္တာဆိုတာကြာ ...
အဲ့ဒါနဲ႕သူ႕စကားနားေထာင္လိုက္ရတယ္ .."
ခ်ီ႐ြယ္ ၊ "........"
ခ်ီ႐ြယ္ ရီဟန္ကိုႏွစ္သိမ့္လိုက္သည္။
"အဆင္ေျပသြားပါၿပီ ..
ၾကည့္ေလခင္ဗ်ားအျပင္ေရာက္ေနၿပီမဟုတ္လား?"
ရီဟန္ အိပ္ယာကိုလက္ညွိုးထိုးကာ ၊
"အဲ့ဒါကိုျပန္တည့္ေပး ...
အိပ္ခ်င္ေနၿပီ"
ခ်ီ႐ြယ္ မွာေျဖးေျဖးခ်င္းအိပ္ယာကိုျပန္ျပားကာသိခ်င္သည္မ်ားကိုဆက္၍ေမးျပန္သည္။
"ခင္ဗ်ား ဘာခြဲစိတ္မႈလုပ္ခဲ့တာလဲ?
ဘာျဖစ္လို႔လဲ?
ခင္ဗ်ားအသက္ရွင္ေနေသးတယ္လို႔ထင္လား?"
ရီဟန္ မွာစကားစမေျပာခင္မွာအခ်ိန္အေတာ္ၾကာတိတ္ဆိတ္ေနေသးသည္။
"ငါလည္းမသိဘူးကြ..
ငါ ကားတိုက္မႈျဖစ္ၿပီးေဆး႐ုံကိုေခၚလာခံရတယ္ ...
ငါ့ေခါင္းေတြမူးေနာက္ေနတုန္းဆရာဝန္က ဒီလူနာကိုခြဲစိတ္ရမယ္လို႔အသံၾကားလိုက္တယ္...
ၿပီးေတာ့ငါ့ကိုခြဲစိတ္ခန္းထဲတြန္းသြားၾကတာပဲ..
ျပန္သတိရၿပီးမ်က္လုံးဖြင့္လိုက္ေတာ့ဒီလိုမ်ိဳးျဖစ္ေနတာပဲ...
မင္းကေရာ?"
"ႏွလုံးခြဲတာ ေအာင္ျမင္နိုင္ေျခေတာ္ေတာ္နည္းတဲ့ခြဲစိတ္မႈ"
ခ်ီ႐ြယ္ တုံ႕ဆိုင္ၿပီးေနာက္မွ ၊
"ကြၽန္ေတာ့္အေဆာင္က အေပၚထပ္ ၆ လႊာမွာ"
ရီဟန္ အနည္းငယ္ေတြေဝသြားေပသိဘာမွေတာ့မေျပာေပ။
မည္သို႔ေပဆိုေစသူတို႔ဟာေရွာင္လႊဲမရေသာ ေသျခင္းရွင္ျခင္းသေဘာတရားေတြကိုႀကဳံေတြ႕ခဲ့ၿပီးၿပီ။
အခုေတာ့သူတို႔ဟာအေျဖကိုသိခ်င္ေနၾကၿပီ။
သို႔ေသာ္အမွန္တရားကိုရင္ဆိုင္ရန္လည္းေၾကာက္႐ြံ႕ေနၾကသည္။
ခ်ီ႐ြယ္ စိတ္မသက္မသာျဖစ္ကာ ေဆး႐ုံအဝတ္အစားကိုေကာက္ကိုင္လိုက္ၿပီး ၊
"အိပ္ေတာ့ေလ ကြၽန္ေတာ္အိမ္သာသြားလိုက္ဦးမယ္"
ကိစၥရွင္းၿပီးတဲ့ေနာက္မွာေတာ့ လက္ေဆးရင္းႏွင့္မရင္းႏွီးတဲ့မ်က္ႏွာကိုမွန္ထဲတြင္ၾကည့္ေနလိုက္သည္။
မူလခႏၶာကိုယ္ပိုင္ရွင္ဟာ ခ်ီ႐ြယ္ႏွင့္အသက္ခ်င္းအတူတူ၌တြင္ပဲပို၍ႏုသည္။
မူလပိုင္ရွင္ဟာ အရမ္းကိုေခ်ာေမာၿပီးခန့္သည္။
သူ၏မ်က္လုံးမ်ားမွာအေပၚဘက္သို႔အနည္းငယ္ေကာ့တက္ကာေစာင္းေလ်ာပုံစံရွိ၏။
ခ်ီ႐ြယ္မ်က္ႏွာကိုႏွစ္ခါေလာက္ျပန္ပြတ္ၿပီးမ်က္ေမွာင္ႀကဳံ႕လိုက္သည္။
သူထင္ေယာင္ထင္မွားျဖစ္ေနတာျဖစ္နိုင္သလိုသူ႕ကိုယ္သူေတာင္မသိလိုက္ပါပဲေခါင္းထဲမွာ "ေဂး" အေၾကာင္းေရာက္လာသည္ေၾကာင့္လည္းျဖစ္နိုင္သည္။
သို႔ေသာ္ထိုမ်က္လုံးမ်ားႏွင့္အျခားသူမ်ားကိုၾကည့္ျခင္းကစြဲေဆာင္မႈသိပ္မ်ားလြန္းသည္။
သူဆက္ၾကည့္မေနနိုင္ေတာ့ပဲလႊဲလိုက္ၿပီးေနာက္မွန္ကိုထပ္ၾကည့္မိျပန္သည္။
အနီးအနားမွလူမ်ားဆီမွထူးဆန္းသည့္အၾကည့္မ်ားေရာက္လာသည္အထိပင္။
သူ႕ကိုယ္သူတိတ္တိတ္ေလးပဲစိတ္ေနသေဘာထားသည္သာအဓိကျဖစ္သည္ဟုႏွစ္သိမ့္လိုက္ကာလူနာေဆာင္သို႔ျပန္လာသည္။
ဓါတ္ေလွကားနားေရာက္သည္ႏွင့္သူတစ္ေယာက္မရပ္လိုက္ပဲမေနနိုင္ခဲ့။
သူဓါတ္ေလွကားကိုၾကည့္ရင္းဆုံးျဖတ္ရခက္ေန၏။
ထို႔ေနာက္တြင္ေတာ့ ရဲ႕ေ႐ႊ႕ခြၽမ္းအခ်ိန္မေ႐ြးျပန္လာနိုင္သည္ကိုသတိရၿပီးအေဆာင္ကိုသာျပန္လာလိုက္သည္။
သူေရာက္သည္ႏွင့္ရီဟန္မွာအိပ္ေမာက်ေနတာေၾကာင့္မႏွိုးေတာ့ေပ။
သူအိပ္ရာေပၚတြင္ၿငိမ္သက္စြာထိုင္ေနၿပီးမၾကာခင္မွာပဲ ရဲ႕ေ႐ႊ႕ခြၽမ္းအစားအေသာက္ေတြႏွင့္အတူေရာက္လာခဲ့သည္။
ရဲ႕ေ႐ႊ႕ခြၽမ္းမွာအလုပ္ရွိေသးသျဖင့္ၾကာၾကာမေနနိုင္။
သူအိတ္ထဲမွပစၥည္းမ်ားကိုထုတ္ကာ ၊
"ေရာ့ ဒီမွာမင္းဖုန္းနဲ႕ပိုက္ဆံအိတ္ ...
ငါ့ ဖုန္းနံပါတ္အထဲမွာရွိတယ္ ...
တခုခုဆိုငါ့ဆီ ဖုန္းေခၚလိုက္...
ငါမနက္ျဖန္လာနိုင္မလာနိုင္ကမေသခ်ာေသးဘူး.
ဗိုက္ဆာရင္ ကန္တင္းမွာသြားဝယ္စား .."
ခ်ီ႐ြယ္ လက္ထဲတြင္စားစရာႏွစ္ခုရၿပီးေနာက္စိတ္သက္စာရရသြားသည္။
"ေအးပါကြာ.."
"ငါသြားၿပီေနာ္"
ရဲ႕ေ႐ႊ႕ခြၽမ္းဟာမသက္မသာနဲ႕အိပ္ေပ်ာ္ေနေသာရီဟန္ကိုလွည့္ၾကည့္လိုက္သည္။
"အိပ္ယာေဘးမွာခလုတ္ရွိတယ္ ..
သူတစ္ခုခုလုပ္ၿပီဆိုရင္ႏွိပ္လိုက္သူနာျပဳေတြလာလိမ့္မယ္"
"အင္း ငါ့ကိုယ္ငါဂ႐ုစိုက္နိုင္ပါတယ္ကြ"
ခ်ီ႐ြယ္ ရဲ႕ေ႐ႊ႕ခြၽမ္းကိုလိုက္ပို႔ရန္ထလိုက္ၿပီး ညစ္ပတ္ေနေသာအကၤ်ီမ်ားကိုမ်က္ေစာင္းထိုးကာ ထပ္ေပါင္းေျပာလိုက္သည္။
"မနက္ျဖန္အကၤ်ီေတြယူလာေပးဦး"
ရဲ႕ေ႐ႊ႕ခြၽမ္းေခါင္းၿငိမ့္ကာ သူ႕အားအနားယူဖို႔ေျပာရင္းျပန္သြားေတာ့သည္။
ခ်ီ႐ြယ္တစ္ေယာက္အေဆာင္ထဲ၌ခဏေလာက္ၿငိမ္သက္စြာရပ္ေန၏။
ေနာက္ဆုံး၌အသက္ကိုျပင္းျပင္းရႉကာတံခါးကိုဖြင့္ၿပီး ၆လႊာဆီသို႔ဓါတ္ေလွကာဆီးရန္ဦးတည္လိုက္သည္။
သူအေဆာင္ ၆၀၆ ကိုမေရာက္ခင္ထိရင္းႏွီးေနေသာစၾကၤံလမ္းကိုတစ္လွမ္းခ်င္းေလ်ာက္ရင္းၾကည့္လာသည္။
သူ႕မွလုံးခုန္သံမ်ားျမန္ေနသည္ကိုခံစားမိၿပီးလက္ဖ်ားမ်ားပင္ေအးစက္လို႔ေနသည္။
သူတစ္ေယာက္တံခါးလက္ကိုင္ဘုေပၚလက္အားအလႈပ္မယွက္ၾကာျမင့္စြာတင္ထားၿပီးေနာက္မ်က္လုံးကိုမွိတ္ကာအသက္ျပင္းျပင္းႏွစ္ေခါက္ေလာက္ရႉလိုက္ကာတံခါးလက္ကိုင္ဘုအားလွည့္လိုက္သည္။
တစ္ေယာက္အိပ္ေဆာင္တစ္ခု - ဆည္းဆာ၏အေရာင္ကျပတင္းေပါက္မွတိုးဝင္လာၿပီးလိုက္ကာကိုျဖတ္ေတာ့လိေမၼာ္ေရာင္ေလးမွာလွလွပပေတာက္ပေနသည္။
လွသည္ သို႔ေသာ္မည္သူမွ်ရွိမေန။
ခ်ီ႐ြယ္မွာပါးစပ္ သာအေဟာင္းသားျဖစ္၍အသံပင္မထြက္နိုင္။
"ဘယ္သူ႕ကိုရွာေနတာလဲ?"
သူနာျပဳဆရာမေလးမွာျဖတ္သြားရင္းႏွင့္ပင္အေရွ႕တိုးေမးလာခဲ့သည္။
ခ်ီ႐ြယ္ မွာသူနာျပဳဆရာမေလးဘက္သို႔လွည့္လာကာအသံကိုျပင္လိုက္ၿပီး ၊
"ဒီမွာခ်ီ႐ြယ္ဆိုတဲ့အမ်ိဳးသားတစ္ေယာက္ရွိလား?
သူဘယ္မွာလဲ?"
"ေအာ္ သူ ..... ခြဲစိတ္မႈမေအာင္ျမင္လို႔ဆုံးသြားပါၿပီ"
သူနာျပဳဆရာမေလးကေျဖသည္။
သူ၏မ်က္ႏွာမွာမည္မွ်ဆိုး႐ြားသြားသည္မသိသူနာျပဳဆရာမေလး ထြက္မသြားခင္ႏွစ္သိမ့္ခဲ့ေသး၏။
"အရမ္းဝမ္းမနည္းပါနဲ႕"
ခ်ီ႐ြယ္မွာေတာ့ "ေသသြားၿပီ" ဆိုသည့္စကားေနာက္မည္သည္ကိုမွ်မၾကားေတာ့ေပ။
နားအုံပြင့္သြားသကဲ့သို႔ခံစားလိုက္ရ၏။
သူ၏ရင္အုံကိုဓါးျဖင့္ထိုးလိုက္သကဲ့သို႔ခံစားလိုက္ရ၏။
ထိုမွ်ေလာက္ၾကာခ်ိန္အတြင္း၌သူသည္ေသျခင္းတရား၏အေငြ႕အသက္ကိုတဖန္ခံစားလိုက္ရသကဲ့သို႔ပင္ျဖစ္သည္။
သူဟာအသက္မဲ့စြာအခ်ိန္အၾကာႀကီးရပ္ေနခဲ့သည္။
သူတံခါးေဘာင္ကိုမွီရန္အနည္းငယ္ေ႐ႊ႕လိုက္ခ်ိန္မွာေတာ့သူ႕ခႏၶာကိုယ္ဟာေတာင့္တင္းေနၿပီ။
သူေသၿပီ။
သူေသသြားၿပီ။
ဒီကမာၻမွာသူဆိုတာမရွိေတာ့ၿပီ။
သူ၏အဝတ္အစားမ်ား ၊ သူ၏ပန္းခ်ီကားမ်ား ၊ သူ၏ကြန္ပ်ဴတာ တို႔မွာသူ႕အားအျခားသူမ်ားအားသူေသဆုံးသြားၿပီဆိုသည့္အခ်က္ကိုသတိရေစရန္သတိေပးမည့္အမွတ္တရပစၥည္းမ်ားျဖစ္လာၿပီ။
အခုသူဟာ က်န္းေရွာင္းယြမ္ ျဖစ္ေနၿပီ။
သူ႕မွာဒီခႏၶာကိုယ္နဲ႕ဘဝသစ္စရန္မွတပါးေ႐ြးခ်ယ္စရာမရွိေပ။
ခ်ီ႐ြယ္ ဆိုသည့္အမ်ိဳးသားတစ္ေယာက္ႏွင့္သူ႕အတြက္အျခားသူမ်ား၏အမွတ္တရမ်ားသည္အတိတ္တြင္ေအးခဲသြားလိမ့္မည္။
သူ၏စိတ္ေတြ လစ္ဟာေနၿပီးတုန္ရီေနတဲ့လက္ေတြနဲ႕ဖုန္းကိုထုတ္ယူလိုက္သည္။
အသိတစ္ဝက္ႏွင့္နံပါတ္ေတြကိုႏွိပ္လိုက္သည္။
ဖုန္းကိုင္ဖို႔အေတာ္ေလးၾကာသည္။
အခ်ိန္အေတာ္ၾကာၿပီးသည့္ေနာက္မွ သူ၏အခ်စ္ဆုံးသူငယ္ခ်င္း ကုပိုင္² ၏တိုးျငင္းၿပီးအက္ရွေနေသာအသံမွာတျခားတဖက္မွထြက္လာသည္။
အေသအခ်ာပင္ စိတ္မေကာင္းျဖစ္ေနေသာအသံ။
"...... ေဝ ? ဘယ္သူလဲ?"
_______^^^_____
[ Note:
1 . Mr. Perfect ကို ကိုျပည့္စုံလို႔ျပန္လိုက္ပါတယ္။
ေခ်ာတယ္ ခ်မ္းသာတယ္ အရပ္ရွည္တာေၾကာင့္အဲ့လိုေခၚတာပါ။
2 . ကုပိုင္ ကအရင္ဘဝကခ်ီ႐ြယ္ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းပါ။ မွတ္မိၾကတယ္ဟုတ္။ ဘဲကင္လိုက္ဝယ္ေကြၽးမယ္ဆိုတဲ့သူငယ္ခ်င္းပါ။]
________^^^______
Unicode
သူနာပြုဆရာမလေးမှာချက်ချင်းပဲမျက်နှာဖြူဖျော့ကာလူနာဆောင်ထဲမှမြန်မြန်ထွက်ပြေးသွားလေသည်။
သူမတံခါးပေါက်မှာခလုတ်ပင်တိုက်မိကာသိသိသာသာကြောက်နေခဲ့၏။
ရီဟန် တံခါးကိုကြည့်ကာအားရဝမ်းသာစွာနှင့်ခပ်တိုးတိုးလေးပြောသည်။
"မင်းတို့ငါ့ကိုမပျော်အောင်လုပ်ရဲမှတော့မင်းတို့ကိုသေအောင်ခြောက်လှန့်ပြစ်မယ်"
ချီရွယ် ရယ်ကာ ၊
"ခင်ဗျားပဲဒါမျိုးစဥ်းစားတတ်တယ် ...
စိတ်ပညာဆိုင်ရာဌာနထပ်သွားရမှာမကြောက်ဘူးလား?"
ရီဟန် တစ်ယောက်မှိုင်ကျသွားပြီး ၊
"........ဒါမျိုးမဖြစ်တော့ပါဘူး ဟုတ်တယ်ဟုတ်?"
ချီရွယ် စဥ်းစားမိတာက ဒီလူဟာ အနည်းငယ်လောက်တုံးသည်ဟု။
"ခင်ဗျား ဘာလို့လွတ်လာတာလဲ?"
ရီဟန် ဝမ်းနည်းစွာပဲအကူအညီတောင်းသည်။
"ငါတို့ ဒါကိုထပ်မပြောလို့မရဘူးလား?"
ချီရွယ် ခြိမ်းခြောက်ဟန်ဖြင့် ၊
"ကျွန်တော်သူနာပြုဆရာမလေးကိုခင်ဗျားထပ်နေမကောင်းပြန်ဘူးလို့အချိန်မရွေးပြောနိုင်တယ်နော်"
"......"
ရီဟန် ငိုသံပါဖြင့် ၊
"မင်းကတော်တော်ရက်စက်တာပဲကွ"
သူတစ်ယောက်ဆွေးဆွေးမြေ့မြေ့ပြန်ဖြင့်ဖြစ်ကြောင်းကုန်စင်ပြောပြသည်။
"ငါလည်းတည်ငြိမ်သွားရောစိတ်ရောဂါကုအဆောင်ထဲကိုရောက်နေပြီ ....
ငါလည်းရုန်းရင်းဆန်ခတ်လုပ်ရော ....
ဆရာဝန်နဲ့သူနာပြုတွေထပ်ဝင်လာကြတယ်လေ...
အဲ့မှာငါ့မိသားစုဝင်ထဲမှာနောက်တစ်ယောက်ထပ်ရောက်လာတယ်ကွာ ..
သူကတစ်ချက်တည်းကြည့်ရုံနဲ့ လူကုံထန်အသိုင်းအဝိုင်ထဲကအောင်မြင်နေတဲ့သူမှန်းသိသာတယ်ကွ ..
ပွင့်ပွင့်လင်းလင်းပြောရရင် သူက ကိုပြည့်စုံ¹ လို့ပြောရမယ် – ချမ်းသာတယ် အရပ်ရှည်တယ် ရုပ်သန့်တယ်....
သူက ဆေးပညာဆိုင်ရာသဘောတရားကြီးကိုကိုင်ပြီးတည်တည်ငြိမ်ငြိမ်ပဲဆရာဝန်တွေ သူနာပြုတွေကိုပြေညနေတာ ...
ငါကခေါင်းကိုထိသွားနဲ့အပြင်ကောင်းကောင်းလဲသတိမရသေးဘူးတဲ့ ခေါင်းကိုထပ်ရိုက်လိုက်ရင်တော့သတိရကောင်းရနိုင်တယ်ဆိုပဲကွာ ...."
ချီရွယ်ကိုယ့်ဟာကိုယ်ခေါင်းညိတ်ထောက်ခံလိုက်သည်။
သူခန့်မှန်းမိသလောက်ရီဟန် က ကိုပြည့်စုံ ကိုကြောက်ပြီးသူ့ကံကြမ္မာကိုလက်ခံလိုက်ဟန်တူသည်။
ရီဟန် အားငယ်စွာနဲ့နာနာကျင်ကျင်စကားပြောသံကိုကြားတော့ချီရွယ် စကားပြောမလို့လုပ်နေတုန်းပင်။
"ပြီးတော့သူကငါ့ကို ထုတောင်ထုလိုက်သေးတယ် ...
ငါ-ိုး နာလိုက်တာဆိုတာကွာ ...
အဲ့ဒါနဲ့သူ့စကားနားထောင်လိုက်ရတယ် .."
ချီရွယ် ၊ "........"
ချီရွယ် ရီဟန်ကိုနှစ်သိမ့်လိုက်သည်။
"အဆင်ပြေသွားပါပြီ ..
ကြည့်လေခင်ဗျားအပြင်ရောက်နေပြီမဟုတ်လား?"
ရီဟန် အိပ်ယာကိုလက်ညှိုးထိုးကာ ၊
"အဲ့ဒါကိုပြန်တည့်ပေး ...
အိပ်ချင်နေပြီ"
ချီရွယ် မှာဖြေးဖြေးချင်းအိပ်ယာကိုပြန်ပြားကာသိချင်သည်များကိုဆက်၍မေးပြန်သည်။
"ခင်ဗျား ဘာခွဲစိတ်မှုလုပ်ခဲ့တာလဲ?
ဘာဖြစ်လို့လဲ?
ခင်ဗျားအသက်ရှင်နေသေးတယ်လို့ထင်လား?"
ရီဟန် မှာစကားစမပြောခင်မှာအချိန်အတော်ကြာတိတ်ဆိတ်နေသေးသည်။
"ငါလည်းမသိဘူးကွ..
ငါ ကားတိုက်မှုဖြစ်ပြီးဆေးရုံကိုခေါ်လာခံရတယ် ...
ငါ့ခေါင်းတွေမူးနောက်နေတုန်းဆရာဝန်က ဒီလူနာကိုခွဲစိတ်ရမယ်လို့အသံကြားလိုက်တယ်...
ပြီးတော့ငါ့ကိုခွဲစိတ်ခန်းထဲတွန်းသွားကြတာပဲ..
ပြန်သတိရပြီးမျက်လုံးဖွင့်လိုက်တော့ဒီလိုမျိုးဖြစ်နေတာပဲ...
မင်းကရော?"
"နှလုံးခွဲတာ အောင်မြင်နိုင်ခြေတော်တော်နည်းတဲ့ခွဲစိတ်မှု"
ချီရွယ် တုံ့ဆိုင်ပြီးနောက်မှ ၊
"ကျွန်တော့်အဆောင်က အပေါ်ထပ် ၆ လွှာမှာ"
ရီဟန် အနည်းငယ်တွေဝေသွားပေသိဘာမှတော့မပြောပေ။
မည်သို့ပေဆိုစေသူတို့ဟာရှောင်လွှဲမရသော သေခြင်းရှင်ခြင်းသဘောတရားတွေကိုကြုံတွေ့ခဲ့ပြီးပြီ။
အခုတော့သူတို့ဟာအဖြေကိုသိချင်နေကြပြီ။
သို့သော်အမှန်တရားကိုရင်ဆိုင်ရန်လည်းကြောက်ရွံ့နေကြသည်။
ချီရွယ် စိတ်မသက်မသာဖြစ်ကာ ဆေးရုံအဝတ်အစားကိုကောက်ကိုင်လိုက်ပြီး ၊
"အိပ်တော့လေ ကျွန်တော်အိမ်သာသွားလိုက်ဦးမယ်"
ကိစ္စရှင်းပြီးတဲ့နောက်မှာတော့ လက်ဆေးရင်းနှင့်မရင်းနှီးတဲ့မျက်နှာကိုမှန်ထဲတွင်ကြည့်နေလိုက်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်ဟာ ချီရွယ်နှင့်အသက်ချင်းအတူတူ၌တွင်ပဲပို၍နုသည်။
မူလပိုင်ရှင်ဟာ အရမ်းကိုချောမောပြီးခန့်သည်။
သူ၏မျက်လုံးများမှာအပေါ်ဘက်သို့အနည်းငယ်ကော့တက်ကာစောင်းလျောပုံစံရှိ၏။
ချီရွယ်မျက်နှာကိုနှစ်ခါလောက်ပြန်ပွတ်ပြီးမျက်မှောင်ကြုံ့လိုက်သည်။
သူထင်ယောင်ထင်မှားဖြစ်နေတာဖြစ်နိုင်သလိုသူ့ကိုယ်သူတောင်မသိလိုက်ပါပဲခေါင်းထဲမှာ "ဂေး" အကြောင်းရောက်လာသည်ကြောင့်လည်းဖြစ်နိုင်သည်။
သို့သော်ထိုမျက်လုံးများနှင့်အခြားသူများကိုကြည့်ခြင်းကစွဲဆောင်မှုသိပ်များလွန်းသည်။
သူဆက်ကြည့်မနေနိုင်တော့ပဲလွှဲလိုက်ပြီးနောက်မှန်ကိုထပ်ကြည့်မိပြန်သည်။
အနီးအနားမှလူများဆီမှထူးဆန်းသည့်အကြည့်များရောက်လာသည်အထိပင်။
သူ့ကိုယ်သူတိတ်တိတ်လေးပဲစိတ်နေသဘောထားသည်သာအဓိကဖြစ်သည်ဟုနှစ်သိမ့်လိုက်ကာလူနာဆောင်သို့ပြန်လာသည်။
ဓါတ်လှေကားနားရောက်သည်နှင့်သူတစ်ယောက်မရပ်လိုက်ပဲမနေနိုင်ခဲ့။
သူဓါတ်လှေကားကိုကြည့်ရင်းဆုံးဖြတ်ရခက်နေ၏။
ထို့နောက်တွင်တော့ ရဲ့ရွှေ့ချွမ်းအချိန်မရွေးပြန်လာနိုင်သည်ကိုသတိရပြီးအဆောင်ကိုသာပြန်လာလိုက်သည်။
သူရောက်သည်နှင့်ရီဟန်မှာအိပ်မောကျနေတာကြောင့်မနှိုးတော့ပေ။
သူအိပ်ရာပေါ်တွင်ငြိမ်သက်စွာထိုင်နေပြီးမကြာခင်မှာပဲ ရဲ့ရွှေ့ချွမ်းအစားအသောက်တွေနှင့်အတူရောက်လာခဲ့သည်။
ရဲ့ရွှေ့ချွမ်းမှာအလုပ်ရှိသေးသဖြင့်ကြာကြာမနေနိုင်။
သူအိတ်ထဲမှပစ္စည်းများကိုထုတ်ကာ ၊
"ရော့ ဒီမှာမင်းဖုန်းနဲ့ပိုက်ဆံအိတ် ...
ငါ့ ဖုန်းနံပါတ်အထဲမှာရှိတယ် ...
တခုခုဆိုငါ့ဆီ ဖုန်းခေါ်လိုက်...
ငါမနက်ဖြန်လာနိုင်မလာနိုင်ကမသေချာသေးဘူး.
ဗိုက်ဆာရင် ကန်တင်းမှာသွားဝယ်စား .."
ချီရွယ် လက်ထဲတွင်စားစရာနှစ်ခုရပြီးနောက်စိတ်သက်စာရရသွားသည်။
"အေးပါကွာ.."
"ငါသွားပြီနော်"
ရဲ့ရွှေ့ချွမ်းဟာမသက်မသာနဲ့အိပ်ပျော်နေသောရီဟန်ကိုလှည့်ကြည့်လိုက်သည်။
"အိပ်ယာဘေးမှာခလုတ်ရှိတယ် ..
သူတစ်ခုခုလုပ်ပြီဆိုရင်နှိပ်လိုက်သူနာပြုတွေလာလိမ့်မယ်"
"အင်း ငါ့ကိုယ်ငါဂရုစိုက်နိုင်ပါတယ်ကွ"
ချီရွယ် ရဲ့ရွှေ့ချွမ်းကိုလိုက်ပို့ရန်ထလိုက်ပြီး ညစ်ပတ်နေသောအင်္ကျီများကိုမျက်စောင်းထိုးကာ ထပ်ပေါင်းပြောလိုက်သည်။
"မနက်ဖြန်အင်္ကျီတွေယူလာပေးဦး"
ရဲ့ရွှေ့ချွမ်းခေါင်းငြိမ့်ကာ သူ့အားအနားယူဖို့ပြောရင်းပြန်သွားတော့သည်။
ချီရွယ်တစ်ယောက်အဆောင်ထဲ၌ခဏလောက်ငြိမ်သက်စွာရပ်နေ၏။
နောက်ဆုံး၌အသက်ကိုပြင်းပြင်းရှူကာတံခါးကိုဖွင့်ပြီး ၆လွှာဆီသို့ဓါတ်လှေကာဆီးရန်ဦးတည်လိုက်သည်။
သူအဆောင် ၆၀၆ ကိုမရောက်ခင်ထိရင်းနှီးနေသောစင်္ကြံလမ်းကိုတစ်လှမ်းချင်းလျောက်ရင်းကြည့်လာသည်။
သူ့မှလုံးခုန်သံများမြန်နေသည်ကိုခံစားမိပြီးလက်ဖျားများပင်အေးစက်လို့နေသည်။
သူတစ်ယောက်တံခါးလက်ကိုင်ဘုပေါ်လက်အားအလှုပ်မယှက်ကြာမြင့်စွာတင်ထားပြီးနောက်မျက်လုံးကိုမှိတ်ကာအသက်ပြင်းပြင်းနှစ်ခေါက်လောက်ရှူလိုက်ကာတံခါးလက်ကိုင်ဘုအားလှည့်လိုက်သည်။
တစ်ယောက်အိပ်ဆောင်တစ်ခု - ဆည်းဆာ၏အရောင်ကပြတင်းပေါက်မှတိုးဝင်လာပြီးလိုက်ကာကိုဖြတ်တော့လိမ္မော်ရောင်လေးမှာလှလှပပတောက်ပနေသည်။
လှသည် သို့သော်မည်သူမျှရှိမနေ။
ချီရွယ်မှာပါးစပ် သာအဟောင်းသားဖြစ်၍အသံပင်မထွက်နိုင်။
"ဘယ်သူ့ကိုရှာနေတာလဲ?"
သူနာပြုဆရာမလေးမှာဖြတ်သွားရင်းနှင့်ပင်အရှေ့တိုးမေးလာခဲ့သည်။
ချီရွယ် မှာသူနာပြုဆရာမလေးဘက်သို့လှည့်လာကာအသံကိုပြင်လိုက်ပြီး ၊
"ဒီမှာချီရွယ်ဆိုတဲ့အမျိုးသားတစ်ယောက်ရှိလား?
သူဘယ်မှာလဲ?"
"အော် သူ ..... ခွဲစိတ်မှုမအောင်မြင်လို့ဆုံးသွားပါပြီ"
သူနာပြုဆရာမလေးကဖြေသည်။
သူ၏မျက်နှာမှာမည်မျှဆိုးရွားသွားသည်မသိသူနာပြုဆရာမလေး ထွက်မသွားခင်နှစ်သိမ့်ခဲ့သေး၏။
"အရမ်းဝမ်းမနည်းပါနဲ့"
ချီရွယ်မှာတော့ "သေသွားပြီ" ဆိုသည့်စကားနောက်မည်သည်ကိုမျှမကြားတော့ပေ။
နားအုံပွင့်သွားသကဲ့သို့ခံစားလိုက်ရ၏။
သူ၏ရင်အုံကိုဓါးဖြင့်ထိုးလိုက်သကဲ့သို့ခံစားလိုက်ရ၏။
ထိုမျှလောက်ကြာချိန်အတွင်း၌သူသည်သေခြင်းတရား၏အငွေ့အသက်ကိုတဖန်ခံစားလိုက်ရသကဲ့သို့ပင်ဖြစ်သည်။
သူဟာအသက်မဲ့စွာအချိန်အကြာကြီးရပ်နေခဲ့သည်။
သူတံခါးဘောင်ကိုမှီရန်အနည်းငယ်ရွှေ့လိုက်ချိန်မှာတော့သူ့ခန္ဓာကိုယ်ဟာတောင့်တင်းနေပြီ။
သူသေပြီ။
သူသေသွားပြီ။
ဒီကမ္ဘာမှာသူဆိုတာမရှိတော့ပြီ။
သူ၏အဝတ်အစားများ ၊ သူ၏ပန်းချီကားများ ၊ သူ၏ကွန်ပျူတာ တို့မှာသူ့အားအခြားသူများအားသူသေဆုံးသွားပြီဆိုသည့်အချက်ကိုသတိရစေရန်သတိပေးမည့်အမှတ်တရပစ္စည်းများဖြစ်လာပြီ။
အခုသူဟာ ကျန်းရှောင်းယွမ် ဖြစ်နေပြီ။
သူ့မှာဒီခန္ဓာကိုယ်နဲ့ဘဝသစ်စရန်မှတပါးရွေးချယ်စရာမရှိပေ။
ချီရွယ် ဆိုသည့်အမျိုးသားတစ်ယောက်နှင့်သူ့အတွက်အခြားသူများ၏အမှတ်တရများသည်အတိတ်တွင်အေးခဲသွားလိမ့်မည်။
သူ၏စိတ်တွေ လစ်ဟာနေပြီးတုန်ရီနေတဲ့လက်တွေနဲ့ဖုန်းကိုထုတ်ယူလိုက်သည်။
အသိတစ်ဝက်နှင့်နံပါတ်တွေကိုနှိပ်လိုက်သည်။
ဖုန်းကိုင်ဖို့အတော်လေးကြာသည်။
အချိန်အတော်ကြာပြီးသည့်နောက်မှ သူ၏အချစ်ဆုံးသူငယ်ချင်း ကုပိုင်² ၏တိုးငြင်းပြီးအက်ရှနေသောအသံမှာတခြားတဖက်မှထွက်လာသည်။
အသေအချာပင် စိတ်မကောင်းဖြစ်နေသောအသံ။
"...... ဝေ ? ဘယ်သူလဲ?"
_______^^^_____
[ Note:
1 . Mr. Perfect ကို ကိုပြည့်စုံလို့ပြန်လိုက်ပါတယ်။
ချောတယ် ချမ်းသာတယ် အရပ်ရှည်တာကြောင့်အဲ့လိုခေါ်တာပါ။
2 . ကုပိုင် ကအရင်ဘဝကချီရွယ်ရဲ့အချစ်ဆုံးသူငယ်ချင်းပါ။ မှတ်မိကြတယ်ဟုတ်။ ဘဲကင်လိုက်ဝယ်ကျွေးမယ်ဆိုတဲ့သူငယ်ချင်းပါ။]